အခန်း (၂၂၆၁-၂၂၆၂)
Vol. 227 Ch. 2261-2262
အခန်း (၂၂၆၁) - ဘယ်လိုမှ နားမဝင်သူ
“ထျန်းလန် သူတော်စင်၊ ယန်တန်းကျောင်းတော်ဘက်က…… ဆွေထျန်းဟွမ်အတွက် ရောက်လာတာလား။”
ဖန့်ချန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ယန်တန်းကျောင်းတော်မှ ကောင်းကင်နိမိတ်အဆင့် ပုဂ္ဂိုလ်များ ကိုယ်တိုင် ကိုယ်ကျ ရောက်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“ဆွေထျန်းဟွမ်လား။ သဘာဝအတိုင်းပဲ၊ သူတို့က မင်းနဲ့ပတ်သက်တဲ့ တခြားကိစ္စတစ်ခုအတွက် ရောက်လာတာ ”
ထျန်းလန် သူတော်စင်က သူ၏ နားရွက်များကို ယပ်ခတ်လိုက်ပြီး စိတ်မရှည်သလို ပြောသည်။
“မြန်မြန်လုပ်၊ ငါ အပြင်မှာ သူငယ်ချင်းဟောင်းနဲ့ တွေ့ဖို့ ရှိသေးတယ်၊ ငါ့အချိန်တွေကို အလကား မဖြုန်းနဲ့တော့။”
“ထျန်းလန် သူတော်စင်၊ လမ်းပြပေးတာ ကျေးဇူးတင်ပါတယ်။”
ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကာ ထျန်းလန် သူတော်စင်၏ နောက်မှလိုက်၍ နင်ကျောင်းအုပ်ကြီး၏ နေအိမ်ဆီသို့ ဦးတည်သွားလိုက်သည်။
သူ နေရာအရောက်တွင် နင်ကျောင်းအုပ်ကြီးနှင့် ကောင်းကင်နိမိတ်အဆင့် သူတော်စင်အချို့ အတူတူ ထွက်လာသည်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရပြီး သူတို့၏ နောက်တွင် ဖန့်ကျစ်ရွှယ် လည်းပါလာသည်။
“ရောက်လာပြီ။ လူကြီးမင်းတို့၊ ဒါက ကျွန်တော်တို့ လူသားမျိုးနွယ်စု ကျောင်းတော်က ဖန့်ချန် ဖြစ်ပါတယ်။”
နင်ကျောင်းအုပ်ကြီးက ထိုကောင်းကင်နိမိတ်အဆင့် သူတော်စင်များအား ပြုံးပြပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကြည့်သည်။
“ဖန့်ချန်၊ ဒီပုဂ္ဂိုလ်တွေက ယန်တန်းကျောင်းတော်က ကာကွယ်ရေး ဆရာတွေပဲ။ လာပြီး အရိုအသေပေးလိုက်ဦး ”
ဖန့်ချန်လည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ရှေ့သို့တိုးကာ လက်ယှက်၍ အရိုအသေပေးလိုက်သည်။
“တပည့် ဖန့်ချန်၊ အကြီးအကဲတို့အား အရိုအသေပေးအပ်ပါတယ် ”
ယန်တန်းမျိုးနွယ်စုမှ ကောင်းကင်နိမိတ်အဆင့် သူတော်စင်အချို့က ဖန့်ချန်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေကြသည်။
ကြာရှည်စွာ ငြိမ်သက်နေပြီးနောက် တစ်ဦးက အသာအယာ ခေါင်းညိတ်ပြသည်။
“ထားလိုက်တော့”
ဖန့်ချန်မှသာ ခါးကို မတ်လိုက်သည်။
“ငါတို့ မင်းကို ဘာလို့ လာရှာတယ်ဆိုတာ မင်း သိလား”
ထိုကောင်းကင်နိမိတ်အဆင့် သူတော်စင်က အေးဆေးစွာ ပြောသည်။
“တပည့် မသိပါဘူး”
“မင်း နေမင်း ခုနစ်ပါး ခန်းမထဲမှာ ငါတို့မျိုးနွယ်စုရဲ့ ကောင်းကင်အရှင် ဆက်ခံသူ ဆွေထျန်းဟွမ်ကို မင်းအတွက် အဖြေတစ်ခု ပေးဖို့ တောင်းဆိုခဲ့တယ် ဆိုတာ ကြားမိတယ်။”
ထျန်းလန် သူတော်စင်မှာ အနည်းငယ် အံ့အားသင့်သွားပြီး အမူအရာ ပြောင်းလဲသွားသည်။ သူကိုယ်တိုင်ပင် ထိုသူတို့မှာ ဆွေထျန်းဟွမ်ကြောင့် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဟုတ်ပါတယ်”
ဖန့်ချန်က
“ဆွေထျန်းဟွမ်က ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပြီး ထော်ဘာကျန်းယု နဲ့ လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့က လော့ကကျုံး တို့ကို အလောင်းအစား လုပ်ခိုင်းခဲ့တယ်။ အဲ့ဒီ အလောင်းအစားထဲမှာ ကျွန်တော့်ရဲ့ အသက်နဲ့ ကျွန်တော့်ရဲ့ သူတော်စင် လမ်းကြောင်းတွေအားလုံး ခြိမ်းခြောက်ခံခဲ့ရတယ်။ ယန်တန်း မျိုးနွယ်စုက ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ရဲ့ အသိုင်းအဝိုင်းထဲက အဖွဲ့ဝင် ဖြစ်နေလျက်နဲ့၊ ကိုယ့်လူမျိုးကိုပဲ ဒီလို ဆက်ဆံရမှာလား။”
ခဏရပ်ပြီးနောက် ဖန့်ချန်က ထိုကောင်းကင်နိမိတ်အဆင့် သူတော်စင်များကို မော့ကြည့်၍ ပြောသည်။
“ဒါကြောင့် ကျွန်တော့်ကို အဖြေတစ်ခု ပေးဖို့ လိုအပ်ပါတယ်။”
ထိုသူတော်စင်များ၏ မျက်နှာမှာ တည်ကြည်သွားပြီး အကြည့်များမှာ အေးစက်သွားသည်။ သို့သော် ဖန့်ချန်၏ မျက်နှာအမူအရာမှာမူ မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။
ခဏအကြာတွင် အစောပိုင်းက စကားပြောသောသူက ရုတ်တရက် ပြုံးလိုက်ပြီး နင်ကျောင်းအုပ်ကြီးကို ပြောသည်။
“နင်ညီ၊ မင်းတို့ လူသားမျိုးနွယ်စုမှာ တကယ်ပဲ ကျောရိုးဖြောင့်တဲ့သူ ရှိနေပါလား ”
ဟင်
ဖန့်ချန်နှင့် ထျန်းလန် သူတော်စင်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ တစ်ဖက်လူ၏ သဘောထားမှာ အနည်းငယ် ဝေဝါးနေသလို ဖြစ်နေသည်။
“ဖန့်ချန်၊ ဒီအကြီးအကဲလည်း ဆွေမျိုးရိုး ဖြစ်တယ်။ ဆွေထျန်းဟွမ်နဲ့ မျိုးနွယ်စု တူပေမဲ့၊ သူက ဆွေထျန်းဟွမ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ဘူး။ ဒါကြောင့် မင်းအတွက် တစ်ခုခု လုပ်ပေးခဲ့တယ်။ ဒါကို အဖြေတစ်ခုလို့ သတ်မှတ်လို့ ရမလား ကြည့်လိုက်ဦး။”
နင်ကျောင်းအုပ်ကြီးက ပြုံး၍ ပြောသည်။
စကားဆုံးသည်နှင့် ထိုကောင်းကင်နိမိတ်အဆင့် သူတော်စင်က ဖန့်ချန်ကို ပြန်ကြည့်သည်။
“ငါ့နာမည်က ဆွေချီ။ မင်းပြောတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငါတို့ အတွင်းပိုင်းမှာ စုံစမ်းမှု လုပ်ခဲ့တယ်။ ဒီကိစ္စက ယန်တန်းမျိုးနွယ်စုရဲ့ ဆွေထျန်းဟွမ်၊ ရှီးမျိုးနွယ်စုရဲ့ ကော်ယန်လီ၊ ပြီးတော့ မင်ထူမျိုးနွယ်စုရဲ့ ထော်ဘာကျန်းယု တို့နဲ့ ပတ်သက်နေတယ်။ ဒီကိစ္စမှာ ဆွေထျန်းဟွမ်က ရှီးမျိုးနွယ်စုရဲ့ ကျေးဇူးကို ပြန်ဆပ်တာ ဖြစ်ပြီး၊ ကော်ယန်လီကတော့ ဒီကိစ္စကို လုံးဝ မသိခဲ့ဘူး။ ထော်ဘာကျန်းယု ကတော့ သေသွားပြီ။ ဒါကြောင့် ငါတို့ အရေးယူနိုင်တာက ဒီတစ်ယောက်ပဲ။”
ဆွေချီ ပြောပြီးသည်နှင့် လက်ကို အသာယမ်းလိုက်ရာ ပုံရိပ်တစ်ခုမှာ အတွင်းကမ္ဘာထဲမှ လွင့်စင်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဆံပင်ရှည်တို့ ဖရိုဖရဲနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမမှာ အလွန် လှပသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း ယခုအချိန်တွင်မူ ကြောက်လန့်တကြား ဖြစ်နေပုံမှာ သနားစရာ ကောင်းနေသည်။
“သူက ကော်ယန်လီ ကော်မျိုးနွယ်စုမှာ ထားခဲ့တဲ့ မယားငယ် တစ်ယောက်ပဲ။ မင်းကို တိုက်ခိုက်ဖို့အတွက် ဆွေထျန်းဟွမ်ကို အကူအညီ တောင်းခဲ့တာလည်း သူပဲ ”
ဆွေချီက အေးဆေးစွာ ပြောသည်။
“မင်း”
ထိုအမျိုးသမီးက ဖန့်ချန်ကို မှတ်မိသွားပြီး မျက်လုံးထဲတွင် အငြိုးအတေးများ ပေါ်လာသည်။
“မင်း ဆုံးဖြတ်ချက် ချလိုက်ပါ။ ဒီမိန်းမကို ဘယ်လို စီရင်မလဲဆိုတာ မင်းသဘောပဲ ”
ဆွေချီက ပြုံး၍ ပြောသည်။
“ဘယ်လို စီရင်စီရင် ရတယ်ပေါ့လေ ”
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။
“သူ့ရဲ့ ဒီကိစ္စက ယန်တန်းမျိုးနွယ်စုကို အရှက်ရစေတယ်။ အပြစ်အရဆိုရင် သေဒဏ်ပေးလိုက်လည်း ဘာမှ မဖြစ်ဘူး။”
ဆွေချီက ပြောသည်။
“ကောင်းပြီ၊ ဒီကိစ္စအတွက် အပင်ပန်းခံ ဆောင်ရွက်ပေးတဲ့ အကြီးအကဲကို ကျေးဇူးတင်ပါတယ်။ ဒီမိန်းမအတွက်ဆိုရင်တော့ သေသွားလည်း နှမြောစရာ မရှိဘူး။”
ဖန့်ချန်က လက်ကိုမြှောက်ကာ ထိုအမျိုးသမီး၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ ကရုဏာလက်ဝါး ၏ စွမ်းအားမှာ တစ်ချက်လေး လင်းလက်သွားသည်။
အမျိုးသမီး၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာပြီး ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားသည်။
ဆွေချီနှင့် အခြားသော သူတော်စင်တို့မှာ ဖန့်ချန်က ဤမျှ ပြတ်သားလိမ့်မည်ဟု မထင်ထားပုံရသည်။ ခဏမျှ ငြိမ်သက်သွားပြီးနောက် ပြုံးရွှင်စွာ ခေါင်းညိတ်ကာ နင်ကျောင်းအုပ်ကြီးနှင့် နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
သူတို့ ထွက်သွားသည်နှင့် ထျန်းလန် သူတော်စင်က ဖန့်ချန်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။
“မင်း တကယ်ပဲ ကော်ယန်လီကို မကြောက်ဘူးလား၊ ဒီကောင်က ကျောင်းအုပ်ကြီးတောင်…… အနည်းငယ် ရိုသေရတဲ့သူလေ။”
“အရင်ကတည်းက သေသည်ထိ ရန်ငြိုးထားခဲ့တာပဲ၊ နောက်ထပ် မီးလောင်ရာ လေပင့်ဖို့ ဘာများ ကြောက်စရာ လိုသေးလို့လဲ။”
ဖန့်ချန် ရယ်မောလိုက်သည်။
နင်ကျောင်းအုပ်ကြီးက ပြုံး၍ ခေါင်းညိတ်သည်။
“ယန်တန်းမျိုးနွယ်စုရဲ့ ရည်ရွယ်ချက်ကို မင်း နားလည်လား ”
“ယန်တန်းမျိုးနွယ်စုက အစားထိုး အသေခံမယ့်သူတစ်ယောက်ကို ထုတ်ပေးလိုက်တာက ဆွေထျန်းဟွမ်အတွက် အဖြေတစ်ခု ပေးလိုက်တာနဲ့ အတူတူပါပဲ။ တပည့် နားလည်ပါတယ် အကြီးအကဲ။”
ဖန့်ချန်က လက်ယှက် နှုတ်ဆက်သည်။
“ဒါဆိုရင် မင်း ဘယ်လို လုပ်မလဲ ”
နင်ကျောင်းအုပ်ကြီးက မေးသည်။
“ဆွေထျန်းဟွမ်သာ စွမ်းအင်စုစည်းခြင်းအဆင့် အလယ်အလတ်ကို မရောက်သေးဘူး ဆိုရင်၊ တွေ့တဲ့အခါ သူ့ကို ကိုယ်တိုင် အဖြေတစ်ခု ပြန်ပေးခိုင်းမှာပါ။”
ဖန့်ချန်က ပြုံး၍ ပြောသည်။
“ငါ ပြောသားပဲ၊ မင်းက ဘယ်လိုမှ နားမဝင်တဲ့သူလို့၊ ဆွေချီတောင် မယုံဘူး ”
နင်ကျောင်းအုပ်ကြီးမှာ ဟားဟား ရယ်မောလိုက်ပြီး
“ကောင်းပြီ၊ သွားတော့။ တကယ်လို့ မင်းသာ ယန်တန်းမျိုးနွယ်စုရဲ့ ကောင်းကင်အရှင် ဆက်ခံသူကို အနိုင်ယူနိုင်ရင်တော့၊ ဟော်ဆွေ့ ဘိုးဘေးတောင် မင်းကို ကာကွယ်ပေးဖို့ ထွက်လာလိမ့်မယ်။ နောက်ကွယ်ကနေ လုပ်ကြံတာမျိုး မဖြစ်စေရဘူး။”
“ဒါဆို တပည့် သွားပါပြီ ”
ဖန့်ချန်က ပြုံး၍ နှုတ်ဆက်ကာ ဖန့်ကျစ်ရွှယ်ကို ခေါင်းညိတ်ပြပြီးဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။
“ဆရာ၊ ဖန့်အစ်ကိုကြီး ဒီလိုလုပ်တာ ယန်တန်းမျိုးနွယ်စုက ဒေါသထွက်မသွားဘူးလား……”
ဖန့်ကျစ်ရွှယ်၏ မျက်လုံးထဲတွင် စိုးရိမ်စိတ်တို့ ပေါ်လာသည်။
“ဒေါသထွက်ရင် ဘာဖြစ်လဲ။ ဖန့်ချန် ဒီလမ်းကို လျှောက်ချင်ရင်တော့ အဆုံးထိ လျှောက်ပါစေ။ တစ်ခါတစ်ရံ သူက ငါတို့ကို အံ့အားသင့်စရာတွေ ပေးနိုင်ကောင်းပေးနိုင်မှာပါ။”
နင်ကျောင်းအုပ်ကြီးက ပြုံး၍ ပြောသည်။
ဖန့်ကျစ်ရွှယ် မှာ အနည်းငယ် နားလည်သလိုဖြင့် ခေါင်းညိတ်လိုက်သည်။
……
အဆုံးမရှိသော ဟင်းလင်းပြင်
ကော်ယန်လီမှာ အတွင်းကမ္ဘာ တံခါးပေါက်ရှေ့တွင် ထိုင်နေပြီး ဟင်းလင်းပြင် တံခါးကို ငြိမ်သက်စွာ စောင့်ကြပ်နေသည်။ သူ၏ နောက်တွင် အတွင်းကမ္ဘာ တံခါးပေါက် ဒါဇင်နှင့်ချီ၍ ရှိနေသည်။
ရုတ်တရက်၊ ကော်ယန်လီ မျက်လုံးကို ဖွင့်လိုက်ပြီး မျက်နှာမှာ အလွန် ဒေါသထွက်နေပုံ ပေါ်လာသည်။ စိတ်ခံစားမှု ပြောင်းလဲမှုကြောင့် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများမှာလည်း တုန်ခါနေသည်။
ဤအခြေအနေကြောင့် စိတ်ဖိစီးနေကြသော ကောင်းကင်နိမိတ်အဆင့် သူတော်စင်တို့မှာ ချက်ချင်း သတိထားမိသွားပြီး ကော်ယန်လီဘက်ကို ကြည့်လိုက်ကြသည်။
“ကော်ယန်လီ၊ ဘာဖြစ်တာလဲ”
“ဟင်းလင်းပြင် တံခါးမှာ တစ်ခုခု ဖြစ်တာလား”
“မဖြစ်နိုင်တာ၊ နောက်ဆုံးအကြိမ် ဟင်းလင်းပြင် ကွပ်မျက် သူတွေ ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားပြီးတာ ဘယ်လောက်ကြာသေးလို့လဲ။ ဒီလောက် မြန်မြန် ထပ်လာရမှာလား၊ ငါ့ရဲ့ အတွင်းကမ္ဘာက ဒီလိုမျိုး အဖျက်အဆီးတွေကို မခံနိုင်တော့ဘူးလေ”
ကောင်းကင်နိမိတ်အဆင့် သူတော်စင်တစ်ဦးမှာ ညည်းညူလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး၊ ဟင်းလင်းပြင် တံခါးနဲ့ မဆိုင်ဘူး။ ငါ သတင်းတစ်ခု ရလိုက်လို့ပါ ”
“ဘာသတင်းက မင်းကို ဒီလောက်ထိ စိတ်လှုပ်ရှားစေတာလဲ”
သူတော်စင်တို့မှာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ကြသည်။
“ဘာမှ မဟုတ်ပါဘူး၊ ငါ့ရဲ့ မယားငယ်လေး တစ်ယောက်ကို ယန်တန်းမျိုးနွယ်စုက အခုလေးတင် ကွပ်မျက်လိုက်လို့။ သတ်ခဲ့တာက လူသားမျိုးနွယ်စုက လူငယ်လေး တစ်ယောက်ပဲ။”
ကော်ယန်လီက အေးဆေးစွာ ပြောသည်။
“ဒီလောက်ထိ ဖြစ်သွားတာလား”
“မင်းရဲ့ မယားငယ်က ဘာပြစ်မှု ကျူးလွန်မိလို့ ယန်တန်းမျိုးနွယ်စု ကိုယ်တိုင် အရေးယူရတာလဲ။”
“ပုန်ကန်တာများလား။ ဒါဆိုရင်တော့ မျိုးနွယ်စုလိုက် အပြစ်ပေးခံရတော့မှာပဲ ”
ကော်ယန်လီမှာ ထိုသူတို့ကို ဂရုမစိုက်တော့ဘဲ မျက်လုံးကို မှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများမှာလည်း ဆက်တိုက် မြင့်တက်လာနေသည်။
“သူက အထွတ်ထိပ်တာအို လမ်းကြောင်းကို တက်လှမ်းဖို့ ကြိုးစားနေတာလား။”
“ဒီကောင်……”
အခန်း (၂၂၆၂) - စင်ကြယ်သော ဗောဓိသီးကို လုယူခြင်း
အတွင်းကမ္ဘာနယ်မြေအတွင်း၌ ကြီးမားလှသော မျက်နှာပြင်တစ်ခုပေါ်တွင် ကော်ယန်လီတစ်ယောက် အထွတ်ထိပ်တာအိုအဆင့်သို့ အားကုန်ထိုးဖောက်နေသည့် မြင်ကွင်းကို ဖော်ပြနေသည်။
"ဒီလူက ရှီးမျိုးနွယ်စုကဖြစ်တယ်။ သူ့ရဲ့အခြေခံအုတ်မြစ်က လူသားမျိုးနွယ်စုထက် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းတယ်။ ဒါပေမဲ့ သူက ဟင်းလင်းပြင်တံခါးမှာ စောင့်ကြပ်နေရတဲ့သူဖြစ်ပြီး ဟင်းလင်းပြင်ကွပ်မျက်သူတွေကို တားဆီးတိုင်း သူ့ရဲ့အတွင်းကမ္ဘာအခြေခံအုတ်မြစ်တွေကို အနည်းငယ်စီ သုံးစွဲေနေရတယ်။ အခု သူ အထွတ်ထိပ်တာအဆင့်ကို ထိုးဖောက်ချင်တယ်ဆိုရင် နှစ်ပေါင်းများစွာကတည်းက အခြေခံအုတ်မြစ် ပြည့်ဝနေမှသာ ဖြစ်နိုင်မယ်။ မဟုတ်ရင်တော့ သူ သေချာပေါက် ကျရှုံးလိမ့်မယ်။"
လီဝူသည် ထိုမျက်နှာပြင်ကို စိုက်ကြည့်ရင်း တည်ငြိမ်စွာဖြင့် သူ့၏ကောက်ချက်ကို ချမှတ်လိုက်သည်။
ချီယန်သူတော်စင်သည် ထိုမြင်ကွင်းကို နားလည်သလိုလို မနားလည်သလိုလိုဖြင့် ကြည့်ရှုရင်း ခေါင်းညိတ်လိုက်သည်။ ကောင်းကင်နိမိတ်အဆင့်မှ အထွတ်ထိပ်တာအိုအဆင့်သို့ တက်လှမ်းခြင်းသည် မည်မျှခက်ခဲကြောင်း သူ မသိသော်လည်း လီဝူ၏စကားတွင် ယုံကြည်ရလောက်သည့် အချက်အလက်များ ရှိကြောင်း သူသိသည်။ အကြောင်းမှာ ဤသူသည် ယခင်က အထွတ်ထိပ်တာအိုအဆင့်သို့ ရောက်ဖူးသူ ဖြစ်သောကြောင့်ပင်။
"သူ အလျင်စလိုဖြစ်နေပြီ။ သူရဲ့စိတ်ထဲမှာ အဲဒီမယားငယ်လေးက အလေးချိန် အတော်လေးရှိပုံရတယ်။ ဒါကြောင့်လည်း သူမက ချီထျန်းမျိုးနွယ်စုက ဆွေထျန်းဟွမ်နဲ့ ဆက်သွယ်နိုင်ခဲ့တာပေါ့။"
ဖန့်ချန်သည် မျက်နှာပြင်ကို ကြည့်ရင်း အေးဆေးစွာ ရယ်မောလိုက်သည်။
"အရှင်၊ ဘာပဲပြောပြော... သူသာ အထွတ်ထိပ်တာအိုအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ရင် ဟင်းလင်းပြင် တံခါးမှာ စောင့်ကြပ်စရာ မလိုတော့ဘူး။ ဒီလိုအဆင့်မြင့်တဲ့သူမျိုးရဲ့ ပစ်မှတ်ထားခြင်းကို ခံရရင် အန္တရာယ်အတော်များလိမ့်မယ်။"
လီဝူ၏အမူအရာမှာ အလွန်လေးနက်နေသည်။
"သူ အထွတ်ထိပ်တာအိုအဆင့်ကို တက်လှမ်းဖို့ဆိုတာ ဒီလောက်နဲ့ မလွယ်ကူဘူး။ တစ်ဖက်မှာလည်း... သူသာ တက်လှမ်းနိုင်သွားရင်တောင် ဘာဖြစ်သွားမှာမို့လဲ။"
ဖန့်ချန်သည် ခေါင်းခါရင်း ပြုံးလိုက်သည်။
"ဒါလည်း ဟုတ်တာပါပဲ..."
လီဝူသည် အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့သည် ယခုအချိန်တွင် ရွှေဟွေးကျောင်းတော်၌ ရှိနေသည်မှာ တစ်ကြောင်း၊ ရှန်းဟုန်မျိုးဆက်၏ ရိပ်ခြေဗုဒ္ဓပညာရပ်သည် အလွန်ပင် ထူးခြားဆန်းကြယ်လှသည်မှာ တစ်ကြောင်းဖြစ်သည်။ အနည်းဆုံးတော့ အစွမ်းထက်သည့် သူတော်စင်များ၏ရန်မှ ဟင်းလင်းပြင် အတွင်းသို့ နက်ရှိုင်းစွာ ပုန်းအောင်းနိုင်သည်။ ထိုသို့ဆိုလျှင် ပြိုင်ဘက်က အလားတူ အတတ် ပညာရပ်ကိုမတတ်ထားသရွေ့ မည်မျှပင် အစွမ်းထက်သည့်နည်းလမ်းများ ရှိပါစေ ဖန့်ချန်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
အချိန်များ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်။ ဖန့်ချန်နှင့် လီဝူတို့သည် မျက်နှာပြင်အောက်တွင် အတူရပ်နေကြပြီး ကော်ယန်လီ၏ အထွတ်ထိပ်တာအိုအဆင့် ထိုးဖောက်မှုဖြစ်စဉ်ကို ဝေဖန်ဆွေးနွေးနေကြသည်။ ချီယန်သူတော်စင်မှာမူ ကြားဝင်ပြောဆိုခွင့်မရှိသဖြင့် ဘေးတွင်ရပ်၍သာ နားထောင်နေရသော်လည်း အနည်းငယ်တော့ အကျိုးအမြတ်ရလိုက်သည်။
နှစ်အနည်းငယ်အကြာတွင် ကျောင်းတော်အပြင်ဘက်မှ တံခါးခေါက်သံများ ထွက်ပေါ်လာသည်။ ဖန်ချန် သတိပြုမိသွား၍ အတွင်းကမ္ဘာနယ်မြေမှ တကယ့်အပြင်လောကသို့ ပြန်ထွက်လာပြီး တံခါးဖွင့်ကြည့်လိုက်ရာ အပြင်ဘက်တွင် အလွန်စိမ်းသက်နေသူတစ်ဦး ရပ်နေသည်။ ထိုသူမှာ အရပ်နှစ်မီတာခန့်ရှိပြီး သူ့ကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်မှာ ခန့်မှန်းရခက်လွန်းသည်။ သူသည် ဖန်ချန်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသည်။
"မင်းက လူသားမျိုးနွယ်စုကျောင်းက ဖန့်ချန်လား "
"ဟုတ်ပါတယ် လူကြီးမင်းက ဘယ်သူများလဲ"
ဖန်ချန်း၏အမူအရာမှာ တုန်လှုပ်သွားသည်။ သူ့ထံမှ ရှီးမျိုးနွယ်စု၏ အငွေ့အသက်အချို့ကို သူခံစားမိလိုက်သည်။ ယခုအချိန်တွင် ရှီးမျိုးနွယ်စုမှလူတစ်ယောက် လာရောက်လည်ပတ်ခြင်းသည် ကော်ယန်လီ၏မယားငယ်ကြောင့်များ ဖြစ်နေမလား။
"ငါ့နာမည်က ရှီးလို့ ခေါ်တယ်။ မင်းကို လာအကြောင်းကြားဖို့ ရောက်လာတာ။ နောက်ဆိုရင် ငါက လူသားမျိုးနွယ်စုကျောင်းရဲ့ ကြီးကြပ်ရေးမှူးပဲ"
ထိုသူက အေးဆေးစွာ ပြောသည်။ ဖန့်ချန် တစ်ခဏမျှ မှင်သက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အောက်ဝူဖားကြီးကြပ်ရေးမှူးကော "
"အောက်ဝူဖားက အခု ပြဿနာတစ်ခု တက်နေလို့ ကျောင်းတော်ကို ခဏတာ ပြန်မလာနိုင်တော့ဘူး။ ဒါကြောင့် သူ့နေရာမှာ ငါက ယာယီတာဝန်ယူထားတာ။"
ရှီကြီးကြပ်ရေးမှူးက နှုတ်ခမ်းကို စေ့လိုက်ပြီး
"မင်းကို လာပြောရတဲ့အကြောင်းရင်းက နေမင်းခုနှစ်ပါး ခန်းမကပေးလိုက်တဲ့ စင်ကြယ်သော ဗောဓိသီး နှစ်လုံးမှာ မတော်တဆအမှားတစ်ခု ဖြစ်သွားလို့ပဲ။ အချိန်နည်းနည်းကြာမှပဲ မင်းလက်ထဲ ရောက်လိမ့်မယ်။"
"ရှီးကြီးကြပ်ရေးမှူးခင်ဗျာ၊ အောက်ဝူဖားကြီးကြပ်ရေးမှူး ဘာဖြစ်သွားတာလဲဆိုတာ သိခွင့်ရှိမလား "
ဖန်ချန်းသည် လက်ယှက်၍ မေးလိုက်သည်။
"မင်းက စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်းအဆင့်ပဲ ရှိသေးတာ၊ ဒါတွေကို သိပြီး ဘာလုပ်မလဲ။ သိသွားရင်ရော မင်းက ဘာကူညီနိုင်မှာမို့လို့လဲ။"
ရှီးကြီးကြပ်ရေးမှူး၏ မျက်လုံးထဲတွင် အထင်သေးသည့်အကြည့်များ ပေါ်လာသည်။
"ခုနက ငါပြောတာ ကြားလိုက်ရဲ့လား။ နောက်နှစ်ပေါင်း နှစ်ရာ၊ သုံးရာလောက်နေရင် အဲဒီ ဗောဓိသီးနှစ်လုံးကိုမင်းလက်ထဲ ငါပို့ပေးမယ်။"
ဖန်ချန်၏စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာပြီး အေးဆေးစွာ ပြုံးလိုက်သည်။
"ရှီးကြီးကြပ်ရေးမှူး၊ ဒါက နေမင်းခုနှစ်ပါး ခန်းမဘက်က ဗောဓိတွေကို မဖြန့်ဝေပေးရသေးလို့လားဗျ"
"အပိုတွေ မမေးနဲ့တော့။ ငါ မင်းဆီကို ကိုယ်တိုင် လာပေးတာကိုက မင်းကို အသိအမှတ်ပြုလို့ပဲ။"
ပြောပြီးသည်နှင့် ရှီကြီးကြပ်ရေးမှူးသည် လှည့်ထွက်သွားပြီး ဗလာနယ်နိမိတ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားသည်။
ဖန်ချန်းသည် တစ်ခုခု လွဲမှားနေကြောင်း သိလိုက်သည်။ ပထမဆုံး အောက်ဝူဖား၏နေရာကို လူအစားထိုးလိုက်သည်၊ အခုတော့ ရှီးမျိုးနွယ်စုမှ ကောင်းကင်နိမိတ်အဆင့် ပုဂ္ဂိုလ်တစ်ဦးက ကြီးကြပ်ရေးမှူး ဖြစ်လာသည်၊ ပြီးတော့ သူ့ရဲ့ ဗောဓိနှစ်လုံးကို နှစ်ရာနဲ့ချီပြီး နောက်ဆုတ်လိုက်သည်။ နောက်နှစ်ပေါင်း ရာကျော်သွားရင် သူတို့က ပေးပြီးပြီလို့ ပြောလာရင် မဟုတ်ကြောင်း ဘယ်သူက သက်သေပြနိုင်မှာလဲ။
ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ဖန့်ချန် သည် အတွင်းကမ္ဘာနယ်မြေသို့ ပြန်ဝင်သွားကာ စက္ကန့်ပိုင်းအတွင်း လူသားမျိုးနွယ်စုကျောင်းမှ ဂျူလင်ကျောင်းတော်သို့ ရောက်ရှိသွားသည်။
"မိတ်ဆွေ အောက်ရုလိုင်ရဲ့ နေရာက ဘယ်မှာလဲခင်ဗျ။"
ဖန့်ချန်သည် ဂျူလင်မျိုးနွယ်စုမှ သူတော်စင်တစ်ဦးကို တား၍ မေးမြန်းလိုက်သည်။ ထိုသူက ဖန့်ချန်ကို ကြည့်ပြီး အံ့သြသွားသည်။
"မင်းက... ရှီးမျိုးနွယ်စုလား"
"လူသားမျိုးနွယ်စုပါ"
"လူသားမျိုးနွယ်စု နေပါဦး... မင်းက အဲဒီ လူသားမျိုးနွယ်စုက ဖန့်ချန် ဆိုတဲ့သူလား "
သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်။ ကောင်းကင်ငါးပါး စစ်မြေပြင်တွင် ဖန့်ချန်နှင့် ဟန်ချွန်းရှောင်တို့၏ တိုက်ပွဲကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသည်။
"ဟုတ်ပါတယ်"
ဖန့်ချန်ကပြုံး၍ ခေါင်းညိတ်လိုက်သည်။
"တကယ်ပဲ မင်းဖြစ်နေတာကိုး။ မင်းက အခု ေရွှေဟွေးကျောင်းတော်မှာာာ အကျော်ကြားဆုံးသူဆိုတာ သိလား၊ ဟားဟား။"
ထိုသူမှာ အလွန်ပျော်ရွှင်နေပြီး ဖန့်ချန်နှင့် အကြာကြီး စကားစမြည်ပြောနေတော့သည်။ ဖန့်ချန်က အကြိမ်ကြိမ် အမြန်သွားဖို့ တိုက်တွန်းမှသာ သူ့ကို အောက်ရုလိုင်၏ ကျောင်းတော်ရှေ့သို့ လိုက်ပို့ပေးပြီး အားမလိုအားမရဖြင့် ပြန်သွားတော့သည်။
"ဖန့်ဘိုးဘေး ဘာလို့ ရောက်လာတာလဲ "
အောက်ရုလိုင်မှာ ဖန့်ချန်ရောက်လာသဖြင့် အံ့သြပြီး ပျော်ရွှင်သွားသည်။
"မင်းကို မေးစရာတစ်ခု ရှိလို့ "
ဖန့်ချန် သည် ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်း ပြန်ပြောပြလိုက်သည်။
"အောက်အစ်ကိုကြီး ဘယ်ရောက်သွားလဲ၊ ဘာပြဿနာတက်နေတာလဲဆိုတာ မင်းသိလား။"
အောက်ရုလိုင် ၏မျက်နှာမှာ အလွန်ပင် လေးနက်သွားသည်။
"ဖန့်ဘိုးဘေး၊ ဒီမှာ ခဏစောင့်ပေးပါ။ ကျွန်တော် အခုသွားပြီး ပြန်လာခဲ့မယ်။"
ပြောပြီးသည်နှင့် သူသည် အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်ကာ ဗလာနယ်နိမိတ်ထဲသို့ တိုးဝင်သွားသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အတွင်းကမ္ဘာနယ်မြေ တံခါးနှစ်ခု ပေါ်လာပြီး အောက်ရုလိုင်နှင့်အတူ ဂျူလင်မျိုးနွယ်စုမှ အခြားသူတော်စင်တစ်ဦး ထွက်လာသည်။ သို့သော် ထိုသူ၏အရှိန်အဝါမှာ အောက်ရုလိုင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေပြီး ဂျူလင်ကျောင်းတော်မှ ဆရာတစ်ဦးဖြစ်သော ကမ္ဘာကြီးသူတော်စင် ဖြစ်ပုံရသည်။
"မင်းက ဖန့်ချန်လား။ ငါက အောက်ယွင်ယင်းပါ ငါ့အစ်ကိုဆီက မင်းအကြောင်း ကြားဖူးပါတယ်၊ ဒါပေမဲ့ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။"
အောက်ယွင်ယင်း၏ မျက်နှာတွင် စိုးရိမ်မှုများ လွှမ်းခြုံနေသည်။
"ယွင်ယင်းအစ်မ၊ အောက်ဝူဖားအစ်ကိုကြီး တကယ်ပဲ ပြဿနာတက်နေတာလား"
ဖန့်ချန်က လေးစားစွာ မေးလိုက်သည်။ စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်းအဆင့်ရှိသူတစ်ယောက်က သူ့ကို ယွင်ယင်းအစ်မဟု ခေါ် သည်ကို အောက်ယွင်ယင်းမှာ အတော်လေး အသားမကျ ဖြစ်နေသည်။ သို့သော် သူသည် မိမိ၏အစ်ကိုနှင့် သွေးသောက်ညီအစ်ကို ဖြစ်မှန်းတွေးမိ၍ စိတ်လျှော့လိုက်သည်။ သူမသည် ခေါင်းညိတ်လိုက်သည်။
"ငါ့အစ်ကိုက အခု တကယ်ပဲ ပြဿနာနည်းနည်း တက်နေတယ်။ ခဏအတွင်းမှာတော့ ပြန်လွတ်လာဖို့ မလွယ်ဘူး။ ရှီးမျိုးနွယ်စုက ရှီးတျန်ကျုံးဆိုတဲ့ ကောင်းကင်နိမိတ်အဆင့် သူတော်စင်က ငါ့အစ်ကိုနေရာမှာ ယာယီအစားထိုးထားတယ်ဆိုတာ ရုလိုင်က ငါ့ကို ပြောပြသွားတယ်။"
"ဟုတ်ပါတယ်။ ဒါပေမဲ့ သူဘာပြဿနာတက်နေလဲလို့ မေးတော့လည်း သူက အလေးမထားဘဲ ပြောဖို့ ငြင်းဆိုလိုက်တယ် "
ဖန့်ချန်က ပြောသည်။
"ငါ့အစ်ကို့ပြဿနာက နှစ်ပေါင်း သုံးရာ၊ ငါးရာလောက်ကြာမှ ဖြေရှင်းနိုင်လိမ့်မယ်။ မင်းဝင်ပါရင်တောင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ မင်းရဲ့ ကျင့်စဉ်အဆင့်က မလုံလောက်ဘူး "
အောက်ယွင်ယင်းမှာ ခေါင်းခါလိုက်ပြီး ဖန့်ချန်ကို ထပ်မံရှင်းပြပေးလိုသည့် အရိပ်အယောင် မရှိပေ။ သို့သော် သူမသည် တခဏရပ်ပြီး တစ်ယောက်တည်း ရေရွတ်သလို ပြောလိုက်သည်။
"ရှီးမျိုးနွယ်စုမှာ ရှီးတျန်ကျုံးဆိုတဲ့ ကောင်းကင်နိမိတ်အဆင့်ပုဂ္ဂိုလ်က တစ်ယောက်ပဲ ရှိတယ်။ သူ့တပည့်နှစ်ယောက်ရဲ့ အတွင်းကမ္ဘာနယ်မြေ အခြေခံအုတ်မြစ်တွေ ရုတ်တရက် အများကြီး တိုးတက်လာတယ်လို့ ကြားတယ်။ သူတို့က အဓိကတပည့်အဆင့်ကို ထိုးဖောက်ဖို့ အခွင့်အရေး ရနေပုံပဲ "
ပြောပြီးနောက် သူမသည် ဖန့်ချန် ကို ပြုံးပြပြီး ခေါင်းညိတ်သည်။
"ငါ့မှာ လုပ်စရာရှိသေးလို့ အရင်သွားတော့မယ် "
"ယွင်ယင်းဘိုးဘေး ကို နှုတ်ဆက်လိုက်ပါတယ် "
အောက်ရုလိုင် မှာအမြန်ပင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ အောက်ယွင်ယင်း ထွက်သွားပြီးနောက် အောက်ရုလိုင်မှာ မျက်နှာပျက်သွားသည်။
"ဖန့်ဘိုးဘေး အဲဒီ ရှီးတျန်ကျုံးဆိုတဲ့သူက ဖန့်ဘိုးဘေးရဲ့ စင်ကြယ်သော ဗောဓိသီး ကို အတင်းအဓမ္မ သိမ်းပိုက်ပြီး သူ့တပည့်တွေကို ကျွေးလိုက်တာပဲ ဒါက စင်ကြယ်သောဗောဓိသီး ကို အတင်းအဓမ္မ ချေးငှားခိုင်းနေတာပဲ "