← Chapters

အခန်း ၃၂

Vol. 34 Ch. 32

အခန်း ၃၂

Vol. 34 Ch. 32

အခန်း (၃၃၂) ရွှမ်ယွမ်ဇီ၏ ရင်တွင်းစကား

"ကျောက်လင်... ရှင့်ရဲ့ အရှိန်အဝါက အရင်တစ်ခါနဲ့ မတူတော့သလိုပဲ..."

ရွှမ်ယွမ်ဇီက ထိုင်ခုံတွင် ထိုင်လိုက်ပြီး ကျောက်တုံးစားပွဲတစ်ဖက်ရှိ ကျောက်လင်ကို ကြည့်ကာ ရုတ်တရက် ဆိုလိုက်၏။

အတိတ်က ကျောက်လင်သည် ကျောက်စိမ်းခန္ဓာနယ်ပယ်တွင်သာ ရှိသေးသော်လည်း ယခုအခါ ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပေါင်းစည်းခြင်းနယ်ပယ်၌ ရုပ်ခန္ဓာသည် လုံးဝ ပုံသွင်းပြီးစီးသွားပြီး ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်သည်လည်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားကာ ကိုယ်ခန္ဓာမှ ဝိညာဉ်စွမ်းအင် လှိုင်းထန်မှုတို့သည် လေကဲ့သို့ပင် သဘာဝကျနေပေတော့သည်။

ကျောက်စိမ်းဗိမာန်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်စွမ်းအင် လှိုင်းထန်မှုက ဒေါသထွက်နေသည့် လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်လျှင် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူ၏ အရှိန်အဝါကမူ လေပြည်ညှင်းကဲ့သို့ တည်ငြိမ်အေးဆေးလှ၏။

"ပြီးခဲ့တဲ့တစ်ခါ ငါ မင်းကို လက်ထပ်ခွင့် တောင်းခဲ့တုန်းက မင်းရဲ့ ရွှမ်ယွမ်မိသားစု စည်းမျဉ်းတွေအရဆိုရင် ငါက အိမ်ပါသားမက်အဖြစ် ဝင်ရမှာလေ... ဒါပေမဲ့ ငါ ကျောက်လင်က ဘယ်သူ့မိသားစုဆီမှ အိမ်ပါသားမက်အဖြစ် မဝင်ဘူး... ပြီးတော့ ရွှမ်ယွမ်မိသားစုရဲ့ စည်းမျဉ်းတွေကလည်း ငါ့ကို ဘောင်ခတ်ထားလို့ မရဘူး..."

"အဲ့ဒီအတွက် အဓိကအချက်က ငါ ကျောက်လင်ဟာ ရွှမ်ယွမ်မိသားစုကို ဖိနှိပ်နိုင်လောက်တဲ့ အင်အားရှိဖို့ပဲ... မင်း ခန့်မှန်းတာ မှန်တယ်... ငါ ပေါင်းစည်းခြင်းနယ်ပယ်ကို ထိုးဖောက်အောင်မြင်ပြီးပြီ..."

ကျောက်လင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ဘာ..."

ရွှမ်ယွမ်ဇီမှာ ထိုင်ခုံပေါ်တွင် တင်ပါးပင် မနွေးသေးခင် အံ့အားသင့်သွားကာ ရုတ်တရက် ထရပ်မိတော့သည်။ ရွှမ်ယွမ်ဇီသည် အမြဲတစေ တည်ငြိမ်သူဖြစ်ပြီး ကြီးမားသော အကျပ်အတည်းများနှင့် ရင်ဆိုင်ရလျှင်ပင် စိတ်လှုပ်ရှားလေ့မရှိသူ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ရွှမ်ယွမ်ဇီပင်လျှင် ကျောက်လင်၏ စကားကို မခံနိုင်တော့ပေ။

ရွှမ်ယွမ်ဇီနှင့် ကျောက်လင်တို့ တွေ့ဆုံခဲ့သည်မှာ နှစ်လခန့်သာ ရှိသေးသည်။ ထိုအချိန်က ကျောက်လင်မှာ သံမဏိအရိုးနယ်ပယ်တွင်သာ ရှိသေး၏။ သို့သော် နှစ်လအတွင်းမှာပင် ကျောက်လင်က ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၊ ရွှေခန္ဓာနယ်ပယ်၊ ကျောက်စိမ်းခန္ဓာနယ်ပယ်နှင့် ပေါင်းစည်းခြင်းနယ်ပယ်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်သွားခဲ့သည်။ ဤသည်ကို ကျင့်ကြံခြင်းပါရမီရှင်ဟု မခေါ်ဆိုနိုင်တော့ပြီ။ ဘီလူးတစ်ကောင်ထက်ပင် ပို၍ ထူးခြားလွန်းလှသည်။

ယခုအချိန်၌ ကျောက်လင်သည် ရွှမ်ယွမ်မိသားစုထက် မနိမ့်ကျသည့် ရှေးဟောင်းသိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း ရွှမ်ယွမ်ဇီ ပို၍ ယုံကြည်သွားမိသည်။ သိုင်းပညာသမိုင်းကြောင်း ရှည်လျားသည့် မိသားစုမျိုးသာလျှင် ဤမျှတိုတောင်းသော အချိန်အတွင်း ဤသို့သော ပါရမီရှင်ကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

"ကျောက်လင်... ရှင့်ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုက အရမ်းမြန်ဆန်တယ်... ငါ တကယ့်ကို လေးစားမိတယ်..."

ရွှမ်ယွမ်ဇီက ရိုးသားစွာ ချီးကျူးလိုက်သည်။ ကျောက်လင်က ထိုင်ရန် အမူအရာဖြင့် လက်ဟန်ပြလိုက်၏။

"တကယ်တော့ မင်းသာ ငါ့ကို လက်ထပ်ဖို့ သဘောတူမယ်ဆိုရင် မင်းကိုလည်း ပေါင်းစည်းခြင်းနယ်ပယ်ကို အချိန်တိုအတွင်း ရောက်အောင် ကူညီပေးနိုင်ပါတယ်..."

ကျောက်လင်က သာမန်ကိစ္စတစ်ခုပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ ထိုစကားကို ကြားသောအခါ ရွှမ်ယွမ်ဇီမှာ ထိုင်နေရာမှ တစ်ဖန် ပြန်ထရပ်လိုက်မိပြီး ကျောက်လင်ကို အံ့အားသင့်စွာ ငေးကြည့်နေ၏။ ကျောက်လင်၏ စကားကို မယုံကြည်ခြင်းမဟုတ်ဘဲ ကျင့်ကြံခြင်းသည် ဤမျှလွယ်ကူနေပါသလားဟု အံ့အားသင့်နေခြင်းဖြစ်သည်။

"ကျောက်လင်... ရှင့်ရဲ့ ကျင့်ကြံခြင်း ပါရမီပဲဖြစ်ဖြစ်၊ အောင်မြင်မှုပဲဖြစ်ဖြစ်... ရှင်က ငါ ရွှမ်ယွမ်ဇီရဲ့ ထိပ်တန်း ရွေးချယ်မှုပါပဲ... ဒါပေမဲ့ ငါတို့ ရွှမ်ယွမ်မိသားစုရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့က မလွယ်ဘူး... ဒါပေမဲ့ ဒီသုံးလပတ်မှာ အမြတ်ငွေ ငါးသိန်း ရည်မှန်းချက် ပြည့်မီသွားရင်တော့ စကားပြောဆိုခွင့် အနည်းငယ် ရလာမှာပါ... အဲ့ဒီအခါကျရင် ငါ အဘိုးကို ပြောပြပြီး ရှင့်အတွက် ကောင်းတဲ့ဘက်က တင်ပြပေးပါ့မယ်..."

ရွှမ်ယွမ်ဇီက ပြန်ထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် ရွှမ်ယွမ်ဇီကိုယ်တိုင်ကပင် သူ့ကို လက်ထပ်လိုစိတ်ရှိနေကြောင်း ကျောက်လင် ခံစားမိလိုက်သည်။ ဤသည်မှာ လုံလောက်ပြီဖြစ်သည်။

"ကောင်းပါပြီ... ငါတို့ရဲ့ အိမ်ထောင်ရေးကိစ္စကို နောက်မှပဲ ဆက်ပြောကြတာပေါ့... အခုတော့ ဈေးလမ်းပြန်လည်တည်ဆောက်ရေး စီမံကိန်းကို ဆက်ဆွေးနွေးရအောင်..."

ကျောက်လင်က ရယ်မောရင်း အိတ်ထဲမှ ပုံစံထုတ်စက္ကူများကို ထုတ်လိုက်၏။ ကျောက်တုံးစားပွဲပေါ်တွင် ပုံစံထုတ်စက္ကူများကို ဖြန့်ခင်းလိုက်ရာ ဘိလပ်မြေ အဆောက်အအုံများ၏ တည်ဆောက်ပုံ ပုံကြမ်းများ ပေါ်လာသည်။ ကျောက်လင်က သူ၏ ဆရာသခင်အဆင့် ပန်းချီစွမ်းရည်ကို အသုံးပြု၍ ဈေးလမ်းရှိ ဆိုင်ခန်းအမျိုးမျိုး၏ ပုံစံများကို အပြည့်အစုံ ရေးဆွဲထားခဲ့ခြင်းဖြစ်သည်။

"ဒါက... ထန်ရှန်းလမ်းကို ပြန်လည်ပြုပြင်မယ့် စီမံကိန်းလား..."

ရွှမ်ယွမ်ဇီက တစ်ချက်ကြည့်ရုံဖြင့် နားလည်သွား၏။ ကျောက်လင်က ခေါင်းညိတ်သည်။

"မင်ချွမ်မြို့ကနေ လာတုန်းက ဒီဘိလပ်မြေတွေကို မြင်ခဲ့မှာပါ... အဲ့ဒါက အရမ်းမာကျောပြီး အိမ်ဆောက်ရာမှာ သစ်သားနဲ့ ဆောက်ထားတဲ့ တပ်ဆင်မှုတွေထက် ပိုပြီး ခိုင်ခံ့တယ်... အဓိကကတော့ ထန်ရှန်းလမ်းကို ဘိလပ်မြေနဲ့ ဈေးလမ်းအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် ယွီရွှေခရိုင်ရဲ့ အထိမ်းအမှတ် အဆောက်အအုံတစ်ခု ဖြစ်လာမှာပါ... ကြော်ငြာစရာတောင် လိုမှာမဟုတ်ဘူး... ထန်ရှန်းလမ်းက ချက်ချင်းကို နာမည်ကြီးလာမှာ..."

ကျောက်လင်က အသေးစိတ် ရှင်းပြသည်။

"အံ့ဩဖို့ကောင်းလိုက်တာ... တကယ့်ကို အံ့ဩဖို့ကောင်းတယ်... အခုတော့ ရှင်ပြောတာတွေကို ငါလုံးဝ ယုံကြည်သွားပြီ... ထန်ရှန်းလမ်းက တကယ့်ကို ယွီရွှေခရိုင်ရဲ့ အရေးအကြီးဆုံး စီးပွားရေးနေရာ ဖြစ်လာတော့မှာပဲ..."

ရွှမ်ယွမ်ဇီက ပုံကြမ်းကို ကြည့်ရင်း သူ၏ မျက်လုံးများက တောက်ပလာ၏။ သူကိုယ်တိုင်က စီးပွားရေးပါရမီရှင်ဟု သတ်မှတ်ထားသဖြင့် ဈေးလမ်းအယူအဆ၏ အလားအလာကို ပို၍ စိတ်ဝင်စားသွားခြင်း ဖြစ်သည်။ ကျောက်လင်ကမူ ဘေးမှနေ၍ ရွှမ်ယွမ်ဇီ၏ လှပသော အသွင်အပြင်ကို ငေးမောကြည့်ရှုနေသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ရွှမ်ယွမ်ဇီက ပုံစံကြမ်း (၁၂၀)စလုံးကို စစ်ဆေးပြီးစီးသွားသည်။ သူသည် ပို၍ပင် အံ့အားသင့်သွားပြီး ကျောက်လင်၏ အရည်အချင်းကို ပို၍ လေးစားသွားမိသည်။

"ကျောက်လင်... ရှင်ဆွဲထားတဲ့ ပုံတွေထဲမှာ နှစ်ထပ်အဆောက်အအုံတွေ၊ အများစုက သုံးထပ်တွေ ဖြစ်နေတယ်... ဒီလောက် ကျယ်ဝန်းတဲ့ စီးပွားရေးနေရာတွေက တကယ် လိုအပ်လို့လား..."

ရွှမ်ယွမ်ဇီက မော့ကြည့်လိုက်စဉ် ကျောက်လင်က သူ့ကို စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားမိသော်လည်း မေးခွန်းကိုတော့ ဆက်မေးလိုက်၏။

"ဟုတ်တာပေါ့... လိုအပ်တာပေါ့... ဒီလောက် စီးပွားရေးနေရာတွေကတောင် လုံလောက်ပါ့မလားလို့တောင် စိုးရိမ်နေတာ... နောက်ထပ် ဆိုင်ခန်းတွေ ထပ်ဖြည့်ဖို့ဆိုရင် ပြုပြင်ရတာ အချိန်ကြာဦးမှာ..."

"ငါ့အစီအစဉ်က ထန်ရှန်းလမ်း ပြုပြင်ရေးကို နှစ်လအတွင်း အပြီးလုပ်ဖို့ပဲ... သုံးလအတွင်းမှာ ထန်ရှန်းလမ်းကို ဖွင့်လှစ်နိုင်ရမယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောသည်။ ရွှမ်ယွမ်ဇီက ကျောက်လင်၏ အတွေးကို နားလည်သွား၏။

"ဒါပေမဲ့ နှစ်လအတွင်းမှာ ထန်ရှန်းလမ်း တစ်ခုလုံးကို ပြုပြင်နိုင်ပါ့မလား..."

ရွှမ်ယွမ်ဇီက စိုးရိမ်စွာ မေးသည်။

"အာဇီ... ငါ လက်သမားခေါင်းဆောင် လွီမုချိုးနဲ့ ချန်ရှင်းဝမ်တို့ကို ပြောပြီးပြီ... သူတို့ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို ရပ်ထားပြီး သူတို့သိတဲ့ လက်သမား၊ အလုပ်သမား အားလုံးကို ထန်ရှန်းလမ်းဆီ ခေါ်လာကြလိမ့်မယ်... သူတို့ အကောင်းဆုံး ကြိုးစားကြမှာပါ... ပြီးတော့ ဒုက္ခသည်စခန်းဆီ သွားပြီး ဒုက္ခသည် တစ်သောင်းလောက် ဝယ်ယူပြီး ထန်ရှန်းလမ်းမှာ အလုပ်လုပ်ဖို့ စီစဉ်လိုက်ဦးမယ်... နှစ်လဆိုတာ ထန်ရှန်းလမ်း ပြုပြင်ရေးအတွက် လုံလောက်တဲ့ အချိန်ပါ..."

ကျောက်လင်က တည်ငြိမ်စွာပင်။ ရွှမ်ယွမ်ဇီက ကျောက်လင်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ကျောက်လင်မှာ အရာအားလုံးကို ကြိုတင် စီစဉ်ထားပြီးဖြစ်ကြောင်း ယခုမှ သဘောပေါက်လိုက်သည်။ ထို့အပြင် ကျောက်လင်၏ အမြင်မှာ ကျယ်ပြန့်ပြီး လုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက်ပါက အားကုန်ထုတ် လုပ်ကိုင်တတ်သူ ဖြစ်ကြောင်းကိုလည်း သိရှိလိုက်ရ၏။

ညနေစောင်းလာ၏။

"ငါ မြေပိုင်ဆိုင်ခွင့် စာချုပ်တွေကို ဒီမှာပဲ ထားခဲ့တော့မယ်... မနက်ဖြန်ကျရင် ခရိုင်မြို့ကိုပြန်ပြီး ထန်ရှန်းလမ်းမှာ လူတွေ နေရာချထားဖို့ စီစဉ်လိုက်မယ်... ဒီဈေးလမ်းရဲ့ စီးပွားရေးက တကယ့်ကို အောင်မြင်လာမယ်လို့ ခံစားနေရတယ်... ချင်းပေါင်စံအိမ်လည်း မပါဝင်လို့ မဖြစ်ဘူးလေ..."

ရွှမ်ယွမ်ဇီက ထရပ်လိုက်သည်။ ကျောက်လင်၏ အသိစိတ်မှာ ကံကြမ္မာနတ်ဘုရား အဆင့်စာရင်းနှင့် ချိတ်ဆက်ထားပြီး ထိုအချိန်တွင် စာရင်းပေါ်ရှိ ပုံရိပ်တစ်ခုကို သတိပြုမိလိုက်သည်။ ၎င်းမှာ ရွှမ်ယွမ်ဇီ၏ တတိယအကိုဖြစ်သည်။ ယခင်တစ်ခါ လျန်ရှီးခရိုင်တွင် ရွှမ်ယွမ်ဇီ၏ တတိယအကိုသည် ဝမ့်ရှန်းလုံမှ လုပ်ကြံသူများကို ငှားရမ်းကာ ရွှမ်ယွမ်ဇီကို သတ်ရန် ကြိုးစားခဲ့စဉ်က ကျောက်လင်က ကြွက်လေးကို စေလွှတ်၍ သူ၏ သွေးကို ရယူထားခဲ့သည်။

ရွှမ်ယွမ်ဇီ၏ အဒေါ်နှင့် အစ်ကိုသုံးယောက်တို့က ရွှမ်ယွမ်ဇီကို မနာလိုဖြစ်ပြီး ရွှမ်ယွမ်ဇီကို သတ်ဖြတ်ကာ ယွီရွှေခရိုင်ရှိ ချင်းပေါင်စံအိမ်ကို သိမ်းပိုက်ရန် ကြံစည်နေကြောင်း ကျောက်လင် သိရှိထားပြီးဖြစ်သည်။ ယခုမူ ရွှမ်ယွမ်ဇီ၏ တတိယအကိုက လူသုံးယောက်ကို ခေါ်ဆောင်ကာ မင်ချွမ်မြို့သို့ လျှို့ဝှက်စွာ ရောက်ရှိလာကြောင်း တွေ့ရှိလိုက်ရသည်။

"အာဇီ... အရင်တစ်ခါ ရွှမ်ယွမ်မိသားစုဆီ ဝင်လာတဲ့ လုပ်ကြံသူက မင်းကို မသတ်နိုင်ခဲ့ဘူး... အဲ့ဒီလုပ်ကြံသူကို ဘယ်သူ ငှားခဲ့တယ်ဆိုတာ မင်းတွေးဖူးလား..."

ကျောက်လင်က ထိုင်ရာမှ မထတော့ဘဲ တည်ငြိမ်စွာ မေးလိုက်၏။ ရွှမ်ယွမ်ဇီက အံ့အားသင့်စွာ ကြည့်သည်။ တစ်ခဏချင်းမှာပင် ရွှမ်ယွမ်ဇီ နားလည်သွား၏။ ထိုညက လုပ်ကြံသူကို တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ သတ်ဖြတ်ခဲ့ခြင်းမှာ ကျောက်လင်နှင့် သက်ဆိုင်နေသည်။ ဆိုလိုသည်မှာ ကျောက်လင်က သူ့ကို လျှို့ဝှက်စွာ ကာကွယ်ပေးနေခြင်း ဖြစ်သည်။

"ကျောက်လင်... နင် ဘာပြောချင်လဲဆိုတာ ငါနားလည်ပါတယ်...ငါ့အဒေါ်က အဖေရဲ့ မယားကြီးဖြစ်ပြီး ငါက မယားငယ်က မွေးတာလေ... ငါ့လို အပြင်က မွေးတဲ့မိန်းကလေးက ချင်းပေါင်စံအိမ်ကို အုပ်ချုပ်နေတာကို သူတို့ မကျေနပ်ဘူး... အမြဲတမ်းလည်း သူ့သားသုံးယောက်အတွက် ချင်းပေါင်စံအိမ်ကို သိမ်းပိုက်ချင်နေတာ... ဒါပေမဲ့ သူက ငါ့အဒေါ်ပါ... အစ်ကိုတွေလည်း ပါတာပဲ... သူတို့က ငါ့ကို ဒုက္ခပေးချင်ပေမဲ့ ငါက သူတို့ကို ပြန်လုပ်ဖို့ မရက်စက်နိုင်ဘူး..."

ရွှမ်ယွမ်ဇီက စိတ်ညစ်စွာ ပြောသည်။ ကျောက်လင် နားလည်သည်။ ရွှမ်ယွမ်ဇီ မလုပ်ရက်သည့် အရာများ ရှိနေနိုင်သည်။ သို့သော် ကျောက်လင်က မလုပ်ရဲသည်ဟု မဆိုလိုပါ။ ယခုလေးတင် ရွှမ်ယွမ်ဇီက သူ၏ ခံစားချက်ကို ဖွင့်ဟခဲ့ပြီး ကျောက်လင်ကို လက်ထပ်လိုသော်လည်း မိသားစုစည်းမျဉ်းကို မဖောက်ဖျက်နိုင်ပေ။ ကျောက်လင်က ရွှမ်ယွမ်ဇီကို သူ့လူအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ရွှမ်ယွမ်ဇီကို တစ်စုံတစ်ယောက်က ထိခိုက်အောင် လုပ်ဆောင်နေလျှင် ကျောက်လင်မှာ လက်ပိုက်ကြည့်နေမည် မဟုတ်။

"အာဇီ... မင်း ပြန်တော့...ငါလည်း နောက်နှစ်ရက်လောက်နေရင် ခရိုင်မြို့ကို ရောက်သွားလိမ့်မယ်..."

ကျောက်လင်က ပြုံးလျက် ပြောလိုက်သည်။

All Chapters