← Chapters

အခန်း ၃၄

Vol. 34 Ch. 34

အခန်း ၃၄

Vol. 34 Ch. 34

အခန်း (၃၃၄) အဆင့် (၁၀)၊ ဦးစွာပထမ မြန်နှုန်းမြင့်နှင့် အသွင်ပြောင်းခြင်းအား မြှင့်တင်ခြင်း

ညစာစားပြီးနောက်။

နယ်မြေအတွင်းရှိ လူအများစုသည် မင်ချွမ်မြစ်ထဲတွင် ရေချိုးရန် ထွက်သွားကြသည်။

သို့သော် အာကာသတဲအတွင်း နေထိုင်သည့် အမျိုးသမီးများတွင် ကိုယ်ပိုင်ရေချိုးခန်းများ ရှိကြသဖြင့် သူတို့သည် မြစ်ထဲသို့သွား၍ အတူတကွ ကိုယ်တုံးလုံးပြရန် အကြောင်းမရှိပေ။

နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်အောက်၌ ရှန်ချန်းရွှယ်နှင့် တခြားအမျိုးသမီးဆယ်ယောက်တို့သည် အတူတကွ ရပ်နေကြကာ စကားပြောရယ်မောနေကြ၏။

လျိုချင်းယီ၊ လင်းရွှမ်ဝမ်၊ ချင်းကျိုးဟယ်၊ ကျောက်ကျီယန်၊ ကျန်းကျိရှ၊ မာမင်ကျူ၊ ယွမ်ယွဲ့ယွဲ့၊ ဆွန်းယီယီ၊ လီယိုရှနှင့် ဝူချီလင်၊ ဤအဆင့် (၃) အလှလေးဆယ်ယောက်တို့သည် ဟေးဆုန်းကျေးရွာသို့ မနေ့က ရောက်ရှိလာကြပြီး ဤနေရာ၏ ဘဝနေထိုင်မှုပုံစံနှင့် ပေါင်းစပ်ပြီးဖြစ်၏။

ထိုအချိန်တွင် လူဆယ်ယောက်လုံးသည် ဘောင်းဘီတိုနှင့် တီရှပ်များကို ဝတ်ဆင်ထားကြကာ အတူတကွ ကျော့ရှင်းစွာ ရပ်နေကြသဖြင့် လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။

"ညီမလေးတို့ရေ... လွန်ခဲ့တဲ့ နှစ်လက ငါလည်း ညီမတို့လိုပဲ ဒုက္ခရောက်နေတဲ့ မိန်းကလေးတစ်ယောက်ပါပဲ..."

"ငါ့ခင်ပွန်းက ငါ့ကို ကယ်တင်ပြီး အစားအသောက် ဝပြောစွာနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခွင့်ပေးခဲ့လို့ အရမ်းကျေးဇူးတင်မိတယ်..."

"ငါ့ခင်ပွန်းကြောင့်ပဲ သာမန်လူတစ်ယောက်ကနေ ကျောက်စိမ်းသွေးကြောနယ်ပယ်ရဲ့ စွမ်းအားကို ပိုင်ဆိုင်လာခဲ့ရတာပါ..."

"ခင်ပွန်းက မင်တို့ကိုသဘောကျ နှစ်သက်တယ်ဆိုတာ ညီမတို့ရဲ့ အကြီးမားဆုံး ကံကြမ္မာပါပဲ..."

ရှန်ချန်းရွှယ်က အပြုံးဖြင့် ပြောဆိုလိုက်သည်။ သူမ၌ အိမ်ဦးနတ်ကဲ့သို့ မောက်မာသော အမူအရာမရှိဘဲ လူဆယ်ယောက်ကို တန်းတူညီမျှရှိသော ညီမများအဖြစ် ဆက်ဆံသည်။

အမျိုးသမီးဆယ်ယောက်သည် ဟေးဆုန်းကျေးရွာ၌ ရှိနေသည်မှာ နှစ်ရက်ရှိပြီဖြစ်ပြီး နယ်မြေတစ်ခုလုံးရှိ အရာအားလုံးကို မြင်တွေ့ပြီးဖြစ်၏။

လယ်ခင်းများ၊ အလုပ်ရုံများ၊ ဘိလပ်မြေလမ်းများ၊ တောင်ကုန်းပေါင်း နှစ်ထောင်ကျော်နှင့် အလုပ်အကျွေးခံအဖြစ် ရောင်းချခံထားရသော ဒုက္ခသည် ငါးသိန်းတို့ပင်။

သဘာဝကျစွာပင် လူဆယ်ယောက်လုံးသည် မိမိတို့၏ ခင်ပွန်း၌ ကြီးမားသော စည်းစိမ်ဥစ္စာနှင့် အာဏာရှိကြောင်းကို နားလည်ထားကြပြီး ကျောက်လင်၏ နောက်ကွယ်တွင် ရှေးဟောင်းသိုင်းပညာရှင် မိသားစုတစ်ခု ရှိနေလိမ့်မည်ဟုလည်း ယူဆထားကြသည်။

မူလက အမျိုးသမီးဆယ်ယောက်သည် ရှန်ချန်းရွှယ်၏ စည်းရုံးမှုဖြင့် ကျောက်လင်နှင့် လက်ထပ်ရန် သဘောတူခဲ့ကြသော်လည်း အနာဂတ်အတွက် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။

သို့သော် ကျောက်လင်၏ ပုံပန်းသွင်ပြင်နှင့် သူပိုင်ဆိုင်ထားသော ပိုင်ဆိုင်မှုများ၊ အာဏာများကို မြင်တွေ့လိုက်ရသောအခါ သူတို့ဆယ်ယောက်လုံးသည် မနေ့ညက အိမ်မက်ထဲတွင်ပင် ရယ်မောနေခဲ့ကြ၏။

"အစ်မရွှယ်... ကျွန်မ နယ်မြေထဲက အလုပ်ရုံအားလုံးကို မြင်ခဲ့ရပါတယ်... အစ်ကိုလင်ရဲ့ စွမ်းရည်တွေက တကယ့်ကို အံ့မခန်းပါပဲ..."

"ကျွန်မရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ရရှိလာတဲ့ ဒီအခွင့်အရေးကို တန်ဖိုးထားသွားမှာပါ..."

ပထမဆုံးအနေအထားတွင် ရပ်နေသည့် လျိုချင်းယီက ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်သည်။

"ကျွန်မလည်း ဒီအတိုင်းပါပဲ..."

ကျန်အမျိုးသမီး ကိုးယောက်ကလည်း ဖြစ်ပျက်နေသည်ကို ချက်ချင်း သဘောပေါက်သွားပြီး စိတ်ရင်းအမှန်ဖြင့် ပြောလိုက်ကြ၏။

ရှန်ချန်းရွှယ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် ကျောက်လင်က ရုတ်တရက် ပျံသန်းရောက်ရှိလာသည်။

"ခင်ပွန်း... သူတို့အားလုံးက စရိုက်ကောင်းကြပြီး ပေါင်းသင်းရ လွယ်ကူကြတယ်သိလား..."

ရှန်ချန်းရွှယ်က အနီးသို့ ကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရှန်ချန်းရွှယ်သည် ကြားထဲတွင် အနှောင့်အယှက် မဖြစ်စေလိုသဖြင့် နားလည်မှုရှိစွာ လမ်းဖယ်ပေးလိုက်၏။

"အားလုံးပဲ... ဟေးဆုန်းကျေးရွာထဲက အရာအားလုံးကို မြင်တွေ့ပြီးပြီလို့ ယုံကြည်ပါတယ်... ငါ့ရဲ့ စွမ်းအားကိုလည်း သိပြီးပြီပေါ့... ငါ့နောက်ကို လိုက်မယ်ဆိုရင်တော့ ဘယ်တော့မှ အခက်အခဲ မဖြစ်စေရဘူး..."

"အနာဂတ်မှာ နယ်မြေထဲမှာ အလုပ်ရုံ အများအပြား ဆောက်လုပ်ဖို့ စီစဉ်ထားတယ်... ညီမတို့တစ်ယောက်ချင်းစီက အလုပ်ရုံတစ်ခုစီကို စီမံခန့်ခွဲပြီး ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေပေးလိမ့်မယ်လို့ မျှော်လင့်တယ်..."

"နည်းနည်းတော့ ပင်ပန်းနေတယ်... ဘယ်သူက အရင် စမလဲ..."

ကျောက်လင်က တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး သူ၏ အကြည့်တို့က လူဆယ်ယောက်ကို ဝေ့ကြည့်လိုက်သည်။

"ကျွန်မ..."

လျိုချင်းယီက အမြန်ပြေးလာပြီး ပထမဆုံးအဖြစ် စေတနာ့ဝန်ထမ်းခဲ့၏။

"ဟားဟား..."

ကျောက်လင်က အောင်နိုင်သူကဲ့သို့ ရယ်မောလိုက်သည်။

(ဆင်ဆာပါလို့ နောက်ဆက်တွဲ အကြောင်းအရာများကို ချန်လှပ်ထားပါသည်)

ကျင့်ကြံခြင်း +၅၀

ကျောက်လင်သည် စနစ်ထံမှ ဆုလာဘ်အဖြစ် ကျင့်စဉ်နှင့် စွမ်းရည်ဆယ်မျိုးကိုလည်း ရရှိခဲ့သည်။

သို့သော် ဤကျင့်စဉ်များနှင့် စွမ်းရည်များသည် ကျောက်လင် လက်ရှိပိုင်ဆိုင်ထားသော ကျင့်စဉ်များထက် အဆင့်များစွာ နိမ့်ကျနေသဖြင့် ကျောက်လင်သည် ၎င်းတို့ကို ကျင့်ကြံမည်မဟုတ်ပေ။

သို့သော် နောင်တွင် မိမိကိုယ်တိုင်အတွက် အကာအကွယ်ပေးမည့် ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ကို လေ့ကျင့်ပေးလိုပါက ဤကျင့်စဉ်များကို လက်ဆင့်ကမ်းပေးနိုင်သည်။

ထိုအချိန်တွင် ကျောက်လင်၏ အသိစိတ်သည် စနစ်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မျက်နှာပြင်ဆီသို့ ရောက်သွား၏။

[ပိုင်ရှင် - ကျောက်လင်]

[ဇနီး - ၃၅]

(မိန်းမ ၁၁၉ယောက်ရှိပေမယ့် အတူနေထားတဲ့အရေအတွက်ကိုပဲ ထည့်ထားတာပါ)

[ကျွမ်းကျင်မှု - အမဲလိုက်ခြင်း၊ ပန်းချီပညာ၊ ရှန်းနုန်ဆေးဖက်ဝင်အပင်မှတ်တမ်း]

[အထူးစွမ်းရည် - လင်းယုန်မျက်လုံး၊ ကံကြမ္မာအဆင့်စာရင်း]

[ကျင့်စဉ် - ဟောက်ယန်ကျင့်စဉ် (ဆဋ္ဌမအဆင့်)၊ မူလဝိညာဉ်ကျင့်စဉ် (ပဉ္စမအဆင့်)၊ သွေးနတ်ဘုရားဓား (ဆဋ္ဌမနယ်ပယ်)၊ မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက် (ပဉ္စမအဆင့်)၊ မြန်နှုန်းမြင့်နှင့် အသွင်ပြောင်းခြင်း (အစပြုအဆင့်)]

[နယ်ပယ်အဆင့် - ပေါင်းစည်းခြင်းနယ်ပယ် အစောပိုင်းအဆင့်]

[ကျင့်ကြံခြင်းအဆင့် - +၅၅]

ဇနီး (၃၅) ယောက်ဖြင့် ကျောက်လင်သည် စနစ်ဈေးဆိုင်မှ ပစ္စည်းအမျိုးမျိုးကို နေ့စဉ် ဝယ်ယူနိုင်သည်။

ကျင့်ကြံခြင်း (၅၅)နှစ်သို့ ရောက်ရှိသွားသောအခါ ကျောက်လင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

"ဒီကျင့်ကြံခြင်း (၅၅)နှစ်ကို ဟောက်ယန်ကျင့်စဉ်မှာသာ သုံးလိုက်ရင် ပေါင်းစည်းခြင်းနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို ထိုးဖောက်နိုင်မှာပဲ..."

"ဒါပေမဲ့ ပေါင်းစည်းခြင်းနယ်ပယ်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းအားမှာ အရေးကြီးဆုံးက သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအား ပမာဏ မဟုတ်ဘဲ သူ ကျွမ်းကျင်ထားတဲ့ စွမ်းအားဆိုင်ရာ နက်နဲမှုတွေပဲ..."

"ပြီးခဲ့တဲ့တစ်ခေါက်က မူလဝိညာဉ်ကျင့်စဉ်ကို စတုတ္ထအဆင့်ကနေ ပဉ္စမအဆင့်ကို ထိုးဖောက်ဖို့ ကျင့်ကြံခြင်း နှစ် (၅၀)လိုခဲ့တယ်... အခု ထပ်ပြီး ထိုးဖောက်မယ်ဆိုရင် နှစ် (၅၅)ဆိုတာ လုံလောက်မှာ မဟုတ်လောက်ဘူး..."

"အဆင့်တစ်ခု ထပ်တိုးလိုက်ရင်တောင် သွေးနတ်ဘုရားဓားနဲ့ မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက်၊ ဒီတိုက်ခိုက်ရေး ကျင့်စဉ်နှစ်ခုက ငါ့အတွက် အသုံးမဝင်တော့သလိုပဲ..."

"နန်ချင်းချန်ဆီက ရခဲ့တဲ့ မြန်နှုန်းမြင့်နှင့် အသွင်ပြောင်းခြင်းကို မြှင့်တင်သင့်တယ်..."

ခဏတာ တွေးတောပြီးနောက် ကျောက်လင်က ဆုံးဖြတ်ချက်ချလိုက်သည်။

"စနစ်... ကျင့်ကြံခြင်း နှစ်+ ၅၅) နှစ်လုံးကို မြန်နှုန်းမြင့်နှင့် အသွင်ပြောင်းခြင်းမှာ ပေါင်းထည့်လိုက်..."

ဆုံးဖြတ်ပြီးသည်နှင့် ကျောက်လင်က မိမိစိတ်ထဲတွင် အမိန့်ချက်ချင်း ပေးလိုက်သည်။

မကြာမီ ကျောက်လင်၏ စိတ်ထဲတွင် အချက်အလက်များစွာ စီးဝင်လာ၏။

ပုဂ္ဂိုလ်ရေးဆိုင်ရာ မျက်နှာပြင်ပေါ်တွင်။

[မြန်နှုန်းမြင့်နှင့် အသွင်ပြောင်းခြင်း (ပဉ္စမအဆင့်)]

မြန်နှုန်းမြင့်နှင့် အသွင်ပြောင်းခြင်း ခြေလှမ်းသိုင်းသည် အဆင့်ကိုးဆင့်ရှိသည်။

ဝိညာဉ်မျောက်ခုန်၊ လေရိပ်ယောင်၊ မှော်လိပ်ပြာခြေလှမ်း၊ ရစ်ငှက်ပျံ၊ အရိပ်တစ်ထောင်အသွင်ပြောင်း၊ လေနှင့်အတူပါသွားခြင်း၊ မြေပြင်ကို အတိုချုပ်ခြင်း၊ အရာရာကို အသွင်ဖန်တီးခြင်း၊ မြန်နှုန်းမြင့်နယ်ပယ်။

ကျောက်လင်သည် ယခုအခါ အသွင်ပြောင်းခြင်းငါးဆင့်ကို ကျွမ်းကျင်ပြီးဖြစ်သည်။ ဝိညာဉ်မျောက်ခုန်၊ လေရိပ်ယောင်၊ မှော်လိပ်ပြာခြေလှမ်း၊ ရစ်ငှက်ပျံနှင့် အရိပ်တစ်ထောင်အသွင်ပြောင်းတို့ပင်။

မိမိ၏ ခြေလှမ်းသိုင်းသည် အရိပ်တစ်ထောင်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားသဖြင့် ကျောက်လင်သည် ခြေလှမ်းသိုင်းကို အသုံးပြုသည့်အခါတိုင်း လေထဲတွင် အရိပ်ပေါင်းများစွာကို ဖန်တီးနိုင်ပြီး ရန်သူတို့သည် မိမိ၏ ခန္ဓာကိုယ်အစစ်ကို ရှာဖွေတွေ့ရှိရန် ခက်ခဲသွားလိမ့်မည်။

မိမိ၏ စွမ်းအား တိုးတက်လာသည်ကို ခံစားရင်း ကျောက်လင်က ပျော်ရွှင်စွာ အိပ်ပျော်သွား၏။

တခြားအာကာသတဲဆယ်ခုအတွင်း၌ အမျိုးသမီးဆယ်ယောက်တို့က အံ့သြမှုဖြင့် ပြည့်နှက်နေကြသည်။

အမျိုးသမီးဆယ်ယောက်တို့သည် ကျောက်လင်နှင့် အတူနေပြီးနောက် သူတို့၏ ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူတို့၏ ရုပ်ခန္ဓာများ ပြုပြင်ခံရပြီး ပိုမိုသန်မာလာခဲ့သည်။

အလုပ်သမားဘဝကတည်းက ခံစားခဲ့ရသော ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများမှာ အံ့ဖွယ်ကောင်းလောက်အောင် ပျောက်ကင်းသွား၏။

ထို့အပြင် အမျိုးသမီးဆယ်ယောက်လုံးသည် သူတို့၏ ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအားတစ်ခုက ပြုပြင်ပေးနေသည်ကို ခံစားရပြီး အားလုံးသည် ကြေးဝါအရေပြားနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ကြသည်။

သူတို့သည် အတူနေမှုတစ်ခုတည်းဖြင့်ပင် ကျင့်ကြံသူများ ဖြစ်လာခဲ့ကြသည်။

အဓိကအကြောင်းရင်းမှာ ကျောက်လင်သည် လက်ရှိတွင် ပေါင်းစည်းခြင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်နေခြင်းကြောင့်ဖြစ်ပြီး သူနှင့် အတူနေသော အမျိုးသမီးများထံသို့ စနစ်မှ ပေးပို့သော စွမ်းအားသည် ယခင်ကထက် ပိုမိုအားကောင်းသဖြင့် ဇနီးဆယ်ယောက်စလုံး၏ ကျင့်ကြံမှုကို တိုက်ရိုက် တိုးတက်စေခဲ့ခြင်းပင်။

"အစ်မရွှယ်က ငါ့ကို မလိမ်ခဲ့ဘူး..."

အမျိုးသမီးဆယ်ယောက်လုံးနီးပါး၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤသို့ဖြစ်၏။ သူတို့သည် ရှန်ချန်းရွှယ်၏ စကားများကို အမှတ်ရလိုက်ပြီး ယခု မိမိတို့ကိုယ်၌ ဖြစ်ပျက်နေသော ပြောင်းလဲမှုများကို မြင်တွေ့ရသောအခါ ရှန်ချန်းရွှယ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားကြသည်။

ဤသည်မှာ သူတို့၏ စစ်မှန်သော ကံကြမ္မာပင်တည်း။

လူဆယ်ယောက်လုံး တစ်ညလုံး စိတ်လှုပ်ရှားနေကြသည်။

နောက်တစ်နေ့ နံနက်စောစော။

ကျောက်လင်သည် အာကာသတဲမှ ထွက်လာသည်နှင့် လျိုချင်းယီ၊ လင်းရွှမ်ဝမ်၊ ချင်းကျိုးဟယ်၊ ကျောက်ကျီယန်၊ ကျန်းကျိရှ၊ မာမင်ကျူ၊ ယွမ်ယွဲ့ယွဲ့၊ ဆွန်းယီယီ၊ လီယိုရှနှင့် ဝူချီလင်တို့ ဆယ်ယောက်လုံးသည် တံခါးဝတွင် ရပ်နေကြပြီး အားလုံးက ပြုံးရွှင်လျက် ကျောက်လင်ကို စိုက်ကြည့်နေကြ၏။

"ခင်ပွန်း... ကျေးဇူးတင်ပါတယ်နော်..."

ကျောက်လင်ကို ကျေးဇူးတင်သည့်အနေဖြင့် ဆယ်ယောက်လုံး အစောကြီး ထလာပြီး သူ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

"ကျေးဇူးတင်တယ်လား"

"ကျေးဇူးစကားတွေက မလိုပါဘူး... နောင်အခါမှာ ဘယ်လို ပြုမူမလဲဆိုတာပဲ ငါ ကြည့်ရလိမ့်မယ်..."

ကျောက်လင်က မာနထောင်လွှားစွာ ပြောဆိုလိုက်သည်။

ဆယ်ယောက်လုံးက ချက်ချင်း နားလည်သွားကြတော့၏။

All Chapters