အခန်း ၃၅
Vol. 34 Ch. 35
အခန်း (၃၃၅) ဒါဆိုရင် ငါ့ကို ကာကွယ်ပေးနေတာ ရှင်ပေါ့
"မင်္ဂလာနံနက်ခင်းပါ ခင်ပွန်း..."
ရှန်ချန်းရွှယ်က လျှောက်လာသည်။
ကျောက်လင်သည် ရှန်ချန်းရွှယ်ကို စိုက်ကြည့်လိုက်ရာ သူမ အလွန်ပျော်ရွှင်နေသည်ကို သိလိုက်ရ၏။
ထူးချွန်ပြီး ယဉ်ကျေးသိမ်မွေ့သော ဇနီးသည်တစ်ယောက် ရှိထားသဖြင့် နယ်မြေအတွင်းရှိ ကိစ္စရပ်အဝဝကို သူမက အကောင်းဆုံး စီမံခန့်ခွဲပေးနိုင်ပြီး ယခုဆိုလျှင် သူ့ကို လက်ထပ်ရန်အတွက် တခြားအမျိုးသမီးများကို စည်းရုံးပေးသည့် တာဝန်ကိုပါ ထမ်းဆောင်ပေးနေသည်။
(ရှန်ချန်းရွှယ်လို ဇနီးမျိုး မလိုချင်ကြဘူးလား)
ကျောက်လင်က အလွန် ကျေးဇူးတင်မိပါသည်။
"ခင်ပွန်း.. မနေ့က တောင်ကုန်းအားလုံးကို ညီညာအောင် လုပ်ခိုင်းလိုက်တာ မိတ်ဆွေတွေပဲကိုလား... တောင်ကုန်းတစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်တွေကို ကျောက်တုံးပေါ်မှာ ထွင်းထုခိုင်းလိုက်တာရော..."
ရှန်ချန်းရွှယ်က စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြုံးရွှင်စွာ မေးလိုက်သည်။
လက်ရှိတွင် နယ်မြေအတွင်း ဒုက္ခသည် ငါးသိန်းကျော် ရှိနေပြီဖြစ်သည်။
ရှန်ချန်းရွှယ်တစ်ယောက်တည်းဖြင့် အကုန်လုံးကို စီမံရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှန်ချန်းရွှယ်သည် နယ်မြေသို့ ရောက်ရှိလာသည့် ပထမဆုံး ဒုက္ခသည်တစ်ထောင်ကို တာဝန်ခံများအဖြစ် ရာထူးတိုးပေးလိုက်ပြီး တာဝန်ခံတစ်ဦးစီတိုင်းက အသစ်ရောက်ရှိလာသော ဒုက္ခသည် ငါးရာစီကို တာဝန်ယူစေသည်။
ထိုတာဝန်ခံတစ်ထောင်သည် မိမိတို့ တာဝန်ကျရာ တောင်ကုန်းများသို့ ရောက်ရှိပြီး ကျောက်လင် စီစဉ်ထားသည့် တောင်ကုန်းများနှင့် ကျောက်တုံးပေါ်တွင် ထွင်းထုထားသည့် စာတန်းများကို မြင်တွေ့ရသောအခါ ဟေးဆုန်းတောင်သို့ ပြန်ရောက်သည့်အချိန်တွင် ရှန်ချန်းရွှယ်ထံသို့ အစီရင်ခံကြသည်။
ရှန်ချန်းရွှယ်သည် ထိုအကြောင်းကို မေးမြန်းရတော့၏။
သူမသည်လည်း ကျောက်လင်က အလုပ်ရုံပေါင်း နှစ်ထောင်ကို တစ်ပြိုင်နက်တည်း မည်သို့တည်ဆောက်မည်ကို သိရှိလိုစိတ် ပြင်းပြနေသည်။
တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
"ဟုတ်တယ်... ငါ့ရဲ့ မိတ်ဆွေအချို့ကို အကူအညီ တောင်းလိုက်တာပါ..."
"အလုပ်ရုံပေါင်းတစ်ရာအတွက် နည်းပညာတွေ အသင့်ရှိနေတယ်... အခုပဲ မင်းကို ပေးလိုက်မယ်..."
"လူအင်အားတွေကို စနစ်တကျ စီစဉ်ပြီးတော့ ဒီအလုပ်ရုံတစ်ရာအတွက် စက်ရုံအမိုးတွေကို ဘိလပ်မြေနဲ့ တည်ဆောက်ပေးဖို့ စီစဉ်ပေးပါ..."
"စက်ရုံ အဆောက်အဦတွေ ပြီးစီးသွားရင်တော့ ငါ့ရဲ့ မိတ်ဆွေက ဒီအလုပ်ရုံတစ်ရာအတွက် လိုအပ်တဲ့ စက်ကိရိယာ အားလုံးကို ပို့ပေးလိမ့်မယ်..."
"ချန်းရွှယ်... ဒီအလုပ်ရုံတစ်ရာကို တစ်လအတွင်းမှာ တည်ဆောက်ပြီးစီးစေချင်တယ်..."
ကျောက်လင်သည် အလုပ်ရုံတစ်ရာ တည်ဆောက်မည့်ကိစ္စကို အလွန်အလေးအနက်ထား၍ မျှော်လင့်ချက် မြင့်မားစွာဖြင့် ပြောဆိုလိုက်သည်။
ယခုအခါ ဇနီး (၃၅)ယောက် ရှိနေပြီဖြစ်သဖြင့် နေ့စဉ် ပစ္စည်းအမျိုးအစား (၃၅)မျိုးကို ဝယ်ယူနိုင်သည်။
ထို့အပြင် ကျောက်လင်၏ အချစ်ကို စောင့်ဆိုင်းနေသော အဆင့်(၃) အလှလေး (၈၄) ယောက်လည်း ရှိသေးသည်။
မကြာမီတွင် ကျောက်လင်သည် နေ့စဉ် ပစ္စည်းအမျိုးအစား (၁၁၉)မျိုးကို ဝယ်ယူနိုင်တော့မည် ဖြစ်သည်။
ဤသို့ဆိုလျှင် တစ်လအတွင်း အလုပ်ရုံ (၂၀၀၀(အတွက် လိုအပ်သည့် နည်းပညာအချက်အလက်များကို စုဆောင်းရန် လုံလောက်ပေလိမ့်မည်။
ပထမဆုံးအနေဖြင့် အလုပ်ရုံ (၁၀၀) ကို တစ်လအတွင်း တည်ဆောက်မည်ဖြစ်ပြီး နယ်မြေအတွင်း ကျွမ်းကျင်သော ဆောက်လုပ်ရေး လုပ်သားအဖွဲ့ကို လေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။ ထို့နောက် တခြားအလုပ်ရုံများကို တည်ဆောက်ရန် ပို၍ လွယ်ကူသွားမည်။
ကျောက်လင်သည် ဤအရာအားလုံးကို ကြိုတင်စီစဉ်ပြီးဖြစ်သည်။
"အာ..."
"ကောင်းပါပြီ... ကျွန်မ သေချာပေါက် ပြီးအောင် လုပ်ပေးပါ့မယ်..."
ဤစကားကို ကြားလိုက်ရသောအခါ ရှန်ချန်းရွှယ်က စိတ်လှုပ်ရှားသွားသည်။
ကျောက်လင်က အမှန်တကယ်ပင် ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ။
ကျောက်လင်က ဒုက္ခသည် (၅)သိန်းကို ဝယ်ယူခဲ့စဉ်က နယ်မြေအတွင်းရှိ တောင်ကုန်းတစ်ခုစီတိုင်း၌ အလုပ်ရုံတစ်ခု တည်ဆောက်လိုကြောင်း ရှန်ချန်းရွှယ်ကို ပြောပြခဲ့ဖူးသည်။
ရှန်ချန်းရွှယ်သည် ကျောက်လင်၌ စွမ်းဆောင်ရည်ရှိသည်ဟု ယုံကြည်သော်လည်း အလုပ်ရုံတစ်ရာစာ နည်းပညာကို တစ်ပြိုင်နက်တည်း ထုတ်ပေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
နည်းပညာရှိပြီး နယ်မြေအတွင်း ဒုက္ခသည် အများအပြား ရှိနေသည့်အတွက် အလုပ်ရုံတစ်ခုကို စတင်လည်ပတ်စေရန် အလွန်ပင် လွယ်ကူလှသည်။
ကျောက်လင်သည် အာကာသတဲသို့ ပြန်သွားပြီး စနစ်နေရာလွတ်တွင် သိမ်းဆည်းထားသော အလုပ်ရုံနည်းပညာ တစ်ရာကို ထုတ်ယူကာ အိတ်တစ်ခုထဲသို့ ထည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျောက်လင်သည် ထိုအိတ်ကို ရှန်ချန်းရွှယ်ထံ ပေးလိုက်သည်။
"ရွှယ်... သွားပြီးတော့ အလုပ်စလုပ်လိုက်တော့..."
ကျောက်လင်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ရှန်ချန်းရွှယ်က ခေါင်းကို အားပါးတရ ညိတ်လိုက်သည်။ သူမသည် စွမ်းအင်တို့ဖြင့် ပြည့်နှက်နေပြီး မိမိ၏ စီမံခန့်ခွဲမှုအောက်တွင် ဤအလုပ်ရုံတစ်ရာ တည်ဆောက်ပြီးစီးသည်ကို မြင်တွေ့လိုလှသည်။
ရှန်ချန်းရွှယ် လုပ်သားအင်အား စီစဉ်ရန် သွားသည်ကို ကြည့်ပြီးနောက် ကျောက်လင်သည် ခဏတာ တွေးတောမိလိုက်ရာ မိမိ၏ နယ်မြေတွင် လုပ်စရာ မရှိတော့သည်ကို သဘောပေါက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ချီလျန်တောင်တန်း ဆေးပင်ဥယျာဉ်ရှိ မြေနေရာတို့ကို ညီညာအောင် လုပ်ပြီးဖြစ်ကာ အစီအရင်တို့ကိုလည်း အောင်မြင်စွာ တပ်ဆင်ပြီးဖြစ်သောကြောင့်ပင်။
ဒုက္ခသည်အားလုံး၏ ဂူနေအိမ်များနှင့် စားနပ်ရိက္ခာများကိုလည်း ပြင်ဆင်ပြီးဖြစ်သည်။
အလုပ်ရုံများ၏ ကြမ်းခင်းများကိုလည်း ညီညာအောင် လုပ်ပြီးဖြစ်သည်။
ကျောက်လင်သည် အခြေခံအုတ်မြစ်အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးဖြစ်သဖြင့် ကျန်ရှိသော အသေးအဖွဲကိစ္စများကို ရှန်ချန်းရွှယ်နှင့် တာဝန်ခံတစ်ထောင်တို့က သဘာဝအတိုင်း ဖြေရှင်းပေးကြလိမ့်မည်။
"လုပ်စရာမရှိတော့တာဆိုတော့ အဆင့်(၃) အလှလေး (၈၄)ယောက်နဲ့ ပျော်ရွှင်မှုကိုပဲ ခံစားလိုက်တော့မယ်..."
ကျောက်လင်က အပြုံးဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ကျောက်လင်သည် နန်းတော်အတွင်းရှိ အလှမယ်သုံးထောင်၏ ဝန်းရံခြင်းကို ခံနေရသည့်အလား စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ကျောက်လင်၏ အကြည့်တို့သည် အာကာသတဲတစ်ခုဆီသို့ ရောက်သွားကာ ပျံသန်းသွား၍ တံခါးကို တွန်းဖွင့်လိုက်တော့၏။
မင်ချွမ်မြို့ရှိ ချင်းပေါင်စံအိမ်။
နံနက်ခင်းတွင် ဘဏ္ဍာစိုး ချင်းဟိုင်သည် တတိယထပ်သို့ ပြေးတက်သွားပြီး ရွှမ်ယွမ်ဇီ၏ စာကြည့်ခန်းတံခါးကို ခေါက်လိုက်သည်။
"ဝင်ခဲ့ပါ..."
ရွှမ်ယွမ်ဇီသည် အပြင်ဘက်ရှိ အခြေအနေကို ခံစားမိပြီး ချင်းဟိုင်က အလုပ်ကိစ္စ အစီရင်ခံရန် ရောက်လာသည်ကို သိလိုက်သည်။
ချင်းဟိုင်သည် တံခါးကို ချက်ချင်း တွန်းဖွင့်လိုက်ပြီး စားပွဲဆီသို့ ပြေးသွားကာ စိုးရိမ်တကြီးဖြင့် ရွှမ်ယွမ်ဇီကို ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ..."
“အရေးကြီးတဲ့ ကိစ္စလား”
ချင်းဟိုင်၏ အမူအရာကို မြင်လိုက်ရသောအခါ ရွှမ်ယွမ်ဇီက သူ ဘာကို တွေးနေသည်ကို ချက်ချင်း ခန့်မှန်းလိုက်သည်။
ချင်းဟိုင်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နှုတ်ခမ်းကို ကိုက်လိုက်သည်။
"ပိုင်ရှင်... မနေ့ညက ယွဲ့လိုင်တည်းခိုခန်းမှာ လူသတ်မှု ဖြစ်ပွားခဲ့ပြီး ကျင့်ကြံသူ လေးယောက် သေဆုံးသွားပါတယ်..."
"ရဲမက်တွေက ခေါင်းဖြတ်ခံထားရတဲ့ အလောင်းလေးလောင်းဆီကနေ ပိုင်ဆိုင်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ရဲ့ အထောက်အထားကို အတည်ပြုနိုင်ခဲ့ပါတယ်..."
"သူတို့ထဲက သုံးယောက်က လွတ်လပ်သော ကျင့်ကြံသူတွေဖြစ်ပြီး အရာရှိတွေရဲ့ ပြောဆိုချက်အရ ကျောက်စိမ်းခန္ဓာနယ်ပယ်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသူတွေပါ..."
"စတုတ္ထမြောက်လူကတော့ သခင်လေး ရွှမ်ယွမ်စန်ဖြစ်ပြီး ဆိုင်ရှင်ရဲ့ တတိယအစ်ကိုလည်း ဖြစ်ပါတယ်..."
ချင်းဟိုင်က စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်သည်။
"ဘာ"
ဤသတင်းကို ကြားလိုက်ရသောအခါ ရွှမ်ယွမ်ဇီသည် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ချက်ချင်းပင် ရွှမ်ယွမ်ဇီသည် စိတ်ကို ငြိမ်လိုက်ပြီး ပြန်ထိုင်လိုက်၏။
*ရွှမ်ယွမ်စန်က ဘာလို့ မင်ချွမ်မြို့ကို ရောက်လာတာလဲ*
*သူ ဘာလို့ လွတ်လပ်သော ကျင့်ကြံသူ သုံးယောက်နဲ့ အတူရှိနေတာလဲ*
*သူ ဒီကို ရောက်လာဖို့လောက်အထိ မင်ချွမ်မြို့မှာ ဘာတွေ ရှိနေလို့လဲ*
သေချာ စဉ်းစားကြည့်လိုက်သောအခါ ရွှမ်ယွမ်ဇီသည် ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေသည်ဟု ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
ရုတ်တရက် ရွှမ်ယွမ်ဇီသည် မနေ့က ကျောက်လင် ပြောပြခဲ့သည့် စကားများကို ပြန်သတိရလိုက်သည်။
ကျောက်လင်က ယန်ဟန်ယွဲ့၊ ရွှမ်ယွမ်မု၊ ရွှမ်ယွမ်လင်နှင့် ရွှမ်ယွမ်စန်တို့ မိသားစုက သူ့ကို ထိခိုက်စေရန် ကြံစည်နေကြောင်း ပြောခဲ့ဖူးသည်။ နောက်ဆုံးအကြိမ်က လျန်ရှီးခရိုင်တွင် သူ့ကို လုပ်ကြံရန် ကြိုးစားသူများ ရှိခဲ့သည်။ ဤတစ်ကြိမ်တွင် ရွှမ်ယွမ်စန်က လွတ်လပ်သော ကျင့်ကြံသူများကို ခေါ်ဆောင်လာသည်မှာ သူ့ကို ထိခိုက်စေရန် အထူး ရောက်လာခြင်းများ ဖြစ်မလား။
ခဏတာ တွေးတောပြီးနောက် ရွှမ်ယွမ်ဇီသည် ရွှမ်ယွမ်စန်က သူမကို လုပ်ကြံရန် မင်ချွမ်မြို့သို့ ရောက်လာခြင်းဖြစ်ကြောင်း စိတ်ထဲတွင် အတည်ပြုလိုက်သည်။
"စည်းစိမ်ဥစ္စာတွေကို ခံစားပြီး ဇိမ်ကျကျ နေရုံနဲ့ မရဘူးလား..."
"ဘာလို့ ချင်းပေါင်စံအိမ်ကို လုယူဖို့ ကြိုးစားနေရတာလဲ..."
ရွှမ်ယွမ်ဇီက အလွန်စိတ်ထိခိုက်သွားသည်။
အမှန်စင်စစ် ရွှမ်ယွမ်ဇီသည် ထိုမိသားစု၏ အကြံအစည်များကို ယခင်ကတည်းက သိရှိထားသော်လည်း ရွှမ်ယွမ်မိသားစု၏ သဟဇာတဖြစ်မှုကိုသာ အမြဲ ထည့်သွင်းစဉ်းစားကာ ပဋိပက္ခကို ရှေ့တန်းမတင်လိုခဲ့ပေ။
ရွှမ်ယွမ်ဇီသည် သည်းခံနိုင်သော်လည်း ထိုအမျိုးသမီးနှင့် သူတို့၏ သားသမီးများသည် အလွန်အကျွံ ပြုမူနေကြသည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ရွှမ်ယွမ်ဇီသည် ရုတ်တရက် နားလည်သွားသည်။ မည်မျှပင် သည်းခံရန် ကြိုးစားပါစေ ထိုမိသားစု၏ ရူးသွပ်မှုကို သူမ ပြောင်းလဲပေးနိုင်မည် မဟုတ်ကြောင်း သိလိုက်ရ၏။
"ဦးလေးဟိုင်... ကျေးဇူးပြုပြီး သေဆုံးသွားတဲ့ လေးယောက်အကြောင်း သတင်းကို ဖြန့်ပေးလိုက်ပါ..."
ရွှမ်ယွမ်ဇီက တည်ငြိမ်စွာ ပြောလိုက်သည်။
ချင်းဟိုင်က အံ့အားသင့်သွားသည်။
ချက်ချင်းပင် ချင်းဟိုင်သည် ရွှမ်ယွမ်ဇီ နောက်ထပ် သည်းမခံတော့ဘဲ ရွှမ်ယွမ်စန်က သူ့ကို လုပ်ကြံရန် မင်ချွမ်မြို့သို့ ရောက်လာကြောင်း သတင်းကို ဖြန့်ချိလိုက်ခြင်းမှာ သူမ၏ အဘိုးနှင့် အဖေတို့က ဤသတင်းအပေါ် မည်သို့ တုံ့ပြန်မည်ကို ကြည့်လိုသောကြောင့်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ရွှမ်ယွမ်ဇီသည် မိသားစုစီးပွားရေးအတွက် တစ်ကိုယ်လုံး တစ်ကိုယ်လုံး စိတ်နှစ်ထားခဲ့သူဖြစ်သည်။
ရွှမ်ယွမ်မိသားစုက သူမကို ရှင်းလင်းချက် မပေးနိုင်ပါက ရွှမ်ယွမ်ဇီသည် ဤကဲ့သို့သော မိသားစုအတွက် ဆက်လက်၍ မကြိုးစားချင်တော့ပေ။
"ကောင်းပါပြီ... ချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်..."
ချင်းဟိုင်က ပြန်ပြောလိုက်ပြီး ချက်ချင်း အပြင်သို့ ပြေးထွက်သွားသည်။
ရွှမ်ယွမ်ဇီသည် စိတ်မသက်မသာဖြင့် တိတ်ဆိတ်စွာ ထိုင်နေမိ၏။
"ကျောက်လင်... ဒါကို ရှင် လုပ်လိုက်တာလား..."
"ဒါဆိုရင် ငါ့ကို စစ်မှန်စွာနဲ့ ကာကွယ်ပေးနေတာ ရှင်ပဲပေါ့..."
ရုတ်တရက် ရွှမ်ယွမ်ဇီ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ကျေးဇူးတင်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။