← Chapters

အခန်း ၄၀

Vol. 34 Ch. 40

အခန်း ၄၀

Vol. 34 Ch. 40

အခန်း (၃၄၀) ငွေမရှိလျှင် ဝမ့်ရှန်းလုံဆီ သွားတောင်းလိုက်

"ဒုက္ခသည် ငါးသိန်းကို ဝယ်ယူပြီး ဈေးလမ်းကို ပြန်လည်တည်ဆောက်ပြီးနောက်မှာ ငါ့လက်ထဲမှာ ပိုက်ဆံ သိပ်မကျန်တော့ဘူး..."

ကျောက်လင်တစ်ယောက် အိုယန်ပင်းနှင့် အတူ အချိန်ကုန်ဆုံးပြီးနောက် စနစ်နေရာလွတ်ကို ကြည့်လိုက်ရာ ငွေပြားအနည်းငယ်သာ ကျန်တော့သည်ကို တွေ့ရသဖြင့် သက်ပြင်းချလိုက်၏။

မဟာလီမင်းဆက်၏ ရတနာများကို သိမ်းပိုက်ပြီးနောက် လက်ဝတ်ရတနာအားလုံးကို ချင်းပေါင်စံအိမ်သို့ ရောင်းချခဲ့ရာ ငွေပြား သုံးသိန်းရရှိခဲ့သည်။

ဝမ့်ရှန်းလုံ လုပ်ကြံသူအဖွဲ့အစည်းထံမှ ခိုးယူခဲ့သည့် ငွေစက္ကူ သန်းတစ်ဝက်နီးပါးနှင့် သွမ့်မိသားစု ဘဏ္ဍာတိုက်မှ ခိုးယူခဲ့သည့် ငွေစက္ကူတို့နှင့်ပေါင်းလျှင် ဝင်ငွေ စုစုပေါင်း ငွေပြားနှစ်သန်းခန့် ရှိသည်။

သို့သော် ဒုက္ခသည် ငါးသိန်းကို ဝယ်ယူခြင်းနှင့် ဟိုနိုလူလူကို ပြန်လည်တည်ဆောက်ရန် လက်သမားများအတွက် ကြိုတင်ပေးငွေများ ပေးလိုက်ရသဖြင့် ကျောက်လင်၏ လက်ထဲတွင် ငွေသိပ်မကျန်တော့ပေ။

"နောက်ပြီး လျန်ရှီးခရိုင်မှာ စီးပွားရေးပလာဇာ ဆောက်ဖို့အတွက်လည်း ငွေပြား သိန်းပေါင်းများစွာ ကုန်ကျဦးမှာ..."

"ချီလျန်တောင်တန်းမှာ ဝိညာဉ်ဆေးပင်အဆင့်မြင့်တွေ စိုက်ပျိုးဖို့နဲ့ ထန်ရှန်းလမ်း တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေအတွက်လည်း စနစ်အမှတ်တွေ အများကြီး သုံးရဦးမှာ... စနစ်အမှတ်တွေလည်း ကုန်ခါနီးပြီ..."

"ငွေရှာဖို့ လိုအပ်နေပြီ..."

ကျောက်လင်က တည်ငြိမ်စွာ ရေရွတ်လိုက်သည်။

"နယ်မြေအတွင်းမှာ ပထမဆုံး အလုပ်ရုံ (၁၀၀) တည်ဆောက်ဖို့အတွက်လည်း ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီး လိုအပ်ဦးမှာ... အဲ့ဒီအလုပ်ရုံ (၁၀၀)အတွက် လိုအပ်တဲ့ ထုတ်လုပ်ရေးလိုင်း ကိရိယာတွေကလည်း စနစ်အမှတ် အများကြီး ကုန်ကျဦးမှာ..."

"နောက်ပိုင်းမှာ ထပ်ဆောက်မယ့် အလုပ်ရုံ (၂၀၀၀)ကိုတော့ ပြောမနေနဲ့တော့... လိုအပ်တဲ့ စနစ်အမှတ်တွေက ပိုတောင် များပြားဦးမှာ..."

"ငွေအများကြီး စုဆောင်းထားမှဖြစ်မယ်... မဟုတ်ရင် အလုပ်ရုံတွေ အကုန်လုံး ဆောက်ဖို့ မဖြစ်နိုင်တော့ဘူး..."

ရုတ်တရက် ကျောက်လင်တစ်ယောက် ဖိအားကို ခံစားလိုက်ရသည်။

လက်ရှိတွင် ကျောက်လင်၏ စီးပွားရေးလုပ်ငန်းများအားလုံးသည် ရင်းနှီးမြှုပ်နှံမှု အဆင့်တွင်သာ ရှိနေသေးပြီး သိသာထင်ရှားသည့် အမြတ်အစွန်းများ မထွက်ပေါ်သေးပေ။

ထို့ကြောင့် ကျောက်လင်သည် ငွေရှာရန် အခြားနည်းလမ်းများကို ရှာဖွေရတော့မည်။

ထိုအချိန်တွင် ကျောက်လင်၏ အသိစိတ်က ကံကြမ္မာနတ်ဘုရား ကျောက်စာပြားနှင့် ချိတ်ဆက်မိသွားပြီး ပျံလွှားအရိပ်များ၏ လှုပ်ရှားမှုများကို စစ်ဆေးကြည့်လိုက်၏။

လုပ်ကြံသူ ခြောက်ယောက်ဖြစ်သည့် သွေးနဂါးနှင့် သွေးပျံလွှားတို့ကို မြင်လိုက်ရသောအခါ ကျောက်လင်၏ စိုးရိမ်နေသည့် အမူအရာက ချက်ချင်း ပြေလျော့သွားသည်။

"ကောင်းတယ်... ဟုတ်ပြီ..."

"သွေးနဂါးအဖွဲ့ဝင် ခြောက်ယောက်က လျန်ရှီးခရိုင်ကို ဝိုင်းရံထားတဲ့ ခရိုင်ခြောက်ခုဆီ သွားပြီး ခရိုင်မြို့တော်တိုင်းမှာရှိတဲ့ ဝမ့်ရှန်းလုံ လုပ်ကြံသူအဖွဲ့အစည်းရဲ့ အခြေစိုက်စခန်းတွေကို ရှာတွေ့သွားပြီ..."

"ငွေနည်းနည်းရှာဖို့ ဘယ်မှာ သွားရှာရမလဲဆိုတာ စဉ်းစားနေတာ... အခုတော့ အဆင်ပြေသွားပြီ..."

"ဒီ သွေးဆီးနှင်းပန်းလုပ်ကြံသူ ခြောက်ယောက်က ဝမ့်ရှန်းလုံကို လက်စားချေဖို့ အမြဲတမ်း ပစ်မှတ်ထားနေတာ..."

"ပြီးခဲ့တဲ့တစ်ခါ နန်ယွဲ့တိုင်းပြည်ရဲ့ မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို ရင်ဆိုင်ဖို့ သူတို့ခြောက်ယောက် ကူညီပေးပြီးတဲ့နောက်မှာ မဟာချင်နယ်မြေဆီ ပြန်လာပြီး ဝမ့်ရှန်းလုံရဲ့ အခြေစိုက်စခန်းတွေကို ခရိုင်ခြောက်ခုလုံးမှာ စတင်ရှာဖွေခဲ့တာ... အခုတော့ အကုန်လုံး ရှာတွေ့သွားပြီ..."

"အရမ်းကောင်းတယ်... ငါ တစ်ခုပြီးတစ်ခုသွားပြီး ဝမ့်ရှန်းလုံရဲ့ အခြေစိုက်စခန်းခြောက်ခုကို အမြစ်ပြတ် တူးဖော်ပစ်မယ်..."

ကျောက်လင်က ခပ်အေးအေး ပြောလိုက်သော်လည်း ရင်ထဲတွင်တော့ အလွန်ပင် ဝမ်းသာနေ၏။

ခရိုင်မြို့တော်တွင် ရှိနေသည့် ဝမ့်ရှန်းလုံ လုပ်ကြံသူများထဲတွင် အစွမ်းထက်ဆုံးသူသည် ပေါင်းစည်းခြင်းနယ်ပယ်အဆင့်သာ ရှိသည်။

ထိုမျှလောက် အစွမ်းဖြင့်ဆိုလျှင် ကျောက်လင်သည် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်ပင် သတ်ဖြတ်နိုင်ပေသည်။

ထို့အပြင် ကျောက်လင်သည် စနစ်ဈေးဆိုင်မှ အစွမ်းထက်သည့် ရတနာများကို ဝယ်ယူနိုင်သဖြင့် ဝမ့်ရှန်းလုံမှ လုပ်ကြံသူများကို သတ်ဖြတ်ရန်မှာ အလွန်လွယ်ကူလှသည်။

"ဒီခရိုင်မြို့ခြောက်မြို့ဆီ မသွားခင် ထန်ရှန်းလမ်း ပြန်လည်တည်ဆောက်ဖို့ လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို အရင်ပြင်ဆင်ထားလိုက်ဦးမယ်..."

ကျောက်လင်သည် ဘေးတွင် အိပ်ပျော်နေသည့် အိုယန်ပင်းကို ငဲ့ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။

ချက်ချင်းပင် ကျောက်လင်သည် အဝတ်အစားများကို ဝတ်ဆင်ပြီး လင်ယွန်းစံအိမ်မှ ပျံသန်းထွက်ခွာသွား၏။

ခဏအကြာတွင် ကျောက်လင်သည် သန်းခေါင်ယံအချိန်ကို အခွင့်ကောင်းယူကာ ထန်ရှန်းလမ်း၏ တောင်ဘက်စွန်း၊ ယွီရွှေမြစ်အနီးရှိ ကြီးမားသည့် ရတနာဂိုဒေါင်သို့ ရောက်ရှိလာသည်။

[ဘိလပ်မြေ: ၂၅ မှတ်]

အိတ် ၁၀၀,၀၀၀ ဝယ်ယူမည်။

[သံမဏိချောင်း: ၃၀ မှတ်]

အချောင်း ၁၀၀,၀၀၀ ဝယ်ယူမည်။

[မြစ်သဲ ၅၀ ကျင်း: ၂၅ မှတ်]

အိတ် ၁၀၀,၀၀၀ ဝယ်ယူမည်။

[ကျောက်စရစ်ခဲ ၁၀၀ ကျင်း: ၃၀ မှတ်]

အိတ် ၁၀၀,၀၀၀ ဝယ်ယူမည်။

[သံမဏိ: ၁၀၀ မှတ်]

အချောင်း ၁၀,၀၀၀ ဝယ်ယူမည်။

[အက်ခရိုင်းလစ်ဖန်: ၅၀၀ မှတ်]

၁၀၀၀ ဝယ်ယူမည်။

[လိပ်ကာတံခါး: ၁၀,၀၀၀ မှတ်]

၅၀၀ ဝယ်ယူမည်။

[လျိုလီကြွေပြား: ၈၀ မှတ်]

၂၀၀,၀၀၀ ဝယ်ယူမည်။

[ဘိလပ်မြေဖျော်စက်: ၃,၀၀၀ မှတ်]

အလုံး ၁၀၀ ဝယ်ယူမည်။

ကျောက်လင်သည် စနစ်အမှတ် ၃၃,၈၀၀,၀၀၀ကို တစ်ကြိမ်တည်းဖြင့် အကုန်အကျခံလိုက်သည်။

လက်ကျန် စနစ်အမှတ်: ၅,၁၁၇,၇၉၈,၀၀၀

အခြေခံပစ္စည်းများအားလုံးကို ဝယ်ယူပြီးနောက် ကျောက်လင်သည် ၎င်းတို့ကို စနစ်နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။

မြစ်သဲ၊ ကျောက်စရစ်ခဲ၊ သံမဏိ၊ လျိုလီကြွေပြားနှင့် အက်ခရိုင်းလစ်ဖန်များအားလုံးကို ဂိုဒေါင်အပြင်ဘက်ရှိ မြေပြင်တွင် သိုလှောင်ထားလိုက်သည်။

ဘိလပ်မြေ၊ လိပ်ကာတံခါး၊ သံမဏိချောင်းနှင့် ဖျော်စက်များကို ဂိုဒေါင်အတွင်း၌ သိုလှောင်ထား၏။

အရာအားလုံး ပြီးဆုံးသွားသည့်အခါ ကျောက်လင်သည် ချက်ချင်း ပျံသန်းထွက်ခွာပြီး ယွီရွှေခရိုင်မှ ထွက်ခွာသွားသည်။

လေထဲသို့ ရောက်သောအခါ ကျောက်လင်သည် ခဏတာ စဉ်းစားပြီးနောက် အသံထက်မြန်သော ကျောပိုးအိတ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ့ရဲ့ လက်ရှိ ပေါင်းစည်းခြင်းနယ်ပယ်အဆင့်နဲ့ဆိုရင် အမြင့်ပိုင်းက အလွန်အမင်း အေးစက်မှုကို မကြောက်ပေမဲ့ ဒီအအေးဓာတ်ကို ဖယ်ရှားဖို့ ဝိညာဉ်စွမ်းအင် အများကြီး ကုန်ကျတယ်..."

"သယ်ယူပို့ဆောင်ရေးပုံစံသစ်တစ်ခု ပြောင်းလဲမှဖြစ်မယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ချက်ချင်းပင် ကျောက်လင်သည် စနစ်ဈေးဆိုင်ကို အာရုံစိုက်ပြီး ရှာဖွေကြည့်လိုက်၏။

ယခုအခါတွင် သူ၏ ဇနီးသည် အယောက်တစ်ရာကျော် ရှိနေပြီဖြစ်သဖြင့် ကျောက်လင်သည် စနစ်ဈေးဆိုင်မှ လိုအပ်သည့် ပစ္စည်းများကို ချွေတာနေစရာ မလိုတော့ဘဲ စိတ်ကြိုက် ဝယ်ယူနိုင်ပြီဖြစ်သည်။

[မောင်းသူမဲ့ယာဉ်ပျံ: ၈၀,၀၀၀,၀၀၀ မှတ်]

တစ်ခု ဝယ်ယူမည်။

ဤလျှို့ဝှက်ဆန်းကြယ်သော လင်းနို့ပုံစံယာဉ်ပျံတွင် အတွင်းဘက်၌ ထိုင်ခုံနှစ်ခုပါရှိပြီး အမြင့်ပေ (၅,၀၀၀)အထိ တက်လှမ်းနိုင်ကာ အမြန်နှုန်းမှာ ၀.၅ အထိ ရှိသည်။

အကောင်းဆုံးအချက်မှာ ရေနံထည့်ပေးထားသရွေ့ အကန့်အသတ်မရှိ ပျံသန်းနိုင်ခြင်းပင်။

၎င်းသည် ကိုယ်တိုင်မောင်းကားနှင့် အသံထက်မြန်သော ကျောပိုးအိတ်များထက် ပို၍ သက်သောင့်သက်သာ ရှိသည်။

ချက်ချင်းပင် ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ပျံကို ထုတ်ယူလိုက်ပြီး အောက်ခြေတွင် ပွင့်လာသည့် တံခါးပေါက်မှတစ်ဆင့် ဝင်ရောက်ကာ ထိုင်ခုံတွင် တိုက်ရိုက်ထိုင်လိုက်၏။

အတွင်းတွင် မြင်ကွင်းကျယ် ဖန်သားပြင်တစ်ခုပါရှိပြီး ယာဉ်အပြင်ဘက်ရှိ ကင်မရာများက အပြင်ဘက်မြင်ကွင်းကို အချိန်နှင့်တပြေးညီ ပေးပို့နေသည်။

ထို့ကြောင့် ဖန်သားမရှိသော်လည်း ကျောက်လင်သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို အကုန်လုံး မြင်တွေ့နိုင်လေသည်။

လုပ်ဆောင်ပုံမှာ အလွန်ရိုးရှင်း၏။ ဂျွိုက်စတစ်တစ်ခုက ဦးတည်ချက်ကို ထိန်းချုပ်ပြီး နောက်တစ်ခုက အရှိန်မြှင့်ခြင်းနှင့် လျှော့ချခြင်းကို ထိန်းချုပ်သည်။

ကျောက်လင်က ချက်ချင်းပင် အသားကျသွားသည်။

မှောင်မိုက်နေသည့် ကောင်းကင်တွင် ယာဉ်ပျံသည် လေထဲမှ တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာနှင့် လျင်မြန်စွာ ဖြတ်သန်းသွား၏။

ပထမဆုံး ရပ်နားမည့်နေရာမှာ မိုင်သုံးရာအကွာတွင်ရှိသော ဝူယွဲ့ခရိုင် ဖြစ်သည်။

တစ်နာရီအတွင်းမှာပင် ကျောက်လင်သည် ယာဉ်ပျံကို ထိန်းချုပ်၍ ဝူယွဲ့ခရိုင်၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး အနောက်ဘက် တံခါးမှ တစ်မိုင်ခန့်အကွာတွင်ရှိသော တောင်ကြီးတစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။

ကျောက်လင်သည် ယာဉ်ပျံကို ပြန်လည်သိမ်းဆည်းနေစဉ်မှာပင် အရိပ်တစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာသည်။

"လုပ်ကြံသူ (၃၅)က သခင်အား အရိုအသေပေးပါတယ်..."

ဤသူမှာ လုပ်ကြံသူ ခြောက်ယောက်ထဲမှ တစ်ဦးဖြစ်ပြီး ဝူယွဲ့ခရိုင်အတွင်းရှိ ဝမ့်ရှန်းလုံ၏ အခြေစိုက်စခန်းနှင့် လုပ်ကြံသူများ၏ အခြေစိုက်ရာနေရာကို ရှာဖွေရန် တာဝန်ယူထားသူဖြစ်သည်။

ယခင် သွေးဆီးနှင်းပန်းလုပ်ကြံသူအဖွဲ့အစည်းသည် လုပ်ကြံသူများကို သွေးအဆင့်နှင့် ဆီးနှင်းပန်းအဆင့်ဟူ၍ ခွဲခြားထားသည်။

သွေးအဆင့်လုပ်ကြံသူများသည် အားလုံး ဆဋ္ဌမအဆင့် သို့မဟုတ် ထိုထက် မြင့်မားသူများဖြစ်သည်။

ဆဋ္ဌမအဆင့်အောက်ရှိ လုပ်ကြံသူများသည် ဆီးနှင်းပန်းအဆင့်များသာ ဖြစ်သည်။

လုပ်ကြံသူ (၃၅)သည် ဆီးနှင်းပန်းအဆင့် လုပ်ကြံသူများထဲတွင် အဆင့် (၃၅)ဖြစ်ပြီး အတော်လေး မြင့်မားသော အဆင့်ဖြစ်သည်။

“ခရိုင်မြို့တော်က ဝမ့်ရှန်းလုံရဲ့ တည်နေရာကို ပြော…”

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဝူယွဲ့ခရိုင်သို့ လာရောက်ရခြင်း၏ ကျောက်လင်၏ ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်း၏။ ငွေရှာရန် ဖြစ်သည်။

ဝမ့်ရှန်းလုံ လုပ်ကြံသူအဖွဲ့အစည်းသည် သူတို့ကိုယ်တိုင် သတ်ဖြတ်ရန် တာဝန်ယူရဲပါက ကျောက်လင်သည်လည်း သူတို့ကို ချောင်းမြောင်း တိုက်ခိုက်နိုင်သည်။

၎င်းသည် တရားမျှတမှုနှင့် သက်ဆိုင်ခြင်း မရှိပေ။

တရားမျှတမှုဆိုသည်ထက် တန်းတူညီမျှမှုအတွက်သာ ဖြစ်သည်။

သူတို့သည် သူတစ်ပါးကို အကြောင်းမဲ့ သတ်ဖြတ်ရဲပါက သူတို့ကိုယ်တိုင်လည်း တိုက်ခိုက်ခံရခြင်းနှင့် သေဆုံးခြင်းတို့ကို ခံယူရန် အသင့်ရှိရမည်။

ကျောက်လင်သည် ဝမ့်ရှန်းလုံ၏ ငွေများကို စိတ်ထဲတွင် ဝန်လေးမှု မရှိဘဲ လုယူလိုက်သည်။

"သခင်ကို အစီရင်ခံပါတယ် ဝူယွဲ့ခရိုင်မှာရှိတဲါ ယန်ယွီစံအိမ်က ဝမ့်ရှန်းလုံရဲ့ ခရိုင်မြို့တော်ရှိ အခြေစိုက်စခန်းပါ.."

"လုပ်ကြံသူတွေရဲ့ အခြေစိုက်ရာနေရာက မြို့ပြင် (၂၀)မိုင်ခန့်အကွာမှာရှိတဲ့ ဟူယွဲ့တိုင်မှာ ရှိပါတယ်..."

လုပ်ကြံသူ (၃၅)က ချက်ချင်း အစီရင်ခံလိုက်သည်။

အမှန်စင်စစ်တွင် ကျောက်လင်သည် ကံကြမ္မာနတ်ဘုရား ကျောက်စာပြားမှတစ်ဆင့် ဤနေရာနှစ်ခုကို သိရှိပြီးဖြစ်သော်လည်း ကံကြမ္မာနတ်ဘုရား ကျောက်စာပြား၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြလိုသဖြင့် မေးမြန်းခြင်းသာ ဖြစ်သည်။

"ကောင်းပြီ ငါ ယန်ယွီစံအိမ်ဆီ တစ်ယောက်တည်း သွားလိုက်မယ်... မင်းကတော့ ဟူယွဲ့တိုင်ဆီ အရင်သွားပြီး အဲ့ဒီမှာပဲ စောင့်နေ..."

ကျောက်လင်သည် တည်ငြိမ်စွာ အမိန့်ပေးပြီးနောက် ဝူယွဲ့ခရိုင်မြို့တော်ဆီသို့ ပျံသန်းသွားတော့သည်။

梅花三五Mei Hua Sanwuလုပ်ကြံသတ်ဖြတ်သူ (၃၅)

All Chapters