← Chapters

ပိုမိုသန်မာလာခြင်း (၁)

Vol. 66 Ch. 1080

ပိုမိုသန်မာလာခြင်း (၁)

Vol. 66 Ch. 1080

မိုနီကာသည် တစ်စုံတစ်ခုပူးကပ်နေသည်လား သို့မဟုတ် ဆင့်ကဲပြောင်းလဲမှုအောင်မြင်သွား၍ ဟော်မုန်းများမြင့်တက်နေသည်လားဆိုသည်ကို လင်းရှန် မမှန်းဆနိုင်သလို သူ့ရင်ထဲ၌ ဖိနှိပ်ထားရသည့် သောကများလည်း ကြာရှည်လွန်းလှပြီဖြစ်ရာ မျက်လုံးများကိုသာ မှိတ်လျက် ထိုနူးညံ့သော တွင်းနက်ထဲသို့ လိုလိုလားလားပင် နစ်မြုပ်သွားလိုက်တော့သည်။

အအေးခန်းအိပ်ဆောင်အတွင်း၌ လေအေးများပြည့်နှက်နေသော်လည်း ပူပြင်းနေသည့် ခန္ဓာကိုယ်နှစ်ခုမှာမူ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ကမ္ဘာမြေကို ဝင်ဆောင့်သကဲ့သို့ အထိန်းအကွပ်မဲ့ ရိုင်းစိုင်းစွာဖြင့် ချစ်ခြင်းမီးတောက်များ တဟုန်းဟုန်းတောက်လောင်နေတော့သည်။

ပင်လယ်ကျောက်ဆောင်ကျွန်း ရေနက်ဝဲဂယက်နှင့် အပူပိုင်းမုန်တိုင်းဒဏ်တို့ကြောင့် စုပြုံနေခဲ့သော နာကျင်မှုနှင့် ဖိစီးမှုအားလုံးသည် ဤအခိုက်အတန့်တွင် အကြွင်းမဲ့ပေါက်ကွဲထွက်သွားချေပြီ။ အက်ရှရှညည်းတွားသံများနှင့် စည်းချက်ကျကျဆောင့်ချက်သံများသည် ထပ်ခါတလဲလဲပဲ့တင်ထပ်နေသည်။ ယခုအချိန်တွင် ဓားကိုင်ဆောင်သူဟူ၍မရှိ… ဘုရင်မ မိုနီကာဟူ၍မရှိ… ကမ္ဘာပျက်ကပ်ဟူ၍မရှိ… သို့မဟုတ် ထူးဆန်းသည့်သတ္တဝါများဟူ၍လည်းမရှိတော့ဘဲ သာယာမှုကို နူးညံ့စွာခံစားရင်း အရာအားလုံးကို လွှတ်ချလိုက်ခြင်းသာရှိတော့သည်။

အရာအားလုံးပြီးဆုံးသွားသောအခါ လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုမှ နာနိုနည်းပညာသုံး အတွင်းခံဝတ်စုံအသစ်တစ်ထည်ကို ထုတ်ယူကာ မိုနီကာထံကမ်းပေးလိုက်သည်။ မိုနီကာက ပြုံးလျက် လှမ်းယူပြီး ဆင့်ကဲပြောင်းလဲမှုကြောင့် ပြီးပြည့်စုံနေသည့် သူမ၏ ဗလာကျင်းနေသောခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်ရာ နည်းပညာမြင့်နာနိုအလွှာနုလေးက အလှအပအားလုံးကို ချက်ချင်းဖုံးကွယ်သွားတော့သည်။ ထို့နောက် သူမက လင်းရှန်ကို ကြည့်လိုက်သည်။

“ကောင်လေး… မဆိုးဘူး။ ငါ သဘောကျတယ်”

လင်းရှန်က ခပ်တိုးတိုးရယ်မောလိုက်ပြီး

“မင်း ငါတို့ဆီလာပူးပေါင်းတာ အသက်ရှင်ရုံသက်သက်အတွက်ပဲလို့ ငါ အမြဲတွေးခဲ့တာ… သမုဒ္ဒရာပတ်လမ်းထဲအထိ ငါတို့နောက်ကို တကယ်လိုက်လာလိမ့်မယ်လို့ မထင်ထားမိဘူး”

မိုနီကာ၏ နှုတ်ခမ်းအစုံက အနည်းငယ်ကွေးညွတ်သွားသည်။ သူမက အအေးခန်းအိပ်ခန်းငယ်ကို ကျောမှီကာ လက်ပိုက်လျက် ပြောလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ငါ နင့်ကို မပြောခဲ့ဘူးလား။ ငါက အစွမ်းထက်တဲ့ ကမ္ဘာပျက်ကပ်ကပ္ပတိန်ကြီးဖြစ်တဲ့ နင့်ကို သဘောကျလို့လေ။ ငါက စွန့်စားရတာ ကြိုက်တဲ့လူမဟုတ်ပေမဲ့ ငါ့မှာ အသက်ရှင်ဖို့ အချိန်အများကြီးမကျန်မှန်းသိနေတော့လည်း ဘဝကို စိတ်လှုပ်ရှားစရာကောင်းအောင် ရှင်သန်သွားတာပေါ့။ ဒါ့အပြင် နင်ပေးတဲ့ အခန်းရော၊ ဝိုင်နီရောက ငါ့ကို အများကြီးစိတ်ကျေနပ်စေတယ်။ ဒါဆို လုံလောက်ပြီမဟုတ်ဘူးလား”

လင်းရှန်က ခေါင်းညိတ်သည်၊၊

“အတော်လေးဆီလျော်တဲ့ အကြောင်းပြချက်ပဲ”

မိုနီကာက သူ့ကို လေးနက်စွာကြည့်ကာ လေသံခပ်အေးအေးဖြင့် ပြောလာသည်။

“နင်လည်း ငါ့ကို တခြားလူတွေလိုပဲ ထင်နေတာလား။ ငါ မိုနီကာက ဒီလိုထူးဆန်းတဲ့ အမှောင်ကမ္ဘာပျက်ကပ်ထဲမှာ ရိက္ခာတွေ ဘယ်တော့မှမပြတ်ဘဲ အခုထိ ရှင်သန်နိုင်ခဲ့တာဟာ ယောက်ျားတွေကို မြှူဆွယ်နိုင်လို့၊ ပြီးတော့ ငါ့ရုပ်ရည်ကို သုံးပြီး အကျိုးအမြတ်တွေနဲ့ လဲလှယ်ခဲ့လို့လို့ ထင်နေတာလား”

လင်းရှန်က ခေါင်းခါလျက် ရိုးသားစွာ ပြုံးလိုက်သည်။

“စီလန်မြို့မှာတုန်းကတော့ အဲဒီလိုတွေးမိခဲ့တာအမှန်ပဲ။ ဒါပေမဲ့... နောက်ပိုင်းတော့ မတွေးတော့ပါဘူး”

“အို... ဘာလို့လဲ” မိုနီကာက စိတ်ဝင်တစား မေးလာသည်။

“ရုပ်ရည်နဲ့ ခန္ဓာကိုယ်တစ်ခုတည်းနဲ့တော့ ဒီလောက်အထိ အဆင်ပြေပြေမရှင်သန်နိုင်ဘူးလေ”

လင်းရှန်က ပြန်ဖြေလိုက်သည်။

ခစ်ခစ်ခစ်~

ထိုစကားကြောင့် မိုနီကာက ခပ်တိုးတိုး ရယ်မောလိုက်ပြီး လင်းရှန်ကို စိုက်ကြည့်ကာ ပြောသည်။

“ဘာလို့ မရှင်သန်နိုင်ရမှာလဲ။ နင်တောင် ငါ့ခြေဖဝါးအောက် ဒူးထောက်ခဲ့ရတာပဲ မဟုတ်ဘူးလား။ ဒါကပဲ ငါ့ရဲ့နည်းလမ်းတွေ ဘယ်လောက်ထိရောက်လဲဆိုတာ သက်သေပြနေပြီလေ”

လင်းရှန်က မတ်တတ်ထရပ်ကာ

“ငါ မင်းကို ရထားပေါ် ခေါ်လာတာ မင်းနဲ့ အတူအိပ်ဖို့သက်သက်မှမဟုတ်တာ”

မိုနီကာ၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။ သူမက အနားသို့ လျှောက်လာပြီး လင်းရှန်၏ လည်ပင်းကို ဖက်ကာ သူမ၏ နီရဲအိထွေးသောနှုတ်ခမ်းများဖြင့် ပြင်းပြင်းရှရှနမ်းရှိုက်လိုက်သည်။ ထို့နောက် အနီးကပ်စိုက်ကြည့်ကာ တောက်ပစွာ ပြုံးလျက်ပြောသည်။

“ဒါလည်း ဟုတ်တာပဲ။ ငါ နင့်ကို သိကတည်းက နင်က အမြဲတမ်း... ရိုးသားပြီးနစ်နာတဲ့လူမျိုး။ ဒီတော့ ဒီဘုရင်မဖြစ်တဲ့ ငါကပဲ ရမ္မက်ဇောကြွနေတဲ့ သားရဲတစ်ကောင်လိုဖြစ်နေတာပေါ့”

“ဟွန့်”

လင်းရှန် စိတ်မသက်မသာဖြစ်သွားပြီး ခေါင်းအသာယမ်းလိုက်သည်၊၊

“အလုပ်အကြောင်းပြောရအောင်။ မင်း ဘယ်လိုခံစားရလဲ”

“လင်းယုန်အုပ်စုက ပြောတဲ့အတိုင်းပါပဲ။ ငါ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအားက အများကြီးသန်မာလာတာကို ခံစားရတယ်။ ငါ့ရဲ့ အသံလှိုင်းစွမ်းအား စကင်ဖတ်နိုင်တဲ့အကွာအဝေးက အနည်းဆုံးသုံးဆလောက်တိုးလာတယ်။ ခန္ဓာကိုယ်ကလည်း ပိုပြီးသန်မာလာပုံရတယ်။ ပြီးတော့ မထုတ်လွှတ်ရသေးတဲ့ ပိုပြီးပြင်းထန်တဲ့ စွမ်းအင်တစ်ခုကိုလည်း ခံစားနေရတယ်။ ဒါက သလင်းကျောက်ကြောင့်ဖြစ်မယ် ထင်တယ်”

မိုနီကာက တည်ငြိမ်စွာ လင်းရှန်ကို ကြည့်ကာ ဆက်ပြောသည်။

“တကယ်လို့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကို ပြောရမယ်ဆိုရင်တော့ ငါအခု အမှောင်ကျူးကျော်မှုကို ခံစားသိရှိနိုင်နေပြီထင်တယ်”

လင်းရှန် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်၊၊

“ခံစားသိရှိနိုင်တယ် ဟုတ်လား”

မိုနီကာက ခေါင်းညိတ်ပြသည်။

“အင်း။ အရင်ကဆိုရင် အမှောင်ကျူးကျော်မှု ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် အမှောင်စွမ်းအင်ဟာ ငါ့အတွက်တော့ အရိုးထဲအထိ အေးစိမ့်ပြီး ထိတ်လန့်စရာကောင်းတဲ့ နာကျင်စရာတည်ရှိမှုကြီးတစ်ခုပဲ။ အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာ ဒါမှမဟုတ် နင့်ရဲ့ ထူးဆန်းသောကုဗတုံးရဲ့ ကာကွယ်မှုမရှိရင် အဲဒါက တကယ့်ကို နေရခက်တဲ့အတွေ့အကြုံပဲ။ ကမ္ဘာပျက်ကပ်နေ့ကတည်းက လူတိုင်းဒါကိုလက်ခံခဲ့ကြရတယ်။ ငါဆိုရင် ကိုယ့်ကိုယ်ကိုယ် ထုံထိုင်းသွားအောင် အရက်ကိုပဲ အားကိုးခဲ့ရတယ်။ ဒါပေမဲ့ ပြဿနာက ငါက တကယ်မူးလို့မရဘူး။ သတိလစ်သွားတာနဲ့ ငါ့ခန္ဓာကိုယ်က ပိုပြီး ပြင်းပြင်းထန်ထန်ကျူးကျော်ခံရတော့တာပဲ”

“ဒါပေမဲ့ အခုတော့...”

မိုနီကာက လက်ကို မြှောက်ကာ လေထုထဲတွင် အရာတစ်ခုခုကို တကယ်မြင်နေရသည့်အလား စိုက်ကြည့်ရင်း ဆက်ပြောသည်။

“အဲဒီ အေးစိမ့်တဲ့အရာတွေက ဘေးအန္တရာယ်မရှိတော့သလိုမျိုး ခံစားရတယ်။ ရေထဲမှာ အသက်ရှူရတာကို ရုတ်တရက် တတ်မြောက်သွားသလိုမျိုးပေါ့။ ပြီးတော့ အဲဒီအရာတွေအားလုံးက ငါ အသက်ရှူတာ၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေနဲ့အတူ သလင်းကျောက်ထဲကို စီးဝင်နေကြတယ်”

သူမ၏ စကားကြောင့် လင်းရှန် တိတ်ဆိတ်သွားတော့သည်။

သူ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ မိုနီကာက သူ ဘာတွေးနေသည်ကို ချက်ချင်း ရိပ်မိသွားသည်။

“ငါ တကယ်ပဲ သန္ဓေပြောင်းသတ္တဝါကြီးလိုဖြစ်သွားပြီလို့ နင်စိုးရိမ်နေတာမဟုတ်လား”

လင်းရှန် မျက်မှောင်ကြုတ်ကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။

“ငါလည်း သေချာမပြောတတ်ဘူး။ ငါတို့ ယူပေကောင်းကင်လမ်းကြောင်းကို ဖြတ်ကျော်တုန်းက ငါ့အဖွဲ့သားတွေကို ငါ ပြောခဲ့ဖူးတယ်။ ငါတို့ရဲ့ စွမ်းအားတွေကို ဆင့်ကဲပြောင်းလဲနိုင်ရင် ရှင်သန်ဖို့ အခွင့်အရေးရှိလိမ့်မယ်၊၊ လူသားတွေက အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့် နည်းလမ်းကို ရှာတွေ့လိမ့်မယ်လို့ပေါ့။ အခုကြည့်ရတာတော့ ဒီလမ်းက အဆင်မပြေနိုင်တော့ဘူးထင်တယ်”

“လူတိုင်းက အဲဒီလိုပဲ တွေးခဲ့ကြတာလေ။ ဖီးနစ်ကလည်း အဲဒီအချက်ကနေ စတင်ခဲ့တာပဲ။ ဒါပေမဲ့ ငါတို့တခြားဘာလုပ်နိုင်ဦးမှာလဲ”

မိုနီကာက ညင်သာစွာ သက်ပြင်းချကာ တည်ငြိမ်စွာပြောသည်။

“ဖုတ်ကောင်တွေက ဖုတ်ကောင်အဖြစ် သန္ဓေပြောင်းဖို့ သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး။ စွမ်းအားရှင်တွေကလည်း သူတို့ရဲ့ စွမ်းအားတွေ နိုးထလာဖို့ ကိုယ်တိုင်ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး။ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူတွေကလည်း သူတို့ရဲ့ ပြောင်းလဲမှုကို တားဆီးလို့မရဘူး။ ဒါတွေက ငါတို့ ရွေးချယ်ခွင့်ရှိတဲ့အရာတွေမှ မဟုတ်တာ… အခြေအနေက ဒီလိုဖြစ်နေမှတော့ ညည်းတွားနေလို့ကော ဘာထူးမှာလဲ”

“ဟုတ်တယ်။ ဘာမှပြောင်းလဲမသွားဘူး”

လင်းရှန်က တိုးညင်းစွာ ရေရွတ်သည်။

“ဟန့်တားမှုက အလုပ်မဖြစ်ခဲ့ဘူး။ တွင်းနက်ကလည်း ချဲ့ထွင်နေတာကို မရပ်တန့်ဘူး။ ဘာတစ်ခုမှပြောင်းလဲမသွားဘူး”

“နင်မှားနေပြီ”

မိုနီကာက လင်းရှန်ကို တည်ငြိမ်သောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

“အမှောင်အမှတ်အသားက အနည်းဆုံးတော့ တစ်ကမ္ဘာလုံးက ညဘက်မှာသေဆုံးရမယ့် သို့မဟုတ် ထိတ်လန့်မှုအောက်မှာ သန္ဓေပြောင်းသွားရမယ့် အသက်ရှင်ကျန်ရစ်သူသန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်။ အေးခဲ-အမှောင်ဆေးရည်၊ အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာနဲ့ အာရုဏ်ဦးမြို့တော်တိုက်ပွဲတွေဟာ ငါတို့လို လှည့်ပတ်ပြေးလွှားနေရတဲ့လူတွေကို ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အနာဂတ်ကို မျှတအောင် ချိန်ညှိဖို့ဆိုတဲ့ အတွေးတွေနဲ့ နင့်ခေါင်းကို မရှုပ်ထွေးစေနဲ့တော့။ တကယ်လို့ ပျက်စီးခြင်းကို တားဆီးလို့မရဘူးဆိုရင်တောင် ငါတို့ တတ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီးပြီမဟုတ်လား”

လင်းရှန်က ထိုစကားကိုကြောင့် ခပ်ဖွဖွပြုံးလျက် သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်သည်၊၊

“ပြန်ကြစို့။ အားလုံးက အဆင်ပြေပြေပြီးဆုံးသွားခဲ့တာဆိုတော့ တခြားလူတွေလည်း စိတ်လှုပ်ရှားပြီး စောင့်နေကြလောက်ပြီ။ အဲဒီကြားထဲ လူတိုင်းရဲ့ အားလပ်ရက်ကို ဖျက်ဆီးပစ်မယ့် သတင်းဆိုးအချို့ကိုပါ ငါတို့ယူသွားပေးရတာပေါ့”

မွန်းလွဲပိုင်းအချိန်တွင် ဟာဝိုင်အီကျွန်းစု၏ အိုအာဟူးကျွန်းကမ်းရိုးတန်းတစ်လျှောက်၌ ပူပြင်းလှသော နေရောင်ခြည်သည် တိမ်တိုက်များကို ဖြတ်သန်းကာ ချမ်းသာကြွယ်ဝသူတို့၏ စွန့်ပစ်ထားသော ဆိပ်ကမ်းပေါ်သို့ ပျင်းရိဖွယ်ရာ အလင်းစက်များချပြနေသည်။

မွန်းလွဲပိုင်းလေထုက အေးစိမ့်ကာ စိုထိုင်းနေပြီး ဆားငန်လှိုင်းလေညင်းများက အပုပ်နံ့များကို သယ်ဆောင်လာသည်။ ဆိပ်ကမ်းရှိ ရထားလမ်းဘေးတွင် ကွေးကောက်တောင့်တင်းနေသော ဖုတ်ကောင်အနည်းငယ်သည် ဖြည်းညှင်းစွာ လှည့်လည်သွားလာနေကြသည်။ သူတို့၏ ပုပ်သိုးနေသော ခြေလက်အင်္ဂါများက အပူရှိန်အောက်တွင် အနံ့ဆိုးများထွက်ပေါ်နေပြီး အချို့မှာ ကောင်းကင်အမိုးခုံးရထား၏ ကြီးမားလှသော ပုံရိပ်ကြောင့် ဆွဲဆောင်ခြင်းခံရကာ ကြယ်သ‌‌ေင်္ဘာ၏ မှောင်မိုက်သောအစွန်းနားသို့ တိုးဝှေ့လာကြသည်။ လူသားဖြစ်ခဲ့ဖူးသော ဤသတ္တဝါများသည် ၎င်းတို့၏ အရိုးငေါငေါလက်သည်းများဖြင့် ရထားကိုယ်ထည်မျက်နှာပြင်ကို အသိစိတ်မဲ့စွာကုတ်ခြစ်နေကြရာ သွားကျိန်းဖွယ်ရာအသံများထွက်ပေါ်နေတော့သည်။

All Chapters