← Chapters

ပိုမိုသန်မာလာခြင်း (၂)

Vol. 66 Ch. 1081

ပိုမိုသန်မာလာခြင်း (၂)

Vol. 66 Ch. 1081

အပေါ်ဘက်တွင်မူ ရှားရှားက စားသောက်တွဲပြတင်းပေါက်နားတွင် မှီလျက် အောက်ကဖုတ်ကောင်များကို ငေးမောကြည့်နေပြီး သူမ၏ခြေထောက်ကလေးများကို နောက်သို့ ယိမ်းနွဲ့နေသည်။

ကောင်းကင်အမိုးခုံးရထားပေါ်ရှိ စားသောက်ဆိုင်မှာ အလွန်ပင်ဇိမ်ကျလှပြီး ဘားတစ်ခု၊ ခုံးကွေးပုံစံထမင်းစားဆိုဖာများ၊ ရှုခင်းကြည့်စင်မြင့်နှင့် ရှုစားရန်အတွက် ရေ-အောက်စီဂျင် ပေါင်းစပ်ထားသော ငါးပြတိုက်ပင် ပါရှိသည်။

အနန္တရထားအဖွဲ့ဝင်အားလုံးသည် သုတေသနခန်းမှ တင်းကျန်းရီအပါအဝင် ဤနေရာ၌ စုဝေးကာစားသောက်နေကြသည်။ ချန်ဆီရွှမ်နှင့် ရှောင်ယွမ်၊ မြောင်လုတို့က ကျွန်းပေါ်မှ စုဆောင်းရရှိထားသော အရင်းအမြစ်များဖြင့် လူတိုင်းအတွက် ရိုးရှင်းသော်လည်းမြိန်ယှက်ဖွယ်ရာအစားအစာများကို ပြင်ဆင်ပေးထားသည်။ ယင်းတို့တွင် အေးခဲထားသော အမဲသားနှင့် ပင်လယ်စာများ၊ စည်သွပ်ဗူးများအပြင် အနန္တရထားအဖွဲ့၏ ရေခဲသေတ္တာထဲမှ လတ်ဆတ်သော အစိမ်းရောင်ဟင်းသီးဟင်းရွက်များပါဝင်သည်။ ဤကဲ့သို့သော ခမ်းနားသည့် စားသောက်ဖွယ်ရာများသည် လှည့်လည်သွားလာနေသော ဖုတ်ကောင်များ ပြည့်နှက်နေသည့် ကမ္ဘာကြီးထဲတွင် အလွန်ပင် ဇိမ်ကျလွန်းလှသည်။

လူတိုင်းက စားသောက်ရင်းပျံ့နှံ့ထိုင်နေကြရာ အချို့က ဆိုဖာများတွင် ဝိုင်းထိုင်နေကြပြီး အချို့က ဘားတွင်မှီနေကြကာ အချို့က ထမင်းစားပွဲ၌ ရှိနေကြပြီး အချို့ကမူ ရှုခင်းကြည့်ပလက်ဖောင်းတွင် ရှိနေကြသည်။ လူတိုင်းက အအေးသောက်ရင်း လင်းရှန်က ဖီးနစ်မှရရှိသော အချက်အလက်များနှင့် တင်းကျန်းရီ၏ ခွဲခြမ်းစိတ်ဖြာချက်များကို ပေါင်းစပ်ကာ အသေးစိတ်ရှင်းပြနေသည်ကို နားထောင်နေကြသည်။ ရှင်းပြနေစဉ်အတွင်း အချို့က မျက်မှောင်ကြုတ်ကြပြီး အချို့က တည်ကြည်လေးနက်နေကာ အချို့ကမူ တည်ငြိမ်နေကြသဖြင့် လေထုက အနည်းငယ်ထူးခြားနေသည်။

“ငါ သိမ်းဆည်းရမိထားတဲ့ ဒရုန်းတွေကို သုံးပြီး ရထားလမ်းခွဲကို လေကြောင်းကနေ ကင်းထောက်ခဲ့တယ်။ လောလောဆယ် ကမ်းလွန်အပိုင်းမှာ အတားအဆီးအချို့ရှိနေတာကလွဲရင် ကြီးမားတဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာပြဿနာမရှိဘူး။ နောက်ပိုင်းရှိလာရင်တောင် အဲဒါကို ဖြေရှင်းလို့ရတယ်။ ငါ့ရဲ့အစီအစဉ်က နှစ်ရက်နဲ့ တစ်ညအတွင်း ကုန်းတွင်းပိုင်းကို အမြန်ဆုံးဆင်းသက်ပြီး ပနားမားကို ရောက်ဖို့ပဲ။ သတင်းအချက်အလက်တွေအရ အနီးဆုံးလမ်းကြောင်းက အမှတ် ၁၃ တွင်းနက် ဆီကို ဦးတည်နေတုန်းပဲ။ ဝင်ရိုးစွန်းညအမှောင်ထုကျရောက်ဖို့ အနည်းဆုံး ၃ လလောက် လိုသေးပေမဲ့ အဲဒါထက်အရင် ကြက်သွေးရောင်မြူရဲ့ ဖုံးလွှမ်းမှုကို ခံရမလားဆိုတာကတော့ မသေချာဘူး...”

လင်းရှန်က ပြောပြီးနောက် သူ့ဝိုင်ခွက်ကို တစ်ငုံ သောက်လိုက်ပြီး

“ဘာပဲဖြစ်ဖြစ် ပင်လယ်လမ်းကြောင်းရော ကုန်းလမ်းလမ်းကြောင်းရောက နောက်ဆုံးထွက်ပြေးမယ့် အစီအစဉ်ဆီကို ဦးတည်နေတာဆိုတော့ လူတိုင်းပဲ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားကြပါ”

“ရန်သူနဲ့ အရင်းအမြစ်တူနေတာလား။ ဒါဆို အဲဒါက အမှန်ပဲပေါ့”

နန်ကျင်းက မိုနီကာကို ကြည့်ကာပြောသည်။

“အရင်တုန်းက နဂါးတောင် နံပါတ် ၁ မှာ ဒီလိုကောလာဟလတွေ ထွက်ခဲ့ဖူးပေမဲ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး...”

“ဒါဆို ကျွန်မရဲ့ စွမ်းအားကလည်း ဘယ်လိုထူးဆန်းတဲ့ သတ္တဝါနဲ့မဆို ဆက်နွှယ်နေတာလား”

ကီကီက လက်ပိုက်လျက် စပ်စုချင်သော မျက်ဝန်းများဖြင့် ကြည့်ကာ မေးသည်။

“လင်းရှန်... ရှင်ထင်တာ ကောင်းကင်က အဲဒီထူးဆန်းတဲ့ အလောင်းလား”

“ဘာ အလောင်းလဲ” ချန်ဆီရွှမ်က မေးလိုက်သည်။

လင်းရှန်က တည်ငြိမ်စွာ ပြန်ပြောသည်၊၊

“ဖြစ်နိုင်တယ်၊၊ ဒါပေမဲ့ သက်သေတော့ မရှိသေးဘူး။ ဒါက လူတိုင်းကို စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားနိုင်အောင် ခန့်မှန်းရုံသက်သက်ပဲ”

“အာ... ဒါဆို ငါတို့ရဲ့ စွမ်းအားဆင့်ကဲပြောင်းလဲမှုက ထူးဆန်းတဲ့သတ္တဝါတွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို သွယ်ဝိုက်ပြီး ကူညီပေးရာကော ရောက်မနေဘူးလား”

လော့ယန်က ထိုအချိန်တွင် အရေးကြီးသောမေးခွန်းတစ်ခုကို မေးလိုက်သည်။

လင်းရှန် ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် ချီလီက ဘာမှမဖြစ်သကဲ့သို့ သူ့ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

“ဘယ်သူက ဂရုစိုက်မှာလဲ။ ဒါကြောင့်မို့လို့ ငါတို့က ထိုင်ပြီး အသေခံနေရမှာလား။ ငါတို့ ဆင့်ကဲပြောင်းလဲမှ ရှင်သန်ဖို့အတွက် အခွင့်အရေးရမှာလေ။ သူပြောသလိုပေါ့...”

သူက ဘေးနားတွင် တည်ငြိမ်သောစတိုင်ဖြင့် ထိုင်နေသည့် လုရှင်းချန်ကို ကြည့်ကာ ဆက်ပြောသည်။

“မီးနတ်ဘုရားရဲ့ ရပ်တည်ချက်က ငါတို့ရဲ့ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အရင်သန်မာအောင်လုပ်ရမယ်… ဟုတ်တယ်မလား”

အားလုံး၏ အကြည့်များက လုရှင်းချန်ထံ ကျရောက်သွားရာ သူက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ရန်သူနဲ့ အရင်းအမြစ်တူတာလား။ အဟက်... ရှေးခေတ်ကတည်းက ကျင့်ကြံခြင်းလောကမှာ ကောင်းကင်ဘုံလမ်းစဉ်ကို တက်လှမ်းဖို့ ခန္ဓာသုံးပါးကိုသတ်ဖြတ်တဲ့လမ်းစဉ်တွေ ဒါမှမဟုတ် မူလအရင်းအမြစ်ကို သက်သေပြဖို့ ကိုယ့်ရဲ့ စိတ်နတ်ဆိုးကို ရင်ဆိုင်ရတဲ့ လမ်းစဉ်တွေ ရှိခဲ့တာပဲ။ ဒါက ငါတို့ရဲ့ ကျင့်ကြံခြင်းကို ပိုပြီး ပြည့်စုံစေဖို့နဲ့ ရှေ့ဆက်တက်လှမ်းဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်နိုင်တာပဲ၊၊ ဘာကြောက်စရာရှိလို့လဲ”

“ကပ္ပတိန်လင်းပြောပုံအရဆို နင်နဲ့ ဆက်နွှယ်နေတဲ့ ထူးဆန်းတဲ့သတ္တဝါသေသွားရင် နင့်ရဲ့ စွမ်းအားတွေလည်း လုံးဝပျောက်ကွယ်သွားနိုင်တယ်”

ရှောင်ချင်းက ပြောသည်။

လုရှင်းချန်က ထိုအကြည့်ကို တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်၊၊

“ငါ့ရဲ့ တစ်သက်တာကျင့်ကြံခြင်းနဲ့ လူသားမျိုးနွယ်ရဲ့ ဘေးဒုက္ခကို မောင်းထုတ်နိုင်မယ်… သက်ရှိတွေအတွက် ရှင်သန်ခြင်းကို ဖန်တီးပေးနိုင်မယ်ဆိုရင်… ငါသေရရင်ကော ဘာအရေးလဲ…. ဒါက အကျိုးရှိတာပဲ”

ရှောင်ချင်း မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သူမ၏ အကြည့်က လုရှင်းချန်ထံတွင် ခေတ္တမျှရပ်တန့်နေကာ သူမဆက်ပြောချင်သော စကားများကို ပြန်လည်မျိုချလိုက်တော့သည်။ ယခုအချိန်တွင် လင်းရှန်အပါအဝင် လူအများအပြားက ကျေနပ်သောအကြည့်များ ပေးလိုက်ကြသည်။ ကလေးဆန်နေသေးသော်လည်း လုရှင်းချန်၏ စကားများသည် တကယ့်ကို စိတ်ဓာတ်တက်ကြွဖွယ်ကောင်းလှပြီး လူမလေးစားဘဲ မနေနိုင်အောင်ဖြစ်စေသည်။ အကြောင်းမူကား သူက စကားကြီးစကားကျယ်ပြောနေသော်လည်း သူ့၏ရပ်တည်ချက်က ဆန်းကြယ်သလောက် ဖြောင့်မတ်မှန်ကန်မှန်း အားလုံးသိကြသောကြောင့်ဖြစ်သည်။

“သူပြောတာ မှန်တယ်”

မိုနီကာက ခပ်တိုးတိုးရေရွတ်သည်။

“ထူးဆန်းတဲ့သတ္တဝါသေရင် စွမ်းအားရှင်တွေ စွမ်းအားပျောက်မယ်။ ဒါပေမဲ့ စွမ်းအားရှင်တွေ သေရင် ထူးဆန်းတဲ့သတ္တဝါကို သက်ရောက်မှုရှိ၊မရှိ ငါတို့မသိဘူး။ တကယ်လို့ ငါတို့ရဲ့ ဆင့်ကဲပြောင်းလဲမှုက ထူးဆန်းတဲ့သတ္တဝါကိုပါ ဆင့်ကဲပြောင်းလဲစေနိုင်တယ်ဆိုတာ သက်သေပြနိုင်ရင် ငါတို့က အဲဒါကို တန်ပြန်နိုင်လိမ့်မယ်။ အမှန်တရားက မရှင်းလင်းသေးပေမဲ့ ဒါက လုံးဝသတင်းဆိုးကြီးတော့ မဟုတ်ဘူးလို့ ထင်တာပဲ”

သူမပြောပြီးနောက် တင်းကျန်းရီကို ကြည့်ကာ

“သိပ္ပံပညာရှင်ကြီး... ကျွန်မပြောတာ ဆီလျော်ရဲ့လား”

“လုံးဝမှန်ကန်ပါတယ်”

တင်းကျန်းရီက သူမ၏ မျက်မှန်ကို ပင့်တင်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“စွမ်းအားရှင်တွေက ထူးဆန်းတဲ့သတ္တဝါတွေကို ပြန်တိုက်ခိုက်နိုင်တယ်ဆိုတာဟာ အမှောင်ယဉ်ကျေးမှုက လူသားတွေကို လုံးဝမထိန်းချုပ်နိုင်ဘူးဆိုတာကို ပြသနေတာပဲ၊၊ သူတို့က အရင်းအမြစ်ချင်းတူနေရင်တောင်မှပေါ့”

“ဒါက ဟိုမွေးမြူရေးသီအိုရီလိုမျိုး ဖြစ်နေမလား။ အဲဒီ အဆင့်မြင့်သက်ရှိတွေက စွမ်းအားရှင်တွေကို မွေးမြူနေတာ သို့မဟုတ် အဲဒီလိုနည်းနဲ့ စမ်းသပ်မှုတွေ လုပ်နေတာမျိုး...”

“မဟုတ်ရင် ဘာလို့ ဒီလောက်ကလေးလေးတွေကိုပါ စွမ်းအားတွေ နိုးထစေရတာလဲ”

ပြောလိုက်သူမှာ စွန်းယုကျန်းဖြစ်ပြီး သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ ယခုအချိန်တွင် မာရှောင်ထန်းသည်လည်း သူ့မိခင်ဘေးတွင် တင်းမာစွာ ထိုင်နေပြီး လူတိုင်း၏ ဆွေးနွေးမှုကို နားထောင်ရင်း အနည်းငယ် ရှုပ်ထွေးနေသည်။ ငါကော မိကျောင်းလိုအကောင်ကြီးဖြစ်သွားနိုင်လား…

“ကျွန်မကတော့ အဲလိုမထင်ဘူး”

ဤအချိန်တွင် ထုံးစံအတိုင်း စကားနည်းလှသော ရှီဇီက ဝင်ပြောလိုက်ရာ သူ့အကြည့်က မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူများ၏ ကိုယ်စားလှယ်များဖြစ်သော နန်ကျင်း၊ ရှုချင်း၊ လုချန်၊ ရှောင်ချင်းနဲ့ ချန်ဆီရွှမ်တို့ထံကျရောက်သွားသည်။

“စွမ်းအားရှင်တွေအပြင် သာမန်လူတွေအားလုံးကလည်း မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုကို ကြုံတွေ့ရပြီး ပြောင်းလဲလာကြတာပဲ။ ဒါက လူသားမျိုးနွယ်တစ်ရပ်လုံးက အမှောင်စွမ်းအားရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်ဆိုတာ ပြနေတာပဲ”

“ဟုတ်တယ်၊၊ အပိုတွေ စိုးရိမ်မနေနဲ့”

ချန်ဆီရွှမ်က ပြုံးလျက် ပြောသည်။

“ကျွန်မတို့ရနိုင်တဲ့ အခွင့်အရေးမှန်သမျှကို ဆုပ်ကိုင်ထားရုံပဲ၊၊ စိုးရိမ်စရာဘာမှမရှိဘူး”

လင်းရှန်က မျက်မှောင်ကြုတ်ကာ ကြားဖြတ်ပြောလိုက်သည်။

“ဟေး ဟေး ဟေး... မင်းတို့အားလုံး ငါ ခုနက ပြောခဲ့တဲ့ ကြက်သွေးရောင်မြူ၊သစ္စာဖောက်မှုတွေနဲ့ မကြာခင်ကြုံရမယ့် ကမ္ဘာပျက်ကပ်အမျိုးအစားတွေကို မေ့သွားကြတာလား။ ဘာလို့ ဘယ်သူမှ အဲဒါကိုမဆွေးနွေးကြတာလဲ”

“အစ်ကိုရှန်... ငါကတော့ ငါ ဘယ်လောက်အထိ သန်မာလာနိုင်မလဲဆိုတာကိုပဲ ပိုစိတ်ဝင်စားတယ်”

လူထွားကြီး တာလို့က ရဲရင့်စွာ မတ်တတ်ထရပ်ပြီး လက်ပိုက်လျက် ပြောလာသည်၊၊

“ကျေးဇူးပြုပြီး ငါ့ကိုလည်း ဆင့်ကဲပြောင်းလဲမှုမှာ ပါဝင်ခွင့်ပေးပါ”

“ဟေး... လူသန်ကောင်… ရှင်ပြောတာ အချက်ကျသားပဲ”

လေထဲတွင် ဝဲပျံနေသော ကီကီက ပြောသည်။

“ကျွန်မသဘောကတော့ စိတ်ပျက်အားငယ်နေမယ့်အစား သလင်းကျောက်ဆင့်ကဲပြောင်းလဲပြီးရင် ကျွန်မတို့ ဘယ်လောက်အထိ စွမ်းအားကြီးလာမလဲဆိုတာကိုပဲ တွေးကြရအောင်”

“အမှန်ပဲ”

လုရှင်းချန်က ယခုအချိန်တွင် လင်းရှန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်၊၊

“အစ်ကိုလင်း... ၁၀ နာရီပဲ လိုတာဆိုတော့ ငါတို့...”

“ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော်လည်း မစောင့်နိုင်တော့ဘူး”

လုချန်ကလည်း စိတ်အားထက်သန်စွာဖြင့် ဝင်ပြောသည်။

“တကယ်လို့ စိတ်ဝိဉာဉ်လှိုင်းတုန်ခါမှုတန်ဖိုးက နှစ်သောင်းအထိ ရောက်သွားမယ်ဆိုရင် အာရုဏ်ဦးမြို့တော်တိုက်ပွဲတုန်းက ငါတို့ ဒီလောက်အထိ အဆုံးရှုံးများမှာ မဟုတ်ဘူး”

နန်ကျင်းက သူမ၏ လက်သီးကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

“လုပ်ကြတာပေါ့”

“မင်းတို့အားလုံးက ငါ့ကို စိတ်ဝင်စားအောင် လုပ်နေတာပဲ။ ကောင်းပြီလေ...”

ချီလီက မတတ်သာသလို သူ့လက်ကို နဖူးပေါ်တင်လျက် ပြောသည်။

All Chapters