တိုင်တန်ဂြိုလ်တည်ဆောက်ရေး (၂)
Vol. 66 Ch. 1085
“ငါ သိတယ်… ပုံစံချင်းမတူဘူးဆိုတာ၊၊ ဒါပေမဲ့ အခုလောလောဆယ် အဲဒီကိစ္စကို ငါဂရုမစိုက်နိုင်ဘူး”
လင်းရှန်၏ အာရုံစိုက်မှုအားလုံးက သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာပေါ်သို့ ရောက်ရှိနေပြီး သူသည် လူတစ်ယောက်လုံးလန်းဆန်းကာ အသွင်ပြောင်းသွားသကဲ့သို့ ဖြစ်နေသည်၊၊
[ဂြိုဟ်အဆင့် သုတေသနအတွက် ကွမ်တမ်တွက်ချက်မှုစွမ်းအား ၆၀၀၀ လိုအပ်ပါတယ်၊၊ ချိတ်ဆက်မှုကို အတည်ပြုပါသလား]
“အတည်ပြုတယ်၊၊ ဖွံ့ဖြိုးရေးကို စတင်လိုက်တော့”
[ချိတ်ဆက်မှု အောင်မြင်ပါပြီ]
ဝူးးး
ရုတ်တရက် ကျယ်လောင်လှသော မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်ခု ပဲ့တင်ထပ်သွားပြီး ကြယ်နက်ပန်းပဲဖို၏ ကြယ်တာရာလမ်းကြောင်းတစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်ကို လင်းရှန် တွေ့လိုက်ရသည်၊၊ သူသည် လေထုထဲတွင် ဝဲပျံနေရင်း ထိုကြယ်တာရာလမ်းကြောင်းတစ်ခုလုံးတွင် တစ်စုံတစ်ရာ ရွေ့လျားပြောင်းလဲမှုဖြစ်ပေါ်နေသည်ကို ချက်ချင်းအာရုံခံမိလိုက်သည်၊၊
သူသည် ကြယ်တာရာလမ်းကြောင်း၏ အဆုံးဆီသို့ ချက်ချင်းလှမ်းကြည့်လိုက်ရာ မူလက ကတ္တရာစေးကဲ့သို့ မှောင်မိုက်နေသော အနက်ရှိုင်းဆုံးတွင်းနက်ကို ဖြတ်သန်းသွားသည့် ရေတွက်မရနိုင်သောကြယ်တာရာများကို မြင်လိုက်ရသည်၊၊ ကြယ်နက်ပန်းပဲဖိုသည် အာကာသကြည့်မှန်ပြောင်းတစ်ခုကဲ့သို့ ၎င်း၏ ဦးတည်ရာကို ညှိယူနေခြင်းဖြစ်ကြောင်း သူ ချက်ချင်းသဘောပေါက်သွားခဲ့သည်၊၊
“ဦးတည်ရာကို ညှိနေတာလား”
“ဒါဆို ကြယ်နက်ပန်းပဲဖိုဆိုတာက သူတို့ပြောသလို နေရာလွတ်ဟုတ်ဘဲ အမှန်တကယ် တည်ရှိနေတဲ့ အာကာသတည်နေရာညွှန်းကိန်းတစ်ခုဖြစ်နေတာလား”
လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စိတ်ထဲမှနေ၍ ဗိုင်အိုလာကို ချက်ချင်းလှမ်းမေးလိုက်သည်၊၊
[စကြဝဠာရဲ့ ပကတိတည်နေရာကို သိဖို့အတွက် ပထမဆုံးအနေနဲ့ စကြဝဠာနောက်ခံမိုက်ခရိုလှိုင်းဖြာထွက်မှုရဲ့ မညီမျှမှုတွေကို သဘာဝအတည်ပြုချက်အဖြစ် လိုအပ်ပါတယ်၊၊ ဒုတိယအနေနဲ့ တိုင်းအေအမျိုးအစား ဆူပါနိုဗာလို စံပြကြယ်တွေက အကွာအဝေးကို တိုင်းတာပေးနိုင်ပါတယ်၊၊ တတိယအနေနဲ့ ဒြပ်ဆွဲအားလှိုင်းဖြစ်စဉ်တွေက သီးခြားရပ်တည်တဲ့ အာကာသဆိုင်ရာစံနှုန်းတွေကို ပေးနိုင်ပါတယ်၊၊ အကယ်၍ ရှင်က တည်နေရာကို ရှာဖွေချင်တယ်ဆိုရင် ရေဒီယိုအာကာသကြည့်မှန်ပြောင်းတွေ၊ PandaX-4T အရည်ပျော်ဇီနွန်စစ်ဆေးရေးကိရိယာတွေနဲ့ ဒြပ်ဆွဲအားအာရုံခံကိရိယာတွေကို တည်ဆောက်ရပါလိမ့်မယ်...]
“မလိုတော့ဘူး၊၊ အဲဒီပြဿနာကို ကြယ်တာရာဓာတ်ခွဲခန်းဘက်ကပဲ ဖြေရှင်းပါစေ”
လင်းရှန် သူ၏ နားထင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်၊၊ ဦးနှောက်အလုပ်လုပ်နှုန်း မြန်ဆန်လွန်းခြင်း၏ အားနည်းချက်မှာ ကိစ္စရပ်တစ်ခုတည်းအပေါ် အလွန်မြန်ဆန်လှသော နက်ရှိုင်းသည့်တွက်ချက်မှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်၊၊ ဉာဏ်ရည်ထက်မြက်သော ဦးနှောက်အတွက် ဤအရာက ပြဿနာမရှိသော်လည်း လင်းရှန်၏ အသိစိတ်မှာမူ ဖြစ်စဉ်တစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်နိုင်သည်၊၊ အကယ်၍ သူသာ မရပ်တန့်နိုင်ပါက အတွေးများက လမ်းချော်သွားနိုင်သည်၊၊
ကြယ်နက်ပန်းပဲဖိုနှင့် စကြဝဠာတည်နေရာရှာဖွေခြင်းကိစ္စကို သူ အရင်ကတည်းက စဉ်းစားဖူးသည်၊၊ ကြယ်နက်ပန်းပဲဖို၏ နေရာလွတ်သည် အပြာရောင်ဂြိုလ်၏ အပြင်ဘက်တစ်နေရာရာတွင် တည်ရှိနိုင်သည်ဟု သူ အမြဲထင်မြင်ခဲ့သည်၊၊ အကြောင်းမှာ သူ၏ မြောက်မြားစွာသော စူးစမ်းရှာဖွေမှုများအတွင်း ပန်းပဲဖိုနှင့် အလွန်နီးကပ်သောနေရာတွင် ကြီးမားလှသော တွင်းပေါက်တစ်ခု ရှိနေနိုင်ကြောင်း ခံစားခဲ့ရသောကြောင့်ဖြစ်ပြီး ယင်းကပင် လင်းရှန်ကို အဆင့်မြင့်ဒိုင်မေးရှင်းသက်ရှိများတည်ရှိမှုကို အမြဲသံသယဝင်စေခဲ့ခြင်းဖြစ်သည်၊၊
အကယ်၍ သူ၏ ထင်မြင်ချက်ကို သက်သေပြနိုင်လျှင် လင်းရှန်သည် သူ၏ အသိစိတ်ကို အပြာရောင်ဂြိုလ်၏ ကောင်းကင်အကာကွယ်ကို ကျော်လွန်၍ တိကျသောတည်နေရာတစ်ခုသို့ ချိတ်ဆက်နိုင်လိမ့်မည် ဖြစ်သည်၊၊ ထိုနေရာကို ရှာဖွေတွေ့ရှိသွားသည်နှင့် သူ ဖန်တီးသမျှအရာအားလုံးကို ကမ္ဘာနှစ်ခုကြားတွင် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကောင်းကင်အကာအကွယ်အတားအဆီးကို ဖြေရှင်းရန် နည်းလမ်းသစ်များစွာ ရရှိလာလိမ့်မည်၊၊
သို့သော် ဤပြဿနာက ထင်သလောက်မလွယ်ကူပေ၊၊ သူ၏ ကြယ်နက်ပန်းပဲဖိုသည် သက်မဲ့အရာဝတ္ထုများနှင့် သူ၏ အသိစိတ်ကိုသာ အတွင်းသို့ လွှဲပြောင်းပေးနိုင်ပြီး ကြယ်တာရာလမ်းကြောင်းနေရာလွတ်ထဲမှ ထွက်ခွာ၍မရချေ၊၊ ဤပြဿနာကို ဖြေရှင်းရန်အတွက် ဖီးနစ်၏ ကြယ်တာယာဓာတ်ခွဲခန်းပါဝင်ပတ်သက်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ကြီးမားလှသော တွက်ချက်မှုစွမ်းအားရှိနေလျှင်ပင် သူသည် ရှေ့မတိုးသာဘဲ ပိတ်မိနေလိမ့်မည်၊၊
ထိုအချိန်တွင် ကြီးမားလှသော ပန်းပဲဖို၏ ကြယ်တာရာအမိုးခုံးလမ်းကြောင်းသည် တရိပ်ရိပ်ဖြင့် တိကျသောဦးတည်ရာတစ်ခုသို့ လည်ပတ်သွားပြီးနောက် ပြန်လည်ရပ်တန့်သွားသည်၊၊
လင်းရှန်အတွက်မူ ဤဦးတည်ရာမှာ လုံးဝခွဲခြား၍မရနိုင်လောက်အောင် ဖြစ်သည်၊၊ ယခုအချိန်တွင် အနက်ရှိုင်းဆုံးအဆုံးသတ်သို့ လှမ်းကြည့်လိုက်လျှင် မှောင်မိုက်နေသော ဟင်းလင်းပြင်ကြီးကိုသာ မြင်တွေ့ရပြီး ကြယ်အချို့ကိုသာ ဟိုတစ်စ၊ ဒီတစ်စမြင်ရသည်၊၊ ထိုစဉ်မှာပင် ယန္တရားနှလုံးသား၏ အသံက ပဲ့တင်ထပ်လာခဲ့သည်၊၊ ယခင်က သတိပေးသံများနှင့်မတူဘဲ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာကို စတင်လိုက်ခြင်းက သူ့ကို ယခင်က ဂန်မာရောင်ခြည်လှိုင်းကြောင့် ကမ္ဘာ့အူတိုင်ထဲကနေ လွင့်စင်ထွက်သွားခဲ့ရစဉ်ကကဲ့သို့ ထိုးဖောက်သွားသော ခံစားချက်မျိုးပေးစွမ်းလိုက်ပြီး နားထဲတွင် စူးရှသော သတိပေးသံများ ဆက်တိုက်မြည်ဟီးလာတော့သည်၊၊
[အရေးပေါ် အခြေအနေ - ခန့်မှန်းခြေ တည်ဆောက်မှုကာလ - မသိရှိရ၊၊ လက်ရှိ တိုက်တန်ဖရိန်အတွက် အဆင့် ၅ ရှိသော ကုန်ကြမ်းပစ္စည်း တန်ချိန် ၁၈၁,၅၉၆,၄၈၈ လိုအပ်ပါသည်...]
[အရေးပေါ် အခြေအနေ - အားပြင်းသော သက်ရောက်မှုရှိသည့် ထိန်းချုပ်မှုစက်ကွင်းကို တည်ဆောက်ရန် ဒြပ်ထုကြီးမားသော ကြယ်တာရာပတ်လမ်းကြောင်းကို ကျောက်ဆူးချရန် လိုအပ်ပါသည်၊၊ ကုန်ကြမ်းပစ္စည်းများအဖြစ် ပြောင်းလဲရန်နှင့် သိပ်သည်းဆမြင့်မားသော ဖရိန်ယူနစ်များကို ထုတ်လုပ်ရန်အတွက် သံ-နီကယ် ဥက္ကာခဲများကို ဖမ်းယူရန် အကြံပြုပါသည်]
[အရေးပေါ် အခြေအနေ - ကြယ်မှုန်မီးဖိုလိုအပ်နေပါသည်]
[အရေးပေါ် အခြေအနေ - ပုံသေကြယ်စွမ်းအင်တည်ဆောက်ပုံကို ကျောက်ဆူးချရန် အကြံပြုပါသည်၊၊ ကြယ်မှုန်မီးဖိုကို စတင်ရန်အတွက် ကာစီမီယာလေဟာနယ်လှုပ်ခတ်မှုအင်ဂျင်ကို တည်ဆောက်ရန် လိုအပ်ပါသည်]
[အရေးပေါ် အခြေအနေ - ...]
[တိုက်တန်ဂြိုဟ်ပုံကြမ်း ဖော်ဆောင်မှုပြီးဆုံးပါပြီ၊၊ ကောင်းကင်နတ်ဘုရားအဆင့်တည်ဆောက်မှုကို စတင်မလား]
လင်းရှန်သည် မိမိရှေ့တွင် ဖြတ်သန်းသွားသော မြောက်မြားစွာသော သတိပေးချက်များကို ကြည့်နေမိသည်၊၊ တစ်ခဏအတွင်းမှာပင် ဗိုင်အိုလာ၏ ကွမ်တမ်စီမံဆောင်ရွက်မှု ဗဟိုချက်မှနေ၍ ချို့ယွင်းချက်တုံ့ပြန်မှုရာပေါင်းများစွာ ထွက်ပေါ်လာပြီး အားလုံးမှာ ချွင်းချက်မရှိတူညီနေကြသည်၊၊
အကြောင်းအရာများကို ခွဲခြား၍မရပါ…
အကြောင်းရင်းမှာ ရိုးရှင်းလှသည်၊၊ ဗိုင်အိုလာသည် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာမှ ထွက်ပေါ်လာသော အချက်အလက်များကို တွက်ချက်သည့်အခါ ထိုကုန်ကြမ်းပစ္စည်းများ၊ နည်းပညာများနှင့် နည်းလမ်းများမှာ သူမ၏ လေ့လာသင်ယူမှုစနစ်ထဲတွင် လုံးဝမရှိခဲ့ဖူးသောကြောင့် ဖြစ်သည်၊၊ တစ်နည်းအားဖြင့် ပြောရသော် ဗိုင်အိုလာသည် ထိုအရာများကို လုံးဝနားမလည်နိုင်ခြင်းဖြစ်သည်၊၊
“ဗိုင်အိုလာ... တန်ချိန် သန်း ၁၈၀ လောက်လေးတဲ့ အရာကြီးတစ်ခုကို ပျံသန်းနိုင်အောင်နဲ့ ပထမစကြဝဠာအရှိန်နှုန်းရရှိအောင် ဘယ်လိုကုန်ကြမ်းပစ္စည်းမျိုးက ထောက်ပံ့ပေးနိုင်မလဲ”
[ကျွန်မရဲ့ လက်ရှိ အပြာရောင်ဂြိုလ်ရဲ့ ကုန်ကြမ်းပစ္စည်းသိပ္ပံနားလည်မှုအရ ဒြပ်ဆွဲအားထိန်းချုပ်တဲ့ကိရိယာတွေမရှိရင် သီအိုရီအရ အဲဒီလောက်ကြီးမားတဲ့ အရာဝတ္ထုတွေကို မောင်းနှင်ဖို့ အလွန်ကြီးမားတဲ့ အားစက်ကွင်းတွေကိုပဲ သုံးနိုင်ပါလိမ့်မယ်၊၊ ဒါပေမဲ့ သီအိုရီအရတော့ ဖြစ်နိုင်ခြေရှိပါတယ်၊၊ ဘာလို့လဲဆိုတော့ အဲဒီလိုကြီးမားတဲ့ အားစက်ကွင်းတွေကို ထောက်ပံ့ပေးဖို့ လျှပ်စစ်စွမ်းအင်ရဲ့ အကန့်အသတ်ကို ထပ်ညွှန်းကိန်းအတိုင်း ကျော်လွန်တဲ့ စွမ်းအင်လိုအပ်ချက် ရှိနေလို့ပါပဲ၊၊ ကျွန်မအမြင်အရတော့ လူသားတွေအနေနဲ့ အဲဒီနည်းပညာကို အနည်းငယ်အသုံးချနိုင်ဖို့အတွက် အနည်းဆုံး နှစ်ပေါင်း ၃၀၀ ကနေ ၄၀၀၀ အထိ အချိန်ယူရပါလိမ့်မယ်]
“ဟူး...”
လင်းရှန် ခေါင်းကို နောက်သို့ပစ်လိုက်ပြီး လေထုထဲတွင် ဝဲပျံရင်း ကြယ်တာရာအမိုးခုံးလမ်းကြောင်း၏ လည်ပတ်မှုကို ဆက်တိုက်ကြည့်နေမိသည်၊၊ ထိုနက်ရှိုင်းသော အာကာသကြီးသည် ရေတွင်းထဲကနေ ကောင်းကင်ကြီးကို ငေးကြည့်နေရသကဲ့သို့ ခံစားရစေသည်၊၊ ယခုအချိန်တွင် သူ၏ အသက်ရှူသံက ပြန်လည်တည်ငြိမ်သွားပြီး အသံအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်၊၊
“တကယ်ပဲ ငါထင်တာ မှန်နေတာပဲ၊၊ ယန္တရားနှလုံးသားနဲ့ စူပါပါဝါတွေက လုံးဝကို ကွဲပြားခြားနားတဲ့ အရာနှစ်ခုပဲ”
“ဒါပေမဲ့ ငါက ဘာလို့ ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားရတာလဲ”
“ငါမှတ်မိသလောက်တော့... ကျိအန်းမြို့ရဲ့ ကမ္ဘာပျက်ကပ်နေ့မှာ ငါ့ရဲ့ ယန္တရားနှလုံးသားက အခြားစွမ်းအားပိုင်ရှင်တွေလိုပဲ ရုတ်တရက်ပေါ်လာခဲ့တာ...”
“ဒါက အမှောင်ယဉ်ကျေးမှုနဲ့ သက်ဆိုင်နေပြီး အဲဒီယဉ်ကျေးမှုက တစ်ဖက်မှာ အပြာရောင်ဂြိုလ်ကို ဖျက်ဆီးချင်နေပေမဲ့ အခြားတစ်ဖက်မှာကျတော့ လွတ်မြောက်လာသူတွေကို ဒီလိုအစွမ်းထက်တဲ့ စွမ်းအားတွေ ပေးထားတာများလား၊၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
“အကယ်၍ ငါ့ရဲ့ စွမ်းအားက အမှောင်ယဉ်ကျေးမှုနဲ့ သက်ဆိုင်နေပြီး အဲဒါရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေမယ်ဆိုရင် ငါ သလင်းကျောက်ကို လေ့ကျင့်လို့ရမလား”
“အကယ်၍ ငါ့ရဲ့ စွမ်းအားက အမှောင်ယဉ်ကျေးမှုနဲ့ မသက်ဆိုင်ဘူးဆိုရင် အဲဒီနောက်ကွယ်မှာ ဘာရှိနေလို့လဲ… ဘာလို့ ဒီလိုလုပ်ရတာလဲ… ဘာလို့ ငါ့ကိုမှ ရွေးချယ်ခဲ့တာလဲ… ဒါမှမဟုတ် ဒီကမ္ဘာမှာ ငါနဲ့တူတဲ့ အခြားလူတွေ ရှိနေသေးတာလား”
“ဘာလို့ အခြားစွမ်းအားပိုင်ရှင်တွေက သန္ဓေပြောင်းသတ္တဝါတွေနဲ့ ချိတ်ဆက်နေပြီး ငါကျမှ ချူယန်နဲ့ ချိတ်ဆက်နေရတာလဲ”
“ဖာ့ခ်...” လင်းရှန် တစ်ယောက်ထဲရေရွတ်ရင်း အတွေးများက လွင့်မျောနေသည်၊၊
“ငါ သလင်းကျောက်ကို စမ်းကြည့်ရမယ်၊၊ အဖြေကို ရှာတွေ့နိုင်မလားဆိုတာ ကြည့်ရအောင်”
“အကယ်၍ အဲဒါက ငါ့ကို သေစေနိုင်ရင်ကော...”
“ဟုတ်သားပဲ၊၊ ငါ့ရဲ့ ယန္တရားနှလုံးသားနဲ့ တုံ့ပြန်မှုရှိနေတဲ့ အဲဒီလေးလံတဲ့ဆိုင်းငံ့ရည်ကွန်တိန်နာလည်းရှိသေးတယ်၊၊ အဲဒါက ငါ့ရဲ့ ယန္တရားနှလုံးသားနဲ့ တစ်ခုခုသက်ဆိုင်နေတာသေချာတယ်”
“ဒါဆိုရင် ဖောင်ဒေးရှင်းက ငါ့ရဲ့ ယန္တရားနှလုံးသားရဲ့ လျှို့ဝှက်ချက်ကို သိနေတာလား၊၊ ဟွာရှောင်လင်း ငါ့ဆီလာတာက ဒီကိစ္စနဲ့ ပတ်သက်နေမလား”
ဟူးးး
လင်းရှန် ကြယ်တာရာလမ်းကြောင်း၏ အစွန်းတွင် ညင်သာစွာ ထိုင်ချလိုက်သည်၊၊ ကောင်းကင်အမိုးခုံးလမ်းကြောင်းကြီးက လည်ပတ်နေသော်လည်း သူကတော့ ညီညာသော မြေပြင်ပေါ်တွင် ထိုင်နေသကဲ့သို့ပင် ဖြစ်သည်၊၊
သူသည် နားထင်ကို ပွတ်သပ်ရင်း စိတ်ထဲက မေးခွန်းပေါင်းများစွာကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်၊၊ ဤတိတ်ဆိတ်ငြိမ်သက်သော အချိန်တွင် သူ၏ အကြည့်က တဖြည်းဖြည်းအာရုံစိုက်လာပြီး စိတ်ပိုင်းဖြတ်မှုတစ်ခုနှင့်အတူ နှလုံးခုန်သံကလည်း ထိန်းချုပ်မရပဲမြန်ဆန်လာခဲ့သည်၊၊
“ကြယ်နက်ပန်းပဲဖိုကိစ္စကိုတော့ ဖီးနစ်ရဲ့ ကြယ်တာယာဓာတ်ခွဲခန်းကိုပဲ ဖြေရှင်းခိုင်းလိုက်တော့မယ်”
“စွမ်းအားချိတ်ဆက်မှုကိစ္စကိုတော့ ငါကိုယ်တိုင်ပဲ သလင်းကျောက်ကို စမ်းသပ်ကြည့်မယ်”
“အဲဒီ လေးလံတဲ့ဆိုင်းငံ့ရည်ကွန်တိန်နာကိစ္စအတွက်ကတော့... ဟွာရှောင်လင်းဆိုတဲ့ အမျိုးသမီးနဲ့ သေချာဆွေးနွေးဖို့လိုလိမ့်မယ်၊၊ ငါ့ရဲ့ ပင်ကိုယ်သိစိတ်အရ သူမက တစ်ခုခုကို သေချာပေါက်သိနေတယ်”
“ကောင်းပြီ၊၊ အရာအားလုံးမှာ အကြောင်းနဲ့ အကျိုးရှိတာပဲ၊၊ နောက်ဆုံးတော့ ပြဿနာတိုင်းအတွက် အဖြေရှိလာမှာပါ၊၊ အခုတော့ ငါ့ရဲ့ ယန္တရားနှလုံးသား၊ ငါ့ရဲ့ ကြယ်နက်ပန်းပဲဖို၊ ငါ့ရဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ... ပြီးတော့ ငါ့ရဲ့ တိုက်တန်ဂြိုဟ်ဆီကို ပြန်သွားကြစို့”
ထိုအချိန်တွင် လင်းရှန်သည် လွင့်မျောနေသော အလင်းတန်းကန့်သတ်ချက်များကြားမှနေ၍ ကြယ်တာရာအမိုးခုံးလမ်းကြောင်း၏ အဆုံးဆီသို့ စူးစိုက်ကြည့်လိုက်ရာ မှောင်မိုက်နေသော စကြဝဠာနောက်ခံတွင် ဟိုလိုဂရမ်တစ်ခုကဲ့သို့ ဖျော့တော့စွာလင်းလက်နေသည့် ပုံကြမ်းတစ်ခုကို မြင်လိုက်ရသည်၊၊ အဲဒါက ခေါင်းတစ်ခု... မီကာစက်ရုပ်ခေါင်းတစ်ခုဖြစ်ပြီး ဂြိုဟ်တစ်ခုကဲ့သို့ ကြီးမားလှသော ကောင်းကင်နတ်ဘုရားအဆင့် မီကာစက်ရုပ်ကြီးနှင့် တူလှသည်၊၊
“တန်ချိန် သန်း ၁၆၀... ဒါက ဖရိန်ကုန်ကြမ်းပစ္စည်းသက်သက်ပဲရှိသေးတယ်၊၊ အကယ်၍ ဒီကောင်ကြီးသာ အောက်ကို ပြုတ်ကျလာရင် ကမ္ဘာပျက်ကပ်ဥက္ကာခဲထက်တောင် ပိုကြောက်စရာကောင်းတယ်၊၊ တိုက်ကြီးတွေရဲ့ အောက်ခြေလွှာတွေတောင် ကွဲအက်သွားနိုင်တယ်... ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး၊၊ ဘာပဲဖြစ်ဖြစ် ဒီလိုအရာမျိုးကို ငါ တကယ်သာ ဖန်တီးနိုင်ခဲ့ရင် အဲဒါက ကမ္ဘာကြီးပျက်စီးခြင်းနဲ့အတူ ဖြစ်လာမှာပဲ၊၊ တစ်ခုတည်းသော ပြဿနာကတော့ ဘယ်ကမ္ဘာက ပျက်စီးသွားမှာလဲဆိုတာပဲ...”
“ပြောရခက်တယ်...”