← Chapters

အခန်း (၆၁၇-၆၁၈)

Vol. 52 Ch. 617-618

အခန်း (၆၁၇-၆၁၈)

Vol. 52 Ch. 617-618

အပိုင်း (၆၁၇)

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အလွန် အံ့အားသင့်သွားတော့သည်။ ‘အောက်မင်... ခင်ဗျားက အရင်တုန်းက ဖူယန်ထူနဲ့ ဘောင်းဘီ တစ်ထည်တည်း အတူတူ ဝတ်တဲ့အထိ ရင်းနှီးခဲ့တာလေ။ အခုတော့ ဖူယန်ထူက သေရေးရှင်ရေး ရန်သူကြီး ဖြစ်သွားပြီလား။ ပြီးတော့ ကျုပ်တို့ မိသားစုရဲ့ သေရေးရှင်ရေး ရန်သူကြီးတဲ့။ အခုမှ ကိုယ့်ကိုယ်ကိုယ် အောက်မိသားစုဝင် တစ်ယောက်အဖြစ် ပြန်သတ်မှတ်လိုက်ပြီလား။’

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အခုချိန်မှာ ကျိုးကျီနဲ့ ဖူယန်ထူတို့ရဲ့ အမြင်မှာတော့ ခင်ဗျားဟာ သူတို့ရဲ့ လူယုံ ပါပဲ။ ဒါကြောင့် တောင်ပိုင်းကို တစ်ခေါက်လောက် သွားပြီး ဧကရာဇ်ဟောင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရင် ဘယ်လိုလဲ။”

အောက်မင်က မေးလိုက်သည်။ “ဒါဆို အစ်ကိုက ဘယ်လို လုပ်ရမလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဖူယန်ထူကို အဆိပ်ခတ် သတ်ပစ်လိုက်။ ကျိုးကျီကို အဆိပ်ခတ် သတ်ပစ်လိုက်။”

အောက်မင် အနည်းငယ် တုန်ယင်သွားပြီး ပြောလိုက်သည်။ “ဒီလူနှစ်ယောက်က အရမ်းကို ကောက်ကျစ် စဉ်းလဲလွန်းတယ်။ သူတို့ကို အဆိပ်ခတ် သတ်ဖို့ ဆိုတာ အဲဒီလောက် မလွယ်ကူဘူး။”

ယွင်ကျုံးဟဲ့သည် ပုလင်း တစ်လုံးကို ထုတ်ယူကာ ပြောလိုက်၏။ “အစ်ကို... ဒါက အဆိပ်ပါ။ အရောင်လည်း မရှိဘူး၊ အနံ့လည်း မရှိဘူး။ နည်းနည်းလေး သောက်မိတာနဲ့တင် သေစေနိုင်တယ်။ သူတို့က ခင်ဗျားကို ကိုယ့်လူလို သတ်မှတ်ထားတာဆိုတော့ သူတို့ကို အဆိပ်ခတ်ဖို့ အခွင့်အရေး ရှိတယ်။

ဒီလူနှစ်ယောက် သေသွားပြီဆိုရင် တောင်ပိုင်းဟာ အရင်က တောင်ပိုင်း စစ်သေနာပတိချုပ်ရဲ့ လက်ထဲ ပြန်ရောက်သွားမှာပါ။ သူတို့က ဧကရာဇ်ဟောင်းကို သစ္စာခံတဲ့ သူတွေဖြစ်လို့ တောင်ပိုင်းရဲ့ အန္တရာယ်လည်း ရှင်းလင်းသွားမှာပါ။”

အောက်မင်၏ မျက်နှာတစ်ခုလုံး တုန်ယင်သွားပြီး ရုန်းကန်နေရသည့် ပုံစံမျိုး ပြသနေသည်။

အချိန်အတော်ကြာပြီးမှသာ အောက်မင်က ပြောလိုက်၏။ “ကျုပ် လုပ်ပါ့မယ်။”

ထို့နောက် သူသည် အဆိပ်ပုလင်းကို ယူကာ ယွင်ကျုံးဟဲ့ကို နောက်တစ်ကြိမ် ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “ညီလေး... ဧကရာဇ်ဟောင်းဘက်မှာ အစ်ကို့အတွက် ကောင်းကောင်းလေး ပြောပေးပါအုံးနော်။ အစ်ကို့ တစ်မိသားစုလုံးရဲ့ အသက်က ညီလေးရဲ့ လက်ထဲမှာပဲ ရှိနေတာပါ။”

ထို့နောက် အောက်မင်သည် ယွင်ကျုံးဟဲ့ကို အဆက်မပြတ် ဦးညွတ်နေတော့သည်။

အောက်မင် ထွက်သွားပြီးနောက် အောက်ရှင်း ထွက်လာကာ မေးလိုက်၏။ “ငါ့သား... ဒါက မင်းရဲ့ အကျင့်စရိုက်နဲ့ မတူပါလား။”

အောက်ရှင်းက ပြောလိုက်သည်။ “မင်းရဲ့ အကျင့်စရိုက် အရဆိုရင် အစောကြီးတည်းက ရေနစ်နေတဲ့ ခွေးကို ထပ်ရိုက်ပြီး အမြစ်ပြတ်အောင် ရှင်းလင်းပစ်လောက်ပြီ။ ကျားကို တောထဲ ပြန်လွှတ်ပေးတာမျိုး လုံးဝ လုပ်မှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့သည် အောက်ရှင်းကို ကြည့်ကာ ပြောလိုက်၏။ “အဖေ... အခြေအနေတွေက မတူတော့ဘူး။ လုံးဝ မတူတော့ဘူး။”

……………….

ညဘက်တွင် ယွင်ကျုံးဟဲ့ နှင့် မင်းသမီး ရှန်းရှန်း တို့သည် စစ်တုရင် ကစားနေကြသည်။

“ဝက်ဝံကြီး... ပင်လယ်ရပ်ခြားက ပျော်စရာ ကောင်းလား။” မင်းသမီး ရှန်းရှန်းက မေးလိုက်၏။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ရှုခင်းကတော့ လှတယ်။ ဒါပေမဲ့ အရမ်း ပျင်းစရာ ကောင်းတယ်။”

မင်းသမီး ရှန်းရှန်းက ပြောလိုက်၏။ “လူများရင်တော့ ပျော်စရာ ကောင်းမှာပေါ့။ ကျွန်မတို့ ပင်လယ်ရပ်ခြားကို သွားပြီး စစ်သေနာပတိချုပ် လီဟွာမေဆီ သွားလည်ကြရင် မကောင်းဘူးလား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ရှန်ရှန်း... မင်းက ဩဇာအာဏာ အားပြိုင်မှုတွေကနေ ရှောင်ထွက်ချင်နေတာလား။”

မင်းသမီး ရှန်းရှန်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ “အခု ရှင့်ရဲ့ တာဝန်တွေလည်း ပြီးဆုံးသွားပြီ မဟုတ်လား။ ရှင်ကလည်း ဩဇာအာဏာကို မက်မောတဲ့သူ မဟုတ်ဘူးဆိုတော့ အချိန်မီ အနားယူလိုက်တာ ကောင်းတယ် မဟုတ်ဘူးလား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ရှန်ရှန်း... ဒီကမ္ဘာလောကမှာ ငြိမ်းချမ်းတဲ့နေရာ ဆိုတာ မရှိဘူး။ ဒါပေမဲ့ စိတ်ချပါ။ ငါက အဖေ၊ အမေနဲ့ ညီမလေးကို အစွမ်းကုန် ကာကွယ်ပေးမှာပါ။ ပြီးတော့ မင်းကိုလည်း အစွမ်းကုန် ကာကွယ်ပေးမှာပါ။”

မင်းသမီး ရှန်းရှန်းက ပြောလိုက်၏။ “အဲဒီညက ကျွန်မ ရှင့်ကို ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မှတ်မိပါတယ်။”

မင်းသမီး ရှန်းရှန်းက ပြောလိုက်၏။ “ဒီနေ့ မယ်တော်မိဖုရားခေါင်ကြီးက လူလွှတ်ပြီး ကျွန်မကို အရမ်း လွမ်းနေလို့ နန်းတော်ထဲ လာတွေ့ဖို့ ပြောတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒီကိစ္စကို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။”

မင်းသမီး ရှန်းရှန်းက မေးလိုက်၏။ “မနက်ဖြန် ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ပေးမယ် မဟုတ်လား။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကောင်းပါပြီ။”

နောက်တစ်နေ့ မနက်ပိုင်းတွင် ယွင်ကျုံးဟဲ့သည် မင်းသမီး ရှန်းရှန်းကို ခေါ်ဆောင်ကာ နန်းတော်အတွင်းသို့ ဝင်ရောက်ပြီး မယ်တော်မိဖုရားခေါင်ကြီးကို သွားရောက် တွေ့ဆုံခဲ့၏။

အဝေးကနေပင် မယ်တော်မိဖုရားခေါင်ကြီး၏ ချစ်ခင်ယုယသော အသံကို ကြားလိုက်ရသည်။

“ငါ့ရဲ့ ရှန်ရှန်းလေး လာပြီ။ ငါ့ရဲ့ အသည်းအသက်လေး လာပြီ။”

ထို့နောက် မယ်တော်မိဖုရားခေါင်ကြီးသည် အပြေးအလွှား ထွက်လာပြီး မင်းသမီး ရှန်းရှန်းကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်၏။

ထို့နောက် သူမသည် မင်းသမီး ရှန်းရှန်း၏ မျက်နှာလေးကို အချိန်အတော်ကြာ ကိုင်တွယ်ကာ ပြောလိုက်သည်။ “နုလန်ဟောက် အိမ်တော်က ရေနဲ့ ဆန်တွေက တကယ်ပဲ လူကို အားဖြည့်ပေးတာပဲ။ ငါတို့ ရှန်ရှန်းလေးရဲ့ မျက်နှာလေးတောင် ပိုကောင်းလာပြီ။”

ယွင်ကျုံးဟဲ့သည် မယ်တော်မိဖုရားခေါင်ကြီးကို အရိုအသေပေးကာ ပြောလိုက်၏။ “ကျုပ်... မယ်တော် မိဖုရားခေါင်ကြီးကို အရိုအသေပေးပါတယ်။”

မယ်တော်မိဖုရားခေါင်ကြီးက အလျင်အမြန် ပြန်ပြောလိုက်သည်။ “တစ်မိသားစုတည်းတွေပဲ... တစ်မိသားစုတည်းတွေပဲ။ ဒီလို ခေါ်နေစရာ မလိုဘူး။ အောက်ယွီ... မင်းလည်း ရှန်ရှန်းလိုပဲ ငါ့ကို အဘွားလို့ ခေါ်လို့ ရတယ်။”

ထို့နောက် မယ်တော်မိဖုရားခေါင်ကြီးသည် ယွင်ကျုံးဟဲ့၏ လက်ကို ကိုင်ကာ ပြောလိုက်၏။ “လောက တစ်ခုလုံးမှာ အောက်ယွီလိုမျိုး ထူးချွန်တဲ့ လူငယ်လေးတွေ တကယ်ကို ရှားပါးတယ်။ ငါတို့ ရှန်ရှန်းလေးက တကယ်ကို ကံကောင်းတာပဲ။”

မယ်တော်မိဖုရားခေါင်ကြီးက ဆက်ပြောလိုက်သည်။ “ရှန်ရှန်းလေး... လွန်ခဲ့တဲ့ လအနည်းငယ်က အဘွား ပြောခဲ့တဲ့ ဒေါသစကားတွေကို မင်း လုံးဝ စိတ်ထဲ မထားပါနဲ့နော်။ အဘွားက ပါးစပ်ကသာ ဆိုးတာ၊ စိတ်ကတော့ သဘောကောင်းတယ်ဆိုတာ မင်းလည်း သိပါတယ်...”

မင်းသမီး ရှန်းရှန်းက ချွဲနွဲ့စွာဖြင့် ပြန်ပြောလိုက်၏။ “အဘွားက ဘာတွေ ပြောနေတာလဲ။ တခြား မိသားစုက ကလေးတွေ ဆိုရင် ငယ်ငယ်တည်းက အရိုက်ခံ၊ အဆဲခံ ရတာတွေချည်းပဲ။ ရှန်ရှန်းက အားကျလို့တောင် မဆုံးဘူး။ အဲဒီလို ဘဝမျိုးကမှ တကယ့် လူနေမှု ဘဝလို့ ခေါ်တာလေ။”

မယ်တော်မိဖုရားခေါင်ကြီးသည် မင်းသမီး ရှန်းရှန်းကို ဖက်ကာ ပြောလိုက်သည်။ “ငါရဲ့ ရှန်ရှန်းလေးက တကယ့်ကို အသည်းအသက်လေးပါပဲ။ မင်းကမှ တကယ် လိမ္မာရေးခြား ရှိတာပါ။”

“ယောက်ျား... ရှင် ဒီမှာ နေရတာ အရမ်း ပျင်းစရာ ကောင်းနေမှာပဲ။ ကျွန်မက အဘွား နဲ့အတူတူ နေ့လည်စာ စားလိုက်အုံးမယ်။ အကယ်၍ ရှင်က အစ်ကိုတော် အိမ်ရှေ့စံမင်းသားကို စိတ်ပူနေတယ်ဆိုရင် သွားကြည့် လိုက်ပါအုံး။” မင်းသမီး ရှန်းရှန်းက ပြောလိုက်၏။

ယွင်ကျုံးဟဲ့ ဦးညွတ်လျက် ပြောလိုက်သည်။ “မယ်တော်မိဖုရားခေါင်ကြီး... ဒါဆို ကျုပ် အရင် ပြန်ခွင့်ပြုပါအုံး။”

“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။” မယ်တော်မိဖုရားခေါင်ကြီးသည် ယွင်ကျုံးဟဲ့ ထွက်ခွာသွားသည်ကို ချစ်ခင်ယုယသော အကြည့်များဖြင့် ကြည့်ရှုနေတော့၏။

ကွမ်မင်နန်းဆောင်သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဤရက်ပိုင်းအတွင်း အလျင်စလို ပြင်ဆင်နေရသည်။

ယွင်ကျုံးဟဲ့ ချန်အန်းနန်းဆောင်သို့ သွားရာလမ်းတွင် လူတစ်ယောက်က သူ့အရှေ့တွင် ချက်ချင်း ဒူးထောက်ကာ အဆက်မပြတ် ဦးညွတ်နေတော့၏။

“နုလန်ဟောက်... နုလန်ဟောက်... ကျုပ်ကို ကယ်တင်ပါအုံး...” မိန်းမစိုးကြီး ဟောက်ချင့်သည် နဖူးမှ သွေးထွက်သည်အထိ အဆက်မပြတ် ဦးညွတ်နေပြီးနောက် သူ့ကိုယ်သူ ပါးရိုက်နေတော့သည်။

“ဒီအဘိုးကြီးက မျက်စိကန်းနေလို့ အရင်တုန်းက နုလန်ဟောက်ကို စော်ကားခဲ့မိခဲ့ပါတယ်။ နုလန်ဟောက် အနေနဲ့ သဘောထားကြီးကြီးနဲ့ ဒီအဘိုးကြီးရဲ့ ခွေးတစ်ကောင်လို အသက်လေးကို ချမ်းသာပေးပါလို့ တောင်းပန်ပါတယ်။”

မိန်းမစိုးကြီး ဟောက်ချင့်က အသည်းအသန် တောင်းပန်နေတော့၏။ “ဒီနေ့ကစပြီး နုလန်ဟောက်ဟာ ကျုပ်ရဲ့ ဘိုးဘိုးကြီးပါပဲ။ ခင်ဗျားက အရှေ့ကို သွားခိုင်းရင် ဒီအဘိုးကြီးက အနောက်ကို လုံးဝ မသွားရဲပါဘူး။”

ယွင်ကျုံးဟဲ့ ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။

ဘေးနားရှိ မိန်းမစိုး တစ်ဦးက အေးစက်စက် ရယ်မောလိုက်ပြီး ရှေ့သို့တက်ကာ ဟောက်ချင့်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်တော့၏။

“ဘယ်လို အဆင့်အတန်း နိမ့်ကျတဲ့ အစေခံယုတ်မျိုးက နုလန်ဟောက်ရဲ့ လမ်းကို လာပိတ်ရဲတာလဲ။”

ထိုမိန်းမစိုးသည် ဟောက်ချင့်ကို ခြေထောက်ဖြင့် ကန်ထုတ်ပြီးနောက် ချက်ချင်းပဲ ခါးကို ကိုးဆယ် ဒီဂရီ ကိုင်းကာ အရိုအသေပေးလျက် ပြောလိုက်သည်။ “နုလန်ဟောက်... ကျုပ်က ခင်ဗျားအတွက် လမ်းရှင်းပေးလိုက်ပါပြီ။”

ယွင်ကျုံးဟဲ့ နောက်တစ်ကြိမ် ပြုံးလိုက်ရာ ထို မိန်းမစိုးသည် ပို၍ပင် ခါးကိုင်းသွားပြီး ခန္ဓာကိုယ်ကို ထက်ပိုင်း ခေါက်ချင်နေသကဲ့သို့ ဖြစ်နေ၏။

ဤလမ်းတစ်လျှောက်လုံးတွင် ယွင်ကျုံးဟဲ့ ဖြတ်သန်းသွားသော နေရာတိုင်းရှိ နန်းတွင်း အစေခံများ၊ မိန်းမစိုးများ အားလုံးသည် ဒူးထောက် အရိုအသေပေးနေကြသည်။

“နုလန်ဟောက်…”

“ကျွန်မ နုလန်ဟောက်ကို အရိုအသေပေးပါတယ်။”

သူ၏ နန်းတော်အတွင်းရှိ ဩဇာအာဏာသည် မင်းသားများထက်ပင် လုံးဝ သာလွန်နေပြီ ဖြစ်၏။

ချန်အန်းနန်းဆောင် အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ ဧကရာဇ်ဟောင်းမှာ မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်။

ဧကရာဇ်ဟောင်းသည် အိမ်ရှေ့စံမင်းသား ကျိုးလီ၏ ဘေးနားတွင် နေ့ရောညပါ တစ်ရက်တိတိ စောင့်နေခဲ့၏။

“နုလန်ဟောက်... ခင်ဗျား လာတာ အတော်ပဲ။ မြန်မြန် ဧကရာဇ်ဟောင်းကို ဖျောင်းဖျပေးပါအုံး။ သူက အိမ်ရှေ့စံမင်းသားရဲ့ ဘေးနားမှာ နေ့ရောညပါ တစ်ရက်တိတိ စောင့်နေတာ။ ဒီအတိုင်း ဆက်သွားနေရင် ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်မှာလဲ။” ဟောက်ချန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

ယွင်ကျုံးဟဲ့ ရှေ့သို့တက်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... နိုင်ငံတော်ဟာ အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေတယ်။ အခု တောင်ပိုင်းနဲ့ အနောက်ပိုင်းက ပြဿနာတွေလည်း မရှင်းလင်းရသေးဘူးဆိုတော့ အရှင်က လဲကျသွားလို့ မဖြစ်ဘူးနော်။ ဒီအတိုင်း ဇွတ်လုပ်နေလို့ မဖြစ်ဘူး။ အိမ်ရှေ့စံမင်းသားရဲ့ဘက်မှာ ကျုပ် စောင့်နေပါ့မယ်။”

ဧကရာဇ်ဟောင်းသည် ငေးမောနေပြီး ယွင်ကျုံးဟဲ့၏ စကားကို ကြားလိုက်ရချိန်မှာတော့မှ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။ မင်းနဲ့ အိမ်ရှေ့စံမင်းသားက ညီအစ်ကိုတွေ ထက်တောင် ပိုပြီး ရင်းနှီးကြတာဆိုတော့ မင်းက သူ့ဘေးနားမှာ စောင့်ပြီး စကားလေး ဘာလေးများများ ပြောပေးရင် သူ သတိရလာနိုင်တယ်။”

ထို့နောက် ဧကရာဇ်ဟောင်းသည် အိပ်စက်ရန် ထွက်သွားတော့၏။

ယွင်ကျုံးဟဲ့သည် ကုတင်ဘေးတွင် ထိုင်ကာ သတိလစ် မေ့မြောနေသော အိမ်ရှေ့စံမင်းသား ကျိုးလီကို စောင့်ရှောက်ပေးနေတော့သည်။

သူ၏ အသက်ရှူသံမှာ ပုံမှန် ဖြစ်လို့နေပြီး သွေးခုန်နှုန်းမှာလည်း ပုံမှန် ဖြစ်သည်။ သို့သော်လည်း လုံးဝ သတိလစ် မေ့မြောနေလေ၏။

နန်းတွင်း သမားတော်များသည် နည်းလမ်း ပေါင်းစုံ အသုံးပြုခဲ့သော်လည်း သူ့ကို သတိရလာအောင် လုံးဝ မလုပ်နိုင်ခဲ့ချေ။

ယွင်ကျုံးဟဲ့လည်း နည်းလမ်း အများအပြား စဉ်းစားကြည့်ခဲ့ပြီး လျှပ်စစ်ဖြင့် နှိုးဆွခြင်းကိုပင် စမ်းသပ် ကြည့်ခဲ့သော်လည်း လုံးဝ အသုံးမဝင်ခဲ့ပေ။

ရက်ပေါင်း ဆယ်ရက်ကျော်၊ နှစ်ဆယ်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤကာလအတွင်း မယ်တော်မိဖုရားခေါင်ကြီးနှင့် ယွင်ကျုံးဟဲ့ တို့သည် အလှည့်ကျဖြင့် အိမ်ရှေ့စံမင်းသား ကျိုးလီကို စောင့်ရှောက်ပေးနေကြပြီး နေ့တိုင်း သူ့ကို သတိရလာစေရန် ရည်ရွယ်ချက်ဖြင့် အဆက်မပြတ် စကားပြောပေးနေကြ၏။

သို့ပေမည့် အသုံးမဝင်ခဲ့ချေ။ အိမ်ရှေ့စံမင်းသားသည် ဆက်လက်၍ သတိလစ် မေ့မြောနေဆဲ ဖြစ်သည်။

ကွမ်မင်နန်းဆောင် ကိလည်း ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်သောကြောင့် ညီလာခံ တက်သင့်ပြီ ဖြစ်၏။

သို့ရာတွင် ယခုကဲ့သို့သော အခြေအနေဆိုးမျိုး၌ ညီလာခံ ကျင်းပရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ ဧကရာဇ် ဝမ်ယွင်မှာ နေအိမ်အကျယ်ချုပ် ချမှတ်ခြင်း ခံထားရပြီး အိမ်ရှေ့စံမင်းသား ကျိုးလီကလည်း သတိလစ် မေ့မြောလျက် ရှိနေသည်။

ပြီးခဲ့သော ညီလာခံ၌ ဧကရာဇ် ဝမ်ယွင်သည် ထီးနန်းစွန့်ခဲ့ပြီး ဧကရာဇ်ထီးနန်းကို အိမ်ရှေ့စံမင်းသားထံသို့ လွှဲပြောင်းအပ်နှင်းခဲ့ပြီး ဖြစ်၏။

ထို့ကြောင့် အသင့်တော်ဆုံး အခြေအနေမှာမူ အိမ်ရှေ့စံမင်းသား ကျိုးလီက ထီးနန်းစိုးစံ၍ ဧကရာဇ်ဟောင်းက နောက်ကွယ်မှ အုပ်ချုပ်ရေးကိစ္စရပ်များကို ကူညီပံ့ပိုးပေးရန်သာ ဖြစ်သည်။

သို့သော်လည်း ယခုအခါ အိမ်ရှေ့စံမင်းသားကိုယ်တိုင် သတိလစ်မေ့မြောနေသည်ဖြစ်ရာ မည်သည့်နည်းနှင့်မှ ထီးနန်းတက်နိုင်သည့် အခြေအနေ မရှိသေးချေ။

ထို့ကြောင့် ယနေ့ ညီလာခံတွင် ဧကရာဇ် ပလ္လင်ပေါ်၌ ဧကရာဇ်ဟောင်း တစ်ပါးတည်းသာ ရှိနေလေ၏။

“ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်... လျှောက်တင်စရာ ရှိရင် လျှောက်တင်ပါ။”

ချက်ချင်းပဲ လူတစ်ယောက် ထွက်လာ၏။ အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီး ရှီထျန်းဖန်က ပြောလိုက်သည်။ “အရင်က ကိစ္စတွေ အများကြီး ဖြစ်ခဲ့လို့ အများကြီး နှောင့်နှေးသွားခဲ့ရတယ်။ ဒီတစ်ကြိမ် ကျိန့်ဟိုင်မြို့စားရဲ့ ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့ပေမယ့် ပုန်ကန်သူ စီးပြန်းက ဟေးပင်းထိုင် အကျဉ်းထောင်ထဲမှာ ရှိနေသေးပြီး စစ်ဆေးမေးမြန်းမှုတွေ မလုပ်ရသေးပါဘူး။ နောက်ပြီး နုလန်ဟောက် အောက်ယွီဟာ ကြီးမားတဲ့ အကျိုးဆောင်မှုကြီးကို ရရှိခဲ့ပေမယ့် ဆုချီးမြှင့်မှုတွေ မလုပ်ရသေးပါဘူး။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ကျုပ်ရဲ့ အစီအစဉ်အရဆိုရင် ဧကရာဇ် အသစ် နန်းတက်ပြီးမှသာ စီးပြန်းကို အပြစ်ပေးဖို့၊ အမတ်တွေကို ဆုချီးမြှင့်ဖို့ လုပ်ချင်တာပါ။ ဒါကြောင့် အောက်ယွီ... ခင်ဗျားကို အားနာတယ်။ ဒါပေမဲ့ ခင်ဗျားက ဂရုမစိုက်ဘူး ဆိုတာကို ကျုပ် သိတယ်။ ခင်ဗျားက ရှန်ရှန်းရဲ့ ခင်ပွန်း ဖြစ်နေတော့ ကိုယ်တော်ရဲ့ မြေးလေးလိုပါပဲ။ ကိုယ်တော်ကလည်း အများကြီး ဂရုစိုက်နေမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့ ဦးညွတ်လျက် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဧကရာဇ်ဟောင်း။”

အပိုင်း (၆၁၈)

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာနက အဆိုပြုလာပြီ ဆိုမှတော့ နန်းတွင်းရဲ့ စည်းကမ်း အတိုင်းပဲ လုပ်ကြတာပေါ့။ ခင်ဗျားက ကိုယ်တော်ရဲ့ မြေးလေးလို ဖြစ်နေလို့ ဂုဏ်သိက္ခာနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဂရုမစိုက်ပေမယ့် ခင်ဗျားကို ဆုမချီးမြှင့်ဘူးဆိုရင် အောက်က အမတ်တွေနဲ့ စစ်သူကြီးတွေလည်း ဆုချီးမြှင့် ခံရမှာ မဟုတ်ဘူးလေ။ ကိုယ်တော်တို့က တခြားလူတွေရဲ့ လမ်းကို မပိတ်သင့်ဘူး။

အမိန့်တော်ရေးလိုက်… အောက်ယွီဟာ ပင်ပန်းဆင်းရဲခံပြီး ကြီးမားတဲ့ အကျိုးဆောင်မှုကြီးကို ရရှိခဲ့တဲ့ အတွက် အောက်ကော်ကုန်း အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပြီး မျိုးရိုးစဉ်ဆက် ဆက်ခံခွင့် ပေးလိုက်တယ်။”

ယွင်ကျုံးဟဲ့ ဦးညွတ် အရိုအသေပေးလျက် ပြောလိုက်သည်။ “ကျုပ်... ဧကရာဇ်ဟောင်းရဲ့ ချီးမြှင့်မှုကို ကျေးဇူးတင်ပါတယ်။”

ဆက်လက်၍ ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ကော်ကုန်း ဖြစ်သွားပြီဆိုတော့ အရင်က နိုင်ကော်ရဲ့ ယွမ်ဝိုက်လန် ဆိုတာက အရမ်း အကြည့်ရဆိုးနေပြီ။ ဒါပေမဲ့ ချက်ချင်း ဝန်ကြီးချုပ် နေရာကို တိုးမြှင့်ပေးလိုက်ရင်လည်း နန်းတွင်းရဲ့ စည်းကမ်းကို ဖျက်ဆီးသလို ဖြစ်သွားလိမ့်မယ်။ ဒီလိုလုပ်ကြတာပေါ့။ အောက်ယွီကို ဝူရင်းနန်းဆောင် ပညာရှင်အဖြစ် ခန့်အပ်လိုက်ပြီး စတုတ္ထအဆင့်လို့ ယာယီ သတ်မှတ်လိုက်တယ်။”

“ကျုပ်တို့ အမိန့်တော်ကို ခံယူပါတယ်။”

ယွင်ကျုံးဟဲ့သည် မင်ခေတ်ကို အလိုအလျောက် သတိရသွားမိ၏။ အစပိုင်းတွင် ကျုံးရှုဌာန ရှိခဲ့ပြီး ဝန်ကြီးချုပ်များလည်း ရှိခဲ့သည်။

ထို့နောက် ကျူးယွမ်ကျန်းက ကျုံးရှုဌာနကို ဖျက်သိမ်းလိုက်ပြီးနောက် မင်ခေတ်တွင် ဝန်ကြီးချုပ်နေရာ မရှိတော့ဘဲ ဟွာကိုင်နန်းဆောင်၊ ဝူရင်း နန်းဆောင်၊ ဝမ်ယွမ်နန်းဆောင်၊ တုန်းကောနန်းဆောင် အစရှိသော နန်းဆောင်ကြီးများမှ နန်းတွင်းပညာရှင်နေရာများကို ထပ်မံ တိုးချဲ့ခဲ့၏။

ဤ နန်းတွင်းပညာရှင် ရာထူးများကို များသောအားဖြင့် ဝန်ကြီးဌာန ခြောက်ခုမှ ဝန်ကြီးများက ပူးတွဲ တာဝန်ယူလေ့ရှိသည်။

ယုံလဲ့ဧကရာဇ် နန်းတက်လာပြီးနောက် နိုင်ကော်ကို တည်ထောင်ခဲ့ပြီး နန်းတွင်းပညာရှင် အချို့သည် နိုင်ကော်၏ အဖွဲ့ဝင်များ ဖြစ်လာကာ ဩဇာအာဏာ ပိုမို ကြီးမားလာခဲ့ပြီး ဝန်ကြီးချုပ် အမည် မရှိသော်လည်း ဝန်ကြီးချုပ် အာဏာ ရှိခဲ့ကြ၏။

‘ဧကရာဇ်ဟောင်းက ဘာအဓိပ္ပာယ်လဲ။ ဝန်ကြီးချုပ် နေရာကို လုံးဝ ဖျက်သိမ်းပစ်ချင်နေတာလား။ အဲဒီလိုတော့ မဖြစ်လောက်ဘူး။’

နောက်ဆက်တွဲ အနေဖြင့် ပုန်ကန်သူ စီးပြန်းကို မည်ကဲ့သို့ အပြစ်ပေးရမည်နည်းဟု ဆွေးနွေးကြတော့သည်။

အမတ်များ ဆွေးနွေး၍ မရဖြစ်နေသောကြောင့် ဧကရာဇ်ဟောင်းက နောက်တစ်ကြိမ် မေးမြန်းလိုက်၏။ “အောက်ကော်ကုန်း... ဒီစစ်ပွဲက ခင်ဗျားနဲ့ အိမ်ရှေ့စံမင်းသား ကျိုးလီတို့ တိုက်ခိုက်ခဲ့တာဆိုတော့ ခင်ဗျားမှာ ပြောရေးဆိုခွင့် အရှိဆုံးပဲ။ ဘယ်လို ထင်လဲ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အခု တောင်ပိုင်းနဲ့ အနောက်ဘက် နယ်စပ်က အကြီးအကဲတွေက အမိန့်တော်ကို နာခံပြီး မြို့တော်ကို မလာကြသေးဘူး။ နန်းတွင်းက အရမ်း တင်းကျပ်လွန်းတယ်လို့ ထင်နေလို့ ဖြစ်နိုင်တယ်။ ဒါကြောင့် ကျိန့်ဟိုင်မြို့စားကို နည်းနည်းလောက် သက်ညှာပေးသင့်တယ်လို့ ထင်တယ်။ စီးမိသားစုဝင်တွေရဲ့ စိတ်ကို တည်ငြိမ်စေသလို၊ တောင်ပိုင်းက အမတ်တွေရဲ့ စိတ်ကိုလည်း တည်ငြိမ်စေဖို့ပါ။”

“ကောင်းတယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ခင်ဗျားက ငယ်ငယ်လေးနဲ့ ဒီလောက်တောင် နိုင်ငံတော်အတွက် စဉ်းစားပေးနိုင်တာ ကိုယ်တော် အရမ်း ဝမ်းသာတယ်။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “စီးပြန်းရဲ့ မျိုးနွယ်မတူ ဘုရင် နေရာကိုတော့ ဆက်ထားလို့ မရတော့ဘူး။ ကျိန့်ဟိုင်ကွန်း အဖြစ် ရာထူး လျှော့ချရပါမယ်။ စီးမိသားစုရဲ့ နယ်မြေ ကိုတော့ အပြောင်းအလဲ မလုပ်ဘဲ စီးမိသားစုကိုပဲ ဆက်လက် အုပ်ချုပ်ခွင့် ပြုရပါမယ်။ ဒါပေမဲ့ နန်းတွင်းရဲ့ တည်ရှိနေမှုကို ပြသတဲ့ အနေနဲ့ စီးမိသားစုရဲ့ နယ်မြေမှာ ဘုရင်ခံ တစ်ယောက် စေလွှတ်ရပါမယ်။”

ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ဒါဆို ဘုရင်ခံ နေရာကို ဘယ်ကနေ စေလွှတ်ရင် ကောင်းမလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဧကရာဇ်ဟောင်း... ဒီ ဘုရင်ခံကို စီးမိသားစုထဲကနေပဲ ရွေးချယ် ခန့်အပ်လိုက်ပါ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း၏ စိတ်ထဲတွင် အော်မိလိုက်တော့၏။ 'အဆိပ်ပြင်း အကြံအစည်ပဲ။ ဒါက မက်မွန်သီး တစ်လုံးနဲ့ စစ်သည် နှစ်ယောက်ကို သတ်တာ၊ ဉာဏ်နီဉာဏ်နက် သုံးတာပဲ။’

စီးမိသားစု၏ အုပ်ချုပ်ပိုင်ခွင့်နယ်မြေမှာ တစ်ခုတည်းသာ ရှိသည်ဖြစ်ရာ ကွန်း ရာထူးတစ်ခုနှင့် ဘုရင်ခံ ရာထူးတစ်ခု တပြိုင်နက်တည်း ခန့်အပ်၍ ထိုရာထူးနှစ်ခုလုံးကို လူတစ်ဦးတည်းအား ပူးတွဲအပ်နှင်းရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။

ဤသို့သာဆိုလျှင် စီးမိသားစုသည် မလွဲမသွေ စိတ်ဝမ်းကွဲပြားကာ အကွဲအပြဲဆီသို့ ဦးတည်သွားတော့မှာ ဖြစ်၏။

ထို့အပြင် ဤပရိယာယ်သည် မည်သူမဆို သိမြင်နိုင်သော ပွင့်လင်းသည့် အကြံအစည်မျိုးဖြစ်သော်လည်း လုံးဝ တားဆီးပိတ်ပင်၍ မရနိုင်သော လှည့်ကွက်ဆန်းတစ်ခုလည်း ဖြစ်သည်။

“ကောင်းပြီ... ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အမိန့်တော်ကို ချက်ချင်း ရေးလိူင်... စီးမိသားစုရဲ့ နယ်မြေကို ထျန်းနန် ပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ပြီး စီးမိသားစု ထဲက အရည်အချင်းရှိတဲ့ သူတစ်ယောက်ကို ရွေးချယ်ကာ ဘုရင်ခံ အဖြစ် ခန့်အပ်လိုက်မယ်။”

“ကျုပ်တို့ အမိန့်တော်ကို ခံယူပါတယ်။”

ထို့နောက် ရုတ်တရက် စုံစမ်းစစ်ဆေးရေးရုံး အကြီးအကဲ ထွက်လာပြီး ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းကို လျှောက်တင်ပါတယ်။ လောကမှာ တစ်ရက်လေးတောင် အရှင်သခင် မရှိဘဲ နေလို့ မဖြစ်ဘူး။ ဧကရာဇ်ဟာ ပုန်ကန်သူ ဖြစ်လို့ လောက က ပြည်သူတွေရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါပြီ။ အိမ်ရှေ့စံမင်းသားကလည်း သတိလစ် မေ့မြောနေဆဲဖြစ်လို့ ကျုပ်က ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူဖို့ လျှောက်တင်ပါတယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး အံ့ဩသွားကြတော့၏။

ထို့နောက် လူတိုင်းသည် ဧကရာဇ်ဟောင်းကို အလိုအလျောက် ကြည့်ရှုလိုက်ကြပြီး နှလုံးသားများ အနည်းငယ် တုန်ယင်သွားကြတောသည်။

‘မသိမသာလေးနဲ့ ဧကရာဇ်ဟောင်းဟာ အသက် နှစ်ဆယ်ကျော် လောက်တောင် နုပျိုသွားပါလား။ အရင်တစ်ခေါက် မတ်တတ်ရပ်ပြီး နန်းတော် အပြင်ဘက်ကို လျှောက်သွားတုန်းကတင် အရမ်းကို အံ့ဩစရာ ကောင်းနေပြီလေ။

အခုတစ်ခါကျတော့ သူ့ကိုယ်ပေါ်မှာ သွေးကွက်တွေလည်း မရှိတော့ဘူး။ ပိန်လှီနေသေးပေမယ့် ကျန်းမာရေး မကောင်းဘူးလို့တောင် ပြောလို့ မရတော့ဘဲ လုံးဝကို တက်ကြွနေပြီး အလွန်ဆုံး အသက် ငါးဆယ် ကျော်လောက်ပဲ ရှိသေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

ပြီးတော့ လမ်းလျှောက်တာကလည်း အရမ်းကို သွက်လက်နေပြီး အိုမင်းနေတဲ့ ပုံစံမျိုး နည်းနည်းလေးမှ မရှိတော့ဘူး။ ဒါ... ဒါ တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်။ ဧကရာဇ်ဟောင်းဟာ တကယ်ပဲ နုပျိုသွားတာလား။

ဒဏ္ဍာရီ ထဲကလိုပဲ သူရဲ့ အသက်ရှည် နုပျိုစေတဲ့ ဆေးဟာ တကယ်ပဲ အောင်မြင်သွားတာလား။ အသက် တစ်ရာ့နှစ်ဆယ် အထိတောင် နေနိုင်တော့မှာလား။ အဲဒီလိုဆိုရင် နောက်ထပ် အနှစ် လေးဆယ် တောင် ကျန်သေးတာပေါ့။

ပြီးတော့ ဧကရာဇ်ဟောင်းရဲ့ ဒီလောက် ကျန်းမာသန်စွမ်းနေတဲ့ ပုံစံကို ကြည့်ရတာ မျက်နှာကတောင် တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး နုပျိုလာသေးတယ်။’

စုံစမ်းစစ်ဆေးရေးရုံး အကြီးအကဲ ပထမဆုံး ဒူးထောက်လိုက်ပြီးနောက် အခြား အမတ် အများအပြား သည်လည်း အဆက်မပြတ် ဒူးထောက်လာကြတော့၏။

“ကျုပ် ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူဖို့ လျှောက်တင်ပါတယ်။”

“ကျုပ် ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူဖို့ လျှောက်တင်ပါတယ်။”

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်အများစုသည် အားလုံး ဒူးထောက်ကာ ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူရန် တောင်းဆိုကြတော့သည်။

“အရူးစကားတွေ...”

ဧကရာဇ်ဟောင်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒီ ဧကရာဇ် နေရာက အိမ်ရှေ့စံမင်းသား အတွက်ပါ။ ကိုယ်တော်က မီတျဲ ချိုင့်ဝှမ်းက ဆရာကြီးတွေကို ဖိတ်ခေါ်ပြီး အိမ်ရှေ့စံမင်းသားကို ကုသပေးဖို့ လုပ်ထားပြီးပြီ။ အိမ်ရှေ့စံမင်းသားဟာ မကြာခင်မှာပဲ သတိရလာပြီး ဧကရာဇ် နေရာကို ဆက်ခံနိုင်မယ်လို့ ယုံကြည်တယ်။ ကိုယ်တော်က လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက နန်းစွန့်ခဲ့တာဆိုတော့ ပြန်လည် ရယူဖို့ အကြောင်းပြချက် မရှိဘူး။ ဒီကိစ္စကို နောက်နောင် ဘယ်တော့မှ ထပ်မပြောကြနဲ့။”

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ် အများအပြားသည် နောက်တစ်ကြိမ် အဆက်မပြတ် တောင်းဆိုကြပြီး ဧကရာဇ်ဟောင်းကို ဧကရာဇ် နေရာ ပြန်လည် ရယူရန် တောင်းဆိုကြပြန်သည်။

ဧကရာဇ်ဟောင်း နောက်တစ်ကြိမ် ငြင်းပယ်လိုက်ပြီးနောက် ညီလာခံ သိမ်းလိုက်တော့၏။

“ညီလာခံ သိမ်းပြီ။”

ချန်အန်းနန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ဧကရာဇ်ဟောင်းသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး အိမ်ရှေ့စံမင်းသား ကျိုးလီ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတော့သည်။

“အောက်ယွီ... မင်း တစ်ယောက်တည်းကသာ ကိုယ်တော်ကို နားလည်တာ။ မင်း တစ်ယောက်တည်းကသာ ကိုယ်တော့်ကို နားလည်တဲ့သူပဲ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ အားလုံးက အခွင့်အရေး ယူချင်တဲ့သူတွေချည်းပဲ။ အားလုံးက အာဏာရှိတဲ့ သူနောက်ကို လိုက်ချင်တဲ့ သူတွေချည်းပဲ။ အားလုံးက ကိုယ်တော့်ကို ဧကရာဇ် နေရာ ပြန်လည် ရယူဖို့ တောင်းဆိုနေကြတယ်။ သူတို့က ကိုယ်တော့်ကို ဘာလို့ ထင်နေကြတာလဲ။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ။ ဘယ်လောက်တောင် ယုတ္တိမရှိလိုက်လဲ။ ကလေး... မင်း တစ်ယောက်တည်းကသာ ကိုယ်တော့်ကို နားလည်တာ။”

ထို့နောက် ဧကရာဇ်ဟောင်းသည် ကျိုးလီ၏ လက်ကို ကိုင်ကာ ပြောလိုက်သည်။ “ကျိုးလီရဲ့ ခန္ဓာကိုယ်က လုံးဝ အဆင်ပြေတယ်။ မီတျဲ ချိုင့်ဝှမ်းက ဆရာကြီးတွေ လာကုသပေးပြီးတာနဲ့ ချက်ချင်း ကျန်းမာသွားမှာပါ။ အဲဒီအချိန်ကျရင် သူ နန်းတက်ပြီး ဧကရာဇ် ဖြစ်လာမှသာ ကိုယ်တော့်တို့ တာ့ကျိုးဟာ ရေရှည် ငြိမ်းချမ်းနိုင်မှာပါ။”

ယွင်ကျုံးဟဲ့ ဦးညွတ်လျက် ပြောလိုက်၏။ “ဧကရာဇ်ဟောင်းက ဉာဏ်ပညာ ကြီးမားပါတယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ကဲ... မင်း အိမ်ပြန်လိုက်ပါတော့။ ဒီနေ့ အိမ်ရှေ့စံမင်းသားကို ကိုယ်တော် စောင့်ပေးမယ်။ မနက်ဖြန်ကျမှ မင်း ပြန်လာစောင့်ပေါ့။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။”

ချန်အန်း နန်းဆောင်မှ ထွက်ခွာလာပြီးနောက် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များသည် မထွက်ခွာကြသေးဘဲ အောက်ယွီကို မြင်တွေ့ရချိန်မှာတော့ အမတ် အများအပြားသည် အလျင်အမြန် ရှေ့သို့ တိုးလာကြ၏။ ဝန်ကြီးချုပ်များ၊ နိုင်ကော်မှ အမတ်ကြီးများပင် ပါဝင်သည်။

“အောက်ကော်ကုန်း... မင်းနဲ့ ဧကရာဇ်ဟောင်းဟာ အဘိုးနဲ့ မြေးလို ရင်းနှီးကြတာဆိုတော့ သူက ခင်ဗျားစကားကို နားအထောင်ဆုံးပါပဲ။ ကျေးဇူးပြုပြီး ခင်ဗျား သေချာပေါက် တောင်းဆိုပေးပါ။ လောကမှာ တစ်ရက်လေးတောင် အရှင်သခင် မရှိဘဲ နေလို့ မဖြစ်ဘူး။”

“အောက်ကော်ကုန်း... ခင်ဗျား တောင်းဆိုလိုက်တာနဲ့ ဧကရာဇ်ဟောင်းက သေချာပေါက် ဧကရာဇ် နေရာ ပြန်လည် ရယူမှာပါ။ ဒါတွေ အားလုံးက တာ့ကျိုး နိုင်ငံတော် အတွက်ပါ။”

“အောက်ကော်ကုန်း... ခင်ဗျား စာချွန်လွှာ တင်သွင်းတဲ့နေ့ကျရင် ကျုပ်တို့အားလုံး ခင်ဗျားရဲ့ နောက်ကနေ လိုက်ပြီး တောင်းဆိုပါ့မယ်။”

ယွင်ကျုံးဟဲ့သည် လက်သီးဆုပ် အရိုအသေပေးရုံသာ ပြုလုပ်ပြီး ပြုံးရုံသာ ပြုံးနေကာ မည်သို့မှ တုံ့ပြန်ခြင်း မရှိခဲ့ချေ။

ညဘက် အချိန်တွင်...

မိန်းမစိုးကြီး ဟောက်ချန်သည် ယွင်ကျုံးဟဲ့၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ “အောက်ကော်ကုန်း... ကျုပ်က ခင်ဗျားကို ကိစ္စ တစ်ခု ပြောပြဖို့ လာတာပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မိန်းမစိုးကြီး ဟောက်ချန်... ပြောပါ။”

ဟောက်ချန်က ပြောလိုက်သည်။ “ရာထူးကျ ဧကရာဇ်ကို အကျယ်ချုပ် ချထားပြီးတဲ့နောက်မှာ အခုတလော အရမ်းကို ရူးသွပ်နေပြီး အရူးစကားတွေ အများကြီး ပြောနေတယ်။ ပုန်ကန်တဲ့ စကားတွေလောက်တင် မကတော့ဘဲ လုံးဝကို စိတ်ပိုင်းဆိုင်ရာ ရူးသွပ်နေတာပါ။ ဒီအတိုင်း ဆက်ထားရင်တော့ ဘေးဒုက္ခတွေ ဖြစ်လာနိုင်တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မိန်းမစိုးကြီး ဟောက်ချန်... ရှင်းရှင်းလင်းလင်း ပြောပါ။”

အသက်ကြီးနေပြီဖြစ်သော မိန်းမစိုး ဟောက်ချန်က ပြောလိုက်၏။ “အောက်ကော်ကုန်း... ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ နံပါတ်တစ် လူယုံတော် ဖြစ်ရုံသာမက ခင်ဗျားကို မြေးအရင်းလို သဘောထားတာပါ။ ဧကရာဇ်ဟောင်းက အရမ်းကို သနားကြင်နာတတ်တော့ သားကို သတ်တဲ့ အလုပ်မျိုးကို မလုပ်ရက်ဘူး။

ဒါပေမဲ့ ဒီကိစ္စကို ဒီအတိုင်း ဆက်ထားရင် ဘေးဒုက္ခတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျုပ်တို့ နှစ်ယောက် ဧကရာဇ်ဟောင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရင် ဘယ်လိုလဲ။ နောက်ပိုင်းမှာ ဧကရာဇ်ဟောင်းက အပြစ်တင်လာရင်လည်း ဒီအဘိုးကြီး တစ်ယောက်တည်းပဲ တာဝန်ယူပါ့မယ်။”

ဤစကားထဲက အဓိပ္ပာယ်ကို ယွင်ကျုံးဟဲ့ နားလည်သွားပြီဖြစ်၏။ ဧကရာဇ် ဝမ်ယွင်ကို သတ်ပစ်ရန် ဖြစ်သည်။

ယွင်ကျုံးဟဲ့ မျက်လုံးများကို မှိတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ။ ဒီကိစ္စကို ကျုပ် မိန်းမစိုးကြီးရဲ့ စကားကို နားထောင်ပါ့မယ်။ ကျုပ်တို့ ဧကရာဇ်ဟောင်းကို အခက်တွေ့အောင် မလုပ်သင့်ဘူး။”

....................................

All Chapters