အခန်း ၂၉၂၈
Vol. 233 Ch. 2928
အခန်း(၂၉၂၈)
ကျန်းချန်၏ စကားသံအဆုံးတွင် လူအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
ယွင်ရှောင်တောင်ခြေရှိ လူငယ်အများအပြားနှင့် တောင်ထိပ်ပေါ်ရှိ ဝမ်ရီတို့ လူငယ်များသည် ကျန်းချန်ကို ငတုံးတစ်ယောက်အား ကြည့်နေသကဲ့သို့ စိုက်ကြည့်နေခဲ့ကြသည်။
အရှင်ယွင်ကန်းသည် ယွင်ရှောင်ဂိုဏ်း၏ နာမည်ကျော် တလော့ အင်မော်တယ်တစ်ပါး ဖြစ်သည်။
သူက ဂိုဏ်းထဲတွင် အဆင့်အတန်း အလွန်မြင့်မားရုံသာမက ခွန်အားအရာတွင်လည်း အတိုင်းအဆမရှိ နက်ရှိုင်းသည်။
ယွင်ရှောင်ဂိုဏ်း၏ ထိုက်ယီအဆင့် အင်မော်တယ်အောက်တွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်အဖြစ် လူသိများ ကျော်ကြားသူလည်း ဖြစ်သည်။
သူတို့ထဲမှ မည်သူမဆို ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါး၏ တပည့်အဖြစ် လက်ခံခြင်းခံရလျှင် ယင်းသည် သေချာပေါက် အလွန်ကြီးမားသော ဂုဏ်ကျက်သရေ တစ်ခုပင်။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ အရှင်ယွင်ကန်းက သူ၏ ဆရာ ဖြစ်ရန်ပင် မထိုက်တန်သေးကြောင်း ပြောဆိုဝံ့နေခဲ့သည်။
ယင်းမှာ တကယ်ပင် သာမန် မောက်မာမှုမျိုး မဟုတ်ပေ။
“ဘယ်က လာတဲ့ သောက်ကလေးလည်း မသိဘူး.. အရှင်ယွင်ကန်းကိုတောင် စော်စော်ကားကား ပြောဆိုရဲတယ်”
ဤအခိုက်အတန့်တွင် ယွင်ရှောင်ဂိုဏ်းမှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူ၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
“အကြီးအကဲယွင်ကန်းက မျက်စိကျပြီး တပည့်အဖြစ် လက်ခံတာက မင်းအတွက် ဂုဏ်ယူစရာပဲ.. အကြီးအကဲယွင်ကန်းကို မြန်မြန် တောင်းပန်လိုက်စမ်း.. မဟုတ်ရင် င့ါကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
“ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်လောက်နဲ့များ ငါ့ကို ဒီလို စကားတွေပြောဖို့ ဘယ်ကနေ သတ္တိရလာတာလဲ.. ငါ့ရှေ့ကနေ ဖယ်စမ်း”
ကျန်းချန်က ပြောပြောဆိုဆိုဖြင့် လက်တစ်ဖက်ကို မြှောက်ကာ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်အဆင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ရိုက်ချလိုက်သည်။
“ဝုန်း..”
ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်အဆင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မည်သို့မျှပင် ပြန်လည် တုံ့ပြန်နိုင်ခြင်းမရှိဘဲ လက်ဝါးဖြင့် ရိုက်ချခြင်း ခံလိုက်ရသည်။
သူ၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ခန္ဓာကိုယ်သည်လည်း နောက်ပြန် လွင့်စင်သွားခဲ့ကာ နှုတ်ခမ်းထောင့်ကနေ နီစွေးသော သွေးများ စီးကျလာခဲ့သည်။
ဤအခိုက်အတန့်တွင် ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည်ပြီး သူ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်က ဒီကောင်ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်လား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဤအခိုက်အတန့်တွင် ကျန်းချန်၏ ခွန်အားကို မြင်တွေ့ဖူးထားသော ရှန်းဖန်မှ လွဲ၍ ပတ်ဝန်းကျင်ရှိ လူအားလုံးသည် မှင်တက်နေခဲ့ကြပြီး တစ္ဆေသရဲကို မြင်လိုက်ရသည့် အလား ၎င်းတို့၏ မျက်လုံးများကို ကိုယ်တိုင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
ထိုကောင်လေးသည် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်ကိုပင် တိုက်ကွက် တစ်ကွက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။
ယင်းမှာ သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းဆုံး တလော့အင်မော်တယ် အဆင့်နှင့် ယှဥ်နိုင်သည့် ခွန်အား ရှိနေပြီဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။
အထူးသဖြင့် ဝမ်ရီသည် သူကိုယ်တိုင်က အစောပိုင်းတွင် ကျန်းချန်နှင့် တိုက်ခိုက်ခါနီး အထိ ဖြစ်ခဲ့သည်ကို တွေးတောမိလျှင် ချွေးစေးများ အတောမသတ် စီးကျလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်က ကျန်းချန်သည် သူ့ကို သတ်ဖြတ်လိုစိတ် ရှိမနေခဲ့ပေ။
သို့မဟုတ်လျှင် မည်ကဲ့သို့ သေဆုံးသွားသည်ကိုပင် သိနိုင်လိမ့်မည် မဟုတ်ချေ။
“ကောင်လေး မင်းက ငါတို့ ယွင်ရှောင်ဂိုဏ်းက လူကို ငါ့ရဲ့ရှေ့မှာတင် ကိုယ်ထိ လက်ရောက် ကျူးလွန်တာကတော့ နည်းနည်း လွန်လွန်းသွားပြီ”
အရှင်ယွင်ကန်း နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းက ငါ့ကို ဆရာတင်ဖို့ လာတာမဟုတ်ဘူး ဆိုရင် ဘာဖြစ်လို့ ငါ့ရဲ့ တံဆိပ်ပြားကို ယူပြီး ယွင်ရှောင်ဂိုဏ်းဆီ ရောက်လာရတာလဲ”
ကျန်းချန်က ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။
“ငါက ခရီးသွားလာရင်းနဲ့ မင်းတို့ဆီမှာ ယာယီ တည်းခိုဖို့ စဥ်းစားမိလို့ပါ”
“မင်းတည်းခိုချင်ရင် အင်မော်တယ်မြို့ကြီးတွေမှာ ရှိတဲ့ တည်းခိုခန်းတွေ ဆီကို သွားပါလား.. မင်းက ငါတို့ ယွင်ရှောင်ဂိုဏ်းကို ဘာမှတ်နေတာလဲ . အခုချက်ချင်း ထွက်သွားစမ်း.. မဟုတ်ရင်တော့ ဒီအရှင်က ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”
အရှင်ယွင်ကန်းက အေးစက်စက် ပြောလိုက်သည်။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ထိုကောင်လေးသည် တလော့အင်မော်တယ် တစ်ဦးပင် ဖြစ်နေခဲ့ပြီ ဖြစ်ရာ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးဟု ဆို၍ရ၏။
သူတို့ ယွင်ရှောင်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အဖြစ် သတ်မှတ်ခံထားရသူသည်ပင် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူမျှသာ ရှိနေသေးသည်။
ဤကဲ့သို့ လူငယ်ပါရမီရှင်မျိုးသည် သေချာပေါက်ထူးခြားသော နောက်ခံ သမိုင်းကြောင်း ရှိပြီး ၎င်း၏ နောက်ကွယ်မှ အင်အားစုသည် ယွင်ရှောင်ဂိုဏ်းထက် ပို၍ မြင့်မားနိုင်သည့် အပြင် ဟန်ယွင်အဆင့် အင်အားစုမှ ဆင်းသက်လာခြင်းလည်း ဖြစ်နိုင်ခြေ အလွန်များ၏။
ယင်းကဲ့သို့ ပါရမီရှင်မျိုးနှင့် အရှင်ယွင်ကန်းသည် ပြဿနာမဖြစ်ချင်ခဲ့ပေ။
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“ခင်ဗျား ဘယ်လိုပဲပြောပြော ယွင်ရှောင်ဂိုဏ်းမှာ ယာယီတည်းခိုဖို့ ကျုပ် အသေအချာ ဆုံးဖြတ်ထားပြီးပြီ”
“ကောင်လေး.. မင်းက ထူးချွန်တဲ့ပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ ငါတို့ ယွင်ရှောင်ဂိုဏ်းက မင်းလာရောက် ရမ်းကားချင်တိုင် ရမ်းကားလို့ ရတဲ့ နေရာ မဟုတ်ဘူး.. ကောင်းပြီလေ.. မင်းက မထွက်သွားဘူး ဆိုမှတော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”
အရှင်ယွင်ကန်းက အေးစက်စက် ကြုံးဝါးလိုက်သည်။
ယင်းနောက်တွင် လက်တစ်ဖက်ကို မြှောက်၍ ချက်ချင်းဆိုသလို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များသည် သူ၏ လက်ဖဝါးဆီသို့ လျင်မြန်စွာ စုဝေးလာခဲ့ကြပြီး ကြီးမားသော တိမ်တိုက် လက်ဖဝါးကြီး တစ်ခု အဖြစ် အသွင်ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ကို ဖမ်းဆုပ်ရန် ဦးတည်လာခဲ့သည်။
“အဘိုးကြီး.. ခင်ဗျားရဲ့ မူလခန္ဓာကိုယ် ကိုယ်တိုင် ထွက်လာတာဆိုရင်တော့ ကျုပ်အနေနဲ့ သုံးပုံတစ်ပုံလောက် အရေးစိုက်ရလိမ့်မယ်.. ဒီကိုယ်ပွားပုံရိပ်လောက်နဲ့တော့ ကျုပ်ရှေ့မှာ လာပြီး ရမ်းကားဖို့ အရည်အချင်း မရှိသေးဘူး”
အရှင်ယွင်ကန်း ထုတ်ဖော်လိုက်သည့် လက်ဝါးရိုက်ချက်ကို ကြည့်ကာ ကျန်းချန်က အထင်သေးသော အမူအရာဖြင့် တဟားဟား ရယ်မောလိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
“အင်မော်တယ်ဝိညာဥ်များကို ချေမှုန်းခြင်း.. ပျက်စီးစမ်း”
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သူ၏ လက်ဖဝါးပေါ်ရှိ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး အရှင်ယွင်ကန်းထုတ်ဖော်ထားသည့် တိမ်တိုက် လက်ဖဝါးနှင့် ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် အဟန့်အတားမရှိသကဲ့သို့ မျက်စိတစ်မှိတ် အတွင်းမှာပင် တိမ်တိုက် လက်ဖဝါးကြီးကို ချေမှုန်းပစ်လိုက်ပြီး ထို့နောက်တွင် အရှိန်မရပ်တန့်သေးဘဲ အနက်ရောင်ဥက္ကာခဲကြီး တစ်ခုနှယ် ဟင်းလင်းပြင်ထဲရှိ အရှင်ယွင်ကန်း ဆီသို့ တိုက်ရိုက်ပင် တိုးဝင်သွားခဲ့သည်။
ထိုစည်းတံဆိပ်၏ အောက်တွင် အရှင်ယွင်ကန်း၏ ကိုယ်ပွားခန္ဓာကိုယ်သည် မည်သည့် ခုခံနိုင်စွမ်းမှ မရှိဘဲ တစ်ခဏ အတွင်းမှာပင် ပျက်သုဥ်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် တောင်အပြင်ဘက် တစ်ခုလုံးသည် တစပြင်နှယ် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ရင်း မှင်တက်နေခဲ့ကြပြီး အချိန်အတော်ကြာ သတိပြန်မဝင်လာနိုင် ဖြစ်နေခဲ့ကြသည်။
အရှင်ယွင်ကန်း ဆိုသည်မှာ ယွင်ရှောင်ဂိုဏ်း၏ ထိုက်ယီအဆင့် အင်မော်တယ်အောက်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးပင် မဟုတ်ပါလော။
ဤသည်က အရှင်ယွင်ကန်း၏ ကိုယ်ပွား ခန္ဓာကိုယ်မျှသာ ဖြစ်သော်လည်း အလွန်ပင်စွမ်းအားကြီးမားပြီး သာမန်တလော့အင်မော်တယ်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်၍ အရှင်ယွင်ကန်း၏ ကိုယ်ပွားကို အလွယ်တကူပင် ချေမှုန်းနိုင်ခဲ့သည်။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။
“ဝုန်း..”
“ဝုန်း.”
“ဝုန်း..”
ကျန်းချန်၏ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်က အရှင်ယွင်ကန်း၏ ကိုယ်ပွားပုံရိပ်ကို သတ်ဖြတ်လိုက်ခြင်းသည် ယွင်ရှောင်ဂိုဏ်း အတွင်းရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကိုလည်း တစ်ခဏအတွင်း တုန်လှုပ် ချောက်ချားသွားစေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကြီးကျယ်ခမ်းနားသော အင်မော်တယ်အရှိန်အဝါများ ထုတ်လွှတ်နေသည့် လူရိပ်တချို့သည် ယွင်ရှောင်ဂိုဏ်းထဲကနေ ကျန်းချန်တို့ ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
၎င်းတို့ထဲမှ သန်မာထွားကျိုင်းသော မျက်လုံးတစ်ဖက်လပ် အမျိုးသားက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ စကားသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“ကောင်လေး မင်းဘယ်သူလဲ.. မင်းဘာဖြစ်လို့ ငါတို့ ယွင်ရှောင်ဂိုဏ်းမှာ လာရမ်းကားနေရတာလဲ”
ကျန်းချန်က ရောက်ရှိလာသော အစွမ်းထက် ပုဂ္ဂိုလ်များကို လုံးဝ ဂရုမစိုက်သည့်အလား တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အရှင်ယွင်ကန်းရဲ့ မူလခန္ဓာကိုယ်ကိုပဲ ငါ့ဆီ ထွက်တွေ့ခိုင်းလိုက်ပါ”
“သေချင်နေတာပဲ”
ကျန်းချန်က သူတို့ကို ဤမျှအထိ အထင်သေးနေသည်အားမြင်လိုက်ရလျှင် မျက်လုံးတစ်ဖက်လပ် အမျိုးသား၏ ခန္ဓာကိုယ်တွင် လူသတ်ငွေ့များ ပြည့်နှက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ လက်ထဲတွင် ငွေရောင်ပုဆိန် တစ်လက် ပေါ်လာခဲ့၏။
ထို့နောက်တွင်မူ သူက ပုဆိန်ကို အားပြင်းစွာ ဝှေ့ယမ်း၍ ကျန်းချန်ကို ခုတ်ပိုင်းလိုက်သည်။
“တလော့အင်မော်တယ် အစောပိုင်းအဆင့်လောက်နဲ့များ ငါ့ကို ရင်ဆိုင်ရဲတယ်.. မင်းတို့လို တလော့အင်မော်တယ် အစောပိုင်း အဆင့်တွေကို ငါသတ်ခဲ့တာ တစ်ယောက် မကတော့ဘူး.. ငါ့ရှေ့ကနေ ဖယ်စမ်း”
ကျန်းချန်က လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ ထိုဓားစွမ်းအားသည် မျက်လုံးတစ်ဖက်လပ် အမျိုးသား၏ လက်ထဲရှိ ပုဆိန်ကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။
“ဝုန်း..”
မျက်လုံးတစ်ဖက်လပ် အမျိုးသားသည် ပုဆိန်တစ်လျှောက် ပျံ့နှံ့လာသည့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားကို ရုတ်တရက် ခံစားလိုက်မိပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့ကာ လူတစ်ကိုယ်လုံးသည်လည်း ပေပေါင်းထောင်ချီ အကွာအဝေး အထိ လွင့်စင်သွားခဲ့သည်။
သူ၏ လက်ထဲရှိ ပုဆိန်ပင်လျှင် လွင့်ထွက်မတတ် ဖြစ်သွားခဲ့ရ၏။
“တလော့ အင်မော်တယ် အစောပိုင်းအဆင့်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ အနိုင်ယူလိုက်တယ်လား”
ဤအခိုက်အတန့်တွင် ကျန်ရှိသည့် တလော့ အင်မော်တယ်များ၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။
သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တကယ်ကို သာမန် မဟုတ်သည့် ကြောက်မက်ဖွယ်ရာကောင်းသည့် ခွန်အားမျိုး ရှိနေခဲ့သည်။
“အရှင်ယွင်ကန်း.. ကျုပ်အနေနဲ့ ခင်ဗျားတို့ ယွင်ရှောင်ဂိုဏ်းအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး.. ဘာဖြစ်လို့ ရန်သူကြီး တစ်ယောက်လို့ ကျုပ်ကို စစ်ခင်းနေရတာလဲ.. ကျုပ်ကို တစ်ချက်လောက် ထွက်တွေ့ပေးပါ”
အခန်း (၂၉၂၈)ပြီး၏။