← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း (၁၂၁) လူသားဆန်မှုက တဖြည်းဖြည်း တိုက်စားခံလာရတယ်

ဝမ်ဟိုင်ထောင်သည် သူ့ဇနီး၏ ထူးဆန်းပြီး ပြတ်သားသော မျက်နှာကို ကြည့်ရင်း သူ၏ခြေဖဝါးမှစ၍ ငယ်ထိပ်အထိ အေးစိမ့်မှုတစ်ခု ဖြတ်ပြေးသွားသည်။

ဤသည်က ဒေါသထွက်၍ ပြောလိုက်သော စကားသက်သက် မဟုတ်ကြောင်းကို သူ နားလည်သဘောပေါက်သည်။

ဤသည်မှာ သူတို့၏ နှလုံးသားများ တိုက်စားခံလိုက်ရပြီးနောက် ထွက်ပေါ်လာသော ခါးသီးသည့် အသီးအပွင့်ပင်။

သူတို့၏ အနာဂတ် လွတ်လပ်ခွင့်နှင့် လဲလှယ်ထားသော ဤအိမ်ကို သူတို့ စောင့်ရှောက်ခဲ့ကြသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူတို့သည် သားသမီးများအနေဖြင့် သူတို့၏ အသိစိတ်ကို ဆုံးရှုံးလုနီးပါး ဖြစ်နေကြ၏။

အခန်းသည် တဖန်ပြန်၍ အလွန်အမင်း တိတ်ဆိတ်သွားသော်လည်း ဤတစ်ကြိမ်တွင် ထိုအရာသည် မည်သည့် အငြင်းပွားမှုထက်မဆို ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်။

ထိုအရာမှာ လူတစ်ဦး၏ ယုံကြည်ချက်များ ပြိုလဲသွားပြီးနောက် ဖြစ်ပေါ်လာသော လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့မှု၏ တိတ်ဆိတ်ငြိမ်သက်မှုပင်။

ဝမ်ဟိုင်ထောင်က ဝုန်းခနဲ မတ်တတ်ရပ်လိုက်ရာ သူ၏နောက်ရှိ ထိုင်ခုံမှ စူးရှသော ပွတ်တိုက်သံတစ်သံ ထွက်ပေါ်လာသည်။

သူ၏တစ်ကိုယ်လုံး တုန်ယင်နေပြီး လီလင်းကို လက်ညှိုးထိုးထားသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ချေ။

တစ်ချိန်က အချစ်များဖြင့် ပြည့်လျှံနေခဲ့သော သူ၏မျက်လုံးများတွင် ယခုအချိန်၌ အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့သာ ကျန်ရှိတော့သည်။

နှစ်ပေါင်းများစွာ အတူနေလာခဲ့သော ဤအမျိုးသမီးကို သူ ကြည့်လိုက်ပြီး ရုတ်တရက် သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရလေ၏။

"လီလင်း... မင်း ဘာပြောနေလဲဆိုတာ မင်း သိရဲ့လား..."

သူ၏အသံက အလွန်အမင်း အက်ရှရှ ဖြစ်နေသည်။

"အဲ့ဒါက ငါ့အမေလေ... မင်းရဲ့ အဖေနဲ့ အမေလေ... ငါတို့ကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူတွေလေ..."

"ငါသိတယ်... ငါ သေချာပေါက် သိတာပေါ့..."

လီလင်းက ရုတ်တရက် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူမ၏မျက်ရည်များသည် နောက်ဆုံးတွင် ရေကာတာကို ချိုးဖောက်သွားလေ၏။

"ဒါပေမဲ့ တခြား ဘာလုပ်လို့ရဦးမှာလဲ... ချေးငွေကို မကြာခင် မပေးရင် ငါတို့ ပျက်ကွက်တော့မယ်... ကလေးရဲ့ ကျူရှင်ခတွေက လာမယ့်အပတ် ပေးရတော့မယ်... ငါ့ကို ပြောစမ်း... ငါတို့ တခြား ဘာလုပ်လို့ရဦးမှာလဲ..."

သူမက ဖုန်းကို ရူးသွပ်စွာ ရှာဖွေလိုက်ပြီး ဘဏ်မှ မက်ဆေ့ချ်များကို ဝမ်ဟိုင်ထောင်၏ ရှေ့သို့ တစ်ခုပြီးတစ်ခု ပြသလိုက်သည်။

"ကြည့်စမ်း... ဒီလမှာ ငါတို့ နှစ်သောင်းခွဲ ထပ်ပေးရဦးမယ်... ငါတို့ကတ်ထဲမှာ ဘယ်လောက် ကျန်သေးလဲ... နှစ်ထောင်... ငါတို့ လဝက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး..."

ဝမ်ဟိုင်ထောင်သည် ထိုကိန်းဂဏန်းများကို ကြည့်ရင်း တစ်စုံတစ်ယောက်က သူ၏လည်ပင်းကို ညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအရာများကို သူ မည်သို့ မသိဘဲ နေမည်နည်း။

ညဉ့်နက်ပိုင်းတိုင်းတွင် သူသည် ဤကိန်းဂဏန်းများကို အကြိမ်ကြိမ် တွက်ချက်ခဲ့ပြီး အိပ်မပျော်သည်အထိ တွက်ချက်ကာ မျှော်လင့်ချက်မဲ့သည်အထိ တွက်ချက်ခဲ့လေ၏။

"ဒါပေမဲ့... အဲ့ဒါက ငါ့အမေလေ..."

သူ တီးတိုးရေရွတ်လိုက်ရာ သူ၏အသံတွင် ရှိုက်ငိုသံလေး ပါဝင်နေသည်။

"သူက ငါ့ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တာ... အခု သူ နေမကောင်းဖြစ်နေတာကို ငါက ဘယ်လိုလုပ်..."

"ဒါဆို ငါ့မိဘတွေကရော..."

လီလင်းက သူ့ကို စကားဖြတ်ပြောလိုက်သည်။

"ပြီးခဲ့တဲ့လက ငါ့အဖေ ဆေးရုံတက်တုန်းက ငါတို့ ရှစ်ထောင် ကြိုပေးခဲ့ရတယ်လေ... ဒီလ နင့်အမေက ပိုက်ဆံ ထပ်တောင်းတယ်... နောက်လကျရင်ရော... နောက်လကျရင် ဘယ်သူ ဖျားဦးမလဲ... ငါတို့ ဆက်ပြီး အသက်ရှင်လို့ကော ရဦးမှာလား..."

ဤစကားများသည် ထက်ရှသော ဓားတစ်လက်အလား သူတို့နှစ်ဦးလုံး၏ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုများကို တိကျစွာ ထိုးစိုက်သွားလေ၏။

ဤပြီးပြည့်စုံပုံရသော နယ်မြေကမ္ဘာတွင် သူတို့၌ စံပြအိမ်တစ်ခုနှင့် စံပြလက်တွဲဖော်တစ်ဦး ရှိသော်လည်း အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း လုံးဝမရှိခဲ့ကြချေ။

ရှည်လျားသော တိတ်ဆိတ်မှုအချိန်ကာလတစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်ဟိုင်ထောင်က ဖြည်းညှင်းစွာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏မျက်နှာကို လက်ဝါးများဖြင့် ဖုံးအုပ်ထားသည်။

လီလင်းသည် နံရံကို မှီကာ တိတ်ဆိတ်စွာ ငိုကြွေးနေလေ၏။

တစ်ချိန်က နွေးထွေးခဲ့သော ဤအိမ်လေးတွင် မျှော်လင့်ချက်မဲ့မှုသာ ကျန်ရှိတော့ပြီး နေရာအနှံ့သို့ ပျံ့နှံ့နေသည်။

တခြားတစ်ဖက်တွင်....

လီကျဲ့ သည် သူ၏အငှားယာဉ်မောင်း အလုပ်မှ ခုလေးတင် ပြန်လာခဲ့ပြီး သူ၏ ကျိုးပဲ့လုနီးပါးဖြစ်နေသော ခန္ဓာကိုယ်ကို ကျဉ်းမြောင်းသည့် အိမ်လေးဆီသို့ တရွတ်တိုက်ဆွဲလာခဲ့သည်။ သူ ရေချိုးရန်ပင် အားအင်မရှိတော့ဘဲ ကုတင်ပေါ်သို့သာ ပစ်လှဲချချင်တော့သည်။

ယခုလတွင် နေ့ဘက် အစားအသောက် ပို့ပြီး ညဘက် ကားမောင်းကာ သူ အသေအလဲ အလုပ်လုပ်ခဲ့လေ၏။ သူ၏ အဓိကအလုပ်နှင့် ပေါင်းလိုက်လျှင် သူ၏ဝင်ငွေသည် နောက်ဆုံးတွင် လစဉ်ပေးသွင်းရမည့် ယွမ်နှစ်သောင်းခွဲကို ပွတ်ကာသီကာလေး ကာမိခဲ့ပြီး နောက်လ နေထိုင်စရိတ်အတွက်ပင် ထောင်ဂဏန်းအနည်းငယ် စုဆောင်းနိုင်ခဲ့သည်။

ဘေးအန္တရာယ်တစ်ခုမှ အသက်ရှင်လွတ်မြောက်လာသူ တစ်ဦးကဲ့သို့ ပင်ပန်းနွမ်းနယ်မှု ခံစားချက်နှင့်အတူ ငွေပမာဏကို အတည်ပြုရန်နှင့် မနက်ဖြန် အချိန်မီ ပေးသွင်းရန်အတွက် သူ၏ဖုန်းကို ထုတ်ယူလိုက်သည်။

ထိုအချိန်၌ သူ၏ဇနီး လင်းဝေသည် ကလေးကို ပွေ့ချီကာ အိပ်ခန်းထဲမှ အပြေးအလွှား ထွက်လာပြီး သူမ၏ မျက်နှာ ဖြူရော်နေကာ ရှိုက်ငိုသံဖြင့် ပြောလိုက်သည်။

"ယောက်ျား... ကလေး... ကလေး ကိုယ်တွေ အရမ်း ပူနေတယ်... အဖျားကြီးနေတယ်..."

လီကျဲ့ ၏စိတ်နှလုံးသား လေးလံသွားသည်။ သူသည် ရှေ့သို့ ပြေးသွားပြီး ကလေး၏ နဖူးကို လှမ်းထိလိုက်ရာ ပူလောင်နေသော အပူချိန်က သူ၏ လက်ချောင်းထိပ်များကို တုန်ယင်သွားစေသည်။

ကလေး၏မျက်နှာလေးသည် နီရဲနေပြီး အသက်ရှူသံမြန်ဆန်နေကာ လင်းဝေ၏ရင်ခွင်ထဲတွင် အားအင်ချည့်နဲ့စွာ ကွေးကွေးလေးနေနေလေ၏။

"ဘယ်အချိန်က စဖြစ်တာလဲ..."

စိတ်လှုပ်ရှားမှုကြောင့် လီကျဲ့ ၏အသံ ခြောက်ကပ်ကပ်ဖြစ်နေသည်။

"ညနေတုန်းက ကောင်းသေးတယ်... ဒါပေမဲ့ အိပ်ပျော်သွားပြီး မကြာခင်မှာပဲ ဒီလိုဖြစ်သွားတာ..."

လင်းဝေ အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် မျက်ရည်များပင် ဝဲလာသည်။

"ငါတို့ အခုချက်ချင်း ဆေးရုံသွားရမယ်..."

ဆေးရုံသွားရမည်....

ဤစကားလုံးများသည် အေးစက်သော လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လီကျဲ့ ၏ ပင်ပန်းနွမ်းနယ်မှု အားလုံးကို ထိုးဖောက်သွားပြီး သူ ယခုလေးတင် မြင်တွေ့ခဲ့ရသော ဟန်ချက်ညီမှု အရိပ်အယောင်လေးကို ရိုက်ချိုးလိုက်၏။

မသိစိတ်နီးပါးဖြင့် သူသည် တုန်ယင်နေသော လက်ချောင်းများဖြင့် ဖုန်းထဲရှိ ဘဏ်အက်ပလီကေးရှင်းကို ဖွင့်လိုက်သည်။

မျက်နှာပြင်ပေါ်တွင် သူ အကြိမ်ကြိမ် တွက်ချက်ခဲ့ပြီး ခက်ခက်ခဲခဲ စုဆောင်းထားခဲ့သော ကိန်းဂဏန်းတန်းကို လက်ကျန်ငွေတွင် ရှင်းလင်းစွာ ပြသထားသည်။

ထိုအရာမှာ ရက်အနည်းငယ်အတွင်း ပေးသွင်းရမည့် လစဉ်ချေးငွေပင်။

သို့သော်လည်း ကံကောင်းသည်မှာ သူတို့ထံတွင် စုဆောင်းငွေ ရှိနေသေးခြင်းပင်။

ဤအတွေးသည် အမှောင်ထုထဲမှ အလင်းရောင်တစ်ချက်ကဲ့သို့ ဖြစ်နေပေ၏။ ထိုအရာက မှေးမှိန်သော်လည်း လီကျဲ့ ကို လှုပ်ရှားရန် သတ္တိများ ပေးစွမ်းနိုင်ခဲ့သည်။

"သွားကြစို့..."

သူ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး အဖျားတက်နေသော ကလေးကို ပွေ့ချီကာ ထိတ်လန့်နေသော လင်းဝေကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

"မှတ်ပုံတင်နဲ့ ပိုက်ဆံအိတ် ယူခဲ့... မြန်မြန်..."

သူသည် ဂျာကင်အင်္ကျီ တစ်ထည်ကို ဖြစ်သလို ကောက်စွပ်လိုက်ပြီး ဖိနပ်လဲရန်ပင် ဂရုမစိုက်တော့ဘဲ ဖိနပ်အပါးဖြင့် တံခါးအပြင်သို့ အပြေးအလွှား ထွက်သွားကာ ဓာတ်လှေကားထဲရှိ ကိန်းဂဏန်းများ ခုန်နေသည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေလေ၏။

ညဉ့်နက်ပိုင်း လေအေးများ တိုက်ခတ်လာချိန်၌ ကလေးသည် သူ၏ ရင်ခွင်ထဲတွင် မသက်မသာ ညည်းတွားနေပြီး လီကျဲ့ ၏နှလုံးသားသည် ပို၍ပင် မွန်းကြပ်သွားသည်။ သူသည် တိုက်ခန်းအိမ်ရာ၏ အဝင်ဝဆီသို့ အပြင်းအထန် စိုက်ကြည့်နေသည်။

မကြာမီ အငှားယာဉ်တစ်စီး နောက်ဆုံးတွင် ရောက်ရှိလာသည်။

လီကျဲ့ သည် ကားတံခါးကို ဆွဲဖွင့်ရန် အလျင်စလို သွားလိုက်ပြီး အတွင်းသို့ ဝင်ထိုင်ချိန်၌ ကလေး၏ ခေါင်းကို ဂရုတစိုက် ကာကွယ်ပေးကာ အကြိမ်ကြိမ် တိုက်တွန်းလိုက်သည်။

"အစ်ကို... အနီးဆုံး ဆေးရုံကို သွားပေးပါ... မြန်မြန်... ကလေး အဖျားကြီးနေလို့..."

လင်းဝေသည် သူမ၏ ပိုက်ဆံအိတ်နှင့်မှတ်ပုံတင်ကို ဆုပ်ကိုင်ကာ မကြာမီ ရောက်ရှိလာပြီး သူမ၏မျက်နှာတွင် သွေးရောင်တစ်စက်မျှ မရှိတော့ချေ။

ဆေးရုံသို့ သွားရာလမ်းတွင် ကလေး၏ လေးလံသော အသက်ရှူသံနှင့် ရေဒီယိုမှ ဖွင့်ထားသော အခြေအနေနှင့် မကိုက်ညီသည့် ပေါ့ပါးသော ဂီတသံမှလွဲ၍ ကားထဲတွင် အလွန်အမင်း တိတ်ဆိတ်နေသည်။

လီကျဲ့ သည် ကလေး၏နဖူးကို အဆက်မပြတ် စမ်းကြည့်နေပြီး သူ၏လက်ဝါးနှင့် သူ၏ ပျက်စီးနေသော အာရုံကြောများကို လောင်ကျွမ်းစေသည့် အပူချိန်ကို ခံစားနေရလေ၏။

စစ်ဆေးခများအကြောင်းကို သူ မစဉ်းစားရဲသကဲ့သို့ အကယ်၍ ဆိုသည်များကိုလည်း သူ မစဉ်းစားရဲချေ။ ပြတင်းပေါက် အပြင်ဘက်မှ ဖြတ်ပြေးသွားသော နီယွန်မီးရောင်များကို စိုက်ကြည့်ရန် သူ အတင်းအကကြပ် ကြိုးစားလိုက်သော်လည်း သူ၏ဦးနှောက်ကမူ အထိန်းအကွပ်မဲ့စွာ စတင်၍ တွက်ချက်နေလေပြီ။

မှတ်ပုံတင်ခ၊ သွေးစစ်ခ၊ ဓာတ်မှန်ရိုက်ခ၊ ဆေးဖိုး... အရာအားလုံးသည် အေးစက်သော ကိန်းဂဏန်းများနှင့် ကိုက်ညီနေသည်။ ဤကိန်းဂဏန်းများသည် နောက်လ နေထိုင်စရိတ်အတွက် သူတို့ ခက်ခက်ခဲခဲ စုဆောင်းထားခဲ့သည့် စုဆောင်းငွေများကို တစတစ ဝါးမျိုနေလေ၏။

ဆေးရုံသို့ ရောက်သောအခါ အရေးပေါ် ဌာနရှိ မီးရောင်များ မျက်စိကျိန်းမတတ် ဖြူဖွေးနေသည်။

စာရင်းပေးခြင်း၊ တန်းစီခြင်း၊ ဆရာဝန်နှင့် ပြသခြင်း၊ အပူချိန် တိုင်းတာခြင်း...

အပူချိန် ၃၉.၈ ဒီဂရီ...

ဤကိန်းဂဏန်းကြောင့် လီကျဲ့ ၏နှလုံးသား ထပ်မံ၍ လေးလံသွားသည်။ ကဏဦး စစ်ဆေးပြီးနောက် ဆရာဝန်က သွေးစစ်ရန် ညွှန်ကြားလိုက်၏။

ဓာတ်ခွဲခန်း ရလဒ်များကို စောင့်ဆိုင်းရသည့် မိနစ်နှစ်ဆယ်သည် ရာစုနှစ်တစ်ခုကဲ့သို့ ရှည်လျားနေသည်။

လီကျဲ့ နှင့်လင်းဝေတို့သည် အေးစက်သော သတ္တုခုံတန်းလျားပေါ်တွင် စကားတစ်ခွန်းမျှ မပြောဘဲ ထိုင်နေကြသည်။

လင်းဝေသည် ဆေးမထိုးရသေးသော ကလေး၏ တခြားလက်လေးတစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လီကျဲ့ ကမူ ငွေသွင်းပြေစာပေါ်တွင် ထွက်ပေါ်နေပြီဖြစ်သော ကုန်ကျစရိတ် ကိန်းဂဏန်းများကို စိုက်ကြည့်နေလေ၏။ သူသည် နောက်လအသုံးစရိတ်များကို သူ၏စိတ်ထဲတွင် လျင်မြန်စွာ ပြန်လည်၍ စီစဉ်နေသည်။ မည်သည့်အရာကို ပိုလျှော့၍ ရမည်နည်း၊ မည်သည့်အရာကို ယာယီ ဖျက်ထား၍ ရမည်နည်း စသဖြင့် သူ တွေးတောနေသည်။

နောက်ဆုံးတွင် သူနာပြုက သူတို့၏ နာမည်ကို ခေါ်လိုက်သည်။

ဆရာဝန်သည် ဓာတ်ခွဲခန်း အစီရင်ခံစာကို ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "သွေးဖြူဥအရေအတွက် နည်းနည်း များနေတယ်... ဒါက ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်တဲ့ အဖျားပဲ... ပြဿနာ ကြီးကြီးမားမား မရှိပါဘူး... အဖျားကျဆေးနဲ့ ပဋိဇီဝဆေးတချို့ ပေးလိုက်မယ်... အိမ်ရောက်ရင် အချိန်မှန် တိုက်ပြီး စောင့်ကြည့်ပါ... မနက်ဖြန်အထိ အဖျားမကျသေးရင် ပြန်လာခဲ့ပါ..."

သာမန်အဖျား...

ဤစကားလုံး နှစ်လုံးသည် လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုကဲ့သို့ သူတို့နှစ်ဦးလုံး၏ ခွန်အားများကို ချက်ချင်းစုပ်ယူသွားသည်။

လင်းဝေ၏ ခြေထောက်များ အားနည်းသွားပြီး ပြိုလဲလုမတတ် ဖြစ်သွားလေ၏။ လီကျဲ့ သည် သူမကို အလျင်အမြန် ထိန်းကိုင်လိုက်ပြီး စိတ်သက်သာရာရသွားမှုကြောင့် သူကိုယ်တိုင်ပင် ခေါင်းမူးဝေသွားသည်ကို ခံစားလိုက်ရသည်။

"ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ်..."

သူသည် ဆရာဝန်ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်ရာ သူ၏အသံတွင် သတိမပြုမိနိုင်လောက်သော ရှိုက်ငိုသံ အရိပ်အယောင်လေးတစ်ခု ပါဝင်နေသည်။

ဆေးရုံဆေးပေးခန်းသို့ သွား၍ ဆေးထုတ်ပြီး သိပ်မများသော ကျသင့်ငွေကို ကြည့်လိုက်ချိန်၌ လီကျဲ့၏ နှလုံးသားထဲရှိ ဧရာမ ကျောက်တုံးကြီးသည် နောက်ဆုံးတွင် အနည်းငယ် ရွေ့လျားသွားလေ၏။

ကံကောင်းသည်မှာ သာမန်ဖျားနာမှုလေးသာ ဖြစ်နေခြင်းပင်။ သူတို့၏ စုဆောင်းငွေ တစ်စိတ်တစ်ပိုင်း ကုန်ဆုံးသွားသော်လည်း အနည်းဆုံးအနေဖြင့် သူတို့ ဆက်လက်၍ တောင့်ခံနိုင်သေးသည်ဟု သူ တွေးလိုက်မိသည်။

ဆေးသောက်ပြီးနောက် တဖြည်းဖြည်း ငြိမ်းချမ်းစွာ အိပ်ပျော်သွားသော ကလေးကို ပွေ့ချီကာ ဆေးရုံဂိတ်ပေါက်မှ သူတို့ ထွက်လာခဲ့ကြသည်။ အရုဏ်ဦး လေအေးများ တိုက်ခတ်လာသော်လည်း လီကျဲ့သည် သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

ဤတစ်ကြိမ်တွင်တော့ သူတို့သည် စမ်းသပ်မှုကို ပွတ်ကာသီကာလေး အောင်မြင်သွားခဲ့လေပြီ။

သို့သော် ဖျားနာမှုနှင့် ရင်ဆိုင်ရချိန်တွင် စီးပွားရေး ဖိအားမှ မွေးဖွားလာသော ထိုကြီးမားသည့် ကြောက်ရွံ့မှုနှင့် စွမ်းအားမဲ့မှုတို့သည် ဆူးတစ်ချောင်းကဲ့သို့ သူ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စူးဝင်သွားခဲ့ပေ၏။

သူတို့မိသားစုသည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေပြီး မည်သည့် အသေးအမွှား နှောင့်ယှက်မှုလေးကမဆို သူတို့ကို ပြန်လည်ရုန်းထွက်၍မရနိုင်သော ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားစေနိုင်ကြောင်း သူ ရှင်းလင်းစွာ သိလိုက်သည်။

All Chapters