← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း (၁၂၆) သူတို့ကို ချည်နှောင်ထားတာက အချစ်ပဲ

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ နယ်မြေအတွင်းရှိ နေ့ရက်များသည် စိုးရိမ်ပူပန်မှုများနှင့် ရုန်းကန်မှုများကြားတွင် လွန်မြောက်သွားခဲ့လေ၏။ မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်လွန်သွားခဲ့ပြီး ယခုအချိန်၌ ဒုတိယလ၏ အလုပ်လုပ်ရသော မွန်းလွဲပိုင်းတစ်ခုသို့ ရောက်ရှိနေလေပြီ။

"ချန်အန်း... ဒီစျေးကွက် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာကို ပြီးအောင်လုပ်ပြီး မင်း မပြန်ခင် ငါ့ဆီ လာပေး..."

ဌာနမန်နေဂျာသည် ဖိုင်အထပ်လိုက်ကို ချန်အန်း၏ စားပွဲပေါ်သို့ တင်လိုက်ပြီး သူ၏လေသံမှာ ငြင်းဆိုရန် အခွင့်အရေးမရှိချေ။

ထူထဲသော စာရွက်စာတမ်းအထပ်လိုက်ကို ကြည့်ရင်း ချန်အန်းသည် ဗိုက်အနည်းငယ် အောင့်သွားလေ၏။

သို့ရာတွင် သူ ပရော်ဖက်ရှင်နယ်ကျသော အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးလိုက်သည်။

"ဟုတ်ကဲ့ပါ မန်နေဂျာဝမ်..."

ထိုအချိန်၌ သူ၏အိတ်ကပ်ထဲမှ ဖုန်းတုန်ခါသွားလေ၏။ ထိုအသံမှာ ဝမ်ဝမ်၏ သီးသန့် ဖုန်းမြည်သံပင်။

သူ၏နှလုံးသား ဆတ်ခနဲ တုန်ရီသွားသည်။ သူသည် ထိုဖုန်းခေါ်ဆိုခြင်းကို လျစ်လျူရှုချင်ခဲ့သော်လည်း သူ၏လက်ချောင်းများမှ အလိုအလျောက် ဖုန်းကိုင်လိုက်မိသည်။

"ယောက်ျား..."

ဝမ်ဝမ် ၏ အားနည်းပြီး ထိတ်လန့်နေသော အသံသည် တစ်ဖက်မှ ထွက်ပေါ်လာပြီး ငိုတော့မည့်အသံ ပေါက်နေကြောင်း သိသာထင်ရှားပေ၏။

"ငါ့... ငါ့ဗိုက်က ရုတ်တရက် အရမ်းနာလာတယ်... ကလေးက အဆက်မပြတ် လှုပ်နေတယ်... တစ်ခုခု မှားနေသလို ခံစားရတယ်..."

ချန်အန်း၏လက်ထဲရှိ ဘောပင်သည် စားပွဲပေါ်သို့ ဒေါက်ခနဲ အသံနှင့်အတူ ပြုတ်ကျသွားသည်။

ဖုန်း၏နောက်ခံအသံအဖြစ် ရုံးခန်းတွင်း ဆူညံသံများနှင့်အတူ ဝမ်ဝမ်၏ အမောတကော အသက်ရှူသံများကို ဖိနှိပ်ရန် ကြိုးစားနေမှုများကို သူ ရှင်းလင်းစွာ ကြားနိုင်သည်။

မန်နေဂျာက သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

"ချန်အန်း..."

"မန်နေဂျာ... ကျွန်တော်... အိမ်မှာ အရေးပေါ် ကိစ္စလေး ရှိလို့ပါ..."

ချန်အန်း၏အသံသည် စိတ်တင်းမာမှုကြောင့် အက်ရှရှ ဖြစ်နေသည်။

"ကျွန်တော်ရဲ့ဇနီး..."

ဝမ်ဝမ်သည် ယနေ့တွင် ခွင့်ယူထားခဲ့လေ၏။ မနေ့ညကတည်းက သူမ နေမကောင်းဖြစ်နေသဖြင့် အလုပ်မလာခဲ့ချေ။

"အခုက အလုပ်ချိန်လေ..."

မန်နေဂျာက အေးစက်စက်လေသံဖြင့် စကားဖြတ်ပြောလိုက်သည်။

"ဒီအစီရင်ခံစာက မနက်ဖြန် မနက်အစောကြီး လိုတယ်... မင်းက ဝါရင့်ဝန်ထမ်း တစ်ယောက်ပဲ...မင်း ပိုသိသင့်တယ်..."

ဖုန်းကိုဆုပ်ကိုင်ထားသော ချန်အန်း၏လက်ဆစ်များ ဖြူရော်သွားသည်။ တစ်ဖက်တွင် ဝမ်ဝမ်၏ရှိုက်ငိုသံများသည် သူ၏နားများကို အပ်များကဲ့သို့ ထိုးစိုက်နေလေ၏။

"တောင်းပန်ပါတယ် မန်နေဂျာ... ကျွန်တော် အခု ချက်ချင်း သွားရမှာမလို့ပါ..."

ချန်အန်းသည် ဝုန်းခနဲ မတ်တပ်ရပ်လိုက်ရာ သူ၏ ထိုင်ခုံသည် ကြမ်းပြင်နှင့် ပွတ်တိုက်မိပြီး စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျွန်တော့်ရဲ့ဇနီး လမစေ့ဘဲ မွေးတော့မလို့ ထင်တယ်..."

ထိုသို့ပြောဆိုပြီးနောက် သူသည် စားပွဲပေါ်မှ သူ၏ ကားသော့ကို ဖမ်းဆွဲကာ အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။

တခြားသူများအားလုံးသည် ချန်အန်း အလောတကြီး ထွက်သွားသည်ကို ကြည့်နေကြ၏။

"မင်းတို့ ဘာကြည့်နေကြတာလဲ... အလုပ်ပြန်လုပ်ကြလေ... မင်းတို့ အလုပ်ပြုတ်ချင်လို့လား..."

မန်နေဂျာက ဟိန်းဟောက်လိုက်ပြီး အစီရင်ခံစာကို ကောက်ယူကာ တခြားတစ်ယောက်ထံသို့ ပစ်ချလိုက်ပြီး ပြီးအောင်လုပ်ရန် အမိန့်ပေးလိုက်သည်။

မြေအောက်ကားပါကင်၌...

ပြီးသွားပြီ....

ဤအတွေးသည် ရေခဲစူးတစ်ခုအလား သူ၏ အသိစိတ်ကို ထိုးဖောက်သွားသည်။

အစောပိုင်းက ရုံးခန်းထဲတွင် လုပ်ဖော်ကိုင်ဖက်များ အားလုံး၏ရှေ့၌ မန်နေဂျာကို ဖီဆန်သည့်အနေဖြင့် သူ အော်ဟစ်လုမတတ် ပြောဆိုခဲ့ပြီး ဂရုမစိုက်ဘဲ ပြေးထွက်လာခဲ့ခြင်းပင်။

မန်နေဂျာ၏မျက်နှာသည် အံ့အားသင့်မှုမှ ဒေါသသို့ လျင်မြန်စွာ ကူးပြောင်းသွားပြီး နောက်ဆုံးတွင် ရေစက်များ ကျလာနိုင်လောက်အောင် မှောင်မိုက်သွားခြင်းသည် သူ၏ စိတ်ထဲတွင် အနှေးပြကွက်များကဲ့သို့ ထပ်ခါတလဲလဲ ထွက်ပေါ်လာပေ၏။

ထို့နောက် လုပ်ဖော်ကိုင်ဖက်များထံမှ အကြည့်များထံ၌ အံ့အားသင့်မှု၊ သနားကြင်နာမှုနှင့် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် အရိပ်အယောင်လေးများပင် ပါဝင်ကောင်း ပါဝင်နိုင်သည်။ ထိာအကြည့်တိုင်းသည် သူ့ကို ထိုးဆွနေသော အပ်တစ်ချောင်းကဲ့သို့ ခံစားရသည်။

မန်နေဂျာကို သူ စော်ကားမိသွားပြီဖြစ်ရာ သူ့အနေဖြင့် သေချာပေါက် အလုပ်ဖြုတ်ခံရပေမည်။

ကြောက်ရွံ့မှုသည် မရေမတွက်နိုင်သည့် အေးစက်သော နွယ်ပင်များကဲ့သို့ သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ရူးသွပ်စွာ ကြီးထွားလာပြီး ထိုအရာက ချက်ချင်း တင်းကြပ်သွားကာ သူ့အား အသက်ရှူရန်ပင် မဖြစ်နိုင်လုနီးပါး ဖြစ်သွားစေခဲ့သည်။

အလုပ်ဖြုတ်ခံရခြင်း....

ယနေ့ခေတ် အခြေအနေတွင် ထိုစကားလုံးနှစ်လုံးသည် သေဒဏ်ချမှတ်ခံရခြင်းနှင့် မည်သို့မျှ မကွာခြားချေ။

ကုမ္ပဏီသည် မကြာမီက "ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ခြင်း" များကို ရူးသွပ်စွာ ပြုလုပ်နေခဲ့လေ၏။ မန်နေဂျာကို အရှက်ခွဲသည့် လူသိရှင်ကြား ဖီဆန်မှုမျိုးကို မဆိုထားနှင့် မည်သည့် အမှားအယွင်း အသေးစားလေးကမဆို ရှင်းလင်းရေးအတွက် ဆင်ခြေတစ်ခု ဖြစ်လာနိုင်သည်။

ဤအလုပ်ကို ဆုံးရှုံးလိုက်ရပါက မည်သို့ ဖြစ်သွားမည်ကို သူ တွေးလိုက်မိသည်။

ဤသည်က သူ၏တည်ငြိမ်သော လစဉ်ဝင်ငွေ နှစ်သောင်းခွဲသည် ချက်ချင်းပျောက်ကွယ်သွားပေမည်။

ဆိုလိုသည်မှာ သူနှင့်သူ၏ဇနီးတို့ ထိုကြောက်ခမန်းလိလိကိန်းဂဏန်းနှင့် တူညီသော ချေးငွေကို ပြန်ဆပ်ရန် မှီခိုနေရသည့် အခြေခံအုတ်မြစ်သည် ထိုအရာ၏ ခွန်အားတစ်ဝက်ကျော်ကို ဆုံးရှုံးသွားမည်ဖြစ်ခြင်းပင်။

ထို့ပြင် သူတို့သည် အကြွေး ရေစီးကြောင်းထဲတွင် လုံးလုံးလျားလျား ဝါးမျိုခြင်းမခံရမီ နောက်လအထိပင် အသက်ရှင်နိုင်မည် မဟုတ်ချေ။

ဝမ်ဝမ်၏အလုပ်မှာ တည်ငြိမ်သော်လည်း သူမ၏ ဝင်ငွေမှာ ချေးငွေနှင့် အမြဲတစေ တိုးလာနေသော နေထိုင်စရိတ်များကို ကာမိရန် များစွာလိုအပ်နေပေ၏။ အထူးသဖြင့် ကလေး မွေးဖွားလာတော့မည် ဖြစ်သောကြောင့်ပင်။

သူတို့ အရာအားလုံးကို အကုန်အစင် ထုတ်ပေးခဲ့ရပြီး ရယူရန်အတွက် ဧရာမအကြွေးများကိုပင် ထမ်းဆောင်ခဲ့ရသည့် အိမ်ကို သူ တွေးလိုက်မိသ​ည်။

ထိုအရာမှာ အိမ်တစ်လုံး မဟုတ်ချေ။ ထိုအရာမှာ ရွှေနှင့် အိပ်မက်များဖြင့် ဖန်တီးထားသော လှောင်ချိုင့် တစ်ခုပင်။ ငွေပေးသွင်းမှုများ ရပ်တန့်သွားသည်နှင့် တပြိုင်နက် လှောင်ချိုင့်သည် အေးစက်သော သံတိုင်များကို ချက်ချင်းဖော်ပြလာပေမည်။

အိမ်မှ ဖယ်ရှားခံရမည်လော... ဖြစ်နိုင်သည်မှာ အိမ်ခြေရာမဲ့ ဖြစ်သွားရခြင်းက သူတို့အတွက် ပို၍ကြောက်စရာကောင်းပေလိမ့်မည်။

သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး ယာဉ်မောင်းခုံတွင် ခွေကျသွားကာ စတီယာရင်ကို လက်နှစ်ဖက်ဖြင့် အလွန်ပြင်းထန်စွာ ဆုပ်ကိုင်ထားသဖြင့် သူ၏လက်ဆစ်များ ဖြူရော်သွားလေ၏။

အင်ဂျင်စက်နှိုးလိုက်သော တုန်ခါသံသည် ပိတ်လှောင်ထားသော ကားပါကင်အတွင်း ပဲ့တင်ထပ်သွားပြီး သူ၏နားစည်များကို ကိုက်ခဲသွားစေသည်။

နောက်ကြည့်မှန်သည် သူ၏လက်ရှိ သနားစရာကောင်းသော အခြေအနေကို ရောင်ပြန်ဟပ်နေလေ၏။

ရှုပ်ပွနေသော ဆံပင်၊ ဖြူရော်နေသော မျက်နှာ၊ ပင့်ကူအိမ်ကဲ့သို့ သွေးကြောများ ထင်နေသော မျက်လုံးများနှင့် တင်းမာမှုနှင့်ကြောက်ရွံ့မှုတို့ကြောင့် ခြောက်သွေ့ပြီး အခွံကွာနေသော နှုတ်ခမ်းများ....

မှန်ထဲရှိ လူစိမ်းကို သူ ကြည့်လိုက်ရာ သူ၏ ပါးစပ်သည် ရုတ်တရက် အထိန်းအကွပ်မဲ့စွာ လှုပ်ရှားသွားပြီး ငိုနေသည်ထက် ပိုဆိုးသော ပျက်ယွင်းနေသည့် အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။

"ဖြစ်နိုင်တာက အလုပ်ဖြုတ်ခံရတာက မဆိုးဘူးလို့ ပြောလို့ရမလား... အနည်းဆုံးတော့ မန်နေဂျာရဲ့ မျက်နှာကို နေ့တိုင်း ကြည့်စရာ မလိုတော့ဘူး... အမှားတစ်ခုခု လုပ်မိမှာကို အမြဲတမ်း ကြောက်လန့်ပြီး နေစရာ မလိုတော့ဘူး... ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချက်အထိ တွန်းပို့စရာ မလိုတော့ဘူး..."

ထိုအတွေးသည် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ တွားသွားထွက်လာပြီး ဆွဲဆောင်မှုရှိသော သွေးဆောင်မှုတစ်ခုကို သယ်ဆောင်လာလေ၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ အဓိပ္ပာယ်မဲ့သော အတွေးကြောင့် ချွေးစေးများ ပြန်လာသည်။

သူ မည်သည့်အရာများကို တွေးနေမိသနည်း... အလုပ်လက်မဲ့ ဖြစ်ခြင်းက လွတ်မြောက်မှု တစ်ခုဟု မည်သို့ ခံစားရနိုင်မည်နည်း...

ဤသည်မှာ ကြောက်စရာကောင်းလှသည်။ ဤနယ်မြေက သူ၏ ခံယူချက်ကို သိမ်မွေ့စွာ ပုံဖျက်နေပြီး သူ၏ စိတ်ဓာတ်ခွန်အားကို တိုက်စားနေသည်။

အကြံအိုက်နေချိန်တွင် ရှင်သန်ရန် မှီခိုနေရသော အလုပ်ကို ဆုံးရှုံးလိုက်ရခြင်းက 'လွတ်မြောက်မှု' တစ်ခုအဖြစ် ခံစားရစေရန် ထိုအရာက လုပ်ဆောင်နေခြင်းလောဟု သူ တွေးလိုက်မိ၏။

သူ ဆက်မတွေးရဲတော့ဘဲ လီဗာကို နင်းလိုက်ရာ ကားသည် လန့်ဖျပ်သွားသော သားရဲတစ်ကောင်အလား ပြေးထွက်သွားသည်။

မှောင်မိုက်နေသော မြေအောက် ကားပါကင်မှ သူ မောင်းထွက်လာချိန်၌ အပြင်ဘက်ရှိ မွန်းလွဲပိုင်း နေရောင်ခြည်သည် မျက်စိကျိန်းမတတ် ပြင်းထန်နေသဖြင့် သူ့ကို အချိန်တခဏကြာမျှ မူးဝေသွားစေသည်။

အလင်းနှင့်အမှောင်ကြားရှိ ဤပြတ်သားသော ဆန့်ကျင်ဘက်တွင် ပို၍ပင် ကျောချမ်းဖွယ်ကောင်းသော အတွေးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားလေ၏။

ယခုအချိန်တွင် ဝမ်ဝမ်သည် သူမတစ်ယောက်တည်း ဗိုက်နာခြင်းကို သည်းခံကာ ဆေးရုံသို့ အပြေးအလွှား သွားနေရသည်။ ကြောက်ရွံ့မှုနှင့် နာကျင်မှုများ ဖုံးလွှမ်းနေသော သူမ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် သူ တွေးရန်ပင် မရဲသော အလားတူ အတွေးမျိုး သူမ စိတ်ထဲတွင်လည်း ဖြတ်ပြေးသွားခဲ့မည်လောဟု သူ တွေးလိုက်မိသည်။

အကယ်၍ ကလေးကို ကယ်၍ မရတော့လျှင် အခြေအနေများ အချိန်တခဏကြာမျှ အနည်းငယ်ပို၍ လွယ်ကူသွားမည်လော...

ဤအတွေးသည် အယုတ်မာဆုံး ကျိန်စာတစ်ခုကဲ့သို့ သူ့ကို အရိုးထဲထိ ချမ်းစိမ့်သွားစေခဲ့လေ၏။

သူသည် ထိုကြောက်မက်ဖွယ်ကောင်းသော ဆက်စပ်တွေးတောမှုကို ဖယ်ရှားရန် ကြိုးစားရင်း သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

သူ လီဗာကို ပို၍ပြင်းထန်စွာ နင်းလိုက်ရာ ကားသည် တိုးညှင်းသော ညည်းတွားသံ တစ်ချက်ပေးပြီး ယာဉ်ကြောအသွားအလာထဲသို့ အရှိန်ပြင်းစွာ ဝင်ရောက်သွားပြီး ဆေးရုံဆီသို့ လျှင်မြန်စွာ မောင်းနှင်သွားလေသည်။

ကားကို မြန်မြန်မောင်းနှင်ခြင်းဖြင့် သူတို့ ကိုယ်စားပြုထားသော အရာအားလုံးကို တစတစ ဖြိုခွဲနေသည့် နေရာအနှံ့ ပျံ့နှံ့နေသော မျှော်လင့်ချက်မဲ့မှုကို သူ လွတ်မြောက်နိုင်မည့်အလားပင်။

သူသည် ဤကဲ့သို့ အရာများကို တစ်ကြိမ် နှစ်ကြိမ်မက တွေးတောဖူးသည်။

ဤအရာအားလုံးသည် ထိုချေးငွေကြောင့်ဖြစ်ပြီး သူ၏လူသားဆန်မှုကို တိုက်စားနေသော မမြင်နိုင်သည့် ဖိအားပင်။

ဤနယ်မြေနှင့် ပတ်သက်၍ ကြောက်စရာကောင်းသောအရာမှာ အချိန်မရွေး နေရာမရွေး ထွက်ပေါ်လာတတ်သော ထိတ်လန့်ဖွယ်ရာများ မဟုတ်ဘဲ မျှော်လင့်ချက်မဲ့မှုတစ်မျိုးပင်။ ဤသည်က တစ်စုံတစ်ယောက်ကို မျှော်လင့်ချက်များ ဆုံးရှုံးသွားစေရန်နှင့် ထိုလူ၏ လူသားဆန်မှု လုံးဝပျောက်ကွယ်သွားသည်အထိ အဆုံးမရှိသော ဖိအားများကို နယ်မြေက ယူဆောင်လာပေးခြင်းပင်။

လက်တွေ့ဘဝတွင် သူ၏ ကိုယ်ပိုင်ကလေးကို စွန့်လွှတ်လိုက်ရန်ဟူသော ကြောက်မက်ဖွယ်ကောင်းသည့် အရာမျိုးကို သူ မည်သို့ တွေးမိနိုင်မည်နည်း။

ထိုသို့ဆိုပါက သူနှင့်နတ်ဆိုးတစ်ကောင် သို့မဟုတ် အမှိုက်ကောင် တစ်ကောင်ကြားတွင် မည်သည့် ကွာခြားချက် ရှိတော့မည်နည်း...

ထိုကလေးသည် အမှန်အားဖြင့် ချန်အန်း၏ ကလေး မဟုတ်သော်လည်း မှတ်ဉာဏ် ထည့်သွင်းထားမှုကြောင့် သူ၏ကိုယ်ပိုင်သွေးသားဖြစ်သည်ဟု ယုံကြည်စေခဲ့သည်။

ထို့ကြောင့် ထိုကဲ့သို့ အတွေးများ ဝင်လာချိန်၌ သူသည် လူသားတစ်ယောက် မဟုတ်တော့ဟုပင် ယုံကြည်ကာ အလွန်အမင်း အပြစ်ရှိသကဲ့သို့ ခံစားရလေ၏။

ထိုမှတ်ဉာဏ်များသာ မရှိပါက ကစားသမားနှစ်ရာသည် သူတို့၏ မိသားစုများ၊ ဇနီးများ၊ ကလေးများနှင့် မိဘများကို ချက်ချင်းစွန့်ပစ်သွားကြမည်မှာ သေချာပေါက်ပင်။

ဤအရာများကသာ သူတို့ကို ချည်နှောင်ထားနိုင်ခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်သည် နိုးကြားလာပြီး သူတို့၏စိတ်နှလုံးသားကို အမှန်တကယ် ခိုင်မာအောင် လုပ်နိုင်သည်နှင့် တပြိုင်နက် သူတို့သည် နယ်မြေကို လျှင်မြန်စွာ ရှင်းလင်းနိုင်ပေမည်။

သို့သော် ထိုကဲ့သို့လူမျိုး ထွက်ပေါ်လာရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

All Chapters