အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) တုန်လှုပ်ချောက်ချားနတ်ဘုရား
အထွတ်အထိပ် တုန်လှုပ်ချောက်ချားဖွယ်နတ်ဘုရား...
လအနည်းငယ် အကြာတွင်...
ချန်လန်သည် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ပြီး ပဉ္စမမြောက် SSSအဆင့် နယ်မြေဖြစ်သည့် 【အင်တာနက် စွဲလမ်းမှု ကုသရေး】ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။
SSSအဆင့် နယ်မြေငါးခုကို ပိုင်ဆိုင်ပြီးနောက် သော့ငါးချောင်းကိုလည်း သူ စုဆောင်းနိုင်ခဲ့ပြီး တုန်လှုပ်ချောက်ချားနတ်ဘုရား၏ ရာထူးကို တရားဝင် ထိုးစစ်ဆင်လိုက်တော့သည်။
တုန်လှုပ်ချောက်ချားဖွယ်နတ်ဘုရားနှင့် ပတ်သက်၍မူ ယခင် တုန်လှုပ်ချောက်ချားနတ်ဘုရားသည် ပန်ဒိုရာ သေတ္တာကို ဖွင့်လှစ်ခဲ့ပြီး အကြွင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားကို အသုံးပြု၍ အထွတ်အထိပ် နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ခဲ့သည်။ ထိုကြောင့် သူသည် ယခုအချိန်၌ အထွတ်အထိပ် တုန်လှုပ်ချောက်ချားဖွယ်နတ်ဘုရား ဖြစ်လာခဲ့လေပြီ။
ထို့ကြောင့် သူသည် ချန်လန်၏ လျှောက်ထားချက်ကို ငြင်းပယ်ခဲ့လေ၏။
သို့သော် အဆုံးသတ်တွင် မစ္စတာဖီအိုနှင့် တုန်လှုပ်ချောက်ချား ဆန့်ကျင်ရေး အဖွဲ့အစည်း၏ အကူအညီဖြင့် ချန်လန်သည် အနုတ်လက္ခဏာစွမ်းအင်များဖြင့် ကောင်းကင်ဘုံလမ်းကြောင်းကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ သူသည် ပန်ဒိုရာသော့ကို လုယူကာ နောက်ဆုံးပန်ဒိုရာသေတ္တာကို ဖွင့်လှစ်ပြီး တုန်လှုပ်ချောက်ချားနတ်ဘုရားကို သတ်ဖြတ်နိုင်ခဲ့သည်။
အထွတ်အထိပ် နတ်ဘုရားနှစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် ကမ္ဘာ၏စည်းမျဉ်းများကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်၍ မရနိုင်ချေ။ ရှေးယခင်ကတည်းက ဖြစ်ခဲ့သကဲ့သို့ တြိဂံတစ်ခု ဖွဲ့စည်းရန် နတ်ဘုရားသုံးပါး ရှိရပေမည်။ ထို့ကြောင့် အထွတ်အထိပ် နတ်ဘုရားနှစ်ပါးသည် ချန်လန်အား ဖိတ်ကြားချက် တစ်ခု ပေးပို့ခဲ့လေ၏။
ချန်လန်သည် သူ မျှော်လင့်ထားသည့်အတိုင်း အထွတ်အထိပ် တုန်လှုပ်ချောက်ချားနတ်ဘုရား ဖြစ်လာခဲ့တော့သည်။
End....
ဘာသာပြန်သူ၏အမှာ...ဒီစာအုပ်က တရုတ်မှာ ခဏခဏ warningပေးခံရပြီးတော့ ဘန်းခံရမယ့် အခြေအနေအထိ ဖြစ်ခဲ့တာပါ။
အထူးသဖြင့် အထက်တန်းကျောင်းနယ်မြေနဲ့ ချေးငွေနယ်မြေမှာ သူ စာတွေအများကြီး ပြန်ပြင်ခဲ့ရတယ်လို့ မူရင်းစာရေးသူက ရေးထားပါတယ်။
တကယ်လို့ သူ ဆက်ရေးရင် စာအုပ်က ဖြုတ်ချခံရတော့မှာမလို့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတယ်။
Book 13 end. ဇာတ်သိမ်း….