← Chapters

အခန်း ၃၈၄

Vol. 39 Ch. 384

အခန်း ၃၈၄

Vol. 39 Ch. 384

အပိုင်း (၃၈၄)

တာ့လီဆန်းစွန်း၏ ဆူပူဆဲဆိုမှုကိုကြားလျှင် ချင်းယွမ်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ် အချို့သည် မနေနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလိုက်ကြသည်။ "စီနီယာ တာ့လီ... ကျွန်တော်တို့ မကြိုးစားတာ မဟုတ်ရပါဘူး..." "ဟိုကတုံးက..." စကားသံအဆုံးတွင် သူတို့သည် တာ့လီစန်းစွန်း၏ ဆံပင်မရှိသည့် ဦးခေါင်းပြောင်ပြောင်ကို မြင်တွေ့လိုက်ရသဖြင့် ရုတ်တရက် အလျင်အမြန် စကားလွှဲလိုက်ကြသည်။ "ကတုံး မဟုတ်ဘူး... ဟို အစုတ်အပြတ် ကိုယ်တော်ရယ်... နောက်ပြီး ကျိန်စာသင့်နေတဲ့ မိစ္ဆာသားရဲတွေရယ်ကြောင့်ပါ..." "သူတို့ဆီမှာ သူတော်စင်အဆင့်ကို ရောက်နေတဲ့ မိစ္ဆာသားရဲ သိန်းချီပြီး ရှိနေပါတယ်...""ဒီစွမ်းအားက မိစ္ဆာမျိုးနွယ်ရဲ့ အဆင့်တစ် အင်အားစု ဖြစ်တဲ့ ဟေးရွှေ နဂါးနန်းတော် ထက်တောင် ပိုပြီး အစွမ်းထက်နေလို့ပါ..စီနီယာ တာ့လီ.." ချင်းယွမ်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ ဖြေရှင်းချက်များကိုကြားသောအခါ တာ့လီဆန်းစွန်းသည် ခေါင်းယမ်းလိုက်သည်။"ထားလိုက်တော့...မင်းတို့..အများကြီး ပြောစရာ မလိုတော့ဘူး..." "ဒီနေ့ ငါ ချွင်းချက်အနေနဲ့ တစ်ကြိမ် ဝင်တိုက်ပေးမယ်..." တာ့လီဆန်းစွန်း၏ စကားသံတွင် သူတို့၏ ကြိုးစားအားထုတ်မှု မရှိခြင်းအတွက် ဒေါသထွက်နေသည့် အရိပ်အယောင်များ အပြည့်အဝ ပါဝင်နေ၏။ "စီနီယာ့ကို..အားကိုးရတော့မှာပါပဲ" လူအများသည် ဆက်လက်မငြင်းဆန်ဝံ့ကြတော့ဘဲ ရိုသေလေးစားစွာဖြင့် တစ်ပြိုင်နက်တည်း သဘောတူလက်ခံလိုက်ကြရသည်။"ကောင်းပြီ..." "ဒီနေ့ မင်းတို့ကို မျက်စိပွင့်သွားအောင် လုပ်ပေးမယ်...""ကောင်းကင်အရှင်လို့ ဘာလို့ ခေါ်ရသလဲဆိုတော့... ကောင်းကင်နဲ့ တူညီတဲ့အဆင့်အတန်းမှာရှိလို့ပဲ..." "မဟာစွမ်းအား အထွတ်အထိပ်... ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမြတ်တဲ့ စွမ်းအား..." ကတုံး တာ့လီဆန်းစွန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လေထဲသို့ညာဘက်လက်သီးကို ပြင်းထန်စွာ ထိုးသွင်းလိုက်သည်။ မည်သည့် ထူးခြားသော မြင်ကွင်းမျိုးမျှ ထွက်ပေါ်လာခြင်းမရှိချေ။ သို့သော် ထိုလက်သီးစွမ်းအားတွင် မဟာကမ္ဘာ ကောင်းကင်တာအို၏ အငွေ့အသက် အနည်းငယ် ပါဝင်နေ၏။ တာ့လီဆန်းစွန်းသည် ကောင်းကင်တာအို၏ စွမ်းအား ကို ယူသုံးလိုက်ခြင်းဖြစ်သည်။ ကောင်းကင်တာအို၏စွမ်းအားများပါဝင် နေသောလက်သီးသည် အောက်ဘက်ရှိ ကြယ်တာရာမြို့တော်ပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ ကြယ်တာရာမြို့၏လေထုအတွင်းတွင် ပုံရိပ်ယောင်များ ရုတ်တရက် ထွက်ပေါ်လာကာ လက်သီးချက်ကိုရင်ဆိုင်ရန်ပြင်ဆင်လိုက်ကြသည်။ ကြယ်တာရာမြို့အတွင်းရှိ ဖာဟိုင် ဦးဆောင်သော ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ အစွမ်းထက်ပုဂ္ဂိုလ် သိန်းဂဏန်းနှင့် မိစ္ဆာသူတော်စင် သောင်းချီတို့သည် ကောင်းကင်စွမ်းအားကိုခုခံရန်အတွက် ကြယ်တာရာ နှစ်ဆယ့်ရှစ်လုံး အစီအရင်အတွင်းသို့ စွမ်းအားများ ပေါင်းစပ်ထည့်သွင်းလိုက်ကြခြင်းဖြစ်သည်။ ထိုစွမ်းအားသည် တာ့လီဆန်းစွန်း၏ လက်သီးကို ယာယီအားဖြင့် ခုခံဟန့်တားနိုင်လိုက်လေသည်။ မိမိ၏တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသော်လည်း ချက်ချင်းပျက်ဆီးသွားခြင်းမရှိသည့် အစီအရင်ကိုမြင်သောအခါ တာ့လီဆန်းစွန်း၏ တည်ငြိမ်နေသော မျက်နှာအမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ "ဟမ်..." "နည်းနည်းတော့ စွမ်းသားပဲ..."

"ဒါပေမဲ့ မင်းတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..." ကတုံး တာ့လီဆန်းစွန်းသည် တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်ကာ တစ်ချိန်တည်းတွင် လက်သီး၏ စွမ်းအားကို ပိုမို မြှင့်တင်လိုက်သည်။ ထိုအခါ အစီအရင်ကြီး တစ်ခုလုံး စတင် ယိမ်းယိုင်လာကာ အလွန် အန္တရာယ်များလှသော အခြေအနေသို့ ရောက်ရှိသွားလေတော့သည်။ ……… တစ်ချိန်တည်းတွင်။နန်ယန်ပြည်နယ်ရှိ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ ဌာနချုပ် အခြေအနေသည်လည်း အကောင်းဘက်တွင် ရှိမနေချေ။ ထိုနေရာကို ဝိုင်းရံထားသော ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်သည် မြောက်ပိုင်းဓားကုန်းမြေတိုက်ကို ဝိုင်းရံထားသူများထက်ပင် ပို၍ များပြားလှသည်။ ယခုတစ်ကြိမ်သည် လူသားမျိုးနွယ် ဂိုဏ်းများစွာ ပူးပေါင်း၍ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေကို တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်ရသည့်အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှ၏။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ကောင်းကင်နှင့် မြေကြီး၏ ကသောင်းကနင်းဖြစ်မှုတွင် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေသည် ကြီးမားလှသော အခွင့်အရေးများစွာကို ရရှိခဲ့ပြီး မသိမသာဖြင့် လူသားမျိုးနွယ် အင်အားစုများစွာကို ရန်စမိသကဲ့သို့ ဖြစ်သွားသောကြောင့်ဖြစ်သည်။ သူတို့ရန်စမိခဲ့သည့်ဂိုဏ်းများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ လူသားမျိုးနွယ် စွမ်းအား ငါးဆယ်ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြခြင်းဖြစ်သည်။ ထိုသူများသည် လူသားမျိုးနွယ် တစ်ခုလုံး၏ အကျိုးအမြတ်ကို ရယူထားသူများ ဖြစ်ကြသဖြင့် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ ရုတ်တရက် တိုးတက်ကြီးပွားလာမှုကိုလိုလားခြင်းမရှိချေ။ ထို့အပြင် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေသည် နှစ်တစ်သန်းကျော်မျှသာ သက်တမ်းရှိသေးသော်လည်း နှစ်ပေါင်း သန်းချီ သက်တမ်းရှိပြီဖြစ်သည့် သူတို့ကဲ့သို့ ရှေးဟောင်း အင်အားစုများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခြင်းမှာ မယုံနိုင်ဖွယ်ရာပင်ဖြစ်သည်။ အကယ်၍ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို လျစ်လျူရှုထားမည်ဆိုပါက နှစ်သောင်းချီပင် ကြာမည်မဟုတ်ဘဲ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ ယခုလက်ရှိ စုဆောင်းထားသော အခြေခံအုတ်မြစ်များဖြင့် ကမ္ဘာငယ် သို့မဟုတ် အလယ်အလတ်ကမ္ဘာအဆင့်ရှိ စွမ်းအားကြီးအင်အားစုတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ထိုအခါ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် အလွယ်တကူကိုယ်တွယ် ဖြေရှင်းရန် မလွယ်တော့ဘဲ ခက်ခဲသွားမည်ဖြစ်သည်။ ထို့ကြောင့် ပြင်ပရန်ကို မချေမှုန်းမီ အတွင်းရေးကို အရင် ငြိမ်းချမ်းအောင် လုပ်ရမည်ဟူသော မူဝါဒအပေါ် အခြေခံကာ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေကို ချေမှုန်းပြီး သူတို့၏ စည်းစိမ်ဥစ္စာများကို ခွဲဝေယူလိုသော စိတ်ကူးများဖြင့် ဂိုဏ်းအင်အားစုများစွာသည် မဟာမိတ်အဖွဲ့အစည်းကိုတည်ထောင်လိုက်ကြသည်။ထိုအချက်သည် လုံလောက်သောအကျိုးအမြတ်ရှိပါက ကောင်းကင်အရှင် တစ်နည်း လွတ်မြောက်ခြင်းအဆင့် ကျင့်ကြံသူများပင် ချွင်းချက်မရှိဘဲလှုပ်ရှားလာမည်ဖြစ်ကြောင်း ဖော်ပြနေသည်။ ထိုအချိန်တွင် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းအထက် ကောင်းကင်ယံ၌။ အစစ်အမှန် နတ်ဘုရားအဆင့် ၃ အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ် ဆယ်ဦးကျော်သည် ကောင်းကင်တွင် ခန့်ညားမောက်မာသောအသွင်ဖြင့် မတ်တပ်ရပ်နေကြသည်။ သူတို့သည် လိပ်ခွံတစ်ခုကဲ့သို့ ဖြစ်နေသော မြေပြင်ပေါ်ရှိ တောင်ပိုင်းမီးတောက် အစီအရင်ကို ကြည့်ကာ အနည်းငယ် ခေါင်းကိုက်နေကြသည်။ "ညီအစ်ကို ယန်... ဒီ တောင်ပိုင်းမီးတောက် အစီအရင်က နည်းနည်းတော့ နာမည်ကြီးတယ်..." "အဲဒီ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေရဲ့ တည်ထောင်သူ ဘိုးဘေး ချန်ရစ်ထားခဲ့တာလို့ ကြားတာပဲ..." ကျိုးပဲ့နေသော ဓားမကြီးတစ်လက်ကို ကျောတွင် လွယ်ထားသည့် လူငယ်တစ်ဦးသည် နောက်ပြန် လက်ပိုက်လျက် ဘေးနားရှိ စုတ်တံနှင့် မင်ရည်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦးကို ပြောဆိုလိုက်သည်။ ညီအစ်ကို ယန် ဟု ခေါ်ဆိုခံရသူသည် ထိုသူ၏စကားကိုကြားလျှင် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... အဲဒီ တည်ထောင်သူ ဘိုးဘေးဆိုတာ ကောလာဟလတွေအရ အဆင့်နိမ့် သူတော်စင်အဆင့်ပဲ ရှိတာပါ...""ပြီးတော့ သူက နှစ်တစ်သန်းလောက် ပုန်းအောင်းနေခဲ့တာဆိုတော့... သက်တမ်းကုန်ပြီး သေတောင် သေနေလောက်ပြီ..." "ငါတို့ ဝမ်ရွှမ်ဂိုဏ်းက သူ့ကို မကြောက်ဘူး..." ထိုစဉ် ဘေးနားရှိ အသားမည်းမည်းနှင့် မုတ်ဆိတ်မွေး ထူထူ လူသန်ကြီးတစ်ဦးသည် ခေါင်းယမ်းလိုက်ကာ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာ၏။ "ယန်ကျီချင်း... မင်းတို့ ဝမ်ရွှမ်ဂိုဏ်းက လောကကြီးရဲ့ အတတ်ပညာအားလုံးကိုကျွမ်းကျင်ထားပြီး အစီအရင်ပညာမှာ လည်းအဆင့်တစ်ဂိုဏ်းလို့ ကြွေးကြော်ထားတာမဟုတ်ဘူးလား..." "ကြည့်ရတာ မင်းရဲ့ ဂိုဏ်းချုပ် ရာထူးကနေ စောစောစီးစီး ထွက်လိုက်တာ ကောင်းမယ်ထင်တယ်..." "တောင်ပိုင်းမီးတောက်အစီအရင်ကို မဖြိုခွဲနိုင်သေးတာ အရှက်ကွဲစရာပဲလေ..." မျက်နှာမည်း လူသန်ကြီး၏ ရန်စစကားများကို ကြားလိုက်ရသောအခါ ယန်ကျီချင်းသည် စုတ်တံနှင့် မင်ရည်ကို တစ်ချက် ခါယမ်းလိုက်ကာ ဒေါသတကြီးဖြင့် သူ့ကို အေးစက်စွာ ကြည့်လာသည်။ "မျက်နှာမည်း ကျန်း... မင်း နောက်တစ်ခွန်း ထပ်ပြောရဲသေးလား..."

"ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေကို မရှင်းခင် မင်းတို့ ချီလျန်ဂိုဏ်းကို အရင် ရှင်းပစ်ဖို့ ငါ့အတွက် ပြဿနာ မရှိဘူးနော်..." မျက်နှာမည်း လူသန်ကြီးသည် ခေါင်းအနည်းငယ် ညိတ်လိုက်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။ "ဟားဟားဟား... မင်းက စမ်းကြည့်ရဲလို့လား..." "ထားလိုက်ပါတော့... မင်ရည်နံ့တွေ နံစော်နေတဲ့ မင်းလိုကောင်နဲ့ ငြင်းခုံရတာ ပျင်းစရာ ကောင်းလွန်တယ်..." အနှီလူများသည် အစစ်အမှန် နတ်ဘုရားအဆင့် အထွတ်အထိပ်သို့ရောက်ရှိနေသော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြကာ အသက်အရွယ်အမျိုးမျိုး ၊ပုံစံအမျိုးမျိုးရှိနေကြသည်။ နတ်ဘုရားအဆင့် သို့ ရောက်ရှိလာပါက အပြင်ပန်း အသွင်အပြင်ကို မိမိအလိုရှိရာသို့ စိတ်တိုင်းကျပြောင်းလဲနိုင်စွမ်း ရှိလာမည်ဖြစ်သည်။ ထို့ကြောင့်ပင် ကျုံးရှန်သည်လည်း လူငယ်တစ်ဦးနှင့် တူနေခြင်း ဖြစ်သည်။ ရုတ်တရက် မျက်နှာမည်း ကျန်း၏မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အမူအရာမျိုးဖြစ်ပေါ်လာကာ စိုးရိမ်တကြီးဖြင့် စကားဆိုလာသည်။ "ငါ မင်းတို့ကို ပြောစရာတစ်ခုရှိတယ်..." "ဒီ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေရဲ့ ဘိုးဘေးက အဆင့်နိမ့် သူတော်စင်အဆင့် ဖြစ်ပေမဲ့ နောက်ခံက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်ပြီး... အင်အားကြီးထွားလာတာကလည်း အရမ်းမြန်ပြီး ရုတ်တရက်ဆန်လွန်းတယ်..." "ငါတို့ ဂိုဏ်းရဲ့ ဘိုးဘေးကြီး ပြောပြချက်အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းအတွင်း ကောင်းကင်တာအို ပြောင်းလဲမှုနဲ့ ကမ္ဘာ့ကံတရား ကျဆင်းသွားတာတွေက ဒီကောင်နဲ့ မကင်းဘူးတဲ့..." "နောက်ပိုင်းမှာ ဘိုးဘေးကြီးက ဒီကောင်ရဲ့ နောက်ခံနဲ့ ပုန်းအောင်းနေတဲ့ နေရာကို တွက်ချက်ဖို့ ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဘာအချက်အလက်မှ မရခဲ့ဘူး...""ဒါကြောင့် သူ ချန်ရစ်ထားခဲ့တဲ့ အစီအရင်က ငါတို့လို လူတွေကို ခုခံနိုင်တာ.. သိပ်ပြီးတော့ အံ့သြစရာ ကောင်းတဲ့ ကိစ္စ မဟုတ် ပါဘူး..." မျက်နှာမည်း ကျန်းဟု ခေါ်ဆိုခံရသော အထွတ်အထိပ် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်သည် လူသိနည်းသော လျှို့ဝှက်ချက်တစ်ခုကို ဖြည်းညင်းစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူ၏ ရှင်းပြသံအဆုံးတွင် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ် အများအပြားသည် ဆူညံပွက်လျောရိုက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ်ပေါင်း တစ်သန်းအတွင်း ကောင်းကင်တာအို ပြောင်းလဲမှုနှင့် ကံတရား ကျဆင်းမှုများကို သူတို့အားလုံး သိရှိထားသောကြောင့်ဖြစ်သည်။ သို့သော် ထိုအရာအားလုံးကိုဖြစ်ပေါ်စေခဲ့သည့် လက်သည်တရားခံမှာ အဆင့်နိမ့် သူတော်စင်တစ်ဦးဖြစ်နေမည်ဟု မည်သူမျှမသိရှိခဲ့ကြချေ။မျက်နှာမည်းကျန်း၏ လျှို့ဝှက်ချက်သည်အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော သတင်းစကားသာ ဖြစ်လေသည်။"မျက်နှာမည်း ကျန်း... ငါတို့ကို လာမခြောက်စမ်းပါနဲ့..." "ဒီလိုဆိုရင်တောင် ဘာဖြစ်လဲ... သူက အဆင့်နိမ့် သူတော်စင်တစ်ယောက်ပဲလေ..." "လက်ဝါးတစ်ချက်တည်းနဲ့ သူ့ကို ရိုက်ချပစ်လို့ ရတယ်..." ယန်ကျီချင်းသည် အထင်သေးစွာ ပြောဆိုလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ဝမ်းသာရွှင်မြူးနေဟန်များထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်း အချို့ကို လက်ခံရရှိလိုက်သောကြောင့်ဖြစ်သည်။ "ငါတို့ ဝမ်ရွှမ်ဂိုဏ်းရဲ့ ဘိုးဘေးကြီးက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီ..." "မကြာခင်..သူဒီကိုရောက်လာတော့မယ်..." ယန်ကျီချင်း၏ စကားသံအဆုံးတွင် အဖြူအမည်း ရောစပ်နေသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူငယ်စာပေပညာရှင်တစ်ဦး သည် သူ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာသည်။ ထိုအခါ ယန်ကျီချင်းသည် ချက်ချင်းပင် ဒူးထောက်ဂါရဝပြုလိုက်သည်။ "ယန်ကျီချင်းက ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်..." အခြားသော နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း ရောက်ရှိလာသောပုဂ္ဂိုလ်ကို မြင်သောအခါ အသီးသီး ဒူးထောက် ဂါရဝပြုလိုက်ကြသည်။ "ဂျူနီယာတွေက စီနီယာ ဝမ်ရှန့် ကို ဂါရဝပြုပါတယ်..." အနှီပုဂ္ဂိုလ်သည် ရှေးဟောင်း သူတော်စင်များထဲမှ တစ်ဦးဖြစ်သော ဝမ်ရှန့် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မဟာသူတော်စင်ကြီးများထဲမှ တစ်ဦး ဖြစ်ကာ ဝမ်ရှန့်ကုန်း မြေတိုက်ကြီး၏ လူသားယဉ်ကျေးမှုကို ဖန်တီးခဲ့သူလည်း ဖြစ်သည်။ ဝမ်ရှန့်သည် ထူးခြားသည့် အခွင့်အရေးများကို ရရှိခဲ့သဖြင့် ရှေးဟောင်း သူတော်စင်၏ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ရုံသာမက အစစ်အမှန် နတ်ဘုရားအဆင့်၏ အတားအဆီးကိုပါ ချိုးဖျက်ပြီး ကောင်းကင်အရှင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်လေတော့သည်။

All Chapters