← Chapters

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း ၃၈၅

Vol. 39 Ch. 385

အပိုင်း (၃၈၅)

"အားလုံးထကြပါ..." "ငါ အခုလေးတင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာဆိုပေမဲ့... လက်ရှိအခြေအနေအားလုံးကို သိပြီးသွားပြီ..." "မင်းတို့ မြင့်မြတ်နယ်မြေကို တိုက်ခိုက်တာကို ငါ သိပ်တော့ သဘောမတူဘူး..."

"ဒါပေမဲ့ မဟာမိတ်တောင် ဖွဲ့ပြီးသွားပြီး...အဘိုးကြီး တချို့ကလည်း ထောက်ခံထားကြတယ်ဆိုတော့..." "ကောင်းပြီလေ....ငါလည်း မင်းတို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးရတာပေါ့..." ဝမ်ရှန့်သည် အေးဆေးစွာ ပြောဆိုလိုက်ကာ လက် တစ်ချက် ဝှေ့ယမ်းလိုက်သည်။ထိုအခါ သူ၏ အင်္ကျီလက်အိုးထဲမှ စုတ်တံနှင့် မင်ရည်အိုးတို့ ပျံသန်းထွက်ပေါ်လာကာ ချိုးဖျက်ခြင်း ဟူသော စာလုံးတစ်လုံးကို ရေးသားလိုက်သည်။ ချိုးဖျက်ခြင်း စာလုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ရာသော အားကောင်းလှသည့် စွမ်းအားများ ပြည့်နှက်သွားသကဲ့သို့ ဖြစ်သွားပြီး အောက်ဘက်ရှိ တောင်ပိုင်း မီးတောက်အစီအရင်ဆီသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ဌာနချုပ်အတွင်းတွင် ကျုံးထျန်းယွဲ့၊ ကျုံးကျဲ၊ ကျုံးချီထျန်း၊ ရွေ့ဝူတိ၊ ကျုံးချီမင်၊ ကျွမ်းလီ တို့သည် တောင်ပိုင်းမီးတောက်အစီအရင်၏ လည်ပတ်မှုကို တာဝန်ယူ ကြီးကြပ်နေကြသည်။ ထိုအချိန်တွင်ရုတ်တရက် ကြီးမားလှသော ဖိအားတစ်ခု ထွက်ပေါ်လာကာ တောင်ပိုင်းမီးတောက်အစီအရင် တစ်ခုလုံး ပြိုကွဲလုမတတ် ဖြစ်သွား၏။ "ဒုက္ခပဲ..." "နောက်ဆုံးတော့ ကောင်းကင်အရှင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဝင်တိုက်လာပြီ..." သူတို့သည် တောင်ပိုင်းမီးတောက်အစီအရင်ကြီးကို ထိန်းချုပ်နေသူများဖြစ်သည့်အားလျော်စွာ အစီအရင်၏ ဖိအားအပြောင်းအလဲကို အသိသာဆုံး ခံစားနိုင်သူများ ဖြစ်ကြသည်။ ထို့ကြောင့်ဝမ်ရှန့် စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးသည် ပြင်းထန်လှသော ဖိအားတစ်ခုကို ခံစားလိုက်ကြရလေသည်။ ထိုဖိအားတွင် နတ်ဘုရားအဆင့် အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်များကို ကျော်လွန်နေပြီး မဟာကမ္ဘာ ကောင်းကင်တာအို၏ စွမ်းအား အနည်းငယ်ပင် ပါဝင်နေသည်။ "အားလုံးတောင့်ထားကြ...ငါတို့ရဲ့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ဘယ်လိုမှ အဆုံးရှုံးခံလို့မဖြစ်ဘူး" "ကောင်းကင်အရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဆိုရင်တောင်...ငါတို့ရဲ့ ဂိုဏ်းတံခါးကို လာနင်းချေလို့ မရစေရဘူး" ကျုံးချီမင်သည် ပြင်းထန်လှသောဖိအားကိုတောင့်ခံနေပြီး သွားကြိတ်ကာ ပြောလိုက်သည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရှိ လူများသည် လွန်ခဲ့သည့်နှစ်များအတွင်း ဗဟုသုတ များစွာ တိုးတက်လာခဲ့ကာ အမြင်ကျယ်လာခဲ့ဖြစ်သည်။ ယခင်ကဆိုပါလျှင် ကောင်းကင်အရှင် အဆင့်ဟူသည် သူတို့အတွက် အိပ်မက်ထဲ၌ပင် မတွေးမိသောအရာမျိုးဖြစ်ပြီး သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဆိုသည်မှာပင် ကြီးကျယ်ခန်းနားသော တည်ရှိမှုများ ဖြစ်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ မတူညီတော့ချေ။ ကောင်းကင်နှင့် မြေကြီး ကြီးမားစွာ ပြောင်းလဲသွားပြီးနောက်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုသည်လည်း အမည်မသိ အပြောင်းအလဲအချို့ ဖြစ်ပေါ်လာသဖြင့် ထူးခြားဆန်းကြယ်သော ရတနာအမျိုးမျိုးရှာဖွေရန်အခွင့်အရေးမျိုးစုံ ထွက်ပေါ်လာရုံသာမက ကျင့်ကြံခြင်းအဆင့် တက်လှမ်းရန်သည်လည်း များစွာ ပိုမိုလွယ်ကူလာခဲ့သည်။ ထိုသည်က ကျင့်ကြံခြင်းအဆင့်များ၌အမျိုးမျိုးသော အတားအဆီးများကို ချိုးဖျက်ရန် ပို၍ လွယ်ကူလာခြင်းကိုလည်း ဆိုလိုသည်။ ထို့အပြင် ခေတ်အဆက်ဆက်တွင် ထွက်ပေါ်မလာခဲ့ဘဲ လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ ကံကြမ္မာ အကျိုးဆက်များနှင့် ကင်းကွာအောင် နေထိုင်ခဲ့ကြသော မိစ္ဆာအိုကြီး များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာရန် ရွေးချယ်လာခဲ့ကြသည်။ ထို့ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် ယခုနှစ်များအတွင်း တဖြည်းဖြည်းနှင့် နောက်ကျိသော ရေအိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲလာကာ ပို၍ပင် ရှုပ်ထွေး စည်းကမ်းမဲ့လာတော့သည်။ တောင်ပိုင်းမီးတောက်အစီအရင်ကို တိုက်ခိုက်ရာတွင် ဝမ်ရှန့်သည် သူ၏ ချိုးဖျက်ခြင်းစာလုံးတိုက်ခိုက်မှု၌ ကောင်းကင်အရှင်အဆင့်စွမ်းအားများကို အစွမ်းကုန် အသုံးမပြုခဲ့ပေ။ ထို့ကြောင့် ချိုးဖျက်ခြင်း စာလုံးသည် စွမ်းအားကြီးမားလှပြီး ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ အစီအရင်ကို အမြင့်ဆုံးအထိ ဖိအားပေးနိုင်ခဲ့သော်လည်း အစီအရင်ကြီး၏အတွင်းပိုင်းကိုမူ ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။ တောင်ပိုင်း မီးတောက်အစီအရင်သည် အလွန်တရာ ခိုင်မာမြဲမြံလှကာ ဝမ်ရှန့်၏ တွေးထင်ထားမှုထက် လုံးဝ ကျော်လွန်နေလေသည်။ 'စိတ်ဝင်စားစရာပဲ...ဒီအစီအရင်က ဒီလောက်တောင် ခိုင်မာနေတာလား' 'တောင်ပိုင်း မီးတောက်အစီအရင်က သဘာဝအရဆိုရင် ငါ့ရဲ့ ချိုးဖျက်ခြင်း စာလုံး ဂါထာကို မဟန့်တားနိုင်ပါဘူး' 'အစီအရင်ကို ထိန်းချုပ်နေတဲ့လူတွေထဲမှာ ကောင်းကင်အရှင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ယောက် ပါနေတာပဲ ဖြစ်ရမယ်'ဝမ်ရှန့်သည် အတွေးများစွာဖြင့် နစ်မျောနေခဲ့ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းကာ ချိုးဖျက်ခြင်း စာလုံးကို ဖယ်ရှားလိုက်သည်။

ထို့နောက် သူသည် တည်ကြည်လေးနက်သွားပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် လက်ထဲရှိ စုတ်တံကိုအသုံးပြု၍ ဖွင့်ခြင်း ဟူသော စာလုံးတစ်လုံးကို ထပ်မံ ရေးသားလိုက်ပြန်သည်။ ထို ဖွင့်ခြင်း စာလုံးသည် လေထဲ၌ထွက်ပေါ်လာသောအခါ ချိုးဖျက်ခြင်း စာလုံးထက် ပို၍ အသက်ဝင်နေသကဲ့သို့ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်သည် သူ၏စွမ်းအားများကိုထပ်မံတိုးမြှင့်လိုက်သောကြောင့်ဖြစ်ပြီး ထိုထဲတွင်ယုံကြည်မှုစွမ်းအားများပါဝင်နေသည်။ဝမ်ရှန့်သည် ဝမ်ရှန့်လူသားမျိုးနွယ်၏ စာပေအက္ခရာများကို ဖန်တီးခဲ့ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် လူသားမျိုးနွယ်တို့၏ နှစ်ပေါင်း သန်းချီ ယုံကြည်ကိုးကွယ်မှုကို လက်ခံရရှိထားသူဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန့်လူသားမျိုးနွယ်၏စာပေနှင့် ဗဟုသုတများကို သင်ယူသူတိုင်းသည် သူ့ အတွက် ယုံကြည်မှုစွမ်းအားများ ဖြစ်ပေါ်စေ သော အရင်းအမြစ်များဖြစ်သည်။ ထို့အပြင် စာပေဖန်တီးခြင်း၏ ကောင်းမှုသည် ကြီးမားသော ကုသိုလ်ကံဖြစ်ပြီး ကောင်းကင်၏ အလိုဆန္ဒ ပါဝင်နေသဖြင့် ဝမ်ရှန့်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် ကြီးမားသော ကုသိုလ်ကံများနှင့် ပြည့်နှက်နေသော ထူးခြားသည့်သူတော်စင်တစ်ပါး ဖြစ်သည်။သူသည် ရှေးဟောင်း သူတော်စင်များထဲတွင်ပင် အခြေအနေ အကောင်းဆုံး သူတစ်ဦးအဖြစ် သတ်မှတ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်နှင့် ပေါင်းစပ်ပြီး ကောင်းကင်တာအို စည်းမျဉ်းများကို ဖြည့်ဆည်းပေးရခြင်းမျိုး မရှိခဲ့သည့်အပြင် ကောင်းကင်နှင့် မြေကြီး ပြောင်းလဲမှု ကပ်ဘေးကြီးများမှလည်း အကြိမ်ကြိမ် လွတ်မြောက်ခဲ့ သောကြောင့်ဖြစ်သည်။ ထို့အပြင် ဝမ်ရှန့်သည် ကောင်းကင်အရှင် အဆင့်သို့ပင် ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီးအစစ်အမှန် လွတ်မြောက်ခြင်းသို့ ရောက်ရှိနေသူ ဖြစ်သည်။မဟာကမ္ဘာကြီးသည်ပင်လျှင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ချုပ်နှောင်ထားရန် ခက်ခဲလှ၏။ ဝမ်ရှန့်၏ ဖွင့်ခြင်း စာလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယခင် ချိုးဖျက်ခြင်း စာလုံးနှင့် လုံးဝ ကွဲပြားသွားကာ ထျန်း ဂိုဏ်းမြင့်မြတ်နယ် မြေ၏အစီအရင်ဗဟိုချက်ဆီသို့ တိုက်ရိုက်ဦးတည်တိုးဝင်သွားသည်။ ဖွင့်ခြင်း စာလုံးရှေ့တွင် တောင်ပိုင်းမီးတောင်အစီအရင်ကြီးသည် ကျောက်တုံးရှေ့မှ ကြက်ဥခွံကဲ့သို့ ခုခံနိုင်စွမ်း လုံးဝ မရှိတော့ဘဲ နှစ်ခု ထိတွေ့သွားသည့် တစ်ခဏအတွင်း လုံးဝ ပြိုကွဲပျက်စီးသွားတော့သည်။ ထိုအခါ ကျုံးကျဲတို့အုပ်စုသည်လည်း ချက်ချင်းပင် သွေးတစ်ပွက် အန်ချလိုက်ရပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိသွားကြသည်။ တစ်ဖန် ဖွင့်ခြင်း စာလုံးသည် ထိုမျှနှင့် မပြီးသေးဘဲ တောင်ပိုင်း မီးတောက်အစီအရင်ကို ထိုးဖောက်ပြီးနောက်တွင် ဧရာမ ကြိတ်ဆုံကြီးတစ်ခုကဲ့သို့ ဂိုဏ်းကို တိုက်ရိုက် ဖိနှိပ်ချေမွရန်ကြိုးစားလာသည်။"စစ်ဘုရင်အသွင်ပြောင်းခြင်း..." ကျုံးကျဲသည် ရုတ်တရက်ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ ထိုအခါသူ၏လက်ထဲတွင် ထူးခြားခန့်ညားသော စစ်ဘုရင်လှံရှည် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးတွင်လည်း သံချပ်ကာဖြင့်လွှမ်းခြုံသွားသည်။ ကျုံးကျဲသည် မျက်မှောက်ခေတ်၏ စစ်ဘုရင်မင်းတစ်ပါး ဖြစ်လာကာ ခန့်ညားထည်ဝါစွာဖြင့်တည်ရှိနေသည်။ သူသည် သေရမည်ကိုပင် ဂရုမစိုက်ဘဲ လက်လျော့အရှုံးပေးမည့်အမူအရာ မရှိချေ။ "ငါ..ကျုံးကျဲ...ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေနဲ့ အတူ အသက်ရှင်ပြီး... အတူ သေမယ်" ကျုံးကျဲသည်ဒေါသတကြီး အော်ဟစ်ပြီးနောက် လှံရှည်ကို ကိုင်ဆောင်ကာ ဖွင့်ခြင်း စာလုံးဆီသို့ တိုးဝင်သွားသည်။ သူသည် ကြီးမားသော ရေစီးကြောင်းကို တားဆီးရန် ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်နှင့် တူနေသေးသည်။ ထိုအချိန်တွင်သူ၏ ဘေးရှိကျုံးထျန်းယွဲ့သည်လည်း အရှုံးပေးခြင်းမရှိချေ။ သူမ၏ တစ်ကိုယ်လုံး ရွှေရောင်အလင်းများ တောက်ပနေကာ သူတော်စင်တစ်ပါး၏ ပုံရိပ်ယောင်ဖြင့် လွှမ်းခြုံထားပြီး ရာပေါင်းများစွာသော ဗုဒ္ဓတရားတော် အသံများသည် သူမ၏ ပတ်လည်တွင် ရစ်ဝဲနေ၏။ ကျုံးကျဲတစ်ယောက် ဝမ်ရှန့်ဖွင့်ခြင်းစာလုံးဆီသို့ တိုးဝင်သွားသည်ကိုမြင်လျှင် ကျုံးထျန်းယွဲ့သည် လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ ထိုအခါ သူမ၏ လက်တွင် ဝတ်ဆင်ထားသော ကြယ်တာယာခွင်းလက်အိတ်ပေါ်မှ ခေါင်းငါးလုံးသားရဲသည် သွေးရောင် အလင်းတန်း ငါးခုအဖြစ် ပြောင်းလဲကာ လေထဲသို့ ပျံသန်းထွက်ပေါ်လာပြီး သူမ၏ ဘေးပတ်လည်တွင် ရစ်ဝဲလာကြသည်။ သူမ၏ ခြေလှမ်းများသည် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ခြေလှမ်းတိုင်းသည် ကောင်းကင်ကို နင်းလျှောက်နေသည့်အလား ဝမ်ရှန့်၏ ဖွင့်ခြင်း စာလုံးဆီသို့ ကျုံးကျဲ၏နောက်မှ လိုက်ပါသွားသည်။ သူမ၏ခြေလှမ်းနည်းစနစ်သည် ဝမ်တာအိုဧကရာဇ်ခန္ဓာကိုယ်၏ ကောင်းကင် ခြေလှမ်းပင် ဖြစ်သည်။ ကျုံးထျန်းယွဲ့၏နောက်တွင် ရွေ့ဝူတိလိုက်ပါလာသည်။ ရွေ့ဝူတိသည် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လျှင် သူတော်စင်နိုင်ငံ၏ အတားအဆီးများ ထွက်ပေါ်လာကာ မရေမတွက်နိုင်သော ဓားများ ပျံသန်းထွက်ပေါ်လာသည်။ တစ်ချိန်တည်း၌ သူ၏ ခေါင်းပေါ်မှလည်း ကံဆိုးခြင်း အမည်းရောင်အငွေ့များ ထွက်ပေါ်လာ၏။"ဆရာ... ဝူတိ ဆရာ့ကို အဖော်မပြုပေးနိုင်တော့တာခွင့်လွှတ်ပါ" သူသည် တီးတိုးရေရွတ်ပြီးနောက် ပြတ်သားသော မျက်နှာဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။

ထို့နောက် ရွေ့ဝူတိသည် ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။ သူ၏ ပစ်မှတ်သည်လည်း ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေပေါ်သို့ဦးတည်လာနေသည့် ဖွင့်ခြင်း စာလုံးပင် ဖြစ်သည်။ကျွမ်းလီ၏ ခန္ဓာကိုယ် ပတ်လည်တွင်လည်း ကံကြမ္မာ အကျိုးဆက် မြစ်ရေစီးကြောင်းများ လည်ပတ်လာကာ သူမသည် မူလခန္ဓာကိုယ် ဖြစ်သော နတ်ဘုရား ယန္တရား ဥဩငှက်အဖြစ် ပြောင်းလဲသွားသည်။ သူမသည် ထောင်သောင်းချီသော ကံကြမ္မာ အကျိုးဆက်များကို ရစ်ပတ်လျက်ရွေ့ဝူတိနှင့်အတူ ဖွင့်ခြင်း စာလုံးဆီသို့ ဦးတည် ပျံသန်းသွားလေသည်။ ထျန်းဂိုဏ်း၏ တပည့်အားလုံးနီးပါး သည်လည်း ထိုနည်းတူပင် ဖြစ်ကာ မည်သူမျှတွန့်ဆုတ်တွေဝေခြင်းမရှိဘဲ ‌သေသည်အထိတိုက်ပွဲဝင်ရန် ရှေ့သို့သာ ဆက်လက် တိုးဝင်သွားကြသည်။ တစ်ဖက်ရှိ ရန်သူ အင်အားစုများသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် မည်ကဲ့သို့သော အင်အားစုမျိုးဖြစ်၍ ထိုမျှ သေရမည်ကို မကြောက်သော နောက်ခံတပည့်များကို ပိုင်ဆိုင်နိုင်သည်ကို စိတ်ကူး၍ မရဖြစ်နေသည်။ ဝမ်ရှန့်၏ မျက်လုံးထဲတွင်ပင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ သူ၏ ရှေ့မှအနှီလူစုသည် သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းတွင် ကြီးမားသော ကံကြမ္မာနှင့် အခွင့်အရေးများ ရှိကြသည်။သို့သော်လည်း သူ့အတွက်မူ ပုရွက်ဆိတ်များသာ ဖြစ်နေဆဲဖြစ်ကာ သူ၏လက်တစ်ချက်အဝေ့ဖြင့်ပင် အလွယ်တကူသတ်ဖြတ်နိုင်လေသည်။

All Chapters