အခန်း ၃၈၈
Vol. 39 Ch. 388
အပိုင်း (၃၈၈)
ကျုံးရှန်သည် ကျူးကျီကိုအချိန်အတော်ကြာ ပွတ်သပ်ပြီးနောက်မှ ခေါင်းမော့လာကာ ဂိုဏ်းညီလာခံ၌ရောက်ရှိနေသူများကို ဝေ့ဝဲကြည့်လိုက်သည်။ "ရှောင်ကျဲ... ယွဲ့အာ... မင်းတို့လည်း ဒီကိုလာကြ" သူတို့နှစ်ဦးစလုံးသည် ကျုံးရှန် တောင်ပေါ်မှ ဆင်းလာစဉ်တွင် ဂရုစိုက်ပေးခဲ့သော မျိုးဆက်သစ်များ ဖြစ်သောကြောင့် ကျုံးရှန်၏စိတ်ထဲတွင် အထင်ကြီးစရာ ကောင်းလောက်အောင် မှတ်မိနေခဲ့သည်။ ကျုံးကျဲနှင့် ကျုံးထျန်းယွဲ့တို့နှစ်ဦးသည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး လေထဲမှ ပျံသန်းကာ ကျုံးရှန်၏ ရှေ့သို့ ရောက်ရှိလာပြီး ဒူးထောက်ဂါရဝပြုလိုက်ကြသည်။ "ဘိုးဘေး" ကျုံးရှန်သည် သူတို့နှစ်ဦး၏အမူအရာကိုမြင်လျှင်ခေါင်းညိတ်ပြလိုက်သည်။ "မဆိုးဘူး... မင်းတို့ ကလေးနှစ်ယောက်က တကယ်ကို ကြိုးစားခဲ့ကြတာပဲ" "မင်းတို့လည်း ကြီးပြင်းလာကြပြီကိုး" ကျုံးရှန်သည် အေးဆေးစွာဖြင့် ချီးကျူးလိုက်သည်။ ထိုစဉ်အခါ ကျုံးရှန်သည် ကျုံးချီထျန်းတစ်ယောက် တစ်ကိုယ်လုံး သွေးသံတရဲရဲဖြင့် ကျုံးထျန်းယွဲ့ကို ပွေ့ချီကာ သူမ၏ အသက်ကို ကယ်တင်ရန် မသေမျိုးတောင်တန်းသန်းချီထဲသို့ ဝင်ရောက်လာခဲ့သည့် အချိန်ကို ပြန်လည် သတိရသွားသည်။ ထိုအချိန်က ကျုံးထျန်းယွဲ့မှာ အသက်ရှစ်နှစ်အရွယ်ရှိ ဖြူဖွေးသည့် ကလေးငယ်လေးသာ ဖြစ်သည်။ ယခုအခါတွင်မူ သူမသည် ထင်ရှားလှပသော မိန်းမပျိုလေး တစ်ဦး ဖြစ်နေပြီ ဖြစ်၏။ ကျုံးရှန်၏ မျက်လုံးထဲတွင် ကျုံးထျန်းယွဲ့သည် မိန်းမပျိုလေး တစ်ဦး ဖြစ်ကာ သူ၏ မြေးမြစ် အဆင့်ရှိသော မျိုးဆက်တစ်ခုသာ ဖြစ်သည်။ သို့သော် အပြင်လူများ၏ မျက်လုံးထဲတွင်မူ ကျုံးထျန်းယွဲ့သည် နှစ်သန်းချီကြာမှ တစ်ခါ ထွက်ပေါ်လာလေ့ရှိသည့် ပါရမီရှင် တစ်ဦး ဖြစ်ချေသည်။ သူမသည် သူတော်စင် အရိုး နှင့် ဝမ်တာအို သူတော်စင်ခန္ဓာ ကို ပိုင်ဆိုင်ထားပြီး ဝမ်တာအို ဧကရာဇ်၏ အမွေအနှစ်ကိုလည်း ရရှိထားသည်။ ကျုံးထျန်းယွဲ့သည် ပြင်းထန်ကြမ်းတမ်းသော ကျင့်ကြံခြင်းကို ဖြတ်သန်းခဲ့ပြီးမှသာ ထာဝရ နတ်ဘုရား သင်္ချိုင်း အားလုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဝမ်တာအိုဧကရာဇ် ချန်ထားရစ်ခဲ့သော အစွမ်းထက် ပုဂ္ဂိုလ်များ၏ အကူအညီကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအစွမ်းထက် ပုဂ္ဂိုလ်များသည် ယခုအခါတွင် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေထဲသို့ ဝင်ရောက်လာကြကာ နတ်ဘုရားမင်းဆက်ကို အုပ်ချုပ်ခဲ့သည့် စီမံခန့်ခွဲမှု နည်းလမ်းများကို အသုံးပြု၍ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော အကူအညီများပေးအပ်ခဲ့လေသည်။ဘိုးဘေး၏ ချီးကျူးစကားကို ကြားသောအခါ ကျုံးထျန်းယွဲ့၏ မျက်နှာထက်တွင် ချိုမြိန်သော အပြုံးလေးတစ်ခုပွင့်လန်းလာသည်။ "ယွဲ့အာ အခုလိုအခြေအနေရောက်လာတာ...ဘိုးဘေး ပေးသနားခဲ့တဲ့ အခွင့်အရေးတွေကြောင့်ပါ" ကျုံးရှန်သည် လက်ယမ်းပြလိုက်လေသည်။ "ဒါကလည်း ကံကြမ္မာရဲ့ အဆုံးအဖြတ်ပါပဲ" "ငါက... မင်းကံကြမ္မာရဲ့ အချိုးအကွေ့တစ်ခု အနေနဲ့ပဲ ပါဝင်ခဲ့တာ"
ကျုံးရှန်သည် လက်တစ်ချက် လှန်လိုက်ပြီး ဧကရာဇ် တံဆိပ်တုံး တစ်ခုကို ထုတ်ယူကာ ကျုံးထျန်းယွဲ့၏ ရှေ့သို့ ညင်သာစွာ ပို့လွှတ်လိုက်သည်။ "ယွဲ့အာ... ဒါက ဝမ်တာအို ဧကရာဇ် ရဲ့ ကောင်းကင်တံဆိပ်တုံးပဲ... ဒါကို ပိုင်ဆိုင်ထားရင် မင်းက ဝမ်တာအို ဧကရာဇ် ရဲ့ ရတနာတိုက်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ကောင်းကင်လက်နက်တိုက်ကိုပါ ဖွင့်လှစ်နိုင်လိမ့်မယ်" "ဒီတံဆိပ်တုံးတစ်ခုကိုယ်တိုင်ကလည်းပဲ...တန်ဖိုးရှိတဲ့ ရတနာတစ်ခုပဲဖြစ်တယ်" ကျုံးထျန်းယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့်ကောင်းကင်တံဆိပ်တုံးကို လှမ်းယူလိုက်သည်။ "ဘိုးဘေးရဲ့ ချီးမြှင့်မှုအတွက် ကျေးဇူးတင်ပါတယ်"ဝမ်တာအို ဧကရာဇ် ၏ အမွေအနှစ်တွင် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခု ကျန်ရှိနေသေးပြီး သူမသည် ထိုအစိတ်အပိုင်းကို အမြဲတမ်း ဆက်ခံနိုင်ခြင်း မရှိခဲ့သကဲ့သို့ခံစားနေရသည်။ အနှီ ကောင်းကင်တံဆိပ်တုံးသည် ထိုအမွေအနှစ်ကိုအသက်သွင်းရန်အတွက် လိုအပ်နေသောအရာဖြစ်နိုင်ပေသည်။ ကျုံးထျန်းယွဲ့သည် တံဆိပ်တုံးကို သိမ်းလိုက်ကာ ကျုံးရှန်ကို ဦးညွှတ် ဂါရဝပြုလိုက်သည်။ ထို့နောက် ကျုံးရှန်သည် ကျုံးကျဲကို ကြည့်လိုက်သည်။ "ရှောင်ကျဲ... မင်းလည်း မဆိုးဘူးပဲ...မင်းရဲ့ ကံကြမ္မာ အခွင့်အရေးတွေက ပိုပိုပြီးတော့ အားကောင်းလာတယ်""ပြီးတော့ မင်းက အနောက်ချူ စစ်ဘုရင်ရဲ့ အမွေအနှစ်ကိုလည်း အပြည့်အဝ ရရှိသွားပြီးတဲ့ပုံပဲ" "မင်းက... မျက်မှောက်ခေတ်ရဲ့ စစ်ဘုရင်တစ်ပါး ဟန်ပန်မျိုးတောင် ရှိလာပြီ..." "ကောင်းတယ်...သိပ်ကောင်းတယ်..." ဘိုးဘေး၏ ချီးကျူးစကားကို ကြားသောအခါ သံချပ်ကာကို ဝတ်ဆင်ထားပြီး စစ်ဘုရင်လှံရှည်ကို ကိုင်ဆောင်ထားသော ကျုံးကျဲသည် အလျင်အမြန် ဦးညွှတ် ဂါရဝပြုလိုက်သည်။ "ဘိုးဘေးရဲ့ ချီးမြောက်မှုကြောင့်သာ... ကျွန်တော်ရှောင်ကျဲ ဒီအခြေအနေထိရောက်ရှိလာရတာပါ..."ထို့နောက် ယင်ယန်ဆယ်မျက်နှာလောက မှန်၏ အစိတ်အပိုင်း နှစ်ချပ်ကို ထုတ်ယူကာ ကျုံးရှန်ထံ ဆက်သလိုက်သည်။"ဘိုးဘေး... ဒါက ဘိုးဘေးမှာကြားထားခဲ့တဲ့ ယင်ယန် လောကကြေးမှုံမှန်ပါ" "ကျွန်တော် ဧကရာဇ် ရတနာတိုက်ထဲကနေ တစ်ချပ် ရှာတွေ့ခဲ့ပြီး မသေမျိုး မင်းဆက်တစ်ခုဆီကနေ တစ်ချပ် လုယူနိုင်ခဲ့ပါတယ်" ကျုံးရှန်သည် ကျုံးကျဲ၏အသေးစိတ်ရှင်းပြသံကိုကြားသောအခါ အနည်းငယ် ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းကာ ထိုကမ္ဘာလယ် မှန်နှစ်ချပ်ကို သိမ်းဆည်းလိုက်သည်။ "ဒီမှန်က အခု ငါ့အတွက် သိပ်အသုံးမဝင်တော့ဘူး" "ဒါပေမဲ့... မင်းက ငါ့ရဲ့ မှာကြားချက်ကို သေချာလိုက်နာခဲ့တာပဲ" "ဒါကြောင့် မင်းကို ငါဆုချမယ်" ကျုံးရှန်သည် လက်တစ်ချက် လှုပ်ရှားလိုက်ပြီး ခြုံထည်တစ်ခုကို ထုတ်ယူလိုက်သည်။ "ဒီ ယင်ရုံ ခြုံထည် ကို မင်းကို ပေးသနားလိုက်မယ်" "မင်း တိုက်ပွဲတိုင်းမှာ ပြိုင်ဘက်ကင်းအနိုင်ယူနိုင်ပါစေလို့ ဆုတောင်းပေးတယ်" ယင်ရုံခြုံထည်သည် ကောင်းကင်နန်းတော်ကမ္ဘာအတွင်းမှ ရရှိခဲ့သော ရတနာတစ်ပါးဖြစ်၏။ အနှီခြုံထည်၏ ဇစ်မြစ်သည် အတိတ်တွင် ရဲရင့်ပြီး တိုက်ရည်ခိုက်ရည် ကျွမ်းကျင်လှသော စစ်သူကြီး တစ်ဦးထံမှ ရရှိလာခဲ့ခြင်း ဖြစ်ကာ ထိုစစ်သူကြီးသည် နတ်ဘုရားအဆင့် အထွတ်အထိပ် ခန္ဓာကိုယ်ဖြင့် လောကကြီးတွင် အနိုင်မခံ အရှုံးမပေး ပြိုင်ဘက်ကင်းလုနီးပါး စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ သူသည် လွတ်မြောက်ခြင်းအဆင့် မိစ္ဆာအိုကြီးများနှင့်ပင်လျှင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သူဖြစ်သည်။ထို့ကြောင့် ယင်ရုံခြုံထည်၏ တန်ဖိုးသည် ဝမ်တာအိုဧကရာဇ်၏ ကောင်းကင်တံဆိပ်တုံး အောက်တွင် မရှိချေ။ ကျုံးကျဲသည် ငြင်းဆန်ခြင်းမရှိဘဲ ယင်ရုံခြုံထည်ကို ရိုသေလေးစားစွာ လက်ခံယူလိုက်ပြီး ကျုံးရှန်ကိုထပ်မံ၍ ဦးညွှတ် ဂါရဝပြုလိုက်သည်။ ကျုံးရှန်သည် ကျုံးချီမင်ကို ဆက်လက်ခေါ်လိုက်ပြန်သည်။ "ချီမင်... ရှေ့ထွက်ခဲ့" ကျုံးချီမင်သည် ထိုစကားကို ကြားသောအခါ အလျင်အမြန် ပျံသန်းလာကာ ကျုံးရှန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ "မင်းက သစ္စာရှိတယ်... သံယောဇဉ်ကို တန်ဖိုးထားတယ်...ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ အပေါ်မှာလည်း အလွန် တာဝန်ယူစိတ် ရှိတယ်" "မျိုးဆက်သစ်တွေအတွက်ဆို...နိယာမနယ်ပယ် အဆင့်၂၃ ကျင့်ကြံခြင်းနဲ့တောင် အင်မော်တယ်တစ်သန်းတောင်တန်းထဲကို ဝင်ရောက်ရဲတဲ့အထိပဲ" "ဂိုဏ်းအတွက် သွေးထွက်သံယို တိုက်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ပြီး...ကြီးမားတဲ့ အကျိုးပြုမှုတွေလည်း လုပ်ခဲ့တယ်" "ဒါကြောင့် သဘာဝကျကျ ဆုချီးမြှင့်သင့်တယ်" ကျုံးရှန်သည် မှတ်ချက်ပေးချီးကျူး စကားဆိုလိုက်သည်။ ကျုံးချီမင်သည် ကျုံးရှန်၏မှတ်ချက်စကားများကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ "ချီမင်က.... ဘိုးဘေးရဲ့ ချီးကျူးမှုနဲ့ မထိုက်တန်ပါဘူး" သို့သော် ကျုံးရှန်သည် လက်ယမ်းပြလိုက်ကာ အလင်းတန်း တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအလင်းတန်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အလင်းရောင်များသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ဝက်ကျော်ခန့်ကို လင်းထိန်သွားစေကာ အလွန် ဝေးကွာသော နေရာများမှပင် မြင်တွေ့နိုင်လေသည်။ "ဒါက ဒဏ္ဍာရီလာ ကျီကျိုက် ခန္ဓာကိုယ် ပဲ" "ဒီအရာကို ပိုင်ဆိုင်ထားရင်လွတ်မြောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်မယ့်.. အခွင့်အရေးကို ပိုင်ဆိုင်ထားတာနဲ့ တူတူပဲ" "ဒါက မင်းအတွက် ငါ့ရဲ့ ဆုချီးမြှင့်မှုပဲ"
ကျုံးရှန်သည် လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး ထိုအလင်းတန်းကို ကျုံးချီမင်ထံ ပစ်ပေးလိုက်သည်။ ကျုံးချီမင်သည် အလွန်တရာ ထိတ်လန့်သွားသည်။ သို့သော် သူသည် ဘိုးဘေး၏ ဆုချီးမြှင့်မှုကို မငြင်းပယ်ရဲသဖြင့်င့်လက်လှမ်းကာ ယူလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ထိုအလင်းတန်းနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက် ပေါင်းစပ်သွားသည်။လွတ်မြောက်ခြင်းအဆင့်။ ကျီကျိုက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူသည် မိမိ၏စိတ်ဆန္ဒအလျောက် မဟာကမ္ဘာကြီးအတွင်း လွတ်လပ်စွာ သွားလာနိုင်စွမ်းရှိလာမည်ဖြစ်သည်။ ကျုံးချီမင်၏ ခန္ဓာကိုယ်မှ သူတော်စင် အလင်းတန်းများ တောက်ပလာကာ ယခုအချိန်တွင် မဟာကမ္ဘာကြီး၏ စည်းမျဉ်းနိယာမများသည်ပင်လျှင် သူ့ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ "ချီမင်က... ဘိုးဘေးကို အထူးကျေးဇူးတင်ပါတယ်" ကျုံးရှန်သည် ပြုံးလိုက်သည်။ "ကောင်းပြီ... မင်း နောက်ဆုတ်လို့ရပြီ" "ကျုံးချီထျန်း... ရှေ့တက်လာခဲ့"ကျုံးချီထျန်းသည် ယခုအချိန်မှာ ဘိုးဘေး၏ ဆုချီးမြှင့်သည့် အခမ်းအနားမှန်း သိနေပေသည်။ ထို့ကြောင့် မည်သည့် တွေဝေမှုမျှ မရှိဘဲ အလျင်အမြန် ပျံသန်းလာကာ ကျုံးရှန်ရှေ့တွင် ရိုသေလေးစားစွာဖြင့် ဒူးထောက်လိုက်သည်။ "ကျုံးချီထျန်းက ဘိုးဘေးကို အရိုအသေ ပေးပါတယ်" ကျုံးရှန်သည် ခေါင်းညိတ်လိုက်ပြီး ဖြည်းညင်းစွာ စတင် ပြောဆိုလိုက်သည်။ "ကျုံးချီထျန်း... မင်းရဲ့ စရိုက်က ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရဲတယ်... သွေးဆူလွယ်ပြီး လွတ်လွတ်လပ်လပ် နေတတ်သလို... ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေအတွက် နယ်မြေတွေ ချဲ့ထွင်ပေးခဲ့တယ်""နောက်ပြီး..မျိုးဆက်သစ် တပည့်တွေကိုလည်း ကာကွယ် စောင့်ရှောက်ပေးခဲ့တယ်" "မင်းကို ငါ အများကြီး အထင်ကြီးတယ်" "ကောင်းပြီ...မင်းရဲ့စွမ်းဆောင်မှုတွေအတွက်...ငါ့မှာ ဆုချီးမြှင့်စရာ ရှိတယ်" ကျုံးရှန်သည် မည်းမှောင်နေသော အလင်းတန်း တစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းသည်လည်း အစွမ်းထက်သော ခန္ဓာကိုယ် အမျိုးအစား တစ်ခုပင် ဖြစ်သည်။ ခြောက်ထပ်ငရဲ မိစ္ဆာခန္ဓာ။ ထိုခန္ဓာကိုယ်သည် ကောင်းကင်နန်းတော်ထဲတွင် ကျဆုံးသွားခဲ့သော မဟာ မိစ္ဆာသခင်ကြီး ထံမှ ရရှိလာခဲ့ခြင်း ဖြစ်ကာ သူသည် အနှိုင်းမဲ့ မိစ္ဆာကျင့်စဉ် ဖြစ်သောအပြစ်ကြွေးငရဲကြီးခြောက်ထပ်၏ ဖန်တီးရှင်လည်း ဖြစ်ချေသည်။ ထို့ကြောင့် အနှီခန္ဓာကိုယ်သည် ကျုံးချီထျန်းနှင့် အသင့်တော်ဆုံး ဖြစ်၏။ "ခြောက်ထပ်ငရဲ မိစ္ဆာခန္ဓာပါ့လား" "ဘိုးဘေးရဲ့ချီးမြှင့်မှုအတွက်...ကျွန်တော် ကျုံးချီထျန်း ကျေးဇူးအထူးတင်ပါတယ်"ကျုံးချီထျန်း၏ စရိုက်သည် ပွင့်လင်းရိုးသားပြီး ကျုံးချီမင်ကဲ့သို့ ဟန်ဆောင်မှုများ မရှိချေ။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့် ဝမ်းသာသည့် အမူအရာများ ပေါ်ထွက်လာကာ ကျုံးရှန်ကို အကြိမ်ကြိမ် ဦးညွှတ် ဂါရဝပြုလိုက်သည်။ လောကတစ်ခွင်လုံးတွင် သူ့အတွက် အဆွဲဆောင်နိုင်ဆုံးသော ခန္ဓာကိုယ်သည် ငရဲခြောက်ထပ် မိစ္ဆာခန္ဓာမှလွဲ၍ အခြား မရှိနိုင်တော့ပေ။ ကျုံးရှန်သည် ခေါင်းညိတ်လိုက်ကာ အမည်းရောင်အလင်းတန်းကို ကျုံးချီထျန်းဆီသို့ လွင့်မျောရောက်ရှိစေလိုက်သည်။ "ကောင်းပြီ... မင်း ဘေးတစ်ဖက်ကို သွားပြီး ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်တော့" "ဝူတိ... တက်လာခဲ့" ကျုံးချီထျန်းတစ်ယောက် သူထိုင်နေသည့်စင်မြင့် ဘေးတစ်ဖက်သို့ ဆင်းသွားလျှင် ကျုံးရှန်သည် နောက်တစ်ကြိမ် နာမည်တစ်ခုကိုခေါ်လိုက် ပြန်လေတော့သည်။