အခန်း ၂၂၂
Vol. 23 Ch. 222
🍋 Chapter 222
ကျိုးထျန်းသည် ချိုးလန်အား ခေါ်ဆောင်သွားရန် ပြင်နေကြသော ရဲအရာရှိများကို တားမြစ်လိုက်သည်။
"လူကြီးမင်းတို့... သူ့ကို ဒီအတိုင်းပဲ ဥပဒေအရ ပြစ်ဒဏ်ရင်ဆိုင်ခိုင်းလိုက်တာက နည်းနည်းတော့ လွယ်ကူလွန်းမနေဘူးလား"
"ဟုတ်တယ်!" ဝတုတ်ချောင်က ပထမဆုံးအဖြစ် ထောက်ခံလိုက်သည်။
သူသည် ကျိုးထျန်းနှင့် အနီးဆုံးတွင် ရှိနေခဲ့ပြီး ကျိုးထျန်းက သူ့အား တစ်ကြိမ် ကယ်တင်ခဲ့ဖူးသဖြင့် ယခုအခါ ကျိုးထျန်းပြောသမျှ အရာအားလုံးကို သူက ကုန်းရုန်းထောက်ခံနေတော့သည်။
"ရှောင်ကျိုး ပြောတာ မှန်တယ်။ သူက ငါ့ဖုန်းကို ရိုက်ခွဲခဲ့တဲ့အပြင် ငါတို့ကိုပါ ရိုက်နှက်ဖို့ ကြံစည်နေခဲ့တာ။ ဥပဒေကြောင်းအရ တိုက်ရိုက်အရေးယူတာက သူ့အတွက် သက်ညှာလွန်းရာ ကျတယ်”
ဟန်လီကျွင်းကလည်း သူနှင့် သဘောထားချင်း တိုက်ဆိုင်နေခဲ့သည်။
ဤလူများထဲတွင် သူသည် အစုတ်ပြတ်ဆုံးဖြစ်အောင် အလုပ်ခံထားရသူဖြစ်ရာ ချိုးလန်ကို အမုန်းဆုံးလည်း ဖြစ်နေပေသည်။
"ဒါဆို ရှောင်ကျိုး... မင်း အမြင်အရ ဒီကောင့်ကို ငါတို့ ဘာလုပ်သင့်လဲ၊ အဆုံးသတ်မှာ မင်းက အဓိက နစ်နာသူပဲလေ၊ ငါတို့ မင်းပြောတာ နားထောင်ပါ့မယ်”
လူတိုင်းက ကျိုးထျန်း၏ အကြံဉာဏ်ကို သဘောတူကြပြီး သူ့ကိုသာ ဆုံးဖြတ်ချက်ချစေလိုကြသည်။
"ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော့်အတွေးကို ပြောပြပါ့မယ်”
သူက လှည့်၍ ရဲအရာရှိများကို မေးမြန်းလိုက်သည်။
"ကျန်းတာထျယ် အခြေအနေ ဘယ်လိုလဲ၊ သူ လှုပ်ရှားနိုင်သေးလား”
"ဒီကောင်က တော်တော် သန်မာတာပဲ၊ အခု သူ မတ်တပ်ရပ်နိုင်နေပြီ၊ ကျန်တဲ့လူတွေကတော့ လုံးဝ မလှုပ်နိုင်ကြသေးဘူး”
ရဲဝန်ထမ်းက ထိုထိပ်ပြောင်လူမိုက်အား ချီးကျူးချင်နေပုံရသည်။
ထိုသို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးဖြင့် လယ်ယာစိုက်ပျိုးလျှင်ပင် စည်းစိမ်ဥစ္စာများစွာ ရှာဖွေနိုင်မည်ဖြစ်ရာ ဘာကြောင့်များ ရွာတွင်းလူမိုက် လုပ်နေရပါသနည်း။
"ကောင်းပြီ၊ ဒါဆို သူ့ကို ဒီခေါ်လာခဲ့ပါ၊ သူက အသုံးဝင်လိမ့်မယ်”
ကျိုးထျန်းက ပြုံး၍ ပြောလိုက်သည်။
"ရှောင်ကျိုး... မင်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ"
ဟန်လီကျွင်းက သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။
"မစ္စတာဟန်... မစ္စတာကျင်းယုံရဲ့ သိုင်းလောကမှ ချစ်မေတ္တာ (သို့) ရှစ်လီဂါထာ ဆိုတဲ့ ဝတ္ထုကို ဖတ်ဖူးလား၊ အဲဒီထဲမှာ မုရုန်ဖ ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်ရှိတယ်၊ သူ့ရဲ့ အထူးကွက်က ကြယ်တာရာ ပြောင်းလဲခြင်း လို့ ခေါ်ပြီး 'သူတို့ရဲ့ နည်းလမ်းတွေနဲ့ သူတို့ကိုပဲ ပြန်လည်တိုက်ခိုက်တယ်' လို့ ပြောကြတယ်”
“ လူတစ်ယောက်က ကိုယ်ပြောတဲ့စကားကို တည်ရမယ်လေ၊ သူက ကျွန်တော့်ရဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒါက ကျွန်တော့်အပေါ် ဖြစ်မလာခဲ့ဘူး”
“ဒါကြောင့် သူ ပြန်ခံရလိမ့်မယ်၊ လူမိုက်ကို ပိုက်ဆံပေးထားတာဆိုတော့ သူပြောတဲ့အတိုင်း သူလုပ်တာ သေချာအောင် လုပ်ရမယ်"
သူ ဤသို့ ပြောသည်ကို ကြားသောအခါ လူတိုင်းက သဘောပေါက်သွားကြပြီး အတူတကွ ရယ်မောလိုက်ကြသည်။
"ရှောင်ကျိုး ပြောတာ မှန်တယ်၊ ဖြစ်သင့်တာက ဖြစ်လာရမှာပဲ”
"ဟုတ်တယ်၊ သူတို့ စိုက်တာ သူတို့ ရိတ်သိမ်းရမှာပဲ၊ ဒါက အကြံကောင်းတစ်ခုလို့ ငါထင်တယ်”
ချိုးလန်မှ သဘောပေါက်သွားပြီး ချက်ချင်းပင် ဒူးထောက်ကာ ဦးချ၍ အသနားခံတော့သည်။
"သူဌေးတို့... လူကြီးမင်းတို့... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ! ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး! ကျွန်တော် ဟန်တျန်းကနေ အခုချက်ချင်း ထွက်သွားပါ့မယ်၊ မဟုတ်ဘူး... တရုတ်နိုင်ငံကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပါဘူး!"
ဟန်လီကျွင်းက နှာခေါင်းရှုံ့လိုက်သည်။
"ထွက်ပြေးဖို့ ကြံနေတာလား၊ အဲဒါက ဒီလောက် လွယ်ကူလိမ့်မယ်လို့ မင်းထင်နေတာလား”
"မင်း ရာဇဝတ်မှုကျူးလွန်ဖို့ လူငှားတုန်းကကျတော့ မောက်မာနေပြီး အခုမှ နောင်တရနေတာလား"
"မစိုးရိမ်ပါနဲ့၊ ဒါက အစပဲ ရှိသေးတယ်၊ ဟန်တျန်းရဲ့ ကမ္ဘာ့အဆင့်မီ စတူဒီယိုတွေမှာ ဘယ်သူက အရာရာကို ချုပ်ကိုင်ထားလဲဆိုတာ မင်းကို ငါ သိစေရမယ်!"
သူဌေးဟန်သည် သူ့ဖုန်းကို ကောက်ကိုင်ကာ သူ့ဒရိုင်ဘာထံ ဖုန်းခေါ်ဆိုလိုက်သည်။
"ရှောင်ကျန်း... အဲ့ထောင်ချီတဲ့ လူတွေအားလုံး ပြန်ကုန်ကြပြီလား”
"မပြန်သေးဘူးလား၊ ဒါဆို အတော်ပဲ၊ သူတို့တစ်ယောက်ချင်းစီကို အနီရောင်အိတ်တစ်ခုစီ ပေးလိုက်ပြီး သူတို့ကို..."
သူဌေးဟန်က ရဲအရာရှိကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ဒီကောင့်ရဲ့ ကုမ္ပဏီ နာမည်က ဘာလဲ”
"ဘွန်းဘရိုက် ပါ"
"ကောင်းပြီ၊ လူတိုင်းကို ဘွန်းဘရိုက် အေဂျင်စီကို ခေါ်သွားပြီး အပိုင်းပိုင်းဖြစ်အောင် ရိုက်ခွဲပစ်လိုက်၊ မနက်ဖြန်မနက်ကျရင် ဟန်တျန်းမှာ ဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမှ ငါမမြင်ချင်တော့ဘူး၊ အားလုံးကို ဖယ်ရှားပစ်လိုက်"
"ပြီးတော့... သူ့ရဲ့ အနုပညာရှင်တွေ အားလုံးကို မောင်းထုတ်ပစ်ပြီး ဟန်တျန်းရဲ့ နာမည်ပျက်စာရင်းထဲ ထည့်လိုက်၊ သူတို့ကို ဒီကို ဘယ်တော့မှ ပြန်လာခွင့်မပြုနဲ့"
ဖုန်းချပြီးနောက် ဥက္ကဋ္ဌဟန်၏အမူအရာမှ ပိုဝင့်ကြွားသွားခဲ့သည်။
သူက ချိုးလန်ကို ကြည့်လိုက်ကာ
"မနက်ဖြန်ကျရင် မင်း နာမည်ကြီးတော့မယ်၊ ငါ့ရဲ့ အဆက်အသွယ်တွေ အားလုံးကို သုံးပြီး မင်းရဲ့ ညစ်ပတ်တဲ့ အမှိုက်တွေကို အင်တာနက်ပေါ် တင်ပေးမယ်၊ ဒါမှ တရုတ်နိုင်ငံတစ်ဝန်းလုံးက လူတွေက မင်း ဘယ်လောက်တောင် ဂုဏ်ပြောင်နေလဲဆိုတာ မြင်နိုင်မှာပေါ့၊ ဥက္ကဋ္ဌချိုး"
သူက သွားကြိတ်၍ ပြောလိုက်ရာ ချိုးလန်အား အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေပုံရသည်။
ချိုးလန်ကား စကားတစ်ခွန်းမျှ မဟရဲပေ။ သူ ဘဝပျက်သွားပြီဖြစ်ကြောင်း သူသိသည် အခြေအနေက ပိုဆိုးရွားသွားခြင်းသာ ဖြစ်သည်။
"ဒါနဲ့ ဥက္ကဋ္ဌဟန်... ဒီကောင်က ယောက်ျားချင်း ကြိုက်တတ်တယ်လို့ ကျွန်တော် ကြားတယ်၊ သူ့ကုမ္ပဏီက အမျိုးသား အနုပညာရှင်တွေ အားလုံးက သူ့ရဲ့ ယောက်ျားလေး အချစ်တော်တွေပဲ”
“ တိုက်တိုက်ဆိုင်ဆိုင်ပဲ... အချုပ်ခန်းထဲက လူတွေက ပျင်းစရာကောင်းပြီး ဂိမ်းကစားရတာ ဝါသနာပါကြတယ်လို့ ကျွန်တော် ကြားတယ်။ ဒီဥက္ကဋ္ဌချိုးနဲ့ နေ့တိုင်း ဂိမ်းကစားဖို့ သန်မာတဲ့ ယောက်ျားကြီးတစ်စုကို ငါတို့ စီစဉ်ပေးလို့ရတာပဲ"
ကျိုးထျန်းက ဖြည့်စွက်ပြောလိုက်သည်။
ယောက်ျားချင်း ကြိုက်တတ်သည်ဟု ကြားလိုက်ရသောအခါ ရှိနေသူတိုင်းက ရွံရှာသော အမူအရာများကို ပြသကြသည်။
အသိုင်းအဝိုင်းအတွင်းရှိ အမျိုးသားအားလုံးက အဖြောင့်များဖြစ်ကြရာ မည်သူက ထိုအရာကို ခံနိုင်ရည်ရှိပါမည်နည်း။
ဝတုတ်ချောင်က မျက်မှောင်ကုတ်လိုက်ကာ
"မင်းက စိတ်သဘောထား သေးသိမ်လှချည်လားလို့... မင်းက အမြဲတမ်း စိတ်မမှန်တဲ့ ကောင် ဖြစ်နေခဲ့တာကိုး၊ အတော်ပဲ... သူနဲ့ အတူတူ ဆော့ဖို့ လူတစ်ယောက် ရှာပေးကြတာပေါ့"
ချိုးလန်သည် ထိတ်လန့်လွန်းသဖြင့် မစင်ပင် ထွက်မတတ် ဖြစ်သွားကာ သူ့ဖင်ကို ချက်ချင်း လက်ဖြင့် အုပ်လိုက်သည်။
သူသည် ရုပ်ရှင်များနှင့် တီဗီအစီအစဉ်များကို ကြည့်ဖူးသဖြင့် အထူးဂရုစိုက်မှု ခံရသည့် အကျဉ်းသားများ၏ ဘဝက မည်သို့ရှိသည်ကို သူ ကောင်းကောင်းသိသည်။
ထိုအရာမှာ အမှန်တကယ်ပင် သေရသည်ထက် ဆိုးရွားလှပေသည်!
သူ့အနေဖြင့် ထိတ်လန့်ခြောက်ခြားမှုမှ မသက်သာခင်မှာပင် ခန္ဓာကိုယ်တစ်ခုလုံး ပတ်တီးများဖြင့် ရစ်ပတ်ထားသော ကျန်းတာထျယ်ကို တံခါးဝသို့ ခေါ်ဆောင်လာခဲ့ကြသည်။
တော်တော်လေး တက်ကြွလှလှဖြင့် ချက်ချင်း ဒူးထောက်ကာ ဦးချတော့သည်။
ကြမ်းပြင်ပေါ်သို့ စည်းချက်ကျကျ ဆောင့်သံများကြောင့် ကြွေပြားများပင် ကွဲကြေမတတ် ဖြစ်သွားရသည်။
စစ်ဆေးမေးမြန်းခန်းအတွင်း၌ ရဲများက သူ မည်သူ့ကို သွားရောက် စော်ကားမိသည်ကို ပြောပြထားပြီးဖြစ်သည်။
ထိုအချိန်က သူ ဘောင်းဘီထဲ ဆီးထွက်ကျသည်အထိ လန့်သွားခဲ့သဖြင့် ရဲများကို ဒေါသထွက်စေကာ ရဲများက သူ့ကို ရိုက်နှက်လုနီးပါး ဖြစ်ခဲ့သည်။
၎င်းတို့က သူ့ဘောင်းဘီကို လဲလှယ်ပေးပြီးကာမှ ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ဤရွာတွင်းလူမိုက်များသည် များသောအားဖြင့် မုဆိုးမများ၏ တံခါးကို ကန်ကျောက်ခြင်း၊ အင်္ဂါမစုံသော ကလေးများ၏ အုတ်ဂူများကို တူးဆွခြင်း စသည့် မိုက်မဲဆိုးသွမ်းသော အမှုကိစ္စမျိုးစုံကို လုပ်ဆောင်လေ့ရှိကြသည်။
သို့သော် သူတို့က လူအမဟုတ်ကြပေ!
သူက အိမ်ကမထွက်ခင်ကမှ ပြင်းထန်သော အရက်တစ်ပုလင်းကျော်ကို သောက်လာခဲ့သဖြင့် အနည်းငယ် မူးဝေနေခဲ့သည်။
ထို့ပြင် ချိုးလန်က သူ့အား ငွေကြေးပမာဏ အမြောက်အမြား ပေးခဲ့သည်မဟုတ်ပါလား၊ လူစိမ်းတစ်ယောက်ကို ရိုက်နှက်ပြီး သရုပ်ဆောင်အချို့ကို ခြောက်လှန့်ရုံမျှက ဘာမျှမဟုတ်ပေ။
သူသည် ကျိုးထျန်းအား မသန်မစွမ်းဖြစ်အောင် လုပ်ရန်ပင် မကြောက်ရွံ့ခဲ့ချေ၊ သူ ရွာထဲသို့ ပြန်၍ ပုန်းအောင်းနေရုံသာ ဖြစ်သည်။
သူ့ဖခင် ရှိနေသရွေ့ မည်သူက သူ့ကို ဘာလုပ်နိုင်ပါမည်နည်း။
ရဲတွေက သူ့ကို လာဖမ်းမည်လော။
‘လာဖမ်းကြည့်စမ်းပါ။ ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူး။ သူတို့ လုပ်ရမှာက ရွာသားတွေကို စည်းရုံးပြီး ရဲကားတွေရှေ့မှာ လှဲအိပ်ခိုင်းလိုက်ရုံပဲ၊ အဖိုးကြီး အဖွားကြီး အချို့ကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး ရဲတွေကို ဆွဲကိုင်ကာ "ကာမစော်ကားပါတယ်!" လို့ အော်ဟစ်ခိုင်းလိုက်ရင် ရဲတွေက ရှက်ကိုးရှက်ကန်းနဲ့ ထွက်သွားရုံပဲ ရှိတာ’
သူတို့ မထွက်သွားရဲရင် ပိုတောင် ကောင်းသေးသည်၊မနက်ဖြန်ကျရင် သူ့ဖခင်က လူတစ်ရာကို ဦးဆောင်ပြီး မြို့နယ်ရုံးကို သွားရောက် တိုင်ကြားနိုင်သည်။
‘ဘာပဲဖြစ်ဖြစ် ငါတို့က တန်ဖိုးမရှိတဲ့ အသက်တွေပဲ၊ မင်းတို့ ရဲရဲကြီး တိုက်သတ်ချင်ရင် တိုက်သတ်သွားလိုက်ပေါ့!’
သို့သော် ဤတစ်ကြိမ်တွင်မူ ပုံစံချင်း မတူညီတော့ပေ။
စစ်ဆေးမေးမြန်းမှုအတွင်း ၎င်းတို့က ယခုအချိန်၌ ရဲအရာရှိ တစ်ရာကျော်နှင့်အတူ လမ်းရှင်းရန် လက်နက်ကိုင်အရာရှိ အများအပြားပါဝင်သော အဖွဲ့သည် သူတို့၏ ရှောင်ဝမ်ရွာသို့ တိုက်ရိုက် ဦးတည်သွားနေပြီဖြစ်ကြောင်း ပြောခဲ့ကြသည်။
၎င်းမှာ နိုင်ငံတော်အဆင့် ယန္တရားကြီး လှုပ်ရှားလာခြင်းဖြစ်ပြီး သူတို့ကို နင်းခြေဖျက်ဆီးပစ်တော့မည် ဖြစ်သည်။
သူတို့အနေဖြင့် ရဲများကို ဖျန်ဖြေပေးသူတွေ သက်သက်ပဲလို့ အမှန်တကယ် ထင်နေကြသည်လော။
ဥပဒေသတ်မှတ်ချက်တွေကို အပြည့်အဝ အသုံးပြုလိုက်ပြီဆိုရင် ၎င်းတို့က ရွာတွင်းလူမိုက်ကိုပဲဖြစ်ဖြစ်၊ တကယ့် ဂိုဏ်းခေါင်းဆောင်ကိုပဲဖြစ်ဖြစ် အမြစ်ပြတ် ချေမှုန်းပစ်နိုင်သည်။
ထိုသူတို့က မင်းကို ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းဆိုတာ ဘာလဲဆိုတာ ပြသလိမ့်မည်။
ကျန်းတာထျယ် သည် ယခုအခါ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့ပြီ။
သူသည် နောက်ဆုံးတွင် သူ့မိသားစုကို ဖျက်ဆီးရာ၌ အောင်မြင်သွားခဲ့ပြီဖြစ်ကြောင်း သူသိလိုက်ရသည်။
သူ့ရှေ့မှ လူများသည် သူ့မိသားစုကို ဖျက်ဆီးမည့် အရေးပါသော လူကြီးလူကောင်းများ ဖြစ်ကြသည်။
သူ့မှ ညှာတာပေးရန် အသနားခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"ကဲ... ခေါင်းနဲ့ ဆောင့်နေတာကို ရပ်လိုက်တော့၊ မင်း ဒီအတိုင်း ဆက်လုပ်နေရင် ကြမ်းခင်းကျောက်ပြားတွေ ကွဲကုန်လိမ့်မယ်"
ကျိုးထျန်းက မျက်ရိပ်ပြလိုက်ရာ ဘေးတစ်ဖက်တစ်ချက်စီရှိ ရဲအရာရှိများက ကျန်းတာထျယ် ကို ဆွဲထူလိုက်ကြသည်။
သူ့ဦးခေါင်းတွင် ရစ်ပတ်ထားသော ပတ်တီးစများမှ ရဲရဲနီသော သွေးများက စိမ့်ထွက်လာပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ကို ပိုထိတ်လန့်စရာကောင်းအောင် ပြုလုပ်နေတော့သည်။
"အရာရှိတို့... ခဏလောက် အပြင်မှာ စောင့်ပေးလို့ ရမလားခင်ဗျာ၊ ကျွန်တော် တစ်ခုခုလိုအပ်ရင် လှမ်းခေါ်လိုက်ပါ့မယ်"
ကျိုးထျန်းက ရဲအရာရှိများကို အပြင်သို့ ထွက်ခွာစေပြီးနောက် ကျန်းတာထျယ် ဘက်သို့ လှည့်လိုက်သည်။
"မင်း သူ့ဆီက ပိုက်ဆံ ယူခဲ့တယ်ပေါ့"
"ကျွန်တော်... ကျွန်တော် အဲဒါတွေ အားလုံးကို ပြန်ပေးပါ့မယ်၊ ပိုက်ဆံတွေ အားလုံးကို ပြန်ပေးပါ့မယ်!"
သူက ဘောင်းဘီစကို ဆုပ်ကိုင်ရင်း ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"ဘယ်သူက မင်းရဲ့ ပိုက်ဆံကို လိုချင်လို့လဲ၊ သူက မင်းကို ပိုက်ဆံပေးပြီး ငါ့ရဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို ရိုက်ချိုးခိုင်းတာလား"
"ကျွန်တော် မလုပ်ရဲပါဘူး၊ ကျွန်တော်က လူဖျင်းတစ်ယောက်ပါ၊ ကျွန်တော် တကယ် ဘယ်သူ့ကိုမှ မရိုက်ရဲပါဘူး၊ ကျွန်တော် ဟန်ဆောင်နေခဲ့တာပါ"
"မဟုတ်သေးပါဘူး၊ စားသောက်ဆိုင်တုန်းက မင်းရဲ့ အမူအရာက မင်းက ကျွမ်းကျင်သူတစ်ယောက် လိုပဲလေ၊ ဒါကြောင့် လူရိုးကြီးလို ဟန်ဆောင်မနေနဲ့တော့"
ကျိုးထျန်းမှ အနားသို့ တိုးသွားပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
ကျန်းတာထျယ် သည် သူ့ပုခုံးပေါ်သို့ ပိဿာချိန် တစ်ထောင်ခန့်ရှိသော ကျောက်တုံးကြီးတစ်တုံး ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။
"မစိုးရိမ်ပါနဲ့၊ ငါတို့က မင်းကို အကူအညီတစ်ခုပဲ တောင်းချင်တာပါ"