← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

🍋 Chapter 224

ကျိုးထျန်းသည် အနားသို့ တိုးသွားပြီး သူမ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ကဲပါ... နင့်ခေါင်းထဲမှာ ဘာမှမရှိတာပဲကို၊ ကွဲမသွားပါဘူး"

ကျောက်ရှင်းက သူ့ကို ပြန်လည်တိုက်ခိုက်ချင်သည့်အလား အမူအရာတစ်ခု ပြုလုပ်လိုက်သည်။

သို့သော် ဟန်ဆောင်မှုသက်သက်သာ ဖြစ်ရာ စက္ကန့်အနည်းငယ်အကြာတွင် သူမ၏ ခက်ထန်သော မျက်နှာထားကို လျှော့ချလိုက်ပြီး စိုးရိမ်စိတ်အချို့ဖြင့် မေးမြန်းလိုက်သည်။

"ခုနက အဲဒီအခန်းထဲမှာ အော်သံတွေက အကျယ်ကြီးပဲ၊ နင် ဘာမှမဖြစ်ဘူးမလား"

"ငါ ဘာမှမဖြစ်ပါဘူး၊ ဒါက ဝဋ်လည်တာပဲလေ" ကျိုးထျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါပေမဲ့ နင်တို့ အပြင်မှာ စောင့်နေတာ တော်သေးတာပေါ့၊ အထဲက မြင်ကွင်းက နင်တို့ ကြည့်ဖို့အတွက် အရမ်းလှပလွန်းနေတယ်"

သူ့စကားလုံးများက ကျောက်ရှင်း၏ စိတ်ဝင်စားမှုကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ၊ ငါ့ကို အမြန်ပြောပြစမ်းပါ"

"ဒီချိုးလန်ကတော့... ဒီနေ့ကစပြီး နေကြာကျမ်းကို လေ့ကျင့်လို့ရသွားပြီ"

…

သူဌေးကြီးများကို နှုတ်ဆက်ပြီးနောက် ကျိုးထျန်းသည် ဟိုတယ်သို့ပြန်၍ အနားယူရန် စီစဉ်ခဲ့သော်လည်း ကျောက်ဖန်မှ သူ့အား တားလိုက်ကာ

"မစ္စတာကျိုး... ဒီညတော့ ဟိုတယ်မှာ မအိပ်ပါနဲ့တော့၊ ကျွန်မတို့အိမ်မှာပဲ လာတည်းလိုက်ပါ၊ အဲဒါက ပိုပြီးစိတ်ချရပါတယ်"

ကျိုးထျန်း စဉ်းစားကြည့်ရာ ထိုအချက်က အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားလိုက်ရသည်။

ချိုးလန်၏ အမှုကိစ္စမှာ လုံးဝ ပြီးပြတ်သွားခဲ့ပြီဖြစ်ပြီး သူ့အနေဖြင့် လက်စားချေနိုင်မည့် စွမ်းဆောင်ရည်လည်း ရှိတော့မည်မဟုတ်သော်လည်း ယနေ့တွင် အမှန်တကယ်ပင် ကံမကောင်းသောအမှုများနှင့် ကြုံတွေ့ခဲ့ရသဖြင့် ပိုသတိထားခြင်းက အကောင်းဆုံးဖြစ်သည်။

''ကောင်းပါပြီ၊ ခင်ဗျာတို့အိမ်ကိုပဲ သွားပါ့မယ်''

ကျောက်ဖန်တို့၏ အိမ်မှာ သေးငယ်လှသည်မဟုတ်ဘဲ သုံးထပ်ဗီလာအမျိုးအစားဖြစ်ရာ ရှန်ဟိုင်းရှိ ကျိုးထျန်း၏ တိုက်ခန်းထက် များစွာ ပိုမိုကျယ်ဝန်းလှသည်။

သို့သော် သူ၏ ကိုယ်ပိုင်တိုက်ခန်းမှာ အသစ်စက်စက် ပြင်ဆင်မွမ်းမံထားပြီး ပရိဘောဂအသစ်များဖြင့် ပြည့်နှက်နေသော်လည်း ကျောက်ဖန်တို့၏ အိမ်မှာမူ သိသိသာသာပင် အိုမင်းဟောင်းနွမ်းနေပြီး အနည်းဆုံး သက်တမ်း ၁၀ နှစ်ခန့် ရှိနေပြီဖြစ်သည်။

အခန်းများမှာမူ အားလုံးအတွက် လုံလောက်မှု ရှိနေသည်မှာ သေချာသော်လည်း ကျောက်ရှင်းနှင့် လျိုမုယန်တို့က အခန်းတစ်ခန်းတည်းတွင် အတူတူအိပ်ရန် ရွေးချယ်ခဲ့ကြသဖြင့် ကျိုးထျန်း၏ ညဘက် ဝင်ရောက်တိုက်ခိုက်မည့် အတွေးကို လုံးဝ ပျက်ပြယ်သွားစေခဲ့သည်။

မနက်ဖြန်အတွက် သူ၏ အစီအစဉ်များတွင် မည်သည့်အရာမျှ မရှိသော်လည်း ယနေ့တွင် သူ အမှန်တကယ် ပင်ပန်းနွမ်းနယ်နေခဲ့ပေသည်။

သူသည် ကိုယ်လက်သန့်စင်မှုကို အနည်းငယ် ပြုလုပ်ပြီးနောက် ကုတင်ပေါ်သို့ လှဲချလိုက်သည်နှင့် မကြာမီမှာပင် အိပ်ပျော်သွားခဲ့တော့သည်။

ညသန်းခေါင် ၂ နာရီ သို့မဟုတ် ၃ နာရီခန့်တွင်

ကျိုးထျန်းသည် တစ်ဝက်တစ်ပျက် အိပ်ပျော်နေစဉ်မှာပင် သူ့ဘေးနား၌ လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။

ပထမဦးစွာ ရနံ့တစ်ခု ရရှိလိုက်ရာ အလွန် ဆွဲဆောင်မှုရှိသော ရေမွှေးနံ့တစ်ခုက အနီးအနားတွင် လွင့်ပျံနေခြင်း ဖြစ်သည်။

ထိုရေမွှေးနံ့အပြင် ပန်းရနံ့သင်းပျံ့သော ခေါင်းလျှော်ရည်နံ့တစ်ခုကလည်း သူ့ထံသို့ တဖြည်းဖြည်း တိုးကပ်လာခဲ့သည်။

သူ့စိတ်က လုံးဝ နိုးကြားခြင်း မရှိသေးသော်လည်း ခဏမျှ စဉ်းစားကြည့်ပြီးနောက် အရာအားလုံးကို သူ သဘောပေါက်သွားခဲ့သည်။

"အစ်မ ကျောက်... ညဉ့်နက်သန်းခေါင်ကြီးမှာ မအိပ်ဘဲနဲ့ ကျွန်တော့်အခန်းထဲကို ဘာလာလုပ်တာလဲ"

ပိုးထည် ညအိပ်ဝတ်စုံကို ဆင်ယင်ထားသည့် ကျောက်ဖန်သည် သူ့ကုတင်ဘေးတွင် ဒူးထောက်ထိုင်နေပြီး သူမ၏ ဆံနွယ်များကို သူ့ရှေ့၌ ကစားနေခဲ့သည်။

"မစ္စတာကျိုး... ညဉ့်ကလည်း နက်လှပြီ၊ ကျွန်မလည်း အိပ်လို့မပျော်ဘူး၊ ကျွန်မ ရှင်နဲ့ အတူ လူသားတွေနဲ့ စကြဝဠာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေအကြောင်း ဆွေးနွေးချင်လို့ပါ"

"အင်း... ဆွေးနွေးတာကတော့ ရပါတယ်၊ ဒါပေမဲ့ အဝတ်အစားကို ဒီထက်နည်းနည်း ပိုပြီး ဝတ်ထားလို့ မရဘူးလား"

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကျောက်ဖန်၏ အထက်ပိုင်းတွင် ထင်ရှားသော အမှတ်နှစ်ခု ပေါ်လွင်နေသည်ကို မြင်လိုက်ရသဖြင့် သူမတွင် မည်သည့်အရာမျှ ဝတ်ဆင်ထားခြင်း မရှိကြောင်း သိသာလှပေသည်။

"မစ္စတာကျိုး... အခုက နွေရာသီလေ၊ ပြီးတော့ ကျွန်မက ရေချိုးပြီးခါစဆိုတော့ အများကြီး မဝတ်ထားတာက သဘာဝကျပါတယ်၊ အဲဒါက လုံးဝကို အကျိုးအကြောင်း ဆီလျော်ပါတယ်"

"အော်... ဒါဆိုရင် ငါတို့ ကိစ္စတစ်ခုခု ဆွေးနွေးနေတာကို ခင်များက ဘာဖြစ်လို့ ဒီအရာကို ဝတ်ထားရတာလဲဆိုတာ ရှင်းပြပေးနိုင်မလား"

ထိုအမျိုးသမီး၏ ရင်ဘတ်ကြားတွင် ညှပ်ထားသော စတုရန်းပုံစံ ပလတ်စတစ်ဘူးငယ်လေးတစ်ခုကို သူ သတိပြုမိလိုက်သည်။

ဤအရာများသည် အသုံးဝင်ပုံများစွာ ရှိကြရာ ၎င်းတို့ကို ပူဖောင်းကဲ့သို့ မှုတ်ထုတ်၍ ကစားနိုင်သဖြင့် တော်တော်လေး ပျော်စရာကောင်းပေသည်။

"ရှင် ပြောတာ ဒါကိုလား" ကျောက်ဖန်သည် သူမ၏ အဝတ်အစားများနှင့် ခန္ဓာကိုယ်ကြားမှ အနည်းဆုံး ဆယ်ခုခန့်ရှိသော ပူဖောင်းအရှည်များကို ဆွဲထုတ်လိုက်သည်။

"ကျွန်မက ဒါကို ဘယ်လိုသုံးရမလဲ မသိဘူး။ မစ္စတာကျိုးက ဗဟုသုတအလွန်ကြွယ်ဝပြီး နာမည်ကြီး ကျောင်းက ဘွဲ့ရထားတဲ့သူဆိုတော့ ဒါကို တကယ်တမ်း ဘယ်လိုအသုံးပြုရမလဲဆိုတာ ကျွန်မကို သင်ပေးပါဦး"

သူမက သူ့အား မျက်စိတစ်ချက် မှိတ်ပြရင်း ပြောလိုက်ရာ ဤကဲ့သို့ စနောက်ကျီစယ်ရသည်ကို ကောင်းကောင်း သဘောကျနေပုံရသည်။

"စိတ်မကောင်းပါဘူး၊ ကျွန်တော် အနားယူဖို့ လိုအပ်တယ်။ အကယ်၍ ခင်များ တကယ်ပဲ ပျင်းနေတယ်ဆိုရင် Planet House ရဲ့ ရုပ်ရှင်ရုံ လက်မှတ်အရောင်းစာရင်းကို သွားကြည့်သင့်တယ်၊ အဲဒါက ဒီနေ့ ညသန်းခေါင်မှာ စတင်ပြသတာ"

"ကျွန်မ အဲဒါကို ကြည့်ပြီးပြီ၊ ရလဒ်တွေက မျှော်လင့်ထားတာထက် ပိုကောင်းနေတယ်၊ ဒါကြောင့်ပဲ ကျွန်မ ရှင့်ကို လာပြီး ကျေးဇူးတင်တာပေါ့"

ကျောက်ဖန်မှ သူမ၏ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်လိုက်သည်။

"ကျွန်မမှာ ငွေကြေးလည်းမရှိသလို အရည်အချင်းလည်း မရှိတော့... ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ပဲ ပြန်လည်ပေးဆပ်နိုင်တော့မှာပေါ့"

ကျိုးထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

"နင် ငါ့ရဲ့ သဘောထားကိုရော မေးဖူးလား"

"ဟီးဟီးဟီး..." ကျောက်ဖန်က ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်မောလိုက်သည်။

ထို့နောက် သူမသည် စောင်ကို တိုက်ရိုက်ဖယ်ရှားပြီး သူ့ဘေးတွင် လှဲလိုက်သည်။

" သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ... ငါတို့ စမ်းကြည့်ကြတာပေါ့"

…

နောက်တစ်နေ့ မနက်တွင်မူ ကျိုးထျန်းသည် မျက်ကွင်းညိုညိုများနှင့် ခါးနာဝေဒနာတို့ဖြင့် အခန်းပြင်သို့ လှမ်းထွက်လာခဲ့သည်။

ကျောက်ဖန်သည်လည်း မျက်ကွင်းညိုညိုများနှင့် တုန်ရင်နေသော ခြေထောက်များဖြင့် အခန်းပြင်သို့ ထွက်လာခဲ့သည်။

မနေ့ညက သူတို့နှစ်ဦးသည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ကျိုးထျန်းသည် သေလဲသေ အသေခံတိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သော်လည်း ကျောက်ဖန်က ဤမျှအထိ သန်မာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူသည် အခန်းပြင်သို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ကျောက်ဖန်က သူ့နောက်သို့ လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းတို့နှစ်ဦးသည် အထဲ၌ ကြောင်နှင့်ကြွက် ကစားပွဲကို ဆော့ကစားခဲ့ကြသည်။

နောက်ဆုံးတွင် ကျောက်ဖန်သည် တံခါးကို အတွင်းမှ သော့ခတ်လိုက်ပြီး ဆိုးသွမ်းသော အပြုံးတစ်ခုဖြင့် သူ့ထံသို့ လှမ်းလျှောက်လာခဲ့သည်။

သူက အခွင့်အရေးကို အရယူကာ တံခါးထံသို့ အပြေးအလွှား သွားရောက်ပြီး အစွမ်းကုန် ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် သူ အလောတကြီး ဖြစ်သွားမှုကြောင့် အားပြင်းသွားခဲ့ရာ တံခါးလက်ကိုင်ကို ဖျက်မိသွားသဖြင့် သူ့မှာ ထွက်ပြေးရန် လုံးဝ မဖြစ်နိုင်တော့ချေ။

တံခါးလက်ကိုင် ကျိုးသွားချိန်တွင် သူသည်လည်း နောက်ဘက်သို့ လဲကျသွားခဲ့ရာ သူ၏ လက်မောင်းက ဝေ့ဝဲမိသွားပြီး ထိုတံခါးလက်ကိုင်မှာ ကျောက်ဖန်၏ ပေါင်ပေါ်သို့ စောင့်မိသွားတော့သည်။

သူသည်လည်း ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး ကျိုးသွားသော တံခါးလက်ကိုင်မှာ သူ၏ ခါးနောက်ဘက်သို့ စူးဝင်သွားခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးမှာ နာကျင်မှုများကြောင့် တစ်ညလုံး အိပ်စက်နိုင်ခြင်း မရှိခဲ့ကြချေ။

မနက်ခင်းသို့ ရောက်ရှိလာကာမှ ကျောက်ဖန်က အိမ်ခြံမြေစီမံခန့်ခွဲရေးအဖွဲ့ကို ဖုန်းခေါ်ဆို၍ တံခါးကို အပြင်ဘက်မှ ဖွင့်ခိုင်းခဲ့ရခြင်း ဖြစ်သည်။

"ကျိုးထျန်း... နင် စောင့်နေလိုက်! ငါ နင့်ကို အပြတ်မရှင်းနိုင်ရင် ငါ့နာမည် ကျောက် မဟုတ်ဘူး!"

ကျောက်ဖန်က ဒေါသတကြီးဖြင့် ပြောလိုက်ပြီး သူမ၏ ပေါင်ပေါ်မှ ဖူးယောင်နေသော အညိုအမည်းကွက်ကို ထိတွေ့ရင်း ခြေထောက်ကို အသာအယာ ထောက်ကာ လှေကားထံသို့ လျှောက်သွားတော့သည်။

သူသည်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်၊

‘ သူ ဘာတွေ လုပ်နေမိတာလဲ’

သူ့အနေဖြင့် သူမနှင့် ကောင်းကောင်းမွန်မွန်သာ စကားပြောဆိုခဲ့သင့်သည်၊ အနည်းဆုံးတော့ ဒဏ်ရာ ရရှိလိမ့်မည် မဟုတ်ပေ။

သူသည် ခါးကို နှိပ်နယ်ရင်း ပြန်လည် အိပ်စက်ခဲ့ရာ မနက် ၁၀ နာရီခန့်ကျမှ ကုတင်ပေါ်မှ ထနိုင်ခဲ့တော့သည်။

သူ အောက်ထပ်သို့ ဆင်းလာသောအခါ ကျောက်ရှင်းမှ ရိုက်ကူးရေးအတွက် စတူဒီယိုသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး လျိုမုယန်တစ်ယောက်တည်းသာ ဥယျာဉ်ထဲတွင် စာဖတ်နေခဲ့သည်။

ကျောက်ဖန်သည်လည်း ကုမ္ပဏီရုံးခန်းသို့ သွားရောက်ခဲ့ပြီဖြစ်ရာ အိမ်ထဲတွင် သူတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။

'ရှားရှားပါးပါး ရတဲ့ အပန်းဖြေချိန်လေးပဲ၊ တော်တော်လေးတော့ မလွယ်ကူဘူး'

သူသည် မနက်စာနှင့် နေ့လယ်စာ ပေါင်းစပ်ထားသော အစားအစာကို စားနေစဉ် Planet House ၏ စတင်ပြသမှုအပေါ် သုံးသပ်ချက်များကို ဖုန်းဖြင့် စစ်ဆေးကြည့်ရှုလိုက်သည်။

"ယခုနှစ်ရဲ့ အကောင်းဆုံး ပြည်တွင်းဖြစ် ရုပ်ရှင်!"

"ကျွန်တော် နောက်တစ်ခါ ထပ်ကြည့်ချင်သေးတယ်!"

"တကယ့်ကို စေတနာပါတဲ့ ရုပ်ရှင်တစ်ကားပဲ၊ ပြည်တွင်း သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်လောကရဲ့ အလင်းရောင်ပဲ"

အားလုံးနီးပါးက တညီတညွတ်တည်း ချီးကျူးနေကြရာ Pea Talk ပေါ်ရှိ ရုပ်ရှင်၏ အဆင့်သတ်မှတ်ချက်မှာ ၈.၂ အထိ ရောက်ရှိသွားခဲ့ပြီး ဆက်လက်၍ မြင့်တက်နေဆဲပင်။

သို့သော် အဆင်မပြေသော ကွဲလွဲသံအချို့လည်း ထွက်ပေါ်လာခဲ့သည်။

"ဒါက ဟောလိဝုဒ်နဲ့ လုံးဝ နှိုင်းယှဉ်လို့မရဘူး”

"လူဝါတွေချည်းပဲ ပါဝင်တဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကို ကြည့်ရတာ တကယ်ပဲ အဆင်မပြေဘူး”

"ရုပ်ရှင်တစ်ခုလုံးမှာ တရုတ်လူမျိုးတွေချည်းပဲ ဖြစ်နေတာ... ဒါက လူမျိုးရေး ခွဲခြားမှု မဟုတ်ဘူးလား”

အနောက်တိုင်းသားများကို ဖားယားလိုသော လူတစ်စုနှင့် အသိပညာရှင် ဟန်ဆောင်ထားသူအချို့သည် အချိန်ကိုက် ထွက်ပေါ်လာကြပြီး ပြည်တွင်းဖြစ် ရုပ်ရှင်များကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ဝေဖန်ပုတ်ခတ်နေကြတော့သည်။

အဆုံးသတ်တွင် ၎င်းတို့၏ အဓိက အကျိုးအကြောင်းပြချက်မှာ တစ်ခုတည်းသာ ရှိသည်။

တရုတ်သွေးပါဝင်သော သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကို ကြည့်ရှု၍ ရနိုင်ပါမည်လော ဟူ၍ ဖြစ်သည်။

သူ့အနေဖြင့် ထိုလူများကို လျစ်လျူရှုထားနိုင်သော်လည်း ရုပ်ရှင်ဝေဖန်ရေးသမားအချို့ကား တကယ်ပဲ ယုတ်မာလှပေသည်။

၎င်းတို့၏ အမြင်များသည် အလွန်အမင်း ဘက်လိုက်မှုရှိနေပြီး သေးငယ်သော အသေးစိတ်အချက်အလက် တိုင်းကို ချဲ့ကားကာ အမှားရှာရန်နှင့် အပြစ်တင်ရန်အတွက်သာ သီးသန့် လုပ်ဆောင်နေကြပြီး ကောင်းကွက်များကိုမူ လုံးဝ နှုတ်ဆိတ်နေကြသည်။

ထိုအရာအားလုံးကို ကျိုးကြောင်းဆီလျော်မှု၊ ပရော်ဖက်ရှင်နယ်ဆန်မှု ဟူသော ခေါင်းစဉ်များအောက်တွင် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

၎င်းတို့၏ နောက်ကွယ်တွင် ဩဇာအာဏာကြီးမားသော အင်အားစုအချို့ ရှိနေကြောင်းကို သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

‘မော်ဟုန်ဒါနဲ့ သူ့ရဲ့ ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးက ဒီကောင်တွေကို ခြိမ်းခြောက်ဖို့အတွက် မလုံလောက်သေးတဲ့ ပုံပဲ’

သူက မေးစေ့ကို ပွတ်သပ်ရင်း ခဏမျှ စဉ်းစားလိုက်သည်။

''ဒီလူတွေက လူပြက်တွေသက်သက်ပဲမို့ ထည့်ပြောနေဖို့ မတန်ပေမဲ့ ယင်ကောင်တွေကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ်၊ သူတို့ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်''

မကြာမီမှာပင် သူ့ထံ၌ အစီအစဉ်တစ်ခု ရှိလာခဲ့သည်။

သူသည် ဂျက်ဆီထံသို့ ဆက်သွယ်လိုက်ပြီး Planet House ကို တိုက်ခိုက်ရန်အတွက် နောက်ကွယ်ကနေ မည်သူက လူငှားထားသလဲဆိုတာကို စုံစမ်းခိုင်းလိုက်သည်။

သူ့အလုပ်ကိစ္စ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ WeChat မှ အသိပေးသံ မြည်လာခဲ့သည်။

သူသည် မနေ့က ထိုသူဌေးကြီးများနှင့်အတူ WeChat Group တစ်ခုကို တည်ဆောက်ခဲ့သော်လည်း အတွင်းရေးမှူးကျန်းကမူ သံသယဖြစ်ဖွယ်ရာများကို ရှောင်ရှားရန်အတွက် ပါဝင်ခဲ့ခြင်း မရှိချေ။

သို့သော် ထိုအချက်က ကျိုးထျန်းအား သူ့အပေါ် ပိုမို သဘောကျမိစေသည်။

ထိုကဲ့သို့ သတိထားခြင်းက သူသည် အနည်းဆုံးတော့ အရည်အချင်းရှိသော နိုင်ငံ့ဝန်ထမ်းတစ်ယောက် ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။

အသိပေးသံမှာ ထို WeChat Group ထံမှ လာခြင်း ဖြစ်သည်။

၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ဝတုတ်ကြီး ချောင်ကျွင်းကျဲ့ ပို့လိုက်သော ဓာတ်ပုံတစ်ပုံကို သူ မြင်လိုက်ရသည်။

ကျိုးထျန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်သည်။

All Chapters