← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

🍋 Chapter 232

အတန်းဖော်များ၏ တိုးတိုးတိုးတိုး ရေရွတ်သံများကို နားထောင်ရင်း မတတ်သာဟန်ဖြင့် ခေါင်းကိုသာ ခါယမ်းမိတော့သည်။

‘သေချာတာပေါ့... အမြင်က အရာအားလုံးကို ဆုံးဖြတ်ပေးတာပဲ၊ သူတို့မျက်လုံးထဲမှာတော့ အစားအသောက်နဲ့ အပျော်အပါးကိုပဲ စိတ်ဝင်စားကြတာကိုး’

သူတို့က မှားနေ၍တော့ မဟုတ်ချေ။

အဆုံးသတ်တွင် သူတို့မှာ အထက်တန်းကျောင်းပြီးရုံသာ ရှိသေးပြီး တက္ကသိုလ်ထဲသို့ ရောက်ရှိလာသည်မှာ တစ်လပင် မပြည့်သေးသည့် ကျောင်းသားလူငယ်လေးများ မဟုတ်ပါလား။

သူတို့သည် လူ့လောက၏ ဖိအားများနှင့် ရင်ခုန်လှုပ်ရှားမှုများကို မကြုံတွေ့ဖူးသေးသဖြင့် သူတို့ စိတ်ကူးယဉ်နိုင်သည့် အတွေ့အကြုံများမှာ အခြေခံကျသည့် အသိစိတ်အာရုံများအဆင့်၌သာ ကန့်သတ်ထားခြင်း ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားအားလုံး နည်းတူ ဖျော်ဖြေရေးဆိုသည်မှာ အစားအသောက်၊ အင်တာနက်ကဖေး၊ ကာရာအိုကေနှင့် အလွန်ဆုံး ရှိလှလျှင်မူ ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုခြင်းထက် မပိုချေ။

သို့သော် ယခု သူ ပံ့ပိုးပေးတော့မည့် စီမံကိန်းမှာမူ ၎င်းတို့အနေဖြင့် စိတ်ကူးပင် ယဉ်ရဲကြမည်မဟုတ်သည့် အရာမျိုး ဖြစ်ပေသည်။

အမှန်တရားက ကျိုးထျန်းအား ရိုက်ခတ်လိုက်သည်ဟု ဆိုရမည်ပင်။ အ

ဘယ်ကြောင့်ဆိုသော် သူသည် ကျောက်ရှင်း၏ ရုပ်ရှင်ရိုက်ကွင်းအနီးသို့ ရောက်ရှိလာသည့် အခါတွင် သူကိုယ်တိုင်ပင် ဆွံ့အသွားခဲ့ရသောကြောင့် ဖြစ်သည်။

‘ဒါက ဘာကြီးလဲဟ’

ကျောက်ရှင်း၏ ရုပ်ရှင်ရိုက်ကွင်းမှာ လမ်းမတစ်ခုထက်တွင် တည်ဆောက်ထားသည့် ရိုက်ကွင်းအပြင်အဆင်ကြီး ဖြစ်ပြီး ပုံမှန်အားဖြင့် အများပြည်သူသို့ ဖွင့်လှစ်ပေးထားခြင်း မရှိသည့် နယ်မြေ ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ရှေးဟောင်းခေတ် ဒရမ်မာဇာတ်လမ်း အမြောက်အမြား ရိုက်ကူးနေကြသဖြင့် ဤနေရာရှိ လမ်းမများမှာ လုံးဝ ရှေးဟောင်းပုံစံမျိုး ဖြစ်နေခဲ့ရာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ခန့်ဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။

ဤသည်မှာ ရုပ်ရှင်မြို့တော်၏ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ဖြစ်ပြီး အချိန်နှင့် လေဟာနယ် တို့မှာ ဤနေရာတွင် ကွေးကောက်နေသကဲ့သို့ပင် ထင်မှတ်ရသည်။

ပြီးခဲ့သည့် စက္ကန့်ပိုင်းက ရစ်ပတ်ပလစ်ကန်ခေတ် ဘေကျင်းမြို့၏ လမ်းမကြီးတစ်ခု ဖြစ်နေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်မူ စစ်မှုခေတ် မြို့တော်၏ ကျဉ်းမြောင်းသော လမ်းကြားလေးတစ်ခု ဖြစ်သွားပြန်သည်။

သို့သော် မည်သို့ပင် အလှဆင်ထားစေကာမူ ကျိုးထျန်း၏ ရှေ့မှောက်တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်း၏ ရိုက်ခတ်မှုလောက် မပြင်းထန်နိုင်ချေ။

သူ့ရှေ့တွင် မြင်တွေ့နေရသည်မှာ ကျေးလက်မြို့ငယ်လေးတစ်မြို့၌ ဆိုင်ဖွင့်ပွဲ ပြုလုပ်နေသည့် မြင်ကွင်းမျိုးနှင့် ဆင်တူလှသည်။

ကြီးမားလှသော အနီရောင် လေထိုးမုခ်ဦးကြီး တစ်ခုက ကျောင်းသား ၄၀ ကျော်၏ ရှေ့မှောက်တွင် ရှိနေခဲ့သည်။

လမ်းဆုံလမ်းခွမှ စတင်၍ မီတာ ၅၀ ကျော်အထိ ရှည်လျားသော ကော်ဇောနီကြီးကိုလည်း ခင်းကျင်းထားသေးသည်။

သို့သော် ထိုလေထိုးမုခ်ဦးကြီးက အဆိုးဆုံး မဟုတ်သေးချေ။

အလွန်အမင်း ချဲ့ကားလွန်းလှသည့် အရာမှာ ထိုမုခ်ဦး၏ အထက်တွင် ချိတ်ဆွဲထားပြီး လေပြေထဲတွင် တယိမ်းယိမ်း လှုပ်ခါနေသည့် တောက်ပသော အနီရောင် စာတန်းကြီးပင် ဖြစ်သည်။

၎င်းတွင် ရေးသားထားသည်မှာ "ဥက္ကဋ္ဌကျိုး... ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်ကို လာရောက် စစ်ဆေးပေးဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်" တဲ့။

ကျိုးထျန်းသည် မသိစိတ်ကနေ လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ကျေးလက်မြို့ငယ်လေးတစ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ အရှိန်အဝါမျိုးကို ဖမ်းဆီးလိုက်မိတော့သည်။

အကယ်၍ သူ့တွင် ဖန်ဓါတ်ဘူး တစ်လုံးသာ ရှိနေမည်ဆိုပါက သူ့အဆင့်အတန်းနှင့် များစွာ ပိုမို ကိုက်ညီသွားပေလိမ့်မည်။

"ဝူချိုင်... ဒီကိုလာဦး"

သူက အဖွဲ့ကို ဦးဆောင်လာသည့် ဒါရိုက်တာဝူအား ဘေးသို့ တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

ဒါရိုက်တာဝူသည်လည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူသည် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးချေ။

မူလက စုန့်ခေတ်ရိုးရာလမ်းမကြီး ဖြစ်သင့်သည်က ယခုမူ ကျေးလက် အချစ်ဝတ္ထု ရုပ်ရှင်ထဲက မြင်ကွင်းမျိုးနှင့် တူနေခဲ့ပြီ မဟုတ်ပါလား။

"မြန်မြန်... အဲဒီလူတွေကို ဒါတွေအားလုံး အမြန်ဆုံး ဖယ်ခိုင်းလိုက်စမ်း၊ ဘယ်သူ လုပ်လိုက်တာလဲ၊ ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ"

ဒါရိုက်တာဝူက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး စီစဉ်ရန်အတွက် အပြေးအလွှား သွားတော့မည့် အချိန်မှာပင် မလှမ်းမကမ်းဆီမှ တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"ဥက္ကဋ္ဌကျိုး ရောက်လာပြီဟေ့၊ အားလုံးပဲ အပြင်ထွက်ပြီး ကြိုဆိုကြစမ်း"

ကင်မရာတစ်လုံး ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးက ကျိုးထျန်းကို မှတ်မိသွားပြီး သူ့နောက်ကွယ်သို့ လှမ်းအော်လိုက်ခြင်း ဖြစ်သည်။

သူက ထောင့်တစ်နေရာတွင် မတ်တပ်ရပ်နေခြင်းဖြစ်ရာ ကျိုးထျန်း၏ အမြင်အရ ထိုနေရာတွင် လူမည်မျှရှိကြောင်း မမြင်နိုင်ချေ။

သို့သော် သူ အော်ဟစ်လိုက်ပြီးနောက် လမ်းမကြီးတစ်ခုလုံး သိသိသာသာ တုန်ခါသွားခဲ့ရသည်။

"ဥက္ကဋ္ဌကျိုး ရောက်လာပြီဗျို့၊ အားလုံးပဲ လာကြ"

သူ အမြန် ဖြတ်ခနဲ ကြည့်လိုက်သည့် အခါတွင် ထိုထောင့်ကွေ့ဆီမှ လူပေါင်း ၃၀၀ ကျော် အပြေးအလွှား ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

အချို့က ကင်မရာများ၊ အချို့က ဗီဒီယိုကင်မရာများကို ကိုင်ဆောင်ထားကြပြီး အားလုံးက ဤမြင်ကွင်းကို မှတ်တမ်းတင်ရန်အတွက် ပြင်ဆင်ထားကြသည်။

ကျန်ရှိနေသည့် လူများမှာမူ ရင်းနှီးပြီးသား မျက်နှာများ ဖြစ်ကြပြီး အားလုံးက ရုပ်ရှင်နှင့် တီဗီ မင်းသား၊ မင်းသမီးများ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် ဘဝင်မြင့်ပြီး မာနကြီးလှသည့် လူများသည် ကျိုးထျန်းကို မြင်လိုက်ရသည့် အခါတွင်မူ ၎င်းတို့၏ ပုံရိပ်များကို အပြီးတိုင် စွန့်လွှတ်လိုက်ကြတော့သည်။

ပထမတွင် သူတို့က အရှိန်အဟုန်ဖြင့် လမ်းလျှောက်လာကြခြင်း ဖြစ်သော်လည်း၊ ထို့နောက်တွင်မူ အချို့သော လူများက စတင်၍ ပြေးလာကြသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း ဤသည်ကို မြင်ပြီး လိုက်လံ ပြေးလွှားကြတော့သည်။

အရှိန်က ပိုမို မြန်ဆန်လာခဲ့ပြီး အချို့သော မင်းသမီးများဆိုလျှင် ဒေါက်မြင့်ဖိနပ်များဖြင့် ပြေးလွှားနေကြသဖြင့် ခြေခေါက်လဲမတတ်ပင် ဖြစ်နေကြရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရပြီး လူတိုင်းကလည်း "ဥက္ကဋ္ဌကျိုး" ဟု ဟစ်အော်နေကြသဖြင့် မျက်လုံးအားလုံးက သူ့ထံသို့ ချက်ချင်း ကျရောက်လာခဲ့သည်။

ကျိုးထျန်းကမူ မတတ်သာဟန်ဖြင့် မျက်နှာကို လက်ဖြင့် အုပ်လိုက်မိတော့သည်။

‘ဒီကောင်တွေကတော့... ငါက အတတ်နိုင်ဆုံး လူမသိအောင် နေဖို့ ကြိုးစားနေတာကို အခုတော့ ငါ့ကို ဖော်ကောင်လုပ်ပစ်ကြပြီ’

ထိုနေ့ မနက်ခင်းတွင် ကျောက်ရှင်းက ဤသတင်းစကားကို ပေးပို့လိုက်ပြီးနောက် ၎င်းကို လက်ခံရရှိသည့် အနုပညာရှင်များအားလုံး ရူးသွပ်ကုန်ကြသည်။

‘ဥက္ကဋ္ဌကျိုး တဲ့လား’

‘ဘယ်ဥက္ကဋ္ဌကျိုးလဲ ကျောက်ရှင်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူမှာ တစ်ယောက်တည်းသာ ရှိသည်၊ ၎င်းမှာ ဥက္ကဋ္ဌကျိုး ပင်’

မနေ့ညက ဝိုင်ခွက်ဖြင့် သွားရောက် ဂါရဝပြုခဲ့ကြသည့် လူပေါင်း ၁၀၀ ကျော်က ဤသတင်းစကားကို ဖြန့်ဝေခဲ့ကြသည်။

ဤဥက္ကဋ္ဌကျိုးနှင့်အတူ ထမင်းစားခဲ့သည့် လူများမှာ အားလုံးက သူဌေးကြီးများ ဖြစ်ကြပြီး "ဟန်တျန်းရဲ့ ဘုရင်" ဟု အမည်ရသည့် ဥက္ကဋ္ဌဟန်ပင်လျှင် ဤလူငယ် ဥက္ကဋ္ဌကျိုး၏ အောက်တွင် ထိုင်ခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ချိုးလန်၏ သနားစရာကောင်းသော အဆုံးသတ်မှာလည်း ဥက္ကဋ္ဌကျိုးကို သွားရောက် ပြစ်မှားမိသောကြောင့် ဖြစ်ကြောင်း လူတိုင်း ကြားသိထားကြသည်။

တစ်ယောက်က ဆယ်ယောက်၊ ဆယ်ယောက်က ရာဂဏန်းအထိ လက်ဆင့်ကမ်းလိုက်ကြရာ ဟန်တျန်းတွင် တပြိုင်နက်တည်း ရုပ်ရှင်ရိုက်ကူးနေသည့် အဖွဲ့ပေါင်း အမြောက်အမြား ရှိနေပြီး နာမည်ကြီး အနုပညာရှင်များပင်လျှင် လူပေါင်း ၅၀၀ ကျော် ရှိနေခဲ့သည်။

သတင်းကို လက်ခံရရှိပြီးနောက် ထိုအစုအဖွဲ့ကြီးမှာ မိမိတို့ ပေါင်ကို မိမိတို့ ပြန်လည် ရိုက်နှက်ရင်း ဆဲဆိုမိကြတော့သည်။

"မင်းတို့က အားလုံး သွားပြီး ဂါရဝပြုကြတာကို ငါတို့ကိုတောင် မဖိတ်ဘူးပေါ့လေ"

သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့တွင် အခွင့်အရေး ရှိသေးသည်။

ဥက္ကဋ္ဌကျိုးသည် နောက်မှ ကျောက်ရှင်း၏ ရုပ်ရှင်ရိုက်ကွင်းသို့ လာရောက် လည်ပတ်မည် ဖြစ်သဖြင့်၊ သူတို့ သွားရောက်၍ အထင်ကြီးစရာ ဖြစ်အောင် ပြုလုပ်ကြရမည်ဖြစ်ပြီး အနည်းဆုံးတော့ အသိအကျွမ်း ဖြစ်အောင် လုပ်ရပေလိမ့်မည်။

ထို့ကြောင့်ပင် ရာပေါင်းများစွာသော အနုပညာရှင်များသည် အလုပ်အားလုံးကို ပစ်ပယ်ပြီး ဤပတ်ဝန်းကျင်သို့ အပြေးအလွှား လာရောက် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

လူအုပ်ကြီးက ပိုမို ကြီးမားလာသောအခါတွင်မူ သူတို့က ကြိုဆိုပွဲ အခမ်းအနားတစ်ခု ကျင်းပရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ကြတော့သည်။

ဤအချက်က ကင်မရာသမားများကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ မုခ်ဦးကြီးကို တည်ဆောက်ကာ (ဘယ်ပါရမီရှင်က ဒီအကြံကို ထုတ်လိုက်လဲတော့ မသိချေ) စာတန်းကြီးများကိုပါ ချိတ်ဆွဲလိုက်ကြခြင်း ဖြစ်သည်။

ဤမြင်ကွင်းက တကယ့်ကို စည်ကားလွန်းလှသဖြင့် ကျေးလက်ဒေသရှိ ဘုရားပွဲတစ်ခုနှင့်ပင် တူနေခဲ့သည်။

ကျောင်းသားများထက် အပြေးအလွှား ရောက်ရှိလာသည့် အနုပညာရှင် အရေအတွက်က ပိုမို များပြားနေသဖြင့် ကျိုးထျန်းတစ်ယောက် ဘဝပျက်ပြီဟု ခံစားလိုက်ရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် လူအုပ်ကြီး၏ အရှေ့ဆုံးတွင် ရင်းနှီးသော မျက်နှာတစ်ခုကို သူ လှမ်းမြင်လိုက်ရသည်။

အသက်ခြောက်ဆယ်ကျော် အရွယ်ရှိပြီဖြစ်သည့် ဒါရိုက်တာကျန်းသည် လူငယ်များထက်ပင် ပိုမို ဖျတ်လတ်နေပြီး တန်းစီသူများ၏ အရှေ့ဆုံးကနေ ပြေးလွှားလာခဲ့ခြင်း ဖြစ်သည်။

ကျိုးထျန်းသည် သူ့ကို မြင်လိုက်ရသဖြင့် သူ့ထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားလိုက်၏။

"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ"

"အခု ချက်ချင်း ရပ်လိုက်စမ်း"

ဒါရိုက်တာကျန်းသည် လျင်မြန်ဖြတ်လတ်သူ ဖြစ်သည်။

ကျိုးထျန်း၏ မကျေမနပ်ဖြစ်မှုကို မြင်လိုက်ရသောအခါ သူက ချက်ချင်း လှည့်ပြန်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ရပ်ကြစမ်း... ရပ်ကြစမ်း"

သူ၏ အဆင့်အတန်းနှင့် သြဇာအာဏာက အလေးသာပေသည်။

ပြေးလွှားနေသည့် လူအုပ်ကြီး ချက်ချင်း ရပ်တန့်သွားခဲ့ပြီး ၎င်းတို့၏ မျက်လုံးများက ကျိုးထျန်းထံသို့ မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေကြတော့သည်။

"မင်း... အဲဒီလူတွေကို ဒါတွေအားလုံး အမြန်ဆုံး ဖျက်ခိုင်းလိုက်၊ ပြီးတော့ လူစုခွဲခိုင်းလိုက်စမ်း"

"ဒါ့အပြင် ဘယ်သူမှ ဓါတ်ပုံမရိုက်ရဘူး၊ အားလုံးပဲ ဖုန်းတွေကို သိမ်းထားကြ"

သူက ထိုအဘိုးကြီးကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

ဒါရိုက်တာကျန်း ချက်ချင်းပင် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိ လူအုပ်ကြီးထံသို့ ပြေးသွားတော့သည်။

"ဒါရိုက်တာကျန်း... ဥက္ကဋ္ဌကျိုးက ဘာကို ဆိုလိုတာလဲဟ"

"ဟုတ်ပတ်... သူက ငါတို့ကို ဘာလို့ ရပ်ခိုင်းတာလဲ"

သူ့အသိအကျွမ်း အချို့က လှမ်းမေးလိုက်ကြသည်။

"မပေါက်ကရတွေ ပြောမနေနဲ့တော့၊ ဒီဥက္ကဋ္ဌကျိုးက အတော်လေး လူမသိအောင် နေတတ်တာ၊ ငါတို့ ကိစ္စတွေကို ရှုပ်ပစ်လိုက်မိပြီ"

သူသည် ကျိုးထျန်း၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဤလူသည် ဤကဲ့သို့သော ကြီးမားလှသည့် မြင်ကွင်းကို သိသိသာသာ မနှစ်သက်ချေ။

"မြန်မြန်... အရာအားလုံးကို ပြန်သိမ်းကြစမ်း၊ ကင်မရာအဖွဲ့တွေ ထွက်သွားကြ၊ ပြီးတော့ ဘယ်သူမှ ဓါတ်ပုံမရိုက်ရဘူး၊ Weibo ပေါ်မှာလည်း စာမတင်ရဘူး၊ နားလည်လား"

လူအုပ်ကြီး ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။

ဤလူသည် လွယ်လွယ်နှင့် စနောက်၍ရသည့် လူစားမျိုးမဟုတ်ကြောင်း၊ သူ့အမိန့်ကို မနာခံဘဲ နေ၍မရကြောင်းကို ချိုးလန်၏ အဖြစ်အပျက်က အကောင်းဆုံး သာဓကတစ်ခု မဟုတ်ပါလား။

ဒါရိုက်တာကျန်း၏ ကွပ်ကဲမှုအောက်တွင် လူပေါင်း သုံးလေးရာခန့်မှာ ၎င်းတို့အတွက် လမ်းဖွင့်ပေးရန်အတွက် ဘေးတစ်ဖက်တစ်ချက်စီတွင် အတန်းနှစ်တန်း ခွဲလိုက်ကြသည်။

ပုံမှန်အားဖြင့် အနုပညာရှင်များအတွက် ပရိသတ်များက လမ်းဖွင့်ပေးလေ့ရှိသော်လည်း၊ ယခုမူ သာမန်လူတစ်ယောက်အတွက် အနုပညာရှင်များက လမ်းဖွင့်ပေးနေရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။

ကျိုးထျန်း ထပ်မံ၍ မျက်နှာကို လက်ဖြင့် အုပ်လိုက်မိပြန်သည်။

‘ဒီလူတွေကတော့... ဟင်း... ထားပါတော့လေ၊ ဖြစ်ချင်ရာဖြစ်၊ လူတွေက ငါ့ရဲ့ စရိုက်အမှန်ကို ဖော်ထုတ်ဖို့ ဘာလို့ ဒီလောက်တောင် အတင်းအဓမ္မ လုပ်နေကြတာလဲ၊ ငါကတော့ နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ ကြိုးစားနေတာပါဆို’

ဤဖြစ်ရပ်ကြောင့် လူအုံးတစ်ယောက်ပင်လျှင် ဤအနုပညာရှင်များ အမှန်တကယ် ကိုးကွယ်နေကြသည့် လူမှာ မည်သူဖြစ်ကြောင်း သေချာပေါက် သိရှိသွားကြပေလိမ့်မည်။

သူ့အတန်းဖော်များက သူ့ကို ကြည့်သည့် အကြည့်များမှာ ယခုအခါတွင် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် ကြီးမားလှသော သားရဲကြီးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်ပြီး သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ဖြတ်သန်းနေခဲ့သည်။

‘ငါက လူမသိအောင် ခရီးသွားဖို့ စဉ်းစားထားတာကို၊ နောက်ဆုံးတော့ လူအထင်ကြီးအောင် ထပ်ပြီးတော့ လုပ်မိပြန်ပြီ’

All Chapters