အခန်း ၂၃၇
Vol. 24 Ch. 237
🍋 Chapter 237
ဓါတ်ခွဲခန်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေရာတွင်၊ ပုံမှန်အားဖြင့် ကျိုးထျန်းက ဂျက်ဆီကို ခိုင်းလိုက်ပါက ၁၅ မိနစ်ခန့်ဖြင့် ပြီးစီးလေ့ရှိသည်။
သို့သော် ယနေ့တွင်မူ တစ်နာရီ ခန့် ကြာမြင့်ခဲ့ရသည်။
သူသည် ဂျက်ဆီအား အရေးကြီးသည့် ကိစ္စရပ်မှတစ်ပါး မိမိထံသို့ အရင် ဖုန်းမဆက်ရန်နှင့် သူကသာ တစ်ဖက်လူထံသို့ အရင် ဆက်သွယ်မည်ဖြစ်ကြောင်း ပြောကြားထားခဲ့ဖူးသည်။
ဤသည်မှာ ဘေးကင်းလုံခြုံမှုကို အာမခံချက် ရှိစေရုံမျှမက ထိုကောင်လေး၏ တတွတ်တွတ် စကားပြောသံများကို အမြဲတမ်း မကြားရစေရန် တားဆီးထားခြင်းလည်း ဖြစ်သည်။
သို့သော် ယနေ့တွင်မူ သူသည် အရင်ဆုံး ဖုန်းခေါ်ဆိုလာခဲ့သည်။
သူ မဖတ်ရသေးသည့် အချက်အလက်များနှင့် ပေါင်းစပ်လိုက်သောအခါ ကျိုးထျန်းတစ်ယောက် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ခံစားလိုက်ရတော့သည်။
"ဟလို..."
"သူဌေး... ကျွန်တော် သူဌေးဆီ ဖုန်းမဆက်ရတာ အတော်လေး ကြာပြီနော်၊ သူဌေးရဲ့ အသံကို သတိရနေတာ၊ မကြာသေးခင်က ကျွန်တော် အတော်လေး ပျင်းနေခဲ့တာ... ကုမ္ပဏီကြီးတွေရဲ့ ကွန်ရက်တွေနဲ့ ဆာဗာတွေ အားလုံးကို ဟက်ခ် လုပ်ပြီးသွားပြီ၊ ဘာမှ စိန်ခေါ်မှု မရှိဘူး”
“ ဒါပေမဲ့ ဆန်းတို့စ် ကတော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါပေမဲ့ သူက ကျွန်တော့်ကို သိပ်စကားမပြောဘူး၊ ကျွန်တော်က လူဖြူဖြစ်ပြီး သူက လူမည်းဖြစ်နေလို့ ကျွန်တော့်အပေါ် ခွဲခြားဆက်ဆံနေတာလို့ သူဌေး ထင်လား"
သူ ဖုန်းကို ကိုင်လိုက်သည့် ကမန်းကတန်း အချိန်မှာပင် စက်သေနတ်ပစ်ခတ်လိုက်သည့်အလား စကားလုံးများစွာက သူ့ထံသို့ တရစပ် ရိုက်ခတ်လာခဲ့တော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ကျိုးထျန်းသည် မိမိ၏ သွေးပေါင်ချိန် မြင့်တက်လာပြီး ခေါင်းတစ်ခုလုံး မူးဝေသွားသလို ခံစားလိုက်ရသည်။
ဒီကလေးက အတော်လေး အတွေးလွန်နေပြီး ဆန်းတို့စ်က သူ့အပေါ် ခွဲခြားဆက်ဆံနေသည်ဟု အမှန်တကယ် ယုံကြည်နေခဲ့သည်။
‘လူမည်းတွေက လူဖြူတွေအပေါ် ခွဲခြားဆက်ဆံတယ်ဆိုတာမျိုး မရှိပါဘူး၊ သူတို့က မင်းကို စကားအရမ်းများပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ ထင်နေကြတာပါ’
"ကဲပါ... တတွတ်တွတ် ပြောမနေနဲ့တော့၊ မင်း အမြဲတမ်း အဘွားကြီးတစ်ယောက်လို တွတ်တွတ်တွတ်တွတ် လုပ်နေတာပဲ၊ မမောဘူးလား"
"သူဌေး... ကျွန်တော် မမောပါဘူး၊ ကျွန်တော် ဗိုက်ဆာလို့ ပီဇာကို စောင့်နေရတဲ့ အချိန်ကျမှပဲ မောတာပါ"
ကျိုးထျန်း မိမိ၏ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။
‘ငါ သူ့ကို ဘာမှ မပြောခဲ့သင့်ဘူး၊ ဒီကလေး ဘယ်တော့မှ လူကြီးဆန်လာမှာလဲ၊ သူနဲ့ ဆက်သွယ်ရတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စပဲ’
"ကောင်းပြီ... မင်း ငါ့ဆီ ဘာလို့ ဖုန်းဆက်ရတာလဲဆိုတာကိုပဲ တည့်တည့်ပြောစမ်းပါ"
"သူဌေး... သူဌေး စုံစမ်းခိုင်းထားတဲ့ ဓါတ်ခွဲခန်းက ပန်တဂွန် ( အမေရိကန် စစ်ဌာနချုပ်) ကနေ တိုက်ရိုက် ရန်ပုံငွေပံ့ပိုးပြီး ကူညီထားတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ ဓါတ်ခွဲခန်းတစ်ခု ဖြစ်နေတယ်"
"ဟင်..." ကျိုးထျန်း လန့်ဖျပ်သွားခဲ့ရသည်။
‘စစ်ဘက်ဆိုင်ရာ ပံ့ပိုးထားတဲ့ ဓါတ်ခွဲခန်း ဟုတ်လား... ဒါဆိုရင် ဘာ့ကြောင့် ဘလက်ပြည်နယ် (လူမည်းအများစု နေထိုင်ရာ ဒေသ) မှာ ရှိနေရတာလဲ၊ အမေရိကန် ပြည်မကြီးထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား’
"ဒီ ကမ်းဘဲလ် ဓါတ်ခွဲခန်း က လျှို့ဝှက် စစ်ဘက်ဆိုင်ရာ စီမံကိန်းတစ်ခုပဲ၊ ကျွန်တော် စီအိုင်အေ ရဲ့ ဒေတာဘေ့စ်ကို ဟက်ခ်လုပ်ရင်းနဲ့ ရှာတွေ့ခဲ့တာ"
"ဓါတ်ခွဲခန်းရဲ့ ခေါင်းဆောင်က ကမ်းဘဲလ် ကန်နွန် လို့ ခေါ်တဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲ၊ သူတို့က ဘလက်ပြည်နယ် အလယ်ပိုင်းမှာ ငှက်ဖျားရောဂါနဲ့ အခြားသော ကူးစက်ရောဂါတွေအကြောင်း အဓိကထားပြီး စမ်းသပ်မှုတွေ ပြုလုပ်နေကြတာ"
"ဒါပေမဲ့ အဲဒါက အပေါ်ယံတင်ပဲ၊ တကယ်တမ်းကျတော့ အဲ့တာက မျိုးရိုးဗီဇ ဓါတ်ခွဲခန်းတစ်ခုပဲ၊ သူတို့က လူဦးရေ အချို့ရဲ့ ရောဂါခုခံနိုင်စွမ်းနဲ့ ဗိုင်းရပ်စ်ခံနိုင်ရည်တွေကို ထိန်းချုပ်ဖို့နဲ့ စောင့်ကြည့်ဖို့အတွက် အမျိုးမျိုးသော နည်းလမ်းတွေကို အသုံးပြုနေကြတာ၊ အဲဒါကြောင့်မို့လို့ သူတို့က ဓါတ်ခွဲခန်းကို ဘလက်ပြည်နယ်မှာ လာရောက် တည်ဆောက်ခဲ့ကြတာပဲ"
ဤသည်ကို ကြားလိုက်ရသောအခါ ကျိုးထျန်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
"ဒီမိုကရေစီ၏ မီးပြတိုက်" ဟု ကြွေးကြော်ထားသူများ၏ ထုံးစံအတိုင်း ပုံမှန် စိတ်ဓာတ်မျိုးပင် ဖြစ်ပေသည်။
စွန့်စားရသည့် စမ်းသပ်မှုများကို သူတို့၏ ကိုယ်ပိုင် မြေပေါ်တွင် မည်သို့မျှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
အကယ်၍ စမ်းသပ်ခံရသူများဆီကနေ သတင်းအချက်အလက်များ ပေါက်ကြားသွားခဲ့ပါကလည်း၊ ဘလက်ပြည်နယ်ကဲ့သို့သော ဆင်းရဲမွဲတေသည့် နေရာမျိုးတွင် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပိုမို လွယ်ကူပေလိမ့်မည်။
အဆိုးရွားဆုံး အခြေအနေတွင်မူ သူတို့အနေဖြင့် စွန့်ပစ်ပြီး ထွက်ခွာသွားရုံသာ ရှိသည်။
သူတို့ ချန်ထားခဲ့မည့် ရှုပ်ထွေးမှုများနှင့် ပတ်သက်၍မူ... ဘာပဲဖြစ်ဖြစ် ငါတို့ ဒီမိုကရေစီ မီးပြတိုက်တွေက သွားလေရာနေရာတိုင်းမှာ ရှုပ်ထွေးမှုတွေ ချန်ထားခဲ့လေ့ ရှိတာပဲ၊ ဒေသခံတွေဘာသာ သူတို့ ရှင်းလင်းကြရုံရှိတာပေါ့။
ထို့အပြင် ဤကဲ့သို့သော ဓါတ်ခွဲခန်း၏ အလုပ်မှာ မှောင်ခိုလုပ်ငန်းမျိုး ဖြစ်နိုင်သဖြင့်၊ ၎င်းကို သူတို့၏ ကိုယ်ပိုင် မြေပေါ်တွင် မတည်ဆောက်ခြင်းက ပိုမို၍ အရေးကြီးပေသည်။
အကယ်၍ သာမန်ပြည်သူများက သိရှိသွားပါက၊ ဒီမိုကရေစီ မီးပြတိုက်၏ ပြည်သူများမှာ အခြားသူများအပေါ် သနားကရုဏာ သက်တတ်ကြသဖြင့် အစိုးရ၏ လျှို့ဝှက်ချက်များကို သေချာပေါက် ဖွင့်ချကြပေလိမ့်မည်။
"ဒါဆိုရင်... အခု အဲဒီ ဓါတ်ခွဲခန်းရဲ့ အခြေအနေက ဘယ်လိုရှိလဲ" ကျိုးထျန်း ဘေးပတ်ပန်းကျင်ကို လှမ်းကြည့်လိုက်ပြီး မည်သူမျှ ချောင်းမြောင်း နားထောင်နေခြင်း မရှိကြောင်း သေချာစေပြီးမှ ဂရုတစိုက် မေးမြန်းလိုက်သည်။
"အခုတော့ ပိတ်သိမ်းထားတယ်၊ ဘာလို့လဲဆိုတော့ စစ်တပ်ရဲ့ ရန်ပုံငွေ ဖြတ်တောက်ခြင်း ခံလိုက်ရလို့ပဲ"
"အာ... ရန်ပုံငွေ ဖြတ်တောက်ခံလိုက်ရတယ် ဟုတ်လား၊ လျှို့ဝှက်စမ်းသပ်မှုတစ်ခု ဖြစ်ရမှာ မဟုတ်ဘူးလား၊ ရန်ပုံငွေ ကွင်းဆက်က ဘယ်လိုဖြစ်ပြီး ပြတ်တောက်သွားရတာလဲ"
"ဟုတ်တယ် သူဌေး... ဒီဓါတ်ခွဲခန်းကို တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ကုန်ကျခဲ့တာ၊ ပြီးတော့ နှစ်စဉ် ထိန်းသိမ်းစရိတ်က အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် ရှိတယ်”
“ကျွန်တော့်အထင်တော့ အထက်လူကြီးတွေက အလွန်အမင်း ဈေးကြီးလွန်းတယ်လို့ ထင်သွားပုံရတယ်၊ အဲဒါကြောင့်မို့လို့ ပံ့ပိုးကူညီမှုကို ရပ်ဆိုင်းပစ်လိုက်တာ"
ဓါတ်ခွဲခန်း၏ ကုန်ကျစရိတ်များအကြောင်း ကြားလိုက်ရသောအခါ ကျိုးထျန်း လျှာသပ်မိသွားခဲ့ပြီး၊ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က အမေရိကန် ကွန်ဂရက်လွှတ်တော်၏ ပန်တဂွန် စာရင်းစစ်ဆေးမှုအကြောင်းကို ပြန်လည် တွေးတောမိသွားခဲ့သည်။
အမေရိကန်ဒေါ်လာ ၅၀၀ တန် ကော်ဖီခွက်များ၊ အမေရိကန်ဒေါ်လာ ၆၀၀၀ တန် သန့်စင်ခန်းသုံး ပစ္စည်းများနှင့် အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန် တိုက်လေယာဉ် ထိုင်ခုံခေါင်းအုံးများ...ဤကဲ့သို့သော ရန်ပုံငွေများကို "တရားဝင်" အသုံးပြုခြင်း နည်းလမ်းများမှာ အဆုံးမရှိနိုင်အောင် များပြားလှပေသည်။
ထို့အပြင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာမှာလည်း ၎င်းတို့၏ သတ်မှတ်ထားသော ဦးတည်ရာများဆီသို့ ခြေရာခံ၍ မရနိုင်ဘဲ ဖြစ်နေခဲ့သည်။
ပြေစာများအကြောင်း မပြောပါနှင့်ဦး၊ ထိုပိုက်ဆံများကို မည်သို့ သုံးစွဲခဲ့ကြောင်း မည်သူမျှ မသိရှိကြဘဲ၊ အဆုံးသတ်တွင် ဘာမျှ ဖြစ်မလာခဲ့ချေ။
အကယ်၍ သူတို့အနေဖြင့် ထပ်မံ၍ စုံစမ်းစစ်ဆေးမည်ဆိုပါက၊ ခုခံမှုမှာ ပိုမို၍ ကြီးမားလာပေလိမ့်မည်။
စစ်တပ်ကသာ အကျိုးအမြတ်များကို ရယူခဲ့ခြင်း မဟုတ်ဘဲ၊ ကွန်ဂရက်လွှတ်တော် အဆင့်ဆင့်ရှိ နိုင်ငံရေးသမားများမှာလည်း အကျိုးအမြတ်များ ရရှိခဲ့ကြခြင်း ဖြစ်သည်။
‘ငါ ထင်တာတော့ ဒီဓါတ်ခွဲခန်းကလည်း အတူတူပဲ ဖြစ်လိမ့်မယ်၊ ဒေါ်လာ သန်း ၂၀၀ တည်ဆောက်မှု ကုန်ကျစရိတ်ရဲ့ အစိတ်အပိုင်း အများစုကတော့ ကော်မရှင်ခတွေနဲ့ "အခြားသော ကုန်ကျစရိတ်" တွေဆီကို ရောက်သွားခဲ့တာ သေချာတယ်’
‘နှစ်စဉ် ထိန်းသိမ်းစရိတ် ဒေါ်လာ ၂၅ သန်း အပါအဝင်ပေါ့... ဒီမီးပြတိုက်ရဲ့ စစ်သားတွေ ဘယ်လောက်တောင် ချမ်းသာသွားကြဦးမလဲ မသိဘူး’
"ဒါဆိုရင်... သူတို့က ပံ့ပိုးမှု မရတော့တဲ့အခါကျရင် ပိတ်ပစ်ဖို့ပဲ ရှိတာပေါ့... ဟုတ်တယ်မလား"
"ဟုတ်တယ်... သူတို့က ပိတ်ပစ်ဖို့ စီစဉ်နေခဲ့ကြတာ၊ ဒါပေမဲ့ ဒီဗိုလ်ချုပ် ကမ်းဘဲလ်က လှည့်ကွက်တွေ သုံးနေတယ်" ဂျက်ဆီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"သူက သူ၏ အဆက်အသွယ်တွေကို အသုံးပြုပြီး ဓါတ်ခွဲခန်းကို ကိုယ်တိုင် ဝယ်ယူလိုက်တယ်၊ ပြီးတော့ အခု အဲ့တာကို အတူတူ လည်ပတ်ဖို့အတွက် ပါတနာ တွေ လိုက်ရှာနေတယ်"
"ဟင်..." ကျိုးထျန်း ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်သည်။
‘ဘာတွေ ဖြစ်နေတာလဲ’
"သူက ဒါကို ဘာလို့ ဝယ်ရတာလဲ၊ ဒါက ပိုက်ဆံမရတဲ့အပြင်၊ သူက နှစ်စဉ် ထိန်းသိမ်းစရိတ်အတွက် ပိုက်ဆံတွေ အများကြီး ထပ်သုံးနေရဦးမှာလေ"
"သူဌေး... သူတို့က တကယ့်ကို ကောက်ကျစ်တာ၊ သူတို့က ဘဏ်ကနေ ပိုက်ဆံချေးပြီးတော့ ဓါတ်ခွဲခန်းကို ဝယ်ယူခဲ့တာ၊ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ပုံစံမျိုးနဲ့ အတွင်းထဲက ပိုင်ဆိုင်မှု ပစ္စည်းတွေကို ပြန်လည် ရောင်းချနေကြတာ"
" သူတို့ တစ်ပြားမှ မသုံးရသလိုမျိုးပဲ၊ ဘဏ်ကို ပိုက်ဆံပြန်ဆပ်ပြီးတဲ့အခါ ကျန်တဲ့အရာတွေ အားလုံးက သူတို့ရဲ့ အိတ်ကပ်ထဲကို ရောက်သွားတာပဲ"
ထိုအရာကို ကြားလိုက်ရသောအခါ ကျိုးထျန်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
ထိုအရာမှာ လွန်ခဲ့သည့် အချိန်က တရုတ်နိုင်ငံရှိ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်စဉ်အတွင်း အသုံးပြုခဲ့ကြသည့် နည်းလမ်းများနှင့် တစ်ထေရာတည်း တူညီနေခဲ့သည်။
ဂျက်ဆီ ဘာ့ကြောင့် ဒေါသထွက်နေရသည်ကို မဆန်းတော့ချေ။
ဤလူများမှာ နိုင်ငံတော်ကို အောက်ခြေကနေ လှိုက်စားနေကြခြင်း ဖြစ်သည်။
သို့သော် သူတို့ လှိုက်စားနေသည်မှာ အမေရိကန်နိုင်ငံ ဖြစ်ပြီး၊ သူ့ကို လှိုက်စားနေခြင်း မဟုတ်ချေ။
"ဒါဆိုရင်... ဒီဓါတ်ခွဲခန်းထဲမှာ ဘာတွေ တန်ဖိုးရှိတဲ့အရာတွေ ပါဝင်နေလို့လဲ"
"သူဌေး... ကျွန်တော် သူဌေးဆီကို အသေးစိတ် မော်ဒယ်တွေနဲ့ အချက်အလက်တွေ ပေးပို့ထားပါတယ်၊ စက်ပစ္စည်းတွေတင်တင်ပဲ ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတာ၊ ပြီးတော့ အဲ့တာတွေက တစ်ပတ်ရစ် ပစ္စည်းတွေ ဖြစ်နေခဲ့ရင်တောင်မှ၊ အများစုက အမေရိကန်မှာပဲ ရှိတဲ့ ထူးခြားတဲ့ ပစ္စည်းတွေ... တစ်ခြားနိုင်ငံတွေက ဝယ်ယူလို့ မရနိုင်ဘူး"
"ပြီးတော့... သူတို့က စမ်းသပ်မှု နမူနာတွေနဲ့ ဒေတာတွေကိုပါ တစ်ပါတည်း ထုပ်ပိုးပြီးတော့ အတူတူ ရောင်းချချင်နေကြတာ"
"တောက်..." ကျိုးထျန်း မတတ်နိုင်ဘဲ ဆဲဆိုမိသွားခဲ့ရသည်။
အလွန်အမင်း မှောင်ခိုလုပ်ငန်း ဆန်လွန်းလှသည်။
ပုံမှန် အမေရိကန် အစိုးရ၏ စရိုက်အတိုင်းပင် ဖြစ်ပြီး၊ မည်သည့်အရာကိုမဆို ရောင်းချရန် ဝန်မလေးကြချေ။
အကယ်၍ ဤစမ်းသပ်မှု ဒေတာများနှင့် နမူနာများသာ အကြမ်းဖက်သမားများ၏ လက်ထဲသို့ ရောက်ရှိသွားပါက၊ နောက်ဆက်တွဲ အကျိုးဆက်များမှာ မည်သို့မျှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။
သူ ဆဲဆိုနေခဲ့သော်လည်း၊ ထိုချမ်းသာကြွယ်ဝမှု အချက်အလက်ကတ်၏ ဆိုလိုရင်းကို စတင်၍ သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။
"ဒါကြောင့်မို့လို့ကိုး... ချမ်းသာကြွယ်ဝမှု အချက်အလက်ဆိုတာက ဒီဓါတ်ခွဲခန်းထဲမှာ ပါဝင်နေတဲ့ တန်ဖိုးကို ပြောတာပဲ"
"အကယ်၍ ဒီလိုမျိုး နည်းပညာမြင့် ပစ္စည်းတွေကို ပိုက်ဆံအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင်၊ အဲ့တာက အိမ်ခြံမြေတွေ ဒါမှမဟုတ် ရုပ်ရှင်တွေထက်စာရင် အဆပေါင်းများစွာ ပိုမို တန်ဖိုးရှိလိမ့်မယ်”
“ အထူးသဖြင့် လူသားအားလုံးအတွက် တန်ဖိုးက... စီးပွားရေးအရ တင်တင်ပဲ မဟုတ်ဘဲ၊ လူမှုရေးနဲ့ ဆေးဘက်ဆိုင်ရာ ထူးခြားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်ပါ အရေးကြီးတယ်"
"ဒါပေမဲ့ ပိုက်ဆံပဲ လိုချင်တဲ့လူတွေအတွက်တော့ ဒါက ဘာမှ တန်ဖိုးမရှိဘူး၊ သူတို့က ရွှေတစ်စကိုတောင် ငွေအဖြစ် ပြောင်းလဲပြီး ရောင်းချချင်ကြမှာပဲ"
"ကောင်းပြီ... သူတို့က ဒီလောက်တောင် အမြင်ကျဉ်းနေကြမှတော့၊ ဒါက ငါတို့အတွက် အခွင့်အရေးပဲ"
"ဒါပေမဲ့ ဒီအရာက တစ်ခြား ကုန်ပစ္စည်းတွေလိုမျိုး မဟုတ်ဘူး၊ ရယူဖို့ လွယ်ကူပေမဲ့၊ ပြန် ရောင်းချဖို့ကျတော့ ခဲယဉ်းလိမ့်မယ်"
ကျိုးထျန်း မိမိ၏ မေးစေ့ကို ပွတ်သပ်ရင်း ခဏမျှ စဉ်းစားလိုက်သည်။
"လုပ်လိုက်စမ်းပါ... ငါတို့ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး၊ အရင်ဆုံး အဲ့တာကို ရယူထားကြရအောင်"
သူ ဖုန်းကို ထပ်မံ၍ ကောက်ကိုင်လိုက်သည်။
"ဂျက်ဆီ... မင်း အခုချက်ချင်း ဆန်းတို့စ်ကို ဆက်သွယ်လိုက်ပြီး၊ ကမ်းဘဲလ်နဲ့ သွားရောက် စကားပြောခိုင်းလိုက်၊ ပြီးရင် သွားပြီးတော့ ငါတို့ရဲ့ ကြားခံကုမ္ပဏီ အဖြစ် ပြည်ပ ကြားခံကုမ္ပဏီတစ်ခု ဖွင့်လှစ်လိုက်၊ အခြားသူတွေထက် အရင်ဆုံး အဲ့တာကို ဝယ်နိုင်ဖို့ ကြိုးစားရမယ်"
"အာ... သူဌေး၊ သူဌေးက ဒါကို တကယ်ပဲ ဝယ်ချင်လို့လား"
"ဟုတ်တယ်... ပြဿနာ ရှိလို့လား"
"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော် ချက်ချင်းပဲ ကိုင်တွယ်လိုက်ပါ့မယ်"
ယခုအကြိမ်တွင် ဂျက်ဆီသည် အနည်းငယ် တိတ်ဆိတ်သွားခဲ့ပြီး၊ ပုံမှန်ကဲ့သို့ စကားမများတော့ချေ။
သေချာတာပေါ့... လူသားတွေမှာ ခံစားချက် ရှိကြတာပေသည်။
မိမိနိုင်ငံတွင် ခြစားနေသော အရာရှိများ ရှိနေသည်ကို သိရှိရသောအခါ ဘယ်သူကမှ စိတ်ခံစားချက် ကောင်းမွန်နေလိမ့်မည် မဟုတ်ပေ။