အခန်း ၂၃၈
Vol. 24 Ch. 238
🍋 Chapter 238
ဂျက်ဆီ၏ ခံစားချက်ကို သူ နားလည်သော်လည်း ဖုန်းကို ဆက်လက် မကိုင်ထားတော့ဘဲ ချလိုက်မိသည်။
သူမလို့သာ ထိုကောင်လေးကို ဆက်ပြီး ဖျောင်းဖျနေမည်ဆိုပါက စိတ်ကောင်းဝင်နေသည့် ထိုကလေးမှာ နာရီပေါင်းများစွာ တတွတ်တွတ်ဖြင့် စကားနာမည်ကို သူ တကယ်ပင် ကြောက်ရွံ့မိသည်။
ယခုနောက်ပိုင်းတွင် သူသည် ထိုကောင်လေးဆီ ဖုန်းမခေါ်ဆိုမီ ခေါင်းကိုက်ခြင်းမှ ကာကွယ်ရန်အတွက် အက်စပရင် ဆေးပြားအချို့ကို အမြဲတမ်း ကြိုတင်ပြင်ဆင်ထားရလေ့ရှိသည်။
ဖုန်းချပြီးနောက် သူ ခဏမျှ စဉ်းစားလိုက်ပြီး ဆန်းတို့စ်ထံသို့ ကိုယ်တိုင် ပြန်လည်ဆက်သွယ်လိုက်သည်။
ဆန်းတို့စ်မှာ အတော်လေး နာခံမှုရှိပြီး စကားလည်း မများချေ။
"ဆန်းတို့စ်ကြီး... ကိစ္စနှစ်ခုရှိတယ်၊ ခဏနေရင် ဂျက်ဆီ မင်းဆီ ဆက်သွယ်လိမ့်မယ်၊ ဘလက်ပြည်နယ်မှာ ဓါတ်ခွဲခန်းတစ်ခု ရှိနေတယ်၊ အဲဒါကို ငါ့အတွက် သေချာ စောင့်ကြည့်ပေးပြီးတော့ ဝယ်ယူနိုင်ဖို့ ကြိုးစားပေးပါ၊ ဒါပေမဲ့ မင်း ကိုယ်တိုင်ပဲ ကိုင်တွယ်ပါ၊ ငါ့ရဲ့ အထောက်အထားကိုတော့ ထုတ်မပြောမိစေနဲ့"
"ဒုတိယအချက်က... မင်းရဲ့ လုံခြုံရေးကုမ္ပဏီ တည်ထောင်တဲ့ကိစ္စ ဘယ်လိုအခြေအနေ ရှိနေပြီလဲ"
"သူဌေး... ကုမ္ပဏီက တည်ထောင်လုနီးပါး ဖြစ်နေပါပြီ၊ ဝန်ထမ်းတွေကိုတော့ ဒေသခံ ၅၀ ရာခိုင်နှုန်းနဲ့ အခြားနိုင်ငံတွေကလူ ၅၀ ရာခိုင်နှုန်းစီ ခွဲခြားထားပါတယ်၊ ဒီနည်းလမ်းက ဒေသခံတွေအနေနဲ့ အခြားစစ်ဘုရင်တွေနဲ့ ပူးပေါင်းကြံစည်တာမျိုးကို တားဆီးပေးနိုင်ပါတယ်"
ဆန်းတို့စ်က လေးနက်သည့် အသံဖြင့် ပြန်ဖြေလိုက်သည်။
"အရမ်းကောင်းတယ်... အခု ကုမ္ပဏီထဲမှာ အာရှသားတွေရော ရှိလား"
"ဟုတ်ကဲ့ ရှိပါတယ်၊ တော်လှန်ရေးတပ်မတော်က တောင်အာရှ စစ်မှုထမ်းဟောင်း အချို့ ရှိနေပါတယ်၊ သူတို့က အတော်လေး သန်မာကြပါတယ်" ဆန်းတို့စ်က စိတ်ရှည်လက်ရှည်ဖြင့် အသေးစိတ် သတင်းပို့ခဲ့သည်။
"ကောင်းပြီ... အသန်မာဆုံးဖြစ်ပြီး တရုတ်စကား ပြောတတ်တဲ့ လူအချို့ကို ရွေးချယ်ပြီးတော့၊ ငါ့ရဲ့ ကိုယ်ရံတော်အဖြစ် တရုတ်နိုင်ငံကို စေလွှတ်ပေးပါ"
ချိုးလန် နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စပြီးနောက်၊ မိမိ၏ အနီးကပ် လုံခြုံရေးအတွက် ကိုယ်ရံတော်များ သေချာပေါက် လိုအပ်ကြောင်း သူ အသေအချာ ခံစားလိုက်ရသည်။
လူ့ဘဝဆိုသည်မှာ မရေရာလှချေ။
အကယ်၍ သူသာ လူမှုပတ်ဝန်းကျင်ကို ဆန့်ကျင်လိုသည့် စိတ်ရူးပေါက်နေသူတစ်ဦးဦး၏ တိုက်ခိုက်ခြင်းကို ခံရမည်ဆိုပါက၊ နောက်ပိုင်းတွင် အဆပေါင်းထောင်ချီ၍ ပြန်လည် ကလဲ့စားချေနိုင်မည် ဖြစ်သော်လည်း၊ ရရှိသွားမည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများမှာမူ ပြန်လည် ကုစားနိုင်တော့မည် မဟုတ်ချေ။
သူကိုယ်တိုင် ဘာမှမဖြစ်ခဲ့ရင်တောင်မှ၊ အကယ်၍ လျိုမုယန်သာ ထိခိုက်သွားခဲ့မည်ဆိုပါက...အခြေအနေကို သူ တွေးပင် မတွေးရဲချေ။
ထို့ကြောင့် သူသည် ကိုယ်ရံတော်များ ငှားရမ်းရန်အတွက် စိတ်ပိုင်းဖြတ်လိုက်ခြင်း ဖြစ်သည်။
လူလိုအပ်နေသဖြင့် မိမိအနေဖြင့် ပြည်ပတွင် ထိန်းချုပ်ထားနိုင်သည့် လုံခြုံရေးကုမ္ပဏီတစ်ခု ရှိနေခဲ့ရာ၊ ထိုနေရာက လူများကို ဘာ့ကြောင့် အသုံးမပြုရမည်နည်း။
ဆန်းတို့စ်၏ လူများမှာ ပြင်ပလူများထက်စာလျှင် ပိုမိုယုံကြည်စိတ်ချရပေသည်။
ထို့အပြင် သာမန်ကိုယ်ရံတော်များမှာ စစ်မှုထမ်းဟောင်းများ ဖြစ်ကြသော်လည်း၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဆန်းတို့စ်၏ သွေးဆာနေသော သားရဲတိရစ္ဆာန်များကဲ့သို့သော လူသားလက်နက်များနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
"နားလည်ပါပြီ သူဌေး... ကျွန်တော် သေသေချာချာ ရွေးချယ်လိုက်ပါ့မယ်"
"ကောင်းပါပြီ... ပြီးတော့ မင်း ရွေးချယ်လိုက်တဲ့လူတွေက တရုတ်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာပေါက် လိုက်နာရမယ်၊ တရုတ်နိုင်ငံက ဟေးလုံကျန်း (ဘလက်ပြည်နယ် - လူမည်းဒေသ) လိုမျိုး မဟုတ်ဘူးဆိုတာ မင်း သိထားရမယ်၊ အရာအားလုံးကို သတိထားပြီး လုပ်ဆောင်ရမယ်၊ ငါ့အနားကို စည်းကမ်းမရှိတဲ့ လူမိုက်တွေကိုတော့ မလွှတ်မိစေနဲ့"
ဤလူများမှာ စွမ်းရည် အလွန်မြင့်မားကြသော်လည်း၊ လူတစ်ဦးမှာ စွမ်းရည် ပိုမိုမြင့်မားလေလေ ထိန်းချုပ်ရန် ပိုမိုခက်ခဲလေလေ ဖြစ်မည်ကို သူ စိုးရိမ်မိသည်။
အကယ်၍ သူတို့သာ တရုတ်နိုင်ငံတွင် ပြဿနာရှာမည်ဆိုပါက၊ အထူးသဖြင့် လမ်းမပေါ်တွင် သေနတ်များ အသုံးပြုခြင်း သို့မဟုတ် အကြမ်းဖက်မှုများ ပြုလုပ်ရန် ဝံ့ရဲကြမည်ဆိုပါက၊ သူပါ ဒုက္ခရောက်ပေလိမ့်မည်။
"ကျွန်တော် နားလည်ပါတယ်၊ သေသေချာချာ ရွေးချယ်ပေးပါ့မယ်၊ အကယ်၍ သူတို့သာ တရုတ်နိုင်ငံရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ဝံ့ရဲမယ်ဆိုရင်၊ သူတို့ကို ဟေးလုံကျန်းကို ပြန်ပို့ပြီး မိုင်းတွင်းတူးခိုင်းလိုက်ပါ့မယ်"
ကျိုးထျန်း စိတ်ကျေနပ်စွာဖြင့် ဖုန်းကို ချလိုက်သည်။
ဆန်းတို့စ် ပြောဆိုသည့် မိုင်းတွင်းတူးခိုင်းမည်ဟူသော စကားမှာ သာမန် မိုင်းတွင်းအလုပ်သမားတစ်ဦး ဖြစ်လာစေခြင်းမျိုးမျှသာ မဟုတ်ကြောင်း သူ သေချာပေါက် သိရှိပေသည်။
ဥပမာအားဖြင့် လူမုန်းများလှသည့် ကောင်ဖြစ်သော ဟွမ်ရှီကို မိုင်းတွင်းတူးရန် တာဝန်ပေးထားခဲ့ရာ၊ အခုအချိန်တွင် သူသည် သေလုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။
‘အချိန်ကိုက်ပဲ... အရင်တုန်းက ချန်ကွမ်ချီ ရှာပေးထားတဲ့ ဒရိုင်ဘာတွေကို ငါ သိပ်ပြီး စိတ်တိုင်းမကျခဲ့ဘူး၊ အခုတော့ ဒီလုံခြုံရေးဝန်ထမ်းတွေကိုပဲ ငါ့အတွက် ကားမောင်းခိုင်းလိုက်လို့ ရပြီ’
‘ဒါ့အပြင် ဗီလာထဲမှာ အခန်းတွေ အများကြီး ရှိနေတာကြောင့်၊ လူအချို့ကို အနီးကပ် လုံခြုံရေးယူဖို့ ထားရှိရတာ အဆင်ပြေစေတယ်’
သူ မိမိ၏ ရိုးစ်ရွိုက်စ် ကားကို တစ်ခါမျှ မစီးဖူးသေးသည်ကို တွေးမိကာ အနည်းငယ် နှမြောမိသွားသည်။
ဤအရာများကို စီစဉ်ပြီးနောက်၊ သူသည် မိန်းကလေးနှစ်ယောက်နောက်သို့ လိုက်ပါသွားခဲ့သည်။
လျိုမုယန်မှာ ဈေးဝယ်ထွက်ခြင်း ကို အထူးတလည် စိတ်ဝင်စားခြင်း မရှိချေ။
သို့သော် ကျောက်ရှင်းကတော့ လုံးဝ ကွဲပြားခြားနားလှသည်။ သူမ ဈေးဝယ်ထွက်သည့်အခါတွင်မူ၊ ရေဘဝဲတစ်ကောင်ပင်လျှင် သူမ၏ ပိုက်ဆံသုံးစွဲမှုကို လိုက်မှီနိုင်လိမ့်မည် မဟုတ်ချေ။
သူမ၏ လွှမ်းမိုးမှုအောက်တွင် လျိုမုယန်မှာလည်း ဈေးဝယ်ထွက်တတ်လာသည်။
အထူးသဖြင့် အလှကုန်ပစ္စည်းများနှင့် လက်ဝတ်ရတနာ ကောင်တာများတွင် သူတို့နှစ်ဦးမှာ ကတ် များကို ကုန်အမှတ်တံဆိပ်တိုင်းနီးပါးတွင် အသုံးပြု၍ ဝယ်ယူခဲ့ကြသည်။
သို့သော် လျိုမုယန်မှာမူ လက်ဝတ်ရတနာများကို ကြည့်ရုံသာ ကြည့်ပြီး မည်သည့်အရာကိုမျှ မဝယ်ယူခဲ့ချေ။
ဘာ့ကြောင့်လဲဆိုသော် သူမ မိခင်၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများမှာ ရှင်းလင်းရသေးခြင်း မရှိသဖြင့်၊ အိမ်သို့ လက်ဝတ်ရတနာများ ဝတ်ဆင်ပြီး ပြန်သွားပါက သူမ၏ မိခင်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
ဤသည်က ကျိုးထျန်းကို သူမအပေါ် ပိုမို၍ သနားကရုဏာ သက်မိစေသည်။
မည်သည့် မိန်းကလေးက လက်ဝတ်ရတနာကို မကြိုက်ဘဲ နေမည်နည်း။
သို့သော် အခုအချိန်တွင် သူမမှာ မည်သည့်အရာကိုမျှ မဝယ်ယူနိုင်ဘဲ ဖြစ်ရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အများကြီး မပြောနိုင်ခဲ့ချေ။
"အကိုကြီးကျိုး... ရှင်က ဒီလောက်တောင် ချမ်းသာတာပဲ၊ ကျွန်မကို လက်ဝတ်ရတနာတွေနဲ့ အလှကုန်ပစ္စည်းတွေ စပွန်ဆာ မပေးချင်ဘူးလား၊ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့အကြိမ်က ရှင့်ရဲ့ ဂိမ်းကုမ္ပဏီအတွက် ပရိုမိုးရှင်းဗီဒီယို ရိုက်ပေးတုန်းက ကျွန်မကို တစ်ပြားမှ မပေးခဲ့ဘူးနော်"
ကျောက်ရှင်းက လူလည်ကျသည့် အပြုံးဖြင့် ပြုံးကာ၊ သူ့ထံကနေ ပိုက်ဆံအချို့ ညှစ်ထုတ်ရန် သိသာစွာ ကြိုးစားလိုက်သည်။
"သေချာတာပေါ့... နင်က အလုပ်တွေ အများကြီး လုပ်ပေးခဲ့တာပဲ၊ ဒါပေမဲ့ လက်ဝတ်ရတနာတွေကိုတော့ ကျော်လိုက်ပါ၊ အလှကုန်ပစ္စည်းတွေကိုတော့ ငါ စဉ်းစားပေးလို့ရတယ်"
ကျောက်ရှင်း ကြောင်အမ်းသွားခဲ့ရသည်။
‘ကပ်စေးနှဲသည့် လူယုတ်မာက တကယ်ပဲ ဒီလောက်တောင် ရက်ရောနေတာလား’
သူမအတွက် ပစ္စည်းတွေ ဝယ်ပေးဖို့ အမှန်တကယ် သဘောတူလိုက်တာလား။
ကျိုးထျန်းက ဆက်လက်၍ ပြောလိုက်သည်။
"ဒါပေမဲ့ တရုတ်လူမျိုးတွေအနေနဲ့ ငါတို့က ပြည်တွင်းဖြစ် ပစ္စည်းတွေကို အားပေးသင့်တယ်၊ သွင်းကုန် အလှကုန်ပစ္စည်းတွေကိုတော့ မေ့လိုက်ပါ၊ နင့်ရဲ့ အရေပြားအမျိုးအစားနဲ့ အထူးသဖြင့် သင့်တော်မယ့် ကုန်အမှတ်တံဆိပ်တစ်ခုကို ငါ လမ်းညွှန်ပေးနိုင်ပါတယ်"
သူသည် စူပါမားကတ်အဝင်ဝရှိ လျှော့ဈေးကောင်တာကနေ သက်ကြီးရွယ်အိုများအတွက် ထုတ်လုပ်ထားသည့် ‘Pechoin မျက်နှာလိမ်းခရင်မ်ဘူးကို ကောက်ကိုင်လိုက်သည်။
"ဒီမှာကြည့်စမ်း... ရပ်ကွက်ထဲက အန်တီကြီးတွေတောင် ဒါကို အရမ်းကောင်းတယ်လို့ ပြောကြတာ၊ အရေးအကြောင်းတွေကို သက်သာစေပြီး အမည်းစက်တွေကို ဖယ်ရှားပေးနိုင်တာမို့ နင့်အတွက် အကောင်းဆုံးပဲ"
"သွားစမ်းပါ..."
ကျောက်ရှင်း သူမ၏ လက်သည်းများကို ဖြန့်ကာ သူ့ကို ကုတ်ခြစ်ရန် ကြိုးစားလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူမသည် မိမိကိုယ်မိမိ အရေးအကြောင်းများ ရှိနေမလားဆိုသည်ကို သေချာစေရန် မှန်ထဲသို့ အမြန် လှမ်းကြည့်လိုက်မိသည်။
သူတို့ သုံးယောက်သား ၃ နာရီကျော်ကြာ ဈေးဝယ်ခဲ့ကြပြီး၊ ကုန်တိုက်ပိတ်ခါနီးမှသာ ထွက်ခွာခဲ့ကြသည်။
သူ အလွန်အမင်း မောပန်းနွမ်းနယ်သွားခဲ့ရသည်။
ဘာ့ကြောင့်လဲမသိ၊ တူညီသော အကွာအဝေးကို လမ်းလျှောက်ပါက မမောပန်းသော်လည်း၊ ဈေးဝယ်သည့်အခါတွင်မူ အမျိုးသားအများစုမှာ အချိန်တိုအတွင်း အသက်ရှူကြပ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းများကို ခံစားရလေ့ရှိပြီး နားနားနေနေ နေရာတစ်ခုကိုသာ ရှာဖွေချင်ကြတော့သည်။
ထို့ကြောင့်ပင် ကုန်တိုက်အများစုတွင် ထိုသနားစရာကောင်းသော အမျိုးသားများ နားနေနိုင်ရန်အတွက် "ခင်ပွန်းသည်များ နားနေနိုင်သည့်နေရာ" ကို အထူးတလည် ထည့်သွင်း တည်ဆောက်ထားကြခြင်း ဖြစ်သည်။
သူသည်လည်း အတူတူပင်ဖြစ်ရာ၊ ကျောက်မိသားစု၏ အိပ်ခန်းထဲသို့ ပြန်ရောက်သည်နှင့် တပြိုင်နက် ရေပင်မချိုးချင်တော့ဘဲ ချက်ချင်း လှဲချလိုက်တော့သည်။
သူသည် နောက်တစ်နေ့ မနက် ၉ နာရီကျော်အထိ အိပ်ပျော်သွားခဲ့သည်။
အခြားသော ကျောင်းသားများမှာမူ ပြီးခဲ့သည့်ညကပင် ကျောင်းကားဖြင့် ကျောင်းသို့ ပြန်သွားခဲ့ကြပြီဖြစ်ပြီး၊ သူတို့ကတော့ ယနေ့တွင် ကျောက်မိသားစုက စီစဉ်ပေးထားသည့် ကားဖြင့် ရှန်ဟိုင်းသို့ ပြန်ကြမည် ဖြစ်သည်။
ကျောက်ဖန် မှ သူမ၏ ကိုယ်ပိုင်ဗန်ကားကို ဂုဏ်ယူစွာဖြင့် ကမ်းလှမ်းခဲ့သည်။
မထွက်ခွာမီ၊ သူမသည် ကျိုးထျန်း၏ လက်ဖဝါးကို သူမ၏ လက်ချောင်းဖြင့် ကုတ်ခြစ်ကာ မြူဆွယ်သည့် မျက်စိတစ်ချက် ပြလိုက်သေးသည်။
ကျိုးထျန်းမှာမူ သူမ၏ ဤကဲ့သို့သော "မြူဆွယ်မှုများ" အပေါ် အတိုင်းအတာတစ်ခုအထိ အသားကျနေပြီ ဖြစ်သည်။
ရှန်ဟိုင်းသို့ ပြန်သည့်လမ်းမှာ တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်သာ ကြာမြင့်သဖြင့်၊ သူတို့ အမြန်ပင် ဆိုက်ရောက်ခဲ့ကြသည်။
သူ ကားကို ကျောင်းသို့ မမောင်းခိုင်းခဲ့ချေ၊ ဘာ့ကြောင့်လဲဆိုသော် သူရော လျိုမုယန်ပါ ကျောင်းဝင်းထဲတွင် နေထိုင်ကြသူများ မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဒရိုင်ဘာကို ယွီရှန်း ရှိ ဗီလာသို့ တိုက်ရိုက် မောင်းခိုင်းလိုက်သည်။
"ဝါး... ကျိုးထျန်း၊ ဒီအိမ်က တကယ်ပဲ အကြီးကြီးပဲနော်"
လျိုမုယန် အထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ရေရွတ်မိသွားသည်။
သူတို့၏ ရပ်ကွက်မှာ ကောင်းမွန်သော်လည်း၊ သူတို့၏ တိုက်ခန်းမှာ စတုရန်းမီတာ ၁၀၀ ကျော်သာ ရှိသဖြင့် ဤနေရာနှင့်စာလျှင် အဆပေါင်းများစွာ သေးငယ်လှပေသည်။
"အာ... ရေကူးကန်လည်း ရှိတာပဲ"
အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ပြီး ခြံဝင်းထဲသို့ လှမ်းဝင်လိုက်စဉ် ကျိုးထျန်း၏ လက်မောင်းကို အံ့သြတကြီးဖြင့် ဆွဲကိုင်လိုက်မိသည်။
သူမနှင့် ကျောက်ရှင်းတို့သည် ချန်တူး တွင်ရှိစဉ်က အခြေခံ ရေကူးနည်းတစ်ချို့ကို သင်ယူခဲ့ဖူးသော်လည်း၊ ရှန်ဟိုင်းသို့ ပြန်ရောက်ကတည်းက ရေမကူးဖြစ်ခဲ့သဖြင့် ဤရေကူးကန်ကို မြင်လိုက်ရသောအခါ အထူးတလည် စိတ်လှုပ်ရှားသွားခဲ့ရသည်။
"နင် ဒီနေရာကို သဘောကျလား၊ အကယ်၍ သဘောကျတယ်ဆိုရင် ဘယ်အချိန်မဆို ပြောင်းနေလို့ရတယ်၊ ပြီးတော့ နောက်နောင် ကျောက်ရှင်း ရှန်ဟိုင်းကို လာတဲ့အခါကျရင်လည်း ဒီနေရာမှာ ဆုံကြလို့ ရတာပေါ့"
သူမကို အိမ်တစ်ခုလုံး လိုက်လံပြသပြီးနောက်၊ ကျိုးထျန်း သူမကို ဧည့်ခန်းထဲတွင် ထိုင်ရန် ဆွဲခေါ်လိုက်သည်။
အိမ်ဖော် အန်တီလီ မှ လက်ဖက်ရည်ကြမ်း နှစ်ခွက်ကို ချက်ချင်း လာရောက်ချပေးပြီးနောက်၊ သူမ ရှိမနေခဲ့သလိုမျိုး တိတ်ဆိတ်စွာဖြင့် ပြန်လည် ပျောက်ကွယ်သွားခဲ့ရာ သူတို့နှစ်ဦးအား ပိုမို၍ လွတ်လပ်မှုကို ခံစားရစေသည်။
"ကျွန်မ ဒီနေရာကို တကယ်ပဲ သဘောကျပါတယ်၊ ဒါပေမဲ့... ဒီလောက်ကောင်းတဲ့အိမ်က ရှင့်ရဲ့ ကိုယ်ပိုင်အိမ် ဟုတ်ရဲ့လား"
လျိုမုယန် ကျိုးထျန်း၏ တိုးတက်မှု အရှိန်အဟုန်ကို အနည်းငယ် လိုက်မမှီသလို ခံစားလိုက်ရသည်။
သူတို့အရွယ် သာမန်လူများမှာ ဤကဲ့သို့သော ဇိမ်ခံအိမ်မျိုးကို မည်သို့မျှ မဝယ်ယူနိုင်ချေ။
"စိတ်ချပါ... ဒါ ငါ့အိမ်ပါ၊ နင် အိမ်ခြံမြေ ပိုင်ဆိုင်မှု သက်သေခံလက်မှတ်ကို ကြည့်ချင်လို့လား" သူ ပြောရင်းဖြင့် လျိုမုယန်၏နှာခေါင်းကို စနောက်ကာ အသာအယာ ဆိတ်ဆွဲလိုက်သည်။