← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

📗 Chapter 178

“ရှင်က အဘိုးကြီးတွေလို အပန်းဖြေရတာကို သဘောကျမှန်း ကျွန်မ မသိခဲ့ဘူး”

ယဲ့ရှောင်ရှောင်သည် အပန်းဖြေစခန်းအတွင်းရှိ ရေကန်ကျယ်ကြီးကို ငေးကြည့်လိုက်ပါသည်။

ကမ်းစပ်တွင် လူအချို့သည် ကျကျနနထိုင်လျက် ငါးမျှားတံများဖြင့် ငါးမျှားနေကြသည်။

သို့သော် အားလုံးက အသက် ၄၀ ကျော် လူကြီးသူမများသာဖြစ်ကြပြီး အလွန်အေးချမ်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

လုဟန်ချွမ်လည်း ထိုလူများကို သတိထားမိပြီး မျက်နှာလွှဲလိုက်ပါသည်။

“ဒီနေရာကို လျန်ချန်းရှု ရွေးတာပါ”

ဆိုလိုရင်းကတော့ ရှင်းလင်းပါသည်။ ဤနေရာအား ရွေးချယ်မှုမှာ သူနှင့် ဘာမှမသက်ဆိုင်ပေ။ သူက ငယ်ရွယ်နုပျိုနေဆဲပင်။

ယဲ့ရှောင်ရှောင်လည်း ယုံရခက် မယုံရခက်နှင့် ခေါင်းသာ ညိတ်လိုက်တော့သည်။

မြေညီထပ်တွင် အနားယူသည့်နေရာတစ်ခု ရှိပြီး လျန်ချန်းရှုနှင့်အတူ လူအနည်းငယ် ထိုင်နေကြသည်။ ၎င်းတို့အနက် ဟန်ရှင်းလည်း အပါအဝင် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် အနီးနား၌ ကောင်မလေးအချို့ ရှိနေသော်လည်း မည်သူက မည်သူ့ ကောင်မလေးများဖြစ်မှန်း မသေချာ မရေရာလှပေ။

ယဲ့ရှောင်ရှောင်ကို လုဟန်ချွမ် ခေါ်ဆောင်လာမည်ဖြစ်မှန်း လျန်ချန်းရှု သိနေပါသည်။

ကံကောင်းစွာဖြင့် လျန်ချန်းရှု ကြိုတင်ပြင်ဆင်ထားကာ သူနှင့်အနီးဆုံးတွင် ထိုင်နေသည့် ကောင်မလေးအား လက်ဖြင့် အသာအယာတို့လျက် အချက်ပြလိုက်သည်။

“ရှောင်းယွီ၊ ဒီက ကျောင်းသူယဲ့ကို ဒီနားတစ်ဝိုက် လိုက်ပြပေးလိုက်ပါဦး”

လီရှောင်းယွီလည်း မတ်တပ်ထရပ်လိုက်ပြီး ယဲ့ရှောင်ရှောင်အား တက်တက်ကြွကြွ စကားသွားပြောလိုက်ပါသည်။

“တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မနာမည် လီရှောင်းယွီပါ”

အပေါ်ယံကြည့်လျှင် လီရှောင်းယွီမှာ လျန်ချန်းရှု၏ ကောင်မလေးဖြစ်မည်ဟု ထင်ရသော်လည်း လက်တွေ့တွင်တော့ သူ့ကို ယာယီ အဖော်ပြုပေးနေခြင်းသာ ဖြစ်ပါသည်။

လျန်ချန်းရှု၏ ကောင်မလေးများမှာ မြစ်ကိုဖြတ်ကူးနေသည့် ငါးကြင်းငါးသိုင်းများပမာ များပြားလွန်းလှသဖြင့် လီရှောင်းယွီသည်လည်း ၎င်းတို့အနက်မှာ တစ်ဦးသာ ဖြစ်ပေသည်။

ယဲ့ရှောင်ရှောင်ကလည်း ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မက ယဲ့ရှောင်ရှောင်ပါ”

လုဟန်ချွမ်သည် ဤအနီးနားတွင် ရှုခင်းလှပသော နေရာအချို့ရှိသဖြင့် သွားရောက်ကြည့်ရှုနိုင်ကြောင်း ယဲ့ရှောင်ရှောင်အား ပြောလိုက်သည်။

ယောက်ျားလေးများ အလုပ်ကိစ္စဆွေးနွေးစရာရှိမှန်း ယဲ့ရှောင်ရှောင် နားလည်သဖြင့် အပိုစကားမပြောတော့ဘဲ လီရှောင်းယွီနှင့်အတူ ထွက်လာခဲ့တော့သည်။

အခြားကောင်မလေးများကလည်း ယဲ့ရှောင်ရှောင်တို့ကို လှမ်းကြည့်နေကြသည်။ သို့သော် လိုက်မလာခဲ့ကြပေ။ လျန်ချန်းရှုကလည်း သူမတို့ကို ထွက်သွားဖို့ မပြောပေ။

ဤနေရာသို့ ရောက်ဖူးသည်မှာ လီရှောင်းယွီအတွက် ပထမဆုံးအကြိမ်မဟုတ်မှန်း သိသာလှပြီး ပတ်ဝန်းကျင်ကို အလွန်ရင်းနှီးကျွမ်းဝင်နေသည်။

သူမတို့နှစ်ဦး အနားယူရာနေရာ၏ မျက်နှာချင်းဆိုင်တွင်ရှိသော ရေကန်နားသို့ ရောက်ရှိလာခဲ့ကြသည်။

“ငါးမျှားကြမလားဟင်၊ ရေကန်နားမှာ ငါးမျှားတံတွေရှိတယ်”

လီရှောင်းယွီဿည် ယဲ့ရှောင်ရှောင်အား ဖော်ဖော်ရွေရွေ ဆက်ဆံနေသော်လည်း သူမ၏ အပြုအမူများမှာ အလွန်အမင်း စိတ်အားထက်သန်မှုတော့ မရှိလှပေ။

ယဲ့ရှောင်ရှောင်သည်လည်း သူမတို့ကဲ့သို့ပင် ထိုသူဌေးသားလေးများကို အဖော်ပြုဖို့ ခေါ်ဆောင်လာခံရသူဖြစ်မည်ဟု လီရှောင်းယွီ ယူဆထားပုံရပါသည်။

ယဲ့ရှောင်ရှောင်၏ တစ်ခုတည်းသော အားသာချက်ဟူ၍ တရားဝင် အဆင့်အတန်းတစ်ခု ရှိနေခြင်းသာ ဖြစ်သည်။

ကျန်ရစ်ခဲ့သည့် ကောင်မလေးများနှင့် ယှဉ်လိုက်လျှင် သူမက အမည်နာမည်တစ်ခု အတိအလင်း ရှိနေခြင်းပင်။

လီရှောင်းယွီသည် ယဲ့ရှောင်ရှောင်အား တိတ်တဆိတ် အကဲခတ်နေမိသည်။

ဤကောင်မလေးတွင် ဆွဲဆောင်မှုရှိသော အရည်အသွေးများစွာဖြင့် ပြည့်နှက်နေသည်ကိုတော့ ငြင်းဆန်မရပေ။ အလွန်လှပသည့်အပြင် သူမ၏ ရုပ်ရည်မှာလည်း ပြစ်ချက်ကင်းလှပေသည်။

လီရှောင်းယွီ၏ အတွေးများကို မကြားနိုင်သည့် ယဲ့ရှောင်ရှောင်ကလည်း လီရှောင်းယွီ၏ အလှတရားကို အသိအမှတ် ပြုထားပါသည်။

သို့သော် သူမတို့နှစ်ဦးမှာ အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေခြင်းမရှိသည့်အတွက် စကားများများစားစား မပြောဖြစ်ခဲ့ကြပေ။

သူမတို့နှစ်ဦး ရေကန်ဘေးတွင်‌ ခေတ္တထိုင်ခဲ့ကြသည်။ တိတ်ဆိတ်မှုကို ငြီးငွေ့လာခြင်းကြောင့်လား မသိနိုင်သော်လည်း လီရှောင်းယွီက စကားစလိုက်ပါသည်။

“အစ်ကိုလုနောက်ကို လိုက်နေတာ ဘယ်လောက်ကြာပြီလဲ”

သူမ၏ဆိုလိုရင်းကို ယဲ့ရှောင်‌ရှောင် နားမလည်ပေ။

လီရှောင်းယွီက ဆက်ပြောသည်။

“အစ်ကိုလုနာမည်ကို အစ်ကိုလျန်ပြောပြလို့ ကျွန်မကြားဖူးပါတယ်၊ သူတို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုတော့ အစ်ကိုလုရဲ့အရှိန်အဝါကလည်း မသေးလောက်ဘူး၊ သူတို့လို လူတွေက ကျွန်မတို့လို အဆင့်အတန်းမျိုးနဲ့ လက်လှမ်းမှီနိုင်တဲ့ လူတွေ မဟုတ်ကြဘူးလေ၊ ဒီခေတ်ကြီးမှာ လူသားချင်း တန်းတူညီမျှဆက်ဆံဖို့ ကြွေးကြော်နေကြပေမယ့် တကယ်မျှတတဲ့ ဆက်ဆံရေးတွေကို ဘယ်တုန်းက မြင်ဖူးလို့လဲ၊ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ကျွန်မတို့ အခုလို ငယ်တုန်းရွယ်တုန်းမှာ ရသမျှ အကျိုးအမြတ်တွေအကုန် သိမ်းကျုံးယူထားမှသာ လက်တွေ့ကျမှာ”

ယဲ့ရှောင်ရှောင်ကတစ်ခွန်းမှ မဟရသေးသော်လည်း လီရှောင်းယွီတစ်ယောက်တည်း အစအဆုံး မရပ်မနား ပြောဆိုသွားခဲ့သည်။

ယဲ့ရှောင်ရှောင် ခေါင်းလေးစောင်းသွားမိသည်။ ထိုစကားလုံးများက တစ်စုံတစ်ခုတော့ မှားယွင်းနေပါသည်။

“ရှင်က အစ်ကိုလျန်ရဲ့ ကောင်မလေးမဟုတ်ဘူးလား”

လီရှောင်းယွီ မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“ကောင်မလေးတဲ့လား၊ ဒီနေ့ ကောင်မလေးဖြစ်ရင်တောင် မနက်ဖြန်ဆိုရင် ဟုတ်ချင်မှ ဟုတ်တော့မှာ၊ ပြီးတော့ ကောင်မလေးဆိုတဲ့ ဘွဲ့ကို တရားဝင် မယူရဲသေးပါဘူး၊ အစ်ကိုလျန်မှာ အိမ်က စီစဉ်ပေးထားတဲ့ မိန်းကလေးတွေဘာတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ၊ ကျွန်မ ကိုယ့်ဒုက္ခ ကိုယ် မရှာချင်ဘူး”

ယဲ့ရှောင်ရှောင် ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

“ဒါပေမယ့် ကျွန်မက လုဟန်ချွမ်ရဲ့ ကောင်မလေးလေ”

လီရှောင်းယွီသည် အရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်ရသည့်ပမာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိပါသည်။

သူမ၏မျက်နှာက ဘဲဥပုံစံ သေးသေးသွယ်သွယ်လေးဖြစ်၍ ပြုံးလိုက်သည့်အခါ ပိုတောက်ပသွားတတ်သည်။

“ဟားဟားဟား… အိပ်မက် မက်မနေပါနဲ့ရှင်၊ ရှင်က အရမ်းလှတာမှန်ပေမယ့် အဲ့ဒီအသိုင်းအဝိုင်းက ချဉ်းကပ်ဖို့ လွယ်ကူတဲ့ အသိုင်းအဝိုင်း မဟုတ်ဘူး၊ အမှန်တိုင်းပြောရရင် တချို့အရာတွေက မွေးလာကတည်းက ပိုင်ဆိုင်တာဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ တစ်သက်လုံး ပိုင်ဆိုင်နိုင်ဖို့ မလွယ်ကူဘူး”

မိမိကိုယ်ကိုယ် ‘မွေးကတည်းက ပိုင်ဆိုင်ထားသူ’ထဲတွင် ပါ၊ မပါကို ယဲ့ရှောင်ရှောင်လည်း ဝေခွဲမရပေ။

လီရှောင်းယွီမှာ လက်တွေ့ကျကျ တွေးခေါ်တတ်သူတစ်ဦးဖြစ်သော်ငြား သူမ၏ အတွေးအခေါ်များကို လူတိုင်းအပေါ်တွင် ပုံသေ သတ်မှတ်၍တော့ မရနိုင်ပါ။

ယဲ့ရှောင်ရှောင် တိတ်ဆိတ်သွားသည်ကိုမြင်ပြီး လီရှောင်းယွီက စေတနာဖြင့် သတိပေးလိုက်သည်။

“ဒီကိစ္စမှာ ရှင့်နှလုံးသားကို ပုံအပ်လိုက်ရင် အချိန်တန်တဲ့အခါ ယူကျုံးမရအောင် ခံစားရလိမ့်မယ်နော်”

ယဲ့ရှောင်ရှောင် တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

“အဲ့လိုမျိုး မဖြစ်ပါဘူး”

လီရှောင်းယွီလည်း ယဲ့ရှောင်ရှောင်ကို လူကြီးစကား နားမထောင်သည့် ကလေးတစ်ယောက်ပမာ ကြည့်လိုက်သည်။

သို့သော်လည်း ထိုအကြောင်းအရာကို သူမ ဆက်မပြောခဲ့တော့ပေ။

ယဲ့ရှောင်ရှောင် ငါးတစ်ကောင်မှ မဖမ်းမိခဲ့သဖြင့် ပျင်းရိလာပြီး အပန်းဖြေစခန်းရှိ အခြားနေရာများကို သွားကြည့်ဖို့ မတ်တပ်ထရပ်လိုက်ပါသည်။

လီရှောင်းယွီသည် ယဲ့ရှောင်ရှောင်ကို သူဌေးသားတစ်ဦးအား ရူးရူးမိုက်မိုက် တွယ်ကပ်နေသည့် မိုက်မဲသော ကောင်မလေးတစ်ဦးဟု ထင်မြင်မိသော်လည်း လျန်ချန်းရှုက သူမကို သေသေချာချာ ဧည့်ခံထားဖို့ ညွှန်ကြားထားပါသည်။

ထို့ကြောင့် လီရှောင်းယွီလည်း တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်သည်။

လီရှောင်းယွီလည်း ယဲ့ရှောင်ရှောင်နှင့်အတူ မတ်တပ်ထရပ်လိုက်သည်။

ယဲ့ရှောင်ရှောင်က အရင်နောက်လှည့်သွားသဖြင့် ဘေးမှရုတ်တရက် ပြေးထွက်လာသည့် မိန်းကလေးတစ်ဦးကို မမြင်လိုက်မိပေ။

ထိုမိန်းကလေးက လီရှောင်းယွီထံသို့ အရှိန်အဟုန်အပြည့်ဖြင့် ရေကန်ထဲ တွန်းချပစ်လိုက်ပါသည်။

“အား!”

ရေကန်၏ ပတ်ပတ်လည်တွင် ရေတိမ်ပိုင်းများရှိသော်လည်း တူးဖော်ထားသည့် ဤရေကန်၏ အောက်ခြေမှာ ပျော့ပြောင်းသော ရွှံ့နွံများဖြင့် ပြည့်နှက်နေသည်။

ထို့ကြောင့် လီရှောင်းယွီ ပြုတ်ကျသွားသည်နှင့်တပြိုင်နက် ရွှံ့နွံထဲသို့ ချက်ချင်းပင် နစ်ဝင်သွားခဲ့ရသည်။

“ကယ်ကြပါဦး!”

လီရှောင်းယွီ ကျယ်လောင်စွာ အကူအညီအော်တောင်းလိုက်သည်။

ယဲ့ရှောင်ရှောင်က လီရှောင်းယွီကို ကူညီပေးဖို့ ချက်ချင်း ပြင်ဆင်လိုက်သော်လည်း ဝန်ထမ်းများက သူမ ထက်ပိုမြန်ဆန်ပါသည်။

ဝန်ထမ်းနှစ်ဦးက လီရှောင်းယွီအား ရေကန်ထဲမှ ဆယ်ကာ ကမ်းပေါ် ပြန်တင်ပေးခဲ့ကြသည်။

လီရှောင်းယွီတစ်ယောက် ခေါင်းအစ ခြေအဆုံး ရေများစိုရွှဲသွားလေသည်။

သူမကို တွန်းချလိုက်သည့် မိန်းကလေးမှာ ရှေ့သို့ ထွက်လာပြီး လီရှောင်းယွီကို စူးစူးဝါးဝါး စိုက်ကြည့်လျက် အော်ဟစ် ဆဲဆိုလိုက်လေသည်။

“လီရှောင်းယွီ အပျက်မ! နင် ငါ့ရည်းစားကို ခိုးသွားတာ!”

လီရှောင်းယွီလည်း အေးစက်စွာ ပြန်စိုက်ကြည့်လိုက်သည်။

“နင်ဒီမှာ ပြဿနာလာရှာနေတာကို အစ်ကိုလျန်သာ သိသွားရင် နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူးနော်”

ထိုမိန်းကလေးမှာ လီရှောင်းယွီကို မျက်လုံးသေများဖြင့် စိုက်ကြည့်လျက် နာနာကျည်းကျည်း ပြောလိုက်သည်။

“ငါ သေရမယ်ဆိုရင်တောင် နင့်ကိုပါ တစ်ပါတည်း ခေါ်သွားမယ်!”

ထိုစဉ် အပန်းဖြေစခန်း၏လုံခြုံရေးဝန်ထမ်းတစ်ဦး ရောက်လာပြီး သောင်းကျန်းနေသည့် မိန်းကလေးကို ထိန်းချုပ်ကာ အပြင်သို့ ဆွဲထုတ်ဖို့ ပြင်လိုက်ပါသည်။

“မင်းဒီထဲ ဘယ်လိုဝင်လာတာလဲ မိန်းကလေး၊ ဖိတ်ကြားထားတဲ့လူတွေ မဟုတ်ရင် ဒီထဲကို လုံးဝ ဝင်ခွင့်မရှိဘူး”

တစ်ချိန်တည်းမှာပင် စားပွဲထိုးမလေးတစ်ဦးက ပဝါထူထူတစ်ထည်ကို ယူဆောင်ကာ လီရှောင်းယွီ၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးလိုက်ပါသည်။

“အဝတ်အစားတွေ လဲဖို့ ကျွန်မနဲ့လိုက်ခဲ့ပါ အစ်မလီ”

လီရှောင်းယွီ ခေါင်းညိတ်လိုက်သည်။

သို့သော် သူမ မတ်တပ်ရပ်ဖို့ ပြင်လိုက်စဉ်မှာပင် ခပ်လှမ်းလှမ်းမှ လမ်းလျှောက်လာသည့် လူအချို့ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် လီရှောင်းယွီ၏စိတ်များ ချက်ချင်းပြောင်းလဲသွားပြီး မတ်တပ်ရပ်ပြီးသည်နှင့် တပြိုင်တည်း ချက်ချင်းအရုပ်ကြိုးပြတ် ပြန်လဲကျသွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က သူမ၏သွေးခုန်နှုန်းကို ချက်ချင်း စမ်းသပ်ပေးလိုက်သည်။

သို့သော် လီရှောင်းယွီ၏အမြင်တွင်တော့ တစ်စုံတစ်ဦးက သူမလက်ကို ခပ်ဖွဖွ လာထိနေသည်ဟုသာ ထင်မှတ်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်: “…”

လုဟန်ချွမ်နှင့် သူ့ သူငယ်ချင်းများမှာ ရေကန်နှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသည့် နေရာတွင် အလုပ်ကိစ္စ ဆွေးနွေးနေခဲ့ကြခြင်းဖြစ်သည်။

ထိုမျှကွာဝေးသော အကွာအဝေးမှနေ၍ မျက်နှာများကို သေချာ မမြင်ရသော်လည်း တစ်စုံတစ်ဦး ရေကန်ထဲသို့ ပြုတ်ကျသွားသည့် အခြေအနေကိုတော့ ကျိန်းသေမြင်နိုင်ပါသည်။

လုဟန်ချွမ် သုတ်သုတ်ပျာပျာ ပြေးထွက်လာခဲ့သည်။

ယဲ့ရှောင်ရှောင် ဘေးကင်းကင်းနှင့် ရှိနေသည်ကို မြင်ခါမှ သူအသက်ဝဝရှူနိုင်ပါသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် ဝန်ထမ်းများကို မေးမြန်းလိုက်သည်။

“ဘာတွေဖြစ်နေကြတာလဲ”

All Chapters