← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

📗 Chapter 207

ယဲ့ချန်းချင့်သည်လည်း ဇနီးဖြစ်သူနှင့် ထပ်တူထပ်မျှ ခံစားရပါသည်။

လင်မယားနှစ်ယောက် အိမ်တွင် စကားအနည်းငယ် ဆက်ပြောခဲ့ကြသည်။ ယဲ့ချန်းချင့် အလုပ်အားသည့်အခါ ပေကျင်းမြို့ရှိ မိဘနှစ်ပါးထံ သွားရောက်လည်ပတ်ဦးမည်ဟုလည်း ဆုံးဖြတ်ချက် ချခဲ့ပါသည်။

လွန်ခဲ့သော ရက်များက ယဲ့ချန်းချင့်တစ်ယောက် အချည်းနှီး အလုပ်ရှုပ်ခဲ့ရခြင်းတော့ မဟုတ်ပေ။

တောင်ပေါ်ရှိ သံသတ္တုရိုင်း တူးဖော်ခြင်းလုပ်ငန်းမှာ တဖြည်းဖြည်းနှင့် အရှိန်ရလာပြီဖြစ်ကာ တူးဖော်ထားသည့် သံရိုင်းပထမအသုတ်ကို ကြိတ်ခွဲခြင်းနှင့် အရည်ကျိုခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးသွားသောအခါ သံသတ္တုပါဝင်နှုန်း အလွန်မြင့်မားကြောင်း တွေ့ရှိခဲ့ရပါသည်။

ဤအောင်မြင်မှုကြောင့်ပင် ယဲ့ချန်းချင့်အပေါ်ထားရှိသော လျို့ကျင်းယာ၏ ယုံကြည်မှုများမှာ အဆမတန် မြင့်တက်သွားခဲ့ရသည်။

သတ္တုတွင်းတစ်ခုလုံး၏ စီမံခန့်ခွဲမှုအပိုင်းကို ယဲ့ချန်းချင့်လက်ထဲ ယုံယုံကြည်ကြည်နှင့် အပ်ခဲ့ရုံသာမကဘဲ ဘောနပ်စ်အနေဖြင့် ယွမ် ၂၀,၀၀၀ ပင် ရက်ရက်ရောရော ပေးခဲ့ပါသေးသည်။

ထို့လုပ်ရပ်ကြောင့် ယဲ့ချန်းချင့် အနည်းငယ် မျက်နှာပူခဲ့ရသည်။

သို့သော် လျို့ကျင်းယာကမူ ယဲ့ချန်းချင့်၏ ပခုံးကို ရိုက်လျက် ရွှင်ရွှင်ပျပျ ပြောလိုက်သည်။

“ငါ့ညီယဲ့၊ ငါ့ဆီမှာပဲ အလုပ်လုပ်စမ်းပါ၊ အခုချိန်ကစပြီး အတူတူကြီးပွားချမ်းသာကြတာပေါ့”

ယဲ့ချန်းချင့်လည်း မတတ်သာတော့ဘဲ ငွေကို လက်ခံလိုက်ရပါသည်။

သူ့စိတ်ထဲ အကြံဉာဏ်ငယ်လေးတစ်ခု ပေါ်လာခဲ့သော်လည်း လက်ရှိအခြေအနေများအရ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်သေးသဖြင့် ယာယီ မေ့ထားခဲ့ရပါသည်။

လျို့ကျင်းယာသည် သတ္တုတွင်းကို ယဲ့ချန်းချင့်လက်ထဲ ယုံယုံကြည်ကြည်နှင့် အပ်နှံခဲ့ပြီး မြို့ပြင်သို့ ထွက်သွားခဲ့သည်။

မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ တိုက်ခန်းတွင် ဖုန်းတစ်လုံး တပ်ဆင်ပြီးပြီဖြစ်၍ ယဲ့ချန်းချင့်နှင့် ဆက်သွယ်ဖို့ အလွန် လွယ်ကူခဲ့ပါသည်။

သူအလုပ်အားသည်နှင့် ပေကျင်းမြို့သို့ လာခဲ့ဦးမည်ဟု ယဲ့ချန်းချင့် ပြောခဲ့သည်။

ယဲ့ကျန်းကော်: “သားကြီး၊ အိမ်ကကိစ္စတွေကိုပဲ ဂရုစိုက်စမ်းပါ၊ ပေကျင်းက ငါတို့နေတဲ့နေရာနဲ့ အရမ်းဝေးတယ်၊ တစ်ခါသွားဖို့လာဖို့ဆို ရက်နဲ့ချီပြီး ကြာတာ”

ယဲ့ချန်းချင့်: “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်က အဆင်ပြေပါတယ်၊ ပြဿနာတစ်ခုခုရှိရင် ကျွန်တော့်ကို ကြိုအသိပေးနော်”

မြောင်စွေ့ဖန်းလည်း ဖုန်းနားကပ်ကာ ပြောလိုက်သည်။

“ဒီမှာ အမေတို့ ဘာပြဿနာမှ မရှိဘူး! အိမ်မှာဆို လယ်အလုပ်တွေ လုပ်ရသေးတယ်၊ ဒီကိုရောက်လာပြီးကတည်းက အိမ်မှာနားဖို့နဲ့ အပြင်ထွက်လမ်းလျှောက်ဖို့ကလွဲပြီး ဘာမှလုပ်စရာကိုမရှိဘူး၊ နင့်အဖေနဲ့ ငါနဲ့ အရမ်းအားလွန်းလို့ မှိုတောင် တက်တော့မယ်”

ယဲ့ချန်းချင့် တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။

“အမေတို့နှစ်ယောက်က တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်လာခဲ့ကြတာ၊ အခွင့်အရေးရတုန်းလေး အေးအေးဆေးဆေး အနားယူကြပါ”

မြောင်စွေ့ဖန်းက ညည်းတွားသည်။

“မဖြစ်သေးပါဘူး၊ ငါဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေလေလေ စိတ်ထဲမှာ ဘဝင်မကျဖြစ်လာလေလေပဲ၊ မြို့ပေါ်က နေရာတိုင်းမှာ ကတ္တရာလမ်းတွေချည့်ပဲ၊ ရွာထက်စာရင် နည်းနည်းပိုသန့်ရှင်းပေမယ့် တို့ရွာလောက် ပျော်စရာ မကောင်းပါဘူး”

ယဲ့ချန်းချင့်: “အဖေနဲ့ အမေတို့ကိုက အလုပ်မရှိရင် မနေတတ်ကြတာဖြစ်မယ်”

မြောင်စွေ့ဖန်း: “ဒါပေါ့”

ယဲ့ချန်းကော်က ဘေးမှ ပြောလိုက်သည်။

“မနေနိုင်ရင်တောင် နေတတ်အောင် နေရမှာပဲဟေ့၊ အဖေတို့ ဒီမှာ အားလုံးအဆင်ပြေတယ်၊ နှစ်သစ်ကူးကျမှ ပြန်လာခဲ့မယ်”

ယဲ့ချန်းချင့်ကလည်း ပြောသည်။

“ဟုတ်ကဲ့ပါ၊ အိမ်ကကိစ္စတွေအကုန်လုံးကို ကျွန်တော်နဲ့ ဦးလေးတို့မိသားစု စီမံပေးထားတယ်၊ အဖေတို့ ဘာမှ စိတ်မပူနဲ့နော်”

ဖုန်းခေါ်ဆိုခများ ကြီးမြင့်မည်စိုးသဖြင့် ယဲ့ကျန်းကော်သည် မှာစရာရှိသည်များကို ခပ်သွက်သွက် မှာကြားပြီးနောက် ဖုန်းကို ချက်ချင်းပင် ချလိုက်တော့သည်။

မြောင်စွေ့ဖန်းသည် ခန္ဓာကိုယ်တွင် မည်သည့်နာကျင်ကိုက်ခဲမှုမှ မရှိတော့ပေ။ သို့သော် မြို့ပြတွင် နေထိုင်ရသဖြင့် သူမ၏ တစ်နေ့တာ လုပ်ငန်းဆောင်တာမှာ အောက်သို့ဆင်း၍ လမ်းလျှောက်အပန်းဖြေခြင်းသာ ရှိပါသည်။

ထို့ကြောင့် ယဲ့ကျန်းကော်နားကပ်ကာ သူမ အကြံဉာဏ်အချို့ စတင် တိုင်ပင်ခဲ့ပါသည်။

“ကျွန်မတို့နှစ်ယောက် ပေကျင်းမှာ ငွေရှာဖို့ ဘာလုပ်လို့ရနိုင်မလဲဟင်”

ယဲ့ကျန်းကော်က စိတ်မပါစွာ ပြောသည်။

“ငါတို့က ဘာလုပ်တတ်လို့လဲ”

မြောင်စွေ့ဖန်း ခေတ္တစဉ်းစားလိုက်ပါသည်။

“ကျွန်မ ဆေးရုံတက်ရတုန်းက ဆေးရုံဝင်ပေါက်နားမှာ လက်ဖက်ကြက်ဥတွေရောင်းနေတဲ့ အစ်မကြီးကို မှတ်မိသေးလား၊ သူ့အချက်အပြုတ်စွမ်းရည်က ကျွန်မလောက်တောင် မကောင်းပါဘူး၊ ဒါပေမယ့် နေ့တိုင်း ကုန်အောင် ရောင်းရတာကို ကျွန်မ သတိထားမိတယ်”

ယဲ့ကျန်းကော်လည်း လေးလေးနက်နက် စည်းစားလိုက်သည်။

“ငါတို့လည်း လက်ဖက်ကြက်ဥတွေ သွားရောင်းရမှာလား၊ အဲ့တာဆို သူများ စီးပွားရေး သွားလုသလို ဖြစ်မနေဘူးလား”

မြောင်စွေ့ဖန်းက ခင်ပွန်းဖြစ်သူကို ဘဝင်မကျစွာ ကြည့်လိုက်သည်။

“ကျွန်မတို့က ဆေးရုံရှေ့သွားရောင်းပြီး သူ့စီးပွားရေးကို လုမှာမှ မဟုတ်တာ၊ သူက ဆေးရုံမှာ ရောင်းရင် ကျွန်မတို့က ကျွန်မတို့ အိမ်ရာနားမှာ ရောင်းကြတာပေါ့”

ယဲ့ကျန်းကော်က သတိပေးသည်။

“မင်းက အိမ်မှာ အနားယူနေရမယ့်လူလေ၊ မင်းဒီလိုတွေ လုပ်နေတာ ရှောင်ရှောင်သိသွားရင် စိတ်ဆိုးလိမ့်မယ်နော်”

မြောင်စွေ့ဖန်းက ဆင်ခြေပေးသည်။

“လက်ဖက်ကြက်ဥလုပ်ရောင်းတာ ဘယ်လောက် အချိန်ပေးရမှာမို့လို့လဲ၊ နေ့လယ်ခင်းလောက်က ကြိုလုပ်ထားရင် နောက်တစ်နေ့မနက် ရောင်းလို့ရတယ်၊ ရှောင်ရှောင်ကလည်း မနက်ပိုင်းတွေ လာနိုင်တာမှ မဟုတ်တာ”

ယဲ့ကျန်းကော်: “ပြဿနာတစ်ခု ရှိသေးတယ်၊ ကြက်ဥတွေကို လစဉ် သတ်မှတ်ချက်နဲ့ပဲ ရောင်းပေးတာလေ၊ တို့လက်ထဲမှာ ကြက်ဥဝယ်ဖို့ ကူပွန်တွေ အများကြီး ရှိတာမှ မဟုတ်တာ”

မြောင်စွေ့ဖန်းက ဆက်ရှင်းပြသည်။

“ဆေးရုံဝင်ပေါက်နားမှာ ရောင်းတဲ့ အစ်မကြီးကို ကျွန်မ မေးကြည့်ခဲ့ပြီးပြီ၊ သူကြက်ဥတွေ အများကြီး ဝယ်နိုင်တဲ့ အကြောင်းအရင်းက သူ့တူက မြို့ပြင်မှာ ကြက်မွေးမြူရေးခြံ ထောင်ထားလို့တဲ့၊ နေ့တိုင်း ဒီကဈေးတွေဆီကို ကြက်ဥတွေ လာလာပို့ပေးတာ၊ အဲ့ဒီအဆက်အသွယ်ကိုသုံးပြီး သူက နေ့တိုင်း ကြက်ဥလတ်လတ်ဆတ်ဆတ် ရာဂဏန်းလောက် ဝယ်နိုင်နေတာလေ၊ မနက်ဖြန်ကျရင် ကျွန်မတို့လည်း အဲ့ကဝယ်လို့ရမလားလို့ သွားမေးကြည့်လိုက်မယ်”

ယဲ့ကျန်းကော် “မင်းက အကုန်လုံးကို ကြိုစဉ်းစားထားတာပဲနော်”

မြောင်စွေ့ဖန်းက ရှက်ကိုးရှက်ကန်းဖြင့် ဆိုလိုက်သည်။

“အဲ့ကိစ္စကို ကျွန်မစဉ်းစားနေတာ ကြာပြီ၊ ဆေးရုံဆင်းခါစက မပြောရဲခဲ့ပေမယ့် အခု ကျွန်မ သာမန်လူတစ်ယောက်လို သွားလာလှုပ်ရှားနိုင်နေပြီလေ၊ ရှင်ကော ကျွန်မကော ခြေတွေလက်တွေ အကောင်းအတိုင်း ရှိပါသေးတယ်ရှင်၊ ငွေကို ရှာနိုင်တုန်း ရှာထားမှ တော်ရာကျမှာ”

ယဲ့ကျန်းကော်လည်း ဇနီးဖြစ်သူ၏ အကြံကို သဘောတူလိုက်ရတော့သည်။

“တစ်ခုတော့ ကြိုပြေထားမယ်၊ မင်းအကြံ တကယ်အလုပ်ဖြစ်ပြီး နောက်ပိုင်း အလုပ်ကြမ်းတွေဘာတွေ လုပ်ဖို့ လိုလာတယ်ဆိုရင် ငါ့ကိုပဲ ခိုင်းနော်၊ မင်းအပင်ပန်း မခံနဲ့”

မြောင်စွေ့ဖန်း ပြုံးလိုက်သည်။

“ကျွန်မအကြောင်း ကျွန်မသိပါတယ်”

လင်မယားနှစ်ယောက် ဆွေးနွေးတိုင်ပင်ရင်း ဤအစီအစဉ်မှာ အလွန်အဆင်ပြေနိုင်ကြောင်း ယုံကြည်သထက် ယုံကြည်လာမိတော့သည်။

နောက်တစ်နေ့ နံနက်တွင် မြောင်စွေ့ဖန်းသည် ထိုအစ်မကြီးထံသို့ သွားရောက်ကာ ရင်းရင်းနှီးနှီး စကားစမြည် ပြောခဲ့ပါသည်။

ထိုအစ်မကြီးကလည်း စီးပွားရေးပြိုင်ဘက် ရှိလာမည်ကို စိုးရိမ်ခြင်းမရှိပေ။

မြောင်စွေ့ဖန်းပြောသည့်အတိုင်း ဤနယ်မြေတွင် လူဦးရေများစွာရှိနေသဖြင့် လက်ဖက်ကြက်ဥရောင်းသူတစ်ယောက် ထပ်တိုးလာရုံနှင့် ဘာမှ ဖြစ်မသွားနိုင်ပါ။

လက်ဖက်ကြက်ဥရောင်းသူအစ်မကြီးမှာ သဘောကောင်းသဖြင့် မြောင်စွေ့ဖန်းက ကြက်ဥများအကြောင်း မေးမြန်းသောအခါ ချက်ချင်း ရှင်းပြခဲ့ပါသည်။

“အိမ်မှာ အလုပ်မရှိအကိုင်မရှိ ထိုင်နေတယ်ဆိုပြီး အိမ်ကချွေးမက အရှက်ခွဲလို့သာ ကျွန်မကိုယ်ပိုင်စီးပွားရေးလေး လုပ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ စဉ်းစားမိခဲ့တာ၊ ကျွန်မ ကိုယ်ပိုင်ဝင်ငွေရှိလာကတည်းက သားနဲ့ ချွေးမတို့ ငြိုငြင်မှာကို ပူစရာမလိုတော့ဘူးလေ”

ထိုအစ်မကြီး၏ မျိုးရိုးအမည်မှာ ‘လီ’ဖြစ်ပြီး သူ၏ မိသားစုအကြောင်းကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြောခဲ့ပါသည်။

အဒေါ်လီက မြောင်စွေ့ဖန်းအား ပြောလိုက်သည်။

“ရှင်ဒီအလုပ်ကို တကယ်လုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် ကျွန်မ ကြက်ဥတွေသွားယူတဲ့အခါကျ ရှင့်အတွက်ပါ ယူလာခဲ့ပေးမယ်၊ ရှင့်ကို အခကြေးငွေလည်း အရမ်းမတောင်းပါဘူး၊ ခရီးတစ်ခေါက်ကို ၁ ယွမ်ဆို လုံလောက်ပြီ”

မြောင်စွေ့ဖန်း စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။

ယခုလက်ရှိတွင် ကြက်ဥတစ်လုံးသည် ၈ ပြားတန်ပြီး လက်ဖက်ကြက်ဥလုပ်ရောင်းမည်ဆိုပါက အနည်းဆုံး ၁၂ ပြားထိ ဈေးတင်နိုင်ပါသည်။

ထို့ကြောင့် ကြက်ဥတစ်လုံးလျှင် ၄ ယွမ်မှ ၅ ယွမ်အထိ အမြတ်ရနိုင်ပြီး အဒေါ်လီအား ပေးရမည့် ၁ ယွမ် ရရှိဖို့ ကြက်ဥ အလုံး ၂၀ ရောင်းထွက်ဖို့လိုအပ်သည်။

မြောင်စွေ့ဖန်းက မေးမြန်းလိုက်ပါသည်။

“အစ်မက တစ်ရက်ကို ဘယ်နှလုံး ရောင်းရလဲ”

အဒေါ်လီက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“အနည်းဆုံး ၂၀၀ နဲ့ အထက်ပဲ၊ အရမ်းရောင်းကောင်းတဲ့နေ့တွေ့ကျရင် ၄၀၀ ကနေ ၅၀၀ အထိပါ ရောင်းရတယ်၊ ဒါပေမယ့် ကျွန်မက အဲ့လောက်ကြီးလည်း အလုပ်ကြိုးစားတဲ့လူမဟုတ်ပါဘူး၊ မနက်ပိုင်းမှာပဲ ခဏလောက် လာရောင်းတာ”

မြောင်စွေ့ဖန်း: “ကျွန်မမှာ အတွေ့အကြုံတော့ မရှိပါဘူးရှင်၊ အဲ့တာကြောင့် ကြက်ဥအလုံး ၂၀၀ အရင်ဝယ်ပြီး စမ်းရောင်းကြည့်လိုက်မယ်၊ အစ်မကို အားကိုးပါတယ်နော်”

အဒေါ်လီက နေရာတစ်ခုသို့ လက်ညှိုးထိုးပြလိုက်သည်။

“ကျွန်မအိမ်က အဲ့ဒီနားလေးမှာပဲ၊ အဲ့တာကြောင့် ကျွန်မကို မတွေ့မှာ စိတ်ပူစရာမလိုဘူး၊ အခု ပထမဆုံးအခေါက်မှာတော့ စရံအနေနဲ့ ငွေတစ်ဝက်လောက်ပဲ ပေးလိုက်လို့ရတယ်၊ ကျွန်မ အလစ်သုတ်ပြီး ပြေးသွားမှာကိုလည်း ကြောက်စရာမလိုတော့ဘူးပေါ့”

အဒေါ်လီအား မြောင်စွေ့ဖန်း အကဲခတ်နေခဲ့သည်မှာ ရက်ပေါင်းများစွာကြာပါပြီ။

ဤအမျိုးသမီးသည် ဒေသခံတစ်ဦးဖြစ်ကြောင်း သေချာရေရာခြင်းမရှိပါက မြောင်စွေ့ဖန်း ဤသို့ စကားပြောဆိုရဲမည် မဟုတ်ပေ။

အဒေါ်လီ၏ ရိုးသားပွင့်လင်းမှုကို မြင်သောအခါ မြောင်စွေ့ဖန်းက အပြုံးဖြင့် ဆိုလိုက်သည်။

“အစ်မက ရိုးသားတဲ့လူဆိုတာ ကြည့်ရုံနဲ့ သိပါတယ်၊ အစ်မကို ကျွန်မ ယုံတယ်”

“ကျွန်မကလည်း ရှင့်ကို ခင်စရာကောင်းလို့ ကူညီပေးတာပါ၊ ညနေ ၄ နာရီ လောက်ကျရင် ဒီနေရာမှာပဲ ရှင့်ကြက်ဥတွေကို လာယူလို့ရတယ်”

“ကျေးဇူးတင်ပါတယ် အစ်မ”

ထို့နောက် မြောင်စွေ့ဖန်း စရံငွေ ထုတ်ပေးခဲ့ပါသည်။

ညနေ ၄ နာရီထိုးသည်နှင့် အဒေါ်လီသည် သူမ၏ သုံးဘီးဖြင့် လတ်လတ်ဆတ်ဆတ် ကြက်ဥပေါင်းများစွာကို သယ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။

မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့က သူတို့ယူဆောင်ရမည့် ခြင်းများကို သယ်ယူသွားခဲ့ကြသည်။

အိမ်သို့ပြန်ရောက်သောအခါ မြောင်စွေ့ဖန်းသည် ကြက်ဥများကို သေသေချာချာ ဆေးကြောလိုက်ပြီး လက်ဖက်ကြက်ဥ ပြုလုပ်ဖို့အတွက် လိုအပ်မည့် ဟင်းခတ်အမွှေးအကြိုက်များကို ပြင်ဆင်ထားလိုက်သည်။

ကြက်ဥများအား ကျက်အောင် ပြုတ်ပြီးသွားသောအခါ ဟင်းအနှစ်၏ အရသာများ စိမ့်ဝင်စေဖို့အတွက် အခွံအား အက်ရာလေးအနည်းငယ် ပေးလိုက်သည်။

မြောင်စွေ့ဖန်းအနေဖြင့် ဤကဲ့သို့သော အလုပ်မျိုးကို မလုပ် ကိုင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ရုတ်တ ရက် စိတ်လှုပ်ရှားတက်ကြွလာသဖြင့် ညရောက်သည့်အခါ ကောင်းကောင်းပင် အိပ်မပျော်ခဲ့ပေ။

မနက်မိုးလင်းသည်နှင့် ယဲ့ကျန်းကော်က စက်ဘီးကို ထုတ်လျက် ကြက်ဥခြင်းများကို နောက်ခုံတွင် သေချာချည်ကာ အိမ်ရာရှေ့တွင် သွားရောက်ရောင်းချဖို့ မြောင်စွေ့ဖန်းနှင့်အတူ ထွက်လာခဲ့ပါသည်။

မိဘနှစ်ပါး ဈေးဝယ်ထွက်ခြင်း၊ သို့မဟုတ် စိတ်ပြေလက်ပျောက် အပြင်ထွက်ခြင်းတို့အတွက် အဆင်ပြေ လွယ်ကူစေရန် ယဲ့ရှောင်ရှောင်က ထိုစက်ဘီးကို ချန်ထားပေးခဲ့ခြင်းဖြစ်သည်။

သူမ၏ စက်ဘီးကို အသုံးချလျက် မိဘနှစ်ပါး စီးပွားရေးလုပ်နေကြလိမ့်မည်ဟုတော့ ယဲ့ရှောင်ရှောင် မျှော်လင့်မထားမှာ သေချာပါသည်။

စက်ဘီးကို ယဲ့ကျန်းကော်က တွန်းပေးနေသဖြင့် မြောင်စွေ့ဖန်းက မည်သည့်ပင်ပင်ပန်းပန်းအလုပ်ကိုမှ မလုပ်ခဲ့ရပါ။

သူတို့နှစ်ဦး အိမ်ရာအဝင်ဝတွင် မိနစ်အနည်းငယ်သာ ရပ်စောင့်နေလိုက်ရပြီး အလုပ်သွားရန် ပြင်ဆင်နေသည့် လူတစ်ဦးက လက်ဖက်ကြက်ဥများ၏ဈေးနှုန်းကို လာရောက်မေးမြန်းခဲ့ပါသည်။

All Chapters