← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

📗 Chapter 212

ဝမ်ကျောင်းတစ်ယောက် မည်သည့်အရပ်သို့ ပျောက်ကွယ်သွားမှန်း မည်သူမှ မသိကြပေ။

နောက်ဆုံးတွင် ဖန့်ခိုင်ရွှမ်ကသာ ဦးဆောင်၍ ရှေ့သို့ ထွက်လာခဲ့တော့သည်။

“ကျောင်းသူဝမ်ကျောင်းကို ကျွန်တော်သွားရှာလိုက်ပါ့မယ်ဆရာ”

တာဝန်ခံဆရာက သတိပေးလိုက်သည်။

“ပြတိုက်ရဲ့ အနီးနားပတ်ဝန်းကျင်မှာပဲ ရှာနော်၊ သူ့ကို ရှာတွေ့သည်ဖြစ်စေ ရှာမတွေ့သည်ဖြစ်စေ မင်းလည်း နာရီဝက်အတွင်း ပြန်လာရမယ်”

အခြားသူများက ကူညီပေးမည်ဟု ဆိုသော်လည်း တာဝန်ခံဆရာက လက်မခံခဲ့ဘဲ လူအနည်းစုကိုသာ ရွေးချယ်ကာ စေလွှတ်ခဲ့ပါသည်။

ကံကောင်းထောက်မစွာဖြင့် နာရီဝက်မပြည့်မီမှာပင် ဖန့်ခိုင်ရွှယ်သည် ဝမ်ကျောင်းကို ခေါ်ဆောင်လျက် ပြန်ရောက်လာခဲ့ပါသည်။

တာဝန်ခံဆရာသည် ဝမ်ကျောင်းကို မေးခွန်းအနည်းငယ် မေးမြန်းခဲ့ပြီး ကျောင်းသားများအားလုံးကို ဘတ်စ်ကားပေါ် တက်ဖို့ ပြောလိုက်သည်။

ဘတ်စ်ကားပေါ်တွင် ဝမ်ကျောင်းနှင့် ဖန့်ခိုင်ရွှမ်တို့အတူတူထိုင်နေကြသဖြင့် ယဲ့ရှောင်ရှောင်တို့အုပ်စုမှာ သူတို့နှစ်ဦး ပြန်အဆင်ပြေသွားပြီဟု ယူဆလိုက်ကြပါသည်။

သို့သော် ကျောင်းသို့ ပြန်ရောက်သောအခါ ဖန့်ခိုင်ရွှမ်မှာ ကားပေါ်မှ ဆင်းသွားပြီး နှုတ်ပင်မဆက်ဘဲ ထွက်သွားလေတော့သည်။

ဟယ်ကျင်းက ဝမ်ကျောင်းထံသို့ သွားရောက်မေးမြန်းလိုက်ပါသည်။

“နင်တို့အဆင်ပြေရဲ့လား”

ဝမ်ကျောင်းတစ်ယောက် လေထဲတွင် လက်သီးများပစ်ထိုးလျက် အော်ဟစ်ငိုယိုလေတော့သည်။

“အား!!! အီးဟီးဟီး… ဖန့်ခိုင်ရွှမ်က ငါ့ကို တကယ်အလိုမရှိတော့ဘူး၊ ငါဘာဆက်လုပ်ရမလဲ…”

ဟယ်ကျင်းက နှစ်သိမ့်ပေးလိုက်ပါသည်။

“နှလုံးသားရေးရာကိစ္စတွေဆိုတာ အတင်းလုပ်ယူလို့မှ မရတာပဲ၊ စိတ်လျှော့ပါဦး”

ဝမ်ကျောင်းကမူ မည်သည့်အကြံဉာဏ်ကိုမှ နားထောင်နိုင်စွမ်းမရှိဘဲ ဆက်လက်ငိုကြွေးနေပါသည်။

ချူးမြောင်က ကင်မရာကို ယူဆောင်ပြီး ဓာတ်ပုံဖလင်များ သွားဆေးဖို့ ကြံနေစဉ် ဝမ်ကျောင်း၏ ငိုသံကိုကြားကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ရည်းစားနဲ့ လမ်းခွဲလိုက်ရတာနဲ့ ငိုစရာလား”

ယဲ့ရှောင်ရှောင်က သူ့အင်္ကျီလက်ကို အသာဆွဲလျက် သတိပေးလိုက်သည်။

“ရှူး တိုးတိုးပြော၊ နင်က ရည်းစားမှမထားဖူးတာ၊ အသည်းကွဲတဲ့ ခံစားချက်ကို ဘယ်လိုလုပ် ကိုယ်ချင်းစာတတ်မှာလဲ”

ချူးမြောင်က မကျေမနပ် ပြောလိုက်ပါသည်။

“ကြားရတာ နားမသက်သာဘူး၊ အရင်ကဆို ငါတို့ရွာမှာလည်း ယောက်ျားတွေပစ်သွားလို့ အသည်းကွဲရတဲ့ မိန်းမတွေ အများကြီး ရှိခဲ့ဖူးတယ်၊ နောက်တော့…”

ယဲ့ရှောင်ရှောင်က စိတ်ဝင်တစား မေးသည်။

“နောက်တော့ ဘာဆက်ဖြစ်လဲ”

ချူးမြောင် “နောက်တော့ ယောက်ျားတစ်ယောက်က ကူအဆိပ်နဲ့ ပြုစားခံရပြီး အဲ့ဒီမိန်းမနားက တဖဝါးမှ မခွာနိုင်အောင် ဖြစ်သွားတာလေ”

ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိသည်။

“တော်တော်ကြမ်းကြတာပဲနော်”

လူတစ်ဦးကို ပြုစားနိုင်သည့် ကူအဆိပ်ဟူသည်မှာ အတော်လေး ကြောက်စရာကောင်းမည့်ပုံစံပင်။

ချူးမြောင်က ရှင်းပြသည်။

“ငါတကယ်ပြောနေတာ၊ ဒါပေမယ့် အဲ့အဆိပ်ကို အခု သုံးခွင့်တော့ မရှိတော့ဘူး၊ ရွာသူကြီးက ကြိုက်မှာမဟုတ်ဘူး”

ယဲ့ရှောင်ရှောင်: “…”

“နင့်အခန်းဖော်ကော အဲ့တာမျိုး လိုချင်မလားမသိဘူး”

“မလိုဘူး မလိုဘူး၊ ဓာတ်ပုံတွေသာ သွားဆေးကြရအောင်”

ယဲ့ရှောင်ရှောင်သည် ချူးမြောင်၏ ကြောက်စရာအတွေးများကို ချက်ချင်းတားဆီးလိုက်ပြီး အလျင်အမြန် ဆွဲခေါ်သွားခဲ့တော့သည်။

ဝမ်ကျောင်းတစ်ယောက် အငိုမတတ်နိုင်သေးသော်လည်း မကြာမီ အဆင်ပြေသွားပါလိမ့်မည်။

ဟယ်ကျင်းနှင့် အခြားအခန်းဖော်များလည်း သူမကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြသဖြင့် ယဲ့ရှောင်ရှောင် စိတ်ပူစရာမလိုအပ်ပေ။

ယဲ့ရှောင်ရှောင်နှင့် ချူးမြောင်တို့ ဓာတ်ပုံဖလင်များကို အတူတူ သွားဆေးခဲ့ကြသည်။

သူမ တစ်ဦးတည်း ပုံများကို ဓာတ်ပုံဘောင်များဖြင့် သေသေသပ်သပ် ထည့်သွင်းကာ အလှထားလိုက်ပြီး အခန်းဖော်များနှင့်အတူ ရိုက်ကူးထားသည့် အုပ်စုဓာတ်ပုံအချို့ကိုမူ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုထဲသို့ စနစ်တကျ ထည့်သွင်းထားလိုက်ပါသည်။

လေ့လာရေးခရီးထွက်ပြီး နောက်တစ်နေ့သည် ကျောင်းပိတ် ရက်ဖြစ်၍ ယဲ့ရှောင်ရှောင်တစ်ယောက် မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ထံ သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

မနက်မိုးလင်း၍ အိမ်ပြင်မထွက်ရသေးခင်မှာပင် ယဲ့ချန်းနင်က ဖုန်းဆက်လာခဲ့သည်။

“တတိယအစ်ကို ပေကျင်းကိုရောက်နေတယ် ဟုတ်လား! အစ်ကို ဘယ်မှာလဲ၊ သမီးအခုလာခေါ်ပေးမယ်လေ”

ယခုတစ်ခေါက် ပေကျင်းသို့ ယဲ့ချန်းနင် တာဝန်တစ်ခုဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ သူ့ကိုယ်ပိုင်စက်ရုံမှ ထုတ် လုပ်ထားသည့် အထည်များကို ယူဆောင်ကာ ပေကျင်းတွင် ပရိုမိုးရှင်းလာဆင်းခြင်းပင်။

ဘူတာရုံသို့ ရထားဆိုက်ရောက်သည်နှင့် ယဲ့ရှောင်ရှောင်အား သူဖုန်းဆက်အကြောင်းကြားခဲ့သည်။

“နင်အိမ်မှာ ရှိလား လှမ်းမေးတာပါ၊ ငါ့ဖာသာငါ လာခဲ့မယ်”

“တတိယအစ်ကို၊ သမီးမှာ ကားတစ်စီး ရှိနေပြီ၊ သမီးလာကြိုမယ်၊ ခဏစောင့်”

ယဲ့ရှောင်ရှောင် ကားသော့ကို ယူဆောင်ပြီး အောက်ထပ်သို့ သုတ်သုတ်ပျာပျာ ဆင်းသွားကာ ဘူတာရုံသို့ ကားဖြင့် ထွက်ခွာလာခဲ့တော့သည်။

မတွေ့ရသည်မှာ ကြာပြီဖြစ်၍ ယဲ့ချန်းနင်တစ်ယောက် ယခင်ကထက် တည်ငြိမ်ရင့်ကျက်လာသည်ဟု ယဲ့ရှောင်‌ရှောင် ခံစားမိပါသည်။

ယခုအခါတွင် အထုပ်အပိုးများများစားစား ပါမလာဘဲ ခရီးဆောင်အိတ်တစ်လုံးသာ ပါလာပုံရသည်။

“တတိယအစ်ကို!”

ယဲ့ချန်းနင်က ကျီစယ်သည်။

“ငါတို့ရှောင်ရှောင်လေးက ဇိမ်ခံကားတွေ ဘာတွေတောင် မောင်းနေပြီပဲ၊ ငါလည်း ဒီ့ထက် အလုပ်ပိုကြိုးစားမှဖြစ်မယ် ထင်တယ်”

ယဲ့ရှောင်ရှောင် ပြုံးသွားသည်။

“အခုတောင် အစ်ကို အလုပ်တွေကြိုးစားလွန်းနေပါပြီ၊ ခုတလော ဘာတွေအလုပ်များနေတာလဲ”

ယဲ့ချန်းနင်က ရှင်းပြသည်။

“တောင်ပိုင်းမှာ ငါစက်ရုံတစ်ရုံ ထောင်ထားတယ်လေ၊ အခု စက်ရုံက အထည်တွေကို ပေကျင်းမှာရောင်းကြည့်ဖို့ လာခဲ့တာ”

ယဲ့ရှောင်ရှောင် ချီးကျူးလိုက်ပါသည်။

“တကယ်ကြီးလား၊ တတိယအစ်ကိုက အရမ်းတော်တာပဲ!”

လမ်းတွင် ယဲ့ချန်းနင်နှင့် ယဲ့ရှောင်ရှောင်တို့ လတ်တလောဖြစ်ပျက်ခဲ့သည့် ကိစ္စများအကြောင်း ပြောခဲ့ကြပါသည်။

ဖျင်အန်းလီအိမ်ရာအနီးသို့ ရောက်ခါနီးမှ ယဲ့ရှောင်ရှောင် အသိပေးလိုက်သည်။

“တတိယအစ်ကို၊ သမီးပြောစရာရှိတယ်”

ယဲ့ချန်းနင် “ဘာလဲ ပြောလေ”

ယဲ့ရှောင်ရှောင် “အဖေနဲ့အမေတို့ ပေကျင်းမှာ ရောက်နေကြတယ်၊ ဟိုတလောကမှ အမေ ဆေးရုံမှာ အသေးစား ခွဲစိတ်မှုလေးတစ်ခု ခံယူထားရတာ”

ယဲ့ရှောင်ရှောင်သည် ထိုကိစ္စကို ယဲ့ချန်းချင့်နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီး အခြားသူများကို လတ်တလောတွင် အသိမပေးဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။

ယဲ့ချန်းနင်သာ ယခုလို ပြန်ရောက်မလာခဲ့လျှင် ထိုကိစ္စများကို သိရှိရမည် မဟုတ်ပေ။

ယဲ့ရှောင်ရှောင်၏ စကားကိုကြားပြီးနောက် ယဲ့ချန်းနင်တစ်ယောက် သိသိသာသာ ထိတ်လန့်သွားခဲ့ပါသည်။

“ဘာ!”

ဤကဲ့သို့ အရေးကြီးကိစ္စမျိုးကို သူ့အား မည်သူကမှ အကြောင်းမကြားခဲ့ပါ။ သူ့ဘေးတွင်ရှိနေသူက ယဲ့ရှောင်ရှောင် မဟုတ်ဘဲ အစ်ကိုကြီးဖြစ်နေလျှင် ယဲ့ချန်းနင် ရန်ထဖြစ်လောက်သည်။

သို့သော် ယဲ့ရှောင်ရှောင်ကိုတော့ သူဒေါသပုံမချနိုင်ဘဲ စိတ်သာ လျှော့လိုက်ရပါသည်။

ယဲ့ချန်းနင် မေးလိုက်သည်။

“အခုအမေ နေကောင်းသွားပြီလား၊ အစ်ကိုကြီးနဲ့ကော အဆက်အသွယ်ရှိရဲ့လား”

ယဲ့ရှောင်ရှောင် “နေကောင်းသွားပါပြီ၊ ခွဲစိတ်ကုသမှုက ရာနှုန်းပြည့်အောင်မြင်လို့ သက်သာတာလည်း မြန်တယ်လေ၊ အဲ့တာကြောင့် အစ်ကိုတို့ကို အသိမပေးခဲ့တာပါ၊ အစ်ကိုတို့အားလုံး စုပြုံပြီး ပြန်ရောက်လာရင် အမေပိုပြီး စိတ်ဖိစီးသွားမှာ စိုးလို့”

ယဲ့ချန်းနင်သည် မူလက အိမ်ကို အလောတကြီး မပြန်ချင်ခဲ့သော်လည်း ယခုမူ အိမ်သို့ ချက်ချင်းရောက်ချင်နေပါပြီ။

ယဲ့ရှောင်ရှောင်သည် ကားကို ဂိုထောင်တွင် ရပ်ထားခဲ့လိုက်ပြီး ယဲ့ချန်းနင်အား ခေါ်ဆောင်လာရင်း ပြောလိုက်သည်။

“ဒါသမီးဝယ်ထားတဲ့ တိုက်ခန်းလေ၊ ဆေးရုံကို ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရတယ်”

တတိယအစ်ကို စိတ်အေးလက်အေးရှိစေဖို့နှင့် လုဟန်ချွမ် ဝယ်ပေးထားခြင်းမဟုတ်ကြောင်း သိစေဖို့ ထိုသို့ ပြောလိုက်ရခြင်းဖြစ်ပါသည်။

ယဲ့ကျန်းကော်တစ်ယောက် အိမ်ပြင်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ စစ်တုရင် ကစားနေလေသည်။

ယဲ့ရှောင်ရှောင်က အနားရောက်လာပြီး ပြောလိုက်ပါသည်။

“အဖေ၊ ရာသီဥတုက အေးနေပြီ၊ အိမ်ထဲမှာ ဝင်ကစားကြပါလား”

ယဲ့ကျန်းကော် “အခုနေသာနေတာပဲလေ၊ အိမ်ထဲမှာ မွမ်းကျပ်လို့ နေပူဆာထွက်လှုံနေတာပါ၊ ဘာမှ မအေးဘူး”

ယဲ့ကျန်းကော် ခေါင်းလှည့်ကြည့်လိုက်သောအခါ ယဲ့ကျန်းနင်ကို တွေ့သွားပါသည်။

“တတိယကောင်၊ မင်းဘယ်တုန်းက ပြန်ရောက်လာတာလဲ!”

ယဲ့ချန်းနင်က နှာ‌ခေါင်းရှုံ့လျက် ပြောသည်။

“ကျွန်တော်သာ ပြန်မလာရင် အဖေနဲ့ အမေတို့ ပေကျင်းကို ရောက်နေမှန်းတောင် သိမှာ မဟုတ်ဘူး၊ ခွဲစိတ်ကုသမှု ခံယူရတဲ့ အရေးကြီးကိစ္စမျိုးကိုတောင် ကျွန်တော့်ကို အသိမပေးကြဘူး၊ ကျွန်တော့်ကို သားအဖြစ်တောင် အသိအမှတ် ပြုသေးရဲ့လားမသိဘူး”

မိသားစုထဲတွင် ယဲ့ကျန်းကော်အား ငယ်စဉ်ကတည်းက တစ်ခွန်းမကျန်ပြန်ပြောပြီး ပုန်ကန်ခဲ့သူဟူ၍ ယဲ့ချန်းနင် တစ်ဦးတည်းသာ ရှိပါသည်။

ရွာမှာသာဆိုလျှင် ယဲ့ကျန်းကော် ဖိနပ်ချွတ်ကာ သူ့ကို လိုက်ရိုက်မိမည်ဖြစ်သော်လည်း ရှေ့တွင် သူစိမ်းတစ်ယောက် ရှိနေသဖြင့် ဒေါသကို ချုပ်တည်းလိုက်ရသည်။

ယဲ့ကျန်းကော်နှင့် စစ်တုရင်ကစားနေသူက အဘိုးကျားဟူ ခေါ်ပြီး အသက် ၆၀ ရှိပြီဖြစ်ကာ အားလပ်ချိန်တိုင်း စစ်တုရင် ကစားရသည်ကို အလွန်နှစ်သက်ပါသည်။

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းနင်တို့ကို မြင်သောအခါ အဘိုးကျားက အံ့အားသင့်စွာ ပြောလိုက်သည်။

“ညီလေးယဲ့၊ အဲ့တာ မင်းသားသမီးတွေလား၊ အချောတွေ အလှတွေပါလား၊ သူတို့မှာ ရည်းစားတွေ အိမ်ထောင်တွေ ရှိကြလား၊ ငါအောင်သွယ်တော် လုပ်ပေးရမလား”

ယဲ့ကျန်းကော် ဘာမှမပြောနိုင်ခင် ယဲ့ချန်းနင်က ဝင်ပြောလိုက်သည်။

“ရှိပါတယ် ရှိပါတယ်၊ ကျွန်တော်က ကျွန်တော့်ကောင်မလေးနဲ့ အဆင်ပြေသလို ကျွန်တော့် ညီမလေးမှာလည်း ကောင်လေးရှိပြီးသားပါ၊ အခုလို ကမ်းလှမ်းတဲ့အတွက် ကျေးဇူး တင်ပါတယ် ဘကြီး”

ထိုစကားကြားသောအခါ အဘိုးကျားမျာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

“ညီလေးယဲ့၊ မင်းကလေးတွေနဲ့ အိမ်ထဲဝင်လိုက်တော့လေ၊ ငါတို့ မနက်ဖြန်ကျမှ ထပ်ကစားကြတာပေါ့”

ယဲ့ကျန်းကော်က အဘိုးကျားကို ပြန်လိုက်ပို့ပေးလိုက်ပါသည်။

“ဟုတ်ကဲ့ပါ၊ ဂရုစိုက်ပြန်ပါဦး အစ်ကိုကျား”

ထိုအခါမှသာ ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းနင်တို့ တိုက်ခန်းထဲ ဝင်လာနိုင်ခဲ့ကြပါသည်။ အိမ်ထဲသို့ ရောက်သည်နှင့် ယဲ့ရှောင်ရှောင်၏ နှာခေါင်းထဲ လက်ဖက်ကြက်ဥနံ့က သင်းခနဲ ဝင်လာခဲ့သည်။

“အမေ၊ လက်ဖက်ကြက်ဥတွေ ပြုတ်နေတာလား”

ယဲ့ချန်းနင်နှင့် ယဲ့ရှောင်ရှောင်တို့ ဝင်လာသည်ကို မီးဖိုချောင်ထဲမှ လှမ်းမြင်လိုက်သောအခါ မြောင်စွေ့ဖန်း အလွန်ထိတ်လန့်သွားလေသည်။

“ရှောင်ရှောင်၊ ထိုင်ဦးလေသမီး၊ အမေကြက်ဥနည်းနည်းပါးပါး ပြုတ်စားမလို့ပါ၊ တတိယသားကော ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ၊ နင်က ဘယ်နေရာမှာမှ ခြေမငြိမ်ဘူးနော်၊ အခုဘယ်မှာနေနေလဲ”

ယဲ့ချန်းနင်က ပစ္စည်းများကို ဧည့်ခန်းထဲတွင်ချကာ မီးဖိုချောင်ထံသို့ လျှောက်လာခဲ့သည်။

“အမေလည်း အဖေ့လေသံအတိုင်းပဲ၊ အမေနေကောင်းသွားပြီလား”

မြောင်စွေ့ဖန်းက ယောင်းမကို ယမ်းပြလျက် ဆိုသည်။

“ကျန်းကျန်းမာမာပဲ”

ထိုစဉ် မီးဖိုချောင်ထဲရှိ ဧရာမအိုးကြီးတစ်လုံးကို ယဲ့ချန်းနင်မြင်သွားလေသည်။

“အမေ လက်ဖက်ကြက်ဥတွေ ဘယ်လောက်တောင် ပြုတ်နေတာလဲ၊ အမေနဲ့ အဖေတို့နှစ်ယောက်တည်း အဲ့လောက်အများကြီး စားကုန်ပါ့မလား၊ တစ်ခုခုတော့ လွဲနေပြီ…”

မြောင်စွေ့ဖန်းသည် ယောင်းမကို အောက်ချလျက် မီးကို အနည်းငယ် လျှော့လိုက်ပြီး သားဖြစ်သူကို မီးဖိုချောင်ထဲမှ မောင်းထုတ်ဖို့ ကြိုးစားသည်။

“နင်က အချက်အပြုတ်အကြောင်း ဘာနားလည်လို့လဲ၊ သွားစမ်း သွားစမ်း!”

ယဲ့ချန်းနင်က လက်မခံပေ။

“အမေတို့ ခိုးကြောင်ခိုးဝှက်တစ်ခုခုလုပ်နေကြတာ သေချာတယ်”

ယဲ့ရှောင်ရှောင်လည်း မီးဖိုချောင်အခန်းတံခါးနား ရောက်လာခဲ့ပါသည်။

မီးဖိုချောင် အတွင်းပိုင်း၌ ပစ္စည်းအသစ်တချို့ ထပ်မံဖြည့် စွက်ထားသည်ကို မြင်တွေ့ရပြီး ဟင်းခတ်အမွှေးအကြိုင်များမှာလည်း သူတို့ စတင်ပြောင်းရွှေ့လာစဉ်ကထက် များစွာစုံစုံလင်လင် ရှိနေခဲ့ပါသည်။

“မဟုတ်မှလွဲရော အမေတို့နှစ်ယောက်…”

All Chapters