← Chapters

အခန်း ၆၁

Vol. 5 Ch. 61

အခန်း ၆၁

Vol. 5 Ch. 61

အခန်း - ၆၁

ထွက်ပြေးသွားသော ပုံရိပ်များအား မြင်လိုက်ရသောအခါ ဖုန်းကျို့၏ နှုတ်ခမ်းများသည် ရက်စက်သော အပြုံးတစ်ခု အဖြစ် တွန့်ကွေး သွားခဲ့တော့သည်။

"ဒီထဲကို ခြေချလိုက်မိပြီဆိုတာနဲ့ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ အိပ်မက်မမက်နဲ့"

သူမ၏ အသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ဖုန်းကျို့၏ ပုံရိပ်လေးသည် မှောင်မိုက်နေသော ညကောင်းကင်ကြီးအား ဖြတ်သန်းကာ ပြေးနေသော ပုံရိပ်နှစ်ခုဆီသို့ တစ္ဆေတစ်ကောင် အလား အနီရောင် ဝေဝါးဝါး ပုံရိပ် အဖြစ် လျှပ်တစ်ပြက် ပြေးသွားခဲ့တော့သည်။

သူမ၏ လက်ထဲတွင် ပြောင်းပြန် ကိုင်ဆောင် ထားသော ဓားမြှောင်မှ သွေးဆာနေသည့် ရက်စက်သော အလင်းရောင်များ တောက်ပနေခဲ့လေသည်။ နောက်တစ်ခဏတွင် အနီရောင် ပုံရိပ်လေးသည် အသက်လု၍ ပြေးနေသော အမျိုးသား နှစ်ဦးအား ဖြတ်ကျော်သွားပြီး သွေးများ ပန်းထွက် လာခဲ့ကာ ထိုအမျိုးသား နှစ်ဦး၏ ခန္ဓာကိုယ်များမှာ ခေတ္တမျှ တောင့်တင်း သွားပြီးနောက် ခြံဝင်းအတွင်းသို့ လဲကျသွားတော့သည်။

'ဘုန်းးး ဘုန်းးး'

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် မည်သည့် အရိပ်အယောင်မျှ ကျန်ရစ်ခြင်း မရှိခဲ့သလို ထိုလူသတ်မှုသည် မည်သူ့ကိုမျှလည်း လန့်ဖြတ် သွားစေခြင်း မရှိခဲ့ပေ။ မှောင်ခို စျေးကွက်မှ ကြေးစားစစ်သည် လေးဦး၏ အသက်များသည် ဖုန်းကျို့၏ လက်အောက်တွင် တိတ်တဆိတ် ငြိမ်သက်စွာ လုယူ ခံလိုက်ရတော့သည်။

လေကို မျက်နှာမူရင်း ဖုန်းကျို့၏ မျက်လုံးများ ကျဉ်းမြောင်း သွားတော့သည်။ ခြံဝင်း အတွင်းရှိ လူသေလောင်း လေးလောင်းအား သူမ ကြည့်လိုက်လေရာ သူမ၏ အကြည့်များ မှေးမှိန်သွားခဲ့တော့သည်။

ချီစွမ်းအား ကျင့်ကြံသူများသည် သူတို့၏ ချီစွမ်းအင်များကို ကျင့်ကြံခြင်းအပြင် ကျင့်ကြံရေး ပညာရပ်များ ကိုလည်း တတ်မြောက်ထားရန် လိုအပ်ပေသည်။ ထို နည်းပညာ နှစ်ခုလုံး ပေါင်းစပ် သွားသည့် အခါမှသာ နက်နဲအဆင့် စစ်သည်တော် တစ်ဦးသည် အကောင်းဆုံး အရည်အသွေးများအား ထုတ်ဖော်ပြသနိုင်မည် ဖြစ်ကာ အကြီးမားဆုံး စွမ်းအားကိုလည်း ပြသနိုင်မည် ဖြစ်သည်။

သူမ အနေဖြင့် သူမသည် နက်နဲအဆင့် စစ်သည်တော် ၏ ကနဦး အဆင့်များသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သူမ၏ လုပ်ကြံ သတ်ဖြတ်မှုဆိုင်ရာ မြင့်မားသော ကျွမ်းကျင်မှုများ နှင့် အံ့မခန်း သိုင်းပညာ စွမ်းရည်တို့ကို ပေါင်းစပ်လိုက်သောအခါ ဤမြို့ငယ်လေးမှ ကျင့်ကြံသူများ အားလုံးကို ရင်ဆိုင်ရန်မှာ သူမအတွက် ပြဿနာ မဟုတ်ပေ။

သို့သော် သူမ မြို့မှ ထွက်ခွာသွားပါမူ ထို မဖြစ်စလောက်သော စွမ်းအားများအား မြှင့်တင်ရန် လိုအပ်လာပေလိမ့်မည်။ ထိုသို့ မဟုတ်ပါက တစ်နေ့တွင် သူမထက် အများကြီး ပိုမို၍ စွမ်းအားကြီးသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် အခြားသူများ၏ သနားညှာတာကင်းမဲ့မှု အောက်တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရှိဘဲ ကြမ္မာငင်ရပြီး လူများအား သတ်ချင်သလို သတ်ဖြတ် ခံရပေလိမ့်မည်။

သူမသည် ခြံဝင်းအတွင်းသို့ ခုန်ဆင်းလိုက်ပြီး လူသေလောင်းများအား လိုက်လံ ရှာဖွေကြည့်ရာ သူတို့ အားလုံးဆီမှ တူညီသော အနက်ရောင် တံဆိပ်ပြားကိုသာ ရှာတွေ့ခဲ့လေသည်။ ထို တံဆိပ်ပြားများ ပေါ်တွင် "မှောင်ခိုစျေးကွက် ကြေးစားစစ်သည်" ဟု ရေးသား ထွင်းထုထားသည်။

"မှောင်ခိုစျေးကွက်လား"

သူမသည် မှောင်ခိုစျေးကွက်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ ရှိမရှိ သူမ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေရင်း တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။

သို့သော် ယခင် ဖုန်းချင်ကဲ သည် ထိုကဲ့သို့သော နေရာများနှင့် မကြာခဏ ဆက်သွယ်မှု မရှိခဲ့သည်မှာ ထင်ရှားလျှက် ရှိကာ သူမ၏ ဦးနှောက်ထဲတွင် မှောင်ခို စျေးကွက်နှင့် ပတ်သက်သော အချက်အလက်များ လုံးဝ(လုံးဝ) မရှိသလောက်ပင် ဖြစ်သည်။

"ကြည့်ရတာ ငါ မှောင်ခိုစျေးကွက်ကို တစ်ခေါက်လောက် သွားရမယ့်ပုံပဲ"

သူမ၏ နှုတ်ခမ်းအား တွန့်ကာ ပြုံးလိုက်လေသည်။ သူမ ယခင်တွင် ဖော်စပ်ထားခဲ့သော ဆေးရည် ပုလင်းအား သိုလှောင်လက်စွပ် အတွင်းမှ ထုတ်ယူကာ မြေပြင်ပေါ်ရှိ လူသေလောင်း လေးလောင်းပေါ်သို့ လောင်းချ လိုက်တော့သည်။

"ရှဲ" ခနဲ မြည်သံ ထွက်ပေါ်လာပြီး လူသေလောင်း လေးလောင်းမှာ အမြှုပ်များ ထွက်လာကာ အခိုးအငွေ့များ လေထုထဲသို့ ပျံ့လွင့်သွားသည်။ လူသေလောင်းများမှာ အလျင်အမြန်ပင် သွေးအိုင် အဖြစ် ပြောင်းလဲသွားပြီးနောက် မကြာမီတွင် အနက်ရောင် အဝတ်အစား လေးစုံသာ စုပုံ ကျန်ရစ်ခဲ့တော့သည်

နောက်တစ်နေ့တွင်

ကွမ်ရှီးလင်သည် သူ၏ လည်ပင်း နောက်ဘက်အား ပွတ်သပ်ရင်း အပြင်သို့ လမ်းလျှောက် ထွက်လာခဲ့ပြီး ယမန်နေ့ညတွင် သူ မည်သည့် အတွက်ကြောင့် ထိုမျှလောက် အိပ်မောကျ သွားရသနည်းဟု တွေးကာ အနည်းငယ် နားမလည်နိုင် ဖြစ်နေခဲ့လေသည်။

သူသည် ခေါင်းအား မော့ကြည့်လိုက်လေရာ ဖုန်းကျို့မှ ပျော့ပျောင်းပြီး ညင်သာသော ကျင့်ကြံရေး ပညာရပ် တစ်မျိုးအား လေ့ကျင့်နေသည်ကို မြင်လိုက်ရသဖြင့် မအောင့်နိုင်ဘဲ အသံထွက်အောင် ရယ်မောလိုက်မိသည်။

"ရှောင်ကျို့ ကျင့်ကြံရေး ပညာရပ်တွေက အဲ့ဒီလို လေ့ကျင့်ရတာ မဟုတ်ဘူးလေ"

သူသည် စကားပြောရင်း သူမဘေးသို့ လျှောက်လာပြီး မြင်းထိုင်ဟန် အား သရုပ်ပြရန် သူ၏ ခန္ဓာကိုယ်အား အနည်းငယ် နှိမ့်ချလိုက်သည်။ ထို့နောက် ဆက်ပြောလိုက်သည်။

"ကြည့် သိုင်းကျမ်းတွေကို လေ့ကျင့်တဲ့အခါ မင်းရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက တည်ငြိမ်နေရမယ် လက်သီးကို တင်းတင်းဆုပ်ထားပြီးတော့ မင်းရဲ့ ထိုးချက်တွေထဲမှာ ခွန်အားတွေ ထည့်သွင်းရမယ် လက်သီး ထိုးလိုက်တဲ့အခါ အော်ဟစ်ပြီး မင်းရဲ့ တစ်ကိုယ်လုံးက စွမ်းအားတွေကို လက်သီးထဲကို စုစည်းရမယ် ဒီလိုလုပ်မှ မင်းရဲ့ ထိုးချက်တွေ နောက်မှာ ပြင်းထန်တဲ့ စွမ်းအားတွေ ရှိလာမှာပေါ့ မင်း အခုလေးတင် လုပ်သွားသလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ပြိုင်ဘက်ရဲ့ ထိုးချက် တစ်ချက်တည်းနဲ့တင် မင်း လဲကျသွားလိမ့်မယ်"

ထိုအချိန်တွင် ကွမ်ရှီးလင်သည် ဖုန်းကျို့ တစ်ယောက်တည်း ဝံပုလွေအုပ်ကြီးအား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင်ခဲ့သည့် နေ့ကို မေ့သွားပုံရပြီး သူမသည် သူတို့ဆီမှ အသက်များကို လုယူခဲ့ချိန်က ရက်စက် ကြမ်းကြုတ်သော သေမင်းနတ်ဘုရားမ တစ်ပါးနှင့် မည်မျှ တူညီခဲ့ကြောင်းကို မမှတ်မိတော့ချေ။

သူ မှတ်မိနေသမျှမှာ သူမသည် မိန်းကလေး တစ်ဦး ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးသာ ဖြစ်ကြောင်း သူမတွင် ရက်စက် ကြမ်းကြုတ်သော အခြမ်းတစ်ခု ရှိနေစေကာမူ သူသည် သူမ၏ အစ်ကိုကြီး တစ်ယောက်အနေဖြင့် ကာကွယ်ပေးရန် လိုအပ်သော ညီမလေး တစ်ယောက်မျှသာ ဖြစ်ကြောင်းပင်တည်း။

သူ ထိုသို့ပြောသည်အား ကြားသောအခါ ဖုန်းကျို့မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

"အစ်ကိုကြီး အစ်ကိုကြီးရဲ့ ကျင့်ကြံခြင်း ပညာရပ်တွေက အစ်ကိုကြီးလို လူကောင်ကြီးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ခွန်အားကို အဓိကထားတာလေ ကျွန်မ အသုံးပြုတဲ့ ကျင့်ကြံခြင်း ပညာရပ်တွေက ပြိုင်ဘက်ရဲ့ ခွန်အားကို ပြိုင်ဘက်အေပါ် ပြန်ပြီး အသုံးပြုတာလေ မဖြစ်စလောက် အားလေးနဲ့ ကြီးမားတဲ့ အရာတွေကို တွန်းလှန်နိုင်စွမ်းရှိတယ်"

သူမသည် စကားပြောရင်း ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားဟန်ဖြင့် မေးလိုက်သည်။

"အစ်ကိုကြီး အစ်ကိုကြီးရဲ့ ကိုယ်ပိုင် ကွမ်မိသားစုရဲ့ စိတ်စွမ်းအား ကျင့်စဉ် ကို လေ့ကျင့်နေတယ်လို့ ပြောဖူးတာ ကျွန်မ မှတ်မိတယ် ဟုတ်တယ်မလား"

"ဟုတ်တယ်လေ အဲ့ဒါက ကွမ်မိသားစုရဲ့ စိတ်စွမ်းအား ကျင့်စဉ် နည်းလမ်း ဖြစ်သလို ကျင့်ကြံရေး ပညာရပ်မျိုး လည်း ဖြစ်တယ် ရှောင်ကျို့ မင်း သင်ချင်လို့လား အစ်ကိုကြီး သင်ပေးမယ်လေ"

သူမမှ ရယ်မောလျက် ခေါင်းခါ ပြလိုက်သည်။

"မဟုတ်ပါဘူး ကျွန်မ ဆိုလိုတာက အစ်ကိုကြီးနဲ့ ကိုက်ညီမယ့် စိတ်စွမ်းအား ကျင့်စဉ် စာလိပ်တစ်ခု ကျွန်မဆီမှာ ရှိတယ်"

သူမသည် ဝိညာဉ်အမှတ်အသား ဖယ်ရှားပြီး ဖြစ်သော သိုလှောင်အိတ်အား သူထံသို့ ပစ်ပေးလိုက်လေသည်။

"အဲ့ဒီအထဲမှာ အစ်ကိုကြီး အချိန်အတိုင်းအတာ တစ်ခုအထိ သေချာ ဖတ်ရှု လေ့လာသင့်တဲ့ စာလိပ်တစ်ခု ရှိတယ် အစ်ကိုကြီးရဲ့ သိုင်းပညာ လေ့ကျင့်တာကို ခဏလောက် ရပ်နားပြီး ဒီစိတ်စွမ်းအား ကျင့်စဉ် နည်းလမ်းကို အရင် လေ့ကျင့်လိုက်ပါလား"

All Chapters