← Chapters

အခန်း ၆၂

Vol. 5 Ch. 62

အခန်း ၆၂

Vol. 5 Ch. 62

အခန်း - ၆၂

"ရှောင်ကျို့ မင်းက သိုလှောင်အိတ် တစ်ခုလုံးကို ငါ့ကို ပေးလိုက်တာလား မင်းကိုယ်တိုင် အတွက်ရော"

ကွမ်ရှီးလင်သည် သိုလှောင်အိတ်အား ဖွင့်ကြည့်လိုက်လေရာ စာအုပ်၏ အဖုံးပေါ်တွင် မဟာ မီးလျှံပညာရပ် ဟု ရေးသားထားသော စိတ်စွမ်းအား ကျင့်စဉ် စာလိပ် တစ်ခုကို မြင်တွေ့လိုက်ရသည့် အပြင် တန်ဖိုးကြီး ပစ္စည်းများနှင့် ငွေကြေး အမြောက်အမြား အခြားသော ပုလင်းများနှင့် ဘူးများကိုပါ တွေ့လိုက်ရသဖြင့် သူက နားမလည်နိုင်စွာ မော့ကြည့်ပြီးနောက် ပြန်မေးလိုက်သည်။

"ငါ့ကို ဘာလို့ ဒီလောက် ပစ္စည်းတွေ အများကြီး ပေးရတာလဲ"

သူသည် စာလိပ်အား ထုတ်ယူလိုက်ကာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် ပြူးကျယ် သွားတော့သည်။

"ကောင်းကင် အဆင့် စိတ်စွမ်းအား ကျင့်စဉ်လား ငါ ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်"

ဤကဲ့သို့သော စိတ်စွမ်းအား ကျင့်စဉ် စာလိပ်မျိုးအား သူရိယတေဇနိုင်ငံ၏ တော်ဝင်မိသားစု ပင်လျှင် တစ်ခုမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ဟု ယုံကြည်ရပေသည်။

ကောင်းကင် အဆင့် စိတ်စွမ်းအား ကျင့်စဉ် စာလိပ်များသည် ရတနာများထဲတွင်မှ အဖိုးတန်ဆုံးသော ရတနာများ ဖြစ်ကြပြီး အဆင့် ၉ နေရာတွင် သတ်မှတ်ခံရသော နိုင်ငံတစ်ခုတွင် ဤစာလိပ် တစ်ခုမျှပင် ရှာတွေ့နိုင်ရန် မဖြစ်နိုင်ကြောင်းကိုလည်း သိထားရမည် ဖြစ်သည်။ သို့ဆိုလျှင် သူမသည် ၎င်းအား မည်သည့်နေရာမှ ရရှိနိုင်ခဲ့လေသနည်း။

ထိုအချိန်၌ စိတ်စွမ်းအား ကျင့်စဉ် စာလိပ်အား ကိုင်ဆောင် ထားသော လက်များမှာ အနည်းငယ် တုန်ယင်နေလျှက် ရှိကာ အလွန်တရာ စိတ်လှုပ်ရှားနေပြီးနောက် ရုတ်တရက် ပူလောင် လာသကဲ့သို့ပင် ခံစားလိုက်ရသည်။

ကောင်းကင် အဆင့် စိတ်စွမ်းအား ကျင့်စဉ် စာလိပ်တစ်ခုကို သူ မြင်တွေ့နိုင်လောက်အောင် ကံကောင်းလိမ့်မည်ဟု တွေးမိခြင်းသည် အလွန်တရာ ယုံကြည်နိုင်ဖွယ် မရှိအောင် ဖြစ်နေလေတော့သည်။

"ဟုတ်တယ်လေ အဲ့ဒါက ကောင်းကင် အဆင့် စိတ်စွမ်းအား ကျင့်စဉ် စာလိပ်တစ်ခုပဲ ပြီးတော့ အဲ့ဒါက ခွန်အားကိုလည်း ကျင့်ကြံနိုင်စေတဲ့ အတွက် အစ်ကိုကြီးနဲ့ အတိအကျ ကိုက်ညီတယ်"

သူမမှ ပြုံးလျက် ဆက်ပြောလိုက်သည်။

"အစ်ကိုကြီးရဲ့ လက်က အခုလောလောဆယ် သိုင်းပညာ နဲ့ ဓားသုံးနည်းကို လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူးလေ ဒါကြောင့် အဲ့ဒါတွေကို ခဏလောက် ရပ်ထားလိုက်ပါ စိတ်စွမ်းအား ကျင့်စဉ် စာလိပ်ကို အပြည့်အဝ အလွတ် ကျက်မှတ်ဖို့ အဲ့ဒီအချိန်ကို အရင်ဆုံး အသုံးချလိုက်ပါလား အချိန်တန်ရင် သိုင်းပညာ အတွက် နောက်ထပ် ကောင်းကင် အဆင့် စာလိပ်တစ်ခု ကျွန်မ ထပ်ပေးမယ်"

ထိုစိတ်စွမ်းအား ကျင့်စဉ် စာလိပ်အား ဆရာဖြစ်သူမှ သူမအား ပေးအပ်ခဲ့သော ပစ္စည်းများထဲမှ ရှာတွေ့ခဲ့ခြင်း ဖြစ်ကာ ၎င်းသည် ကွမ်ရှီးလင်နှင့် အလွန်တရာ ကိုက်ညီသည်ဟု သူမ ထင်မြင်ခဲ့သောကြောင့် သူမမှ ၎င်းအား ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။

"ငါ ဒီဟာနဲ့ တကယ် ကျင့်ကြံလို့ ရတာလား"

သူ၏ မျက်လုံးများသည် ဖုန်းကျို့အား ကြည့်ရင်း တောက်ပနေခဲ့လေသည်။

"ရတာပေါ့"

သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"နားမလည်တာ ရှိရင် ကျွန်မကို မေးလို့ရတယ်"

"ကောင်းပြီလေ ဒါဆိုရင် ငါ့အခန်းကို ပြန်ပြီး စိတ်စွမ်းအား ကျင့်စဉ်ကို ချက်ချင်း လေ့ကျင့်လိုက်မယ်"

ကွမ်ရှီးလင်သည် စာလိပ်အား လက်ထဲတွင် ကိုင်ထားရင်း ဝမ်းသာလုံးဆို့နေခဲ့သည်။ သူသည် တစ်ခဏမျှပင် ထပ်မစောင့်နိုင်တော့ဘဲ သူ၏ အခန်းအတွင်းသို့ အလျင်အမြန် ဝင်သွားခဲ့ကာ သူ၏ ကျင့်ကြံခြင်းအား စတင်လေတော့သည်။

ထိုမြင်ကွင်းကို ကြည့်လျှက် ဖုန်းကျို့ ပြုံးလိုက်မိပြီး သူမ၏ ခန္ဓာကိုယ် ပြေလျော့သွားစေရန် ထိုက်ချိ ကို အချိန်အနည်းငယ်ကြာ ထပ်မံ လေ့ကျင့်လိုက် ပြီးနောက် သူမကိုယ်တိုင်လည်း ကျင့်ကြံရန် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။

ထို့နောက် ရက်များတွင် မှောင်ခိုစျေးကွက်မှ ကြေးစားစစ်သည်များသည် သူတို့၏ ခြံဝင်းငယ်လေးသို့ ညတိုင်းနီးပါး ရောက်ရှိလာကြပြီး လာရောက်ကြသော ထိုကြေးစားစစ်သည်တိုင်းသည်လည်း မည်သည့်အခါမျှ ပြန်မလာကြတော့ပေ။ ထိုအရာအားလုံးကို ကွမ်ရှီးလင်သည် လုံးဝ(လုံးဝ) မသိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဖုန်းကျို့သည် သူ၏ ညာဘက်လက်ရှိ မရီဒန်များအား ကုသရန် ညတိုင်း ငွေအပ်များကို အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် သူ၏ စိတ်ဝိဉာဉ်အကြောအား ထောက်လိုက်လေရာ ထိုအရာသည် သူ့အား နောက်တစ်နေ့အထိ အိပ်မောကျသွားစေသောကြောင့် ဖြစ်ပေသည်။

ရက်အနည်းငယ် အကြာတွင် ဖုန်းကျို့သည် နက်နဲဆန်းကြယ် ဝင်္ကပါ အတားအဆီး တစ်ခုအား တည်ဆောက်လိုက်ပြီးနောက် ကွမ်ရှီးလင် အတွက် ညွှန်ကြားချက် အချို့ ထားရစ်ခဲ့ကာ သူမသည် တံခါးမှ ထွက်ခွာကာ မှောင်ခိုစျေးကွက်ဆီသို့ ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် တည်းခိုခန်း၌ သတင်းအစအန တစ်ခုမျှ မရရှိဘဲ ရက်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာမှာ မှိုင်းညို့နေခဲ့လေသည်။ သူသည် ထရပ်လိုက်ကာ မှောင်ခိုစျေးကွက်ဆီသို့ လျှောက်သွားရင်း ကျိန်ဆဲသွားခဲ့လေသည်။

"သူတို့အားလုံးက တကယ့်ကို အသုံးမကျတဲ့ အမှိုက်တွေပဲ မိန်းကလေး တစ်ယောက်တည်းကိုတောင် မရှင်းနိုင်ကြဘူး"

ထိုစကားများကို ကျိန်ဆဲလိုက်ချိန်တွင် သူကိုယ်တိုင်ပင်လျှင် ဖုန်းကျို့၏ ပြိုင်ဘက် မဟုတ်ခဲ့ကြောင်းကိုမူ လုံးဝ မေ့သွားခဲ့သည်မှာ ထင်ရှားလှပေသည်။

မှောင်ခိုစျေးကွက်သည် မြေအောက် စျေးကွက်တစ်ခု ဖြစ်ပေသည်။ ထိုနေရာတွင် ရှားပါးပြီး အဖိုးတန်သော ဆေးပင်များ ဆေးရည်များ လက်နက်များနှင့် ကျင့်ကြံသူတစ်ဦး လိုအပ်မည့် အရာအားလုံးကို ရှာဖွေနိုင်သည်။

မှောင်ခိုစျေးကွက် အတွင်းတွင် တိုက်ခိုက်ရေး စင်မြင့် တစ်ခုရှိပြီး ထိုစင်မြင့်သည် တိုက်ပွဲများ အတွက် စင်မြင့် တစ်ခုဖြစ်ကာ စွမ်းအားသည် သင့်အား ငွေကြေးများ ရရှိစေပြီး နာမည် ဂုဏ်သတင်းကိုလည်း ရရှိစေမည့် စင်မြင့်တစ်ခု ဖြစ်သည်။

ထိုနေရာတွင် ပြန့်ကျဲနေသော ကြေးစားစစ်သည်များမှာ များသော အားဖြင့် ထွက်ပြေး လွတ်မြောက် လာသော ရာဇဝတ်ကောင်များနှင့် ထွက်ပြေး တိမ်းရှောင်နေသူများ ဖြစ်ကြကာ မည်သည့် တရားဝင် ကြေးစားစစ်သည် အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုကိုမျှ မရရှိနိုင်သူများ ဖြစ်ကြသည်။

ဤမြေအောက် မှောင်ခိုစျေးကွက်တွင် တစ်ဦးတည်း လှုပ်ရှားသူများ ရှိသကဲ့သို့ သုံးဦး သို့မဟုတ် ငါးဦးပါဝင်သော အဖွဲ့ငယ်လေးများ အဖြစ် ပူးပေါင်း လှုပ်ရှားသူများလည်း ရှိကြပေသည်။ ထို့အပြင် သူတို့ လက်ခံရရှိသော တာဝန်များမှာ တရားဝင် ကြေးစားစစ်သည် အဖွဲ့အစည်းများ လက်မခံသော လုပ်ကြံသတ်ဖြတ်မှု တာဝန်အချို့ အမြဲတမ်း ဖြစ်နေတတ်သည်။

ဤနေရာတွင် သူတို့သည် ငွေကိုသာ အသိအမှတ်ပြုပြီး ငွေအတွက်သာ အလုပ်လုပ်ကြခြင်း ဖြစ်သည်။ တောက်ပပြီး မျက်စိ ကျလောက်အောင် လှပသော အနီရောင် ဝတ်စုံအား ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦး မှောင်ခိုစျေးကွက် အတွင်းသို့ ဝင်ရောက် လာသောအခါ ထိုနေရာရှိ လူအများအပြားမှာ အံ့အားသင့်ကာ ညှို့ယူ ဖမ်းစားခံလိုက်ရသဖြင့် သူတို့၏ အကြည့်များကိုပင် မဖုံးကွယ်နိုင်ကြဘဲ မျက်နှာများပေါ်တွင် အထင်အရှား ပေါ်လွင်နေခဲ့သည်။

အမျိုးသား၏ ခန္ဓာကိုယ်မှာ အရပ်ရှည်ပြီး သွယ်လျကာ သူ၏ တစ်ကိုယ်လုံးမှ ကြက်သီးထဖွယ် ဆွဲဆောင်မှု တစ်မျိုးကိုလည်း ထုတ်လွှတ်နေခဲ့လေသည်။ ညှို့ယူ ဖမ်းစားနိုင်သော အနီရောင် မန်ဒါရာ ပန်းပွင့်များဖြင့် အလှဆင် ထားသော လက်ရာ မြောက်သည့် ရွှေရောင် မျက်နှာဖုံးသည် သူ၏ မျက်နှာ တစ်ပြင်လုံးကို ဖုံးကွယ်ထားပြီး မှိုင်းညို့သော နက်နဲဆန်းကြယ်မှု တစ်မျိုးဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ထိုအချိန်တွင် အမှန်တကယ် အရေးကြီးသော အရာမှာ သူ၏ ကျင့်ကြံခြင်း အဆင့်အား မည်သူမျှ မခန့်မှန်းနိုင်ခြင်းပင် ဖြစ်သည်။ မှောင်ခိုစျေးကွက် အတွင်းသို့ ထိုမျှလောက် ယုံကြည်မှု အပြည့်ဖြင့် ဝင်ရောက် လာရဲခြင်းအား ကြည့်လျှင် သူသည် ကျင့်ကြံခြင်း မရှိသော သာမန်လူ တစ်ယောက် ဖြစ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ သူသည် သာမန်လူ တစ်ယောက် မဟုတ်ပါက နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ကျန်တော့သည်။ ထိုသူသည် ခန့်မှန်း၍မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

All Chapters