အခန်း ၆၈
Vol. 5 Ch. 68
အခန်း - ၆၈
‘အကြီးအကဲ’
သူမ၏ မျက်လုံးများ တောက်ပသွားပြီးနောက် အသိစိတ်အား အပြင်ဘက်သို့ ဖြန့်ကျက်ကာ စမ်းသပ် ကြည့်လိုက်လေသည်။ ကျန်လူနှစ်ယောက်မှာ အဆင့်များအား အပြည့်အဝ ဖြတ်ကျော် ပြီးသားဖြစ်သော အဆင့်မြင့် ဝိဉာဉ်စစ်သည်တော် အဆင့်များ ဖြစ်နေကြလေသည်။ သူမ မသိလိုက်ဘဲ ကျောဘက်သို့ ရောက်လာ နိုင်သည်မှာလည်း မဆန်းတော့ချေ။
အနိုင်ရရန် သေချာနေသော ပထမ လူလတ်ပိုင်း အမျိုးသားအား ရင်ဆိုင်ရသည်နှင့် ယှဉ်လျှင် အနီရောင်အပြည့် ဝတ်ဆင်ထားပြီး နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှုရှိသော ဖုန်းကျို့၏ ပုံစံကို အကဲခတ်နေကြသည့် အကြီးအကဲချုပ်နှင့် စတုတ္ထအကြီးအကဲတို့ နှစ်ယောက်မှာမူ ကွာခြားနေခဲ့သည်။
ကြိုတင်၍သာ မပြောထားလျှင် ယောက်ျားလေး ဝတ်စုံ ဝတ်ဆင်ထားပြီး ယောက်ျား တစ်ယောက်ပမာ ဖြစ်နေသူမှာ မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း သူတို့ သိနိုင်မည် မဟုတ်ချေ။ လောကကြီး အကြောင်းအား အများကြီး မြင်တွေ့ ဖြတ်သန်းခဲ့ဖူးသော သူတို့နှစ်ယောက် ပင်လျှင် သူတို့ရှေ့မှလူမှာ မိန်းမလား ယောက်ျားလား ဆိုသည်ကို ခွဲခြား၍ မရသော စွမ်းအင်မျိုး ပိုင်ဆိုင်ထားကြောင်း ဝန်ခံရလိမ့်မည်။
ထို့အပြင် အလွန်ပင် နက်နဲ လွန်းလှသဖြင့် မှန်းဆ၍မရနိုင်ချေ။ သူတို့၏ ကျင့်စဉ်အဆင့်နှင့်ပင် သူမ၏ အဆင့်များအား ဖောက်ထွင်း မမြင်နိုင်ချေ။ ဤသည်ကိုမှ မှန်းဆ၍ မရနိုင်ဟု မခေါ်လျှင် မည်သည့်အရာကို ခေါ်ရမည်နည်း။
သူတို့ ပေါ်လာသည့် အချိန်မှစ၍ သူမထံတွင် အံ့သြသွားခြင်း ကြောက်လန့် သွားခြင်းမျိုး အရိပ်အယောင်လေးမျှ မတွေ့ရပေ။ မျက်နှာဖုံး အပြင်ဘက်၌ ပေါ်နေသော နှုတ်ခမ်းများထက်တွင် သွေးအေးရက်စက်သည့် အပြုံးဖျော့ဖျော့လေး တစ်ခု ချိတ်ဆွဲထားသဖြင့် သူတို့နှစ်ယောက်၏ နှလုံးသားထဲတွင် သတိထားမှုများနှင့် စိုးရိမ်မှုများ ပြည့်နှံ့သွားစေခဲ့သည်။
"မင်းက တကယ်ပဲ ဘယ်သူလဲ ဘာလို့ ငါတို့ရွှီမိသားစုကို ဆန့်ကျင်ဖို့ ရွေးချယ်ရတာလဲ"
အကြီးအကဲချုပ်မှ အသံသြသြဖြင့် မေးလိုက်ပြီးနောက် သူ၏ စူးရှသော အကြည့်များသည် အနီရောင်ဝတ်စုံနှင့်လူအား စိုက်ကြည့်နေခဲ့သည်။ ဖုန်းကျို့မှ အကြီးအကဲချုပ်အား တစ်ချက် ကြည့်လိုက်ပြီး မေးခွန်းထုတ်သည့် လေသံဖြင့် ပြောလိုက်သည်။
"မင်းတို့ကို ဆန့်ကျင်တယ် လာစမ်းပါ ဒီအချိန်တွေ တစ်လျှောက်လုံး ငါ့ကို လိုက်နှောင့်ယှက်နေတာ မင်းတို့ချည်းပဲလေ ငါက ဘယ်တုန်းကများ မင်းတို့နဲ့ အရင်စပြီး ရန်ဖြစ်ဖူးလို့လဲ"
သူမ ခေတ္တရပ်လိုက်ပြီး ရှေ့မှ ပထမဆုံး လူလတ်ပိုင်း အမျိုးသားဆီသို့ အကြည့်ရွှေ့လိုက်ကာ အေးတိအေးစက် အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်သည်။
"မင်းတို့မိသားစုက ဒီဒုတိယသခင်လေးကသာ မှောင်ခိုဈေးကွက်ကို ပြေးပြီးတော့ ငါ့ခေါင်းကို ဆုကြေးငွေ သွားမထုတ်ဘူးဆိုရင် ငါက သူ့ကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ"
"ဒီလိုဆိုရင်တောင် မင်းက ငါတို့ ရွှီမိသားစုရဲ့ သခင်လေးကို သတ်ခဲ့ပြီး ဒုတိယသခင်လေးရဲ့ လက်တစ်ဖက်ကိုလည်း အသုံးမဝင်အောင် လုပ်ခဲ့သေးတယ် အဲဒါတွေက မင်း ငြင်းလို့မရတဲ့ အချက်တွေပဲ"
"အိုး မင်းပြောပုံအရဆိုရင် မင်းတို့တွေ ငါ့ကိုသတ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ငါက လည်ပင်းကို ဆန့်ထုတ်ပြီး မင်းတို့ အားလုံးဆီ ဗန်းလေးနဲ့ တင်ဆက်ပေးရမှာလား"
သူမမှ မျက်ခုံးပင့်ကာ မေးလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ရှိနေဆဲဖြစ်သော်လည်း မျက်လုံးထဲမှ အရောင်အဝါမှာမူ အေးစက်ခက်ထန်နေခဲ့သည်။
အကြီးအကဲချုပ်၏ မျက်နှာသည် မည်းမှောင်သွားပြီးနောက် အေးစက်စက် ရယ်မောကာ ပြောလိုက်လေသည်။
"ဒါဆိုရင်လည်း အစကတည်းက မဆန့်ကျင်သင့်တဲ့လူတွေကို စော်ကားမိတဲ့ မင်းရဲ့ကံကြမ္မာကိုပဲ အပြစ်တင်လိုက်တော့ ရာစုနှစ် တစ်ခုနီးပါး ရပ်တည်လာခဲ့တဲ့ ငါတို့ရဲ့ ထင်ရှားကျော်ကြားလှတဲ့ ရွှီမိသားစုက မင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူးကွ မင်းအတွက် ဘာကကောင်းလဲဆိုတာ သိရင် ငါတို့ဆီမှာ အညံ့ခံလိုက် ဒါမှမဟုတ်ရင်"
"ဒါမှမဟုတ်ရင်"
ဖုန်းကျို့က နှုတ်ခမ်းထောင့်များအား ကွေးလိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်လေသည်။ ထို့နောက် စူးစမ်းချင်စိတ် ပြင်းပြသော လေသံဖြင့် မေးလိုက်သည်။
"ဒါမှမဟုတ် ဘာဖြစ်လဲ ငါ့ကို သတ်မှာလား"
"ဒါမှမဟုတ် ငါတို့ရဲ့ မစ်ရှင် အတွက် အဖြေ အဖြစ် မင်းရဲ့ ခေါင်းကိုပဲ ယူသွားမယ်"
အကြီးအကဲချုပ်က ဒေါသတကြီး ပြောလိုက်ပြီး သူ၏ လက်ချောင်းများသည် ချက်ချင်းဆိုသလို ချွန်ထက်သော လက်သည်းများပမာ ကွေးညွတ်သွားခဲ့ကာ ဖမ်းဆုပ် ချုပ်နှောင်သည့် ကျင့်ကြံရေးနည်းပညာ ကျွမ်းကျင်မှု မြင့်မားကြောင်း ပြသနေခဲ့သည်။
(** စာဖတ်တာ ထောက်သွားရင် နားလည်ပေးပါရှင် မူရင်းပြန်ဆိုသူ ကိုယ်တိုင်က တစ်ခါ တစ်မျိုး ပြောင်းသုံးနေတာမို့ မင်မင်လဲ နားလည်အောင် ကြိုးစားပြီး ပြန်နေရတာမို့ပါ**)
"ဒါဆိုလည်း ငါက တူညီတဲ့ တုံ့ပြန်မှုမျိုးနဲ့ပဲ တုံ့ပြန်ပြီး မင်း ဘယ်လောက် စွမ်းလဲဆိုတာ ကြည့်ရသေးတာပေါ့"
သူမမှ အေးစက်စက် ရယ်မောလိုက်ပြီးနောက် တိုက်ပွဲတွင် ပြိုင်ဘက်အား ရင်ဆိုင်ရန် ခန္ဓာကိုယ်ကို ချက်ချင်း ရွှေ့လျားလိုက်တော့သည်။ အကြီးအကဲချုပ်မှ သူ၏လက်များအား ထူထဲ ပြင်းထန်သော ချီစွမ်းအားများ သွင်းလိုက်ပြီးနောက် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အနောက်သို့ လိမ်ချိုးရန် တွေးလိုက်လေသည်။
သို့သော် ဖုန်းကျို့သည် မြွေတစ်ကောင်ပမာ လျင်မြန် ပါးနပ်စွာဖြင့် သူ၏ဆုပ်ကိုင်မှုမှ ရုန်းထွက်လိုက်ပြီးနောက် သူမ၏ လက်ကောက်ဝတ်အား ပြောင်းပြန်လှည့်ကာ သူ၏ လက်ကောက်ဝတ်ကို အစားထိုး ဆုပ်ကိုင်လိုက်ပြီး ချက်ချင်းပင် အရှေ့သို့ ဆွဲချလိုက်တော့သည်။
သူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ ဟန်ချက် ပျက်သွားပြီးနောက် သူ့အား ဆုပ်ကိုင်ထားဆဲ ဖြစ်သော သူမ၏ လက်ဆီ မှနေ၍ စွမ်းအားများ လှိုင်းလုံးပမာ ရိုက်ခတ်လာသည်ကိုသာ ခံစားလိုက်ရလေသည်။ ရုတ်တရက် မြေပြင်ပေါ် မှနေ၍ မြောက်တက်သွားပြီး နောက်သို့ လွင့်စင်သွားတော့သည်။
အကြီးအကဲချုပ်မှ သူ၏စွမ်းအားများအား ဖြန့်ခွဲလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ကျဆင်းရန် လေထဲတွင် လှည့်ပတ်ရင်း ဟန်ချက်ညီအောင် ကြိုးစားလိုက်လေသည်။ သူ၏မျက်နှာက မည်းမှောင်နေပြီး ပြောလိုက်သည်။
"မင်းက သိုင်းကွက် နည်းနည်းပါးပါး သိထားတာပဲ နှမြောစရာကောင်းတာက ဒီနေ့အတွက် တစ်ခုတည်းသော ရလဒ်က သေခြင်းတရားပဲ ဖြစ်နေတာပဲ"
"နှမြောစရာပါပဲ"
သေရမည့်သူမှာ အကြီးအကဲချုပ် ဖြစ်မည်ဟု သေချာနေသည့် အလား နောင်တနှင့် ကိုယ်ချင်းစာမှုများ ပြည့်နှံ့နေသော အကြည့်များဖြင့် သူ့အား ကြည့်ရင်း သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။
သူမ၏ နောင်တရသလိုနှင့် ကိုယ်ချင်းစာသလို အကြည့်များသည် အကြီးအကဲချုပ်အား အကြီးအကျယ် ဒေါသထွက်စေခဲ့ကာ သူ၏ ဓားရှည်အား ဆွဲထုတ်လျှက် သူမဆီ တည့်တည့် ချိန်ရွယ်လိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မောက်မာတဲ့ ကောင်စုတ် မင်းရဲ့ အထင်အမြင်သေးတဲ့ အပြုအမူတွေ အတွက် ပြင်းပြင်းထန်ထန် ပေးဆပ်ရလိမ့်မယ် ဒီနေ့ မင်းရဲ့ခေါင်းကို ငါ ယူမယ်"
ဓားအဖျားအား ရှေ့သို့ ချိန်ရွယ်ထားချိန်တွင် ထူထဲ ပြင်းထန်သော ချီစွမ်းအင်များသည် ခန္ဓာကိုယ်ထဲမှနေ၍ ဒီရေပမာ စီးဆင်းလာပြီးနောက် ဓား၏ ထက်မြက်သော အသွားပေါ်တွင် စုစည်းသွားခဲ့သည်။
ခဏအတွင်းမှာပင် သွေးအေး ရက်စက်သော ဖိနှိပ်မှုများ ပြည့်နှံ့နေသည့် မကောင်းဆိုးဝါး အရှိန်အဝါတစ်ခုသည် ဓားဆီမှနေ၍ ပေါက်ကွဲ ထွက်လာခဲ့သည်။ အကြီးအကဲချုပ်မှ ကြောက်မက်ဖွယ် ကောင်းသော လူသတ်ချင်သည့် ဒေါသများအား သယ်ဆောင်လာပြီး အသံထက်မြန်သော နှုန်းဖြင့် အနီရောင်ဝတ်စုံနှင့်လူဆီ ချက်ချင်း ပြေးဝင်သွားတော့သည်။
'ချွင်'
ဓားသွားတွင် အပြာရောင် တောက်ပနေသော ဓားရှည် တစ်လက်သည် သူ့ရှေ့မှ တိုက်ခိုက်မှုအား ကာကွယ်လိုက်လေသည်။ ဓားနှစ်လက် အချင်းချင်း ရိုက်ခတ်သွားပြီး ဓားများဆီမှ ထွက်ပေါ်လာသော ထက်ရှသည့် အရှိန်အဝါများသည် တစ်လက်မလေးမျှ အလျှော့မပေးကြချေ။ ထိုအချိန်မှာပင် အံ့သြတုန်လှုပ်သွားသည့် သက်ပြင်းချသံ တချို့လည်း ထွက်ပေါ်လာခဲ့သည်။
"မိုးပြာ မိုးပြာရောင် ဓား"