← Chapters

အခန်း ၇၂

Vol. 5 Ch. 72

အခန်း ၇၂

Vol. 5 Ch. 72

အခန်း - ၇၂

"ရှောင်ကျို့ရယ် အစ်ကို့ ရင်ထဲမှာ ဗြောင်းဆန် ပြီး စိတ်ရှုပ်ထွေး နေတာကို မင်းက အစ်ကို့ကို နှစ်သိမ့် မပေးတဲ့အပြင် လှောင်တောင် ရယ်နေသေးတယ်နော်"

သူသည် သူမအား မကျေမနပ်ဖြင့် ကြည့်လိုက်သော်လည်း သူမ၏ ရယ်သံအား ကြားလိုက်ရ ပြီးနောက် သူ၏ စိတ်ခံစားချက်မှာ အတော်လေး တက်ကြွလာခဲ့လေသည်။

"မဟုတ်ပါဘူး အစ်ကိုရဲ့ ညီမက အစ်ကို့ရဲ့ ဒီလိုပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးလို့ပါ အရမ်းကို ဆန်းသစ်နေလို့လေ ဟား ဟား"

သူမ သည် အမှန်ပင် လိမ်ပြောနေခြင်း မဟုတ်ပေ။ သူသည် ရုပ်ရည် ချောမောသော်လည်း ဝက်ဝံ တစ်ကောင်၏ ကျောပြင် သို့မဟုတ် ကျားတစ်ကောင်၏ ခါးနှင့် နှိုင်းယှဉ် နိုင်လောက်အောင် ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးနှင့် အလွန်သန်မာသော ရုပ်သွင်အား ပိုင်ဆိုင်ထားသူ တစ်ဦဂ ဖြစ်သည်။

သို့ပါလျက်နှင့် ဤမျှ ရှက်ရွံ့ကာ မကျေမနပ် ဖြစ်နေသော မျက်နှာထားမျိုးအား ပြသနေသဖြင့် အလွန်တရာ ဆန့်ကျင်ဘက် ဖြစ်နေပြီး သူမအနေဖြင့် မရယ်ဘဲ မနေနိုင်ခဲ့ခြင်းသာ ဖြစ်သည်။

"ဒါပေမဲ့ အစ်ကို့ မိဘတွေကရော ဘယ်လိုလဲ အစ်ကို့ကို စေ့စပ်ပေးခဲ့တာက အစ်ကို့ အဖေဆိုတော့ သူက သူတို့ရဲ့ မင်္ဂလာပွဲကို ကန့်ကွက်မှာ မဟုတ်ဘူးလား"

သူမမှ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်မိသည်။ သူမသည် သူ့အား ကယ်တင်ခဲ့သည်မှာ သိပ်မကြာသေးသည် မဟုတ်ပါလော။ သူတို့သည် သူ့အား အမှန်ပင် သေသွားပြီဟု ထင်နေကြသည်လား။

ထိုစကားအား ကြားလိုက်ရသောအခါ ကွမ်ရှီးလင်၏ ရှက်ရွံ့မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဝမ်းနည်းစွာဖြင့် ပြောလာခဲ့သည်။

"အစ်ကို အစ်ကို့အမေကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး အစ်ကို အသက် ခြောက်နှစ် အရွယ်မှာ အစ်ကို့အဖေက အမေ့အကြောင်း သတင်းတချို့ ကြားလို့ဆိုပြီး သွားရှာခဲ့တာလေ ဒါပေမဲ့ အဲဒီအချိန်ကစပြီး အဖေ ပြန်မလာခဲ့တော့ဘူး မိသားစုကလည်း ဘာသတင်းမှ မရခဲ့တော့ မိသားစုထဲက လူတိုင်းက အဖေ သေသွားပြီလို့ပဲ ယူဆထားကြတာ"

သူသည် ကျောက်စားပွဲဆီသို့ လျှောက်သွားလိုက်ကာ လက်ထဲမှ ပစ္စည်းများအား ချထားလိုက်ပြီးနောက် သူ၏ မျက်လုံးများသည် တက်ကြွမှုများဖြင့် တောက်ပလာခဲ့ကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့ကို အစ်ကို မယုံဘူး ငါတို့ ကွမ်မိသားစု သမိုင်းမှာ အစ်ကို့ အဖေရဲ့ ပါရမီက အကောင်းဆုံးပဲ အဖေ သေသွားပြီ ဆိုတာကို အစ်ကို လုံးဝ မယုံကြည်ဘူး အစ်ကို့ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားမယ်လို့ ငယ်ငယ်ကတည်းက ကတိပြုထားခဲ့တယ် ဒါမှ အဖေနဲ့ အမေ သက်ရှိထင်ရှား ရှိနေသေးသရွေ့ အစ်ကို့ကို မှတ်မိနိုင်ကြမှာလေ"

သူ၏ လေးနက်ကာ စိတ်ပိုင်း ဖြတ်ထားသော အမူအရာအား ကြည့်ရင်း ဖုန်းကျို့မှ သူ့အား အတည်ပြုသည့် အကြည့်ဖြင့် ကြည့်ကာ သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။ ဤအချက်သည် အရာများစွာအား ရှင်းပြနေခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိပ်မမြင့်မားသော်လည်း သူ၏ တိုက်ကွက်တိုင်းတွင် ပေါက်ကွဲ ထွက်မတတ် စွမ်းအားများ ပြည့်နှက်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

၎င်းသည် သူ၏ ကြွက်သားများ အလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးနေကြောင်းအား ပြသနေပြီး ဤအဆင့်ထိ ရောက်လာရန် အတွက် ပြင်းထန်သော ကြိုးစား အားထုတ်မှုများစွာ ပါဝင်နေသည်ဟု အဓိပ္ပာယ်ရလေသည်။

"အစ်ကို လုပ်နိုင်မယ်ဆိုတာ ညီမ ယုံတယ်"

သူမသည် သူ့အား အားပေးသည့်အနေဖြင့် ပခုံးကို ပုတ်ပေးလိုက်သည်။

"သေချာ လေ့ကျင့်ပါ အစ်ကို့ရဲ့ ပါရမီက နိမ့်ကျမနေပါဘူး အစ်ကို့ရဲ့ အနာဂတ်က အစ်ကို့အဖေထက် သေချာပေါက် ပိုကောင်းလာမှာပါ"

ထိုသို့ ပြောပြီးနောက် သူမမှ ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။

"ဒါပေမဲ့ အစ်ကို အစ်ကို့ရဲ့ ဝမ်းကွဲအစ်ကို လက်ထပ်တော့မယ် ဆိုမှတော့ အစ်ကိုက ဘယ်လိုလုပ်ပြီး ပြန်မသွားဘဲ နေမှာလဲ သွားပြီး သေချာပေါက် ဂုဏ်ပြုပေးရမှာပေါ့ ဒါက သိပ်ပြီး မသင့်တော်ဘူးလေ"

"ဟင်"

သူသည် သူမအား နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။

"ကဲ ညီမပါ အစ်ကိုနဲ့ အတူတူ လိုက်ခဲ့မယ်လေ"

မည်သို့ပင်ဆိုစေ သူတို့ ဤနေရာတွင် ကြာရှည်နေ၍ မရတော့ပေ။ သို့မဟုတ်ပါက ရွှီမိသားစုသာ သူတို့ရှိရာ နေရာအား ရှာတွေ့သွားလျှင် မည်မျှ ဒုက္ခရောက် ရမည်နည်း။ ထို့အပြင် ယခုလက်ရှိ သူမတွင် သူတို့အား ရင်ဆိုင်ဖြေရှင်းရန် လုံလောက်သော ခွန်အား မရှိသေးပေ။ ထို့ကြောင့် လောလောဆယ်တွင် သူမအနေဖြင့် လူလုံး မပြဘဲ အချိန်ကောင်းကိုသာ ဖြည်းဖြည်းချင်း စောင့်ဆိုင်းရမည် ဖြစ်သည်။ ထို့ထက်ပို၍ သူမသည် တိမ်တိုက် လမင်းမြို့တော်သို့ ပြန်သွားပြီး လေ့လာ ကြည့်ရှုချင်စိတ်များ ပြင်းပြနေခဲ့သည်။

"အစ်ကို အရင်သွားပြီး မြင်းလှည်း တစ်စီးလောက် ဝယ်ထားလိုက်ပါလား ညီမ အပြင်ခဏ သွားပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်"

ထို့နောက် သူမသည် အခန်းထဲသို့ ပြန်ဝင်သွားကာ ယောကျ်ားလေး ဝတ်စုံအား လဲလှယ် ဝတ်ဆင်လိုက်ပြီးနောက် မျက်နှာဖုံးတစ်ခုကိုပင် တပ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့တေ့ာသည်။

ကွမ်ရှီးလင်သည် သူမ အခန်းထဲမှ ထွက်လာချိန်တွင် သူမ၏ ဝတ်စားဆင်ယင်မှုအား ကြည့်ပြီး အံ့အားသင့် သွားခဲ့ရလေသည်။ သို့သော်လည်း သူ မည်သည်ကိုမှ မမေးတော့ဘဲ အစားအစာ အနည်းငယ်ကိုသာ စားသောက်လိုက်ပြီးနောက် အိမ်ပြန်ခရီး အတွက် ကောင်းမွန်သော မြင်းလှည်းတစ်စီး ဝယ်ယူရန် ထွက်ခွာသွားတော့သည်။

ဖုန်းကျို့သည် မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာပြီးနောက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် တံခါးအနီးတွင် ရပ်နေကာ သူမ ချဉ်းကပ် လာသောအခါ ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်သည်။

သူမသည် ထိုမိန်းကလေးကို အကဲခတ်ရုံသာ လျင်မြန်စွာ ကြည့်လိုက်ပြီးနောက် နေလောင်ထားသော မျက်နှာနှင့် အောက်သို့ ချထားသော အကြည့်များအား မြင်တွေ့လိုက်ရသည်။ ထို့နောက် သူမသည် ထိုမိန်းကလေးအား ထပ်မံ၍ အာရုံမစိုက်တော့ဘဲ အထဲသို့ ခပ်သွက်သွက် ဝင်သွားခဲ့တော့သည်။

သို့ရာတွင် ဖုန်းကျို့သည် အနက်ရောင်ဝတ် မိန်းကလေး၏ ဘေးမှ ဖြတ်လျှောက် သွားသည့် အခိုက်အတန့်တွင် ထိုမိန်းကလေးသည် သူမ၏ အကြည့်များအား မော့ကြည့်လိုက်လေရာ ကြယ်လေးများလို တောက်ပနေသည့် ထိုမျက်လုံးအစုံတွင် အလင်းရောင်တစ်ခု လက်သွားခဲ့ကာ သူမ၏ အကြည့်များသည် ဝင်ရောက်သွားသော အနီရောင် အရိပ်လေး ထံတွင် ရပ်တန့်သွားခဲ့လေသည်။

"သခင်လေးက ထွက်ခွာတော့မလို့လား"

အခန်းထဲတွင် ကြီးကြပ်ရေးမှူးမှ စိုးရိမ်တကြီး လေသံဖြင့် မေးမြန်းနေလေသည်။

"ဒါပေမဲ့ ကျွန်တော်တို့ ဝိဉာဉ်ဆေးပင်တွေ အားလုံးကို ရှာဖွေစုဆောင်းလို့ မပြီးသေးဘူးလေ"

"တိမ်တိုက် လမင်း မြို့တော်မှာရော မှောင်ခိုဈေးကွက် မရှိဘူးလား ခင်ဗျားတို့ စုဆောင်းလို့ ပြီးသွားတဲ့အခါ အဲဒီကိုပဲ ပို့လိုက်ပါ"

သူမ၏ လက်ထဲတွင် ပါးလွှာသော ပုံဆောင်ခဲ ကတ်ပြားလေး တစ်ခုအား ကိုင်ဆောင်ထားလေသည်။ ထိုကတ်ပြားထဲတွင် ဆေးပုလင်း နှစ်ပုလင်း ရောင်းချရငွေများ ပါဝင်နေခဲ့သည်။

All Chapters