← Chapters

အခန်း ၇၃

Vol. 5 Ch. 73

အခန်း ၇၃

Vol. 5 Ch. 73

အခန်း - ၇၃

သူမ၏ ဆေးပညာ ကျွမ်းကျင်မှုသည် သူမအတွက် အထောက်အကူ အများဆုံး ဖြစ်လာလိမ့်မည်ဟု သူမ အမှန်ပင် ထင်မှတ်မထားခဲ့ချေ။ သို့သော် ဤအရာများသည် သူမ ကိုယ်တိုင် ရောစပ် ဖော်စပ်ထားသော ဆေးများသာ ဖြစ်သည်။ အကယ်၍သာ ဤကမ္ဘာမှ ဆေးဆရာတစ်ဦးမှ ဤသို့ လုပ်ဆောင်နိုင်မည်ဆိုလျှင်....

ထိုအတွေးသည် သူမ၏ ခေါင်းထဲသို့ ဝင်ရောက် လာသောအခါ သူမ၏ မျက်လုံးများတွင် အရောင်အဝါ တစ်ချက် လက်သွားပြီး အကြံဉာဏ် တစ်ခုသည် သူမ၏ ခေါင်းထဲတွင် ဖြည်းညင်းစွာ ပုံပေါ်လာခဲ့လေသည်။

သူမသည် အကြည့်များအား မော့ကြည့်လိုက်ကာ သူမ၏ ရှေ့ရှိ ကြီးကြပ်ရေးမှူး တုန်းအား ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"အပြင်မှာ ဒူးထောက်နေတဲ့ အနက်ရောင် ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကို ကျွန်တော် တွေ့ခဲ့တယ် အဲဒီနေ့က ဆေးကို ဝယ်ယူသွားတာ သူမဖြစ်ပုံရတယ်"

"ဟုတ်တယ် သခင်လေး အဲဒီ မိန်းကလေးပါပဲ သူမ အဲဒီမှာ ဒူးထောက်နေတာ နှစ်ရက်လောက်တောင် ရှိနေပြီ သခင်လေးနဲ့ တွေ့ဖို့အတွက် အဲဒီလို လုပ်နေတာပါ"

"ငါနဲ့ တွေ့ဖို့ ဟုတ်လား"

သူမသည် မျက်ခုံးတစ်ဖက်အား ပင့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့တော့သည်။

"ဟုတ်ပါတယ် ဒီမိန်းကလေးက မှောင်ခိုဈေးကွက် သိုင်းပြိုင်ပွဲကွင်းမှာ အတော်လေး နာမည်ကြီးတဲ့ ကျင့်ကြံသူ တစ်ယောက်ပါ သူ့မှာ မောင်တစ်ယောက် ရှိတယ်လို့ ကြားတယ် ဒါပေမဲ့ သူမရဲ့မောင်က အတော်လေး ဖျားနာနေတာတဲ့ သူ ဒီမှာ နိုင်ထားတဲ့ ငွေတွေ အကုန်လုံးကို သူ့ မောင်လေးရဲ့ ဆေးကုသ စရိတ်အတွက် အသုံးပြုခဲ့ပေမဲ့ သူတို့ သွားပြခဲ့တဲ့ ဆေးဆရာတွေ အားလုံးကတော့ သူရဲ့မောင်လေး သက်တမ်း သိပ်မကျန်တော့ဘူးလို့ ပြောကြတယ်လေ"

ကြီးကြပ်ရေးမှူး တုန်း စကားပြောနေစဉ် ဖုန်းကျို့ စိတ်ဝင်စားမှု အချို့ ပြသနေသည်အား မြင်သောအခါ သူမှ ဆက်လက်၍ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူရဲ့မောင်လေးက သတိလစ်ပြီး မေ့မြောသွားပြီးတော့ မြို့ထဲက ဆေးဆရာတွေ အကုန်လုံးလည်း ဘာမှ မတတ်နိုင်ကြတော့ဘူး သူ ဘာလုပ်ရမှန်း မသိတော့ဘဲ သခင်လေးနဲ့ တွေ့ခွင့်ရဖို့ တောင်းပန်တဲ့အနေနဲ့ အဲဒီမှာ ဒူးထောက်နေဖို့ ဆုံးဖြတ်လိုက်တာပဲ ကျွန်တော်တို့က သခင်လေး အကြောင်း ဘာ သတင်း အချက်အလက်မှ ထုတ်မပြောပါဘူးလို့ ကတိပေးထားတော့ သဘာဝကျကျပဲ သူ့ကို ဘာမှ မပြောပြခဲ့ဘူးလေ အဲဒီအချိန်ကစပြီး သူက ဒီအချိန် တစ်လျှောက်လုံး အဲဒီမှာ ဒူးထောက်နေခဲ့တာ သူ့ကို နှင်ထုတ်ဖို့ ကြိုးစားပေမဲ့လည်း သူက နည်းနည်းလေးတောင် မရွေ့ဘူး"

ဖုန်းကျို့မှ ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမျှ မပြောခဲ့ပေ။ ခဏအကြာတွင် ဆေးအတွက် ညွှန်ကြားချက် အချို့ ထားခဲ့ပြီးနောက် ထွက်ခွာရန် မတ်တပ်ရပ်လိုက်လေသည်။

သူမသည် မှောင်ခိုဈေးကွက်၏ တံခါးပေါက်များ မှတစ်ဆင့် အပြင်သို့ ထွက်လာပြီး ထိုမိန်းကလေးငယ်၏ အနီးမှ ဖြတ်လျှောက် သွားသောအခါ မိန်းကလေးသည် သူမအား ကြည့်နေသည်ကို ဖုန်းကျို့ သတိပြုမိလိုက်သည်။ ဖုန်းကျို့သည် လမ်းလျှောက်နေရင်း ခဏတာ ရပ်တန့်လိုက်ပြီးနောက် သူမအား တစ်ချက် ကြည့်လိုက်ကာ ခပ်သွက်သွက် ခြေလှမ်းများဖြင့် ဆက်လက် ထွက်ခွာသွားခဲ့တော့သည်။

အနက်ရောင်ဝတ် မိန်းကလေးငယ်သည် ထွက်ခွာသွားသော အရိပ်လေးအား လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများ တောက်ပသွားခဲ့ကာ နောက်မှ လိုက်ရန် ချက်ချင်း မတ်တပ် ရပ်လိုက်တော့သည်။

ဖုန်းကျို့သည် လမ်းသုံးလမ်းအား ဖြတ်ကျော် သွားပြီးနောက် သူမ၏ ခြေလှမ်းများအား ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမ၏ အသံမှာ လှောင်ပြောင် သရော်သည့်ဟန်ဖြင့် ထွက်ပေါ်လာခဲ့သည်။

"ငါ့နောက်ကို ဒီလောက်ကြာအောင် လိုက်နေတာ ငါ့ကို လုယက်ဖို့ စဉ်းစားနေတာလား"

သူမသည် ထိုစကားအား ပြောလိုက်သည်နှင့် တစ်ပြိုင်နက် နောက်သို့ လှည့်ကြည့်လိုက်မိသည်။ အနက်ရောင်ဝတ်စုံဖြင့် အရိပ်တစ်ခု အနောက်မှ ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ တံခါးရှေ့တွင် ဒူးထောက်နေသည့် မိန်းကလေးငယ် ဖြစ်ကာ သူမ၏ မျက်နှာကိုပင် အမည်းရောင်များ သုတ်လိမ်းထားလေသည်။ သူမသည် အနီရောင်ဝတ်စုံနှင့် ခမ်းနား ထည်ဝါသော အရိပ်လေးအား စိုက်ကြည့်နေပြီး နှုတ်ခမ်းအား ကိုက်ကာ ပြောလိုက်သည်။

"ရှင့်ဆီက ဆေးနံ့ရတယ် ဆေးကို ဖော်စပ်ခဲ့တာ ရှင်ပဲ"

ဖုန်းကျို့မှ ပြုံးလိုက်ပြီးနောက် သူမ၏ လက်များအား ရင်ဘတ်ရှေ့တွင် ယှက်ထား လိုက်ကာ နှုတ်ခမ်းတစ်ဖက်အား တွန့်ကွေး၍ ပြန်မေးလိုက်လေသည်။

"ပြီးတော့"

အနက်ရောင်ဝတ် မိန်းကလေးသည် ဖုန်းကျို့အား ကြည့်ကာ ခဏတာ တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက် ဒူးတစ်ဖက် ထောက်လိုက်ပြီး ခေါင်းငုံ့လျှက် ပြောလိုက်သည်။

"ကျွန်မရဲ့ မောင်လေးကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်"

သူမ၏ လေသံသည် တင်းမာကာ အေးစက်နေခဲ့လေသည်။ သူမသည် ဒူးထောက်နေသော်လည်း ကျောပြင်ကိုမူ မတ်မတ်ထားထားခြင်း ဖြစ်သည်။ ဤသည်မှာ လူအများအား တောင်းပန်ရာတွင် အကျွမ်းတဝင် ရှိသူ တစ်ဦး မဟုတ်ကြောင်း သိသာ ထင်ရှားလှပေသည်။ ဖုန်းကျို့၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမိုနက်ရှိုင်းသွားသော်လည်း သူမမှ ခေါင်းယမ်းလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ငါ ငြင်းတယ်"

ထိုစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းကျို့သည် သူမ၏ ခြေလှမ်းများအား ရွေ့ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်း သွားခဲ့လေသည်။

သို့သော် အနောက်တွင် ဒူးထောက်နေခဲ့သော အရိပ်လေးသည် အပြေးအလွှား လိုက်လာပြီးနောက် ဤတစ်ကြိမ်တွင် ဖုန်းကျို့နှင့် ခြေသုံးလှမ်း အကွာတွင် ဒူးထောက် လိုက်တော့သည်။

"ကျွန်မရဲ့ မောင်လေးကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်"

အသံသည် ယခင်ကလိုပင် တင်းမာ ခက်ထန်နေပြီး ကျောပြင်သည်လည်း ယခင်ကလိုပင် မတ်မတ်ထားထားဆဲပင် ဖြစ်သည်။ ထိုမြင်ကွင်းအား ဖုန်းကျို့ မြင်လိုက်ရသောအခါ သိုင်းပြိုင်ပွဲ ကွင်းတွင် ရှိခဲ့စဉ်က နေ့ရက်အား သူမ သတိရသွားစေခဲ့သည်။ ထိုစဉ်တွင် သူမ၏ မျက်လုံးများသည် သားရဲငယ်လေး တစ်ကောင်လို သန်မာကာ စိတ်ပိုင်းဖြတ်ထားမှုများ အပြည့်ရှိနေခဲ့သည်။

"ဒါဆိုရင် မင်း ငါ့ကို ပြောကြည့်စမ်းပါအုန်း ဘာကိုအခြေခံပြီး မင်းရဲ့ မောင်လေးကို ငါက ကယ်တင်ပေးရမှာလဲ"

"ကျွန်မ ရှင့်အတွက် လူတွေကို သတ်ပေးနိုင်တယ်"

ဖုန်းကျို့မှ ခေါင်းယမ်းလိုက် ပြီးနောက် ပြောလိုက်သည်။

"လူသတ်ဖို့အတွက်ဆိုရင် မှောင်ခိုဈေးကွက်မှာ ကြေးစားလူသတ်သမားတွေ ရှိပြီးသားပဲ"

"ကျွန်မရဲ့ အသက်ကို ရှင့်ကို ပေးနိုင်တယ်"

ဖုန်းကျို့မှ နောက်တစ်ကြိမ် ခေါင်းယမ်းလိုက်ပြန်ကာ ဆက်ပြောလိုက်သည်။

"မင်းရဲ့ အသက်ကို ငါ အသုံးမလိုဘူး"

ထိုစကားအား ကြားလိုက်ရသောအခါ သူမမှ မျက်လုံးများအား မော့ကာ သူမရှေ့ရှိ လူ၏ မျက်လုံးများထဲသို့ တိုက်ရိုက် စိုက်ကြည့်ပြီး ဆက်မေးလိုက်သည်။

“ဒါဆို ရှင် ဘာလိုချင်တာလဲ"

ဖုန်းကျို့၏ အကြည့်များသည် မိန်းကလေးငယ်အား အပေါ်အောက် စူးစမ်းစွာ ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ခေါင်းယမ်းလိုက်ကာ မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပြုံးပြပြီးနောက် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လှည့်ထွက်သွားခဲ့တော့သည်။

အနီရောင် အရိပ်လေး တဖြည်းဖြည်း ဝေးကွာသွားသည်အား ကြည့်ရင်း အနက်ရောင်ဝတ် မိန်းကလေးမှ မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြော လိုက်လေတော့သည်။

"ရှင့်ရဲ့ အိပ်ရာကို ကျွန်မ နွေးထွေးအောင် လုပ်ပေးနိုင်တယ်"

သူမ၏ အနောက်မှ ထိုစကားများအား ရုတ်တရက် ကြားလိုက် ရသောအခါ ဖုန်းကျို့၏ ခြေလှမ်းများ ယိမ်းယိုင်သွားပြီး ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ သူမ၏ မျက်နှာအား စောင့်မိမတတ် ဖြစ်သွားတော့သည်။

All Chapters