← Chapters

အခန်း ၇၅

Vol. 5 Ch. 75

အခန်း ၇၅

Vol. 5 Ch. 75

အခန်း - ၇၅

ထိုစကားအား ကြားလိုက်ရသောအခါ ကွမ်ရှီးလင်သည် ခဏတာမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရလေသည်။ သူ၏ ညီမလေး ဖြစ်သူသည် အဘယ်ကြောင့် ဤကဲ့သို့ လူနှစ်ယောက်အား ရုတ်တရက် ပြန်ခေါ်လာရလေသနည်း။

"တက်လေ"

ဖုန်းကျို့မှ မိန်းကလေးငယ်အား သူမ၏ မောင်လေးအား မြင်းလှည်းပေါ်သို့ သယ်ဆောင်သွားရန် လက်ဟန်ပြလိုက်လေသည်။

"ဟုတ်ကဲ့"

သူမမှ အသိအမှတ် ပြုလိုက်ပြီး မြင်းလှည်းပေါ်သို့ တက်သွားလိုက်တော့သည်။ ကွမ်ရှီးလင်မှ ဖုန်းကျို့အား ဘေးသို့ ဆွဲခေါ်သွားခဲ့ကာ သူ၏ အသံအား နှိမ့်ချလျှက် တိုးတိတ်စွာဖြင့် မေးမြန်းလိုက်သည်။

"ရှောင်ကျို့ ညီမလေးက အဲဒီ လူနှစ်ယောက်ကိုပါ ကိုယ်တို့နဲ့ အတူတူ ခေါ်သွားချင်လို့လား အဲဒီ ကောင်လေးက သိပ်ကျန်းမာတဲ့ပုံ မပေါ်ဘူးနော် အဲဒါ တကယ်ပဲ အဆင်ပြေပါ့မလား လမ်းတစ်ဝက်မှာ တစ်ခုခုများ ဖြစ်လာမလား"

"စိတ်မပူပါနဲ့ အဆင်ပြေမှာပါ သွားကြစို့"

သူမမှ ထိုသို့ ပြောရင်း မြင်းလှည်းမောင်းသူ မရှိသည်အား သတိပြုမိသွားကာ မေးလိုက်သည်။

"အစ်ကိုကြီး အစ်ကို ကိုယ်တိုင် မောင်းမယ်လို့တော့ မပြောနဲ့နော်"

"အင်းလေ အစ်ကို မောင်းနိုင်ပါတယ် စိတ်ချပါ လက်တစ်ဖက်တည်းနဲ့တောင် ရပါတယ်"

သူသည် ကျယ်လောင်စွာ ရီမောလိုက်ကာ သူမအား မြင်းလှည်းပေါ်သို့ အမြန်တက်ရန် တိုက်တွန်းလိုက်တော့သည်။ သူ ထိုသို့ပြောသည်အား ကြားလိုက်ရသောအခါ သူမမှ ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ဘဲ မြင်းလှည်းပေါ်သို့ လျင်မြန်စွာ တက်သွားခဲ့သည်။

သူတို့အားလုံး အတွင်းတွင် နေရာ ယူပြီးနောက် ကွမ်ရှီးလင် ကိုယ်တိုင် မြင်းလှည်းပေါ်သို့ တက်သွားလိုက်ကာ မြို့တံခါးများ၏ အပြင်ဘက်သို့ မြင်းလှည်းအား မောင်းနှင်ကာ တိမ်တိုက်လမင်းမြို့တော်သို့ ပြန်လည်ရောက်ရှိမည့် ခရီးစဉ်အား စတင်လိုက်တော့သည်။

အခြားတစ်ဖက်ရှိ တိမ်တိုက်လမင်းမြို့တော် ရွှီမိသားစုတွင်မူ

'ဒိုင်း'

အိမ်တော်သခင်၏ နေရာတွင် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် သူ၏ လက်ဖဝါးဖြင့် စားပွဲခုံ ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြီးနောက် လုံးဝ မယုံကြည်နိုင်စွာဖြင့် ရုတ်တရက် မတ်တပ် ရပ်လိုက်လေသည်။ သူသည် အောက်တွင် ဒူးထောက်နေသော အစောင့်အား ဒေါသတကြီး စိုက်ကြည့်လိုက်ကာ သူ၏ အသံမှာ အံ့အားသင့်ကာ အေးစက်ခက်ထန်နေခဲ့သည်။

"ဘာ မင်း ဘာပြောလိုက်တာလဲ ငါ့ကို နောက်တစ်ခေါက် ပြန်ပြောစမ်း"

အောင်နိုင်သူ၏ အငွေ့အသက်နှင့် သူ၏ အစွမ်းထက်သော တည်ရှိမှုသည် အောက်တွင် ဒူးထောက်နေသော အစောင့်၏ မျက်နှာအား သေမတတ် ဖြူဖျော့သွားစေခဲ့ကာ သူ၏ ခန္ဓာကိုယ်မှ ချွေးအေးများ ထွက်လာ ပြီးနောက် နှလုံးသားထဲတွင် ကြောက်ရွံ့ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့တွင် နောက်တစ်ကြိမ် ထပ်မံ ပြောဆိုရန် မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။

"သတင်း သတင်းပို့ပါတယ် အိမ်တော် အိမ်တော်သခင် ကျောက်တုံးတောအုပ်မြို့ရဲ့ မြို့တော်ဝန်က ဝိ ဝိညာဉ်စစ်သည်တော် အဆင့်ရှိတဲ့ လူ လူသေလောင်း သုံးလောင်းကို ရှာ ရှာတွေ့ခဲ့တယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားဖို့ လူလွှတ်လိုက်ပါတယ် ပြီးတော့ အဲဒီ အလောင်းတွေက ကျွန်တော်တို့ ရွှီ ရွှီမိသားစုကလို့ သူတို့ သံ သံသယရှိနေကြပါတယ်"

'ဖုန်း'

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ ကုလားထိုင်ပေါ်သို့ စိတ်ပျက်လက်ပျက် ပြန်လည် ကျဆင်းသွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်လေသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ အကြီးအကဲချုပ်နဲ့ စတုတ္ထအကြီးအကဲတို့ရဲ့ စွမ်းအားတွေနဲ့ သေးငယ်တဲ့ ကျောက်တုံးတောအုပ် မြို့လို နေရာမျိုးမှာ သူတို့ကို သတ်နိုင်လောက်တဲ့သူ တစ်ယောက်ယောက် ရှိနေဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မြေပြင်ပေါ်တွင် ဒူးထောက်နေသော အစောင့်သည် ပြန်လည် မဖြေကြားဝံ့ဘဲ ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ထိုနေရာတွင်ပင် ဆက်လက် ထိုင်နေခဲ့ရလေသည်။

"ဘယ်သူလဲ သူတို့ကို ဘယ်သူ သတ်တာလဲ"

သူ၏ ရုတ်တရက် သွေးဆာ လာသော အကြည့်များသည် အောက်ရှိ အစောင့်အား စိုက်ကြည့်နေခဲ့သည်။

"သူတို့နဲ့ အတူပါသွားတဲ့ အစောင့် နှစ်ယောက်ရော သူတို့ ပြန်ရောက်လာကြပြီလား"

ဒူးထောက်နေသော အစောင့်မှ တုန်ယင်နေသော အသံဖြင့် ပြန်လည်၍ ဖြေကြားလိုက်သည်။

"သူတို့ကို ဘယ်သူ သတ်သွားလဲဆိုတာ မသိ မသိရပါဘူး ပြီးတော့ အတူပါ သွားတဲ့ အစောင့် နှစ်ယောက်ကလည်း အပြစ်ပေးခံရမှာ ကြောက်လို့ ထွက်ပြေးသွားကြပါပြီ"

အကြီးအကဲချုပ် စတုတ္ထအကြီးအကဲနှင့် ဒုတိယသခင်လေးတို့ အားလုံး အသတ်ခံခဲ့ရသည်။ အကယ်၍ သူတို့နှစ်ဦးသာ ပြန်လာခဲ့လျှင် အိမ်တော်သခင်၏ ဒေါသသည် ရင်ဆိုင်ရလွယ်ကူမည့် အရာမဟုတ်ပေ။ ထို့ကြောင့် ထိုလူနှစ်ဦးသည် အပြင်ဘက်သို့ ရောက်နေသည့် အခွင့်အရေးအား သဘာဝကျကျ အသုံးချကာ အဝေးသို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

"ကောင်းတယ် အရမ်းကောင်းတယ်"

သူ၏ လက်သီးများအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ ယုတ်မာ ကောက်ကျစ်သော အသံမှာ အေးစက်ကာ သွေးဆာနေခဲ့ကာ ဒေါသတကြီး ပြောဆိုလိုက်သည်။

"ဒါကို စုံစမ်းစမ်း အသေးစိတ် စုံစမ်းစစ်ဆေးစမ်း"

[သူ၏ ရွှီမိသားစုသည် တိမ်တိုက်လမင်း မြို့တော်တွင် အလယ်အလတ် အဆင့်ရှိ မိသားစုတစ်ခုမျှသာ ဖြစ်သည်။ သူတို့၏ အင်အားသည် မိသားစုကြီး ရှစ်ခုနှင့် အင်အားကြီး လေးခုတို့နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ဤနေရာတွင် ထင်ရှားသော နာမည် ဂုဏ်သတင်းအား ရယူထားနိုင်ဆဲ ဖြစ်သည်။ ယခုမူ တစ်လပင် မပြည့်သေးသော အချိန်တိုလေး အတွင်းတွင် သူ၏ သားဖြစ်သူ အသတ်ခံလိုက်ရသည့် အပြင် သူ၏ ညီဖြစ်သူ သည်လည်း အသတ်ခံလိုက်ရသည်။ ထို့အပြင် အကြီးအကဲချုပ်နှင့် စတုတ္ထအကြီးအကဲတို့ပင်လျှင် အသတ်ခံလိုက်ရလေပြီ]

[တရားခံ ဘယ်သူလဲဆိုတာကို သူ မရှာဖွေနိုင်ခဲ့ဘူးဆိုလျှင် ဤကိစ္စအား သူ မည်ကဲ့သို့ မျိုသိပ်ထားနိုင်ပါ့မည်နည်း]

တိမ်တိုက်လမင်းမြို့တော် ခြံဝင်း တစ်ခု အတွင်း၌ အလွန်တရာ ထူးချွန်သော ရုပ်ဆင်းသဏ္ဍာန်ရှိသည့် လန်ရွှမ်သည် အနက်ရောင် ဝတ်ရုံအပြည့်အား ဝတ်ဆင်ထားပြီး ခြံဝင်းအတွင်း၌ သာမန် အဖြူရောင် အတွင်းခံ အဝတ်အစားအား ဝတ်ဆင်လျှက် နူးညံ့ပြီး အားပျော့သော သိုင်းကျမ်းအား လေ့ကျင့်နေသည့် အရိပ်လေးကို လှမ်းကြည့်နေခဲ့သည်။ သူမ၏ အကြည့်များမှာ အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။

သူမ၏ မောင်လေးသည် လွန်ခဲ့သော ရက်အနည်းငယ်တွင် သတိရလာခဲ့ပြီး ထိုညတွင်ပင် ဖုန်းကျို့၏ အိပ်ရာပေါ်တွင် သူမကိုယ်သူမ အဝတ်အစားများ ချွတ်ကာ လှဲလျောင်းနေမည်ဆိုသော ကတိအား သူမ တည်ခဲ့လေသည်။

ဖုန်းကျို့မှ စောင်အား လှန်လိုက် ပြီးနောက် သူမ၏ အဝတ်ဗလာ ခန္ဓာကိုယ်အား မြင်လိုက်ရချိန်တွင် ဖုန်းကျို့၏ လန့်ဖြန့်သွားသော အမူအရာနှင့် ရယ်ရမလို ငိုရမလို ကွဲလွဲနေသော စိတ်ဆန္ဒများ အကြားတွင် ကူကယ်ရာမဲ့စွာ လွန်ဆွဲနေသော အကြည့်များအား ဤအချိန်အထိ သူမ မှတ်မိနေဆဲပင် ဖြစ်သည်။

ထိုအချိန်မှတစ်ဆင့် ဖုန်းကျို့သည် မိန်းကလေး တစ်ဦး ဖြစ်ကြောင်း လန်ရွှမ် သိရှိသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဖုန်းကျို့သည် သူမ၏ အိပ်ရာအား နွေးထွေးအောင် လုပ်ပေးရန် မလိုအပ်ဘဲ သူမ၏ အလှအပကိုလည်း စိတ်မဝင်စားပါက ဖုန်းကျို့သည် သူမအား ကူညီရန် အဘယ်ကြောင့် သဘောတူခဲ့ရသနည်း။

သို့သော်လည်း အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ သူမ၏ အသက်အား ဖုန်းကျို့ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်ရာ ဖုန်းကျို့သည် သူမ၏ သခင်မ ဖြစ်လာပေလိမ့်မည်။ ထိုအချက်သည် ပြောင်းလဲသွားမည် မဟုတ်ပေ။

"လန်ရွှမ် ငါ့ရဲ့ အစ်ကိုကြီး ပြန်ရောက်လာပြီလား"

All Chapters