← Chapters

အခန်း ၁၂၆

Vol. 12 Ch. 126

အခန်း ၁၂၆

Vol. 12 Ch. 126

အခန်း ၁၂၆ - ကံဆိုးလွန်းသော ရှောက်ယုံ

ညဉ့်ဦးပိုင်း...

ယခုအခါ ဘက်စုံသုံးအဆောက်အအုံ၏ အပေါ်ဆုံးထပ် ကော်မတီ အစည်းအဝေးခန်းမတွင် အပြင်သို့ ထွက်သွားခဲ့ကြသော ကော်မတီဝင်များ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်၏။ သူတို့သည် ရှောက်ယုံ စခန်းထဲသို့ ခိုးဝင်လာသည့် သတင်းကို သိရှိထားကြပြီး ဖြစ်သည်။

"ငါတို့ ဒီလိုလုပ်ရင် တကယ်ပဲ အဆင်ပြေပါ့မလား..."

ဖုန်းမင်အန်က အနည်းငယ် မရေမရာ ဖြစ်နေသော အသံဖြင့် ပြောလိုက်သည်။

သူသည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူက နောက်ဆုံးမှ ပြန်ရောက်လာခဲ့ခြင်းဖြစ်ရာ ပြန်ရောက်သည်နှင့် ဝမ်ထောင်နှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခံခဲ့ရသောကြောင့် ဖြစ်သည်။ ဝမ်ထောင်နှင့်အတူ သရုပ်ဆောင်မှုကို ဖြစ်ကတတ်ဆန်း ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက်မှသာ ရန်ကျဲက ၎င်းအား အကြောင်းရင်းကို ပြောပြခဲ့ခြင်း ဖြစ်၏။

"ဝမ်ထောင်နဲ့ ငါ ဒါကို ခွဲခြမ်းစိတ်ဖြာပြီးပါပြီ။ ပြဿနာက သိပ်မကြီးနိုင်ပါဘူး။"

ရန်ကျဲက ပြုံးလျက် ပြောလိုက်သည်။

သူစကားပြော၍ ပြီးသည်နှင့် တံခါးဖွင့်သံ ထွက်ပေါ်လာ၏။ လူတိုင်း လှည့်ကြည့်လိုက်ကြရာ ထိုသူကား ဝမ်ထောင် ဖြစ်နေသည်။

"စခန်းထဲမှာ ဘာပြဿနာမှ မရှိခဲ့ဘူးမလား။"

ဝမ်ထောင်သည် သူ၏ နှာခေါင်းစည်းကိုပင် ချွတ်ရန် အချိန်မရသေးဘဲ လျှောက်ဝင်လာရင်း မေးလိုက်၏။

"အဲဒီရူးသွပ်ဇွန်ဘီတွေကို ငါတို့အားလုံး ရှင်းလင်းပြီးပါပြီ။ ထိခိုက်ဒဏ်ရာရတာမျိုး မရှိသလို ကန့်သတ်ဇုန်ကိုလည်း ပိတ်ဆို့ထားပြီးပြီ။ တံတိုင်းက ရှောက်ယုံကို တားဆီးနိုင်မှာ မဟုတ်ပေမဲ့ သူ ထွက်လာတာနဲ့ ငါတို့ သေချာပေါက် သတိထားမိမှာပါ။"

ဝေကျန့်ကော်က စကားဆိုလိုက်သည်။

"အလွန်ကောင်းတယ်။ ငါ့ခန့်မှန်းချက်အရ သူ ဒီညတော့ ပေါ်လာမှာ မဟုတ်သေးဘူး။"

ဝမ်ထောင်က သူ၏ နှာခေါင်းစည်းကို ချွတ်လိုက်ပြီး ပြုံးလိုက်၏။

ရှောက်ယုံကို မည်သို့ကိုင်တွယ်ရမည်ဟူသော ပြဿနာနှင့် ပတ်သက်၍ နည်းလမ်းတစ်ခုကို တွေးမိခဲ့သည် ။ယင်းမှာ ရှောက်ယုံကို ကန့်သတ်ဇုန်ထဲတွင် ပိတ်ဆို့ထားရန် ဖြစ်၏။

ရှောက်ယုံအနေဖြင့် အသက်ရှင်ကျန်ရစ်သူများကြားတွင် ပုန်းအောင်းနိုင်ခြင်း မရှိသရွေ့ ထိုသူကို ကိုင်တွယ်ရန် လူတိုင်းတွင် အချိန်အလုံအလောက် ရှိပေလိမ့်မည်။ ထိုသို့မဟုတ်ပါက သူတို့၏ လက်ခြေများမှာ ချည်နှောင်ခံထားရသကဲ့သို့ ဖြစ်နေလိမ့်မည်။

သို့သော် မိမိကို ရိပ်မိသွားပြီဖြစ်ကြောင်း ရှောက်ယုံအား မသိစေရချေ။ ထိုသို့မဟုတ်ပါက သူ၏ စွမ်းရည်များကိုအသုံးပြု၍ အတင်းအဓမ္မ တိုက်ခိုက်လာပါက ကံမကောင်းသောပရိသတ်အနည်းငယ်ကို အလွယ်တကူ သတ်ဖြတ်သွားနိုင်ပေသည်။

ထို့ကြောင့် ရှောက်ယုံသည် ဘာမှမသိရှိရဘဲ ပိတ်ဆို့ခြင်း ခံရမည်ဖြစ်ရာ ယင်းအတွက် မတော်တဆမှုတစ်ခု လိုအပ်ပေသည်။ ထိုမတော်တဆမှုမှာ ဇွန်ဘီများပင် ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရှောက်ယုံ ခိုးဝင်လာစဉ်က တံတိုင်းအမြင့်ပေါ်ရှိ သံဇကာမျက်နှာပြင်တစ်ခုကို ဖျက်ဆီးခဲ့သည်။

ဝမ်ထောင်သည် ဇွန်ဘီအချို့ကို ဖမ်းဆီး၍ ထိုအပေါက်မှတစ်ဆင့် စခန်းထဲသို့ ပစ်ထည့်ရန် ကြံစည်ခဲ့သည်။စခန်းထဲတွင် ဇွန်ဘီများ ပေါ်လာသဖြင့် အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ နယ်နိမိတ်ကို ကျုံ့လိုက်ကာ အသုံးမဝင်သော ဧရိယာများကို ပိတ်ဆို့၍ တံတိုင်းကို ပြန်လည်တည်ဆောက်ခြင်း ဖြစ်ရာ ၎င်းက အလွန် ယုတ္တိရှိလှပေသည်။

သို့သော် မတော်တဆမှုလေးတစ်ခုတော့ ဖြစ်ပွားခဲ့သေးသည် ၊ ထိုရူးသွပ်ဇွန်ဘီများထဲမှ နှစ်ကောင်သည် ကန့်သတ်ဇုန်ထဲသို့ ရုတ်တရက် ပြေးဝင်သွားခြင်း ဖြစ်၏။

သို့သော် ဤမတော်တဆမှုသည် စခန်းအတွက် အလွန် ပြည့်စုံသွားစေခဲ့သည်။

ဇွန်ဘီများသည် ကန့်သတ်ဇုန်ထဲတွင် ပုန်းအောင်းနေပြီး ရှာမတွေ့နိုင်ဘဲ ဖြစ်နေ၏။

ထိုကြောင့် စခန်းအနေဖြင့် ကန့်သတ်ဇုန်ကို စွန့်လွှတ်လိုက်ခြင်းက အလွန် ယုတ္တိရှိသည် မဟုတ်ပါလား။ မည်သို့ပင်ဆိုစေကာမူ ကန့်သတ်ဇုန်ထဲတွင် အသက်ရှင်ကျန်ရစ်သူ မည်သူမျှ မရှိချေ။

ထို့ကြောင့် ခြံဝန်းတံတိုင်း တည်ဆောက်ခြင်းကို စတင်ခဲ့ခြင်း ဖြစ်၏။ တစ်ချိန်တည်းမှာပင် ဇွန်ဘီများ ဝင်မလာနိုင်စေရန် လူအများအပြားသည် တံတိုင်းအနီးတွင် စောင့်ကြပ်နေကြသည်။

ထိုမျှသာမကဘဲ စခန်း၏ အခြားသော အစိတ်အပိုင်းများကို စောင့်ကြပ်ရန်လည်း လူများကို စေလွှတ်ထားသည်။ ယခုညတွင် စခန်းတစ်ခုလုံးရှိ ရာပေါင်းများစွာသော လူများထဲမှ မည်သူမျှ သေချာပေါက် မနားရချေ။

ဤမျှများပြားသော မျက်လုံးများက စောင့်ကြည့်နေသဖြင့် ရှောက်ယုံ ပေါ်လာသည်နှင့် သေချာပေါက် ဖော်ထုတ်ခံရမည် ဖြစ်သည်။

ယခုအခါ ကော်မတီဝင်များအားလုံး ပြန်လည်ရောက်ရှိနေပြီ ဖြစ်ရာ စခန်း၏ အင်အားမှာ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေလေသည်။ ထိုအချိန်တွင် လူတိုင်းသည် ရှောက်ယုံ ပေါ်လာမည်ကို မကြောက်ရွံ့ကြဘဲ မပေါ်လာမည်ကိုသာ စိုးရိမ်နေကြ၏။

သူပေါ်လာသည်နှင့် များပြားသော စွမ်းရည်ရှင်များ စုပေါင်းတိုက်ခိုက်ခြင်းဖြင့် ရှောက်ယုံကို သေချာပေါက် အနိုင်ယူနိုင်ပေလိမ့်သည်။

ရှောက်ယုံသည် သန်မာလှသော်လည်း ၎င်းသည် စခန်းထဲသို့ ခိုးဝင်ပြီးနောက် သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ မပြုလုပ်ဘဲ ဆက်လက်ပုန်းအောင်းရန် ရွေးချယ်ခဲ့သည့် အချက်ကို ကြည့်ခြင်းဖြင့် အချက်နှစ်ချက်ကို ညွှန်ပြနေပေသည်။

ပထမအချက်မှာ ရှောက်ယုံတွင် ကြီးမားသော အစီအစဉ်တစ်ခု ရှိနေပြီး ၎င်း၏ ရည်မှန်းချက် မအောင်မြင်မီ ဖော်ထုတ်ခံရခြင်းကို မလိုလားခြင်း ဖြစ်၏။

ဒုတိယအချက်မှာ ရှောက်ယုံ၏ ဒဏ်ရာများမှာ ပြင်းထန်လှသဖြင့် စခန်းရှိ လူအားလုံးကို ကိုင်တွယ်နိုင်ရန် ယုံကြည်ချက် မရှိခြင်း ဖြစ်သည်။ ၎င်းသည် လက်စားချေလိုသော်လည်း သူတို့နှင့်အတူ အသက်မသေချင်ဘဲ ဘေးကင်းစွာ ထွက်ပြေးချင်နေပုံရသည်။

ထို့ကြောင့် ဝမ်ထောင်သည် ထိုသူ၏ ရည်မှန်းချက် မအောင်မြင်မီ ရှောက်ယုံအနေဖြင့် သူ့ကိုယ်သူ တိုက်ရိုက်ဖော်ထုတ်လိမ့်မည်မဟုတ်ဟု ခံစားရသည်။ ၎င်းက မိမိကိုယ်ကို ဖော်ထုတ်လာလျှင်တော့ စခန်းရှိ လူများ စုပေါင်းအင်အားဖြင့် ၎င်းကို နှိမ်နင်းရန် သေချာပေါက် ပြဿနာမရှိနိုင်ပါ။

ဝမ်ထောင်၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ဖြစ်ရပ်များကလည်း သက်သေပြခဲ့သည်။

ကန့်သတ်ဇုန်ကို ပိတ်ဆို့ပြီးနောက်တွင်လည်း ထိုဘက်ခြမ်းမှ မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။ ရှောက်ယုံ၏ ရည်မှန်းချက် မအောင်မြင်သေးသလို သူဖော်ထုတ်ခံထားရသည်ကိုလည်း မသိရှိသေးသဖြင့် ဆက်လက်ပုန်းအောင်းရန်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

သူ့အနေဖြင့် မိမိကိုယ်ကိုသေကြောင်းကြံစည်မှုမျိုးကို မလုပ်ဆောင်ရန် ရွေးချယ်ထားသရွေ့ မနက်ဖြန်တွင် လူတိုင်း အသင့်ပြင်ဆင်ပြီးပါက ရှောက်ယုံ၏ ပျက်စီးမည့်နေ့ ဖြစ်လာလိမ့်မည်။

"ဝမ်ထောင်။ မင်း အပြင်မှာ ဇွန်ဘီတွေကို ဖမ်းတုန်းက ပြဿနာ ကြုံခဲ့ရသေးလား။"

လုကန်းက အနည်းငယ် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ဝမ်ထောင်သည် ၎င်းတို့ မျှော်လင့်ထားသည်ထက် များစွာ နောက်ကျမှ ပြန်ရောက်လာခဲ့သောကြောင့် ဖြစ်၏။

"ပြဿနာအသေးအဖွဲနည်းနည်း ရှိပေမဲ့ အားလုံး ဖြေရှင်းပြီးပါပြီ။"

ဝမ်ထောင်က လက်ဝှေ့ယမ်းလျက် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

သူသည် မူလက သာမန်ဇွန်ဘီအချို့ကိုသာ ဖမ်းဆီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ သူ၏ လက်ရှိခွန်အားဖြင့် သံကြီးတစ်ခု ယူဆောင်၍ အပြင်ဘက်တွင်ဇွန်ဘီများကို ဖမ်းဆီးရန်မှာ လွယ်ကူလှပေသည်။

သို့သော် ဝမ်ထောင် ပြန်လည်တွေးတောကြည့်သောအခါ သာမန်ဇွန်ဘီများသည် မသင့်တော်ဟု ခံစားရ၏။ လူတိုင်း သိကြသည့်အတိုင်း သာမန်ဇွန်ဘီများသည် တံတိုင်းများကို မတက်နိုင်ကြချေ။

အကယ်၍ ရှောက်ယုံသည် ဇွန်ဘီများ ပေါ်လာသည်ကို မြင်ပါက ယင်းတို့ ဘယ်ကနေ ရောက်လာသလဲဟု တွေးတောမိသွားနိုင်ပေသည်။

ထို့ကြောင့် ဘေးကင်းစေရန်အတွက် ဝမ်ထောင်သည် ရူးသွပ်ဇွန်ဘီအချို့ကို ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သူသည် သင့်တော်သော အသံအချို့ကို ပြုလုပ်ခဲ့ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ရူးသွပ်ဇွန်ဘီ ဆယ်ဂဏန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။

ဝမ်ထောင် ကြောက်ရွံ့သည်မှာ အလွန်များပြားသော ရူးသွပ်ဇွန်ဘီ အုပ်စုကြီး ဖြစ်ပြီး ဤဆယ်ဂဏန်းကျော်မျှကိုမူ သေချာပေါက် ပြဿနာမရှိချေ။ အချို့ကို အလွယ်တကူ သတ်ဖြတ်ပြီးနောက် ကျန်သည့်အနည်းငယ်ကို သံကြိုးများဖြင့် ချည်နှောင်ခဲ့သည်။ ဝေကျန့်ကော်က အသင့်ဖြစ်ပြီဟု အချက်ပြသည်နှင့် သူသည် ရှောက်ယုံ ဖျက်ဆီးထားသော သံဇကာမျက်နှာပြင် အပေါက်မှတစ်ဆင့် ထိုရူးသွပ်ဇွန်ဘီများကို စခန်းထဲသို့ ပစ်ထည့်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ထောင် ပြန်လာရန် အသင့်ဖြစ်နေပြီ ဖြစ်သော်လည်း သူ ယခင်က ပြုလုပ်ခဲ့သော အသံသည် ရူးသွပ်ဇွန်ဘီများကိုသာမကဘဲ အထူးဇွန်ဘီ သုံးကောင်ကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။

ပေါက်ကွဲဇွန်ဘီ၊ ခေါင်းမာဇွန်ဘီနှင့် ရဲဇွန်ဘီတို့ ဖြစ်၏။

မည်သည့်အရာကိုမျှ အလဟဿ မဖြစ်စေရဟူသော အခြေခံမူကို လိုက်နာလျက် ဝမ်ထောင်သည် ထိုအထူးဇွန်ဘီ သုံးကောင်ကိုပါ တစ်ပါတည်း ရှင်းလင်းခဲ့သဖြင့် အချိန်နှောင့်နှေးသွားခဲ့ခြင်း ဖြစ်သည်။

အထူးဇွန်ဘီ သုံးကောင်ကို သတ်ဖြတ်ပြီးနောက် ဝမ်ထောင်၏ သွေးပမာဏမှာ 【၃၇၄၀/၃၇၄၀】 သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ၎င်းသည် သွေးပမာဏ ၄၀၀၀ ရရှိရန် နှစ်ရာကျော်မျှသာ လိုအပ်တော့သည်။

သွေးပမာဏ လေးထောင်ရှိသော အင်အားမှာ ယခုထက် များစွာ ပိုမိုသန်မာလိမ့်မည် ဖြစ်သော်လည်း ဝမ်ထောင်တွင် အထူးဇွန်ဘီများကို ထပ်မံရှာဖွေရန် အချိန်မရှိချေ။ သူသည် ရှောက်ယုံကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖြေရှင်းရမည် ဖြစ်၏။ သို့မဟုတ်ဘဲ ရှောက်ယုံ ထွက်ပြေးသွားပါက ပြဿနာက ပြီးနိုင်တော့မည် မဟုတ်ပေ။

ရိုးရိုးသားသား ပြောရလျှင် ရှောက်ယုံက ကောဟွာနောက်သို့ လိုက်၍ ဤနေရာသို့ ရောက်လာခြင်းက ပြဿနာမဟုတ်ဘဲ အခွင့်အရေးတစ်ခုဟုပင် ဆိုနိုင်သည်.။

. "လူတိုင်း ပြန်ပြီး ကောင်းကောင်းအိပ်ကြပါ။ မနက်ဖြန်မနက်ကျရင် သူ့ကို အတူတူ နှိမ်နင်းကြတာပေါ့။"

ဝမ်ထောင်က ပြောလိုက်သည်။

"အဲဒီလိုပဲ လုပ်ကြတာပေါ့"

လူတိုင်း ခေါင်းညိတ်ကြ၏။

"အော် ဒါနဲ့ ငါ တစ်ခု မေ့သွားတယ်။"

ဝမ်ထောင်သည် တောက်ပနေသော အမြုတေအချို့ကို ထုတ်ယူလိုက်သည်။

"ဒါတွေက မင်းတို့အတွက် ငါ ပြင်ဆင်ထားတဲ့ အမြုတေတွေပါ။ ဒီနေ့ပဲ ပေါင်းစပ်ဖို့ လုပ်လ်ုက်ကြ။"

ဝမ်ထောင်သည် စခန်းရှိ အမြုတေအားလုံးကို ရရှိပြီးနောက် သူ့တွင် ရှိနေသော အမြုတေများနှင့်အတူ ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် လိမ္မော်ရောင်များကို မပေါင်းစပ်ခဲ့ဘဲ အခရမ်းရောင်နှင့် အနီရောင်များကိုသာ ပေါင်းစပ်ခဲ့၏။

လိမ္မော်ရောင် မဟုတ်သော်လည်း အခရမ်းရောင်နှင့် အနီရောင်တို့၏ အောင်မြင်မှုနှုန်းမှာ အတော်လေး မြင့်မားလှပြီး ဤအရာများတွင် ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် အညစ်အကြေးများ မရှိသဖြင့် သာမန် လိမ္မော်ရောင် အမြုတေများထက်ပင် ပိုမိုကောင်းမွန်သည်ဟု ဆိုရမည်။

သအမြုတေများကို ပေါင်းစပ်ပြီးပါက ၎သူတို့၏ အင်အားမှာ သိသာစွာ တိုးတက်လာမည်ဖြစ်ရာ မနက်ဖြန်တွင် ရှောက်ယုံကို ကိုင်တွယ်ရန် ပိုမိုဘေးကင်းလိမ့်မည် ဖြစ်သည်။

သို့သော် ဝမ်ထောင်သည် အမြုတေအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်မပြခဲ့ချေ။ ၎င်း ထုတ်ယူလိုက်သည်မှာ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပြီး လူတိုင်း ယခင်က ပေါင်းစပ်ဖူးသော အမြုတေများ ဖြစ်ကြ၏။

ဝမ်ထောင်က ရုတ်တရက် များပြားသော အမြုတေများကို ထုတ်ယူလိုက်ပြီး ယင်းတို့အားလုံးမှာလည်း အခရမ်းရောင်နှင့် အနီရောင်များ ဖြစ်နေသည်ကို မြင်သောအခါ ကော်မတီဝင်များသည် အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြတော့သည်။

သူတို့ မှတ်မိသလောက်ဆိုလျှင် ယခင်က ဝမ်ထောင် သူတို့ဆီမှ ယူသွားသော အမြုတေများသည် အဖြူရောင်နှင့် အပြာရောင်များသာ ဖြစ်ကြသည် မဟုတ်ပါလား။

သူ၏ လက်ထဲသို့ ရောက်သွားပြီးနောက် အရည်အသွေးမှာ အခရမ်းရောင်နှင့် အနီရောင်သို့ တိုက်ရိုက် အဆင့်မြင့်သွားခြင်းများလား။

သို့သော် ဝမ်ထောင်အနေဖြင့် အမြုတေများကို ပေါင်းစပ်နိုင်သည်ဟူသော ဖြစ်နိုင်ချေကိုမူ မည်သူမျှ မတွေးမိကြချေ။ သာမန်လူတစ်ဦးသည် ထိုသို့ တွေးလိမ့်မည် မဟုတ်ပေ။

၎င်းတို့ တွေးမိသည်မှာ ဝမ်ထောင်သည် အပြင်တွင် အထူးဇွန်ဘီ အများအပြားကို သတ်ဖြတ်ခဲ့ပြီး သူ စုဆောင်းထားသည်များကို လူတိုင်း အသုံးပြုနိုင်ရန် ထုတ်ပေးခြင်း ဖြစ်လိမ့်မည်ဟူ၍ ဖြစ်၏။

ဤအချက်က လူတိုင်းကို အလွန်စိတ်လှုပ်ရှားသွားစေသည်။ ဝမ်ထောင်သည် ၎င်းတို့အတွက်နှင့်စခန်းအတွက် အလွန်စနစ်တကျ စွမ်းဆောင်ပေးခဲ့ပေသည်။

ခရမ်းရောင်နှင့် အနီရောင် အမြုတေများ၏ တန်ဖိုးမှာ အပြာရောင်နှင့် အဖြူရောင်များထက် များစွာ ပိုမိုမြင့်မားလှသည် မဟုတ်ပါလား။

"ကျေးဇူးတင်ပါတယ်။"

လူအများတွင် အခြားပြောစရာ စကားမရှိတော့ဘဲ အလွန် လေးနက်သော ကျေးဇူးတင်စကားတစ်ခွန်းကိုသာ ဆိုနိုင်ကြတော့သည်။

"ဟားဟားဟား...လူတိုင်း ကြိုးစားကြပါ။ မနက်ဖြန်ကျရင် ရှောက်ယုံကို အလွယ်တကူနဲ့ ချောချောမွေ့မွေ့ ဖြေရှင်းနိုင်အောင် ကြိုးပမ်းကြတာပေါ့။"

"ကံကောင်းပါစေ။"

လူတိုင်း ခေါင်းညိတ်လျက် သူတို့ လိုအပ်သော အမြုတေများကို ယူဆောင်ကာ အနားယူရန် ပြန်သွားကြတော့သည်။

ဝမ်ထောင်သည် အိမ်သို့ ပြန်ရောက်လာပြီးနောက် မည်သည့် တိုးတက်မှုမျိုး ရှိသလဲဟူ၍ ဟန်ရွှေထံ အရင်ဆုံး ဆက်သွယ်မေးမြန်းလိုက်၏။

ဟန်ရွှေသည် လတ်တလောတွင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိထားခဲ့သည်။

"ရှောက်ယုံက အပြင်ကိုတိတ်တဆိတ် ချောင်းကြည့်ပြီး ကန့်သတ်ဇုန်ထဲကို ပြန်ဝင်သွားတာ ကျွန်မ အာရုံခံမိတယ်။"

"သူက အတော်လေး ပါးနပ်တာပဲ။ သူ ထွက်မပြေးဘူးဆိုတာ သေချာသရွေ့ အဆင်ပြေပါတယ်။ ဒီညတော့ မင်းအတွက် ပင်ပန်းရပြီ။ မနက်ဖြန် တိုက်ပွဲမှာ မင်း ပါဝင်ဖို့ မလိုပါဘူး။ တစ်ရက် အပြည့် ကောင်းကောင်း အနားယူလိုက်ပါ။"

"မပင်ပန်းပါဘူး။ ကျွန်မကလည်း စခန်းရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ မမေ့ပါနဲ့။"

ဟန်ရွှေနှင့် ဖုန်းပြောခြင်းကို အဆုံးသတ်ပြီးနောက် ဝမ်ထောင်သည် တင်ယွီချင်အား အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်၏။

တင်ယွီချင်မှာမူ ဘာမှမသိသေးဘဲ ရှိနေဆဲ ဖြစ်ရာ ၎င်းသည် စခန်းထဲတွင် ဇွန်ဘီများ တကယ် ပေါ်လာသည်ဟုသာ တွေးနေခဲ့သည်။သူမတင်မကဘဲ ကော်မတီဝင် အနည်းငယ်၊ ဟန်ရွှေနှင့် ကောဟွာတို့မှလွဲ၍ အခြားသူ မည်သူမျှ ရှောက်ယုံ၏ ကိစ္စကို မသိရှိကြချေ။

ဇွန်ဘီသတင်းကြောင့် တင်ယွီချင်အနည်းငယ် ထိတ်လန့်နေမိသည်။ သူမသည် ဤစခန်းအပေါ် အလွန် စိတ်ကျေနပ်မှု ရှိနေသဖြင့် ထပ်မံ၍ နေရာမပြောင်းရွှေ့လိုတော့ချေ... ယခု ဝမ်ထောင်၏ ရှင်းပြချက်ကို ကြားရမှသာ သက်ပြင်းချနိုင်တော့သည်။

"စခန်းက ဘေးကင်းနေသရွေ့ အဆင်ပြေပါတယ်။"

"အများကြီး မတွေးနဲ့။ အိပ်တော့။"

"အင်း။"

ကန့်သတ်ဇုန်အတွင်းရှိ သင်ကြားရေးအဆောက်အအုံတစ်ခုပေါ်တွင်။

သန်မာသော ခန္ဓာကိုယ်ရှိပြီး စုတ်ပြဲနေသော အဝတ်အစားများနှင့် သွေးကွက်များ ပေကျံနေသော ပတ်တီးများ ပတ်ထားသည့် လူသားတစ်ဦးသည် စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများကို စိုက်ကြည့်နေ၏။

သူသည် အနည်းငယ် သွယ်လျသော လျှာကို ထုတ်၍ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ပြီး မျက်လုံးများထဲတွင် မလိုမုန်းထားမှုများဖြင့် ပြည့်နှက်လာသည်။

"မင်းတို့ လူတွေအားလုံး ငါ့ရဲ့ ကျွန်တွေ ဖြစ်လာစေရမယ်။"

ထိုသူကား ရှောက်ယုံ ဖြစ်လေသည်။

ရှောက်ယုံသည် သူ့ကိုယ်သူ လတ်တလော၌အလွန် ကံဆိုးခဲ့သည်ဟု ခံစားနေရ၏။

ပထမဆုံးအနေဖြင့် သူသည် ဇွန်ဘီများကို သတ်ရန် ဆေးရုံသို့ သွားရောက်စဉ်က အလွန် နက်ရှိုင်းစွာ ဝင်ရောက်မိသဖြင့် အထဲတွင် ပိတ်မိသွားခဲ့သည်။ထိုအချိန်အထိပင် စခန်းတွင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူ သေချာ မသိရှိသေးချေ။

အထူးဇွန်ဘီများနှင့် ရင်ဆိုင်ရသောအခါယခင်ကဆိုလျှင် သူသည် ၄င်းတို့ကို အလွန် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ခဲ့သော်လည်း ထိုနေ့ကမူ လှုပ်ရှားလိုက်သည်နှင့် အလွန် မောပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ အရေးကြီးဆုံးမှာ ၎င်း၏ အင်အားမှာလည်း သိသာစွာ ကျဆင်းသွားခဲ့ခြင်း ဖြစ်၏။

သူ၏ အင်အားက အလွန် ကျဆင်းသွားခဲ့သဖြင့် ပြဿနာကို မဖြေရှင်းနိုင်ခဲ့ရုံမျှမကဘဲ သူကိုယ်တိုင်ပင် အသက်သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ထိုအရေးပေါ် အခြေအနေတွင် သူ့အနေဖြင့် ပစ္စတိုသေနတ်ကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။ ထိုပစ္စတိုသေနတ်မှာ ယခင်က ရဲအရာရှိတစ်ဦးကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သော ဆုလာဘ်တစ်ခု ဖြစ်၏။

သေနတ်သံ ထွက်ပေါ်လာသည်နှင့် ဆေးရုံတစ်ခုလုံးရှိ ဇွန်ဘီများကို ချက်ချင်း ဆွဲဆောင်သလို ဖြစ်သွားခဲ့သည်။ ပုန်းအောင်းရန် ဘေးကင်းရာနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သော်လည်း အပြင်သို့ မထွက်နိုင်ခဲ့ချေ။

အခြားရွေးချယ်စရာ မရှိသဖြင့် ရှောက်ယုံသည် လူများကို စတင်ခေါ်ယူရတော့သည်။

အကျိုးဆက်အနေဖြင့် သူခေါ်ယူလိုက်သော လူများသည်လည်း ပိတ်မိသွားခဲ့ကြ၏။ ထိုမျှမကဘဲ ၎င်းတို့ထဲမှ လူအချို့ သေဆုံးခဲ့ရသေးသည်... ကျန်ရှိသော လူအနည်းငယ်သည် ရှောက်ယုံနှင့် ဆုံတွေ့ခဲ့ကြသော်လည်း ၎င်းတို့အားလုံး ပိတ်မိနေကြခြင်းဖြစ်ရာ အတူဆုံနိုင်သော်လည်း ဘာမှမထူးတော့ပေ။

ကံကောင်းထောက်မစွာဖြင့် လူများခြင်းက အင်အား ဖြစ်စေပေသည်။ အထူးသဖြင့် ရှောက်ယုံ၏ အင်အားမှာ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာပြီးနောက် သူတို့သည် အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ဆေးရုံမှ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ကြ၏။

သိူ့သော် ထိုလွတ်မြောက်သည် အဖိုးအခ မပေးရဘဲ မရရှိခဲ့ချေ။ အဖိုးအခမှာ လာရောက်ကူညီကြသော စွမ်းရည်ရှင် လက်အောက်ငယ်သားများအားလုံး သေဆုံးခဲ့ရပြီး သူတစ်ယောက်တည်းသာ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် သူအတွက် ထိုအရာများက အရေးမကြီးချေ။

လက်အောက်ငယ်သားများသာ ဖြစ်သဖြင့် သေရင်လည်း သေပါစေ။

၎င်းတို့သည် စွမ်းရည်ရှင် လက်အောက်ငယ်သားများ ဖြစ်ကြသဖြင့် ၎င်းတို့၏ သေဆုံးမှုက အနည်းငယ် နှမြောစရာကောင်းသော်လည်း ငိုနေစရာမရှိပါ။ သူအနေဖြင့် သစ္စာရှိသော နောက်လိုက်အချို့ကို ရှာဖွေ၍ အမြုတေတစ်ခုစီ ပေးစားလိုက်ရုံမျှသာ ဖြစ်၏။

ထိုသို့လုပ်ခြငကက သင့်တော်သလား သို့မဟုတ် ဘေးထွက်ဆိုးကျိုးများ အလွန် ကြီးမားသလားဟူသော အချက်မှာ သူထည့်သွင်းစဉ်းစားမည့် အချက်မဟုတ်ချေ။သူသည် မိမိကိုယ်တိုင်အတွက်ပင် ထိုသို့သော အရာများကို ဂရုမစိုက်သဖြင့် နောက်လိုက်များ၏ ခံစားချက်ကို မည်သို့ ထည့်သွင်းစဉ်းစားပါမည်နည်း။ ၎င်းက လုံးဝ မဖြစ်နိုင်ချေ။

သူသိထားသည်မှာ သူ့အနေဖြင့် အမြုတေတစ်ခု ထုတ်လိုက်သည်နှင့် လူတစ်စုသည် သူ၏ ခြေဖဝါးအောက်တွင် ဝပ်စင်းလာကြမည်ဟူ၍ ဖြစ်၏.။ ရှောက်ယုံသည် ဆေးရုံမှ အလွန် ခက်ခဲစွာဖြင့် ထွက်လာနိုင်ခဲ့သော်လည်း ထွက်လာပြီးနောက် သူ၏ ကားမှာ အသက်ရှင်ကျန်ရစ်သူများ၏ လုယက်ခြင်းကို ခံထားရသည်ကို ဒေါသထွက်စရာတွေ့ခဲ့ရသည်။ အထဲရှိ လက်နက်များနှင့် ရိက္ခာအားလုံး ပျောက်ဆုံးနေသည်ကို ထားလိုက်ဦး၊ ထိုကောင်စုတ်များသည် ကားသော့များကိုပင် နှုတ်ယူသွားကြသေးသည်။

ပို၍ပင် ဒေါသထွက်စရာကောင်းသည်မှာ သူ၏ ကားတင်မကဘဲ လက်အောက်ငယ်သားများ၏ ကားများပါ သော့များ ယူဆောင်ခြင်း ခံထားရခြင်း ဖြစ်၏။

လမ်းပေါ်ရှိ အခြားသော ကားများမှာမူ အက်ဆစ်မိုး၏ တိုက်စားမှုကို ခံထားရသဖြင့် အခြေခံအားဖြင့် သံတိုသံစများသာ ဖြစ်ကြပြီး လုံးဝ မောင်းနှင်၍ မရနိုင်ကြချေ။

ကားမရှိဘဲ စခန်းသို့ ပြန်ရန်မှာ မလွယ်ကူလှပေ။ အထူးသဖြင့် ဇွန်ဘီအများအပြား၏ လိုက်လံခြင်းကို ခံနေရစဉ်တွင် ဖြစ်၏။

သူ ဒေါသထွက်နေသော်လည်း ထိုအချိန်တွင် တစ်စုံတစ်ဦးက မိမိကို အမြဲတမ်း စောင့်ကြည့်နေသကဲ့သို့ ခံစားရသဖြင့် သူသည် ချက်ချင်းပင် ပြေးဝင်သွားလုနီးပါး ဖြစ်ခဲ့သည်။

သို့သော် အသိတရားက ထိန်းချုပ်နိုင်ခဲ့၏။ အကယ်၍ အခြားအဖွဲ့ကလည်း စွမ်းရည်ရှင် ဖြစ်နေပါက မိမိ၏ ယခုလို ပြင်းထန်စွာ ဒဏ်ရာရရှိထားသော အခြေအနေဖြင့် ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ဆေးရုံတွင် သန်မာသော ဇွန်ဘီအများအပြား ရှိနေသဖြင့် ဝိုင်းရံခံရပါက သေဆုံးသွားနိုင်ပေသည်... ထို့နောက်တွင်မူ အသက်လုထွက်ပြေးရသော ကာလတစ်ခု ဖြစ်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက်မှသာ သူသည် အိမ်သို့ ပြန်ရောက်လာနိုင်ခဲ့၏။

ရလဒ်အနေဖြင့် သူ မှင်တက်သွားရသည်။ ၏ အိမ် ပျောက်ကွယ်သွားပြီ မဟုတ်ပါလား။

မြေအောက်ကုန်တိုက်၏ ဝင်ပေါက်အားလုံးမှာ ပွင့်နေပြီး ဇွန်ဘီများသည် မိမိအိမ်ကဲ့သို့ပင် ဝင်ထွက်သွားလာနေကြသည်။

ရှောက်ယုံသည် ဒဏ်ရာရနေသော်လည်း ဤသာမန်ဇွန်ဘီများကို ကိုင်တွယ်ရန်မှာ ပြဿနာမရှိချေ။ သူသည် စခန်းထဲသို့ ပြေးဝင်သွားပြီး ဝမ်းနည်းစရာ မြင်ကွင်းကို မြင်လိုက်ရသည့် အချိန်တွင်မူ သူ၏ နောက်ဆုံး မျှော်လင့်ချက်အရိပ်အယောင်မှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်၏။

ပြောရလျှင် သူသည် စခန်းရှိ လူများအပေါ် မည်သည့် သံယောဇဉ်မျှ မရှိချေ။

သို့သော် ဤလူအားလုံး မရှိတော့ပါက မည်သူက သူ့အား အစေခံပါမည်နည်း။

အထူးသဖြင့် ထိုအမျိုးသမီးကျွန်များ၊ ထိုကစားစရာများ ဖြစ်ကြ၏။သူသည် ယင်းတို့ကို အလွန် နှစ်သက်သည်။ ဤအရာများ မရှိပါက သူ့အနေဖြင့် ဆက်လက် အသက်ရှင်နေထိုင်ရန် မဖြစ်နိုင်သကဲ့သို့ပင် ခံစားရသည်။

သူ လက်စားချေရမည် ​။

အဘယ်ကြောင့်ဆိုသော် သူသည် စခန်းထဲတွင် အသက်ရှင်ကျန်ရစ်သူများ တိုက်ခိုက်ထားသော ခြေရာလက်ရာများကို တပ်အပ် မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။ ဇွန်ဘီများ၏ တိုက်ခိုက်မှု ဖြစ်ခဲ့ပါက ဇွန်ဘီများအနေဖြင့် သော့ခလောက်များကို ဖွင့်၍ ၎င်း၏ လှောင်အိမ်များထဲမှ ကျွန်များကို ကယ်တင်ရန်မှာ မဖြစ်နိုင်ပါ။

ဤအရာကို မည်သူလုပ်ဆောင်သလဲဟူသော အချက်နှင့် ပတ်သက်၍ ပထမဆုံး တွေးမိသည်မှာ ရွှေကျဲစခန်းပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူသည် လူအများအပြားကို ပြစ်မှားခဲ့ဖူးသော်လည်း ထိုလူများသည် သူ၏ ကျွန်များ ဖြစ်လာခဲ့ကြသလို သို့မဟုတ် သူ၏ နှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်သဖြင့် မည်သည့် ရန်သူကိုမျှ အသက်ရှင်လျက် မကျန်ခဲ့ဖူးချေ။ ချွင်းချက်တစ်ခုသာ ရှိခဲ့ပြီး ယင်းမှာ ရွှေကျဲစခန်း ဖြစ်ပေသည်။

ရွှေကျဲစခန်းက အလွန် သန်မာလှသဖြင့် မိမိအနေဖြင့် မအောင်မြင်နိုင်ကြောင်း သိရှိထား၏။သို့သော် သူသည် ရွှေကျဲစခန်းကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားပေသည်။ အကယ်၍ အခွင့်အရေး ရခဲ့ပါက ၎င်းတို့ကို လုံးဝ လွှတ်ပေးလိမ့်မည်မဟုတ်ချေ။

ရွှေကျဲစခန်းမှ လူများသည် သူ၏ သစ္စညရိနောက်လိုက် ကောရှင်းကို သတ်ဖြတ်ခဲ့ကြသောကြောင့် ဖြစ်၏။ ကောရှင်း ပေးခဲ့သော အမျိုးသမီးက သူ့ကို အလွန် စိတ်ကျေနပ်မှု ရှိစေခဲ့သည်။ ထိုအချက်တစ်ခုတည်းအတွက်ပင် မိမိ၏ နောက်လိုက်အတွက် လက်စားချေပေးရမည် ဖြစ်သည်။

သူ မပိတ်မိခင်က တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှေကျဲစခန်းမှ အသက်ရှင်ကျန်ရစ်သူ အုပ်စုတစ်စုကို ဖမ်းဆီးရမိခဲ့သည်။ ရှောက်ယုံသည် အလွန် စိတ်လှုပ်ရှားခဲ့ပြီး ထိုလူများကို ပြင်းထန်စွာ နှိပ်စက်ခဲ့ကာ ရွှေကျဲစခန်းနှင့် အမြုတေအချို့ လဲလှယ်ရန် ပြင်ဆင်ခဲ့သည်။

အကျိုးဆက်အနေဖြင့် လဲလှယ်မှု မပြုလုပ်မီမှာပင် သူကပိတ်မိသွားခဲ့ခြင်း ဖြစ်၏

ယခု အခြေအနေကို ကြည့်ခြင်းအားဖြင့် ရွှေကျဲစခန်းသည် မိမိမရှိခိုက်ကို အခွင့်ကောင်းယူလျက် အတင်းအဓမ္မ တိုက်ခိုက်ပြီး လူများကို ကယ်တင်သွားခဲ့သည်ဟု သံသယဝင်ရန် အကြောင်းပြချက် ရှိနေပေသည်။

သို့သော် ၎င်းသည် လုံးဝ မသေချာသေးချေ။ သူသည် ဒဏ်ရာများ ပျောက်ကွယ်ရန် ဘေးကင်းရာနေရာတစ်ခု အရင်ရှာဖွေရန် ကြံစည်ထားပြီး ဒဏ်ရာများ သက်သာလာမှသာ ရွှေကျဲစခန်းသို့ သွားရောက်ကြည့်ရှုရန် ဖြစ်၏။

သို့သော် သူထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် တစ်စုံတစ်ဦးက မိမိကို ချောင်းကြည့်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက် ကောဟွာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။

ရိုးရိုးသားသား ပြောရလျှင် ကောဟွာသည် မိမိကို သစ္စာဖောက်လိမ့်မည်ဟု ၎င်း လုံးဝ မထင်ထားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကောဟွာသည် သူ၏ အကြိုက်နှင့် အလွန် ကိုက်ညီလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့နှစ်ဦးတွင် တူညီသောအချက်များစွာ ရှိကြပြီး သူသည် နောင်တွင် ကောဟွာကို မိမိ၏ လက်ထောက်အဖြစ် ခန့်အပ်ရန်ပင် တွေးတောထားဖူးသည်။

ယခု အခြားသူများအားလုံး သေဆုံးသွားခဲ့ကြသော်လည်း ကောဟွာကမူ မသေဆုံးခဲ့ချေ။ ၎င်းက မသေဆုံးရုံမျှမကဘဲ မိမိနောက်သို့ တိတ်တဆိတ် လိုက်လံနေသေး၏။

ထို့ကြောင့် အရူးတစ်ယောက်မဟုတ်လျှင် ဘာတွေ ဖြစ်ပျက်နေသလဲဆိုသည်ကို သိရှိနိုင်သည်။

ရှောက်ယုံ အလွန်ဒေါသထွက်သွားခဲ့သော်လည်း အသိတရား ရှိနေဆဲ ဖြစ်၏။ ကောဟွာကို ယခုချက်ချင်း သတ်ဖြတ်လိုက်ခြင်းက အသုံးမဝင်ကြောင်း သိသဖြင့် ကောဟွာ ဘယ်မှာ နေထိုင်သလဲဆိုသည်ကို ရှာဖွေပြီးမှ ကောဟွာနှင့် ၎င်း၏ ဆွေမျိုးများ၊ သူငယ်ချင်းများကိုပါ ဖြည်းဖြည်းချင်း နှိပ်စက်ရမည် ဖြစ်သည်။

ထို့နောက်တွင်မူ ရှောက်ယုံသည် ကောဟွာ၏ နောက်သို့ လိုက်၍ ရွှေကျဲစခန်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ရွှေကျဲစခန်းကို မြင်ရသောအခါ ရှောက်ယုံသည် စိတ်ထဲမှနေ၍ သေချာပေါက် ဤနေရာပင် ဖြစ်ရမည်ဖြစ်ရာ ရန်ငြိုးအဟောင်းနှင့် အသစ်များကို အတူတူ ရှင်းလင်းရမည်ဟု တွေးလိုက်သည်။

ထို့နောက် ရှောက်ယုံသည် ကာကွယ်ရေး မတင်းကျပ်သော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တံတိုင်းအမြင့်ပေါ်ရှိ သံဇကာမျက်နှာပြင်ကို ဖျက်ဆီးကာ ခိုးဝင်ခဲ့ခြင်း ဖြစ်၏။

စခန်းက အလွန်ကြီးမားလှပြီး အမျိုးသမီး

အများအပြား ရှိနေသည်ကို မြင်သောအခါ ရှောက်ယုံ အလွန် မနာလို ဖြစ်မိသည်။ သူသည် ဤနေရာကို အလွန်သဘောကျသွားပြီး သူ၏ ဘုရင့်နိုင်ငံတော်အဖြစ် ပြုလုပ်လိုစိတ်ပင် ဖြစ်ပေါ်လာ၏။

သို့သော် ရွှေကျဲစခန်း၏ အင်အားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားသည် အော်တိုမက်တစ်ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားကြသည်။ ယခုလို သွေးနည်းသောအခြေအနေဖြင့် ကျည်ဆန်များကို လုံးဝ ရှောင်ကွင်းနိုင်လိမ့်မည်မဟုတ်သလ်ု ဤနေရာတွင်လည်း စွမ်းရည်ရှင်များလည်း ရှိနေသေးသည်။

သူအနေဖြင့် သတိထားရမည်ဖြစ်ပြီး မိမိကိုယ်ကို ဖော်ထုတ်ခြင်း မရှိဘဲ စခန်းကို ရုန်းရင်းဆန်ခတ် ဖြစ်အောင် အရင်လုပ်ရမည် ဖြစ်၏။ ရုန်းရင်းဆန်ခတ် ဖြစ်ပွားသရွေ့ ၎င်းအတွက် အခွင့်အရေး ရှိလာလိမ့်မည်။

ထို့နောက် ရှောက်ယုံသည် နည်းလမ်းတစ်ခုကို တွေးမိသွား၏။ ယင်းမှာ စခန်း၏ ထမင်းစားဆောင်ရှိ အစားအစာများထဲသို့ ဇွန်ဘီသွေးအချို့ ထည့်သွင်းရန် ဖြစ်သည်။

သို့သော် သူသည် အများကြီးတော့ မထည့်ခဲ့ချေ။ သူက စခန်းကို ရုန်းရင်းဆန်ခတ် ဖြစ်အောင်သာ လုပ်ဆောင်လိုခြင်းဖြစ်ပြီး ဤအသက်ရှင်ကျန်ရစ်သူအားလုံးကို သေစေလိုခြင်း မဟုတ်ပေ။ ဤလူများသည် ၎င်း၏ အနာဂတ် ကျွန်များ ဖြစ်ကြသောကြောင့် အသက်ရှင်ထားရန်လိုအပ်၏။

သို့သော် သူည် မွန်းလွဲပိုင်းအထိ စောင့်ဆိုင်းခဲ့သော်လည်း စခန်းတွင် မည်သည့် ရုန်းရင်းဆန်ခတ်မှုမျိုးမျှ မတွေ့ရချေ။

ဤအချက်က ၎င်းအား ဇဝေဇဝါ ဖြစ်စေသည်။

စခန်းတစ်ခုလုံးရှိ လူများသည် ယနေ့ ဘာမှမစားကြတာ ဖြစ်နိုင်မလား။ မဖြစ်နိုင်ပါ။ အစားအစာများက ပေါများနေသဖြင့် ယနေ့ ထမင်းစားဆောင်ရှိ အစားအစာအားလုံးက မနက်ဖြန်အတွက် ဖြစ်နေဖို့လည်း ဖြစ်နိုင်၏။

ရှောက်ယုံသည် မိမိ ဇွန်ဘီသွေး အနည်းငယ်မျှသာ ထည့်မိခြင်းကြောင့် ဖြစ်မလားဟု သံသယဝင်မိသော်လည်း... ယင်းက ပြဿနာအကြီးကြီး မဟုတ်ချေ။ သူသည် စခန်းထဲသို့ ခိုးဝင်ထားပြီး ဖြစ်သဖြင့် အခွင့်အရေးများစွာ ရှိသေးသည်။

ထို့နောက် နေဝင်ရိုးရီအချိန်တွင် ဇွန်ဘီအချို့ စခန်းထဲသို့ ရုတ်တရက် ပြေးဝင်လာကြ၏။

သူ၏နေရာမှနေ၍ ရှောက်ယုံသည် တံတိုင်းကို တက်နိုင်သော ရူးသွပ်ဇွန်ဘီ အနည်းငယ်ကို လှမ်းမြင်နိုင်လေသည်။ ယင်းတို့သည် သူယခင်က ဖျက်ဆီးထားခဲ့သော နေရာမှတစ်ဆင့် ဝင်ရောက်လာကြသည့်ပုံပေါ်၏။

ဤအချက်က ရှောက်ယုံကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။ မိမိ မရည်ရွယ်ထားဘဲ လုပ်ခဲ့သောလုပ်ရပ်က လက်တွေ့၌ ကြီးမားသော အကူအညီ ဖြစ်သွားခြင်း ဖြစ်မလား။

သို့သော် ထိုအချိန်တွင် စခန်းရှိ စွမ်းရည်ရှင် အနည်းငယ်သည် တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာခဲ့ကြလေသည်။

ထိုအချက်က ရှောက်ယုံကို အနည်းငယ် စိတ်ပျက်သွားစေပြီး "ဇွန်ဘီအကျပ်အတည်း" ဖြစ်ပေါ်လာမည့်ပုံ မရှိချေ။

သို့သော် မကြာမီတွင် သူသည် ဒေါသနှင့်အတူ ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။မိုက်မဲ​လှသော ရူးသွပ်ဇွန်ဘီ နှစ်ကောင်သည် သူရှိရာဆီသို့ တည့်တည့် ပြေးလာခြင်း ဖြစ်၏။ သူသည် ထိုရူးသွပ်ဇွန်ဘီ နှစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သော်လည်း လူမိမည်စိုးသဖြင့် လက်ရှောင်ခဲ့ရ၏။သိူ့သော် ထိုမတော်တဆမှူက စခန်းရှိ လူများအကြား ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည့်ပုံရသည်။ အသက်ရှင်ကျန်ရစ်သူများသည် စခန်းကို ကျုံ့လိုက်ရန်နှင့် တံတိုင်းများကို ပြန်လည်တည်ဆောက်ရန် ပြောဆိုနေကြပြီးသူတို့သည် ဧရိယာကို စောင့်ကြပ်ရန် ဝန်ထမ်းအမြောက်အမြားကိုပါ စေလွှတ်ခဲ့ကြ၏။ထို့နောက် သူရှိနေသော ဇုန်ကို ပိတ်ဆို့လိုက်ကြတော့သည်။

ရှောက်ယုံမှာ စိတ်ပျက်လွန်း၍ အော်ဆဲပစ်ချင်သွားတော့သည်။

ရူးသွပ်ဇွန်ဘီ နှစ်ကောင် စခန်းထဲတွင် ပုန်းအောင်းနေခြင်းဖြစ်ရာ မည်သူက မထိတ်လန့်ဘဲ နေပါမည်နည်း။

သို့သော် ရှောက်ယုံအနေဖြင့် အပြင်သို့ ထွက်၍ ထိုရူးသွပ်ဇွန်ဘီ နှစ်ကောင်ကို မိမိ သတ်ဖြတ်ပြီးပြီဖြစ်ကြောင်း သွားပြောရန်လည်း မဖြစ်နိုင်ချေ..၊ ထို့နောက် ရိုးရှင်းသော တံတိုင်းအမြင့်တစ်ခု မြေပြင်မှ ထွက်ပေါ်လာပြီး မိမိကို အပြင်ဘက်တွင် ပိတ်ဆို့လိုက်သည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရတော့သည်။

တံတိုင်းက ပြဿနာမဟုတ်ချေ။ ၎င်းသည် မည်သည့်အချိန်တွင်မဆို ကျော်တက်နိုင်ပေသည်။ ပြဿနာမှာ တံတိုင်းအနောက်တွင် စောင့်ကြပ်နေကြသော လူများ ဖြစ်၏.။ သူသည် ယခုချိန်တွင် ဖော်ထုတ်ခံရခြင်းကို မလိုလားချေ။

ဤသို့ဖြင့် ဝမ်ထောင်သည် ရှောက်ယုံကို ကိုင်တွယ်ရန် မရေမရာ ဖြစ်နေသကဲ့သို့ပင် ရှောက်ယုံသည်လည်း ဝမ်ထောင်နှင့် ၎င်း၏ အဖွဲ့ကို ကိုင်တွယ်ရန် မရေမရာ ဖြစ်နေမိသည်။

စောင့်ဆိုင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။ သူသည် အနည်းငယ် ထပ်မံစောင့်ဆိုင်းပြီးမှ ပြန်လည်ခိုးဝင်ဖို့ အခွင့်အရေး ရှာဖွေရန် ကြံစည်ထားလိုက်သည်။

ထိုပိတ်ဆို့မှုက မိမိကို တိုက်ရိုက် ပစ်မှတ်ထားခြင်း ဖြစ်မလားဟူသော အချက်နှင့် ပတ်သက်၍မူ သံသယမဝင်မိပါ။ဤအရာအားလုံးက သူ၏ မျက်စိရှေ့တွင်တင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ရာ မည်သို့ အတုအယောင် ဖြစ်နိုင်မည်နည်း။

ထို့အပြင် သူသည် အရာအားလုံးကို အပြစ်ဆိုဖွယ်မရှိအောင် လုပ်ဆောင်ခဲ့သဖြင့် မည်သည့် သက်သေအထောက်အထားမျှ ကျန်ရှိရန် မဖြစ်နိုင်ချေ။

...နောက်တစ်နေ့။

ကောင်းမွန်စွာအိပ်စက်ခဲ့သော ရှောက်ယုံသည် တံခါးအပြင်ဘက်တွင် လှုပ်ရှားမှုအချို့ ရှိနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။

သူ ဝေဝေဝါးဝါးဖြင့် ထထိုင်လိုက်သည်။

ဒဏ်ရာများကြောင့် မလန်းဆန်းသေးဘဲ အိပ်ချင်မူးတူးရှိနေဆဲ ဖြစ်ရာ သူသည် တောရိုင်းမြေတွင် ရှိနေဆဲဖြစ်ပြီး အပြင်ဘက်မှ လှုပ်ရှားမှုမှာ ဇွန်ဘီများကြောင့် ဖြစ်လိမ့်မည်ဟု စိတ်ထဲမှ တိတ်တဆိတ် တွေးမိလိုက်သည်...။

ထို့နောက်တွင်မူ။

ဒုန်း။

တံခါးမှာ ကန်ဖွင့်ခြင်း ခံလိုက်ရ၏။

တံခါးဖွင့်သံနှင့်အတူ မီးသတ်ပုဆိန် နှစ်လက်သည် သူ၏ မျက်နှာဆီသို့ ရိပ်ခနဲ တည့်တည့် ပျံသန်းလာကြသည်။

"သောက်ခွေး..."

........

All Chapters