← Chapters

အခန်း ၁၂၇

Vol. 12 Ch. 127

အခန်း ၁၂၇

Vol. 12 Ch. 127

အခန်း ၁၂၇ - နှစ်ကြိမ်တိုင်တိုင် အသတ်ခံရခြင်း

မနက်စောစော၊ ရွှေကျဲစခန်း။

လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လူတစ်စုသည် ကန့်သတ်နယ်မြေထဲသို့ တိတ်တဆိတ် ဝင်ရောက်လာကြ၏။

"ငါ တကယ်ပဲ နည်းနည်းတော့ ရင်ခုန်နေတုန်းပဲ..."

ဖုန်းမင်အန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။

အဓိကမှာ ဝမ်ထောင်က ရှောက်ယုံကို အလွန်အမင်း သန်မာလွန်းသည်ဟု ပြောပြထားခဲ့သောကြောင့် ဖြစ်၏။ သူသည် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသောသူမျိုးနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးသဖြင့် အနည်းငယ် စိုးရိမ်ပူပန်မှုကို ခံစားနေရခြင်း ဖြစ်သည်။

"စိတ်မပူပါနဲ့။ ငါက သူ သန်မာတယ်လို့ ပြောတာက သူ အကောင်းဆုံးအခြေအနေမှာ ရှိနေတုန်းကကို ပြောတာပါ။ အခု သူက ဒဏ်ရာအပြင်းအထန်ရထားတာဆိုတော့ ငါတို့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။"

ဝမ်ထောင်က အသံတိုးတိုးဖြင့် ၎င်းအား နှစ်သိမ့်လိုက်၏။

ရှောက်ယုံ၏ နည်းပါးလှသော သွေးပမာဏ အခြေအနေကို ကြည့်ခြင်းအားဖြင့် ဝမ်ထောင်သည် မိမိတစ်ဦးတည်းဖြင့်ပင် ထိုသူကို အနိုင်ယူနိုင်သည်ဟု ခံစားရသည်။ သို့သော် ၎င်းတို့တွင် လူအင်အား ရှိနေသဖြင့် တစ်ဦးချင်း တိုက်ခိုက်နေရန် မလိုဘဲ စုပေါင်းအင်အားဖြင့် နှိမ်နင်းခြင်းက သေချာပေါက် ပ

ပိုသင့်တော်သည်။

"သူ အပေါ်ထပ်မှာ ရှိနေတာ သေချာရဲ့လား။"

ရှန့်ဟုန်ပင်းက မီးသတ်ပုဆိန်တစ်လက်ကို ထုတ်ယူရင်း မေးမြန်းလိုက်၏။

"သေချာတယ်"

ဟန်ရွှေသည် တစ်ညလုံးလိုလို လူများကို ဦးဆောင်၍ ကန့်သတ်နယ်မြေကို စောင့်ကြည့်ခဲ့ခြင်းဖြစ်ရာ မည်သူမျှ ထွက်သွားသည်ကို မမြင်ခဲ့ချေ။ ရှောက်ယုံသည် သေချာပေါက် အထဲတွင် ရှိနေဆဲ ဖြစ်သည်။

ဟန်ရွှေသည် ရှောက်ယုံ မည်သည့်အဆောက်အအုံထဲတွင် ရှိနေသလဲဆိုသည်ကိုပင် ရှာတွေ့ထားခဲ့သေး၏။

"ဒီနေရာပဲ..."

ဟန်ရွှေက သင်ကြားရေးအဆောက်အအုံတစ်ခုကို ညွှန်ပြလျက် ပြောလိုက်သည်။

မူလက ဝမ်ထောင်သည် ဟန်ရွှေတစ်ညလုံး အလုပ်ရှုပ်ထားခဲ့သဖြင့် နေ့ခင်းဘက်တွင် အနားယူစေလိုခဲ့၏။ သို့သော် ဟန်ရွှေက မိမိ၏ စိတ်ဝိညာဉ်စွမ်းအား ကောင်းမွန်နေဆဲဖြစ်ပြီး ဤကဲ့သို့သော ရှားပါးသည့် တိုက်ပွဲအခွင့်အရေးတွင် ပါဝင်လိုသည်ဟု ဇွတ်တောင်းဆိုခဲ့သည်။

သူမ၏ စိတ်စွမ်းအားမှာ အမှန်တကယ်ပင် ကောင်းမွန်နေသည်ကို မြင်သောအခါ ဝမ်ထောင်လည်း သဘောတူလိုက်တော့၏။

လူတိုင်း အဆောက်အအုံ၏ အောက်ခြေသို့ သတိထားလျက် ချဉ်းကပ်လာကြစဉ်တွင် ရုတ်တရက် မှင်တက်သွားကြတော့သည်။

အဆောက်အအုံ၏ အောက်ခြေတွင် ရူးသွပ်ဇွန်ဘီများ၏ အလောင်းနှစ်လောင်း ရှိနေခြင်းကြောင့် ဖြစ်၏။

"ဒီ ရှောက်ယုံက... ငါတို့ကို တမင်တကာ ငါးစာချနေတာတော့ မဟုတ်ပါဘူးနော်။"

ထိုအလောင်းများကို ကြည့်လျက် လူတိုင်းက အနည်းငယ် သံသယဝင်မိသွားကြသည်။

ထွက်ပြေးသွားခဲ့သော ရူးသွပ်ဇွန်ဘီနှစ်ကောင်သည် ရှောက်ယုံကို တွေ့ခဲ့ခြင်း ဖြစ်နိုင်ပြီး ထိုရူးသွပ်ဇွန်ဘီနှစ်ကောင်မှာ ၎င်းအား လုံးဝ ယှဉ်နိုင်လိမ့်မည်မဟုတ်​ပေ။

သို့သော် ပြဿနာမှာ ရှောက်ယုံအနေဖြင့် ဤဇွန်ဘီများကို သတ်ပြီးနောက် ဖုံးကွယ်ထားသင့်သည် မဟုတ်ပါလော။

သူ နေထိုင်ရာ အဆောက်အအုံ၏ အောက်ခြေတွင် ဤအတိုင်း အလောင်းများကို မည်သို့ စွန့်ပစ်ထားမည်နည်း။ ဤသဲလွန်စက သိသာလွန်းလှသည်။

ရှောက်ယုံသည် ပါးနပ်သော လူသားတစ်ဦး ဖြစ်ရာ ဤမျှအထိ ပေါ့ဆလိမ့်မည် မဟုတ်ချေ။ မည်သို့ပင် ကြည့်ပါစေ ဤအရာက ထောင်ချောက်တစ်ခုနှင့် တူနေ၏။

အခြားသူများတင်မကဘဲ ဝမ်ထောင်ပင်လျှင် အနည်းငယ် သံသယဝင်မိသွားသည်။ ရှောက်ယုံသည် မိမိ ဖော်ထုတ်ခံထားရသည်ကို သိရှိသွားပြီး သူတို့၏ အစီအစဉ်ကို ပြန်လည်အသုံးချနေခြင်း ဖြစ်နိုင်လား။

"အရင်ဆုံး ဝင်သွားကြရအောင်၊ ပြီးရင် ဟန်ရွှေကို သူ့ရဲ့ အာရုံခံစားမှု သုံးခိုင်းလိုက်မယ်..."

မစ်ရှင်မစတင်မီကပင် ဝမ်ထောင်သည် ဟန်ရွှေ၏ အာရုံခံစွမ်းရည်အကြောင်းကို လူတိုင်းအား ပြောပြထားခဲ့ပြီး ဖြစ်၏။ လူတိုင်း အံ့အားသင့်သွားကြသော်လည်း ယင်းက သဘာဝကျသည်ဟု ယူဆကြသည်။အကယ်၍ ဟန်ရွှေတွင် ဤမျှ သန်မာသော စွမ်းရည် မရှိပါက ဝမ်ထောင်အနေဖြင့် သူမမအား သွားလေရာတိုင်း သူအနားတွင် အမြဲ ခေါ်ဆောင်ထားလိမ့်မည် မဟုတ်ချေ။

"အိုကေ"

လူတိုင်း ခေါင်းညိတ်ကြပြီး အဆောက်အအုံအဝင်ဝသို့ သတိထားလျက် ချဉ်းကပ်သွားကြသည်။

သူတို့သည် မူလက ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်ရန် ကြံစည်ထားသော်လည်း အဓိကတံခါးကြီးမှာ ပွင့်နေပြီး သော့ခလောက်မှာလည်း အတင်းအဓမ္မ ဖျက်ဆီးခံထားရသည်ကို ရှာတွေ့ခဲ့ကြ၏။ ထိုဧရိယာကို စတင်ပိတ်ဆို့စဉ်က တံခါးများအားလုံးကို တင်းကျပ်စွာ သော့ခတ်ထားခဲ့ခြင်း ဖြစ်သည်။

ဟန်ရွှေ၏ အာရုံခံစွမ်းရည်မှာ သုံးဖက်မြင် စွမ်းရည်တစ်ခု ဖြစ်သော်လည်း ရှေ့၊ နောက်၊ ဘယ်၊ ညာ အကွာအဝေးများသို့ ပိုမိုဝေးကွာစွာ အာရုံခံနိုင်ပြီး ဒေါင်လိုက်အကွာအဝေးမှာမူ အနည်းငယ် တိုတောင်းလှပေသည်။ တံတိုင်းများ၏ အထူကဲ့သို့သော အချက်များကလည်း ၎င်း၏ စွမ်းရည်အပေါ် သက်ရောက်မှု ရှိသဖြင့် တစ်စုံတစ်ခုကို အာရုံခံနိုင်ရန် အနီးကပ်သို့ သွားရောက်

ရန်လိုသည်။

သင်ကြားရေးအဆောက်အအုံတွင် စုစုပေါင်း ခြောက်ထပ် ရှိ၏။ ဟန်ရွှေသည် စတုတ္ထထပ်သို့ ရောက်ရှိသည်နှင့် ဆဋ္ဌမထပ်ရှိ အခြေအနေကို အခြေခံအားဖြင့် ရှင်းလင်းစွာ "မြင်" နိုင်ပြီ ဖြစ်သည်။

"သူ အထဲမှာ ရှိနေတုန်းပဲ။ အသက်ရှင်သေးတယ်"

စတုတ္ထထပ်သို့ ရောက်ရှိသည်နှင့် ဟန်ရွှေက ချက်ချင်း ပြောလိုက်၏။

"ဟူး—"

ဟန်ရွှေ၏ အတည်ပြုချက်က လူတိုင်းကို သက်ပြင်းချနိုင်စေခဲ့သည်။

သူ အထဲတွင် ရှိနေဆဲ ဖြစ်သရွေ့ မည်သည့်လှည့်ကွက်များ ရှိနေပါစေ သူတို့ ရင်ဆိုင်ကြမည် ဖြစ်သည်။လူစုသည် မည်သည့်မတော်တဆမှုမျှ မရှိဘဲ ဆဋ္ဌမထပ်သို့ တိတ်တဆိတ် တက်လှမ်းလာခဲ့ကြ၏။

ဝမ်ထောင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ထောင်ချောက်တစ်ခု မဟုတ်ဘဲ ရှောက်ယုံက တကယ်ပဲ ပေါ့ဆသွားတာ ဖြစ်နိုင်မလား။"

ယခင်က ကောဟွာ ပြောပြချက်အရ ဤရှောက်ယုံသည် ပါးနပ်သော လူသားတစ်ဦး ဖြစ်သည်။ သူ ဇဝေဇဝါ ဖြစ်နေမိသော်လည်း ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ရှောက်ယုံကို သေချာပေါက် လွှတ်ပေး၍ မရချေ။

ဟန်ရွှေအား ရှောက်ယုံ မည်သည့်စာသင်ခန်းထဲတွင် ရှိနေသလဲဆိုသည်ကို အတည်ပြုခိုင်းပြီးနောက် လူစုသည် အကျဉ်းချုပ် စီစဉ်လိုက်ကြတော့သည်။

စာသင်ခန်းတွင် ရှေ့တံခါးနှင့် နောက်တံခါးဟူ၍ တံခါးနှစ်ပေါက် ရှိ၏။ ရှောက်ယုံသည် ရှေ့တံခါးအနီးရှိ ထောင့်စွန်းတွင် တည်ရှိနေပြီး ထိုနေရာမှနေ၍ ဝင်ပေါက်နှစ်ခုလုံးကို မြင်တွေ့နိုင်လေသည်။ ဝမ်ထောင်နှင့် အခြားလူအချို့မှာ ရှောက်ယုံနှင့် ပိုမိုနီးကပ်သော ရှေ့တံခါးတွင် ရှိနေကြပြီး ဝေကျန့်ကော်မှာမူ နောက်တံခါးတွင် တစ်ဦးတည်း ရှိနေ၏။

အစီအစဉ် ပြီးမြောက်သည်နှင့် လူတိုင်း အသက်ပြင်းပြင်း ရှူလိုက်ကြပြီး ထို့နောက် ရှန့်ဟုန်ပင်းက တံခါးကို ကန်ဖွင့်လိုက်တော့သည်။

ဒုန်း။

တံခါးပွင့်သွားသည့် စက္ကန့်ပိုင်းမျှတွင် ဝမ်ထောင်သည် ရှောက်ယုံ ရှိရာ အရပ်ဆီသို့ မီးသတ်ပုဆိန်နှစ်လက်ကို အားကုန်

ပစ်ထည့်လိုက်၏။

ဟန်ရွှေနှင့် လုကန်းတို့ကလည်း ရှောက်ယုံဆီသို့ မြှားတစ်စင်းစီ ပစ်ခတ်လိုက်ကြသည်။

ဒုတ်...။

ပုဆိန်တစ်လက်မှာ ရှောက်ယုံ၏ ရင်ဘတ်ကို တိကျစွာ ထိမှန်ခဲ့သော်လည်း ၎င်း၏ ရင်ဘတ်တွင် သံမဏိပြားတစ်ခု ရှိနေသဖြင့် ပုဆိန်မှာ လွင့်ထွက်သွားခဲ့သည်။ အခြားပုဆိန်တစ်လက်မှာမူ ရှောက်ယုံ၏ လွှဲယမ်းလိုက်သော လက်မောင်းဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး ၎င်း၏ လက်ဖျံတွင်လည်း သံမဏိပြားတစ်ခု ချည်နှောင်ထားပေသည်။

သို့သော် မြှားနှစ်စင်းမှာမူ ရှောက်ယုံ၏ ဘယ်ဘက်လက်မောင်းကြွက်သားနှင့် ညာဘက်ပေါင်တို့ကို အသီးသီး ထိမှန်သွားခဲ့၏။ ထိုနေရာများတွင် မည်သည့်ကာကွယ်မှုမျှ မရှိသဖြင့် မြှားများသည် အထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည်။

အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေခဲ့သော ရှောက်ယုံသည် ချက်ချင်းပင် လုံးဝ နိုးကြားသွားတော့သည်။

"ယား---—"

သူသည် ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ၏အောက်ရှိ သံစားပွဲနှစ်လုံးကို မ၍ တံခါးဆီသို့ အားကုန်လွှင့်ပစ်လိုက်၏။

ဝုန်း—

လူစုက လျင်မြန်စွာ ရှောင်လိုက်ကြသည်။

စားပွဲများ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် ဝမ်ထောင်သည် အခြားပုဆိန်တစ်လက်ကို ထပ်မံပစ်ပေါက်ရန် ပြင်လိုက်စဉ် ရှောက်ယုံက ဝမ်ထောင်ပစ်လိုက်သော ပုဆိန်ကို ကောက်ယူ၍ တံခါးဆီသို့ ပြန်လည်ပစ်ပေါက်လိုက်သည်ကို မြင်လိုက်ရ၏။

"ဝှီး.."

ရှောက်ယုံ၏ ပစ်ပေါက်ခြင်း စွမ်းရည်မှာလည်း အလွန် သန်မာလှကြောင်း ဝမ်ထောင် မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။

ဒုတ်..။

ရှန့်ဟုန်ပင်းသည် အရှိန်အဟုန်ကို အဓိက ခံလိုက်ရပြီး ပုဆိန်နှစ်လက်ကြောင့် လဲကျသွားခဲ့၏။

လဲကျသွားခဲ့သည်ဟု ဖော်ပြရခြင်းမှာ ရှန့်ဟုန်ပင်းတွင်လည်း ရင်ဘတ်၌ သံမဏိပြားတစ်ခု ချည်နှောင်ထားခြင်းကြောင့်ဖြစ်ပြီး ပုဆိန်များသည် သံမဏိပြားကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။ သံမဏိပြားက သက်ရောက်မှုကို တားဆီးပေးခဲ့သော်လည်း ကြီးမားလှသော တုန်ခါမှုလှိုင်းကြောင့် ရှန့်ဟုန်ပင်းမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့ရခြင်း ဖြစ်တည်း။

"ဖူး—"

ရှန့်ဟုန်ပင်းသည် ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရပြီး ၎င်း၏ မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

"တကယ်ကို အားကြီးတာပဲ"

ဖုန်းမင်အန်းက ရှန့်ဟုန်ပင်းကို လျင်မြန်စွာ ဆွဲထူလိုက်၏။ နောက်တံခါးတွင်မူ ဝေကျန့်ကော်သည် ရုတ်တရက် အရှိန်ပြင်းဝင်တိုက်ခြင်းကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

ဝုန်း။

ဒုန်း။

သူသည် သစ်သားတံခါးကို တိုက်ရိုက် တိုက်ခွဲလျက် ရှောက်ယုံထံသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။

ဘုန်း—ဖုန်း

ရှောက်ယုံမှာ လွင့်ထွက်သွားပြီး ဝေကျန့်ကော်၏ ဖိညှပ်ထားမှုကြောင့် ထောင့်စွန်းတွင် မလှုပ်ရှားနိုင်ဘဲ ဖြစ်သွားရ၏။

လူစုသည် အခွင့်အရေးကို အမိအရဆုပ်ကိုင်လျက် ပြေးဝင်လာကြသည်။ ဝမ်ထောင်နှင့် အခြားလူများသည် ရှောက်ယုံကို ဝိုင်းဝန်းဖိနှိပ်ရန် ကူညီပေးဖို့ ပြင်လိုက်ကြသော်လည်း ရှောက်ယုံက ရုတ်တရက် အော်ဟစ်လျက် ဝေကျန့်ကော်ကို တွန်းထုတ်လိုက်ပေသည်။

ယင်းက သေခါနီး အားခတ်လိုက်သကဲ့သို့ ဖြစ်ပြီး ၎င်း၏ ဒဏ်ရာများကြောင့် ဖြစ်ပေါ်နေသော မောပန်းနွမ်းနယ်မှု အသွင်အပြင်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။

ဝမ်ထောင်သည် ၎င်း၏ သွေးဘားတန်းကို လျင်မြန်စွာ ကြည့်လိုက်သည်။

သွေးပမာဏ: 【၇၀၄/၄၁၁၀】

စွမ်းအင်ပမာဏ: 【၁၆၉၀/၄၀၀၀】

သူသည် သွေးနည်းသော အခြေအနေတွင် ရှိနေဆဲ ဖြစ်ပြီး သူ၏ သွေးပမာဏမှာ ပြန်လည်ပြည့်ဖြိုးလာခြင်း မရှိချေ။

ဝမ်ထောင်သည် ယခင်က မြင်တွေ့ခဲ့ဖူးသော "ပြန်လည်ပြည့်ဖြိုးခြင်း" အမြုတေကို ချက်ချင်း တွေးမိသွားသည်။

【ပြန်လည်ပြည့်ဖြိုးခြင်း: စွမ်းအင် ပမာဏတစ်ခုကို သုံးစွဲ၍ အမောခံနိုင်ရည်နှင့် စိတ်ဝိညာဉ်စွမ်းအားတို့ကို ချက်ချင်း အပြည့်အဝ ပြန်လည်ကောင်းမွန်စေသည်။】

ရှောက်ယုံသည် အမောခံနိုင်ရည်နှင့် စိတ်ဝိညာဉ်စွမ်းအားတို့ကိုသာ ပြန်လည်ကောင်းမွန်စေခဲ့ခြင်းဖြစ်ပြီး ၎င်း၏ သွေးပမာဏမှာ နည်းပါးနေဆဲ ဖြစ်၏။

ဤအခြေအနေကို မြင်သောအခါ ဝမ်ထောင်သည် တုန်ခါမှုလှိုင်းတစ်ခုကို တိုက်ရိုက် စေလွှတ်လိုက်တော့သည်။

ဒုန်း—

တုန်ခါမှုလှိုင်းမှာ ရှောက်ယုံကို ချက်ချင်း ထိမှန်သွားခဲ့၏။

သို့သော် ရှောက်ယုံက ၎င်း၏ အနောက်မှ အိမ်တွင်းလုပ် သံမဏိဒိုင်းတစ်ခုကို ရုတ်တရက် ဆွဲထုတ်လိုက်ပေသည်။

【-၁၂၉】

တုန်ခါမှုလှိုင်းမှာ သံမဏိဒိုင်းကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။ သံမဏိပြားက စွမ်းအင်အများစုကို စုပ်ယူပေးခဲ့သော်လည်း အချို့မှာ ရှောက်ယုံ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားခဲ့ရာ သူ့အား သွေးပမာဏ တစ်ရာကျော် ဆုံးရှုံးသွားစေခဲ့သည်။

ရှောက်ယုံသည် ဝမ်ထောင်ကို ရုတ်တရက် မော့ကြည့်လိုက်၏။ထို့နောက် သူ၏ ပါးစပ် ကိုဖြဲကာ ရှည်လျားပြီး သွယ်လျသော လျှာတစ်ခုသည် ဝမ်ထောင်ဆီသို့ မြှားတစ်စင်းကဲ့သို့ ရုတ်တရက် ပျံသန်းလာတော့သည်။

ဝမ်ထောင်သည် ယခင်ကပင် ရှောက်ယုံ၏ လျှာမှာ သာမန်လူနှင့် မတူညီကြောင်း သတိထားမိခဲ့ခြင်းဖြစ်သလို ဆေးရုံအဝတွင် လျှာရှည်ဇွန်ဘီကို မြင်ပြီးနောက် ဤလှုပ်ရှားမှုကို ကြိုတင်၍ တွေးထားခဲ့ပြီး ဖြစ်၏။

ဝမ်ထောင်သည် တိကျစွာ ပစ်ခတ်ခြင်းကို ချက်ချင်း အသက်သွင်းလိုက်ပြီး ထို့နောက် လေထုထဲသို့ ပုဆိန်ကို လွှဲယမ်းလိုက်တော့သည်။

သူလွှဲယမ်းမှုမှာ လေဟာနယ်ကို ဦးတည်ထားခြင်း ဖြစ်သော်လည်း ရှောက်ယုံ၏ လျှာမှာ ၎င်းနှင့် အလိုအလျောက် တိုက်မိသွားခဲ့ပုံရပြီး ဝမ်ထောင်၏ ပုဆိန်အသွားပေါ်သို့ တည့်တည့် ကျရောက်သွားခဲ့၏။

ချွင်—

သတ္တုချင်း တိုက်မိသံနှင့် တူညီသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ထောင်သည် သံမဏိချောင်းတစ်ခုကို ရိုက်နှက်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

"လျာက တကယ့်ကို မာကျောတာပဲ"

သို့သော် မာကျောခြင်းက နာကျင်မှုကို မခံစားရဟု မဆိုလိုချေ။ ရှောက်ယုံသည် ၎င်း၏ လျှာကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ရပြီး သူ၏ ပါးစပ်မှ သွေးစအချို့ လျှံထွက်လာခဲ့သည်။

သူသည် ဝမ်ထောင်ကို ပြင်းထန်စွာ စိုက်ကြည့်နေ၏။ ဝမ်ထောင်အနေဖြင့် မိမိ၏ တိုက်ခိုက်မှုကို ကြိုတင်၍ မည်သို့ ခန့်မှန်းနိုင်ခဲ့သလဲဆိုသည်ကို လုံးဝ နားမလည်နိုင်ဘဲ ဖြစ်နေသည်။

သို့သော် ယခုအချိန်တွင် တွေးတောနေရန် အချိန်မရှိချေ။ သူသည် ဒိုင်းကို ချက်ချင်းမြှင့်တင်လျက် ဝမ်ထောင်ထံသို့ ပြေးဝင်လာတော့သည်။

ဤလူစုထဲတွင် ဝမ်ထောင်က အသန်မာဆုံး ဖြစ်ကြောင်း သူခံစားမိလေသည်။ ဝမ်ထောင်ကို သတ်ဖြတ်နိုင်သရွေ့ အခြားလူများသည် ဂရုစိုက်စရာ မလိုတော့ပါ။

ရှောက်ယုံက မိမိထံသို့ အရှိန်ပြင်းဝင်တိုက်လာသည်ကို ကြည့်လျက် ဝမ်ထောင်သည် ဝတ်စုံမှ ပေးအပ်ထားသော စွမ်းရည်ကို တိတ်တဆိတ် အသက်သွင်းလိုက်၏။

အရှိန်ပြင်းဝင်တိုက်ခြင်း...

ဒုန်း—

စက္ကန့်ပိုင်းမျှအတွင်း သူတို့နှစ်ဦးသည် ဆိတ်သိုးချင်းဝှေ့သလို ပြင်းထန်စွာ တိုက်မိသွားကြသည်။

ရှောက်ယုံ မည်မျှပင် မြန်ဆန်စွာ အရှိန်ပြင်းဝင်တိုက်ခဲ့ပါစေ သူသာ နောက်သို့ လွင့်ထွက်သွားခဲ့ရ၏။

သူသည် တံတိုင်းတစ်ခုကိုပင် တိုက်ရိုက် တိုက်ခွဲလျက် အခြားစာသင်ခန်းတစ်ခုထဲသို့ ကျရောက်သွားခဲ့သည်။

ဝမ်ထောင်သည် မူးဝေနေသော ရှောက်ယုံကို ဖမ်းဆီးလျက် ရုတ်တရက် ဆွဲပစ်လိုက်၏။

ဝမ်ထောင်ထက် ခန္ဓာကိုယ်ပိုမိုကြီးမားသော ရှောက်ယုံသည် ကိုင်ပေါက်ခြင်းကို တိုက်ရိုက် ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ရတော့သည်။

ဒုန်း—

"အော့—"

ထို့နောက် ကြိုတင်ပြင်ဆင်ထားခဲ့သော ဖုန်းမင်အန်းသည် ချက်ချင်းပင် အကျိအချွဲအန်ထုတ်ခြင်းကို ပြုလုပ်လိုက်၏။

၎င်း၏ ပါးစပ်မှ အဖြူရောင် အကျိအချွဲ အမြောက်အမြား ပန်းထွက်လာခဲ့ပြီး ရှောက်ယုံ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

ရှောက်ယုံသည် အနည်းငယ် ရုန်းကန်ခဲ့သော်လည်း မကြာမီတွင် လုံးဝ မလှုပ်ရှားနိုင်ဘဲ ဖြစ်သွားရ၏။ သေဆုံးသွားခြင်းကြောင့် မဟုတ်ဘဲ လုံးဝ ကပ်ငြိခံထားရခြင်းကြောင့် ဖြစ်သည်။

ရှောက်ယုံ မိမိကို သေလုမတတ် ဒေါသ

တကြီးစိုက်ကြည့်နေသော ပုံစံကို ကြည့်လျက် ဝမ်ထောင်မှာ ရယ်ချင်စိတ်ပသ် ဖြစ်ပေါ်လာ၏။

ရှောက်ယုံ၏ အင်အားမှာ ကြီးမားလှသော်လည်း ဝမ်ထောင်၏ အင်အားမှာလည်း သေးငယ်သည် မဟုတ်ချေ။ ရှောက်ယုံ၏

သာမန်ဒိုင်းနှငိ့ သာမန် အရှိန်ပြင်းဝင်တိုက်ခြင်းက ဝမ်ထောင်၏ဝတ်စုံစွမ်းရည်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သို့သော် ရှောက်ယုံ၏ သန်မာသော ကိုယ်ခံပညာနှင့် သူကိုင်ဆောင်ထားသော သံမဏိဒိုင်းကြောင့်သာ မဟုတ်ပါက ဝမ်ထောင်၏ အရှိန်ပြင်းဝင်တိုက်ခြင်းက ၎င်းအား တိုက်ရိုက် သေဆုံးသွားစေနိုင်လေသည်။

တိုက်ပွဲဖြစ်စဉ်တွင် အနည်းငယ်သော မတော်တဆမှုများ ရှိခဲ့သော်လည်း ရလဒ်အပေါ် လူတိုင်း အလွန် စိတ်ကျေနပ်မှု ရှိကြ၏။

သူတို့သည် အကယ်၍ ရှင်လျက် ဖမ်းဆီးနိုင်မည့် အခွင့်အရေး ရှိပါက ကြိုးစားရန်နှင့် ထိုသို့မဟုတ်ပါက ရန်သူအား တိုက်ရိုက် သတ်ဖြတ်ရန် ကြံစည်ထားခဲ့ခြင်း ဖြစ်၏။

ယခုအခါ သူတို့၏ ကံတရားမှာ အတော်လေး ကောင်းမွန်လှပုံရပြီး ရှောက်ယုံကို အမှန်တကယ်ပင် ရှင်လျက် ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှောက်ယုံသည် ၎င်းတို့စခန်းမှ အဖွဲ့ဝင်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့ဖူးသည်။ သူ့အား အသက်ရှင်လျက် ဖမ်းဆီးခြင်းက အသက်ရှင်ကျန်ရစ်သူအားလုံး၏ ရှေ့မှောက်တွင် ကွပ်မျက်နိုင်ရန်အတွက် အကောင်းဆုံးပင်။

"မင်းလို တိရစ္ဆာန်ကောင်ကို နောက်ဆုံးတော့ ငါတို့ ဖမ်းမိပြီဟေ့။ မင်း သေရတော့မယ်လို့ ငါ ပြောလိုက်မယ်"

ရှန့်ဟုန်ပင်းက သူ၏ ရင်ဘတ်ကို ဖိလျက် ကြုံးဝါးရင်း လျှောက်လာခဲ့သည်။

“ငါ မင်းတို့လက်ထဲ ကျလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ငါ မကျေနပ်ဘူး...”

ရှောက်ယုံက အနည်းငယ် ခက်ခဲစွာဖြင့် ပါးစပ်ကို ဖွင့်လိုက်၏။

သူ၏ ဦးခေါင်းမှာ အနည်းငယ် မူးဝေနေပြီး အမြင်အာရုံများ ဝေဝါးနေကာ သူ၏ အတွေးများမှာလည်း အနည်းငယ် နှေးကွေးနေသကဲ့သို့ ခံစားရသည်။ သူ၏ လက်ခြေများသည် ၎င်း၏ ဦးနှောက် စေခိုင်းမှုကို နားမထောင်ကြသလိုပင်။.. အကယ်၍ ဤအနုတ်လက္ခဏာဆောင်သောအခြေအနေများ မရှိပါက သူ့အနေဖြင့် သေချာပေါက် ရှုံးနိမ့်လိမ့်မည်မဟုတ်ဟု ခံစားရသည်။

"မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲကွ"

"ဖုန်း"

"ဖုန်း "

ရှန့်ဟုန်ပင်းက သူ့အား ပြင်းထန်စွာ နှစ်ချက် ကန်ထည့်လိုက်ပြီးမှ ရက်စက်သော အပြုံးတစ်ခုကို ပြသလိုက်၏။

“မင်း ခဏနေရင် ကျေနပ်သွားမှာပါ"

ဝမ်ထောင်သည် ရှောက်ယုံ၏ ကျောပိုးအိတ်ထဲမှ ပစ္စည်းများကို ရှာဖွေရင်း သူ၏ သွေးပမာဏကို ကြည့်လိုက်သည်။

သွေးပမာဏ 【၁၀၄/၄၁၁၀】

၎င်းသည် အလွန်အမင်း နည်းပါးနေပြီဖြစ်ရာ ၎င်းတို့ထဲမှ မည်သူမဆို ၎င်းအား သတ်ဖြတ်နိုင်ပေသည်။

သို့သော် ဝမ်ထောင်သည် ရှောက်ယုံ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေးများကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်မိသွား၏။

【ခန္ဓာကိုယ်တွင်းအညစ်အကြေးများ: ၈၅%】

ယခင်က ၇၀% သာ ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအား မတွေ့ရသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း မည်သို့ကြောင့် ၈၅% သို့ ရောက်ရှိသွားရသနည်း။

သူဘာတွေ လျှောက်လုပ်ထားတာလဲ။

အနည်းငယ် ဇဝေဇဝါ ဖြစ်မိသော်လည်း ဝမ်ထောင် သိပ်ဂရုမစိုက်တော့ချေ။ မည်သို့ပင်ဆိုစေ သေဆုံးရမည့်သူပင် မဟုတ်ပါလား။

ထို့အပြင် ဝမ်ထောင်သည် ရှောက်ယုံကို ဆေးရုံ၏ အခြေအနေနှင့် ပတ်သက်၍ သေချာစွာ စစ်ဆေးမေးမြန်းရန် ကြံစည်ထားသည်။

ဖုန်းမင်အန်သည် စစ်ဆေးမေးမြန်းခြင်းတွင် အလွန် ကျွမ်းကျင်လှသဖြင့် ၎င်းအား တစ်စုံတစ်ခုကို ပြောပြလာအောင် သေချာပေါက် လုပ်ဆောင်နိုင်ပေလိမ့်မည်။

လူတိုင်းသည် ရှောက်ယုံနှင့် ထိုခဲနေသော အကျိအချွဲများကိုပါ အတူတူ သယ်ဆောင်သွားရန် ပြင်ဆင်လိုက်ကြ၏။

သို့သော် ဝမ်ထောင်၏ မျက်ခုံးများမှာ ရုတ်တရက် တွန့်ကွေးသွားခဲ့သည်။

၎င်းသည် ရှောက်ယုံ၏ သွေးဘားတန်းမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို သတိထားမိလိုက်ခြင်း ဖြစ်၏။

လူသားအသက်ရှင်ကျန်ရစ်သူများ၏ သွေးဘားတန်းမှာ အစိမ်းရောင် ဖြစ်ပြီး ဇွန်ဘီများ၏ သွေးဘားတန်းမှာ အနီရောင် ဖြစ်သည်။ ဝမ်ထောင်သည် သွေးဘားတန်း၏ အရောင်ကို ကြည့်ခြင်းဖြင့် လူသားလား သို့မဟုတ် ဇွန်ဘီလားဟူ၍ ဆုံးဖြတ်နိုင်သည်။

သို့သော် ယခုအချိန်တွင် ရှောက်ယုံ၏ သွေးဘားတန်းမှာ အစိမ်းရောင်နှင့် အနီရောင်တို့အကြား အပြန်အလှန် ပြောင်းလဲနေပေသည်။

ဝမ်ထောင်သည် ရှောက်ယုံ၏ နာကျည်းနေသော မျက်လုံးများထဲတွင် အနက်ရောင် သွေးကြောများ ဖြည်းဖြည်းချင်း ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားခဲ့၏။

“မကောင်းတော့ဘူး”

တွေးတောနေရန် အချိန်မရှိသဖြင့် သူ၏ လက်ထဲတွင် ခွဲစိတ်ဓားတစ်လက် ချက်ချင်း ပေါ်လာခဲ့သည်။

ထို့နောက် မည်သူမျှ တုံ့ပြန်ရန် အချိန်မရမီမှာပင် ချက်ချင်း ပစ်လွှတ်လိုက်တော့သည်။

ဝှစ်..

ဇုပ်...

ခွဲစိတ်ဓားမှာ ရှောက်ယုံ၏ မျက်တွင်းထဲသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့၏။

【-၂၀၄】

【၀/၄၁၁၀】

ရှောက်ယုံ၏ သွေးပမာဏမှာ သုညသို့ ရောက်ရှိသွားခဲ့ပြီး ၎င်းသည် ချက်ချင်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝမ်ထောင်သည် ရှောက်ယုံ ထားခဲ့သော ပစ္စည်းများကို သိမ်းဆည်းလိုက်၏ ။ သုံးမီတာအတွင်းရှိပါက ဝမ်ထောင်အနေဖြင့် ပစ္စည်းများကို သိမ်းဆည်းနိုင်လေသည်။

အခြားသူများမှာမူ အနည်းငယ် မှင်တက်နေကြဆဲ ဖြစ်၏။

“ဝမ်ထောင်... မင်းက...”

ရှောက်ယုံကို စစ်ဆေးမေးမြန်းရန် ပြန်ခေါ်သွားပြီးမှ အသက်ရှင်ကျန်ရစ်သူများ၏ ရှေ့တွင် ကွပ်မျက်ရန် သဘောတူထားခဲ့ကြသည် မဟုတ်ပါလား။ မည်သည့်အတွက်ကြောင့် ရုတ်တရက် သတ်ပစ်လိုက်ရသနည်း။

“သူက ဇွန်ဘီအဖြစ် ပြောင်းလဲတော့..."

"—ဟာ သွားပြီ”

ဝမ်ထောင် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် သေဆုံးသွားခဲ့သော ရှောက်ယုံက ၎င်း၏ ဦးခေါင်းကို ရုတ်တရက် မြှင့်တင်လိုက်သည်ကို မြင်လိုက်ရ၏။

“ဂါး—”

၎င်းသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ကြွက်သားများ ဖောင်းကားလာကာ အနက်ရောင် သွေးကြောများသည်လည်း ၎င်း၏ မျက်နှာနှင့် လည်ပင်းတို့ကို ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် ဝုန်းခနဲ အသံနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ခဲနေသော အဖြူရောင် အကျိအချွဲများမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။

ဝုန်း—

ဘုန်း..

ဖုန်း..

လူတိုင်းသည် ဤသက်ရောက်မှုကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့ကြပြီး တံတိုင်းကို ထိမှန်ခဲ့ကြ၏။

“ဂယား ...ဂီးဂီး..”

ရှောက်ယုံက ဆက်ခနဲ မတ်တတ်ရပ်လိုက်ပြီး ၎င်း၏ ရှည်လျားသော လျှာကို သပ်လျက် ပါးစပ်မှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုသည်။

“ဒါ ဘာကြီးလဲ”

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။

ရှောက်ယုံသည် အမှန်တကယ်ပင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ဤဇွန်ဘီမှာ ၎င်း အသက်ရှင်စဉ်ကထက် ပိုမိုသန်မာလှသည်။

“ငါ သူ့ဦးနှောက်ကို ဖောက်လိုက်တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး—”

ဝမ်ထောင်သည် မယုံကြည်နိုင်ဘဲ ဖြစ်နေသော်လည်း ဇွန်ဘီရှောက်ယုံ၏ သွေးပမာဏကို မြင်သောအခါ မှင်တက်သွားရတော့သည်။

【၄၀၄/၅၀၀၀】

ရှောက်ယုံ ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီးနောက် ၎င်း၏ အမြင့်ဆုံး သွေးပမာဏမှာ ၅၀၀၀ သို့ တိုးတက်သွားခဲ့ခြင်း ဖြစ်၏။ သို့သော် ၎င်းသည် သွေးနည်းသော အခြေအနေတွင် ရှိနေဆဲပင်။

ဇွန်ဘီရှောက်ယုံသည် ကျန်ရှိသော မျက်လုံးတစ်ဖက်ဖြင့် ဝမ်ထောင်ကို ပြင်းထန်စွာ စိုက်ကြည့်နေ၏။ ၎င်းသည် အသက်ရှင်စဉ်က မှတ်ဉာဏ်အချို့ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပုံရသည်။

ဝမ်ထောင်သည် ရှောက်ယုံ၏ မျက်နှာ၊ အထူးသဖြင့် ၎င်း၏ ဘယ်ဘက် မျက်တွင်းတွင် စိုက်ဝင်နေသော ခွဲစိတ်ဓားကို မြင်သောအခါ စိတ်ကူးတစ်ခု ရရှိသွားခဲ့သည်။

“ဒါဆို... ခွဲစိတ်ဓားက ရှောက်ယုံရဲ့ဦးနှောက်ထဲထိ မဝင်သွားခဲ့တာ ဖြစ်နိုင်မလား။”

သေဆုံးသွားသော လူများသည်လည်း ဇွန်ဘီအဖြစ် ပြောင်းလဲနိုင်သော်လည်း ဦးနှောက် ပျက်စီးသွားသရွေ့ ပြောင်းလဲလိမ့်မည်မဟုတ်ချေ။ ၎င်းသည် မည်သည့်အခြေခံမူကြောင့်လဲဆိုသည်ကို မသိရှိသော်လည်း ယင်းက လက်တွေ့ဖြစ်၏။

ဝမ်ထောင်သည် ရှောက်ယုံ၏ သွေးဘားတန်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို မြင်သောအခါ ၎င်း ပြောင်းလဲတော့မည်ကို ခန့်မှန်းမိခဲ့ခြင်း ဖြစ်၏။ ယင်းကို တားဆီးရန်အတွက် စိုးရိမ်တကြီးဖြင့် တိကျစွာ ပစ်ခတ်ခြင်း စွမ်းရည်ကို ချက်ချင်း အသက်သွင်းလျက် ခွဲစိတ်ဓားတစ်လက်ကို ထုတ်ယူ၍ ပစ်ပေါက်ခဲ့ခြင်းဖြစ်ရာ ရှောက်ယုံ၏ မျက်တွင်းကို တိကျစွာ စိုက်ဝင်သွားပြီး ၎င်းအား သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော် ဤဒဏ်ရာသည် လူသား ရှောက်ယုံကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ဇွန်ဘီရှောက်ယုံကိုမူ မသတ်ဖြတ်နိုင်ခဲ့ချေ။

ထို့ကြောင့် ရှောက်ယုံသည် ဇွန်ဘီအဖြစ် ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။

သို့သော် ခွဲစိတ်ဓားမှာ ဦးနှောက်ထဲသို့ ဝင်ရောက်သွားခဲ့သဖြင့် ဦးနှောက်ကို ပျက်စီးစေခဲ့ခြင်း ဖြစ်နိုင်ပြီး ရလဒ်အနေဖြင့် ဇွန်ဘီရှောက်ယုံမှာ သွေးနည်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

လူတိုင်း သိကြသည့်အတိုင်း ဦးနှောက်သည် ဇွန်ဘီတစ်ကောင်၏ အဓိက အစိတ်အပိုင်း ဖြစ်၏။ ဇွန်ဘီတစ်ကောင်သည် ဦးခေါင်းတစ်ခုတည်းဖြင့်ပင် အသက်ရှင်နိုင်လေသည်။ ဦးနှောက် ပျက်စီးသွားသော ဇွန်ဘီတစ်ကောင်အနေဖြင့် သွေးနည်းနေခြင်းမှာ အလွန် ယုတ္တိရှိ၏။

ဝမ်ထောင်သည် အများကြီး တွေးတောလိုက်သော်လည်း လက်တွေ့၌မူ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။

လက်ရှိတွင် နှစ်မီတာကျော်အထိ မြင့်မားသွားခဲ့ပြီဖြစ်သော ဇွန်ဘီရှောက်ယုံသည် ဝမ်ထောင်ကို ငုံ့ကြည့်လိုက်၏။ ရုတ်တရက် ၎င်း၏ ပါးစပ်ကြီးက ပွင့်ဟလာပြီး ရှည်လျားသောလျှာကြီးသည် ဝမ်ထောင်ဆီသို့ ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ပျံသန်းလာတော့သည်။

ဒုန်...

ဝမ်ထောင်က သူ၏ ပုဆိန်ဖြင့် ဇွန်ဘီရှောက်ယုံ၏ လျှာကို ဆီးခုတ်ထည့်လိုက်ပြန်သည်။

【-၄၆】

【၃၅၈/၅၀၀၀】

လျှာမှာ ချက်ချင်း ပြန်လည်ရုပ်သိမ်းသွားခဲ့၏။

“မင်းက ဘယ်တော့မှ အမှတ်ရှိမှာ မဟုတ်ဘူးပဲ”

ဝမ်ထောင်သည် ဇွန်ဘီရှောက်ယုံကို ကြည့်လျက် ရုတ်တရက် ပြုံးလိုက်သည်။

ယင်းက သွေးပမာဏ ၅၀၀၀ ရှိသော ဇွန်ဘီတစ်ကောင်မျှသာ ဖြစ်ရာ စိုးရိမ်စရာမဟုတ်ပါ။

ဇွန်ဘီရှောက်ယုံသည် ဝမ်ထောင်က ခက်ခဲသော ပြိုင်ဘက်ဖြစ်ကြောင်း သိရှိသွားပုံရသလို သို့မဟုတ် ၎င်း၏ ကျန်ရှိသော မှတ်ဉာဏ်အချို့ကြောင့် ဖြစ်နိုင်ပြီး ရုတ်တရက် လှည့်၍ အပြင်သို့ ထွက်ပြေးသွားတော့သည်။

“သူ့ကို အလွတ်မပေးကြနဲ့။ သူ ဒဏ်ရာအ

ကြီးကြီ ရထားတာ”

ဝမ်ထောင်က အော်ဟစ်လိုက်ပြီး ၎င်း၏ နောက်သို့ ချက်ချင်း လိုက်တော့သည်။

လူတိုင်းသည် ယခုလေးတင် ဇွန်ဘီရှောက်ယုံကြောင့် ထိတ်လန့်သွားခဲ့ကြ၏။ မည်သို့ပင်ဆိုစေ သူတို့သည် အကျိအချွဲများထဲမှ ရုန်းထွက်နိုင်သော ဇွန်ဘီတစ်ကောင်ကို တစ်ခါမျှ မမြင်ဖူးကြပါ။

ဇွန်ဘီရှောက်ယုံ၏ ခန္ဓာကိုယ်မှာ ချက်

ချင်းကြီးထွားလာပြီး ၎င်း၏ အရပ်မှာလည်း သိသာစွာ မြင့်မားလာခြင်းက ၎င်းအား အလွန် ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို ဖြစ်ပေါ်စေခဲ့သည်။

မသိရှိရသေးသောအရာက အမြဲတမ်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ရှောက်ယုံသည် မူလကပင် သန်မာလှသူဖြစ်ပြီး ၎င်း ဒဏ်ရာရနေခြင်းကြောင့်သာ အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီးနောက်တွင်မူ ဒဏ်ရာရခြင်း သို့မဟုတ် မရခြင်းက ကြီးမားသော ကွာခြားမှု မရှိတော့ချေ။ ထို့ကြောင့် လူတိုင်း အနည်းငယ် စိုးရိမ်မိကြခြင်း ဖြစ်သည်။

သို့သော် ဇွန်ဘီရှောက်ယုံသည် ဝမ်ထောင်နှင့် တစ်ကြိမ်မျှ ထိပ်တိုက်တွေ့ပြီးနောက် ထွက်ပြေးသွားသည်ကို မြင်ရခြင်းနှင့် ဝမ်ထောင်က ၎င်း ပြင်းထန်စွာ ဒဏ်ရာရနေသည်ဟု ပြောသံကို ကြားရသောအခါ လူစုသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

သွေးနည်းနေသော အထူးဇွန်ဘီတစ်ကောင်လား။

သူတို့ သေချာပေါက် လိုက်သတ်ရမည် ဖြစ်သည်။

ဇွန်ဘီရှောက်ယုံသည် အောက်ထပ်သို့ ပြေးဆင်းသွားပြီး ဝမ်ထောင်က ၎င်း၏ အနောက်မှ ကပ်လျက် လိုက်နေကာ အခြားလူများသည်လည်း ဝမ်ထောင်၏ နောက်သို့ လိုက်ပါလာကြ၏။

ဇွန်ဘီရှောက်ယုံသည် တတိယထပ်သို့ ရောက်ရှိသောအခါ ပြတင်းပေါက်ဆီသို့ ရုတ်တရက် ပြေးဝင်သွားခဲ့သည်။

ဂျိမ်း—

၎င်းသည် မှန်ချပ်နှင့် လုံခြုံရေးသံတိုင်များကို တိုက်ခွဲလျက် အောက်ထပ်သို့ တိုက်ရိုက် ကျဆင်းသွားခဲ့၏။

ဝမ်ထောင်လည်း စဥ်းစားနေချိန်မရပါ ။ ၎င်း၏ နောက်သို့ ချက်ချင်း ခုန်ချလိုက်တော့သည်။

ဝမ်ထောင်၏ကိုယ်ခန္ဓာ အရည်အချင်းဖြင့် တတိယထပ်မှ ခုန်ချခြင်းမှာ အခြေခံအားဖြင့် မည်သည့်ပြဿနာမျှ မရှိချေ။

ဇွန်ဘီရှောက်ယုံသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ၎င်းသည် လွင့်ထွက်သွားသောအရှိန်ကို လျှော့ချရန် လိမ့်လိုက်။ ထို့နောက် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ အမည်းရောင် အရိပ်တစ်ခု ၎င်း၏ ဦးခေါင်းပေါ်သို့ တည့်တည့် ကျရောက်လာသည်ကို မြင်လိုက်ရ၏။

ခွပ်....

【-၃၅၈】

【၀/၅၀၀၀】

ဘုန်း—

ဇွန်ဘီရှောက်ယုံ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့တော့သည်။

“ဟူး— ဟူး—”

ဝမ်ထောင်သည် ဇွန်ဘီရှောက်ယုံ၏ ခန္ဓာကိုယ်ပေါ်မှ ဖယ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ရ၏။

ရှောက်ယုံက တကယ်ပင် ပြေးနိုင်လွန်းလှသဖြင့် သူပင် လိုက်မမှီလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် လေထဲမှ ခုန်ချရင်း တိကျသော တိုက်ခိုက်မှုဖြင့် ချက်ချင်း သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဇွန်ဘီရှောက်ယုံကို သတ်ဖြတ်ပြီးနောက် ဝမ်ထောင်သည် ရုတ်တရက် ငိုက်မျဉ်းမှုကို ခံစားလိုက်ရ၏။

သူသည် ဇွန်ဘီရှောက်ယုံကို သတ်ပြီးနောက် မိမိ၏ သွေးပမာဏမှာ လေးထောင်ကျော်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ရသည်။

ရှောက်ယုံကိုလည်း ဖြေရှင်းပြီးပြီဖြစ်ရာ ဝမ်ထောင်အနေဖြင့် အေးချမ်းစွာ အိပ်စက်နိုင်ပြီ ဖြစ်သော်လည်း သူသည် လန်းဆန်းစေသောဆေးရည်ကို ရုတ်တရက် တွေးမိသွား၏။

“ငါ ဒီဆေးရည်က သွေးပမာဏ တိုးလာပြီးနောက် ဖြစ်ပေါ်တတ်တဲ့ ငိုက်မျဉ်းမှုအပေါ် သက်ရောက်မှု ရှိမရှိ စမ်းသပ်ကြည့်သင့်တယ်။”

ထို့ကြောင့် ဝမ်ထောင်သည် လန်းဆန်းစေသောဆေးရည် တစ်ပုလင်းကို သုံးစွဲလိုက်တော့သည်။

ချက်ချင်းပင် သူသည် လန်းဆန်းမှုကို ခံစားလိုက်ရပြီး လုံးဝ ငိုက်မျဉ်းခြင်း မရှိတော့ချေ။

“ဆေးရည်က တကယ်ထိရောက်တာပဲ”

ဝမ်ထောင်သည် လန်းဆန်းစေသောဆေးရည်၏ အသုံးပြုပုံအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံရ၏။ဝေကျန့်ကော်နှင့် အခြားလူများ လိုက်မှီလာကြသည့် အချိန်တွင် ဝမ်ထောင်သည် ပစ္စည်းများကို သိမ်းဆည်းပြီး ဖြစ်နေလေပြီ။

“သူ သေသွားပြီလား။”

ဝမ်ထောင်သည် သန်မာထွားကျိုင်းသောဇွန်ဘီကြီး၏ အလောင်းဘေးတွင် ထိုင်နေသည်ကို မြင်လျက် ဖုန်းမင်အန်းက သိချင်

စိတ်ဖြင့်မေးလိုက်သည်။

“သေပြီ။”

ဝမ်ထောင် မတ်တတ်ရပ်လိုက်၏။ဆေးရည်မှာ အမှန်တကယ်ပင် ထိရောက်လှပြီး လုံးဝ ငိုက်မျဉ်းခြင်း မရှိတော့ချေ။

“မိုက်တယ်"

ရှန့်ဟုန်ပင်းက လက်မထောင်ပြလိုက်သည်။

သူသည် ဇွန်ဘီရှောက်ယုံတွင် သွေးပမာဏ မည်မျှရှိသလဲဆိုသည်ကို မသိရှိသော်လည်း ဤဇွန်ဘီမှာ အလွန် သန်မာလှကြောင်း

သိ၏။သို့သော်လည်း ၄င်းလိုဇွန်ဘီကြီး

ပင် ဝမ်ထောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်

ရ၏။

“တကယ့်ကို သန်မာတာပဲ"

အခြားလူများသည်လည်း ဝမ်ထောင်ကို လေးစား အားကျစွာဖြင့် ကြည့်လိုက်ကြပြီး ဟန်ရွှေ၏ မျက်နှာတွင်မူ ကိုးကွယ်ယုံကြည်မှုများဖြင့် ပြည့်နှက်နေလေသည်။

သို့သော် ဝမ်ထောင်၏ မျက်နှာတွင်မူ ကြီးမားသော ပျော်ရွှင်မှုမျိုး မရှိချေ။

“ဘာဖြစ်လို့လဲ။”

ဝေကျန့်ကော်သည် ဝမ်ထောင်၏ အမူအရာ မမှန်ကန်သည်ကို သတိထားမိလိုက်၏။

ဝမ်ထောင်၏ မျက်နှာမှာ အလွန် တည်ကြည်နေသည်။

“ငါတို့ ဒီတစ်ကြိမ် ကံကောင်းခဲ့တာပါ။မဟုတ်ရင်... ငါတို့ လူအချို့ ဆုံးရှုံးသွားနိုင်တယ်။”

“အား... သူက တကယ်ပဲ အဲဒီလောက်အထိ သန်မာတာလား။”

ရှန့်ဟုန်ပင်းက အနည်းငယ် မယုံကြည်နိုင်သေးဘဲ ရှိနေဆဲပင်။ မည်သို့ပင်ဆိုစေ သူမှလွဲ၍ သူတို့အဖွဲ့ထဲမှ မည်သူမျှ အမှန်တကယ် မထိခိုက်ခဲ့ကြချေ။ ယင်းက လုံးဝ ပြီးပြည့်စုံသော အောင်ပွဲတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

ဝမ်ထောင်က ခေါင်းခါလိုက်ပြီး အစိမ်းရင့်ရောင် အမြုတေတစ်ခုကို ထုတ်ယူလိုက်၏။

“သူက ဒုတိယအဆင့်ဇွန်ဘီ တစ်ကောင် ဖြစ်နေလို့ပဲ”

【ဒုတိယအဆင့်အမြုတေ: အားအင်ကြီးမားခြင်း】

【အရည်အသွေး: ရှားပါး (၅၅%)】

【သန့်စင်မှု: ၄၅% (ဘေးထွက်ဆိုးကျိုး: အင်အားမှာ ခန္ဓာကိုယ် အရွယ်အစားနှင့် တိုက်ရိုက်အချိုးကျပြီး အကယ်၍ ခန္ဓာကိုယ် အရွယ်အစား မလုံလောက်ပါက အင်အားမှာ အနုတ်လက္ခဏာဆောင်သော တိုးတက်မှုကို ခံစားရလိမ့်မည်)】

"ဒု...ဒုတိယအဆင့်ဇွန်ဘီတဲ့လား"

---------

All Chapters