← Chapters

အခန်း ၁၂၉

Vol. 12 Ch. 129

အခန်း ၁၂၉

Vol. 12 Ch. 129

အခန်း (၁၂၉) - နောက်ထပ်လေထီးချပစ္စည်းများရောက်လာခြင်း

ဝမ်ထောင်သည် တစ်ရက်တာအားနည်းသောအခြေအနေသို့ ရောက်ရှိသွားခဲ့၏။ သူသည် အမြင့်ဆုံးသွေးပမာဏ ငါးထောင်အထိ ရောက်ရှိစေရန်အတွက် ယနေ့တွင် ဇွန်ဘီများကို အမဲလိုက်ရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါတွင်မူ မသွားနိုင်တော့ပေ။

သူသည် အားနည်းနေသည့်အချိန်၌ပင် ပထမအဆင့်အထူးဇွန်ဘီအများစုကို သတ်ဖြတ်နိုင်စွမ်း ရှိသေးသော်လည်း ထိုသို့ စွန့်စားရန် သိတ်ကူးမရှိပါ။ အကြောင်းမှာ သူ့တွင် အသက်တစ်ချောင်းသာ ရှိသောကြောင့် ဖြစ်သည်။

ဝမ်ထောင်သည် ကုန်ကြမ်းများကို ထုတ်ယူကာ လန်းဆန်းဆေးရည်အချို့ကို ပြုလုပ်လိုက်၏။ ထို့နောက် ဝေကျန့်ကော်ထံသို့ အချို့ကို ပေးပို့လိုက်ပြီး အခြေအနေကို ရှင်းပြခဲ့သည်။

"လန်းဆန်းဆေးရည်လား၊ ကောင်းတဲ့အရာပဲ"

(လန်းဆန်းစေသောဆေးရည်အစား လန်းဆန်းဆေးရည်ဟု သုံးပါမည်)

လူတိုင်းသည် ထိုဆေးရည်ကို မြင်သောအခါ အံ့အားသင့်သွားကြသော်လည်း ဝမ်ထောင် အား ၎င်းကို မည်သည့်နေရာမှ ရရှိခဲ့ကြောင်း မည်သူမျှ မမေးမြန်းကြဘဲ အသုံးပြုလိုက်ကြ၏။

၎င်းတွင် 'တစ်ရက်တာအားနည်းမှုကာလ' ဟူသော ဘေးထွက်ဆိုးကျိုး ရှိသော်လည်း အရေးကြီးသော အချိန်များ၌ အသက်ကယ်နိုင်သဖြင့် ထိုဘေးထွက်ဆိုးကျိုးကို သည်းခံနိုင်ကြသည်။

"ဝမ်ထောင်... မင်း ဒီနေ့ အပြင်မသွားဘူးဆိုရင် ပထမဆုံးအသုတ် စွမ်းရည်ရှင်တွေဖြစ်လာမယ့်သူတွေရဲ့ စာရင်းကို အတည်ပြုဖို့ ငါ့ကို ကူညီပေးပါလား"

ရန်ကျဲက ဝမ်ထောင်ကို ပြောလိုက်သည်။

စခန်း၏ခွန်အားကို မြှင့်တင်ရန် လိုအပ်ကြောင်း ယခင်ကတည်းက ပြောခဲ့ဖူး၏။ ထိုသို့ပြုလုပ်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ စွမ်းရည်ရှင်အရေအတွက်ကို တိုးမြှင့်ပေးခြင်းပင် ဖြစ်သည်။

ရက်အနည်းငယ်ခန့် စိစစ်ပြီးနောက် အကြိုစာရင်းတစ်ခုကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ နောက်တစ်ဆင့်မှာမူ သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို အတည်ပြုရန်နှင့် သူတို့ကို အမြုတေများ ပေးအပ်ရန် ဖြစ်၏။

"ရတာပေါ့"

ဝမ်ထောင်က ငြင်းပယ်ခြင်း မပြုခဲ့ပေ၊ သူသည် လက်ရှိ အသက်ရှင်ကျန်ရစ်သူများ၏ အဆင့်အတန်းကိုလည်း မြင်တွေ့လိုနေသည်။

မည်သို့အတည်ပြုမည်နည်းဟူသော အချက်နှင့်ပတ်သက်၍ ရန်ကျဲက စာရင်းထဲရှိ လူများကို သူတို့၏ရှေ့တွင် စွမ်းရည်များ ပြသစေရန် စီစဉ်ထားပြီး ထို့နောက်မှ သူနှင့် ဝမ်ထောင်တို့က ဆုံးဖြတ်ကြမည် ဖြစ်သည်။ အကယ်၍ ကော်မတီဝင်တစ်ဦးဦးက ထောက်ခံထားသော လူရှိပါက ၎င်းတို့ကို တိုက်ရိုက်ရွေးချယ်နိုင်၏။

ဝမ်ထောင်က ဤနည်းလမ်းသည် အဆင်ပြေသည်ဟု ခံစားရသဖြင့် ထိုအတိုင်းပင် သဘောတူလိုက်ကြသည်။

ရန်ကျဲသည် ရေဒီယိုကြေညာချက်မှတစ်ဆင့် စာရင်းထဲရှိ လူအားလုံးကို ဘက်စုံသုံးအဆောက်အအုံ ပြင်ပရှိ ရင်ပြင်သို့ ခေါ်ယူလိုက်သည်။

ခဏချင်းတွင်ပင် စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါး ရောက်ရှိလာကြ၏။

အများစုမှာ စာရင်းထဲ၌ မပါဝင်ကြသော်လည်း စာရင်းထဲရှိ လူများ မည်မျှအထိ သန်မာကြောင်းကို မြင်တွေ့လိုကြသည်။ အချို့ကမူ မကျေနပ်ကြပေ။ သို့သော် ပို၍အရေးကြီးသည်မှာ နောင်အနာဂတ်တွင် အားကိုးရမည့်သူများ ဖြစ်လာကြမည့် စွမ်းရည်ရှင်များအဖြစ် မည်သူတို့ ရွေးချယ်ခံရမည်ကို လူတိုင်း သိရှိလိုကြခြင်း ဖြစ်သည်။

သို့သော်လည်း အသက်ရှင်ကျန်ရစ်သူများ ရင်ပြင်သို့ ရောက်ရှိလာကြစဉ် မိုးကောင်းကင်ထံမှ ရုတ်တရက် တဝီဝီမြည်သံတစ်သံ ထွက်ပေါ်လာခဲ့၏။

"လေယာဉ်ပျံကြီးလား၊ နောက်ထပ် လေထီးချပစ္စည်းတွေ လာနေပြီဟ"

ခဏအကြာတွင် ဝမ်ထောင်သည် မိုးကောင်းကင်၌ သယ်ယူပို့ဆောင်ရေးလေယာဉ်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသဖြင့် အတော်ပင် အံ့အားသင့်သွားရသည်။

ပထမဆုံး လေထီးချပစ္စည်း ရောက်ရှိစဉ်က စစ်အခြေစိုက်စခန်းမှ ချန်ထားခဲ့သော စာထဲ၌ နောက်ထပ် လေထီးချပစ္စည်း

လာမည် မလာမည်ဟူသည်ကို မသိရှိကြောင်း ရေးသားထားခဲ့၏။

သို့သော် တစ်လအကြာတွင် ဒုတိယမြောက် လေထီးချပစ္စည်း ရောက်ရှိလာခဲ့သည်။ ယခုအခါတွင်မူ ရက်အနည်းငယ်သာ ကုန်လွန်သေးသော်လည်း တတိယမြောက် လေထီးချပစ္စည်းများမှာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အကယ်၍ လေထီးချပစ္စည်းများကို တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ပုံမှန်ရရှိနိုင်ပါက လွန်စွာကောင်းမွန်ပေလိမ့်မည်။

ထိုစစ်အခြေစိုက်စခန်းအတွင်းရှိ အခြေအနေများ မည်သို့ရှိသည် သို့မဟုတ် ဘေး

ကင်းနေသလားဟူသည်ကိုတော့ သူ မသိပေ။ သူတို့အနေဖြင့် လေထီးချပစ္စည်းများကို ပေးပို့နိုင်ဆဲဖြစ်သဖြင့် ဘေးကင်းလောက်သည်ဟု ယူဆရ၏။

ဝမ်ထောင်သည် ရွှေကျဲစခန်းက အနည်းငယ် လိုအပ်ချက်ရှိနေသေးသည်ဟု ခံစားရပြီး အကယ်၍ စစ်အခြေစိုက်စခန်းသို့ သွားရောက်နိုင်ပါက ပို၍ပင် ကောင်းမွန်လိမ့်မည်ဟု တွေးမိသည်။

"နောက်ထပ် လေထီးချပစ္စည်းတွေပါလား"

ရန်ကျဲက လေထီးချပစ္စည်းကို ကြည့်

ရင်း ဝမ်းသာနေမိသည်၊ အကြောင်းမှာ လေထီးချပစ္စည်းတိုင်းသည် ရလဒ်ကောင်းများကို သယ်ဆောင်လာတတ်သောကြောင့် ဖြစ်၏။

ဝမ်ထောင်ကမူ အနည်းငယ် နှမြောမိသည်။ သူသည် ယနေ့တွင် အားနည်းသောအခြေအနေသို့ ရောက်ရှိနေသဖြင့် အပြင်မထွက်နိုင်ပေ။ သို့မဟုတ်ပါက သူသည်လည်း ထိုလေထီးချပစ္စည်းကို ပျော်ရွှင်စွာ သွားရောက်ယူဆောင်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဝေကျန့်ကော်နှင့် အခြားသူများမှာ အပြင်ဘက်တွင် ရှိနေကြသဖြင့် ဤလေထီးချပစ္စည်းများကို လွတ်မြောက်သွားစေမည် မဟုတ်မှာ အသေအချာပင်။

"ဒီကို ကြည့်ကြစမ်း"

ရန်ကျဲက စင်မြင့်အောက်ရှိ အသက်ရှင်ကျန်ရစ်သူများကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်ရာ သူတို့၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့၏။ အော်ဟစ်ခြင်းအမြုတေကို ပေါင်းစပ်ပြီးနောက် သူ၏အသံသည် လွန်စွာကျယ်လောင်နေပြီး လူသားအသံချဲ့စက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

"မင်းတို့ရဲ့ လက်ရှိစွမ်းရည်တွေနဲ့ဆိုရင် လေထီးချပစ္စည်းတွေကို သွားယူဖို့က အရမ်းအန္တရာယ်များသေးတယ်၊ ဒါပေမဲ့ စွမ်းရည်ရှင်တွေ ဖြစ်လာပြီးရင်တော့ နောင်အနာဂတ်မှာ ဒီလေထီးချပစ္စည်းတွေကို မင်းတို့ကိုယ်တိုင် သွားယူနိုင်ကြလိမ့်မယ်"

ရန်ကျဲက ပြုံးလျက် ပြောလိုက်၏။

ဤစကားကို ကြားသောအခါ အောက်ရှိ လူအုပ်ကြီးမှာ အတော် စိတ်လှုပ်ရှားသွားကြသည်။ မည်သူက ကမ္ဘာပျက်ကပ်အတွင်း၌ လွတ်လပ်စွာ သွားလာနိုင်သော စွမ်းရည်ရှင်တစ်ဦး မဖြစ်ချင်ဘဲ နေမည်နည်း။

"ငါ အခု စာရင်းကို စဖတ်တော့မယ်၊ နာမည်ခေါ်တဲ့သူတွေ စင်ပေါ်ကိုလာပြီး မင်းတို့ရဲ့ စွမ်းရည်တွေကို ပြသပေးပါ"

ရန်ကျဲက နာမည်များကို တစ်ဦးချင်းစီ စတင်ခေါ်ယူလိုက်သည်။

နာမည်ခေါ်ခြင်းခံရသူ တိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် စင်ပေါ်သို့ တက်လာကြ၏။ အချို့က ခွန်အားကို ပြသကြပြီး၊ အချို့က အလျင်နှုန်းကို ပြသကြကာ၊ အချို့ကမူ ခန္ဓာကိုယ်၏ ခံနိုင်ရည်ကို ပြသကြသည်။

စွမ်းရည်ရှင်များကို ရွေးချယ်သည့်အခါ ကောင်းမွန်သော ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိသူများကို ဦးစားပေးရမည် ဖြစ်သည်။ ဤစာရင်းသည် ရန်ကျဲက သေသေချာချာ စိစစ်ရွေးချယ်ထားသော စိတ်နေသဘောထား ကောင်းမွန်သည့် အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြ၏။

ထို့ကြောင့် ဤပထမဆုံးအသုတ် စွမ်းရည်ရှင်များအတွက် လျာထားသူများမှာ အခြေခံအားဖြင့် စိတ်နေသဘောထားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု နှစ်မျိုးစလုံး ကောင်းမွန်သူများ ဖြစ်ကြသည်။

ဝမ်ထောင်သည် စင်ပေါ်၌ ထိုင်ရင်း အောက်ရှိ အသက်ရှင်ကျန်ရစ်သူများကို တိတ်တဆိတ် စောင့်ကြည့်နေမိ၏။

အမှန်တကယ်၌ သူသည် သူတို့၏ သွေးဘားတန်းများကို ကြည့်ရုံမျှဖြင့် မည်သူက ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ကြောင်းကို အကြမ်းဖျင်း သိနိုင်သော်လည်း အချို့သောအရာများကိုမူ သွေးဘားတန်းက မဖော်ပြနိုင်ပေ။

မကြာမီ စာရင်းထဲရှိ လူအားလုံးက သူတို့၏အစွမ်းအစများကို ပြသပြီးစီးသွားခဲ့သည်။ စာရင်းတွင် စုစုပေါင်း လူ ၃၀ ပါဝင်သော်လည်း ၆ ဦးကိုသာ ရွေးချယ်မည် ဖြစ်၏။

နေရာအနည်းငယ်သာ ပေးရခြင်းအကြောင်းမှာ ကျန်သောနေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပေးရန်အတွက် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ စွမ်းရည်ရှင်များမှလွဲ၍ လုံခြုံရေးတပ်ဖွဲ့သည် စခန်းအတွင်း၌ တိုက်ခိုက်ရေးစွမ်းရည် အသန်မာဆုံး ဖြစ်သဖြင့် သူတို့ကိုလည်း စွမ်းရည်ရှင်များဖြစ် လာစေရန် ဦးစားပေးရမည် ဖြစ်သည်။

ဝေကျန့်ကော်နှင့် အခြားသူများကို ဖယ်ထုတ်လျှင် လက်ရှိ လုံခြုံရေးတပ်ဖွဲ့၌ ၁၄ ဦး ရှိသည်။ ယခုရွေးလိုက်သော နေရာ ၆ ခုအပါအဝင်ဆိုပါက ဤပထမဆုံးအသုတ်တွင် စုစုပေါင်း လူ ၂၀သည် စွမ်းရည်ရှင်များ ဖြစ်လာကြမည် ဖြစ်၏။

အကယ်၍ ထို ၂၀ ဦးစလုံး အောင်မြင်ခဲ့ပါက စခန်း၏ ခွန်အားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်မည်မှာ အသေအချာပင်။

ဝမ်ထောင်နှင့် ရန်ကျဲတို့ တိုင်ပင်ရွေးချယ်ပြီးနောက် ထို ၆ ဦးကို ရွေးချယ်လိုက်ကြသည်။ ရွေးချယ်ခြင်းမခံရသူများက စိတ်ပျက်သွားကြပြီး ရွေးချယ်ခံရသူများမှာမူ လွန်စွာဝမ်းသာသွားကြ၏။

သို့သော် ဝမ်ထောင်သည် မျှတစွာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူသည် ထို ၆ ဦးလုံးကို မသိကျွမ်းသော်လည်း သူတို့တွင် မြင့်မားသော သွေးဘားတန်းများရှိခြင်း၊ ဇွန်ဘီအများအပြားကို သတ်ဖြတ်ခဲ့ခြင်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ခြင်းတို့ကို မြင်တွေ့ရသဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

တင်ယွီချင်နှင့် ကောဟွာတို့မှာမူ သဘာဝကျစွာပင် ရွေးချယ်ခြင်း မခံရပေ။ သူတို့သည် စာရင်းထဲတွင် ပါဝင်နေခဲ့ပြီး ၎င်းမှာ ရန်ကျဲက သူ့ကို လေးစားမှုပြသခြင်း ဖြစ်သည်။

သို့သော် ဝမ်ထောင်အနေဖြင့် သူတို့ကို ဤနေရာ၌ ရွေးချယ်ရန် မလိုပါချေ။ အမြုတေများသည် သူ၏လက်ထဲတွင် ရှိနေသဖြင့် သူ အလိုရှိသူကို ပေးအပ်နိုင်သည်။ ထို့အပြင် သူတို့နှစ်ဦးမှာ ဝမ်ထောင်က စွမ်းရည်ရှင်ဖြစ်စေရန် သတ်မှတ်ထားပြီးသားသူများလည်း ဖြစ်ကြ၏။

"ကျေးဇူးတင်ပါတယ် ကော်မတီဝင်ဝမ်၊ ကော်မတီဝင်ရန်... စခန်းကနေ အခုလို မြေတောင်မြှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ထိုကံကောင်းသော လူ ၆ ဦးသည်လည်း အခြေအနေကို နားလည်ကြသဖြင့် ဝမ်ထောင်နှင့် ရန်ကျဲတို့ကို ချက်ချင်းပင် ဦးညွှတ်ကျေးဇူးတင်ကြ၏။

"ဂုဏ်ယူပါတယ်၊ မင်းတို့ စွမ်းရည်ရှင်တွေ ဖြစ်လာပြီးရင် စခန်းအတွက် ပိုပြီး စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ရဲ့ အိမ်ပဲလေ..."

ရန်ကျဲက အားပေးစကားအချို့ ပြောကြားပြီးနောက် ဝမ်ထောင်သည် သူတို့တစ်ဦးချင်းစီကို အမြုတေ ၆ ခုထဲမှ တစ်ခုစီ ပေးအပ်လိုက်သည်။

ဤအမြုတေများသည် ဝမ်ထောင်က သေချာရွေးချယ်ထားသော တိုက်ခိုက်ရေးစွမ်းရည်များ ဖြစ်ကြပြီး အားလုံးမှာ အနီရောင်များ ဖြစ်ကြ၏။ သို့သော် သူက သူတို့ကို ဤနေရာ၌ပင် ချက်ချင်း ပေါင်းစပ်ရန် တောင်းဆိုလိုက်သည်။

သူတို့သည် အမြုတေများကို ရရှိပြီးနောက် ချက်ချင်း မျိုချလိုက်ကြရာ ထို ၆ ဦးစလုံး မြေပြင်ပေါ်သို့ တစ်ဦးပြီးတစ်ဦး လဲကျကာ အိပ်ပျော်သွားကြတော့သည်။

"မဆိုးဘူးပဲ"

တစ်ဦးမျှ ကျရှုံးခြင်းမရှိသည်ကို မြင်ရသဖြင့် ဝမ်ထောင်သည် လွန်စွာကျေနပ်သွားရ၏။ ပေါင်းစပ်မှုအောင်မြင်မှုနှုန်း ၈၀ ရာခိုင်နှုန်းရှိသော အမြုတေများ ဖြစ်ကြသဖြင့် မျှော်လင့်ထားသည့်အတိုင်းပင်။

ထိုအလားအလာရှိသောစွမ်းရည်ရှင်များကို အိမ်သို့ ပြန်လည်ပို့ဆောင်စေပြီးနောက် ရန်ကျဲက လူတိုင်းကို နောက်ထပ်တစ်ကြိမ် အားပေးလိုက်ပြန်သည်။

"ကော်မတီရဲ့ ရည်မှန်းချက်က စခန်းထဲမှာရှိတဲ့ တိုက်ခိုက်ရေးသမားအားလုံးကို စွမ်းရည်ရှင်တွေ ဖြစ်လာစေဖို့ပဲ၊ ဒါကို အချိန်တိုအတွင်းမှာ မလုပ်ဆောင်နိုင်သေးပေမဲ့ စခန်းကတော့ ဒီလမ်းကြောင်းအတိုင်း ကြိုးစားနေပါတယ်၊ ရွေးချယ်မခံရလို့ စိတ်မပျက်ကြပါနဲ့၊ မိမိကိုယ်ကိုယ် ကောင်းကောင်း မြှင့်တင်ထားကြပါ၊ ဒါက ပထမဆုံးအသုတ်ပဲ ရှိသေးတာ၊ ဒုတိယအသုတ် တတိယအသုတ်တွေလည်း ရှိလာဦးမှာပါ..."

ရန်ကျဲ၏ စကားကို ကြားရသောအခါ လူတိုင်းသည် တိုက်ခိုက်လိုစိတ်များ ပြန်လည်နိုးထလာကြ၏။

"ကဲ... အားလုံး လူစုခွဲနိုင်ပြီ၊ ပြန်ပြီးတော့ သေချာလေ့ကျင့်ကြ၊ ဇွန်ဘီတွေကို ပိုသတ်ပြီး နောက်ထပ်အသုတ်မှာ စွမ်းရည်ရှင်ဖြစ်အောင် ကြိုးစားကြပါ"

ရန်ကျဲက လက်ဝှေ့ယမ်းရင်း လူအုပ်ကို ပြန်လွှတ်လိုက်သည်။

ဝမ်ထောင် ထွက်ခွာတော့မည့်အချိန်၌ ဟော့ကျိယီက သူ့ကို ရုတ်တရက် လာရောက်ရှာဖွေခဲ့၏။

"ဘာဖြစ်လို့လဲ"

ယနေ့တွင် ဟော့ကျိယီသည် အထူးပင် ပြင်ဆင်မွမ်းမံထားသဖြင့် ကမ္ဘာပျက်ကပ်မတိုင်မီက လူသိနည်းသောဆယ်လီတစ်ဦးနှင့် အတော်ပင် တူညီနေလေသည်။

"ဟို... ဒီလိုပါ၊ ငါတို့ ကော်မတီဝင်ဝမ်ကို မေးမြန်းချင်တာလေးတွေ ရှိလို့ပါ၊ ကော်မတီဝင်ဝမ် အချိန်ရရင် ငါတို့နဲ့အတူ လိုက်ခဲ့ပေးပါလား..."

ဟော့ကျိယီက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။

"ရတာပေါ့"

ဝမ်ထောင်သည် လတ်တလောတွင် လုပ်စရာမရှိသဖြင့် သူမ၏နောက်သို့ လိုက်သွားခဲ့သည်။

ဟော့ကျိယီသည် ဝမ်ထောင်ကို စာသင်ခန်းကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့၏။ သူမအပြင် ထိုနေရာ၌ လှပစွာ ပြင်ဆင်ထားကြသော အခြားအမျိုးသမီးငယ် အချို့လည်း ရှိနေကြသည်။

လမ်းခရီးတွင် ဟော့ကျိယီက ဝမ်ထောင်ကို ရှင်းပြခဲ့သည်မှာ သူတို့ ပြင်ဆင်ထားသော ဖျော်ဖြေပွဲကို သူ့အား ကြည့်ရှုစေလိုခြင်း ဖြစ်သည်။ ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ သုံးလနီးပါး ရှိလာခဲ့ပြီဖြစ်၍ သုံးလပြည့်မြောက်သည့်အချိန်တွင် စခန်းအတွင်း၌ အနည်းငယ် ဆင်နွှဲနိုင်ရန်အတွက် ညနေခင်းပါတီတစ်ခု ကျင်းပရန် ရန်ကျဲနှင့် အခြားသူများက စဉ်းစားနေကြခြင်း ဖြစ်၏။

ဤအရာသည် ပျော်ပါးရန် သို့မဟုတ် ဟန်ပြသက်သက် မဟုတ်ဘဲ အသက်ရှင်ကျန်ရစ်သူများ၏ ပျော်ရွှင်မှုညွှန်းကိန်းကို မြှင့်တင်ပေးရန် ဖြစ်သည်။ စခန်းစတင်တည်ထောင်ချိန်မှ ယခုအထိ အခြေအနေမှာ လွန်စွာစိတ်ဓာတ်ကျစရာ ကောင်းနေခဲ့ပြီး လူအများအပြားမှာ လူသေကောင်များကဲ့သို့ ဖြစ်နေခဲ့ကြ၏။

ဤအခြေအနေသည် ကျန်းမာရေးနှင့် မညီညွတ်သည်မှာ အမှန်ပင်။ ယခင်က လွန်စွာစွမ်းဆောင်ရည်ရှိခဲ့သော ဒုတိယခရိုင်တရားသူကြီးတစ်ဦးအနေဖြင့် လူတိုင်း၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြုပြင်ပြောင်းလဲပေးရန် လိုအပ်ကြောင်း ရန်ကျဲက သိလေသည်။

မဟုတ်ပါက ဤမျှအထိ စိတ်ဓာတ်ကျနေလျှင် လူများကို အစွန်းရောက်စိတ်ဓာတ်များဆီသို့ တွန်းပို့သလို ဖြစ်သွားနိုင်၏။ နောက်ထပ် ရှောက်ယုံတစ်ဦး ထပ်မံပေါ်ပေါက်လာပါက မကောင်းနိုင်ချေ။

ထို့ကြောင့် သူသည် ကမ္ဘာပျက်ကပ်အတွင်း၌ သုံးလတိုင်တိုင် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းကို ဆင်နွှဲရန်အတွက် ရိုးရှင်းသော ညနေခင်းပါတီတစ်ခုကို ကျင်းပရန် စီစဉ်ခဲ့ခြင်းပင်။

ဤကဲ့သို့ ကြမ်းတမ်းသော ကမ္ဘာပျက်ကပ်အတွင်း သုံးလတိုင်တိုင် အသက်ရှင်သန်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် အမှတ်တရပြုလုပ်ရန် ထိုက်တန်လှပေသည်။

ယခင်က ဆယ်လီအသေးစားလေးဖြစ်ခဲ့ဖူးသည့် ဟော့ကျိယီသည် အပြင်ထွက်၍ ဇွန်ဘီများကို အမဲလိုက်နိုင်သော စွမ်းရည်မရှိသလို ရိက္ခာရှာဖွေရန်လည်း မဝံ့ရဲခဲ့ချေ။ သူမသည် စခန်းအတွင်း၌ပင် ပင်ပန်းသော အလုပ်ကြမ်းများကိုသာ လုပ်ကိုင်နိုင်ခဲ့ပြီး မိမိ၏ပါရမီကို ပြသခွင့် မရရှိခဲ့ပေ။ ဤညနေခင်းပါတီသည် သူမအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့၏။

ထို့အပြင် ကော်မတီဝင် ဝမ်ထောင်၏ မျက်နှာသာပေးမှုကို ရရှိရန်ဟူသော အခြားရည်ရွယ်ချက်များလည်း ရှိနေနိုင်သည်။

အမှန်အတိုင်း ပြောရလျှင် ဤငယ်ရွယ်ပြီး လှပသော မိန်းကလေးများ စကတ်တိုလေးများဖြင့် စင်ပေါ်၌ ကပြနေကြသည်ကို ကြည့်ရင်း ဝမ်ထောင်သည် ကမ္ဘာပျက်ကပ်ကြီးက အိပ်မက်တစ်ခုမျှသာ ဖြစ်နေသလောဟုပင် ထင်မှတ်မိသွား၏။ သို့သော်လည်း သူသည် ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်၊ အကယ်၍ ဤအရာက ကမ္ဘာပျက်ကပ်ကြီး မဟုတ်ပါက ဤဆယ်လီမလေးများက သူလလိုစတန့်သရုပ်ဆောင်တစ်ဦးတည်းအတွက် ကပြဖျော်ဖြေကြပါမည်လား။

"ကော်မတီဝင်ဝမ်... ကျွန်မတို့ရဲ့ ဖျော်ဖြေပွဲက ဘယ်လိုလဲဟင်"

ဟော့ကျိယီက သူမ၏နဖူးပေါ်ရှိ ချွေးစက်လေးများကို သုတ်လိုက်သည်။ ဝမ်ထောင်က အနည်းငယ် မိန်းမောကြည့်နေသည်ကို မြင်သောအခါ သူမက မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာဖြင့် မေးမြန်းလိုက်၏။

ကော်မတီဝင်ဝမ်ကတော့ မိန်းမောသွားပုံရတာပဲ။

"အရမ်းကောင်းပါတယ်၊ ဒီအစီအစဉ်ကို လူအများကြီး သဘောကျကြမှာ သေချာတယ်"

ဝမ်ထောင်က ပြုံးလျက် ချီးကျူးလိုက်သည်။

ဟော့ကျိယီနှင့် သူမ၏ ညီအစ်မများ အားလုံးသည် အခြေခံအတော်ပင် ကောင်းမွန်ကြ၏။ အဆင့် ၁၈ လောက်သာရှိသော လူသိ

နည်းဆယ်လီလေးများ ဖြစ်ကြသော်လည်း အချို့သော အင်တာနက်လွှမ်းမိုးသူ

များပင် ယှဉ်၍ မရနိုင်ချေ။

ဝမ်ထောင်၏ စကားကို ကြားသောအခါ ဟော့ကျိယီသည် ခေါင်းကို ငုံ့လိုက်ပြီး တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

"ဒါဆို... ကော်မတီဝင်ဝမ်ကရော သဘောကျရဲ့လား"

ဝမ်ထောင်က သူ လွန်စွာသဘောကျကြောင်း ပြောရန် ပြင်လိုက်စဉ် သူ၏ ဝေါ်ကီတော်ကီက ရုတ်တရက် မြည်လာခဲ့၏။

၎င်းမှာ ရန်ကျဲက သူ့ကို အရေးကြီးသော ကိစ္စရှိသဖြင့် လာရောက်ရှာဖွေခြင်း ဖြစ်သည်။

"စိတ်မရှိပါနဲ့၊ ငါ့မှာ လုပ်စရာကိစ္စလေး ရှိလာလို့ အရင်သွားရတော့မယ်"

ဝမ်ထောင်က မိန်းကလေးများကို ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာခဲ့၏။

ဝမ်ထောင် ထွက်သွားပြီးနောက် အခြားအမျိုးသမီးများက ဟော့ကျိယီကို အလျင်အမြန် ဝိုင်းအုံလာကြသည်။

"အစ်မ... ညည်းက ဒါကို ငြိမ်းချမ်းတဲ့ခေတ်လို့ ထင်နေတုန်းပဲလား၊ ပိုပြီးတော့ ပြတ်သားဖို့ လိုတယ်လေ၊ တိုက်ရိုက်ပဲ လုပ်လိုက်စမ်းပါ၊ ငါ့စကားကိုနားထောင်၊ နောက်တစ်ကြိမ် ကော်မတီဝင်ဝမ်ကို တွေ့ရင် သူ့ပေါင်ပေါ်ကိုသာ တိုက်ရိုက်တက်ထိုင်လိုက်... အခုတော့ အခွင့်အရေးကောင်းကြီး ဆုံးရှုံးသွားပြီ"

သူမ၏ ညီအစ်မများ၏ စိတ်ပျက်နေသော မျက်နှာများကို ကြည့်ရင်း ဟော့ကျိယီ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားရ၏။

သူမသည် လက်ရှိတွင် ဝမ်ထောင်ကို စိတ်ဝင်စားနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း မိမိ၏ သိက္ခာကို ငဲ့ညှာနေသေးသဖြင့် ဤမျှအထိ တိုက်ရိုက်ကြီးမလုပ်ဆောင်ရဲသေးချေ။

"အို... ထားလိုက်ပါတော့၊ နောက်တစ်ကြိမ်ကျရင်တော့ ငါ အသေအချာ လုပ်မှာပါ၊ ကဲ... ဇာတ်တိုက်တာကို ဆက်လုပ်ကြရအောင်..."

ဝမ်ထောင်သည် ဘက်စုံသုံးအဆောက်အအုံသို့ ရောက်ရှိလာခဲ့သည်။

ဝမ်ထောင်အပြင် ဝေကျန့်ကော်နှင့် အခြားသူများလည်း ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်၏။

"အော်... မင်းတို့ ပြန်ရောက်လာကြပြီလား"

ဝမ်ထောင်က အနည်းငယ် အံ့အားသင့်သွားသည်၊ သူသည် ဝေကျန့်ကော်နှင့် အခြားသူများ ပြန်လာရန် အချိန်အနည်းငယ် ပိုမိုကြာမြင့်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

"ငါတို့ ဒီနေ့ ဘယ်လို ကောင်းတဲ့အရာကို ရှာတွေ့ခဲ့လဲဆိုတာ ခန့်မှန်းကြည့်စမ်း"

ဝေကျန့်ကော်က ဝမ်ထောင်ကို ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။

ဤစကားကို ကြားသောအခါ ဝမ်ထောင်က မျက်ခုံးပင့်လိုက်မိ၏။

ဝေကျန့်ကော်နှင့် အခြားသူများ ယနေ့ အပြင်ထွက်စဉ် လေထီးချပစ္စည်းများ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ထိုလေထီးချပစ္စည်းများကို သွားရောက်ယူဆောင်ခဲ့ကြခြင်း ဖြစ်ရပေမည်။

အထဲ၌ မည်မျှ ကောင်းမွန်သောအရာများစွာ ပါနေသနည်း။

"ရိက္ခာတွေလား၊ လက်နက်တွေလား၊ ဒါမှမဟုတ် ဗိုင်းရပ်ခုခံဆေးတွေလား"

ဝမ်ထောင်က ပြုံးလျက် မေးလိုက်၏။

လတ်တလောတွင် လေထီးချပစ္စည်းများအတွင်း၌ အဖိုးတန်ဆုံးအရာမှာ ဗိုင်းရပ်ခုခံဆေးများ ဖြစ်ကြသည်။ သူတို့အနေဖြင့် ဗိုင်းရပ်ခုခံဆေး အများအပြားကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်၏။

"ဟဟ... ဒါတင်မကဘူး၊ ဒါထက် အများကြီး ပိုသေးတယ်"

ရှန့းဟုန်ပင်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။

"အော်... ဒါဆို တခြား ဘာကောင်းတာတွေ ရှိသေးလို့လဲ၊ ငါ့ကို ပြစမ်းပါဦး၊ လေထီးချပစ္စည်းထဲမှာ အမြုတေတွေ ပါလာတာတော့ မဟုတ်ပါဘူးနော်"

ဝမ်ထောင်၏ စိတ်ဝင်စားမှုက မြင့်တက်လာခဲ့သည်။

"ဟေး... အမြုတေတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အမြုတေတွေနဲ့ တကယ် သက်ဆိုင်နေတဲ့အရာပဲ"

ရှန့းဟုန်ပင်းက ပြောရင်းနှင့် ဘေးသို့ ဖယ်ပေးလိုက်ရာ ဝမ်ထောင်သည် သူ၏နောက်ကွယ်ရှိ သေတ္တာကြီး အချို့ကို မြင်တွေ့လိုက်ရ၏။

"ဒါတွေက ဘာကြီးလဲ"

ဝမ်ထောင်က စူးစမ်းလိုစိတ်ဖြင့် လျှောက်လှမ်းသွားခဲ့သည်။

"ဟဲဟဲ... လျူဟဲ ရောက်လာတဲ့အထိ စောင့်ပြီးမှ ပြောကြတာပေါ့"

ရှန့းဟုန်ပင်း၏ မျက်နှာပေါ်၌ အနည်းငယ် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာခဲ့၏။

"ဒီအဘိုးကြီးရှန့်ကတော့လေ... ငါ ခုနက မေးတာကိုလည်း မပြောဘဲ လူစုံတဲ့အထိ စောင့်ရမယ်လို့ ဇွတ်ပြောနေတာ"

ရန်ကျဲက အနည်းငယ် သက်ပြင်းချရင်း ပြောလိုက်သည်။

"ကောင်းပါပြီလေ"

ဝမ်ထောင်က ပခုံးတွန့်ပြလိုက်၏။

မကြာမီအချိန်အတွင်းမှာပင် လျူဟဲ ရောက်ရှိလာခဲ့သည်။

ကော်မတီဝင် ၇ ဦးစလုံး စုံညီစွာ ရှိနေကြပြီ ဖြစ်၏။

"ကဲ... ငါ အားလုံးကို ဒါနဲ့ မိတ်ဆက်ပေးမယ်"

ရှန့းဟုန်ပင်းက ပထမဆုံးသေတ္တာကို ဖွင့်လိုက်ပြီး အထဲရှိ ၂၄ လက်မ ခရီးဆောင်သေတ္တာ အရွယ်အစားခန့်ရှိသော စက်ပစ္စည်းတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည် -

"ဒီအရာကို စွမ်းအင်ရှာဖွေရေးကိရိယာလို့ ခေါ်တယ်၊ ဒါက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ စွမ်းအင်နဲ့ အညစ်အကြေးတွေကို စစ်ဆေးပေးနိုင်တယ်"

"ခန္ဓာကိုယ်ထဲက စွမ်းအင်နဲ့ အညစ်အကြေးတွေကို စစ်ဆေးပေးနိုင်တယ် ဟုတ်လား"

ဝမ်ထောင်နှင့် အခြားသူများမှာ အနည်းငယ် အံ့အားသင့်သွားကြ၏။

ဤအရာက ကောင်းမွန်သောအရာတစ်ခု ဖြစ်ပုံရသည်။

အသက်ရှင်ကျန်ရစ်သော သိပ္ပံပညာရှင်များက ဤကဲ့သို့သော နည်းပညာမျိုးကိုပင် တီထွင်နိုင်ခဲ့ကြပြီလား။

"အသေးစိတ်ကတော့ ဒီလိုပါ..."

ရှန့်ဟုန်ပင်းက အကျဉ်းချုပ် ရှင်းပြခဲ့သည်။

ဤရှာဖွေရေးကိရိယာသည် စစ်ဆေးခံမည့်သူ၏ သွေးနမူနာတစ်ခု လိုအပ်သည်။ သွေးကို ထည့်သွင်းပြီးနောက် တစ်မိနစ်ခန့်အကြာတွင် ၄င်းက ထိုသူ၏ ခန္ဓာကိုယ်အတွင်း၌ ပါရှိသော စွမ်းအင်နှင့် အညစ်အကြေးများကို စစ်ဆေးဖော်ပြပေးနိုင်၏။

ဝမ်ထောင်က ၎င်းကို လွန်စွာဆန်းကြယ်သည်ဟု ခံစားရသဖြင့် မေးလိုက်မိသည်။

"မင်းတို့ စမ်းကြည့်ပြီးပြီလား"

"မစမ်းရသေးဘူး၊ ဒါတွေကို ရပြီးချင်းမှာပဲ ငါတို့ ဘာမှမကြည့်ဘဲ ချက်ချင်း ပြန်ပြေးလာခဲ့တာ..."

ဝေကျန့်ကော်က ခေါင်းခါပြလိုက်၏။

"ကဲ... ငါ အရင်ဆုံး စမ်းပြမယ်၊ ဒီစက်မှာ အားနည်းချက်တစ်ခု ရှိတယ်၊ အဲဒါက လျှပ်စစ်ဓာတ်အား အများကြီး လိုအပ်တာပဲ... လေအေးပေးစက်ထက်တောင် ပါဝါပိုစားသေးတယ်..."

ရှန့းဟုန်ပင်းက ရှေ့သို့ တက်လာခဲ့သည်။ သူသည် စက်ကို ပလပ်ထိုးကာ ဖွင့်လိုက်ပြီးနောက် မိမိ၏လက်ညှိုးကို ချက်ချင်း ကိုက်လိုက်ပြီး သွေးတစ်စက်ကို ရှာဖွေရေးကိရိယာ၏ အပေါက်ထဲသို့ ချလိုက်၏။

စက်ပေါ်တွင် အယ်အီးဒီဖန်သားပြင် အသေးစားလေးတစ်ခု ရှိနေသည်။ တစ်မိနစ်ခန့်အကြာတွင် ဖန်သားပြင်ပေါ်၌ စာသား နှစ်ကြောင်း ပေါ်လာခဲ့၏။

【စွမ်းအင် - အဆင့် ၁】

【အညစ်အကြေး - အဆင့် ၁】

ဝမ်ထောင်၏မျက်နှာက မဲ့မလိုလိုဖြစ်သွားခဲ့သည်။

ဒါပဲလား။

သူသည် မိမိ မြင်တွေ့ရသကဲ့သို့ စွမ်းအင်ပမာဏ မည်မျှရှိသည်၊ အညစ်အကြေး ရာခိုင်နှုန်း မည်မျှရှိသည်ဟူသော အသေးစိတ် အချက်အလက်များကို ဖော်ပြလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းက အဆင့် ၁ နှင့် အဆင့် ၁ ကိုသာ ပြသခဲ့၏။

"ဟို... ငါ လမ်းညွှန်စာအုပ်ကို အရင်ကြည့်လိုက်ဦးမယ်..."

ရှန့်ဟုန်ပင်းသည်လည်း အနည်းငယ် ရှက်သွားရသည်၊ အဓိကမှာ ကိန်းဂဏန်းများက လွန်စွာရိုးရှင်းနေပြီး အထူးသဖြင့် အညစ်အကြေးအဆင့်ကို သူ နားမလည်သောကြောင့် ဖြစ်၏။

စက်အတွင်း၌ လမ်းညွှန်စာအုပ်တစ်အုပ် ပါရှိရာ ရှန့်ဟုန်ပင်းက ၎င်းကို အလျင်အမြန် ဖတ်ရှုနားလည်သွားခဲ့သည်။

"ငါ နားလည်ပြီ၊ စွမ်းအင်ဆိုတာက အမြုတေတွေရဲ့ သဘောတရားအတိုင်းပဲ၊ အဆင့် ၁ ဆိုတာက ငါတို့ နားလည်ထားတဲ့ အဆင့် ၁ နဲ့ အတူတူပဲ၊ ဒါပေမဲ့ ဒီရှာဖွေရေးကိရိယာက စမ်းသပ်ဆဲပုံစံပဲ ရှိသေးတယ်၊ လောလောဆယ်မှာ အဆင့် ၀၊ အဆင့် ၁ နဲ့ အဆင့် ၂ ဆိုပြီး အဆင့် သုံးခုကိုပဲ စစ်ဆေးနိုင်သေးတယ်၊ အဆင့် ၂ ဆိုတာက အဆင့် ၁ ထက် မြင့်မားတဲ့ မည်သည့်အဆင့်ကိုမဆို ရည်ညွှန်းတာပဲ၊ အဆင့် ဘယ်လောက်ပဲ များများ ဒီနေရာမှာ အဆင့် ၂ လို့ပဲ ပြလိမ့်မယ်..."

အံ့ဩစရာပဲ၊ ဒါက စမ်းသပ်ဆဲပုံစံ သက်သက်ပဲလား။

"ပိုပြီး တိတိကျကျ ပြောရရင်တော့ ဒါကို စမ်းသပ်ဆဲပုံစံလို့ မခေါ်သင့်ဘဲ သူတို့ဆီမှာ ပိုမိုမြင့်မားတဲ့ အဆင့်တွေအတွက် ဒေတာအချက်အလက်တွေ မရှိသေးလို့ လောလောဆယ် ဒီလောက်ပဲ လုပ်နိုင်တာ ဖြစ်လိမ့်မယ်"

ရှန့်ဟုန်ပင်းက ရှင်းပြပြီးနောက်

ဆက်ပြောသည် ။

"ပြီးတော့ ဒီအညစ်အကြေးတွေနဲ့ပတ်သက်ရင် စုစုပေါင်း ၅ ဆင့် ရှိပြီး အဆင့်တစ်ခုချင်းစီက ၂၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်"

"ခန္ဓာကိုယ်ထဲက အညစ်အကြေးက အဆင့် ၂ အောက်၊ ဆိုလိုတာက ၄၀ ရာခိုင်နှုန်းအောက်ဆိုရင် အခြေခံအားဖြင့် အလွန်ဘေးကင်းတယ်၊ အဆင့် ၃ ဆိုရင် ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိရှိပြီး အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိတယ်၊ အဆင့် ၄ ဆိုရင် ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိဖြစ်ပြီး လွန်စွာအန္တရာယ်များတယ်လို့ သတ်မှတ်တယ်၊ အဆင့် ၅ ဆိုရင်တော့ ၈၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိဖြစ်ပြီး အလွန်အမင်း အန္တရာယ်ကြီးမားလှတယ်"

"လမ်းညွှန်စာအုပ်ထဲမှာတော့ ဘယ်စခန်းမဆို အဆင့် ၅ အညစ်အကြေးရှိတဲ့ လူတွေကို လက်မခံသင့်ဘူးလို့ အကြံပြုထားတယ်၊ မဟုတ်ရင် သူတို့က အချိန်မရွေး ပေါက်ကွဲသွားနိုင်လို့ပဲ"

ဝမ်ထောင်သည် ဤစက်၏ တိကျမှုမရှိခြင်းကို စိတ်ထဲမှ ပြစ်တင်ဝေဖန်နေမိသော်လည်း ရှန့်ဟုန်ပင်း၏ စကားကို ကြားပြီးနောက်တွင်မူ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဤစက်၏ အရေးပါမှုသည် အသက်ရှင်ကျန်ရစ်သူတစ်ဦးတွင် အညစ်အကြေး မည်မျှအထိ ရှိကြောင်းကို အတိအကျ သိရှိရန် မဟုတ်ဘဲ အန္တရာယ်ရှိသော အသက်ရှင်ကျန်ရစ်သူများကို စိစစ်ဖယ်ထုတ်ရန် ဖြစ်သည်။

အကယ်၍ ဤကဲ့သို့သော စက်မျိုးကို စခန်း၏ ဝင်ပေါက်တွင် ထားရှိပြီး ဝင်ရောက်လာသူတိုင်းကို သွေးစစ်ဆေးစေမည်ဆိုပါက အန္တရာယ်များစွာကို တားဆီးနိုင်မည် ဖြစ်သည်။

အခြားသူများလည်း စက်၏အသုံးဝင်ပုံကို သေချာပေါက် တွေးမိကြသည်။ ရန်ကျဲ၏ မျက်လုံးများက တောက်ပလာ၏။

"ငါလည်း မနေ့ကတင် စဉ်းစားနေတာ၊ စခန်းထဲမှာ စွမ်းရည်ရှင်အရေအတွက် တိုးလာရင် သူတို့က အထူးဇွန်ဘီတွေကို သူတို့ဘာသာ အမဲလိုက်နိုင်တဲ့ စွမ်းရည်ရှိလာကြလိမ့်မယ်၊ သူတို့က အမြုတေတွေ ပိုပြီး ပေါင်းစပ်လာတဲ့အခါ သူတို့ခန္ဓာကိုယ်ထဲက အညစ်အကြေးပမာဏကို ငါတို့ ဘယ်လို ဆုံးဖြတ်မလဲလို့ပေါ့... အခု ဒီစက်ရှိလာတော့ ပိုပြီးတော့ အဆင်ပြေသွားပြီ"

လူတစ်ဦးချင်းစီ ပေါင်းစပ်မည့် အမြုတေအရေအတွက် မများပြားသင့်ကြောင်း ရန်ကျဲက အလေးအနက် ပြောကြားခဲ့ဖူးသော်လည်း ခွန်အားများ တိုးတက်လာမည့် အခြေအနေကို ရင်ဆိုင်ရသည့်အခါ... လူအများအပြားသည် မိမိတို့၏ ခွန်အားကို ဆက်လက်မြှင့်တင်ရန် ရွေးချယ်ကြလိမ့်မည်ဟု ခန့်မှန်းရသည်။ အကြောင်းမှာ ခွန်အားများ ရရှိလာသည့် ခံစားချက်က လွန်စွာကျေနပ်စရာကောင်းလှသဖြင့် အချို့သော လူများသည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ဤစက်ရှိလာပါက သူသည် နောင်တွင် ပုံမှန်ခန္ဓာကိုယ်စစ်ဆေးမှုများကို ပြုလုပ်စေပြီး အန္တရာယ်ရှိသော လူများကို သတ်မှတ်နိုင်မည် ဖြစ်သည်။

"ဒီရှာဖွေရေးကိရိယာအပြင် တခြား ကောင်းတဲ့အရာလည်း ရှိသေးတယ်"

ရှန့်ဟုန်ပင်းက ရှာဖွေရေးကိရိယာထက် သုံးလေးဆခန့် ပိုမိုကြီးမားသော အခြားစက်ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြန်၏။

သူက ထိုစက်ကို ညွှန်ပြရင်း ပြောလိုက်သည် ။

"ဒါက အမြုတေစွမ်းအင်ပေါင်းစပ်ကိရိယာပဲ၊ ပိုပြီး တိတိကျကျ ပြောရရင်တော့ ထုတ်ယူပေါင်းစပ်ကိရိယာလို့ ခေါ်သင့်တယ်"

"အင်... အမြုတေစွမ်းအင်ကို ထုတ်ယူပြီး ပေါင်းစပ်တာ ဟုတ်လား"

ရန်ကျဲက အနည်းငယ် အံ့အားသင့်သွားရ၏။

အမြုတေစွမ်းအင်ကို ထုတ်ယူပြီး ပေါင်းစပ်နိုင်သေးသည်လား။ ဤအရာက ခုနက ရှာဖွေရေးကိရိယာထက်ပင် ပိုမိုအစွမ်းထက်သလို ခံစားရစေသည်။

"ဒါပေမဲ့ အဲဒီလို ထုတ်ယူတာက အနုတ်လက္ခဏာဆောင်တဲ့စွမ်းအင်ကို ဖြစ်ပြီး အဲဒါက ဘေးထွက်ဆိုးကျိုးတွေပဲ..."

"ဘေးထွက်ဆိုးကျိုးတွေကို ထုတ်ယူတာ ဟုတ်လား"

လူတိုင်းသည် မသိစိတ်ဖြင့် ဝမ်ထောင်ကို လှမ်းကြည့်လိုက်ကြ၏။

ဝမ်ထောင် ယခင်က သူတို့ကို ပေးအပ်ခဲ့ဖူးသော အမြုတေများတွင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မရှိကြောင်း ပြောခဲ့ဖူးသည်။ ဝမ်ထောင်က ထိုအကြောင်းကို အသေးစိတ် ရှင်းပြခဲ့ခြင်း မရှိသလို သူတို့ကလည်း အတင်းအကျပ် မမေးမြန်းခဲ့ကြပေ။

ယခုအခါ ဘေးထွက်ဆိုးကျိုးများအကြောင်းကို ပြောလာသောအခါ သူတို့သည် ဝမ်ထောင်ကို မသိစိတ်ဖြင့် သတိရသွားကြခြင်း ဖြစ်သည်။ ဝမ်ထောင် သူတို့ကို ပေးခဲ့သော အမြုတေများသည် ဤကဲ့သို့သော စက်မျိုးကို အသုံးပြု၍ ရရှိခဲ့ခြင်း ဖြစ်နိင်မလား။

"ငါ ဒီလမ်းညွှန်စာအုပ်ကို အရင် ဖတ်ကြည့်ပြီးပြီ၊ အမြုတေတွေထဲမှာရှိတဲ့ စွမ်းအင်နဲ့ အညစ်အကြေးတွေက အတူတူ ပေါင်းစပ်နေတာဖြစ်လို့ လုံးဝ ခွဲထုတ်လို့ မရဘူးလို့ ဆိုထားတယ်၊ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးကတော့ ခွဲထုတ်လို့ရတဲ့ အထူးအညစ်အကြေးတစ်မျိုး ဖြစ်တယ်၊

ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခွဲထုတ်ဖို့အတွက်... ကြီးမားတဲ့ ပေးဆပ်မှုတွေကို ပြုလုပ်ရလိမ့်မယ်"

---------

All Chapters