← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁)

အနာဂတ်ကမ္ဘာ

ကောင်းယွမ်၏ စီးပွားရေးလုပ်ငန်းမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

သန်းပေါင်းတစ်ရာကျော် တန်ဖိုးရှိသည့် လုပ်ငန်းမှသည် ဘာမျှမရှိတော့သည့် အခြေအနေသို့ ရောက်ရှိရန် နှစ်ပတ်မျှသာ အချိန်ကြာလိုက်လေ၏။

လွန်ခဲ့သောနှစ်ပတ်ခန့်က သူသည် လုပ်ငန်းသစ်လောကတွင် ကြယ်ပွင့်သစ်တစ်ဦး ဖြစ်ခဲ့သော်လည်း ကောလ ဟာလတစ်ခုတည်းဖြင့် သူ၏ကုမ္ပဏီမှာ တန်ဖိုးမဲ့သွားခဲ့ရပေသည်။

ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးငွေများကို ရုပ်သိမ်းသွားခဲ့ကြလေသည်။ ဘဏ်များက ချေးငွေများကို ပြန်လည် တောင်းဆိုခဲ့ကြသည်။ ကုန်ပစ္စည်းပေးသွင်းသူများကလည်း ငွေကို အမြန်ဆုံးရှင်းပေးရန် တောင်းဆိုလာကြရာ တစ်လောကလုံး သူ့ကို ကျောခိုင်းသွားသည်နှင့်တူပေ၏။

စိတ်ဓာတ်အလွန်အမင်း ကျဆင်းသွားသော ကောင်းယွမ်သည် ဒေဝါလီခံကြောင်း ကြေညာလိုက်ရလေသည်။

သူသည် ဘာမျှမပါဘဲ ရောက်လာခဲ့သလို ဘာမျှမရှိတော့ဘဲ ပြန်ထွက်သွားရပေတော့မည် ဖြစ်သည်။

ဤသုံးနှစ်တာ ကာလအပြီးတွင် ကောင်းယွမ်၌ ရှိသမျှမှာ ရှုပ်ထွေးနေသော ပြဿနာများသာ ဖြစ်၏။

ကောင်းယွမ် ဒေဝါလီခံလိုက်သည့်အခါ သူငယ်ချင်းဟု ခေါ်ဆိုသူများသည် အဝေးသို့ ရှောင်ဖယ်သွားကြသည်။ ယခင်က အမြဲကပ်တွယ်နေတတ်သည့် ချစ်သူကလည်း ရွံရှာဖွယ်ကောင်းသည့် အသွင်သို့ ပြောင်းလဲသွားခဲ့လေ သည်။

ကောင်းယွမ်သည် နေရပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ခဲ့၏။

သူမွေးဖွားကြီးပြင်းခဲ့သည့် နေရာ။

ခရီးဆောင်အိတ်ကို ဆွဲကာ အမြန်ရထားဖြင့် ရှစ်နာရီ၊ ဘတ်စ်ကားဖြင့် နှစ်နာရီနှင့် နောက်ထပ် သုံးဘီးဆိုင်ကယ် ဖြင့် မိနစ်သုံးဆယ်ကြာ ခရီးနှင်ပြီးနောက် ကောင်းယွမ်သည် ရှနိုင်ငံ အရှေ့တောင်ပိုင်း၊ တာချင်းတောင်ခြေရှိ ရွာ လေးသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေသည်။

ထိုရွာလေး၏ အမည်မှာ မုကျားရွာ ဖြစ်ပေသည်။

ရှေးဟောင်းတရုတ်ဘာသာစကားအရ မုကျား၏ အဓိပ္ပာယ်မှာ 'သစ်စင်္ကြံ' ဖြစ်သည်။ ဆယ်စုနှစ်များစွာက သစ် ထုတ်လုပ်ရာစခန်းဖြစ်ပြီး သစ်စင်္ကြံများ လွင့်ပျံနေတတ်သည့်အတွက် ထိုအမည်ကို မှည့်ခေါ်ခဲ့ခြင်း ဖြစ်၏။

ရွာထဲသို့ ချဉ်းကပ်လေလေ ကောင်းယွမ်၏ စိတ်ထဲ၌ ပူပင်သောကများ တိုးပွားလာလေလေ ဖြစ်သည်။

သူ အနှစ်နှစ်အလများစွာ ခွဲခွာခဲ့ရသော အိမ်ဟောင်းသည် ယခုအခါ သူ၏ တစ်ခုတည်းသော ခိုလှုံရာ ဖြစ်လာ ခဲ့ပြီဖြစ်၏။

အနာဂတ်ဘဝသည် မည်သို့ ဖြစ်လာမည်ကို သူ မသိပေ။

ကောင်းယွမ်သည် သူ၏ဘဝကို စိတ်ကူးယဉ်ကြည့်လိုက်လေသည်။ ခွေးတစ်ကောင် မွေးမည်၊ ဟင်းသီးဟင်းရွက် စိုက်မည်။ မြို့ကြီးပြကြီး၏ ရုန်းရင်းဆန်ခတ်မှုများသည် သူနှင့် မသက်ဆိုင်တော့ဘဲ နောင်လာမည့်နေ့ရက်များ သည် တောင်ခြေရွာလေးနှင့် လယ်ယာမြေတို့ဖြင့်သာ ကုန်ဆုံးသွားပေလိမ့်မည်။

သူသည် ရွာထဲသို့ တစ်လှမ်းခြင်း လျှောက်လှမ်း၍ ဝင်ရောက်သွားခဲ့လေတော့သည်။

ရွာအဝင်ဝတွင် သက်ကြီးရွယ်အို အချို့သည် နေပူဆာလှုံနေကြလေသည်။ ကောင်းယွမ်ကို မြင်သည့်အခါ သူတို့ သည် စူးစမ်းသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

"လူငယ်လေး... ဘယ်သူ့ကို ရှာနေတာလဲ"

"ဦးလေး... ကျွန်တော် အိမ်ပြန်လာတာပါ"

"ဘယ်သူ့သားသမီးလဲ... အခုခေတ်ကလေးတွေက တစ်စိမ်းတွေလိုပဲ... ဘယ်သူမှန်း မမှတ်မိဘူး..."

ကောင်းယွမ် ပြုံးလိုက်လေသည်။

"အဘိုးကောင်းရဲ့ မြေးပါ"

သက်ကြီးရွယ်အိုများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"အဘိုးကြီးကောင်းလား..."

ရုတ်တရက် တစ်ယောက်ယောက်က သတိရသွားဟန်ဖြင့် ပြောလိုက်၏။

"ဪ... အဘိုးကြီးကောင်းကို မှတ်မိပြီ..."

"မင်းက လုံကျင်းမြို့က သူဌေးလေးမလား... အဘိုးကြီးကောင်းရဲ့ မြေးက အရမ်းချမ်းသာတယ်လို့ ကြားဖူး တယ်..."

ကောင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်၏။

"ဟုတ်ပါတယ်…ကျွန်တော်ပါပဲ…"

ကောင်းယွမ်သည် ဒဏ္ဍာရီဆန်ဆန် ချမ်းသာသည့် ကောင်းမိသားစု၏ မြေးဖြစ်ကြောင်း သိလိုက်ရသည့်အခါ သက်ကြီးရွယ်အိုများသည် စိတ်ဝင်စားသွားကြသည်။

"ဒီတစ်ခါ ပြန်လာတာ ရင်းနှီးမြှုပ်နှံဖို့လား"

ကောင်းယွမ် ခေါင်းခါလိုက်၏။

"ခဏ လာနေတာပါ... ကျွန်တော် အခု ဒေဝါလီခံလိုက်ရပြီ..."

"ဘယ်လိုလုပ် ဒေဝါလီခံရတာလဲ... ငါတို့က မင်း ပြန်လာပြီး ရင်းနှီးမြှုပ်နှံမှာကို စောင့်နေတာ..."

"ဟုတ်တယ်... ဒေဝါလီခံမှပဲ ပြန်လာတော့တယ်ပေါ့..."

သက်ကြီးရွယ်အို အချို့၏ အသံမှာ ယခင်ကထက် စိတ်အားထက်သန်မှု လျော့နည်းသွားခဲ့လေသည်။

သို့သော် အဘိုးအိုတစ်ဦးက ချောင်းဟန့်လိုက်သည့်အခါ ပတ်ဝန်းကျင်မှ လူများ ချက်ချင်း တိတ်ဆိတ်သွား ကြ လေသည်။

အဘိုးအိုသည် ကောင်းယွမ်ကို ကြည့်လိုက်၏။

"အေးလေ... ပြန်ရောက်လာတာ ဝမ်းသာပါတယ်… မင်းရဲ့ အိမ်ဟောင်းကတော့ နေလို့ရတော့မယ် မထင်ဘူး"

"ဟုတ်တယ်... ငါ မနေ့က အိမ်ရှေ့က ဖြတ်သွားတာ ခြံထဲက မြက်တွေက လူတစ်ရပ်ကျော်လောက် ရှိနေပြီ…"

"မှန်တွေလည်း ကွဲနေပြီလေ..."

"လူငယ်တွေက ရွာကို ပြန်မလာကြတာ ကြာပြီ... ရွာမှာ ငါတို့လို လူအိုတွေပဲ ကျန်တော့တယ်..."

ကောင်းယွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လှမ်းသွားလေ၏။

မကြာမီပင် မိသားစု၏ အိမ်ဟောင်းကို မြင်လိုက်ရသည်။

ကောင်းယွမ်သည် အထက်တန်းကျောင်းပြီးကတည်းက ပြန်မလာခဲ့သည်မှာ ဆယ်နှစ်ခန့် ရှိပြီဖြစ်လေသည်။

ကောင်းယွမ်သည် သံချေးတက်နေသော သော့ခလောက်ကြီးကို ကြည့်ကာ ကျောက်တုံးတစ်တုံး ရှာ၍ ထုလိုက် သည်။

“ဂလောက်...”

သော့ပွင့်သွား၏။

တံခါးကို တွန်းဖွင့်လိုက်သည့်အခါ တကျွီကျွီ မြည်သံနှင့်အတူ သံတံခါးကြီးက မြေပြင်နှင့် ပွတ်တိုက်သံက ဟိန်း၍ထွက်လာခဲ့လေသည်။

ဝင်ဝင်ချင်းမှာပင် ကောင်းယွမ်သည် ခြေတစ်လှမ်း နောက်သို့ ပြန်ဆုတ်လိုက်ရ၏။

ချဲ့ကားပြောခြင်း မဟုတ်ပါ။ မြက်ပင်များသည် လူတစ်ရပ်ကျော် မြင့်နေပြီး မျိုးစေ့များ လေနှင့်ပါလာကာ ပေါက် ရောက်နေသည့် သစ်ပင်ငယ်လေးများလည်း ရှိနေခဲ့ပေသည်။

ထူထပ်သော ချုံနွယ်များကြောင့် ကမ္ဘာဦးသစ်တောထဲသို့ ရောက်သွားသကဲ့သို့ ခံစားရကာ အိမ်ကိုပင် ကွယ်နေ လေသည်။

ကောင်းယွမ် သက်ပြင်းချကာ အိတ်ကို ချထားလိုက်သည်။

ထို့နောက် ပေါက်တူး သို့မဟုတ် တံစဉ် ရှာရန် ဂိုဒေါင်ထဲသို့ သွားလိုက်လေသည်။ သံချေးတက်နေသော တံစဉ်ကို တွေ့သော်လည်း မြက်များကို ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။

ခဏမျှ တွေဝေပြီးနောက် အိမ်နီးချင်းအိမ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ တံခါးခေါက်လိုက်ရာ အမျိုးသမီးငယ် တစ်ဦး ထွက်လာခဲ့လေ၏။

"ဟိုလေ..."

"တံစဉ် ဒါမှမဟုတ် ပေါက်တူး ရှိပါသလား... ခဏလောက် ငှားချင်လို့ပါ…"

အမျိုးသမီးငယ်သည် ခဏမျှ တွေဝေသွားပြီးနောက် ကောင်းယွမ်ကို ညွှန်ပြလိုက်လေသည်။

"ရှင်... ကောင်းယွမ်မဟုတ်လား... လုံကျင်းက ပြန်လာတာလား..."

"ဟုတ်ပါတယ်... မင်းက..."

"မေ့သွားပြီလား... ကျွန်မတို့ အလယ်တန်း ကျောင်းနေဖက်တွေလေ... ကျွန်မ မုကျားကို အိမ်ထောင်ကျ သွားတာ..."

ကောင်းယွမ်သည် အနည်းငယ် အားနာသွားခဲ့ရလေသည်။ သူ တကယ်ပင် မမှတ်မိပေ။ နှုတ်ဆက်စကား အနည်း ငယ် ပြောပြီးနောက် ကိရိယာများ ငှားကာ ခြံကို ရှင်းလင်းလိုက်သည်။

နာရီအနည်းငယ်ကြာ လုပ်ဆောင်ပြီးနောက် သူ၏ အဝတ်အစားများမှာ ချွေးများဖြင့် စိုရွှဲနေခဲ့ပေ၏။

အိမ်ရှေ့ခြံကို ကြိုးစားရှင်းလင်းပြီးနောက် ပျက်စီးယိုယွင်းနေသော အိမ်ကို မြင်လိုက်ရလေသည်။

အုတ်နီခဲများမှာ ဟောင်းနွမ်းနေပြီး မှန်ပြတင်းပေါက်များလည်း ကွဲနေခဲ့သည်။ တံခါးဖွင့်လိုက်သောအခါ အပုပ်နံ့ များ ထွက်ပေါ်လာခဲ့လေ၏။

နေထိုင်ရန် မသင့်တော်တော့ပေ။

ကံကောင်းစွာပင် ရာသီဥတုမှာ နွေးထွေးနေပြီ ဖြစ်သည်။ ကောင်းယွမ်သည် ညတွင် ခြံထဲ၌သာ အိပ်ရန်နှင့် နောက်နေ့တွင် လိုအပ်သည့် ပစ္စည်းများ ဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အိမ်ရှေ့ခြံကို ရှင်းပြီးသည့်အခါ ကောင်းယွမ်သည် အလွန်ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ နောက်ဖေးခြံကို သွားကြည့် ရန်ပင် စိတ်မကူးရဲတော့ပေ။

ခဏနားပြီးနောက် ရေတွင်းဟောင်းမှ ရေကို ပုံးဖြင့် ဆွဲတင်၍ မျက်နှာသစ်လိုက်လေသည်။ ကြည်လင် အေးမြ သော ရေကြောင့် လန်းဆန်းသွားပြီး စွမ်းအားများ ပြန်လည်ဝင်ရောက်လာခဲ့လေ၏။

ထို့ကြောင့် နောက်ဖေးခြံတံခါးကို တွန်းဖွင့်လိုက်လေသည်။

ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထို့နောက် သူ ငေးမောသွားမိလေ၏။ ခြံမှာ သန့်ရှင်းသပ်ရပ်နေပြီး ကောင်းယွမ်၏ ငယ်ဘဝ အမှတ်တရထဲက အတိုင်း ဖြစ်နေခဲ့ပေသည်။ မြေပြင်ပေါ်တွင် ကျနေသော သစ်ရွက်တစ်ရွက်မျှပင် မရှိနေခဲ့ပေ။

*မဟုတ်ဘူး... မဟုတ်သေးဘူး…။*

အတိအကျကြီးတော့ မဟုတ်ပေ။ ခြံအလယ်တွင် သုံးမီတာခန့် မြင့်သော ဗိရိုကြီးတစ်ခု ရှိနေပြီး တံခါး တစ်ခု လည်း ပါရှိလေ၏။

အံ့ဩသွားသော ကောင်းယွမ်သည် တံခါးကို တွန်းဖွင့်လိုက်ရာ စိတ်ကူးမယဉ်နိုင်သော ကမ္ဘာတစ်ခုကို မြင်လိုက်ရ လေတော့သည်။

*ဒါ ဘယ်နေရာလဲ…။*

*အပြိုင်ကမ္ဘာလား…။*

ကောင်းယွမ် မှင်သက်သွားခဲ့ပေသည်။ သူ၏ မျက်စိရှေ့တွင် တိမ်တိုက်များထိအောင် မြင့်မားသော တိုက်တာ အဆောက်အအုံများ၊ လူများဖြင့် ပြည့်နှက်နေသော လမ်းမများ၊ ကောင်းကင်ယံတွင် ယာဉ်ပျံများဖြင့် ပြည့်နှက် နေလျှက်ရှိလေ၏။

လမ်းပေါ်ရှိ လူများသည် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ များစွာသောသူတို့မှာ ထူးခြားသော ပစ္စည်းဖြင့် ချုပ်လုပ်ထားသည့် ယူနီဖောင်းများကို ဝတ်ဆင်ထားကြလေသည်။

ကောင်းယွမ်သည် တံခါးကို ဖြတ်ကျော်ဝင်လာခဲ့လိုက်သည်။ နောက်သို့ပြန်ကြည့်လိုက်ရာ တံခါးမှာ ရှိနေ သေးသဖြင့် သူ ပြန်သွားနိုင်သေးကြောင်း သိလိုက်ရရာ စိတ်သက်သာရာ ရသွားခဲ့လေသည်။

လမ်းမများမှာ လူများဖြင့် ပြည့်နှက်လျက်ရှိနေပြီး ကားများ မရှိဘဲ ကောင်းကင်တွင် ယာဉ်ပျံများသာ ရှိပေသည်။ ယာဉ်များမှာ ပုံစံမျိုးစုံ ဖြစ်သော်လည်း အားလုံးမှာ အနာဂတ်ဆန်သော နည်းပညာများဖြင့် ပြည့်နှက်နေခဲ့သည်။

ကောင်းယွမ်သည် လမ်းဘေးရှိ ဆိုင်များစွာကိုလည်း သတိပြုမိလိုက်သည်။ လက်ရှိကမ္ဘာထက်ပင် ပို၍ များပြား နေပေ၏။

စားသောက်ဆိုင်အချို့ကို ဖြတ်သွားစဉ် ကောင်းယွမ်၏ ဗိုက်မှာ အော်မြည်လာခဲ့လေသည်။

ကောင်းယွမ်သည် မနေ့ကတည်းက ခရီးနှင်လာခဲ့ရပြီး အတော်ကြာအောင် ခြံရှင်းနေရသဖြင့် ဆာလောင်နေပြီ ဖြစ်သည်။

အရသာရှိသော အစားအစာများကို မြင်လိုက်ရသည့်အခါ သူ ဆက်မသွားနိုင်တော့ပေ။

အလှပဆုံး အမျိုးသမီးတစ်ဦး အစားအစာ ရောင်းချနေသည်ကို မြင်လိုက်ရသည်။

[ဓာတုနည်းဖြင့် ဖော်စပ်ထားသော ကြက်ကင်။ အရသာက ကြက်ကင်အစစ်အတိုင်းပါပဲ။ အထူးဈေးနှုန်း တစ်ရာ]

*ဓာတုနည်းဖြင့် ဖော်စပ်ထားသော ကြက်ကင်…။ တစ်ရာလား…ဆိုပါလား…။*

ကောင်းယွမ် အလွန်ဆာလောင်နေ၏။ အနံ့ကို ရှူရှိုက်မိသည့်အခါ သူ ဆက်မလှုပ်ရှားနိုင်တော့ဘဲ ချဉ်းကပ်သွား ခဲ့လေသည်။

"ကျွန်တော့်ကို တစ်ခုပေးပါ…"

ပြောပြီးသည်နှင့် ငွေပေးချေရန် ဖုန်းကို ထုတ်လိုက်သော်လည်း ကျူအာကုဒ် ကို မတွေ့ရတော့ပေ။

All Chapters