ရှေးခေတ်တွေ များနေပြီဆိုတော့ အနာဂတ်ကို ခြေလှမ်းလှမ်းကြစို့နော်။ ကောင်းယွမ်တစ်ယောက် ဒေဝါလီခံပြီး သူ့ဇာတိမြို့ကို ပြန်လာပြီးနောက် မမျှော်လင့်ဘဲ သူ့အိမ်ဟောင်း၏ နောက်ဖေးခြံသည် အနာဂတ်မှာ နှစ်တစ်ထောင်ကျော်တွင် ရှိနေကြောင်း တွေ့ရှိခဲ့သည်။ ထိုအနာဂတ်ကမ္ဘာတွင် မျက်မှောက်ခေတ်က အရာများအားလုံး ရှားပါးလှသဖြင့် သူဟာ စီးကရက်တစ်ဘူးကို လှပသည့် အမျိုးသမီးစက်ရုပ်ဆယ်ခု၊ ပန်းအိုးထဲကအပင်တစ်ပင်ကို အာကာသယာဉ်တစ်စင်း၊ ကြက်ကင်တစ်ကောင်ကို ကျောက်ပုံနှိပ်စက်တစ်ရာနှင့် လဲလှယ်နိုင်ခဲါသည်။ သူကမူ အနာဂတ်ကမ္ဘာ၏ ခေတ်မီနည်းပညာကို မျက်မှောက်ကမ္ဘာသို့ ပြန်လည်ယူဆောင်လာခဲ့ပြီး မူလကမူ ကမ္ဘာ့အချမ်းသာဆုံးလူသာ ဖြစ်ချင်ခဲ့ပေမယ့် တဖြည်းဖြည်းနှင့် ကမ္ဘာ့အုပ်စိုးသူဖြစ်လာခဲ့တော့သည်။ ဇာတ်လမ်းသွားကတော့ ပုံမှန်တွေ့နေကြအတိုင်းပါပဲနော်။ သို့ပေမယ့် ရိုးအီနေတဲ့ ရှေးခေတ်အရသာလေးလေးတွေထဲကထွက်ပြီး အနာဂတ်ရဲ့ ပြင်းရှရှအရသာကို စာရေးသူနဲ့အတူ မြည်းစမ်းကြည့်ကြပါစို့။

