အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅)
ကျွန်းပေါ်ရှိ လူများ ထိတ်လန့်တုန်လှုပ်နေကြခြင်း
ဤဖြန့်ချီရေးကိုယ်စားလှယ်များ ညီလာခံတွင် ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ကြယ်ကိုးစင်းအဖွဲ့ အပေါ် ခွဲခြားဆက်ဆံခြင်း မရှိခဲ့ပေ။ ဤသည်မှာ ကောင်းယွမ်သည် အငြိုးအတေး မထားဘဲ သူတို့၏ ဆက်ဆံရေးမှာ တိုးတက်လာနိုင်သေးကြောင်းကို ပြသနေခြင်း ဖြစ်လေ၏။
ဤသည်မှာ ပို့ဆောင်ပေးလိုက်သော အသက်ဆက် အခြေခံဆေးရည်လော။
သို့သော် ပြီးခဲ့သည့်ဖြစ်ရပ်အပြီးတွင် သူ၏ တရားမဝင် သားဖြစ်သူသည် အမေရိကသို့ ထွက်သွားခဲ့ပြီး ယနေ့တိုင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ ဖြစ်လေသည်။
ဤအချက်က သူသည် ကောင်းယွမ်၏ လူများလက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဟု လီပင်းရှီကို သံသယ ဝင်စေခဲ့ပေသည်။
သို့သော် သူ မမေးရဲခဲ့ပေ။
ယခုအခါ အမေရိကပင်လျှင် ကောင်းယွမ်ကို အရှုံးပေးနေရပြီဖြစ်ရာ လီပင်းရှီက သူသည် ကြယ်ကိုးစင်း အဖွဲ့ကို ဆက်လက်ဦးစီးချင်ပါက ကောင်းယွမ်နှင့် ပူးပေါင်းဆောင်ရွက်ရမည် သို့မဟုတ်... ကောင်းယွမ် ပြောသည့်အတိုင်း လုပ်ဆောင်ရမည်ဆိုသည်ကို သိရှိထားခဲ့လေသည်။
သို့မဟုတ်ပါက ဤကမ္ဘာပေါ်တွင် ကြယ်ကိုးစင်းအဖွဲ့ဟူ၍ ရှိလာတော့မည် မဟုတ်ပေ။
ဤကိစ္စကို လီထိုက်ရှီအား သူ မပြောပြခဲ့ပေ။
အမြဲတမ်း ဆင်ခြေတစ်ခုတော့ ရှာဖွေရန် လိုအပ်နေပေသည်။
အမှန်တကယ်တော့ ဆေးက ယုံကြည်စိတ်ချရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူသည် ငါးရံ့နက် နည်းပညာကုမ္ပဏီကို စည်းကမ်းချက်မရှိဘဲ မြှင့်တင်ပေးရန် လိုအပ်နေခြင်း ဖြစ်လေ၏။
သို့သော် စမ်းသပ်မှုရလဒ်များမှာ လီပင်းရှီ၏ မျှော်မှန်းထားချက်များကို ကျော်လွန်နေခဲ့ပေသည်။
၎င်းသည် အမှန်တကယ်ပင် အံ့ဖွယ်ဆေးတစ်ခွက်ပင် ဖြစ်နေခဲ့ပေသည်။
သို့ဖြစ်ရာ တောင်ပိုင်းမင်းဆက်၏ ခေါင်းဆောင်ထံသို့ သွားရောက်ကာ ဆေးသစ်ကို စတင်ဖြန့်ချီရန် ခွင့်ပြုချက်တောင်းခံမည် ဖြစ်လေသည်။
ဤအံ့ဖွယ်ဆေးကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် မည်သည့်ပြဿနာမျှ ဖန်တီးနိုင်မည် မဟုတ်တော့ပေ။
တောင်ပိုင်းမင်းဆက်၏ ကာကွယ်ရေးအဆောက်အအုံ။ လုပ်ကြံခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်ချေမည်... ခေါင်းဆောင်သစ်သည် ရာထူးတက်ပြီးနောက် သူ၏ရုံးခန်းကို ဤနေရာသို့ ပြောင်းရွှေ့ခဲ့ ခြင်း ဖြစ်လေသည်။
တောင်ပိုင်းမင်းဆက်သည် ကြီးလေးသော ဆေးဘက်ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်မှာ ကြာ မြင့်နေပြီ ဖြစ်၏။ ယခင်အုပ်ချုပ်သူများသည် စနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့ကြသော်လည်း ဆန့်ကျင်မှုများလွန်းသဖြင့် မည်သည့်အခါမျှ မအောင်မြင်ခဲ့ကြပေ။
ယခုအခါ ပြောင်းလဲမှုသည် ရွေးချယ်စရာတစ်ခု မဟုတ်တော့ပေ။ ပြည်သူများ၏ မကျေနပ်မှုများက အလွန်ကြီးမားနေပြီး လက်ရှိခေါင်းဆောင်သည်လည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲ ရေးမှတစ်ဆင့် သူ၏ ဩဇာတိက္ကမကို တည်ဆောက်ရန် လိုအပ်နေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကို အတင်းအကျပ် တွန်းအားပေး လုပ်ဆောင်နေခြင်း ဖြစ်လေသည်။
မထင်မှတ်ဘဲ ယခုအခါ ဆေးဘက်ဆိုင်ရာဝန်ထမ်း အမြောက်အမြားက သပိတ်မှောက်ခြင်းနှင့် အလုပ် ထွက်ခြင်းတို့ကြောင့် သူတို့သည် အခက်အခဲနှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။ သို့သော် လက်ရှိခေါင်းဆောင် သည် အလျှော့ပေးရန် ဆန္ဒမရှိဘဲ တင်းမာစွာသာ ရပ်တည်နေခဲ့လေသည်။
အလျှော့ပေးလိုက်ခြင်းက မိမိ၏ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေရုံသာမက အနာဂတ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးအတွက် အခွင့်အရေး ရှိလာတောမည်မဟုတ်ကြောင်း ကိုပါ ဆိုလိုနေပေသည်။
တာဝန်ရှိသူများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် လတ်တလောတွင် အချင်းများနေကြလေ သည်။
နောက်ဆုံးတွင် မည်သူက ပို၍ကြာရှည်စွာ တောင့်ခံနိုင်မည်နည်းဆိုသည့် အချက်အပေါ်တွင်သာ မူတည် နေတော့၏။
လက်ရှိခေါင်းဆောင်သည် အလွန်ဆိုးရွားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်မှာပင် ကြယ်ကိုး စင်းအဖွဲ့မှ လီပင်းရှီ ရောက်ရှိလာခဲ့လေသည်။
သူသည် အလျင်အမြန်ပင် ထွက်ကာ နှုတ်ဆက်လိုက်၏။
"ဥက္ကဋ္ဌလီ... ဘယ်လေနှင်လို့ ဒီကို ရောက်လာရတာလဲ..."
"ဂုဏ်ယူပါတယ် ခေါင်းဆောင်ကြီး... ခင်ဗျားရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကျွန်တော် ရောက်လာတာ ပါ..."
"အို... ဘာကိစ္စများလဲ..."
"ခေါင်းဆောင်ကြီး... ဒီဆေးသစ်လေးကို တစ်ချက်လောက် ကြည့်ကြည့်ပါဦး..."
လီပင်းရှီသည် အသက်ဆက် အခြေခံဆေးရည်၏ စမ်းသပ်မှု အစီရင်ခံစာများကို လက်ရှိခေါင်းဆောင် ထံသို့ ကမ်းပေးလိုက်လေသည်။
"ဥက္ကဋ္ဌလီ... ဒါတွေကို ကျွန်တော့်ကို မကြည့်ခိုင်းပါနဲ့... အများကြီးပဲဟာကို... တိုက်ရိုက်သာ ပြောပြ လိုက်ပါ..."
"ဒါက ငါးရံ့နက် နည်းပညာကုမ္ပဏီက အသစ်တီထွင်လိုက်တဲ့ အံ့ဖွယ်ဆေးပါ... ကြယ်ကိုးစင်းအဖွဲ့နဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီကြားက နက်ရှိုင်းတဲ့ ခင်မင်ရင်းနှီးမှုကြောင့် တောင်ပိုင်းမင်းဆက် ရင်ဆိုင်နေ ရတဲ့ အခက်အခဲတွေကို သူတို့သိရှိပြီး ကျွန်တော်တို့ကို ဦးစားပေး ထောက်ပံ့ပေးတာပါ..."
တောင်ပိုင်းမင်းဆက်၏ အုပ်ချုပ်သူ ခေါင်းဆောင်မှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရလေသည်။
*မင်းတို့မှာ နက်ရှိုင်းတဲ့ ခင်မင်ရင်းနှီးမှု ရှိလို့နေလို့လား...*
ထို့အပြင် ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ရှနိုင်ငံ ကုမ္ပဏီတစ်ခု ဖြစ်လေသည်။
ရှနိုင်ငံသားများတွင် မည်ကဲ့သို့သော ရည်ရွယ်ချက်ကောင်းများ ရှိနိုင်ပါမည်နည်း။
"ဒီဆေးရဲ့ ရည်ရွယ်ချက်က ဘာလဲ..."
"ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ စွမ်းရည်တွေက ကမ္ဘာတစ်ဝန်းမှာ ပြိုင်ဘက်ကင်းပါပဲ... ဒီဆေးသစ်က ရောဂါအားလုံးနီးပါးကို ကုသပေးနိုင်ပါတယ်... ရောဂါကျွမ်းနေတဲ့ လူနာတချို့ကို နမူနာယူပြီး ကျွန်တော် တို့ စမ်းသပ်ကြည့်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်အခြေအနေက အများကြီး တိုးတက်လာခဲ့ပါတယ်... ရောဂါ လုံးဝ ပျောက်ကင်းမသွားရင်တောင် တစ်ပုလင်းတည်းနဲ့ သူတို့ရဲ့ သက်တမ်းကို အနည်းဆုံး တစ်နှစ် လောက်တော့ ဆွဲဆန့်ပေးနိုင်ပါတယ်..."
တောင်ပိုင်းမင်းဆက်၏ ခေါင်းဆောင်သည် အသက်ဆက် အခြေခံဆေးရည်ကို ယူကာ သူ၏လက်ထဲ တွင် သေချာစွာ စစ်ဆေးကြည့်လိုက်လေသည်။
"ဒီတစ်ပုလင်းတည်းနဲ့... ရောဂါတိုင်းကို ကုသပေးနိုင်တယ်ပေါ့... ရောဂါကျွမ်းနေရင်တောင် ဒီတစ်ပု လင်းနဲ့ သက်တမ်းတစ်နှစ် ဆွဲဆန့်ပေးနိုင်တယ်တဲ့လား..."
"ဟုတ်ပါတယ်..."
"ဒါက တကယ်ကို အံ့ဖွယ်ဆေးတစ်ခွက်ပဲ..."
လီပင်းရှီက ဆက်ပြောလိုက်လေသည်။
"တောင်ပိုင်းမင်းဆက် တစ်ဝန်းလုံးမှာ ဒါကို အကောင်အထည်ဖော်ဖို့ ကျွန်တော် စီစဉ်ထားပါတယ်... ဒီ အံ့ဖွယ်ဆေးကြောင့် သာမန်ရောဂါတွေလည်း ပျောက်ကင်းနိုင်ပြီး ရောဂါကျွမ်းနေတဲ့သူတွေတောင် အသက်ရှင်နိုင်မှာပါ... ပြည်သူတွေက သဘာဝအရ ဆေးဘက်ဆိုင်ရာဝန်ထမ်း အများကြီး လိုအပ်တော့ မှာ မဟုတ်ဘူးလေ... ဒါကြောင့်... ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ သပိတ်မှောက်တာ ဒါမှမဟုတ် အလုပ် ထွက်တာတွေက သူတို့ကိုယ်သူတို့ကလွဲပြီး တခြား ဘာသက်ရောက်မှုမှ ရှိလာတော့မှာ မဟုတ်ပါဘူး..."
"ဟုတ်တယ်..."
တောင်ပိုင်းမင်းဆက်၏ အုပ်ချုပ်သူ ခေါင်းဆောင်မှာ ဝမ်းသာအားရ ပြုံးရွှင်သွားခဲ့လေသည်။ ဤအရာ က သူ၏ ကြီးမားသော ပြဿနာတစ်ရပ်ကို အမှန်တကယ်ပင် ဖြေရှင်းပေးလိုက်ပြီ ဖြစ်ပေ၏။
တစ်ခုတည်းသော အားနည်းချက်မှာ ဤဆေးကို ကြယ်ကိုးစင်းအဖွဲ့က တီထွင်ခဲ့ခြင်းမဟုတ်ဘဲ
ငါးရံ့နက် နည်းပညာကုမ္ပဏီက တီထွင်ခဲ့ခြင်းပင် ဖြစ်လေသည်။
"ခင်ဗျား... ဒါကို အတုလုပ်ဖို့ လူတစ်ယောက်ယောက်ကို ရှာလို့ရမလား..."
လီပင်းရှီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။
*ဒါက ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ဆေးကို ပုံတူကူးချဖို့ ပြောနေတာလား...*
*ဒီအဘိုးကြီး အသက်ရှည်ရှည် မနေချင်တော့ဘူးလား...*
တောင်ပိုင်းမင်းဆက်၏ ခေါင်းဆောင်သည် လီပင်းရှီ၏ သဘောထားအမှန်ကို ရိပ်မိသွားသဖြင့် အနေရ ခက်စွာ ရယ်မောလိုက်လေသည်။
"နောက်တာပါဗျာ..."
ယနေ့ခေတ်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီသည် လျစ်လျူရှုထား၍မရသော ဩဇာတိက္ကမကြီးမား သည့် အင်အားစုတစ်ခု ဖြစ်နေပေသည်။
...
လွန်ခဲ့သည့် ရက်အနည်းငယ်က အမေရိကန် အကြီးအကဲသည် ငါးရံ့နက် နည်းပညာကုမ္ပဏီကို လူသိရှင် ကြား ချီးကျူးခဲ့ပြီး မူလက ရှနိုင်ငံအပေါ် ရန်လိုနေခဲ့သော ထိပ်သီးပုဂ္ဂိုလ်ကြီးများသည် ယခုရက်ပိုင်းအ တွင်း ကြက်ပေါက်လေးများထက်ပင် ပို၍စကားနားထောင်နေကြကြောင်း ကြားသိရလေသည်။
လွှတ်တော်ကပင် ရှနိုင်ငံ၏ ထုတ်ကုန်များကို အထူးအခွင့်အရေးပေးသည့် "ရှနိုင်ငံနှင့် ချစ်ကြည်ရေး အက်ဥပဒေ" ကို အတည်ပြုပေးရန် ဆန္ဒရှိနေကြပေသည်။
ယခုအချိန်တွင် အသည်းအကွဲရဆုံးသူများမှာ ထိုင်ဝမ်ကျွန်းပေါ်ရှိ ဂရင်းကမ့်ပ် အဖွဲ့သားများပင် ဖြစ် လေသည်။
အမေရိကသည် သူတို့ကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်၏။ သူတို့က အကြိမ်ကြိမ် တောင်းဆိုခဲ့သော် လည်း အမေရိကဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
အမေရိက၏ လေယာဉ်တင်သင်္ဘော ဖျက်ဆီးခံလိုက်ရကတည်းက ထိုင်ဝမ်ကျွန်းပေါ်ရှိ လူများသည် ရှနိုင်ငံ အစိုးရက သူတို့ကို အရေးယူမည်ကို အမြဲစိုးရိမ်နေကြပြီး အကြောက်တရားများဖြင့် နေထိုင်နေ ကြရလေသည်။
ယခင်ကမူ အနီးအနားရှိ အမေရိကန် အခြေစိုက်စခန်းက သူတို့ကို လာရောက်ကာကွယ်ပေးမည်ဟု စိတ်ကူးယဉ်နေခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ယခုမှစတင် ၍ အမေရိကန်အစိုးရအနေဖြင့် အာရှပစိဖိတ်ဒေသရှိ စစ်ရေးအခြေစိုက်စခန်းများမှ တပ်ဖွဲ့များကို တ ဖြည်းဖြည်း ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို ကြေညာခဲ့လေသည်။
အမေရိကသည် ကောင်းယွမ်ကို အလွန်ကြောက်ရွံ့နေကြောင်း ထိုင်ဝမ်ကျွန်းပေါ်ရှိ လူများက ပြောဆို နေကြလေသည်။
ယခုအခါ ကျွန်းပေါ်ရှိ လူများမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး စစ်ပွဲနှင့် ပြတ်လပ်မှုများကို ကြောက်ရွံ့ ကာ အများအပြားက ထောက်ပံ့ရေးပစ္စည်းများကို စတင်သိုလှောင်နေကြပြီ ဖြစ်လေသည်။
...
ကောင်းယွမ်သည် နံနက်စောစောတွင် လက်ရှိကမ္ဘာသို့ ပြန်လာခဲ့ပြီးနောက် လီပင်းရှီထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့လေသည်။
"ဥက္ကဋ္ဌလီ... မတွေ့ရတာ ကြာပြီနော်..."
"အရမ်းကြီးလည်း မကြာသေးပါဘူး ဥက္ကဋ္ဌကောင်း... ထိုက်ရှီ ယူလာတဲ့ အသက်ဆက် အခြေခံဆေး ရည်ကို ကျွန်တော်တို့ စမ်းသပ်ကြည့်ပြီးပါပြီ... အဲဒါက တကယ့်ကို အံ့ဖွယ်ဆေးပါပဲ... တောင်ပိုင်းမင်း ဆက်ရဲ့ အရေးပေါ် အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ပါတယ်... အဲဒါကို အမြောက်အမြား ဘယ်တော့ လောက် ထုတ်လုပ်နိုင်မလဲ သိချင်လို့ပါ..."
"ဥက္ကဋ္ဌလီက ကျွန်တော်တို့ရဲ့ အသက်ဆက် အခြေခံဆေးရည်အတွက် ဖြန့်ချီရေးကိုယ်စားလှယ် လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့..."
"သေချာတာပေါ့... ဥက္ကဋ္ဌကောင်းက ဒီလောက်ကောင်းတဲ့ ထုတ်ကုန်ကို ကျွန်တော်တို့ဆီ ဖြန့်ချီခွင့်ပေးတာက တကယ့်ကို ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ..."
"ဈေးနှုန်းကို မဆွေးနွေးရသေးဘူးလေ..."
"ဥက္ကဋ္ဌကောင်းသာ ဈေးသတ်မှတ်လိုက်ပါ... ကျွန်တော်တို့ လုံးဝ ဈေးမဆစ်ပါဘူး..."
ကောင်းယွမ်က ရယ်မောလိုက်လေသည်။
"တစ်ပုလင်းကို သန်းတစ်ရာဆိုရင် လက်ခံနိုင်မလား..."
"ဒါက... "
လီပင်းရှီ မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။ ဤအံ့ဖွယ်ဆေးသည် အလွန်ချမ်းသာသူများအတွက် သာ ရည်ရွယ်မည်ဆိုပါက တစ်ပုလင်းကို ယွမ်သန်းတစ်ရာဆိုသည်မှာ လက်မခံနိုင်စရာ မရှိပေ။ အဘယ် ကြောင့်ဆိုသော် ဆေးတစ်ပုလင်းက လူတစ်ဦး၏ သက်တမ်းကို တစ်နှစ်အထိ ဆွဲဆန့်ပေးနိုင်သော ကြောင့် ဖြစ်လေသည်။
သို့သော် အကယ်၍ အမြောက်အမြား ရောင်းချချင်သည်ဆိုပါက ဤဈေးနှုန်းမှာ လက်တွေ့မကျပေ။
"တောင်ပိုင်းမင်းဆက် ငွေကြေးကို ပြောတာလား ဒါမှမဟုတ် ရှနိုင်ငံ ငွေကြေးကို "ပြောတာလား... "
တောင်ပိုင်းမင်းဆက် ငွေကြေး သန်းတစ်ရာသည် ရှနိုင်ငံ ငွေကြေး ငါးသိန်းခန့်နှင့် ညီမျှပေသည်။
ဈေးနှုန်းမှာ အမှန်တကယ် ကြီးမြင့်သော်လည်း ပစ်မှတ်ထားသော ဝယ်ယူသူပမာဏမှာ အလွန်များ ပြားလှပေသည်။ လူလတ်တန်းစား အများအပြားလည်း တတ်နိုင်ကြပေသည်။
မည်သို့ပင်ဆိုစေကာမူ အသက်ဟူသည် တန်ဖိုးဖြတ်၍ မရနိုင်ပေ။
ကောင်းယွမ်၏ ရည်ရွယ်ချက်မှာ တောင်ပိုင်းမင်းဆက်၏ ကျန်းမာရေးစောင့်ရှောက်မှုကို ထိန်းချုပ်ကာ သာမန်ပြည်သူများ လက်လှမ်းမီစေရန် ဖြစ်လေသည်။ ထို့ကြောင့် ဈေးနှုန်းများလွန်းနေပါက သင့်တော် မည် မဟုတ်ပေ။
"ကျွန်တော်တို့ဆီမှာ အရွယ်အစား နှစ်မျိုးရှိတယ်... အသေးက သာမန်ရောဂါတွေကို ကုသပေးနိုင်ပြီး တစ်ပုလင်းကို ရှနိုင်ငံငွေ တစ်ထောင် ကျသင့်မှာပါ... အကြီးကတော့ လီထိုက်ရှီ ယူသွားတဲ့ အမျိုးအစား ဖြစ်ပြီး တစ်ပုလင်းကို ရှနိုင်ငံငွေ တစ်သောင်း ကျသင့်မှာပါ..."
ထိုဈေးနှုန်းကို ကြားသည့်အခါ လီပင်းရှီ သက်ပြင်းချလိုက်နိုင်လေသည်။
ဤဈေးနှုန်းက ငွေကြေးနှင့် အလွန်တန်သော တန်ဖိုးကို ပေးစွမ်းနိုင်ပေသည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကောင်း..."
"ကိုယ်စားလှယ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ မုကျားကို အမြန်ဆုံး လာခဲ့ပါ... သဘောတူ ညီချက် လက်မှတ်ထိုးပြီးတာနဲ့ ပစ္စည်းတွေကို စတင်လက်ခံလို့ ရပါပြီ... စည်းမျဉ်းတွေက အပူချိန်ထိန်း အဝတ်အစားနဲ့ လက်ပတ်ဖုန်းတွေလိုပါပဲ... ဥက္ကဋ္ဌလီ... အခု ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ကိုယ်စား လှယ်တွေထဲမှာ ကြယ်ကိုးစင်းအဖွဲ့က ထုတ်ကုန်သစ်အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးရတဲ့ တစ်ခုတည်းသော ကိုယ်စားလှယ် ဖြစ်လာပြီနော်..."
"ကျွန်တော်တို့ ကြယ်ကိုးစင်းအဖွဲ့က တကယ်ကို ဂုဏ်ယူမိပါတယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ဦးဆောင်မှုအောက်မှာ ဒီထက်ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိလာဖို့ မျှော်လင့်ပါတယ်..."
"သေချာတာပေါ့... သေချာတာပေါ့ဗျာ..."
ဖုန်းချပြီးနောက် ကောင်းယွမ် ပြုံးလိုက်လေသည်။ တောင်ပိုင်းမင်းဆက်က လူများသည် အမှန်တကယ် ရွံရှာဖွယ်ကောင်းသော်လည်း ငွေကြေးကမူ ထိုသို့မဟုတ်ပေ။ ထို့အပြင် သူသည် တောင်ပိုင်းမင်းဆက် ၏ ဆေးဘက်ဆိုင်ရာ ဈေးကွက်ကို ထိန်းချုပ်ထားလေသည်။ အကယ်၍ သူတို့သာ အလွန်အကျွံ လုပ် လာပါက သူ လက်တစ်ချောင်းပင် လှုပ်စရာမလိုဘဲ ထောက်ပံ့မှု ဖြတ်တောက်လိုက်ရုံဖြင့် သူတို့ကို ကသောင်းကနင်း ဖြစ်သွားစေမည် ဖြစ်ပေ။