အခန်း ၁၅၉
Vol. 16 Ch. 159
အခန်း (၁၅၉)
ခရီးသွားရင် အရသာရှိတဲ့ အစားအစာ ပါရမယ်
"နိုင်ငံအတွင်းမှာရှိတဲ့ လူတိုင်းက ဗိုက်ဝအောင် စားကြမယ်ဆိုရင်တောင် ငါတို့ရဲ့ စားနပ်ရိက္ခာ အရန် အတားက နှစ်နှစ်ကျော်လောက်အထိ လုံလောက်ပါတယ်... အဲဒီလောက်အထိတော့ အခြေအနေက မဆိုးလောက်ပါဘူး မဟုတ်လား..."
"နိုဗာ... ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်... လူဆယ်ယောက်ကို ကျွေးဖို့ လုံလောက်တဲ့ အစားအစာ ရှိပြီး ဈေးနှုန်းက တစ်ဒေါ်လာပဲ ရှိတယ်ဆိုပါစို့... အခုတော့ လူကိုးယောက်စာပဲ ကျွေးနိုင်တော့တယ်... အဲဒီတော့ အစားအသောက် ဈေးနှုန်းက ဘယ်လောက်အထိ တက်သွားမယ်လို့ မင်း ထင်သလဲ..."
"(၁၀) ရာခိုင်နှုန်းလောက် တက်သွားမှာလား..."
နိုဗာက ဝေခွဲမရစွာဖြင့် ပြန်လည်မေးမြန်းလိုက်၏။
"မဟုတ်ဘူး... မဟုတ်ဘူး... အဲဒီဈေးနှုန်းက လူဆယ်ယောက်ထဲမှာ အဆင်းရဲဆုံးလူရဲ့ စုဆောင်းထား သမျှ ငွေတွေနဲ့တောင် ဝယ်မစားနိုင်တဲ့အထိ တက်သွားမှာပါ... အကယ်၍ အဆင်းရဲဆုံးလူမှာ ငွေတစ် ရာရှိရင် အစားအသောက်ဈေးက တစ်ရာ့တစ် ဖြစ်သွားလိမ့်မယ်... အကယ်၍ သူတို့မှာ ငွေတစ်ထောင် ရှိရင် အစားအသောက်ဈေးက တစ်ထောင့်တစ် ဖြစ်သွားလိမ့်မယ်..."
"ဒါက..."
"အစားအစာဆိုတာ... ဘယ်တော့မှ မလုံလောက်နိုင်ဘူး... အထူးသဖြင့် အပင်နာကျတဲ့ ရောဂါဆိုးကို မဖြေရှင်းနိုင်သရွေ့ ငါတို့နိုင်ငံရဲ့ စားနပ်ရိက္ခာက ဆယ်နှစ်စာ လုံလောက်နေရင်တောင် အစားအသောက် ဈေးနှုန်းတွေက ထိုးတက်နေမှာပဲ... ဘာလို့လဲဆိုတော့ အစားအစာအသစ်တွေ ထပ်ထွက်လာမှာ မဟုတ် ဘူးဆိုတာ လူတိုင်းသိနေတဲ့အတွက် ဘယ်သူကမှ ထုတ်မရောင်းကြလို့ပဲ..."
"အကြီးအကဲ... တစ်စုံတစ်ယောက်က ကောင်းယွမ်ကို မုန်းတီးပြီး လုပ်ကြံဖို့ ကြိုးစားနိုင်မလားဟင်..."
ပူတင်က ရယ်မောလိုက်လေ၏။
"သေချာပေါက် ရှိမှာပေါ့... ဒါပေမဲ့... အောင်မြင်နိုင်ခြေကတော့ သုညနဲ့ အတူတူပဲ... မှတ်ထားပါ... တခြားသူတွေ ဘာပဲလုပ်လုပ် ငါတို့လူတွေကတော့ ဒါမျိုး လုံးဝ မလုပ်ရဘူး... သိလား... "
"ငါက အိုနေပြီ... နောက်တစ်ကြိမ် သမ္မတသက်တမ်းအထိ ငါ ရှိနေနိုင်ပါ့မလား မသိဘူး... အကယ်၍ ရှနိုင်ငံက ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ဖြစ်လာမယ်ဆိုရင် အနည်းဆုံးတော့ ငါတို့ ပေါင်းစည်းသွားပြီးတဲ့ နောက် ငါတို့အတွက် အန္တရာယ် မရှိနိုင်တော့ဘူးပေါ့..."
နိုဗာသည် အနည်းငယ် ဝမ်းနည်းသွားမိလေ၏။
ထိုအချိန်တွင် တုန်းဟွမ်မှာမူ စိတ်ဓာတ်များ အလွန်တက်ကြွနေခဲ့ပေသည်။ ပြီးခဲ့သည့်အကြိမ်က ငါးရံ့ နက် နည်းပညာကုမ္ပဏီ၏ အရောင်းဆိုင်ကို တုန်းဟွမ်က ရိုက်ခွဲခဲ့ပြီးနောက် ငါးရံ့နက် ဝန်ထမ်းများက လည်း တစ်ညတည်းဖြင့် ဆုတ်ခွာသွားခဲ့သည့်အတွက် တုန်းဟွမ်၏ နာမည်ဂုဏ်သတင်းက အထွတ်အ ထိပ်သို့ ရောက်ရှိသွားခဲ့လေ၏။
သူ၏ ပရိသတ်များသည် ယခုအခါ နေရာအနှံ့အပြားတွင် လှုပ်ရှားမှုများကို စီစဉ်နေကြပြီ ဖြစ်သည်။
တုန်းဟွမ်သည် နောက်ထပ် စောင့်ဆိုင်းမနေနိုင်တော့ပေ။
သူသည် လမ်းမပေါ်တွင် ရပ်တန့်ကာ ကြေညာလိုက်လေ၏။
"ကျွန်တော်သာ အာဏာရလာရင် ပထမဆုံး လုပ်ဆောင်မယ့်အချက်က ပြည်ပမှာရှိတဲ့ စစ်သည်အားလုံး ကို ပြန်ခေါ်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန်လူမျိုးတွေ အားလုံးကို နှင်ထုတ်ပစ်ဖို့ပါပဲ..."
"တုန်းဟွမ်ဟာ အစွမ်းထက်တယ်... အခုပဲ သွားကြစို့..."
"ဟုတ်တယ်... အခုပဲ အာဏာကို သိမ်းပိုက်ကြစို့... နောက်ထပ် စောင့်မနေနိုင်တော့ဘူး... အန်းနီက အဲဒီနေရာနဲ့ မထိုက်တန်ဘူး..."
"တုန်းဟွမ် တစ်ယောက်ပဲ အမေရိကကို ကယ်တင်နိုင်မယ်..."
တုန်းဟွမ်သည် ထိုသူများအပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်လေ၏။ ဤသည်မှာ သူ၏ ယုံကြည်မှု အရင်းအမြစ်ပင် ဖြစ်ပေတော့သည်။
"တောက်ရင် နိုင်ငံတကာဗားရှင်းကို ပိတ်ပင်ပါ... ငါးရံ့နက် နည်းပညာကုမ္ပဏီကို ပိတ်ပင်ပါ... လစ်တဲ ဂရင်းဘွတ်ခ်ကို ပိတ်ပင်ပါ... ရှနိုင်ငံမှာရှိတဲ့ တောက်ရင် အသုံးပြုတဲ့ လူငယ်တွေက ပညာပေးဗီဒီယို တွေကိုပဲ ကြည့်ကြရပေမဲ့ ကျွန်တော်တို့ဆီက လူငယ်တွေ ဘာတွေကြည့်နေကြလဲ... "
"ပစ်ခတ်မှုတွေ၊ မူးယစ်ဆေးသုံးတာတွေ၊ ဂိမ်းတွေ၊ ညစ်ညမ်းတာတွေနဲ့ တခြားအရာတွေ... ဒါတွေသာ ဆက်ဖြစ်နေရင် အမေရိကန် လူငယ်တွေနဲ့ ရှနိုင်ငံ လူငယ်တွေကြားမှာ ကွာဟချက်က ပိုပြီး ကြီးမားလာ လိမ့်မယ်... "
"လက်ပတ်ဖုန်းတွေကို ကြည့်လိုက်ဦး... ရှနိုင်ငံမှာတော့ အဲဒါတွေကို ဆက်သွယ်ဖို့၊ သင်ယူဖို့နဲ့ အလုပ် လုပ်ဖို့ သုံးကြပေမဲ့ ဒီမှာတော့ ဘာအတွက် သုံးလဲ... တောက်ရင်ကြည့်ဖို့နဲ့ ဂိမ်းဆော့ဖို့ သုံးနေကြတာ... ဒါဟာ ရှနိုင်ငံသားတွေရဲ့ ပရိယာယ်ပဲ..."
"ပြီးတော့ လစ်တဲဂရင်းဘွတ်ခ်ကလည်း ကျွန်တော်တို့ကို၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို တိတ်တဆိတ် ပြောင်းလဲပစ်နေပြီး ကျွန်တော်တို့ကို သူတို့နဲ့ တစ်သားတည်းဖြစ်အောင် လုပ်နေတာ... ဒါဟာ ယဉ်ကျေး မှု ကျူးကျော်မှုပဲ... ဒါဟာ စစ်ပွဲပဲ... အမေရိကကို တစ်ဖန် ပြန်လည် ကြီးကျယ်လာအောင် အားလုံး စည်းလုံးကြစို့..."
ထိုအချိန်တွင် လူအချို့မှာ လုံးဝ စည်းရုံးခံလိုက်ရပြီ ဖြစ်ပေသည်။
"ဘာလို့ နှစ်ကုန်တဲ့အထိ စောင့်နေရမှာလဲ... အမေရိက ဘာဖြစ်နေလဲ ကြည့်လိုက်ဦး... နောက်ထပ် စောင့်မနေနိုင်တော့ဘူး... အခုပဲ သမ္မတအိမ်တော်ကို သွားပြီး အန်းနီကို ရာထူးက ဆင်းပေးဖို့ လုပ် ကြစို့..."
"ဟုတ်တယ်... သမ္မတအိမ်တော်ကို သွားကြစို့..."
"ဒါဟာ ပြည်သူတွေရဲ့ တောင်းဆိုသံပဲ..."
တစ်စုံတစ်ယောက်က စတင်လိုက်သည်နှင့် လူအုပ်ကြီးက လှုပ်ရှားလာခဲ့ကြလေ၏။ သေနတ်များကို ကိုင်ဆောင်ကာ၊ လမ်းကြမ်းမောင်းယာဉ်များကို စီးနင်းလျက် သူငယ်ချင်းများကို ဟစ်အော် ခေါ်ယူရင်း နိုင်ငံအနှံ့အပြားမှ ဝါရှင်တန်ဒီစီသို့ ဦးတည်ကာ ခရီးစတင်ခဲ့ကြလေသည်။
ထိုလှုပ်ရှားမှုသည် တောက်ရင်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေ၏။ ရယ်စရာကောင်းသည်မှာ တောက်ရင်ကို ပိတ်ပင်ချင်နေသည့် တုန်းဟွမ်၏ ပရိသတ်များသည် သူတို့၏ လှုပ်ရှားမှုများကို ချိတ်ဆက်ရန်နှင့် မြှင့်တင်ရန်အတွက် တောက်ရင်ကိုပင် အသုံးပြုနေကြခြင်း ဖြစ်ပေသည်။
တော်လှန်ရေးတစ်ခုကတော့ စတင်တော့မည် ဖြစ်ပေသည်။
ထိုအချိန်တွင် ရှနိုင်ငံ၊ မုကျားရွာ၌ ကြီးကျယ်သော အခမ်းအနားတစ်ခု ကျင်းပနေခဲ့လေ၏။
ဟိုင်ယန်သည် အချိန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"အခု ဆယ်စက္ကန့်ကနေ စပြီး နောက်ပြန် ရေတွက်ကြရအောင်... ဆယ်စက္ကန့်အတွင်းမှာ အာကာသ ဘက်စ်ကား သုံးစင်းက လကမ္ဘာဆီကို ပျံသန်းသွားတော့မှာ ဖြစ်ပါတယ်..."
"တစ်ဆယ်... ကိုး... ရှစ်... ခုနစ်... ခြောက်... ငါး... လေး... သုံး... နှစ်... တစ်... လွှတ်တင်လိုက်ပြီ..."
အင်တာနက် အသုံးပြုသူများမှာ ဤလကမ္ဘာ ဆင်းသက်မှုသည် ချောမွေ့စွာ ပြီးဆုံးလိမ့်မည်ဟု သိထား ကြသော်လည်း နောက်ပြန် ရေတွက်နေချိန်တွင်မူ အနည်းငယ် စိတ်လှုပ်ရှားလာခဲ့ကြလေသည်။
ဤသည်မှာ အာကာသ ဘက်စ်ကား ပျံတက်သွားသည်ကို အလွန်ရှင်းလင်းစွာ ပထမဆုံးအကြိမ် မြင် တွေ့ဖူးခြင်းလည်း ဖြစ်ချေ၏။
တောက်လောင်နေသည့် လိမ္မော်ရောင် မီးတောက်များ ရှိမနေခဲ့ပေ။
အာကာသ ဘက်စ်ကား သုံးစင်းမှာ အင်ဂျင်များ စတင်လိုက်သည်နှင့် အပေါ်သို့ ပေါလောပေါ်လာခဲ့ လေသည်။ လေစုပ်စနစ်က လေအမြောက်အမြားကို စုပ်ယူလိုက်ပြီး ပေါင်းစပ်စွမ်းအင်မှ ထွက်ပေါ်လာ သည့် စွမ်းအင်ဖြင့် အပူပေးကာ စွမ်းအင်မြင့် အမှုန်များအဖြစ် ပြောင်းလဲ၍ ယာဉ်၏အောက်ခြေမှ ပြန်လည် ထုတ်လွှတ်လိုက်လေ၏။
ထိုတွန်းကန်အားကြောင့် အာကာသ ဘက်စ်ကားမှာ အပေါ်သို့ စတင် ပျံသန်းသွားခဲ့လေတော့သည်။
အင်တာနက် အသုံးပြုသူများမှာ မှင်သက်သွားကြလေတော့၏။
"ဒါက သိပ်ပြီး မမိုက်လှဘူးပဲ..."
"ဒိအတိုင်းကြီးပဲ အပေါ်ကို ပေါလောတက်သွားတာလား... ဈေးပေါတဲ့ ရုပ်ရှင်နောက်ခံ ဖန်တီးချက် တစ်ခုနဲ့တူတယ်..."
"ဟုတ်တယ်... ဘာတွေ ဖြစ်ကုန်တာလဲ..."
"ကျွန်တော် မြင်လိုက်တာက တစ်ခုခုကနေ လေလည်လိုက်သလိုပဲ... အဲဒီနောက်မှာ ကားက ပျံသွား ရော..."
ဟိုင်ယန်သည် အာကာသ ဘက်စ်ကား ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားသည်ကို မော့ကြည့် လိုက်လေ၏။ ၎င်း၏ ပုံရိပ်မှာ ဒုံးပျံတစ်ခုကဲ့သို့ အားကောင်းမနေခဲ့သော်လည်း ပျံသန်းသည့် အရှိန်မှာမူ တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။
ကောင်းယွမ်သည် အာကာသ ဘက်စ်ကားပေါ်တွင် ထိုင်လျက် အောက်ဘက်မှ သေးငယ်သွားသည့် မုကျားရွာကို ကြည့်နေခဲ့လေသည်။ စက်မှုဇုန်မှာ မီးခြစ်အိမ်လေးတစ်ခုကဲ့သို့ ဖြစ်သွားပြီး တာချင်း တောင်တန်း တစ်ခုလုံးမှာလည်း ဝပ်နေသည့် နဂါးတစ်ကောင်နှင့် တူနေခဲ့ပေ၏။
အာကာသ ဘက်စ်ကားမှာ ဆက်လက်၍ လျင်မြန်စွာ တက်လှမ်းနေဆဲ ဖြစ်ပေသည်။
လနန်းတော် အမှတ် (၁) ပေါ်တွင်ရှိသော တန်ကျန့်လုံသည် ရှန်းနန်ပြည်နယ်သား ဖြစ်ပြီး နိုင်ငံမှ လေ့ ကျင့်ပေးထားသည့် စတုတ္ထမြောက် အာကာသယာဉ်မှူး မျိုးဆက်လည်း ဖြစ်ပေသည်။ သူငယ်စဉ်က ရှနိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး အာကာသထဲသို့ ရောက်သွားသည်ကို မြင်တွေ့ခဲ့ရစဉ်က အလွန် ပင် စိတ်လှုပ်ရှားခဲ့ရပြီး အာကာသထဲသို့ သွားရောက်ကြည့်ရှုချင်သော ဆန္ဒများ ရှိခဲ့လေ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် အမျိုးသား အာကာသစင်တာသို့ ဝင်ရောက်နိုင်ခဲ့ပြီး အလုပ် သင် အာကာသယာဉ်မှူး တစ်ဦး ဖြစ်လာခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ကဆိုလျှင် သူသည် ဤမျှမြန်ဆန်စွာ အာကာသထဲသို့ ရောက်ရှိနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဝံ့ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မူလအစီအစဉ်အရ ဤနှစ်တွင် အာကာသ စခန်းသို့ အလှည့်ကျ သွားရောက်ရန်အတွက် အာကာသယာဉ်မှူး ငါးဦးကိုသာ ရွေးချယ်ရမည် ဖြစ်သော ကြောင့် ဖြစ်ပေ၏။
အကယ်၍ ငါးဦးသာ ရွေးချယ်မည်ဆိုလျှင် သူသည် ဘယ်တော့မှ အခွင့်အရေး ရလိမ့်မည် မဟုတ်ပေ။
သို့သော် ငါးရံ့နက် နည်းပညာကုမ္ပဏီ ပေါ်ပေါက်လာခြင်းက လကမ္ဘာ ဆင်းသက်မှုကို အချိန်စောစေခဲ့ သလို အာကာသ ဘက်စ်ကားတွင်လည်း ဖိအားလျှော့ချသည့် ကိရိယာ ပါရှိသဖြင့် အထူးလေ့ကျင့်ထား သော အာကာသယာဉ်မှူးများ မဟုတ်သည့် သာမန်လူများပင် စီးနင်းနိုင်ခဲ့ပေသည်။
သို့သော် ဤသည်မှာ ရှနိုင်ငံ၏ ပထမဆုံး တရားဝင် လကမ္ဘာဆင်းသက်မှု ဖြစ်သဖြင့် သူတို့သည် သတိ ကြီးစွာ ထားရှိကာ ကျွမ်းကျင် အာကာသယာဉ်မှူးများကိုသာ လကမ္ဘာသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်လေသည်။
ထို့အပြင် အာကာသ ဘက်စ်ကားတွင် တင်ဆောင်နိုင်သည့် ပမာဏမှာ အလွန်မြင့်မားသဖြင့် လူဦးရေကို တိုးမြှင့်လိုက်ရာ သူသည် လကမ္ဘာပေါ်တွင် နိုင်ငံကိုယ်စားပြုခွင့်ကို ရရှိခဲ့လေသည်။
တန်ကျန့်လုံသည် ဖိအားကြောင့် ဖြစ်ပေါ်လာသည့် ဝေဒနာကို မခံစားရသော်လည်း သူ၏ နှလုံးမှာမူ တဒိန်းဒိန်း ခုန်နေခဲ့ပေ၏။ အထူးသဖြင့် အမြင့်သို့ တက်လာလေလေ သူသည် ပို၍ စိတ်လှုပ်ရှားလာ လေလေ ဖြစ်ပြီး သူ၏ ဘေးနားမှ လုပ်ဖော်ကိုင်ဖက်များကို ကြည့်လိုက်သည့်အခါ သူတို့လည်း သူ၏ အတိုင်းပင် ဖြစ်နေကြသည်ကို တွေ့လိုက်ရလေသည်။
"အစ်ကိုချိုး... အစ်ကို စိတ်လှုပ်ရှားနေလား..."
"လှုပ်ရှားတာပေါ့... ဒါ ငါ ပထမဆုံးအကြိမ် ကမ္ဘာမြေကနေ ထွက်လာတာလေ... ဒါပေမဲ့ ဆရာကျိုး ကတော့ အရင်က အာကာသစခန်းမှာ အလုပ်လုပ်ခဲ့ဖူးတာဆိုတော့ သူတော့ စိတ်လှုပ်ရှားမှာ မဟုတ် လောက်ဘူး..."
သူတို့နှစ်ဦးသည် သူတို့ဘေးမှ ကျိုးကူကို ကြည့်လိုက်ကြလေ၏။
ကျိုးကူသည် မျက်စိမှိတ်ပြီး အနားယူနေသော်လည်း တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေကြောင်း သတိထားမိလိုက်ပုံ ရပေသည်။
သူသည် မျက်လုံးကို ဖွင့်ကြည့်လိုက်လေ၏။
"ဘာတွေ ကြည့်နေကြတာလဲ..."
"ဆရာကျိုး... ဆရာ စိတ်လှုပ်ရှားနေလား..."
"ဘာလို့ စိတ်လှုပ်ရှားရမှာလဲ... ဒီအာကာသ ဘက်စ်ကားက သိပ်ပြီး နေလို့ကောင်းတာပဲ... လေယာဉ်ပျံ ထက်တောင် ပိုပြီး သက်သောင့်သက်သာ ရှိသေးတယ်... စိတ်လှုပ်ရှားစရာ ဘာရှိလို့လဲ..."
"ဒါ လကမ္ဘာ ဆင်းသက်မှာလေ... ဆရာ စိတ်မလှုပ်ရှားဘူးလား..."
"လှုပ်ရှားတာပေါ့..."
"ဒါဆို ဆရာ ဘာလုပ်နေတာလဲ..."
"အနားယူနေတာလေ... ဒါမှ လကမ္ဘာကို ပထမဆုံးအကြိမ် ဆင်းသက်တဲ့ တာဝန်ကို အောင်အောင်မြင် မြင် လုပ်ဆောင်နိုင်မှာပေါ့... ဒီလို အခြေအနေကောင်းတွေ ရထားတာပဲ... မင်းတို့တွေက ဒုံးပျံကို မစီး ဖူးသေးဘူး... အဲဒီအရာက မင်းတို့ရဲ့ အရိုးတွေကိုတောင် ကြေမတတ် ဖြစ်အောင် လုပ်နိုင်တာ..."
"တကယ်လား... ဆရာကျိုး..."
"မင်းတို့ သာမန်အချိန်မှာ လေ့ကျင့်နေရတဲ့ ဖိအားက နေလို့ကောင်းလို့လား..."
အာကာသယာဉ်မှူး အသစ်နှစ်ဦးမှာ ချက်ချင်းပင် မျက်နှာပျက်သွားကြလေ၏။ ဖိအားခံနိုင်ရည် လေ့ကျင့် ခန်းများအကြောင်း ပြောရလျှင် သူတို့သည် သေတာထက် ဆိုးကြောင်း၊ ရင်ဘတ်ပေါ်တွင် တောင်ကြီး တစ်လုံး ဖိထားသကဲ့သို့ ခံစားရကြောင်း ပြောဆိုကြလေသည်။
"ဒုံးပျံစီးရတာက လေ့ကျင့်ခန်းတွေထက်တောင် ပိုပြီး ကြမ်းတမ်းတာလား..."
"လေ့ကျင့်ခန်းထက် အများကြီး ပိုပြီး ခက်ခဲတာပေါ့... ငါ ပထမဆုံးအကြိမ် အာကာသထဲကို သွားတုန်း ကတော့ ငါ သေတော့မယ်လို့တောင် ထင်မိခဲ့တာ..."
ကျိုးကူက ပြောလိုက်၏။ အာကာသယာဉ်မှူး အသစ်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောက်ရွံ့နေ ကြဆဲပင် ဖြစ်လေသည်။
"ဒီအာကာသ ဘက်စ်ကားက တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ..."
တကယ်ပင် သက်သောင့်သက်သာ ရှိလှပေသည်။ ကောင်းယွမ်၏ ဘေးပတ်လည်တွင် အမဲသားကင်နှင့် ဝိုင်နီ အပါအဝင် အရသာရှိသော အစားအစာများစွာ ရှိနေခဲ့ပေ၏။
"ခရီးသွားရင် အရသာရှိတဲ့ အစားအစာတွေ ပါရမယ်လေ..."