← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈)

အားနည်းချက် ကင်းမဲ့သူ

ဖုန်းပြောပြီးနောက် ကောင်းယွမ်သည် အမေရိကန် ပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ကြောင်း ခံစားလိုက်ရလေသည်။

အမေရိကန် ပြည်သူများသည်လည်း ပူပင်သောကကင်းသော ဘဝကို ခံစားရန် စိတ်မရှည်တော့ပေ။

ထို့အပြင် ကောင်းယွမ်နှင့် အမေရိကန်တို့အကြားရှိ ပဋိပက္ခမှာ ပြေလည်နိုင်ဖွယ် မရှိတော့ချေ။ ငါးရံ့နက် နည်းပညာ၏ တည်ရှိမှုသည် အဝတ်အထည်၊ မိုဘိုင်းဖုန်းနှင့် လျှပ်ကူးတစ်ပိုင်း နယ်ပယ်ရှိ ထိပ်တန်း လုပ်ငန်းစုကြီးများ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့လေသည်။

သူတို့ကို ပို၍ ဒေါသထွက်စေသည်မှာ ငါးရံ့နက် နည်းပညာသည် ရှယ်ယာဈေးကွက်သို့ တင်သွင်းထား ခြင်း မရှိသဖြင့် သူတို့၏ ရိုးရာ ဘဏ္ဍာရေး နည်းဗျူဟာများဖြင့် တိုက်ခိုက်၍ မရနိုင်ခြင်းပင် ဖြစ်၏။ ရှမီ ကဲ့သို့ပင် ရှယ်ယာဈေးကွက်သို့ မဝင်သရွေ့ အားနည်းချက် ရှိနေမည် မဟုတ်ပေ။

ဤကဲ့သို့သော ကုမ္ပဏီမျိုးကို ရင်ဆိုင်ရသည့်အခါ သူတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော နည်း လမ်းမှာ ပိတ်ပင်တားဆီးခြင်းပင် ဖြစ်ပေသည်။ ယခင်ကာလများက ပိတ်ပင်ခြင်းသည် အစွမ်းထက်ဆုံး လက်နက်ဖြစ်ခဲ့ပြီး မည်သည့် ကုမ္ပဏီမျှ ခုခံနိုင်စွမ်း မရှိခဲ့ပါချေ။

သို့သော်လည်း ရှဝေ ကုမ္ပဏီမှ စတင်ကာ အခြေအနေများ ပြောင်းလဲသွားခဲ့သည်။ ရှဝေသည် သုံးနှစ် ကြာ ပိတ်ပင်ခံခဲ့ရသော်လည်း ပျက်စီးသွားခြင်း မရှိသည့်အပြင် ထိုပိတ်ဆို့မှုကိုပါ ထိုးဖောက်ကျော် လွှားနိုင်ခဲ့လေသည်။ ယခုအခါ ရှဝေထက်ပင် ပိုမို ပြင်းထန်သော ငါးရံ့နက် နည်းပညာဟူသော အင်အား စုသစ်တစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။

ကောင်းယွမ်သည် အချိန်နှင့်အာကာသတံခါးကို ဖြတ်ကျော်ကာ (၂၀၂၄) ကလပ် သို့ ဝင်ရောက်လာခဲ့ လေသည်။ သူ ဝင်လိုက်သည်နှင့် လင်းနန်ဝူသည် သူ့ထံသို့ ပြေးဝင်လာကာ ဖက်လိုက်သဖြင့် ကောင်းယွမ်မှာ အငိုက်မိသွားခဲ့ရလေ၏။

"ဘာလုပ်တာလဲ..."

"သူဌေး... ရှင်နဲ့ မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ..."

"ဖယ်စမ်း..."

"မဖယ်ပါဘူး... သူဌေး... ရှင်က ရှောင်ကျင်းမြို့မှာ အလုပ်လုပ်တော့မယ်လို့ ကြားတယ်... အဲဒီကျရင် ဒီကို လာတာ နည်းသွားတော့မှာလား..."

ကောင်းယွမ်က ခေါင်းငြိမ့်ပြလိုက်လေ၏။ သူသည် (၂၀၂၄) ကလပ်ကို မူလက အဆက်အသွယ်များ ရရှိ ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ သူသည် ကောင်းမိသားစု၏ မျိုးဆက်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနတွင် ရာထူးရရှိထားကြောင်း အတည်ပြုပြီးဖြစ်ရာ (၂၀၂၄) ၏ အခန်း ကဏ္ဍမှာ များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း (၂၀၂၄) ကို ဆက်လက် ထိန်းသိမ်းထား ခြင်းမှာ ကောင်းယွမ်အတွက် ထွက်ပေါက်တစ်ခုပင် ဖြစ်ချေ၏။

"မနောက်နဲ့တော့... မင်းက အရွယ်ရောက်နေတဲ့ အမျိုးသမီး တစ်ယောက်လေ... မရှက်ဘူးလား..."

ကောင်းယွမ်သည် သူ၏ လည်ပင်းကို ဖက်ထားသော လင်းနန်ဝူ၏ လက်များကို ဖယ်ရှားလိုက် လေသည်။

"မင်းအမေ ဘယ်မှာလဲ..."

"ရုံးခန်းထဲမှာလေ... သူ ဘာတွေ အလုပ်ရှုပ်နေလဲ မသိပါဘူး... ကျွန်မကိုတောင် ဂရုမစိုက်တော့ဘူး..."

"မင်း အရမ်းအားနေတာလား..."

"အင်း... ကျွန်မ ရှိရှိ မရှိရှိ အတူတူပါပဲ..."

လင်းနန်ဝူက ပြောလိုက်လေ၏။

"ဒါဆိုရင် မင်းကို တာဝန်တစ်ခု ပေးမယ်..."

"တာဝန် ဟုတ်လား... ကောင်းတာပေါ့... သူဌေး... ကျွန်မ ဘာလုပ်ပေးရမလဲ..."

"စက်ရုပ် အဖွဲ့တစ်ဖွဲ့ကို ငါ့အတွက် မှာပေးစမ်း... ငါ့ရဲ့ လိုအပ်ချက်က သုံးချက်ပဲ... ပထမက အသံနဲ့ ပုံရိပ်တွေကို တိုက်ရိုက် ပေးပို့နိုင်တဲ့ ဆက်သွယ်ရေး ကိရိယာတွေ ပါရမယ်... ဒုတိယက လေဆာ လက်နက်တွေ ပါရမယ်... စွမ်းအား အမြင့်ဆုံး ဖြစ်ရင် ပိုကောင်းတယ်... တတိယက ကိုယ်ပျောက်နိုင်တဲ့ စနစ်နဲ့ ပျံသန်းနိုင်တဲ့ စနစ် ပါရမယ်..."

ကောင်းယွမ်က ညွှန်ကြားလိုက်လေသည်။

"နားလည်ပါပြီ သူဌေး... ဘယ်လောက်များများ လိုချင်တာလဲ... ဘယ်တော့ လိုမှာလဲ..."

"အခုရေ တစ်ထောင် လိုချင်တယ်... နောက်သုံးရက်အတွင်း အပြီးရရမယ်... ဈေးနှုန်းက ပြဿနာ မဟုတ်ဘူး... ငွေကိုတော့ မင်းအမေဆီကနေ ကလပ် အကောင့်ထဲက ယူလိုက်..."

"နားလည်ပါပြီ..."

လင်းနန်ဝူသည် စိတ်လှုပ်ရှားနေပုံ ရပေသည်။

"ငါ့မှာထားတာတွေကို ပြန်ပြောစမ်း..."

"ဟုတ်ကဲ့... သုံးရက်အတွင်း အစင်းရေ တစ်ထောင်... တိုက်ရိုက် ဆက်သွယ်ရေး စနစ် ပါရမယ်... စွမ်းအားမြင့် လေဆာ လက်နက်တွေနဲ့ ကိုယ်ပျောက် ပျံသန်းနိုင်တဲ့ စနစ်တွေ ပါရပါမယ်..."

ကောင်းယွမ်က ခေါင်းငြိမ့်ပြလိုက်၏။

"ကောင်းပြီ... သွားတော့..."

လင်းနန်ဝူ ထွက်သွားပြီးနောက် ကောင်းယွမ်သည် ဝမ်ရိဖေးပင်းပင်း ကို ရှာလိုက်လေသည်။

"ငါ့ကို စက်ရုပ် (၂၀၀) နဲ့ ပျံသန်းနိုင်တဲ့ ယာဉ်အချို့ ပေး..."

"ဟုတ်ကဲ့ပါ သူဌေး..."

ဝမ်ရိဖေးပင်းပင်း သည် လက်ရှိ ဘဝအပေါ် အလွန် စိတ်ကျေနပ်နေကြပြီး ယခင်က သူတို့ကိုယ်သူတို့ ဆန္ဒအလျောက် ကမ်းလှမ်းခဲ့ခြင်းအပေါ် အလွန် ဝမ်းမြောက်နေကြပေသည်။ အခွင့်အလမ်း ဆိုသည်မှာ မိမိကိုယ်တိုင် ရှာဖွေယူရခြင်း မဟုတ်ပါလား။

ယခုမူ ကောင်းယွမ်သည် သူ၏ ခရီးစဉ်ကို အမှန်တကယ် စတင်တော့မည် ဖြစ်၏။ သူသည် ကြယ်တာ ရာ စစ်သင်္ဘောကို အသုံးပြုကာ အမေရိကန်၏ ကိစ္စများကို ဖြေရှင်းပြီးသည်နှင့် သာမန်ဘဝသို့ ပြန်သွား နိုင်တော့မည် မဟုတ်ကြောင်း သိရှိထားပေသည်။ ရှနိုင်ငံ အစိုးရပင်လျှင် သူ့အပေါ် သတိထားလာနိုင် ပေသည်။

သို့သော် ကောင်းယွမ်တွင် အခြား ရွေးချယ်စရာ မရှိပါချေ။ ချင်ထျဲ့ကျွင်း နှင့် ကျုံးကော်ချန် တို့နှင့် စကား ပြောပြီးနောက်တွင် ကိစ္စရပ်များစွာအတွက် မိမိကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်ကြောင်း သူ သဘော ပေါက်သွားခဲ့လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက်...။

ကောင်းယွမ်သည် လုံကျင်း အာကာသဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့လေသည်။ အာကာသဆိပ်ကမ်းမှ ငုံ့ကြည့်လိုက်သည့်အခါ တိမ်တိုက်များကြားမှ ကမ္ဘာမြေ၏ တောင်တန်း မြစ်ချောင်းများကို မြင်တွေ့ရ ပေသည်။ နှစ်ပေါင်း တစ်ထောင်အကြာတွင် ကမ္ဘာမြေသည် ယခင်ကထက် ပို၍ စိမ်းလန်းစိုပြေကာ လှပနေခဲ့ပြီ ဖြစ်၏။

စက်မှုလုပ်ငန်းများ အားလုံးနီးပါးကို အင်္ဂါဂြိုဟ်နှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုသို့ ပြောင်းရွှေ့လိုက် သဖြင့် ကမ္ဘာမြေတွင် ညစ်ညမ်းမှုများ မရှိတော့ဘဲ မူလ သဘာဝ အလှတရားများ ပြန်လည် ထွက်ပေါ် လာခြင်း ဖြစ်ပေသည်။

ကံမကောင်းသည်မှာ ဤလှပသော ကမ္ဘာမြေသည် အမှန်တကယ်၌ အကျဉ်းထောင်တစ်ခုသာ ဖြစ်နေ ခြင်းပင်။

ကောင်းယွမ် သက်ပြင်းချလိုက်မိလေသည်။

ထိုစဉ် အာကာသဆိပ်ကမ်းမှ ဝန်ထမ်းတစ်ဦး ရောက်ရှိလာခဲ့လေ၏။

"ညွှန်ကြားရေးမှူးကောင်း... အာကာသဆိပ်ကမ်းကို ရှင်းလင်းပြီးပါပြီ... စစ်သင်္ဘောက ပျံတက်ဖို့ အသင့် ပါပဲ..."

"ကောင်းပြီ... ကျေးဇူးပဲ..."

"ရပါတယ်ရှင်... ဒါက ကျွန်မတို့ရဲ့ ဂုဏ်ယူစရာပါ... ညွှန်ကြားရေးမှူးကောင်း... ကျွန်မ ရှင့်ကို ဦးနှောက် ချိတ်ဆက်မှု ကွန်ရက်မှာ အပ်ထားလို့ ရမလား... ရှင် ပြန်လာတဲ့အခါ ကျွန်မတို့ဘက်က ကြိုတင် ပြင်ဆင်ထားလို့ ရအောင်လို့ပါ..."

ကောင်းယွမ်သည် မူလက ပြန်မလာတော့ဟု ပြောချင်သော်လည်း ခဏမျှ တွေဝေသွားခဲ့၏။

ဤစစ်သင်္ဘောမှာ ဆူးမိသားစုမှ ပေးထားခြင်းဖြစ်ရာ သူတို့အနေဖြင့် သင်္ဘောကို အမြဲ စောင့်ကြည့် နေမည်မှာ သေချာပေသည်။ အကယ်၍ လကမ္ဘာသို့ ရောက်သည်နှင့် အဆက်အသွယ် ပြတ်တောက် သွားပါက ဆူးမိသားစုက သံသယ ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် အလုပ်ကိစ္စများ ပြီးစီးပါက ဤသင်္ဘောကို ပြန်မောင်းလာရပေမည်။ ကောင်းယွမ်သည် အရန်စီမံချက် တစ်ခုကိုလည်း ပြင်ဆင်ထားပြီး ဖြစ်၏။ လင်းနန်ဝူ ပြင်ဆင်ပေးမည့် စက်ရုပ်များသည် အမှန်တကယ်၌ အမေရိကန်၏ ထိပ်တန်း ခေါင်းဆောင်များအတွက် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

"ကောင်းပြီလေ..."

ကွန်ရက်တွင် အပ်လိုက်ပြီးနောက် ထိုဝန်ထမ်း အမျိုးသမီး၏ အမည်ကို ကောင်းယွမ် တွေ့လိုက်ရလေ သည်။ ၎င်းမှာ လေးလုံးတွဲ အမည်တစ်ခု ဖြစ်၏။

"ချင်ယွီကျားကျား လား..."

"ဟုတ်ပါတယ် ညွှန်ကြားရေးမှူးကောင်း..."

"ကောင်းပြီ... ငါ ပြန်လာတဲ့အခါ ကြိုပြီး ဆက်သွယ်လိုက်မယ်..."

ချင်ယွီကျားကျားသည် စိတ်လှုပ်ရှားနေပုံ ရပေသည်။ ကောင်းယွမ်သည် ယခုအခါ လုံကျင်းမြို့တွင် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။ သာမန်လူတန်းစားများ မသိရှိကြသော် လည်း အလယ်အလတ်နှင့် အထက်တန်းလွှာများမှာမူ ကောင်းယွမ်သည် ကောင်းချိုး၏ မြေးဖြစ် ကြောင်းနှင့် (၂၀၂၄) ကလပ်ကို တည်ထောင်သူ ဖြစ်ကြောင်း သိရှိကြပေသည်။

ချင်ယွီကျားကျား ရုံးခန်းသို့ ပြန်ရောက်သည့်အခါ အခြားသူများက ဝိုင်းအုံ မေးမြန်းကြလေတော့သည်။

"နင် တကယ်ပဲ ကောင်းယွမ်ရဲ့ ဦးနှောက်ချိတ်ဆက်မှု ကွန်ရက်ကို ရခဲ့တာလား..."

ချင်ယွီကျားကျားက အကြိမ်ကြိမ် ခေါင်းငြိမ့်ပြကာ ပြောလိုက်လေ၏။

"ညွှန်ကြားရေးမှူးကောင်းက တကယ့်ကို ဖော်ရွေတာပဲ... မာန်မာနလည်း လုံးဝ မရှိဘူး... စကားပြော တာလည်း ယဉ်ကျေးတယ်၊ ပြီးတော့ တကယ့်ကို ငယ်သေးတာပဲ... အသက် နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမှာ..."

"နှစ်ဆယ်ကျော် ဟုတ်လား... တကယ့်ကို ငယ်လွန်းတာပဲ..."

"ငါလည်း အသက် သုံးဆယ်ပဲ ရှိသေးတာလေ... ငါတို့က ရွယ်တူတွေပါပဲ..."

ချင်ယွီကျားကျားက ပြောလိုက်လေ၏။

"ကျားကျား... တစ်နေ့ကျလို့ နင်သာ ညွှန်ကြားရေးမှူးကောင်းနဲ့ အဆင်ပြေသွားရင် ငါတို့ ညီအစ်မတွေ ကိုတော့ မမေ့နဲ့ဦးနော်..."

"ဘာတွေ လျှောက်ပြောနေတာလဲ... ညွှန်ကြားရေးမှူးကောင်းက အရာရှိကောင်းရဲ့ မြေးလေ... ငါ့လို လူကို ဘယ်လိုလုပ် စိတ်ဝင်စားပါ့မလဲဟဲ့..."

"ဒါကတော့ ပြောလို့မရဘူးလေဟယ်..."

...

ကောင်းယွမ်သည် စစ်သင်္ဘောပေါ်သို့ တက်လှမ်းခဲ့လေသည်။ စက်ရုပ် (၂၀၀) မှာလည်း စစ်သင်္ဘော၏ လုပ်ဆောင်ချက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြပြီး ၎င်းတို့၏ နေရာ အသီးသီး၌ ရှိနေကြပြီ ဖြစ်လေ၏။

ကောင်းယွမ်က အမိန့်ပေးလိုက်လေသည်။

"သွားကြစို့..."

စစ်သင်္ဘော၏ ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင်သည် ချက်ချင်းပင် စတင် လည်ပတ်လိုက်လေတော့သည်။ ဇီနွန်ဓာတ်ငွေ့များ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် စစ်သင်္ဘောကြီးသည် လုံကျင်း အာကာသ ဆိပ်ကမ်းမှ ခွာကာ ကမ္ဘာမြေ အထက်သို့ ရောက်ရှိသွားခဲ့လေသည်။

ထိုအချိန်တွင် ကောင်းယွမ်သည် အချိန်နှင့်အာကာသတံခါးကို ခေါ်ယူနိုင်ပြီ ဖြစ်၏။ သို့သော်လည်း ဤ နေရာမှာ ကမ္ဘာမြေနှင့် နီးကပ်လွန်းလှပြီး ဤစစ်သင်္ဘောမှာ သူ၏ ကိုယ်ပိုင်လည်း မဟုတ်ချေ။ အကယ် ၍ ဤနေရာ၌ ပျောက်ကွယ်သွားပါက ဆူးမိသားစု၏ သံသယကို ဖြစ်ပေါ်စေနိုင်ပေသည်။

ထို့ကြောင့် ကောင်းယွမ်၏ ဦးတည်ရာမှာ လကမ္ဘာ၏ တစ်ဖက်ခြမ်း ပင် ဖြစ်၏။ လတ်တလော နှစ်များ အတွင်း လူသားတို့သည် လကမ္ဘာပေါ်တွင် ဖွံ့ဖြိုးရေးများစွာ လုပ်ဆောင်ခဲ့သော်လည်း လကမ္ဘာ၏ တစ်ဖက်ခြမ်းကိုမူ အနည်းငယ်မျှသာ လုပ်ဆောင်ရသေးပေသည်။

ထိုနေရာတွင် ပျောက်ကွယ်သွားပါက စုံစမ်းစစ်ဆေးရန်အတွက် အချိန်အတော်ကြာ လိုအပ်ပေ လိမ့်မည်။

စစ်သင်္ဘောမှာ အလွန်ပင် လျင်မြန်လှပေသည်...။

သုညမှ တစ်နာရီလျှင် ကီလိုမီတာ တစ်သိန်းအထိ အရှိန်မြှင့်ရန်အတွက် တစ်မိနစ်သာ အချိန်ယူရလေ သည်။ လပတ်လမ်းကြောင်းသို့ ရောက်ရှိသည့်အခါ ကောင်းယွမ်သည် စက်ရုပ်များကို စစ်သင်္ဘောအား ထိန်းချုပ်ခိုင်းကာ သင့်တော်သော ဆင်းသက်မည့် နေရာကို ရှာဖွေခိုင်းလိုက်လေတော့သည်။

All Chapters