← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း (၂၀၂) ကိုယ်တွင်းအင်္ဂါ အစားထိုးထုတ်လုပ်ရေး စင်တာ

"ကျွန်မ တကယ်ကို မကျေနပ်ဘူး... အရင်က ဒီလို မဖြစ်ခဲ့ဘူးလေ... အစ်ကိုပိုင်ရီ... အထက်လူကြီး တွေက ကျွန်မတို့နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောချင်နေတာလား မသိဘူး..."

ကျန်းပိုင်ရီသည် ခဏမျှ တုံ့ဆိုင်းသွားခဲ့လေသည်။

"လျှောက်မပြောနဲ့လေ... အရာရှိကျိုး က အဲ့လိုလူမျိုး မဟုတ်ပါဘူး... ပြီးတော့ အခုအခြေအနေက ဘယ်လို ဖြစ်နေပြီလဲ... ဂြိုဟ်သားတွေက ကျူးကျော်တော့မယ်လေ... သူတို့က ဒီလိုလုပ်ပြီး ပြည်တွင်းစစ် စတင်ချင်နေကြတာလား... နောက်ပြီး စစ်သင်္ဘောအုပ်စုကလည်း အစ်ကိုယွမ်ပိုင်တာပဲ လေ... ဘာကို ကြောက်နေရဦးမှာလဲ..."

"ဒါလည်း ဟုတ်တာပဲ..."

"ကျွန်တော်တော့ စိတ်အေးသွားပြီ... ဒါနဲ့ ပြီးခဲ့တဲ့အကြိမ်က ပိုင်မော့ယွီ ပြောသွားတာ... သူမက 'ကိုယ် တွင်းအင်္ဂါ အစားထိုးထုတ်လုပ်ရေး စင်တာ' တစ်ခု တည်ဆောက်ချင်တယ်တဲ့... ဓာတ်ခွဲခန်းထဲမှာ လူသားတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို စိတ်ကြိုက်ထုတ်လုပ်နိုင်တဲ့ နည်းပညာက အတော်လေး ရင့် ကျက်နေပြီလို့ ဆိုတယ်လေ... မင်းတို့ ပြန်ကြားရေးဌာန အနေနဲ့လည်း သူမနဲ့ ပူးပေါင်းပြီး ကြေညာပေး သင့်တယ်နော်..."

"ကောင်းပါပြီ..."

အရေးကြီးသော ကိစ္စရပ်များ ရှိနေသဖြင့် လင်းမေသည် အလုပ်များသွားခဲ့လေတော့သည်။

ပထမဆုံးသော အာကာသတပ်ဖွဲ့ အသုတ်သည် ယဂ္ဂ အာကာသစခန်း တွင် အခြေခံ လေ့ကျင့်ရေးများကို ပြီးမြောက်သွားခဲ့ပြီဖြစ်ကာ လကမ္ဘာပေါ်ရှိ ကွမ်ဟန်နန်းတော် အခြေစိုက်စခန်း သို့ ယာဉ်ပျံဖြင့် သွား ရောက်၍ လက်တွေ့ပစ်ခတ်မှု လေ့ကျင့်ရေးများကို ပြုလုပ်သွားမည် ဖြစ်ပေသည်။ ထို့နောက် တရားဝင် တာဝန်ပေးအပ်ခြင်း ခံရမည် ဖြစ်ပေ၏။

အာကာသစခန်း ပေါ်တွင် တစ်နိုင်ငံလုံးမှ အတော်ဆုံး လေယာဉ်မှူး ခြောက်ထောင်သည် ယနေ့မှစ၍ ကျွမ်းကျင်သော စစ်သင်္ဘောအမှုထမ်းများ ဖြစ်လာကြတော့မည် ဖြစ်လေသည်။ ကောင်းယွမ် ရေးဆွဲ ထားသော စစ်သင်္ဘော လည်ပတ်မှု လက်စွဲစာအုပ်အရ စူပါ နေအဆင့် စစ်သင်္ဘော တစ်စင်းစီတွင် သင်္ဘောကပ္ပတိန် တစ်ဦး၊ ပထမအရာရှိ နှစ်ဦး၊ စက်လည်ပတ်သူ သုံးဆယ့်ခြောက်ဦး၊ စောင့်ကြည့်စစ် ဆေးသူ ခုနစ်ဦး၊ အမြောက်တပ်သား နှစ်ဆယ်၊ စက်ပြင် လေးဦးနှင့် စက်ရုပ်ဝတ်စုံ မောင်းနှင်သူ ငါးဆယ် အပါအဝင် အမှုထမ်း တစ်ရာ့နှစ်ဆယ် ပါဝင်မည် ဖြစ်ပေသည်။

ဤအသစ်ရောက်ရှိလာသော စစ်သင်္ဘောအမှုထမ်းများအား အသစ်တည်ဆောက်ထားသည့် စူပါ နေ အဆင့် စစ်သင်္ဘော ငါးဆယ်တွင် တာဝန်ချထားပေးမည် ဖြစ်သည်။

အာကာသဘက်စ်ကားများ ဆယ်ဂဏန်းခန့်သည် အာကာသစခန်း မှ တစ်စီးပြီးတစ်စီး ထွက်ခွာသွားကာ လကမ္ဘာဆီသို့ ဦးတည်သွားကြလေသည်။

အောက်ဘက်ရှိ တပ်မှူးနှစ်ဦးသည် ထွက်ခွာသွားသော ယာဉ်ပျံများကို ကြည့်ကာ စဉ်းစားခန်း ဝင်နေ ကြလေသည်။

"စစ်ဦးစီးအရာရှိ လီ... ဒီစစ်သင်္ဘောအုပ်စုက ကောင်းယွမ်ပိုင်တာလား ဒါမှမဟုတ် ကျွန်တော်တို့ပိုင် တာလား..."

"အရင်ကတော့ ကောင်းယွမ်ပိုင်ခဲ့တာပေါ့... ဒါပေမဲ့ ယခု ဒီစစ်သားတွေ ထွက်ခွာသွားပြီဆိုတော့ ကျွန်တော်တို့ပိုင် ဖြစ်သွားပြီလေ..."

ထိုလူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြလေသည်။

"ဟုတ်တာပေါ့... အခုကစပြီး စစ်သင်္ဘောအုပ်စုက ကျွန်တော်တို့ပိုင် ဖြစ်လာတော့မှာပဲ... ခင်ဗျား အနေ နဲ့ ရွေးချယ်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး ဒုတိယအသုတ်ကို လဝက်အတွင်း ပို့နိုင်အောင် ကြိုးစားရမယ်... အကယ်၍ ကွမ်ဟန်နန်းတော် အခြေစိုက်စခန်း မှာ ကျွန်တော်တို့လူတွေနဲ့ သာ ပြည့်နေခဲ့မယ်ဆိုရင် လကမ္ဘာကလည်း သေချာပေါက် ကျွန်တော်တို့ပိုင် ဖြစ်လာတော့မှာပဲ... ကောင်းယွမ် ကတော့ သူ့ရဲ့ တာဝန်တွေ ပြီးဆုံးသွားပြီဆိုတော့ မုကျား မှာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းသင့်ပြီလေ..."

"ဟားဟား... ညွှန်ကြားရေးမှူး ဝမ် ပြောတာ မှန်တယ်... ကောင်းယွမ်ကို အနားပေးသင့်တဲ့ အချိန်ရောက် ပြီပဲ... တိုက်ပွဲဆိုတာ ကျွမ်းကျင်သူတွေနဲ့သာ ထားခဲ့သင့်တဲ့ အရာလေ... ကမ္ဘာမြေက ကောင်းယွမ် တစ် ယောက်တည်းပိုင်တာမှ မဟုတ်တာ..."

"နှမြောစရာပဲ... အရာရှိကျိုး ကတော့ ဒီလိုတွေးမှာ မဟုတ်ဘူးနော်..."

"ရွေးကောက်ပွဲက နောက်နှစ်လနေရင် လာတော့မှာ မဟုတ်ဘူးလား..."

စစ်ဦးစီးအရာရှိ လီ၏ မျက်လုံးများက အရောင်လက်သွားခဲ့ပြီး ရုတ်တရက် ရယ်မောလိုက်လေသည်။

"ဟုတ်တယ်... ဟုတ်တာပေါ့... ရွေးကောက်ပွဲဆိုတော့ ဘာမဆို ဖြစ်သွားနိုင်တာပဲလေ... သိပ္ပံအကယ် ဒမီ က ကျောင်းအုပ်ကြီးကျုံး လည်း အသက်အရမ်းကြီးနေပြီဆိုတော့ သူ့ရဲ့ စွမ်းအင်တွေကလည်း ကန့် သတ်ချက် ရှိနေပြီလေ... ပိုပြီး အရည်အချင်းရှိတဲ့သူ တစ်ယောက်ကို သူ့နေရာမှာ အစားထိုးသင့်ပြီ ပေါ့..."

"သိပ္ပံအကယ်ဒမီ ဟုတ်လား... ခင်ဗျားတို့ စစ်တပ်က သိပ္ပံအကယ်ဒမီကိုပါ ဝင်ရောက်စွက်ဖက်လို့ ရနေ ပြီလား..."

"ကျွန်တော်ကတော့ မလုပ်နိုင်ဘူးပေါ့... ဒါပေမဲ့... တပ်မှူးဝူ ကတော့ လုပ်နိုင်တယ်လေ..."

စစ်ဦးစီးအရာရှိ လီက အပေါ်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်လေ၏။

ညွှန်ကြားရေးမှူး ဝမ် အံ့ဩသွားခဲ့ရလေသည်။

"ဟုတ်တယ်... ဟုတ်တယ်... အရာရှိဝူ က သေချာပေါက် ရွေးချယ်စရာ တစ်ခုပဲ... စစ်ဦးစီးအရာရှိ လီ... ခင်ဗျားရဲ့ ဇနီးက အရာရှိဝူရဲ့ အတွင်းရေးမှူးဟောင်းလို့ ကြားဖူးတယ်... ခင်ဗျားတို့ရဲ့ ပတ်သက်မှုက အတော်လေး ခိုင်မာတာပဲ... အားရင် ဇနီးသည်ဆီ သွားလည်သင့်တယ်နော်..."

"ဪ... မဟုတ်ပါဘူးဗျာ... အရာရှိဝူ မှာ အတွင်းရေးမှူး အနည်းဆုံး ရှစ်ယောက်၊ ဆယ်ယောက် လောက် ရှိခဲ့ဖူးတာလေ... ကျွန်တော့် ဇနီးက အရာရှိဝူရဲ့ အတွင်းရေးမှူး အဖြစ် နှစ်အနည်းငယ် အလုပ် လုပ်ခဲ့ဖူးတာ မှန်ပေမဲ့ ဝင့်ကြွားစရာတော့ မဟုတ်ပါဘူး..."

ကောင်းယွမ်သည် လကမ္ဘာပေါ်တွင် အသစ်ရောက်ရှိလာသော အာကာသတပ်ဖွဲ့ မှစစ်သင်္ဘောအမှုထမ်း များနှင့် တွေ့ဆုံခဲ့လေသည်။

သူ၏ ပြတ်သားသော မျက်နှာထက်တွင် အကြင်နာကင်းမဲ့သော ထက်မြက်မှုနှင့် တိုက်ခိုက်လိုစိတ်များ တောက်ပလျက်ရှိနေခဲ့ပေသည်။

ကောင်းယွမ် အလွန် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်လေသည်။

"ကောင်းပြီ... နောက်ဆုံးတော့ အားလုံး ရောက်လာကြပြီပဲ... အပေါ်ကို မော့ကြည့်လိုက်စမ်း... ငါတို့ နောက်ကွယ်မှာ ဘာရှိနေလဲ..."

"ကမ္ဘာမြေပါ..."

"အရမ်းကောင်းတယ်... ကမ္ဘာမြေက ငါတို့ရဲ့ အိမ်ပဲ... ဒါပေမဲ့ အခု နေအဖွဲ့အစည်း ကြီးက အကြီးအ ကျယ် ပြောင်းလဲသွားခဲ့ပြီ... ဂြိုဟ်တိုင်းမှာ ယဉ်ကျေးမှု ကိုယ်စီ ရှိနေကြတယ်... အခု သူတို့က ငါတို့ကို ဖျက်ဆီးချင်နေကြပြီလေ... ငါတို့ ဘာလုပ်ကြမလဲ..."

"ပြန်တိုက်ရမှာပေါ့..."

ကောင်းယွမ် အလွန် ကျေနပ်သွားခဲ့လေ၏။

အစစ်အမှန် လူသားများသည် စက်ရုပ်များထက် အမှန်တကယ်ပင် ပို၍ ခမ်းနားထည်ဝါမှု ရှိကြပေသည်။ ထို့အပြင် လကမ္ဘာပေါ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် သူမြင်သမျှ လူတိုင်းမှာ အစစ်အမှန် လူသားများနှင့် မကွာခြားလှသလို ပို၍ပင် လှပကာ ပို၍ ချောမောကြပြီး စကားပိုနားထောင်ကြ သော်လည်း ကောင်းယွမ်မှာ အလွန် အထီးကျန်နေခဲ့ရပေသည်။

ယခု ဤစစ်သင်္ဘောအမှုထမ်းများ ရောက်ရှိလာမှုက သူ့ကို စိတ်လှုပ်ရှားစေခဲ့လေသည်။

ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော စိတ်အားထက်သန်မှုများပင် ဖြစ်၏။

"မင်းတို့ရဲ့ စစ်သင်္ဘောက မင်းတို့ရဲ့ အနောက်ဘက်မှာ ရှိနေပြီ... အမှုထမ်းတွေက သင်္ဘောနဲ့ ရင်းနှီး အောင် လုပ်ကြ... စက်ရုပ်ဝတ်စုံ မောင်းနှင်သူတွေက မင်းတို့ရဲ့ စက်ရုပ်တွေနဲ့ ရင်းနှီးအောင် လုပ်ကြ... မနက်ဖြန်မှာ ငါတို့ စစ်ဆေးမှုတွေနဲ့ လေ့ကျင့်ရေးတွေ လုပ်မယ်... မင်းတို့ တစ်ယောက်ချင်းစီတိုင်း အတွက် စက်ရုပ်နည်းပြ တစ်ယောက်စီ သတ်မှတ်ပေးမယ်... လေ့ကျင့်ရေးက နှစ်ပတ်ကြာမြင့်မှာ ဖြစ်ပြီးတော့ အပတ်စဉ် အကဲဖြတ်မှုတွေ ရှိလိမ့်မယ်... အကယ်၍ စံချိန်မမီဘူးဆိုရင် အိမ်ပြန်ကြ တော့... နားလည်လား..."

"နားလည်ပါပြီ..."

မကြာမီပင် လေ့ကျင့်ရေးများ စတင်ခဲ့လေတော့သည်။

ကျင်းသယ် ပူးပေါင်းရေတပ်ကြီး က တိုက်ခိုက်လာမည်ကို ကောင်းယွမ် စိုးရိမ်နေခဲ့သော်လည်း သူ ထင်မှတ်မထားသည်မှာ ဤကာလအတွင်း အခြေအနေများက ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက် နေခဲ့ခြင်းပင် ဖြစ်သည်။ အင်္ဂါဂြိုဟ် နှင့် ကြာသပတေးဂြိုဟ် တို့ အချင်းချင်း နှစ်ကြိမ်ခန့် စမ်းသပ်တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင်ပင် အရာအားလုံးက ကြောက်ခမန်းလိလိ တိတ်ဆိတ်သွားခဲ့ခြင်း ဖြစ်လေ၏။

အဖြစ်အပျက် အပြည့်အစုံကို မည်သူမျှ မသိရှိကြသဖြင့် ကနဦး ထိတ်လန့်တုန်လှုပ်မှု ကာလ အပြီးတွင် သူတို့သည် ယခုအခါ အကျပ်အတည်း တစ်ခုသို့ ရောက်ရှိသွားခဲ့ကြခြင်း ဖြစ်မည်ဟု ကောင်းယွမ် ခန့်မှန်း မိလေသည်။

ကျင်းသယ် ပူးပေါင်းရေတပ်ကြီး သည် အခြေအနေကို အခွင့်ကောင်းယူကာ ကမ္ဘာမြေကို ဦးစွာ ဖျက်ဆီး ရန် ပူးပေါင်းလိုခဲ့ပုံရပေ၏။ နေအဖွဲ့အစည်း အတွင်းရှိ မည်သည့် ဂြိုဟ်ယဉ်ကျေးမှုမဆို အပြင်သို့ ထွက်ခွာလိုပါက အပြင်ဘက်စက်ဝိုင်းရှိ ယဉ်ကျေးမှုများကို ရှင်းလင်းပစ်ရန် လိုအပ်လှပေသည်။

ဥပမာအားဖြင့် ဗုဒ္ဓဟူးဂြိုဟ် ယဉ်ကျေးမှုသည် အင်္ဂါဂြိုဟ်သို့ သွားရောက်လိုပါက ကမ္ဘာမြေကို ဖြတ် သန်းသွားရမည် ဖြစ်သည်။ အကယ်၍ စစ်ပွဲသာ အခြေအနေ မကောင်းခဲ့ပါက နှစ်ဖက်ညှပ် တိုက်ခိုက် ခံရနိုင်သလို ၎င်း၏ အိမ်ရာ အခြေစိုက်စခန်းကိုပင် ကမ္ဘာမြေက တိုက်ခိုက်လာနိုင်ပေသည်။

ထို့ကြောင့် သူတို့သည် အတွင်းမှနေ၍ အပြင်သို့ တိုက်ခိုက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။ အကယ်၍ သဘောတူညီမှု တစ်ခု ရရှိနိုင်မည်ဆိုပါက အဆင်ပြေမည် ဖြစ်သော်လည်း သဘောတူညီမှု မရရှိနိုင်ပါက သေသည်အထိ တိုက်ပွဲဝင်ရမည် ဖြစ်လေသည်။

ကျင်းသယ် ပူးပေါင်းရေတပ်ကြီး သည် ကမ္ဘာမြေကို ဖျက်ဆီးရန် အခွင့်အရေး ဆုံးရှုံးသွားပြီဖြစ်ကြောင်း ယခုအခါ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က သူတို့ ဖျက်ဆီးရန် ပျက်ကွက်ခဲ့ပြီး ယခုအကြိမ်တွင်လည်း ထိုရလဒ်မျိုး ထွက်ပေါ်လာမည်ကို စိုးရိမ်နေကြပေ၏။ ထို့ကြောင့် သူတို့သည် သူတို့၏ မဟာဗျူဟာမြောက် အာရုံစိုက်မှုကိုသာ ထိန်းသိမ်းထားခဲ့ကြလေသည်။

ကောင်းယွမ် အနေဖြင့် အမှန်တကယ် ရင်ဆိုင်ရမည့် ရန်သူ နှစ်ဦးသာ ရှိပေသည်။ အတွင်းဘက်ရှိ ဗုဒ္ဓဟူး ဂြိုဟ် နှင့် အပြင်ဘက်ရှိ အင်္ဂါဂြိုဟ် တို့ပင် ဖြစ်၏။ အကယ်၍ ဗုဒ္ဓဟူးဂြိုဟ်က သဘောမတူပါက သောကြာဂြိုဟ် စစ်သင်္ဘောအုပ်စုသည် ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာနိုင်ပေသည်။

သို့သော် အခြား ယဉ်ကျေးမှုများ မည်သို့ပင် တွေးတောနေစေကာမူ မိမိကိုယ်ကို ခွန်အားဖြည့်တင်းခြင်း သည်သာ မှန်ကန်သော လုပ်ရပ်ပင် ဖြစ်ပေတော့သည်။

လကမ္ဘာပေါ်ရှိ မိုက်ခရိုဝေ့ဖ် ကွန်ရက် ကို တည်ဆောက်ပြီးစီးလုနီးပါး ဖြစ်နေချိန်တွင် ကောင်းယွမ်သည် နောက်ဆုံး၌ ကမ္ဘာမြေသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ ကျိုးကျန်းလီ နှင့် တွေ့ဆုံပြီးနောက် ကောင်းယွမ် သည် မုကျား သို့ ပြန်သွားခဲ့လေ၏။

သူ ပြန်မလာခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။ နောက်ဖေးခြံရှိ ပက်လက်ကုလားထိုင် ပေါ်တွင် လှဲလျောင်းနေစဉ် ကောင်းယွမ်သည် ဘဝသစ် တစ်ခုကို ဖြတ်သန်းခဲ့ရသကဲ့သို့ အမှန်တကယ် ပင် ခံစားလိုက်ရလေသည်။

လွန်ခဲ့သော သုံးနှစ်က သူ၏ ကျရှုံးခဲ့သော စီးပွားရေးလုပ်ငန်းကို ပြန်တွေးကြည့်မိသောအခါ ဘဝတစ်ခု လုံး ခြားသွားသကဲ့သို့ ခံစားရပေ၏။

ယခုအခါ ငါးရံ့နက် နည်းပညာကုမ္ပဏီ သည် အမှန်တကယ်ပင် ဧရာမ ကုမ္ပဏီကြီး တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူ လှဲလျောင်းနေစဉ်မှာပင် လင်းမေ နှင့် ပိုင်မော့ယွီ တို့ အတူတူ ရောက်ရှိလာခဲ့ကြလေသည်။

ကောင်းယွမ်သည် သူတို့နှင့် မတွေ့ရသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ရာ ယခု တွေ့လိုက်ရသည့် အခါ အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ လက်တစ်ဖက်စီဖြင့် သူတို့နှစ်ဦးအား ဖက်ထား လိုက်လေတော့သည်။

"အခြေအနေတွေ ဘယ်လိုရှိလဲ..."

"အရမ်းကောင်းတယ်... ကိုယ်တွင်းအင်္ဂါ အစားထိုးထုတ်လုပ်ရေး စင်တာ ကို အပြည့်အဝ စတင် လည် ပတ်နေပြီဆိုတော့ တစ်နိုင်ငံလုံးက မသန်စွမ်းသူတွေ အနေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို စိတ်ကြိုက် ထုတ် လုပ်နိုင်ပြီလေ... အခုကစပြီး မသန်စွမ်းသူတွေ ရှိတော့မှာ မဟုတ်ဘူး..."

ပိုင်မော့ယွီသည် ချင်းဟွာ ဇီဝနည်းပညာကုမ္ပဏီ ကို တာဝန်ယူထားရသူ ဖြစ်သည်။ ကောင်းယွမ်က သူတို့ ထံသို့ မျိုးရိုးဗီဇ ပြုပြင်ရေးနည်းပညာကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် အချိန်တိုအတွင်းမှာပင် လူသား တို့၏ ကိုယ်တွင်းအင်္ဂါများကို စိတ်ကြိုက် ထုတ်လုပ်နိုင်သည့် နည်းပညာကို အံ့အားသင့်ဖွယ် တီထွင် နိုင်ခဲ့ကြခြင်း ဖြစ်လေသည်။ ၎င်းမှာ အလွန်ပင် အံ့မခန်းဖွယ် ကောင်းလှပေတော့သည်။

"ငါးကလေး က အရမ်းတော်တာပဲ..."

"မဟုတ်ပါဘူး... အစ်ကို့ရဲ့ နည်းပညာတွေက အရမ်းကောင်းလို့ပါ... ပြီးတော့ ဂိမ်းထဲက ကစားသမား တွေကလည်း အကြံပြုချက်တွေနဲ့ ဖြေရှင်းနည်းတွေ အများကြီး ပေးခဲ့ကြတယ်လေ... စိစစ်ပြီး စမ်းသပ် မှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ အဲဒါတွေက တကယ်ပဲ ဖြစ်နိုင်ချေရှိတာကို တွေ့လိုက်ရလို့ စမ်းသပ်မှု ကို စတင်ခဲ့တာပါ..."

ကောင်းယွမ်သည် လင်းမေ ကို တစ်ချက်ကြည့်လိုက်ပြီး…၊

"ရှောင်မေ... မင်းကရော..."

"ကျွန်မ အဆင်ပြေပါတယ် အစ်ကိုယွမ်... ဒါနဲ့ အွန်လိုင်းမှာ အစ်ကို့ကို ဝေဖန်နေတဲ့သူတွေ ပိုပိုများလာ တာကို ကျွန်မ သတိထားမိတယ်... ကျွန်မတို့ ဝင်စွက်ဖက်သင့်တယ်လို့ ထင်လား... တကယ်တော့ လက် ပတ်ဖုန်း မှာ အရေးကြီးတဲ့ စကားလုံး တစ်လုံးလောက် ထည့်လိုက်ရုံနဲ့ အစ်ကို့ကို စော်ကားတဲ့သူတိုင်းကို ကျွန်မတို့ ပိတ်ပင်ပစ်လို့ ရနေပြီလေ..."

All Chapters