← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃)

ဤနေရာမှာ ဆီးရီးစ်ဖြစ်သည်

ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုသို့ ရောက်ရှိရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ကောင်းယွမ်သည် အချိန်နှင့်အာကာသတံခါးကို ဆင့်ခေါ်လိုက်ပြီး အနာဂတ်ကမ္ဘာသို့ ချက်ချင်းပင် ကူး ပြောင်းသွားခဲ့လေသည်။

အနာဂတ်ကမ္ဘာ၏ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုမှာ ယနေ့ခေတ်နှင့် လုံးဝ ခြားနားနေခဲ့ပေသည်။

ဟင်းလင်းပြင်အတွင်း သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း သွားလာနေကြသည့် သယ်ယူ ပို့ဆောင်ရေး ယာဉ်ပျံ အမြောက်အမြားကို တွေ့မြင်နေရလေသည်။

ထို့ပြင် ဂြိုဟ်သိမ်ဂြိုဟ်မွှား အငယ်စားလေးများကို တိုက်ရိုက် ဝါးမြိုဖျက်ဆီးကာ သယံဇာတ အမျိုးမျိုး အဖြစ် ပြောင်းလဲပစ်နေသည့် ဧရာမ သတ္တုတူးဖော်ရေး သင်္ဘောကြီးများကိုလည်း တွေ့ရှိနေရပေသည်။

ဤတစ်ကြိမ်တွင် ကောင်းယွမ်၏ ပန်းတိုင်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုရှိ လူသားတို့၏ သတ္တုတူး ဖော်ရေး ဌာနချုပ် တည်ရှိရာ ဆီးရီးစ် ဖြစ်ပေတော့သည်။

ဆီးရီးစ်သည် ပင်မပတ်လမ်းစုအတွင်းရှိ တစ်ခုတည်းသော ဂြိုဟ်သိမ်ဂြိုဟ်မွှား ဖြစ်ပြီး အချင်း (၉၅၀) ကီလိုမီတာရှိရာ လကမ္ဘာ၏ လေးပုံတစ်ပုံခန့် အရွယ်အစား ရှိလေသည်။

နှစ်ပေါင်းများစွာ သတ္တုတူးဖော်ခဲ့ပြီးနောက် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုမှာ ဟာလာဟင်းလင်း ဖြစ် နေခဲ့ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား အများအပြားမှာ လူသားတို့အတွက် စက်မှုကုန်ပစ္စည်းများအဖြစ် ပြောင်း လဲသွားခဲ့ပြီ ဖြစ်ချေ၏။

ဆီးရီးစ်တွင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ ဌာနခွဲများသာမက စီမံခန့်ခွဲရေး အထွေ ထွေအုပ်ချုပ်မှုဌာန၏ သတ္တုသယံဇာတဗျူရို ဌာနခွဲတစ်ခုလည်း တည်ရှိလေသည်။

ကောင်းချိုး မည်သည့်နေရာတွင် ရှိနေသည်ကိုမူ ကောင်းယွမ် မသိပေ။

သို့သော် သူ၏ ပထမဆုံးခြေလှမ်းမှာ ဆီးရီးစ်သို့ သွားရန်သာ ဖြစ်၏။ အကြောင်းမှာ သူ ရောက်ရှိနေ ကြောင်းကို ဆူးမူယန် သိရှိစေရန် ရည်ရွယ်သောကြောင့် ဖြစ်သည်။

ကောင်းယွမ်သည် ဆီးရီးစ် အာကာသဆိပ်ကမ်းသို့ ရောက်ရှိလာသည့်အခါ ထိုနေရာရှိ ဝန်ထမ်းများမှာ သတင်းအချက်အလက်များကို လက်ခံရရှိထားပြီး ဖြစ်လေသည်။

အကြောင်းမှာ နယ်စပ်သို့ ဝင်ရောက်ရန်အတွက် အထောက်အထား ချစ်ပ်ပြားကို စစ်ဆေးရန် လိုအပ် သောကြောင့် ဖြစ်ပေ၏။

ဤနေရာရှိ ဝန်ထမ်းများသည် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၊ သတင်းအချက်အလက် ဌာန၏ ညွှန်ကြားရေးမှူး ကောင်းယွမ် ရောက်ရှိလာခြင်းအပေါ် အံ့ဩနေကြရလေသည်။

အမှန်စင်စစ် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနမှ အဆင့်မြင့် အရာရှိကြီးများသည် ဂြိုဟ် သိမ်ဂြိုဟ်မွှားပတ်လမ်းစုသို့ လာရောက်လည်ပတ်လေ့ မရှိကြပေ။ သူတို့သည် ဖုန်မှုန့်များ ထူထပ်လှ သော ဤနေရာသို့ လာမည့်အစား အင်္ဂါဂြိုဟ်သို့ သွားကာ နေထွက်ချိန်ကို ကြည့်ရှုလိုကြသူများသာ ဖြစ်ကြလေ၏။

ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုမှာ အေးစက်ခြောက်သွေ့လှပေသည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု တစ်ခုလုံးသည် လိုအပ်သော ရေပမာဏ၏ အနည်းငယ်ကိုသာ ကိုယ်တိုင် ထုတ်လုပ်နိုင်ပြီး ရေအများ စုနှင့် လေထုအားလုံးကို ကမ္ဘာမြေမှသာ ပေးပို့ရလေသည်။

ကမ္ဘာမြေနှင့် နှိုင်းယှဉ်လျှင် ဤနေရာမှာ အကျဉ်းစခန်းတစ်ခုနှင့်ပင် တူနေတော့၏။

အကာအကွယ် ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းယွမ်သည် ဆီးရီးစ်၏ မြေပြင်ပေါ်သို့ ခြေချလိုက် သည့်အခါ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ အုပ်ချုပ်ရေးမှူး မုမင် ရောက်ရှိလာခဲ့လေ သည်။

သူသည် ဌာနချုပ်မှ ရောက်လာသော ဤလူငယ် ခေါင်းဆောင်၏ ရည်ရွယ်ချက်ကို သိရှိရန် ကမ္ဘာမြေရှိ ဌာနချုပ်သို့ ဆက်သွယ် စုံစမ်းခဲ့ပြီး ဖြစ်၏။

သူ့ကို အဂတိလိုက်စားမှု လာရောက် စစ်ဆေးခြင်း မဟုတ်တန်ရာဟုလည်း တွေးတောနေမိလေသည်။

လွန်ခဲ့သော နှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနသည် လူထု၏ စိတ်ကျေနပ်မှု ရရှိစေရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်များစွာကို ပြုလုပ်ခဲ့သော်လည်း မုမင်သည် ဒေသခံ စော်ဘွားတစ်ဦးကဲ့သို့ စိုးမိုးထားသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုဆီသို့မူ မည်သည့် စစ်ဆေးမှုမျှ ရောက်လာခဲ့ခြင်းမရှိပေ။

စီမံခန့်ခွဲရေး အထွေထွေအုပ်ချုပ်မှုဌာနမှ အရာရှိများ၏ အကြည့်များကို သည်းခံရသည်မှအပ ကျန်ရှိ သည်များမှာ အဆင်ပြေနေခဲ့ပေသည်။

ဌာနချုပ်မှ ပြန်လည်ဖြေကြားသည်မှာ ဤညွှန်ကြားရေးမှူးငယ်မှာ ကောင်းမိသားစုဝင် တစ်ဦးဖြစ် ကြောင်း ဖြစ်ပေသည်။

ပေကျင်းမြို့ရှိ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ ဌာနချုပ်တွင် ဆူးမူယန်သည် ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။

*ကောင်းယွမ်က ဆီးရီးစ်မှာ ဘာသွားလုပ်တာလဲ... သူ အဲဒီကို ဘယ်လိုရောက်သွားတာလဲ... လကမ္ဘာရဲ့ တစ်ဖက်ခြမ်းမှာ ပျောက်ကွယ်သွားပြီးမှ ဆီးရီးစ်မှာ ဘယ်လိုလုပ် ပြန်ပေါ်လာရတာလဲ...*

သို့သော် ဆီးရီးစ်သည် တန်ဖိုးမရှိသော သတ္တုတွင်းများနှင့် စည်းကမ်းမရှိသော သတ္တုတွင်း အလုပ် သမားများသာ ရှိသည့် နေရာဖြစ်ပြီး စက်ရုံများနှင့် ရိက္ခာ ထောက်ပံ့မှုများလည်း မရှိပေ။

ဆူးမူယန်သည် မုမင်ကို ညွှန်ကြားလိုက်သည်မှာ ကောင်းယွမ်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့် ကြည့်ရန်နှင့် သူ ဘာပဲလုပ်လုပ် ဝင်ရောက် မနှောင့်ယှက်ဘဲ လွှတ်ထားရန် ဖြစ်ပေ၏။

ကောင်းယွမ်သည် ကောင်းမိသားစုဝင် တစ်ဦးဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ဤမဖိတ်ခေါ်ဘဲ ရောက်လာသူမှာ ဌာနချုပ်မှ အာဏာရှိသူ တစ်ဦးမဟုတ်ကြောင်း မုမင် နားလည်သွားခဲ့သည်။

သို့သော်လည်း မျက်နှာသာတော့ ပေးရပေဦးမည်။

အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းမိသားစုဝင် ဖြစ်နေသောကြောင့် ဖြစ်၏။

ကောင်းယွမ် ဤနေရာသို့ မောက်မောက်မာမာနှင့် ဝင်ရောက်လာခြင်းမှာ အကြောင်းရင်း နှစ်ခုရှိလေ သည်။ ပထမအချက်မှာ သူ ဤနေရာတွင် ရှိနေကြောင်း ဆူးမူယန်ကို သိစေရန်ဖြစ်ပြီး ဒုတိယအချက်မှာ အချက်အလက်များကို ရှာဖွေရန် ဖြစ်သည်။

အမှန်စင်စစ် သတင်းအချက်အလက်ဌာန၏ ညွှန်ကြားရေးမှူး တစ်ဦးအနေဖြင့် သတင်းအချက်အလက် များကို ရှာဖွေခြင်းမှာ သူ၏ တာဝန်ဝတ္တရားအတွင်း၌သာ ရှိပေသည်။

ကံကောင်းပါက ဤစာရွက်စာတမ်းများမှတစ်ဆင့် သဲလွန်စအချို့ ရရှိနိုင်ပြီး ကောင်းချိုး ပုန်းအောင်းနေ သည့် နေရာကို ရှာဖွေနိုင်ပေလိမ့်မည်။

ထိုစဉ်က ကောင်းချိုးသည် စီအီးအို တစ်ဦးဖြစ်ခဲ့ရာ ဤနေရာသို့ အားလပ်ရက် အပန်းဖြေရန် လာ ရောက်မည် မဟုတ်သည်မှာ သေချာလှပေသည်။ တစ်စုံတစ်ခုသော ထူးခြားမှု ရှိနေရပေမည်။

ထိုအချိန်၌...၊

မုမင်သည် ကောင်းယွမ်ကို အဝေးမှပင် နှုတ်ဆက်လိုက်လေသည်။

"ညွှန်ကြားရေးမှူးကောင်း... တွေ့ရတာ ဝမ်းသာပါတယ်..."

"မင်းက ဘယ်သူလဲ..."

ကောင်းယွမ်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။

ဤအချိန်၌ ကောင်းယွမ်သည် အလွန်ပင် မောက်မာရိုင်းစိုင်းသော ပုံစံကို ဖမ်းထားလျက်ရှိလေသည်။ လောကဝတ်အရ လူတစ်ဦး၏ အကျင့်စရိုက်မှာ အရေးကြီးလှပေသည်။

ဩဇာအာဏာရှိပြီး မောက်မာလှသော သူဌေးသား ပုံစံမျိုးမှာ လက်အောက်ငယ်သား ဝန်ထမ်းတိုင်းကို ခေါင်းခဲစေနိုင်ပေသည်။

ဤသည်မှာ ကောင်းယွမ်၏ ဗျူဟာတစ်ခု ဖြစ်ပေ၏။ ဤကဲ့သို့သော ဇာတ်ကောင် ပုံစံမျိုးမှာ အားသာ ချက် တစ်ခု ရှိလေသည်။

၎င်းမှာ နောက်ထပ် ဘာပဲလုပ်လုပ် တစ်ဖက်လူအနေဖြင့် အံ့ဩတော့မည် မဟုတ်ပေ။ အကယ်၍ သင် ကသာ အလွန်အမင်း ယဉ်ကျေးပျူငှာနေပါက ဘာမှ မမြင်တွေ့ရဘဲ လက်ဗလာနှင့် ပြန်လာရနိုင်ပေ သည်။ ဤမြေခွေးအိုကြီးများသည် ထိုက်ကျိ ကစားရာတွင် ဆရာကြီးများ ဖြစ်ကြ၏။

သို့သော် အပျော်အပါးမက်သော သူဌေးသား တစ်ဦးမှာမူ ဝါရင့် အရာရှိကြီးများကိုပင် အသာစီး ရယူ နိုင်ပေသည်။

"ကျွန်တော်က ဆီးရီးစ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်ရေးမှူး မုမင်ပါ..."

မုမင်သည် ကောင်းယွမ်၏ အပြုအမူကို ကြည့်ကာ အထင်အမြင်သေးသွားသော်လည်း ထိုခံစားချက်ကို ချက်ချင်း ဖျောက်ဖျက်လိုက်ပြီး ခပ်ဟဟ ရယ်မောလိုက်လေသည်။

သူသည် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနမှ လူတစ်ဦး ဖြစ်သောကြောင့် ကောင်းမိသားစု နှင့် သဘောထား ကွဲလွဲနေသူ ဖြစ်၏။ သို့သော် သူ၏ ရာထူးမှာ အလွန်နိမ့်လွန်းလှပေသည်။ အကယ်၍ ကောင်းမိသားစုကသာ သူ့ကို ကိုင်တွယ်လိုပါက ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက သူ့ကို ချက်ချင်းပင် ပေးအပ်သွားမည်မှာ သေချာလှပေသည်။

ထို့ကြောင့် မုမင်သည် ဤကောင်းယွမ်ကို မပြစ်မှားဝံ့ခဲ့ပေ။

"ဪ... မင်းက ဒီနေရာရဲ့ အုပ်ချုပ်ရေးမှူးပေါ့..."

ကောင်းယွမ်သည် မုမင်ကို အကဲခတ်ကြည့်လိုက်၏။

"ဆီးရီးစ်ကို ညွှန်ကြားရေးမှူးကောင်း ရောက်လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ... ဒီနေရာရဲ့ အခြေအနေတွေကတော့ နည်းနည်း ခက်ခဲပါတယ်..."

"တကယ့်ကို စုတ်ပြတ်သတ်နေတဲ့ နေရာပဲ... မင်းရဲ့ အခြေစိုက်စခန်းကို သွားကြမယ်..."

"ယာဉ်ပျံက အဆင်သင့်ရှိပါတယ်... ညွှန်ကြားရေးမှူးကောင်း... ကျွန်တော်နဲ့အတူ ကြွပါ..."

...

ဆီးရီးစ်၏ အခြေစိုက်စခန်းမှာ ဧရာမ ဖန်လုံအိမ်ကြီး တစ်ခုနှင့် တူပေသည်။ အပြင်ဘက် အပူချိန်မှာ အလွန်နိမ့်သော်လည်း အခြေစိုက်စခန်း အတွင်း၌မူ အပူချိန်ထိန်းစနစ်သာမက ဆွဲငင်အားတု စနစ်ကို လည်း တပ်ဆင်ထားရာ လေထုနှင့် စိုထိုင်းဆမှာ နေထိုင်ရန် အလွန် သင့်လျော်လှပေသည်။ အကယ်၍ အထက်သို့ မော့မကြည့်ပါက ကမ္ဘာမြေပေါ်ရှိ မြို့ကြီးတစ်မြို့နှင့်ပင် မခြားနားလှပေ။

ကောင်းယွမ်သည် မုမင်ကို အကဲခတ်လိုက်လေသည်။ မုမင်သည် သူ့ထက် အနည်းငယ် ပိုအရပ်ရှည်ပြီး ပိန်သော်လည်း အိုင်ဘားတွင် သူတွေ့ခဲ့ဖူးသော ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုမှ အမျိုးသမီးထက်မူ ပို ၍ ကြံ့ခိုင်ပုံရပေသည်။

ကားပေါ်မှ ဆင်းပြီးနောက် မုမင်က စတင် မိတ်ဆက်ပေးလေတော့သည်။

"ညွှန်ကြားရေးမှူးကောင်း... ဒါကတော့ အေဂျင်စီ အမျိုးမျိုး အခြေစိုက်တဲ့ ဆီးရီးစ် ဌာနချုပ်ပဲ ဖြစ်ပါ တယ်... ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုဟာ လူသားတွေရဲ့ အဓိက သတ္တုတူးဖော်ရေး အခြေစိုက်စခန်း သုံးခုထဲက တစ်ခု ဖြစ်ပြီး လက်ရှိ သတ္တု ထုတ်လုပ်မှုမှာ လကမ္ဘာထက် သာလွန်ပြီး အင်္ဂါဂြိုဟ်ပြီးရင် ဒုတိယ အများဆုံး ဖြစ်ပါတယ်... လူသားတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစားထိုးလို့မရတဲ့ အခန်းကဏ္ဍ မှာ ရှိနေပါတယ်..."

" ဒီမှာ ပျော်စရာ ဘာတွေ ရှိလဲ..."

ကောင်းယွမ်က မေးလိုက်၏။

"ဟို... ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုရဲ့ ထူးခြားတဲ့ မိန်းကလေး အချို့နဲ့ တွေ့ဖို့ စီစဉ်ပေးရမလား ခင်ဗျ..."

"ငါ မမြင်ဖူးတာ ဘာရှိလို့လဲ... ထားလိုက်စမ်းပါ... မင်းတို့ရဲ့ သတင်းအချက်အလက် စင်တာ ဘယ်မှာ လဲ..."

"ညွှန်ကြားရေးမှူးကောင်း... သတင်းအချက်အလက် စင်တာမှာ ဘာကိစ္စ ရှိလို့လဲ..."

"သတင်းအချက်အလက်ဌာနရဲ့ ညွှန်ကြားရေးမှူး တစ်ယောက်အနေနဲ့ ဒေသအသီးသီးက အချက်အ လက်တွေကို ကျပန်း စစ်ဆေးသင့်တယ် မဟုတ်ဘူးလား... အဲဒါက မင်း မေးသင့်တဲ့ မေးခွန်းလား..."

ကောင်းယွမ်သည် မညှာမတာဘဲ မုမင်ကို တိုက်ရိုက်ပင် အပြစ်တင်လိုက်လေသည်။

မုမင်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားခဲ့လေ၏။

"ညွှန်ကြားရေးမှူးကောင်း... သတင်းအချက်အလက်တွေကို ကြည့်ဖို့ဆိုရင် ဌာနချုပ်ရဲ့ ခွင့်ပြုချက် လိုပါ တယ်..."

"မင်းက အတာလား... ငါက ဌာနချုပ် သတင်းအချက်အလက်ဌာနရဲ့ ညွှန်ကြားရေးမှူးလေ... ငါ့ဘာသာငါ ခွင့်ပြုတယ်... ဟုတ်ပြီလား... စကားများမနေနဲ့တော့... မှတ်တမ်းတွေကို ဖွင့်ပေး... ပြီးခဲ့တဲ့ တစ်နှစ်အ တွင်းက မှတ်တမ်းတွေ အားလုံးကို ငါ ကြည့်ချင်တယ်..."

"ဟို..."

"ဘာလဲ... ငါက အထွေထွေအတွင်းရေးမှူးချုပ် ဆူးမူယန်ကို ဆက်သွယ်ပြီးမှ မင်းက ဖွင့်ပေးမှာလား..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... အခုပဲ လိုက်ပို့ပေးပါ့မယ်..."

ကောင်းယွမ်သည် ကောင်းချိုးကို ရှာရန် လာခြင်းဖြစ်ရာ ဤနေရာတွင် အချိန်ဖြုန်းနေမည် မဟုတ်ပေ။ ကောင်းကန့်က ပြောသည်မှာ ကောင်းချိုးသည် သူ့အား လာရောက် တွေ့ဆုံလိမ့်မည်ဟု ဆိုသော်လည်း ကောင်းယွမ်မှာ ထပ်မံ၍ မစောင့်နိုင်တော့ပေ။

ကောင်းချိုးက သူ့အား မရှာပါက သူကိုယ်တိုင် ကောင်းချိုးကို သွားရောက် ရှာဖွေရပေမည်။

ကောင်းယွမ်သည် အတော်ပင် စိတ်လှုပ်ရှားနေခဲ့တော့လေ၏။

"မုမင်ကြီး..."

"ဗျာ..." မုမင်က လှည့်ကြည့်လိုက်သည်။

"မင်းက... မင်းက ရုပ်ဆိုးလွန်းတယ်... ငါ့နောက်ကို လိုက်မနေနဲ့... အမျိုးသမီးငယ် တစ်ယောက်ယောက် ကိုပဲ လွှတ်လိုက်တော့..."

"ဟို..."

မုမင် အနည်းငယ် စိုးရိမ်သွားခဲ့သည်။ သတင်းအချက်အလက် စင်တာတွင် လူသိရှင်ကြား ထုတ်ပြန်ရန် မသင့်တော်သော မှတ်တမ်းအချို့ ရှိနေသည်မှာ အမှန်ပင် ဖြစ်လေ၏။ အကယ်၍ ၎င်းတို့ဘက်မှ လူတစ် ဦးသာ ဖြစ်ပါက ကြည့်ရှုခွင့် ပေးနိုင်သော်လည်း ကောင်းယွမ်မှာမူ ၎င်းတို့လူ မဟုတ်ပေ။

ထို့ကြောင့် သတင်းအချက်အလက်များ မပေါက်ကြားစေရန် သူကိုယ်တိုင် လိုက်ပါ စောင့်ကြည့်ရခြင်း ဖြစ်ပေတော့၏။

သို့သော် ယခုမူ ကောင်းယွမ်က သူ့ကို မောင်းထုတ်နေခဲ့လေပြီ။

သူသည် ချက်ချင်းပင် အပြုံးတစ်ခု ဖန်တီးလိုက်ပြီး ပြောလိုက်လေသည်။

"ညွှန်ကြားရေးမှူးကောင်း... ဒါက စည်းကမ်းနဲ့ မညီပါဘူး... မှတ်တမ်းတင်တဲ့သူနဲ့ ကျွန်တော်ပဲ သတင်း အချက်အလက် စင်တာထဲကို ဝင်လို့ရတာပါ..."

"ဒါဆိုရင် လှပတဲ့ မှတ်တမ်းတင်သူ တစ်ယောက် ရှာလိုက်လေ... မင်းရဲ့ မျက်နှာကို ကြည့်ရတာနဲ့တင် ငါ စိတ်ညစ်လာပြီ... မင်းရဲ့ မေးစေ့က ဘာလို့ ဒီလောက် ချွန်နေရတာလဲ..."

မုမင် အလွန်ပင် ဒေါသထွက်သွားသော်လည်း... သူ ဘာမှ မလုပ်နိုင်ခဲ့ပေ။

ခေတ္တမျှ တွေဝေပြီးနောက် သူ၏ အတွင်းရေးမှူးကို ခေါ်ကာ ညွှန်ကြားလိုက်လေသည်။

"ကောင်းယွမ်ကို သေချာ စောင့်ကြည့်ထား... လျှို့ဝှက်ကုဒ်နဲ့ သိမ်းထားတဲ့ အချက်အလက်တွေကို သူ လုံးဝ ရှာမတွေ့ပါစေနဲ့... ဘယ်လိုမှ မတတ်နိုင်တော့ရင် လျှပ်စစ်မီး ဖြတ်လိုက်... နားလည်လား..."

"နားလည်ပါပြီ... အုပ်ချုပ်ရေးမှူး..."

All Chapters