← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂)

ဝမ်တာလင်းလည်း ရောက်ရှိလာခဲ့လေသည်

ကောင်းယွမ်သည် ကျန်းပိုင်ရီကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။

"ငါတို့ရဲ့ ထုတ်ကုန်က ဘာလဲ..."

"အခုလား... တည်းဖြတ်စက်လား..."

"အခုလောလောဆယ်တော့ တည်းဖြတ်စက်တွေပေါ့... အနာဂတ်မှာတော့ လက်ပတ်ဖုန်းတွေ ဖြစ်လာလိမ့်မယ် ... မင်းလည်း လက်ပတ်ဖုန်းတွေရဲ့ သဘောတရားကို မြင်ဖူးပြီးသားပဲလေ... ငါတို့က အပူချိန်ထိန်း အဝတ် အစားတွေကို ရောင်းချပေမဲ့ အဲဒါက ငါတို့ရဲ့ အဓိကရည်ရွယ်ချက် မဟုတ်ဘူး... ဒါကြောင့် ငါတို့ရဲ့ ထုတ်ကုန်တွေ မှာ ဝိသေသလက္ခဏာ တစ်ခုရှိတယ်... အရွယ်အစားသေးငယ်မယ်... တန်ဖိုးကြီးမားပြီး နည်းပညာအဆင့် အတန်း မြင့်မားမယ်... အဲ့ဒါကြောင့် အဆင်ပြေမှုထက် လုံခြုံရေးက ပိုပြီး အရေးကြီးတယ် မဟုတ်ဘူးလား..."

ကျန်းပိုင်ရီသည် ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

"အဲဒါတော့ ဟုတ်ပါတယ်... ဒါပေမဲ့..."

"ဒါပေမဲ့တွေ လုပ်မနေနဲ့... ဂိုဒေါင်ကို ဒီနေရာကို ပြောင်းရမယ်... ပြီးတော့ မူလဂိုဒေါင်နေရာကို ကျွမ်းကျင်သူ တွေ နေထိုင်မယ့် အဆောက်အအုံအဖြစ် ပြောင်းလဲပစ်ရမယ်..."

"ဟုတ်ပါပြီ..."

ထိုနံနက်ခင်းတွင် မုကျား ဖွံ့ဖြိုးတိုးတက်ရေးဇုန်ရှိ ငါးရံ့နက်နည်းပညာကုမ္ပဏီ စက်မှုဇုန်၌ အနီရောင်အလံများ သည် လေနှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေသည်။

လူအများအပြား ရောက်ရှိလာခဲ့ကြပေ၏။

လင်းကျိုးမြို့၊ ကျင်းဟိုင်ခရိုင်တို့မှ ခေါင်းဆောင်များနှင့် ခရိုင်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူရိုမှ တာဝန်ရှိသူများ အပြင် ရှဝေ မှ ဥက္ကဋ္ဌ ကျိုးလဲ့ နှင့် တာမီနည်းပညာကုမ္ပဏီမှ လဲ့ကျန်းကျွင်း တို့သည်လည်း ဤနေရာသို့ စုရုံး ရောက်ရှိနေခဲ့ကြလေသည်။

ကျိုးလဲ့ နှင့် လဲ့ကျန်းကျွင်း တို့သည် အတူတကွ ရပ်ကာ မြေကွက်လပ်ကြီးကို ကြည့်နေကြလေ၏။

ဤသည်မှာ သူတို့အတွက် မုကျား သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပေသည်။ မြင်ကွင်းကို ကြည့်ရင်း သူတို့သည် အနည်းငယ် မယုံနိုင်အောင် ဖြစ်နေခဲ့ကြလေသည်။

"အစ်ကိုလဲ့... ဒီနေရာက ကောင်းယွမ် တည်းဖြတ်စက်ကို တီထွင်ခဲ့တဲ့ နေရာလား..."

"ဖြစ်နိုင်ပါတယ်...။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ဘာတွေ ဖြစ်ပျက်နေတာလဲဆိုတာကို ငါ တကယ် သိချင်နေပြီ။ ပတ်ဝန်းကျင်ကိုလဲ ကြည့်ဦး... ဘာစက်ယန္တရားကြီးတွေမှလည်း မတွေ့ရဘူး၊ အလုပ်သမားတွေလည်း သိပ်မရှိဘူးလေ။ ဒီပုံစံကြီးက ပန္နက်ချပွဲ အခမ်းအနားရော ဟုတ်ပါ့မလား..."

ကျိုးလဲ့ သည် လုံးဝ နားမလည်နိုင်သည့် အသွင်ဖြင့် ကြည့်လိုက်လေ၏။ သူသည် ကြီးမားသော စီမံကိန်းများ ၏ ပန္နက်ချပွဲ အခမ်းအနားများစွာကို မြင်ဖူးခဲ့သော်လည်း ဤမျှ လူသူကင်းမဲ့နေသည့် အခမ်းအနားမျိုးကို တစ်ကြိမ် မျှ မမြင်ဖူးခဲ့ပေ။

ရွာသားများအားလုံး ပြောင်းရွှေ့သွားကြပြီဖြစ်ရာ ယနေ့တွင် ကူညီရန်အတွက် လူအနည်းငယ်ခန့်သာ ရောက်ရှိ လာခဲ့ကြလေသည်။

ကျိုးလဲ့ နှင့် လဲ့ကျန်းကျွင်း တို့ စကားပြောနေကြစဉ် ကောင်းယွမ် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့ သည် အတူတကွ လျှောက်သွားခဲ့ကြလေ၏။

"ဥက္ကဋ္ဌကောင်း... ဘာတွေများ ကြံစည်နေတာလဲ..."

"ဟော... ဥက္ကဋ္ဌကျိုးလည်း ရောက်နေတာပဲ။ ခင်ဗျားတို့ ရှဝေအုပ်စုရဲ့ လုံရှင်းစက်ရုံက ကျွန်တော်တို့နဲ့ ကပ်လျက် တင် မဟုတ်လား...။ ဘယ်တော့လောက်ကျမှ ထုတ်လုပ်မှုပိုင်းကို စတင်ဖို့ စဉ်းစားထားလဲဗျ..."

"ဟားဟား... ဥက္ကဋ္ဌကောင်းရဲ့ စကားတွေထဲမှာ အဓိပ္ပာယ်တွေ ပါနေ အမှန်အတိုင်း ပြောရရင် ရှဝေက ဒီနေရာမှာ စက်ရုံလာဆောက်တာက ဥက္ကဋ္ဌကောင်းကို မျက်စိကျနေလို့လေ... ခင်ဗျား ဘယ်သွားသွား ကျွန်တော်တို့က

လိုက်လာမှာပဲ..."

ကောင်းယွမ်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း အပြင်ပန်းတွင်မူ ပြုံးထားလိုက်လေသည်။

"ဥက္ကဋ္ဌကျိုးတော့ ဒီတစ်ခါ ငွေတွေ အကြီးအကျယ် ရှုံးတော့မယ် ထင်တယ်ဗျာ... ဟားဟား။ ကဲ... ခင်ဗျားတို့ဘာ သာ အေးဆေး ဆက်ကြည့်နေကြဦး။ ဟိုမှာ... လူတွေ ထပ်ပြီး ရောက်လာနေကြပြီ..."

မုကျားကျေးရွာ လှုပ်ရှားမှုစင်တာသို့ နောက်ထပ် ကားတစ်တန်း ရောက်ရှိလာခဲ့ပြီး ပထမဆုံးကားထဲမှ ထွက်လာ သူမှာ ဝမ်တာလင်း ဖြစ်ကြောင်း ကောင်းယွမ် မြင်လိုက်ရလေသည်။

သူသည် ရှေ့သို့ တက်သွားကာ ပြောလိုက်၏။

"ဥက္ကဋ္ဌဝမ် ကိုယ်တိုင် ရောက်လာတာပဲ..."

ဝမ်တာလင်းသည် ကျယ်ပြန့်စွာ ပြုံးလိုက်လေသည်။

"ငါ တစ်ခုခု လွတ်သွားမှာ စိုးလို့ မလာဘဲ မနေရဲဘူးလေကွာ..."

ဝမ်တာလင်းသည် အလွန် တည်ငြိမ်နေခဲ့၏။ ကောင်းယွမ်၏ လုပ်ဆောင်ချက်များကို သူ၏ လေ့လာဆန်းစစ်မှုမှာ တည်းဖြတ်စက်များ သက်သက်သာမက အပူချိန်ထိန်းအဝတ်အစားများ ပါဝင်ကြောင်းကိုပါ ကျော်လွန်၍ သိမြင် ထားပေသည်။

တည်းဖြတ်စက်များအတွက် အနောက်နိုင်ငံများမှ နမူနာယူစရာများ ရှိသော်လည်း အပူချိန်ထိန်းအဝတ်အစားမှာ မူ အမှန်တကယ်ပင် အဆင့်မြင့် နည်းပညာတစ်ခု ဖြစ်ပေသည်။

ဝမ်နန်း ဆေးဝါးကုမ္ပဏီမှ သုတေသီများသည် အပူချိန်ထိန်းအဝတ်အစား တစ်ထည်ကို ရရှိခဲ့ကြလေ၏။ ခွဲခြမ်း စိတ်ဖြာကြည့်ပြီးနောက် ၎င်းသည် အဝတ်အစား တစ်ထည်သာ ဖြစ်သော်လည်း အဆင့်မြင့် နည်းပညာမြောက် မြားစွာ ပါဝင်နေကြောင်းကို သူတို့ တွေ့ရှိခဲ့ကြရပေသည်။

ပထမဦးစွာ ဘက်စုံသုံး သန့်စင်သော စွမ်းအင် ပေါင်းစပ်အလွှာ တစ်ခု ပါရှိလေသည်။ အပူချိန်ထိန်းအဝတ်အစား ၏ မျက်နှာပြင်ပေါ်တွင် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် ရောင်ခြည်ဖြာထွက်မှု စွမ်းအင်၊ အပူစွမ်းအင် တို့ကိုပင် စုပ်ယူနိုင်သော အထူးအလွှာတစ်ခု ပါရှိပေ၏။

ထိုစွမ်းအင်များ အားလုံးကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲကာ အဝတ်အစားထဲတွင် သိုလှောင်ထားခြင်းဖြစ် လေသည်။ အဝတ်အစား၏ ကော်လာသည် အမှန်တကယ်အားဖြင့် ဘက်ထရီတစ်ခု ဖြစ်သော်လည်း ဤဘက် ထရီမှာ အလွန်ပါးလွှာပေသည်။ သို့တိုင်အောင် ဘီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ယာဉ် တစ်စီးထက်ပင် စွမ်းအင် ပိုမို သိုလှောင်နိုင်ပေ၏။

ဤအလွှာနှင့် ဘက်ထရီ တစ်ခုတည်းကပင် ကမ္ဘာကြီး၏ စွမ်းအင်အခင်းအကျင်းကို ပြောင်းလဲပစ်ရန် လုံလောက် နေခဲ့လေသည်။

အကယ်၍ ငါးရံ့နက်နည်းပညာကုမ္ပဏီသည် ဤပေါင်းစပ်စွမ်းအင်အလွှာကို လူသိရှင်ကြား ထုတ်ဖော်ပြသလိုက် မည်ဆိုပါက ကမ္ဘာ့စွမ်းအင်လုပ်ငန်းရှင်ကြီး တစ်ဦး အကြွင်းမဲ့ ဖြစ်လာနိုင်ပေသည်။ ထို့အပြင် ၎င်းတွင် လက်ရှိ ကမ္ဘာ့အဆင့်အမြင့်ဆုံး ဘက်ထရီထက် ငါးဆပိုမို စွမ်းဆောင်နိုင်သော စူပါဘက်ထရီတစ်ခုလည်း ပါရှိနေသေး ၏။

ပို၍ အရေးကြီးသည်မှာ အပူချိန်ထိန်းအဝတ်အစား အတွင်းရှိ ချစ်ပ်ပြားသည်... ဆီလီကွန်အခြေခံ ချစ်ပ်ပြားများ မဟုတ်ဘဲ ကာဗွန်အခြေခံ ချစ်ပ်ပြားများ ဖြစ်နေခြင်းပင် ဖြစ်သည်။

အဆင့်မြင့် ကာဗွန်အခြေခံ ချစ်ပ်ပြားများသည် လက်ရှိ ကမ္ဘာတစ်ဝန်းတွင် သီအိုရီအရသာ တည်ရှိနေသေးပြီး အမြောက်အမြား ထုတ်လုပ်နိုင်သည့် အဆင့်သို့ပင် မရောက်ရှိသေးကြောင်း သိထားရန် အရေးကြီးပေသည်။

အပူချိန်ထိန်းအဝတ်အစားသည် ကိုယ်ခန္ဓာ၏ အခြေအနေအရ ဉာဏ်ရည်တုဖြင့် ချိန်ညှိပေးကာ အတွင်းပိုင်း အပူချိန်နှင့် စိုထိုင်းဆကို ထိန်းညှိရန်အတွက် ဤချစ်ပ်ပြားကို အသုံးပြုထားခဲ့လေသည်။

အပူချိန်ထိန်းအဝတ်အစားနှင့် ပတ်သက်သည့် လေ့လာဆန်းစစ်မှုများကို မြင်တွေ့ပြီးနောက် ကောင်းယွမ် သူတို့ ကို အလွန် ခမ်းနားစွာ ဖိတ်ကြားရလောက်အောင် မည်သည့် နည်းပညာသစ်များ ရှိနေသနည်းဆိုသည်ကို မြင် တွေ့ လိုသောကြောင့် မုကျား သို့ လာရောက်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် ကောင်းယွမ်သည် ကြီးမားသော ဂယက်ရိုက်ခတ်မှုတစ်ခုကို ဖန်တီးတော့မည်ဟု အကြောင်းပြ ချက်များက ဝမ်တာလင်းကို ပြောပြနေခဲ့၏။

စက်ရုပ် ဝန်ဆောင်မှုဝန်ထမ်း တစ်စုက ဤအထင်ကရ ပုဂ္ဂိုလ်ကြီးများကို ဝန်ဆောင်မှု ပေးနေကြလေသည်။

ကောင်းယွမ်သည် ဒေသခံ ခေါင်းဆောင်များထံသို့ လျှောက်သွားခဲ့ရာ ဦးဆောင်သူမှာ စီးပွားရေးဆိုင်ရာ တာဝန်ခံ လင်းကျိုးမြို့၏ ဒုတိယမြို့တော်ဝန် ဝမ်ရှန်းယန် ဖြစ်ပေသည်။

"မြို့တော်ဝန်ဝမ်... အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ... ပန္နက်ချပွဲ အခမ်းအနားကို စတင်ဖို့ ခလုတ်ကို နှိပ်ပေး ပါဦးခင်ဗျာ..."

ဝမ်ရှန်းယန်သည် ပြုံးကာ ပြောလိုက်လေသည်။

"ဥက္ကဋ္ဌကောင်း... ခင်ဗျား ဘာတွေ လုပ်နေတာလဲ... ကျွန်တော် ရုပ်သံလိုင်းက လူတွေအားလုံးကို ဒီနေရာကို ခေါ် လာခဲ့တာနော်... ကျွန်တော့်ကို စိတ်ပျက်အောင်တော့ မလုပ်ပါနဲ့ဗျာ..."

ကောင်းယွမ်သည် အနည်းငယ် ပြုံးလိုက်လေ၏။

"စိတ်မပူပါနဲ့..."

ဝမ်ရှန်းယန်သည် အပြင်ပန်းတွင် တည်ငြိမ်နေပုံပေါ်သော်လည်း အတွင်းစိတ်ထဲ၌မူ အလွန် ဝမ်းသာပျော်ရွှင်နေခဲ့ လေသည်။ ယနေ့သည် လင်းကျိုးမြို့ အတွက် ကံကောင်းသောနေ့ တစ်နေ့ ဖြစ်ပေသည်။

အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ လင်းကျိုးမြို့ သည် နိုင်ငံတစ်ဝန်းတွင် ကျိန်းသေပေါက် နာမည်ကြီးလာတော့မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယနေ့ လာရောက်သူများအားလုံးသည် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ ဖြစ်ကြသည် မဟုတ်ပါလား။

အထူးသဖြင့် ဝမ်တာလင်း လာရောက်မည်ဟူသော အချက်မှာ ဝမ်ရှန်းယန်၏ မျှော်လင့်ချက်ထက် ပိုလွန်နေခဲ့ လေသည်။ ဝမ်တာလင်းသည် ရှနိုင်ငံ ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် နှစ်အတော်ကြာ ရပ်တည်ခဲ့သူ ဖြစ်ပေ သည်။

လင်းမေ သည် ကိရိယာတစ်ခုကို သယ်ဆောင်ကာ လျှောက်လာခဲ့လေသည်။

ကောင်းယွမ်က ဝမ်ရှန်းယန်ကို ပြောလိုက်၏။

"မြို့တော်ဝန်ဝမ်... စလိုက်ကြရအောင်..."

ဝမ်ရှန်းယန်သည် သူ၏ အင်္ကျီလက်များကို ခေါက်တင်လိုက်လေသည်။

"ကောင်းပြီ..."

ထို့နောက် စတင်သည့် ခလုတ်ကို နှိပ်လိုက်လေသည်။

ရှေ့ရှိ မြေကွက်လပ်တွင် အလိုအလျောက် ပွင့်သွားသော သေတ္တာတစ်လုံး ရှိနေလေသည်။ ၎င်းအထဲတွင် ရွှံ့နှင့် တူသော အရာတစ်ခု ရှိနေပြီး ၎င်းသည် ရုတ်တရက် စတင်လှုပ်ရှားလာခဲ့ပေ၏။

၎င်းသည် မုကျား ၏ မူလနေထိုင်သူများ၏ အိမ်ဟောင်းများဆီသို့ ရှေ့သို့ တွားသွာနေခဲ့လေသည်။ ရွှံ့မြေပြင် သည် လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီး ကောင်းယွမ် ဘာလုပ်နေသည်ကို မည်သူမျှ မသိရှိကြပေ။

ဆောက်လုပ်ရေး လုပ်မည်ဟု ပြောထားသည် မဟုတ်ပါလား။

လဲ့ကျန်းကျွင်းသည် ကျိုးလဲ့ကို အနည်းငယ် ရှုပ်ထွေးသွားသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။

"ဥက္ကဋ္ဌကျိုး...ဘာတွေဖြစ်နေတာလဲဆိုတာ ခင်ဗျား နားလည်လား..."

ကျိုးလဲ့သည် ခေါင်းခါလိုက်၏။

"ငါလည်း နားမလည်ဘူး..."

ထို့နောက် သူသည် ယခုလေးတင် ရောက်လာသော ကျိုးချီရှန်းကို ကြည့်ကာ မေးလိုက်လေသည်။

"ဥက္ကဋ္ဌကျိုး ခင်ဗျားက အိမ်ခြံမြေလုပ်ငန်း လုပ်တာဆိုတော့ ဒါက ဘာတွေလုပ်နေတာလဲ..."

ကျိုးချီရှန်းသည်လည်း လုံးဝ နားလည်နိုင်စွမ်း မရှိတော့ချေ။

"ကျွန်တော်လည်း ဘာမှန်းမသိပါဘူး..."

မီဒီယာအများအပြားသည် အခင်းဖြစ်ပွားရာ နေရာတွင် ရိုက်ကူးရေးများ ပြုလုပ်နေကြပြီး လွှမ်းမိုးမှုရှိသော အွန်လိုင်းမီဒီယာ သမားအချို့ကလည်း အခြေအနေကို စောင့်ကြည့်ရန် ရောက်ရှိလာကြကာ သူတို့ရှေ့ရှိ ရွှံ့များကို ရိုက်ကူးနေကြလေသည်။

ထိုအချိန်တွင် ကောင်းယွမ်သည် ရှေ့သို့ တက်လာခဲ့လေသည်။

"အားလုံးပဲ မင်္ဂလာပါ... ကျင်းဟိုင် မုကျား ဖွံ့ဖြိုးတိုးတက်ရေးဇုန်ကနေ ကြိုဆိုပါတယ်... ဒါကတော့ ငါးရံ့နက် နည်းပညာကုမ္ပဏီ စက်မှုဇုန်ရဲ့ ပန္နက်ချပွဲ အခမ်းအနား ဖြစ်ပါတယ်... နောက်ဆက်တွဲအနေနဲ့ ကျွန်တော်တို့ရဲ့ သုတေသနအဖွဲ့ ခေါင်းဆောင် ဝမ်ရီ ကို ကြိုဆိုပေးကြပါ... သူက အပြည့်အစုံ ရှင်းပြပေးပါလိမ့်မယ်..."

မည်သည့် တရားဝင် အခမ်းအနားအစီအစဉ်မှ မပါဘဲ ဉာဏ်ရည်တု သုတေသနအသားပေး အဆောက်အအုံ ကျွမ်းကျင်စက်ရုပ် ဖြစ်သော ဝမ်ရီ သည် ရှေ့သို့ တက်လာကာ စတင်ရှင်းပြလေတော့သည်။

"အခု လူကြီးမင်းတို့ မြင်နေရတဲ့ ရွှံ့တွေက ကျွန်တော်တို့ရဲ့ ငါးရံ့နက်နည်းပညာကုမ္ပဏီက တီထွင်ထားတဲ့ မျိုး ဆက်သစ် ဆောက်လုပ်ရေးပိုးကောင် တွေပဲ ဖြစ်ပါတယ်... ဒီပိုးကောင်ကို စူပါသန္တာကောင် တွေက နေ မျိုးရိုး ဗီဇပြုပြင် ဖန်တီးထားတာပါ... သူတို့က ကွဲပြားတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ဝါးမျိုနိုင်ပြီးတော့ သုညဒသမ တစ်စက္ကန့်အတွင်းမှာ သက်ဆိုင်ရာ ဒြပ်စင်တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်... လက်ရှိမှာတော့ ဆောက်လုပ် ရေးပိုးကောင်တွေက ပွားများနေဆဲပါ... အရေအတွက် သတ်မှတ်ချက် တစ်ခုကို ရောက်တဲ့အခါ သူတို့က ဆောက်လုပ်ရေးကို စတင်ပါလိမ့်မယ်..."

ပထမပိုင်းတွင် လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့ကြလေသည်။

ဤအရာက... ကောင်းယွမ် အရောင်းမြှင့်တင်နေသော အဓိက နည်းပညာဆန်းသစ်တီထွင်မှုကြီး ဖြစ်နေပါ သလား။

ဒါက အသုံးဝင်နိုင့်ပ့ါမလား။

သို့သော်လည်း မိနစ်နှစ်ဆယ် ကြာပြီးနောက်တွင်မူ ရွှံ့များသည် အဆပေါင်း တစ်သန်းအထိ ကျယ်ပြန့်လာခဲ့ ပေသည်။

'ဆောက်လုပ်ရေးပိုးကောင်' ဟူသော အမည်ကို ကောင်းယွမ်က ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး စူပါသန္တာကောင် ထက် ပိုမို သင့်လျော်နေခဲ့လေသည်။

ဆောက်လုပ်ရေးပိုးကောင်များသည် မည်သည့်ဒြပ်စင်ကိုမျှ မထုတ်လွှတ်သည့်အခါ တစ်မိနစ်လျှင် တစ်ကြိမ် ပွားလေသည်။ မိနစ် (၂၀) အတွင်း အကြိမ် (၂၀) ပွားပြီး ၎င်းမှာ အဆ (၂၀) ပွားနေခြင်း ဖြစ်ပေသည်။

အရေအတွက်မှာ အဆပေါင်း တစ်သန်းကျော်အထိ တိုးပွားလာခဲ့ပြီ ဖြစ်၏။

ဤအချိန်တွင် ရွှံ့များသည် သစ်သားပျဉ်ပြား တစ်ဝက်ကို ဖုံးလွှမ်းသွားခဲ့ပြီး ဤနယ်မြေများရှိ မူလ ပြိုကျပျက်စီး နေသော အိမ်ဟောင်းများသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်... ဤဆောက်လုပ်ရေးပိုးကောင်များ၏ မျိုချ ခြင်းကို ခံလိုက်ရခြင်းဖြစ်ပေ၏…. လူအားလုံး အသက်ရှုမှားသွားခဲ့ကြလေတော့သည်။

လုပ်ငန်းခွင် နေရာမှ တိုက်ရိုက်ရုပ်သံကို ဒရုန်းများဖြင့် ရိုက်ကူးကာ ပြန်လည် ထုတ်လွှင့်နေခဲ့လေသည်။

ကောင်းယွမ်၏ အမိန့်ပေးချက်နှင့်အတူ ဝမ်ရီ သည် ဆောက်လုပ်ရေးပိုးကောင် ထိန်းချုပ်မှုစနစ်ကို စတင် ဖွင့်လှစ်လိုက်လေတော့သည်။

All Chapters