← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇)

သူ ရောက်လာပြီ

သူတို့သည် စစ်သင်္ဘောပေါ်သို့ ထပ်မံတက်ရောက်ခဲ့ကြလေသည်။

ကောင်းယွမ်သည် ကြီးစိုးလွှမ်းမိုးနိုင်သော ထိုအရှိန်အဝါများ ပြန်လည်ရောက်ရှိလာပြီဟု ခံစားလိုက်ရ လေ၏။

သူသည် အနာဂတ်ကမ္ဘာတွင် အငယ်တန်းအဆင့်သာ ရှိနေသေးသော်လည်း မကြာမီတွင် အခြေအနေ များကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးကို ရရှိတော့မည် ဖြစ်လေသည်။

ယခုအခါ သူသည် သူ၏ ကြယ်တာရာ စစ်သင်္ဘောကို လက်ရှိကမ္ဘာသို့ မောင်းနှင်သွားကာ သူ၏စွမ်းအား ကို ပြသတော့မည် ဖြစ်၏။

ယခင်လုပ်ထုံးလုပ်နည်းအတိုင်းပင် ကောင်းယွမ်သည် လကမ္ဘာ၏ တစ်ဖက်ခြမ်းသို့ ထပ်မံကွေ့ပတ်သွား ခဲ့ပြန်လေသည်။

ထို့နောက် ပျောက်ကွယ်သွားခဲ့ပြန်ပေသည်။

ထိုသတင်းကို ရရှိသည့်အခါ ဆူးမူယန်သည် လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရလေသည်။ လကမ္ဘာ၏ တစ်ဖက် ခြမ်းတွင် သူ ရှာမတွေ့ခဲ့သော မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေသနည်းဟု သူတွေးနေမိ၏။

*မဖြစ်နိုင်တာပဲ… လပေါ်မှာ သတ္တုတူးနေကြတာ နှစ်တွေအကြာကြီး ရှိနေပြီ… အခြေစိုက်စခန်းတွေဆို ရင်လည်း အကြီးအသေးစုံလို့ ရာနဲ့ချီ ရှိနေတာလေ… အဲဒီမှာ ထူးဆန်းတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေဦး မယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…*

သို့သော် စစ်သင်္ဘောသည် မည်သည့် သတိပေးချက်မျှမရှိဘဲ ပျောက်ကွယ်သွားခဲ့လေ၏။

ပျောက်ကွယ်သွားရခြင်းအတွက် ဖြစ်နိုင်ခြေ နှစ်ခုရှိလေသည်။ ပထမတစ်ခုမှာ အမှန်တကယ်ပင်

ပျောက်ကွယ်သွားခြင်း ဖြစ်၏။

ဤသည်မှာ ဖြစ်နိုင်သည်ဟု ဆူးမူယန် မယုံကြည်ပေ။ ဒြပ်ထုသည် ပြောင်းလဲသွားနိုင်သော်လည်း အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားမည်တော့ မဟုတ်ပေ။

ဒုတိယတစ်ခုမှာ စစ်သင်္ဘော၏ စက်ကိရိယာများ အားလုံးကို အချက်ပြဖြတ်တောက်ခံလိုက်ရခြင်းဖြစ် လေသည်။

ဤသည်မှာ အဖြစ်နိုင်ဆုံးသော ဖြစ်နိုင်ခြေပင် ဖြစ်၏။

ပြီးခဲ့သည့်အကြိမ်က စစ်ဆေးရန် သွားခဲ့သောသူမှာ အသုံးမကျသူ တစ်ဦးဖြစ်လေသည်။

လကမ္ဘာ၏ တစ်ဖက်ခြမ်းတွင် သူ မသိရှိသော အခြေစိုက်စခန်းတစ်ခု သေချာပေါက် ရှိနေမည်ဖြစ်ပြီး ယင်းသည် အချက်ပြမှုများအားလုံးကို ပိတ်ဆို့နိုင်စွမ်းရှိကာ ထိုအခြေစိုက်စခန်းသည် လကမ္ဘာ၏ အနက် ရှိုင်းဆုံး အောက်ခြေတွင် ရှိနေနိုင်ခြေ အများဆုံး ဖြစ်လေသည်။

ထိုနေရာတွင်သာလျှင် အချက်ပြမှုများအားလုံးကို ပိတ်ဆို့ထားနိုင်မည် ဖြစ်၏။

ပထမအကြိမ်က မတော်တဆမှုတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ ကောင်းယွမ်သည် ထိုနေရာသို့ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

*အဲ့နေရာမှာ အတိအကျ ဘာတွေရှိနေတာလဲ…*

ဆူးမူယန်သည် တွေးတောနေမိလေသည်။

*ဖြစ်နိုင်မလား...*

သူ၏စိတ်ထဲတွင် ယုတ္တိမတန်သော အတွေးတစ်ခု ပေါ်လာခဲ့လေ၏။

လူသားတို့၏ သက်တမ်းအရ ကောင်းချိုးသည် သက်ရှိထင်ရှား ရှိနေဆဲဖြစ်ရမည် ဖြစ်သော်လည်း သူ့ကို မည်သူကမျှ မမြင်တွေ့ခဲ့ရသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရှိနေပြီ ဖြစ်လေသည်။

ကောင်းချိုး၏သားဖြစ်သူ ကောင်းကန့်၏ အဆိုအရ သူ၏ဖခင်သည် နေအဖွဲ့အစည်း၏ အပြင်ဘက် ပိုင်းကို စူးစမ်းလေ့လာနေစဉ် နေမုန်တိုင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သူ၏အာကာသယာဉ်မှာ နက်ရှိုင်း သော ဟင်းလင်းပြင်ထဲသို့ လွင့်မျောပါသွားခဲ့သည်ဟု ဆိုကြလေသည်။

ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် သေးငယ်သော အာကာသယာဉ်လေးတစ်စင်းကို ရှာဖွေရခြင်း မှာ ကစားကွင်းတစ်ခုပေါ်တွင် ဘက်တီးရီးယားတစ်ကောင်ကို ရှာဖွေရခြင်းနှင့် တူညီပေသည်။

ဆူးမူယန်သည် သဘာဝကျစွာပင် ယင်းကို မယုံကြည်ခဲ့ပေ။ သို့သော် လူတစ်ယောက်သည် အနှစ်(၂၀) ကြာအောင် ပျောက်ကွယ်နေခဲ့ပါက သူသည် အမှန်တကယ် ပျောက်ကွယ်သွားခြင်းသာ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်လေ၏။

သို့သော် ယခုအခါ ကောင်းယွမ်သည် လကမ္ဘာ၏ တစ်ဖက်ခြမ်းသို့ ဒုတိယအကြိမ် ဆက်တိုက် သွား ရောက်ခဲ့သဖြင့် ဆူးမူယန်မှာ သံသယ ဝင်လာခဲ့လေသည်။

*ကောင်းချိုးက အသက်ရှင်နေဆဲဖြစ်ပြီး လကမ္ဘာရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ အခြေစိုက်စခန်း တစ်ခုခုမှာ ရှိနေတာများလား…*

*သူက တစ်စုံတစ်ခုကို စီစဉ်နေတာ ဖြစ်နိုင်ပြီးတော့ အခု အချိန်ကျလာတာများဖြစ်နေမလား…*

ဆူးမူယန်သည် ထိုအကြောင်းကို ပိုတွေးလေလေ၊ ပို၍ ဖြစ်နိုင်ခြေရှိလေလေဟု ထင်မြင်လာခဲ့လေ၏။

*စွမ်းအားကြီးမားတဲ့ လူသားတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်ကူကူ ပျောက်ကွယ် သွားနိုင်မှာလဲ…*

ထိုသို့ တွေးတောနေရင်း သူသည် စားပွဲပေါ်တွင် သူ၏ လက်ချောင်းများကို မသိမသာ ခေါက်လိုက်မိပြီး နောက် ရုတ်တရက် မော့ကြည့်ကာ ပြောလိုက်လေသည်။

"ဆူးချန်ကို ဒီခေါ်ခဲ့... လောင်ကျိုးက စိတ်ချရတာ မဟုတ်ဘူး..."

ဆူးချန်သည် ဆူးယန်ဇီက လေ့ကျင့်ပျိုးထောင်ပေးထားသော ဆူးမိသားစု၏ မျိုးဆက်သစ် အမွေဆက် ခံသူ ဖြစ်လေသည်။ သူသည် လက်ရှိတွင် အရေးပေါ် ဘေးအန္တရာယ်တုံ့ပြန်ရေး အဖွဲ့ကို ထိန်းချုပ်ထား ပြီး ယင်းတွင် စစ်ရေးအာဏာ အချို့လည်း ပါဝင်လေ၏။

ဆူးချန်သည် အလျင်အမြန်ပင် ရောက်ရှိလာခဲ့ပေသည်။

"အဖေ... ကျွန်တော့်ကို ခေါ်လိုက်တယ်ဆိုလို့..."

"ကောင်းချိုး အသက်ရှင်နေသေးတယ်လို့ ငါ သံသယရှိတယ်..."

ဆူးချန်သည် ဆူးတိုက်ထက် များစွာ ပို၍ ခန့်ညားပြီး ပို၍လည်း တည်ငြိမ်မှု ရှိလေသည်။

ဆူးမူယန်၏ စကားကို ကြားသောအခါ သူက မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

"အဖေ ဘာဖြစ်လို့ အဲဒီလို ထင်ရတာလဲ..."

"ကောင်းယွမ်က သူ့ရဲ့ စစ်သင်္ဘောနဲ့ ထပ်ထွက်သွားပြန်ပြီ... လကမ္ဘာရဲ့ တစ်ဖက်ခြမ်းမှာ ထပ်ပြီး ပျောက် ကွယ်သွားတာပဲ... ဒါက ဒုတိယအကြိမ်နော်... ပြီးခဲ့တဲ့အကြိမ်က ငါ လောင်ကျိုးကို လကမ္ဘာရဲ့ တစ်ဖက် ခြမ်းမှာ သွားစစ်ဆေးခိုင်းပေမဲ့ သူ့လူတွေက အဲဒီမှာ ဘာမှမရှိဘူးလို့ ပြောတယ်လေ... လကမ္ဘာရဲ့ တစ် ဖက်ခြမ်းမှာ လျှို့ဝှက်အခြေစိုက်စခန်းတစ်ခု သေချာပေါက် ရှိနေမယ်လို့ ငါ သံသယဝင်မိတယ်..."

ဆူးချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ကျွန်တော်တို့ လကမ္ဘာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာ နှစ်ရာပေါင်းများစွာ ကြာနေပြီလေ... အဲဒီ မှာ တကယ်သာ အခြေစိုက်စခန်းတစ်ခု ရှိနေရင် ကျွန်တော်တို့ စောစောကတည်းက တွေ့သင့်တာ ပေါ့ ..."

"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က တည်ဆောက်ခဲ့တာဆိုရင်ရော..."

ဆူးချန်သည် အနည်းငယ် ရှုပ်ထွေးသွားခဲ့လေသည်။

"အဖေ... အဲဒါက ဖြစ်နိုင်ပေမဲ့ ယုတ္တိတော့ မတန်ဘူးလေ... ကောင်းချိုးက ဘာလို့ ဒီလိုလုပ်ရမှာလဲ... ဘာရည်ရွယ်ချက် ရှိလို့လဲ..."

ထိုစကားကြောင့် ဆူးမူယန် မှင်သက်သွားခဲ့လေသည်။

ဟုတ်ပေသည်။ အရာအားလုံးတွင် ရည်ရွယ်ချက်နှင့် အကြောင်းရင်းတစ်ခု ရှိစမြဲ ဖြစ်လေ၏။

ထိုအချိန်က ကောင်းချိုး၏ ဩဇာလွှမ်းမိုးမှုသည် အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပေသည်။ သူသည် ကြီးမြတ်သော မိသားစုကြီးသုံးခုကို မလှုပ်ခါနိုင်ခဲ့သော်လည်း သူတို့ကို လိမ္မာစွာ ပူးပေါင်း ဆောင်ရွက်လာစေရန် အတင်းအကျပ် ဖိအားပေးနိုင်ခဲ့လေသည်။

သူ၏ အတောက်ပဆုံးသော အချိန် ကာလတွင် လပေါ်၌ အခြေစိုက်စခန်းတစ်ခု တူးဖော်ကာ ထိုနေရာ တွင် နှစ်နှစ်ဆယ်ကြာအောင် ပုန်းအောင်းနေခဲ့မည်လား။ ယင်းမှာ လုံးဝ ယုတ္တိမတန်လှပေ။

သူ ပြုံးလိုက်လေ၏။

"ငါ အရမ်း အတွေးလွန်လွန်းနေတာပါ..."

ကောင်းချိုး၏ ဩဇာလွှမ်းမိုးမှုမှာ အလွန်ကြီးမားလွန်းနေဆဲဖြစ်ရာ လူတို့သည် သူနှင့် ပတ်သက်လာ ပါက သူတို့၏ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းများကိုပင် ဆုံးရှုံးသွားရသည်အထိ ဖြစ်နေပုံရပေသည်။

"ဒါပေမဲ့ ကောင်းယွမ်က အဲဒီမှာ နှစ်ကြိမ်တောင် ပျောက်ကွယ်သွားတာဆိုတော့ သေချာပေါက် တစ်ခုခု တော့ မှားယွင်းနေတာ ရှိရမယ်... မင်း ဒီလိုလုပ်လိုက်... အဲဒီကို သွားစစ်ဆေးဖို့ လူတစ်ယောက် ထပ် လွှတ်လိုက်..."

"ဟုတ်ကဲ့ပါ အဖေ... ဒါနဲ့ စကားမစပ် ဆူးတိုက်က ဒီရက်ပိုင်း ကောင်းယွမ်နဲ့ ပေါင်းပြီး အချိန်ဖြုန်းနေ တယ်လို့ ကျွန်တော် ကြားတယ်နော်..."

" အဖေ... ဆူးတိုက်ကလည်း ငယ်တော့တာ မဟုတ်ဘူးလေ... သူ ဒီလို ဆက်ပြီး အချည်းနှီး အချိန်ဖြုန်း နေလို့ မရဘူး... နက်ပကျွန်းဂြိုဟ်မှာ သွားပြီး နယ်စပ်စောင့်ဖို့ သူ့ကို လွှတ်လိုက်သင့်တယ်လို့ ကျွန်တော် အကြံပြုချင်တယ်..."

ဆူးမူယန် မှင်သက်သွားခဲ့ရလေသည်။

"နက်ပကျွန်းဂြိုဟ်က အရမ်းဝေးလွန်းတယ်... အသွားအပြန်ဆိုရင်တောင် ခြောက်လလောက် ကြာမှာ... ပြီးတော့ နက်ပကျွန်းဂြိုဟ်မှာ ဘာများရှိလို့လဲ..."

ဆူးချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေ၏။

"အဖေ... ဒီရက်ပိုင်း တစ်ခုခု မှားယွင်းနေသလို ကျွန်တော် ခံစားနေရတယ်... ကျွန်တော်တို့ ဆူးမိသားစု က အခုအချိန်မှာ အရမ်းကို ထင်ပေါ်နေလွန်းသလို ဖြစ်နေတယ်... ဦးလေးကျိုးကတော့ အဆင်ပြေပေမဲ့ ဘဏ္ဍာရေးဌာနက ဦးလေးကျန်းကတော့ အဖေ့အပေါ် နည်းနည်း မကျေမနပ် ဖြစ်နေပုံရတယ်..."

"လောင်ကျန်းက သဘောထား သေးသိမ်တာပါ... သူ့ကို သိပ်ဂရုစိုက်မနေပါနဲ့... သူ ငါ့ကို သဘောမကျ ရင်တောင် ဘာအရေးကြီးလို့လဲ... ငါတို့ သုံးယောက်က ခွဲခြားလို့မရအောင် ပတ်သက်နေပြီးသားပဲလေ ... တစ်ခုခုဖြစ်လာရင်လည်း သူက ငါတို့ဘက်မှာပဲ ရှိနေမှာပါ..."

"ကျွန်တော် သိပါတယ်... ဒါပေမဲ့ ကျွန်တော် စိုးရိမ်တာက အကယ်၍များ... ကျွန်တော်တို့ ဆူးမိသားစုရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဆွေမျိုးတွေ အားလုံးက မြို့တော်ထဲမှာပဲ ရှိနေတာဆိုတော့ တစ်ခုခုဖြစ်လာရင် ပြန်လည် ထူထောင်ဖို့ ခက်ခဲသွားနိုင်လို့ပါ... "

"နက်ပကျွန်းဂြိုဟ်က ဝေးလံခေါင်ဖျားပေမဲ့ နက်ပကျွန်းဂြိုဟ်ရဲ့ အုပ်ချုပ်ရေးမှူးက အဖေ့ရဲ့ တပည့်ပဲလေ ... ဆူးတိုက်က နက်ပကျွန်းဂြိုဟ်ကို သွားပြီး အဲဒီမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရတယ်... အကယ်၍ ... ကျွန်တော်တို့ ကံဆိုးမိုးမှောင်ကျရင်တောင် သူက နက်ပကျွန်းဂြိုဟ်မှာ အခြေအနေကို ပြန်လည် ထိန်း ချုပ်နိုင်ဦးမှာပါ..."

ဆူးမူယန်မှာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရလေသည်။

"ငါတို့ ဆူးမိသားစုက အထွတ်အထိပ်ကို ရောက်နေတာ... ငါတို့က ဘာလို့ ဒါတွေ လိုအပ်မှာလဲ... ပြီး တော့ ဆူးတိုက် လုပ်နေတာက အချိန်ဖြုန်းနေရုံ သက်သက်ပဲလေ... နက်ပကျွန်းဂြိုဟ်ကို သွားတာက လည်း ပျော်ဖို့ပါပဲ... သူက အဲဒီမှာ ဘာအောင်မြင်မှု ရနိုင်မှာလဲ... နက်ပကျွန်းဂြိုဟ်က အရမ်းအေးပြီး အရင်းအမြစ်တွေကလည်း ရှားပါးတယ်လေ..."

"အဖေ... နက်ပကျွန်းဂြိုဟ်ရဲ့ ဂြိုဟ်ရံလတွေဆီကနေ အရင်းအမြစ်တွေကို ထုတ်ယူလို့ရတယ်လေ... နက်ပကျွန်းဂြိုဟ်က အေးပေမဲ့ လောင်စာဆီတော့ မရှားပါဘူး... ရိုးရှင်းတဲ့ ပေါင်းစပ်စွမ်းအင်တစ်ခုက တောင် စွမ်းအင်အများကြီးကို ပေးစွမ်းနိုင်ပါတယ်... သေချာအသုံးချတတ်မယ်ဆိုရင် ကမ္ဘာမြေရဲ့ အရင်းအမြစ်တွေထက်တောင် အများကြီး ပိုကြွယ်ဝပါသေးတယ်..."

"ဒါကလည်း ဟုတ်တာပဲ... မင်းက အကြံပြုလာပြီဆိုမှတော့ ဒီအတိုင်းပဲ လုပ်လိုက်ကြတာပေါ့... နောက် ရက်အနည်းငယ်နေရင် သူ့ကို ငါပြောလိုက်ပါ့မယ်..."

ဆူးချန်သည် တစ်စုံတစ်ရာကို ပြောချင်ခဲ့သော်လည်း တွေဝေသွားကာ ဆက်မပြောဖြစ်တော့ပေ။

...

ထိုအချိန်တွင် ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ရောက်ရှိလာခဲ့လေ၏။

စစ်သင်္ဘောသည် မှန်ဘီလူးအခြေခံ ကင်မရာနှင့် ရေဒါ ကိုယ်ပျောက်စနစ်များ အပါအဝင် ၎င်း၏ ကိုယ် ပျောက်စွမ်းရည်များကို အသက်သွင်းလိုက်လေသည်။ ထို့နောက် စစ်သင်္ဘောကြီးသည် မုကျား၏ အထက်ကောင်းကင်ယံတွင် ဝဲပျံနေခဲ့လေ၏။

ထိုအချိန်တွင် အသစ်ထုတ်လုပ်ထားသော စက်ရုပ်များသည် စစ်သင်္ဘောထဲသို့ ဆက်တိုက် ဝင်ရောက် လာခဲ့ကြလေသည်။

ဤစက်ရုပ်များ အားလုံးမှာ ဓာတ်ဆီဖြန့်ကြဲရန်အတွက် ကောင်းယွမ် ထုတ်လုပ်ထားခြင်း ဖြစ်ပေသည်။ ယခုအခါ ၎င်းတို့ကို စမ်းသပ်ရန် ထိုင်ဝမ်ကျွန်းသို့ သွားရောက်ခြင်းက အချိန်ကောင်းပင် ဖြစ်လေ၏။

စက်ရုပ် အကောင်ရေ (၁၀၀၀၀) ခန့်ဖြင့် စစ်သင်္ဘောအတွင်းရှိ နေရာလွတ်မှာ အတော်လေး ကျဉ်း မြောင်းသွားခဲ့လေသည်။

အလျား မီတာ တစ်ထောင်ကျော် ရှည်လျားသည်ဟု ဆိုကြသော နေအဆင့် စစ်သင်္ဘောကြီးကို သူ ဘယ်တော့များမှ တည်ဆောက်နိုင်မည်နည်းဟု တွေးရင်း ကောင်းယွမ် အနည်းငယ် စိတ်ပျက်သွားခဲ့လေ သည်။

ယင်းက အမှန်တကယ် ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်နှင့် တူပေသည်။

စစ်သင်္ဘောတွင် မူလက တစ်ကိုယ်တော် လက်နက်အမျိုးမျိုးကို တပ်ဆင်ထားသော်လည်း ယခုအခါ ၎င်းတို့အထဲမှ အများစုကို ဖယ်ရှားလိုက်ပြီဖြစ်ရာ လက်နက်အနည်းငယ်သာ ကျန်ရှိတော့လေသည်။ ဆူးတိုက်သည် ၎င်းတို့ကို သူကိုယ်တိုင် အသုံးပြုရန်အတွက် သိမ်းထားချင်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း စစ်သင်္ဘောသည် နောက်ဆုံးတွင် သူ့အတွက် အကျိုးရှိသွားစေလိမ့်မည်ဟု သူ ဘယ်သောအခါမျှ တွေးထင်ထားခဲ့မည် မဟုတ်ပေ။

စက်ရုပ်များ နေရာယူပြီးသွားခဲ့ပြီ ဖြစ်သည်...။

ကောင်းယွမ်သည် ကပ္ပတိန်၏ ထိုင်ခုံတွင် ဝင်ထိုင်ကာ သူ၏လက်ကို ဝှေ့ယမ်းပြလိုက်လေ၏။

"ရှေ့ကိုချီတက်... ခရီးစဉ်ပန်းတိုင်က ထိုင်ဝမ်ကျွန်းပဲ..."

ကျွန်းပေါ်ရှိ နယ်စပ်စောင့်တပ်ဟု ခေါ်ဆိုသော သူများသည် ရုတ်တရက် ဖြစ်ပေါ်လာမည့် စစ်ပွဲတစ်ခု ကြောင့် သူတို့ အဝေးသို့ ပို့ဆောင်ခံရမည်ကို ကြောက်ရွံ့ကာ ဤရက်ပိုင်းအတွင်း အလွန်ပင် စိုးရိမ် ထိတ်လန့်နေခဲ့ကြလေသည်။

သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သော ဝါရင့်စစ်သားတစ်ဦးဖြစ်သည့် ကျိုးရှန်းသည် သူ၏ လက်နက်ကို ဘေးတွင် ပေါ့ပေါ့ပါးပါး ချထားကာ အဝေးသို့ လှမ်းကြည့်ရင်း ကျောက်ဆောင်ပေါ်တွင် ထိုင်နေခဲ့လေသည်။ ထိုအချိန်တွင် ပြီးခဲ့သည့်နေ့က သူ၏မိခင်နှင့် ဖုန်းပြောခဲ့သည်များကို သူ တွေးတော နေမိလေ၏။

သူ၏မိခင်က သူ့အား ပြန်လာစေချင်ခဲ့ပြီး ရှနိုင်ငံက တိုက်ခိုက်တော့မည်ဟု ဆိုလေသည်...။

ငြိမ်းချမ်းရေးမှာ သိပ်ကြာကြာခံမည်မဟုတ်ကြောင်းကို ကျိုးရှန်း သိရှိထားသော်လည်း သူ ထွက်သွား ချင်လျှင်တောင်မှ ထွက်သွား၍ မရနိုင်ခဲ့ပေ။ အရာရှိများသည် သူတို့အား အကျဉ်းသားများထက်ပင် ပို၍ အနီးကပ် စောင့်ကြည့်နေခဲ့ကြပေသည်။ တပ်စခန်းမှာ ကျွန်းငယ်လေးတစ်ခုပေါ်တွင် ရှိနေသဖြင့် သူ ထွက်ပြေးချင်လျှင်တောင်မှ သွားစရာ နေရာမရှိခဲ့ပေ။

ထိုသို့ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာပင် ရုတ်တရက် အရာအားလုံး အမှောင်ကျသွားခဲ့လေသည်။

သူက လန့်ဖြန့်ကာ မော့ကြည့်လိုက်ရာ ဧရာမ သတ္တဝါကြီးတစ်ကောင်က သူတို့၏ အထက်ကောင်းကင် ယံမှ ဝဲပျံသွားခဲ့သည်ကိုတွေ့လိုက်ရလေတော့သည်။

ကျိုးရှန်း မှင်သက်သွားခဲ့ရပေသည်။

All Chapters