← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂)

ကမ္ဘာတစ်ဝန်း တိုက်ရိုက်ထုတ်လွှင့်မှု

ရှနိုင်ငံရှိ သဲကန္တာရ၏ အနောက်မြောက်ဘက် အစွန်းပိုင်း။

ဤနေရာတွင် ရွာတစ်ရွာ ရှိသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက စွန့်ပစ်ခြင်းခံထားရပြီ ဖြစ်လေသည်။ ပြီးခဲ့သောနှစ်မှစ၍ လူများ ရုတ်တရက် ရောက်ရှိလှုပ်ရှားလာခဲ့ကြပေ၏။

ညဉ့်နက်နေပြီ ဖြစ်သော်လည်း ရွာထဲတွင် လူများ လှုပ်ရှားသွားလာနေကြဆဲ ဖြစ်ပေသည်။

ကချာဒိုလီသည် ရွာအဝင်ဝတွင် ရပ်ကာ သူ၏ သေနတ်ကို ကိုင်တွယ်ရင်း ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ယံကို ငေးမောကြည့်နေခဲ့လေသည်။ သူ၏ စိတ်ထဲတွင် လွန်ခဲ့သော အချိန်အတန်ကြာက အမေရိကန် ဒုတိယသမ္မတနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သော စကားများကို ပြန်လည် သတိရနေမိပေ ၏။

လူတိုင်းက အတူတကွ ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင် သူတို့ အမှန်တကယ် ပိုင်ဆိုင်သည့် နိုင်ငံ တစ်နိုင်ငံကို မလွဲမသွေ တည်ဆောက်နိုင်လိမ့်မည်ဟု ဆိုခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်ရောက်လျှင် သူတို့အားလုံး အရာရှိများ ဖြစ်လာကြပေလိမ့်မည်။

ဤကာလအတွင်း အဖွဲ့အစည်းသည် ပြင်ပတွင် အလွန် တက်ကြွလှုပ်ရှားနေခဲ့သော်လည်း သူတို့ တိတိ ကျကျ မည်သည်တို့ကို လုပ်ဆောင်နေကြောင်းကို ကချာဒိုလီ မသိရှိပေ။

အချုပ်အားဖြင့်ဆိုရသော် ယနေ့တွင် စခန်းခေါင်းဆောင်များက လူတိုင်းကို အမြင့်ဆုံး သတိဝီရိယဖြင့် နေထိုင်ကြရန်နှင့် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက မြေအောက်သို့ ချက်ချင်း ဆင်းကြရန် ရုတ်တရက် အမိန့်ပေးထားခဲ့လေသည်။

ဤစွန့်ပစ်ခံရွာလေး၏ အောက်တွင် လူနှစ်ထောင်ခန့် နေထိုင်နိုင်လောက်အောင် ကြီးမားသည့် စခန်းကြီး တစ်ခု ရှိနေကြောင်းကို မည်သူကမျှ မသိရှိကြပေ။

မြေအောက်စခန်းကို ချာမူက ဦးဆောင်ပြီး သူသည် အမေရိကန်တွင် နှစ်ပေါင်းများစွာ ပညာသင်ကြား ခဲ့ပြီးနောက် ဤစခန်းသစ်ကို တည်ထောင်ရန် ပြီးခဲ့သောနှစ်က စေလွှတ်ခံခဲ့ရခြင်း ဖြစ်လေသည်။

ထိုအချိန်တွင် ချာမူသည် ကျမ်းစာများကို ရွတ်ဖတ်နေခဲ့ပေ၏။

အမျိုးသမီးတစ်ဦးသည် အနောက်ဘက်မှ လျှောက်လာခဲ့လေသည်။ သူမသည် အရပ်ရှည်ပြီး လှပသော အပြာရောင် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားပေ၏။

"ချာမူ... မနက်ဖြန် ဟောပြောပွဲကို ဘာလို့ ရပ်နားလိုက်တာလဲ..."

ဟောပြောပွဲများမှာ လူများကို ဆွဲဆောင်ရန်အတွက် သူတို့ အသုံးပြုလေ့ရှိသော သာမန် နည်းဗျူဟာ တစ်ခု ဖြစ်ပေသည်။

သို့သော်လည်း မကြာသေးမီ နှစ်များအတွင်း စီးပွားရေးအခြေအနေများ တိုးတက်လာခြင်း၊ သတင်းအ ချက်အလက်များကို အလွယ်တကူ ရရှိနိုင်ခြင်းနှင့် မိုဘိုင်းဖုန်း တစ်လုံးရှိရုံဖြင့် ကမ္ဘာပေါ်တွင် ဖြစ်ပျက် နေသမျှကို သိရှိနိုင်ခြင်းတို့ကြောင့် လူများကို ဆွဲဆောင်ရန် ပို၍ ခက်ခဲလာခဲ့လေသည်။

ချာမူသည် လှည့်ကြည့်လိုက်လေ၏။

"ရိုင်ကောင်း... လာမယ့်ရက်တွေမှာ ငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး... နားလည် လား..."

"ကျွန်မ နားမလည်ဘူး ချာမူ... ကျွန်မတို့ အားလုံးက အမြင့်ဆုံး ခေါင်းဆောင်ကြီးအတွက် အမှုထမ်းနေ ကြတာလေ... လူတွေကို ပိုပြီး စည်းရုံးနိုင်လေလေ ညီအစ်ကို မောင်နှမတွေ လမ်းမှားရောက်တာကို ပိုပြီး ကာကွယ်နိုင်လေလေပဲ... အခုတောင် လူနည်းနေတာကို ဟောပြောပွဲတွေကိုပါ ရပ်လိုက်တော့..."

ချာမူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

"ရိုင်ကောင်း... မင်းက ငါ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား..."

"ဟုတ်တယ်လေ... ကျွန်မတို့အဖွဲ့က မကြာသေးခင်ကမှ ရွာတစ်ရွာမှာ ဟောပြောပွဲတွေ လုပ်ခဲ့ပြီး အခု ဆို အကျိုးအမြတ် ရတော့မယ့် အချိန်ရောက်နေပြီ... အခုမှ ရပ်လိုက်ရင် အရင်က ကြိုးစားခဲ့သမျှတွေ အလကား ဖြစ်သွားမှာပေါ့..."

"ရိုင်ကောင်း... မင်းက ငါ့ကို မေးခွန်းထုတ်နေတယ်ဆိုမှတော့ စခန်းမှာ ဆက်နေဖို့ မသင့်တော်တော့ဘူး လို့ ထင်တယ်... မနက်ဖြန် တာဝန်တစ်ခု သွားထမ်းဆောင်လိုက်..."

ရိုင်ကောင်းမှာ ဒေါသထွက်နေသည့်အသွင် ဖြစ်နေခဲ့လေ၏။

သို့သော် ချာမူ၏ ပြတ်သားသော အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ သူမသည် အရှုံးပေးလိုက်ရ လေသည်။

"ဘာတာဝန်လဲ..."

"ရှန်းနန်ပြည်နယ်ကို သွားရမယ်... အဲဒီမှာ ငါးရံ့နက် နည်းပညာကုမ္ပဏီဆိုတဲ့ စက်မှုဇုန်တစ်ခု ရှိတယ်... သူတို့ဆီမှာ ကျန်းပိုင်ရီဆိုတဲ့ ဒုတိယဥက္ကဋ္ဌ တစ်ယောက်ရှိပြီး မိန်းမလှလေးတွေကို သဘောကျတတ် တယ်... သူ့အနားကပ်ပြီး ယုံကြည်မှုရအောင် ကြိုးစားပါ... "

"ဖြစ်နိုင်ရင် ကျန်းပိုင်ရီကတစ်ဆင့် ကောင်းယွမ်အနားကို ချဉ်းကပ်ပြီး သူ့ကို သတ်ပစ်လိုက်... အဲဒါ မဖြစ်နိုင်ရင် ကျန်းပိုင်ရီကို သတ်လိုက်... တာဝန်ပြီးမြောက်သွားတာနဲ့ မင်းကို မြင့်မြတ်နယ်မြေဆီ ငါ ပို့ပေးမယ်..."

"မြင့်မြတ်နယ်မြေ ဟုတ်လား..."

ရိုင်ကောင်း၏ မျက်လုံးများမှာ အရောင်လက်သွားခဲ့လေ၏။

"ဟုတ်တယ်... မင်းသာ ကောင်းယွမ်ကို သတ်နိုင်ရင် သန့်ရှင်းသောမြေကို ဝင်ခွင့်ရရုံသာမက အမြင့်ဆုံး ခေါင်းဆောင်ကြီးရဲ့ သွန်သင်ချက်တွေကိုပါ နာယူခွင့်ရမှာ..."

ရိုင်ကောင်းသည် ယခင်က မနှစ်မြို့ဖွယ်ရာများ အားလုံးကို ချက်ချင်းပင် မေ့ပျောက်သွားခဲ့လေသည်။

"တာဝန် ပြီးမြောက်စေရပါမယ်..."

"မင်း လိုအပ်တဲ့ ပစ္စည်းတွေကို အန်တီလပ်ပ်ကို ပြောလိုက်... သူ မင်းအတွက် ပြင်ဆင်ပေးလိမ့်မယ်... ဒီတာဝန် ပြီးသွားရင် မင်းရဲ့ အထောက်အထားက ပေါ်သွားလိမ့်မယ်... တာဝန်ပြီးတာနဲ့ ဒီကို ပြန်မလာ နဲ့တော့... ရှန်းနန်ပြည်နယ်ကနေ ထွက်ခွာပြီး ပင်လယ်ပြင်ကို ထွက်ဖို့ ဟိုင်ပေဆီ တိုက်ရိုက် သွားလိုက် ပါ... အဲဒီမှာ မင်းကို လာခေါ်မယ့်သူ ရှိတယ်..."

ရိုင်ကောင်း ခေါင်းညိတ်လိုက်လေသည်။

"ကျန်းပိုင်ရီနဲ့ ကောင်းယွမ်ရဲ့ သတင်းအချက်အလက်တွေကို နောက်မှ မင်းဆီ ငါ ပို့ပေးလိုက်မယ်... အခု မင်း ပြန်သွားလို့ရပြီ..."

ရိုင်ကောင်း ထွက်သွားရန် ပြင်လိုက်စဉ်မှာပင်။

ရုတ်တရက် အနီရောင်မီးများ နေရာအနှံ့ လင်းလက်လာပြီး စူးရှသော အချက်ပေးသံများ ထွက်ပေါ်လာ ခဲ့ပေတော့သည်။

ချာမူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။

"ရန်သူတွေ တိုက်ခိုက်နေပြီ..."

ရိုင်ကောင်းသည် အပြင်သို့ လျှောက်ထွက်သွားရာ စင်္ကြံတစ်လျှောက်တွင် လက်နက်များ ကိုင်ဆောင် ထားသူများ အပြင်သို့ အုံလိုက်ကျင်းလိုက် ပြေးထွက်သွားကြသည်ကို မြင်လိုက်ရလေ၏။

...

ကောင်းယွမ်သည် အစွန်းရောက်အဖွဲ့အစည်းရှိရာ နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

အပေါ်မှ ငုံ့ကြည့်လိုက်သည့်အခါ ဤနေရာမှာ သဲကန္တာရ အစွန်အဖျားရှိ သာမန် စွန့်ပစ်ခံရွာလေး တစ်ရွာ မျှသာ ဖြစ်ပေ၏။

လေနှင့် သဲများကြောင့် တိုက်စားခံထားရသော ရွှံ့နံရံများမှာ ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်လေသည်။

အချို့သော အိမ်များမှာ သဲများအောက်တွင် တစ်ဝက်ခန့် နစ်မြုပ်နေခဲ့ပြီ ဖြစ်ပေ၏။

အကယ်၍ အန်းနီကသာ မပြောပြခဲ့လျှင် သူ ဤနေရာကို ရှာတွေ့ရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။ ဤနေရာကို မြင်တွေ့ရလျှင်ပင် ထိုသို့ တွေးမိမည် မဟုတ်ပေ။

သို့သော်လည်း စက်ရုပ်၏ စုံစမ်းစစ်ဆေးမှုအရ ထိုနေရာတွင် လူအတော်များများ အမှန်တကယ် ရှိနေ ကြောင်း တွေ့ရှိခဲ့ရလေသည်။

ထိုအချိန်တွင် ရှုကျိုနှင့် သူ၏အဖွဲ့သည် အောက်သို့ ခုန်ဆင်းသွားခဲ့ကြပြီ ဖြစ်ပေ၏။

ညအမှောင်ယံတွင် လေဆာလက်နက်များမှာ အထူးပင် သိသာထင်ရှားနေခဲ့လေသည်။

ကောင်းယွမ်သည် တစ်ကိုယ်တော် တိုက်ခိုက်ရေး စက်ရုပ်ဝတ်စုံကို ဝတ်ဆင်လိုက်လေသည်။

ထိုစက်ရုပ်ဝတ်စုံမှာ သေးငယ်ပြီး အရပ်လေးမီတာ အောက်သာရှိကာ ပုံသဏ္ဍာန် ပြောင်းလဲနိုင်ပေ၏။ အာကာသဘက်စ်ကားသည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့လေသည်။

ကောင်းယွမ်သည် အတွင်းမှ လျှောက်ထွက်လာခဲ့လေ၏။

ထိုအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ရုပ်မြင်သံကြား စခန်းများ၊ အဓိက တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း များနှင့် ဗီဒီယို ဝက်ဘ်ဆိုက်များ အားလုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှုများ ပေါ်လာခဲ့ပေသည်။ တိုက်ရိုက် ထုတ်လွှင့်မှု မျက်နှာပြင်မှာ လုံးဝ အမည်းရောင် ဖြစ်နေခဲ့လေသည်။

လူဒါဇင်ပေါင်းများစွာ အောက်သို့ ခုန်ဆင်းသွားသည်ကို ဝိုးတဝါး မြင်တွေ့လိုက်ရပြီးနောက် စတုရန်းပုံစံ ယာဉ်ပျံတစ်စီး ဆင်းသက်လာသည်ကို မြင်လိုက်ရလေ၏။ ယာဉ်ပျံ၏ အလင်းရောင် အကူအညီဖြင့် သူတို့ မြင်တွေ့နေရသည်မှာ သဲကန္တာရ အစွန်အဖျားရှိ စွန့်ပစ်ခံရွာလေး တစ်ရွာ ဖြစ်ကြောင်း သိရှိလိုက် ရပေသည်။

"ဘာတွေ လုပ်နေတာလဲ..."

"ငါ ကောင်မလေးတစ်ယောက်ရဲ့ တိုက်ရိုက်လွှင့်တာကို ကြည့်နေတာလေ... ဘယ်သူက ဒီကို ပြောင်း လိုက်တာလဲ... ပြီးတော့ ပိတ်လို့လည်း မရဘူး... ဗိုင်းရပ်စ် ဝင်သွားတာလား..."

"ဒါ ဘာကြီးလဲ... ဘာတွေ လုပ်နေတာလဲ..."

"ဟက်ခံရတာလား... ငါ့ရုပ်ရှင် ဘယ်ရောက်သွားပြီလဲ..."

ဤသည်မှာ ပြည်တွင်းတွင်သာမက နိုင်ငံတကာတွင်ပါ အလားတူ ဖြစ်ပျက်နေခဲ့လေသည်။

လူများစွာသည် မကျေမနပ် ညည်းညူနေခဲ့ကြပေ၏။

"တောက်... ငါ့ဖုန်း ဟက်ခံရတာ သေချာတယ်..."

"ဒီတိုက်ရိုက်လွှင့်တာက ဘာအကြောင်းလဲဆိုတာ သိတဲ့သူ ရှိလား..."

"ဘုရားရေ... ငါ ဘာတွေ မြင်နေရတာလဲ... စက်ရုပ်ဝတ်စုံတွေ ပါလား..."

ကောင်းယွမ် ပေါ်လာသည့် အချိန်မှစ၍ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ မှင်သက်သွား ခဲ့ကြလေတော့သည်။

ဤသည်မှာ လက်တွေ့ဘဝ မြင်ကွင်းတစ်ခု ဖြစ်သင့်သော်လည်း အဘယ်ကြောင့် စက်ရုပ်ဝတ်စုံများ

ရှိနေရသနည်း။

ကောင်းယွမ်သည် မြေအောက်စခန်း အဝင်ဝသို့ ရောက်ရှိလာချိန်တွင် အစွန်းရောက်အဖွဲ့၏ မြေပြင်ပေါ် ရှိ လူများ အားလုံး ရှင်းလင်းခံရပြီး ဖြစ်လေသည်။

အဝင်ဝတွင် လူများသည် မြေအောက် ခံတပ်များကို အသုံးပြု၍ ပြန်လည်ခုခံရန် ကြိုးစားနေကြပေ သည်။ စက်ရုပ်များသည် သေနတ်များကို မကြောက်ရွံ့သော်လည်း ကျည်ဆန်များ အလွန်အကျွံ ထိမှန် ပါက ၎င်းတို့၏ အတွင်းပိုင်း တည်ဆောက်ပုံကို ပျက်စီးစေနိုင်လေသည်။ ဤတစ်ကြိမ် ဝင်ရောက်စီးနင်း ရာတွင် အပေါ့စား လက်နက်များကိုသာ အသုံးပြုခဲ့ပြီး လက်နက်ကြီးများ အသုံးပြုခဲ့ခြင်း မရှိပေ။

ထို့ကြောင့် လုံခြုံရေးစက်ရုပ်များက ဆယ်မိနစ်ကျော်ခန့် တိုက်ခိုက်ခဲ့သော်လည်း ထိရောက်မှု သိပ်မရှိ ခဲ့ပေ။ မိုးသီးများသဖွယ် ရွာကျနေသော ကျည်ဆန်များကြောင့် သူတို့သည် အဝင်ဝ၏ အပြင်ဘက်တွင် သာ ပိတ်မိနေခဲ့လေသည်။

ကောင်းယွမ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်လေ၏။ ဤတစ်ကိုယ်တော် စက်ရုပ်ဝတ်စုံမှာ အာကာသဘက်စ် ကား၏ ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်ဝတ်စုံ ဖြစ်ပြီး စစ်သင်္ဘောပေါ်တွင် သယ်ဆောင်လာသော တစ် ကိုယ်တော် တိုက်ခိုက်ရေး စက်ရုပ်ဝတ်စုံများနှင့် ကွာခြားပေသည်။ ပထမဆုံးအနေဖြင့် အရွယ်အစားမှာ များစွာ ကွာခြားလှပေသည်။

တစ်ကိုယ်တော် တိုက်ခိုက်ရေး စက်ရုပ်ဝတ်စုံမှာ ဆယ့်ရှစ်မီတာ မြင့်မားလေသည်။ သို့သော်လည်း ဤသည်မှာ ကောင်းယွမ်အတွက် လုံလောက်နေခဲ့ပြီ ဖြစ်ပေ၏။

တစ်ကိုယ်တော် ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်ဝတ်စုံသည် အဝင်ဝဆီသို့ လျှောက်သွားခဲ့ပြီး ၎င်း၏ လက်မောင်းပေါ်ရှိ လျှပ်စစ်သံလိုက်အမြောက် က စွမ်းအင်မြင့် ကျည်များကို စတင် ပစ်ခတ်လိုက်လေ တော့သည်။ ဤလျှပ်စစ်သံလိုက်အမြောက်များကို အာကာသအတွင်းရှိ အပျက်အစီးများကို ရှင်းလင်း ရန် အသုံးပြုခြင်းဖြစ်သော်လည်း ယခုအခါ ၎င်းတို့သည် မြေအောက်စခန်း၏ အဝင်ဝကို ထိမှန်သွားခဲ့ ပြီး ကွန်ကရစ် အပိုင်းအစကြီးများ ပြိုကျကာ အပျက်အစီးများ နေရာအနှံ့ လွင့်စဉ်သွားစေခဲ့ပေသည်။

လူအုပ်ထံမှ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့လေတော့၏။

သာမန် ကျည်ဆန်များသည် စက်ရုပ်ဝတ်စုံများကို ထိမှန်သော်လည်း အရာပင် မထင်ခဲ့ပေ။ ကောင်းယွမ် သည် အဝင်ဝဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ကောင်းယွမ်သည် ပို၍ သက်တောင့်သက်သာ ရှိစေရန်နှင့် ရုတ်တရက် အမှားအ ယွင်းများ မဖြစ်ပေါ်စေရန်အတွက် အချိန်၏ စီးဆင်းမှုကို ပြောင်းလဲရန် အမှောင်ဒြပ်ထု သေတ္တာကို အသက်သွင်းလိုက်လေသည်။

ထိုစဉ် လူတစ်ယောက်သည် အော်ဟစ်ကာ ကောင်းယွမ်ဆီသို့ ပြေးလာခဲ့လေသည်။ ထိုလူ၏ ကိုယ်ပေါ် တွင် ဗုံးတစ်လုံး ပါလာကြောင်း ကောင်းယွမ် မြင်လိုက်ရသော်လည်း ဤအချိန်တွင် ထိုလူ၏ လှုပ်ရှားမှု များမှာ ရုပ်ရှင်ထဲမှ အလွန်နှေးကွေးသော လှုပ်ရှားမှုများကဲ့သို့ ဖြစ်နေခဲ့ပေတော့သည်။

ကောင်းယွမ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ထိုလူကို အနောက်သို့ ကန်ထုတ်လိုက်လေ၏။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများအတွက်မူ မြင်ကွင်းမှာ ကွာခြားနေခဲ့ပေသည်။ စက်ရုပ်ဝတ်စုံဆီသို့ အပြေးအလွှား လာနေသော အသေခံဗုံးတစ်လုံးကို မြင်လိုက်ရပြီး ထိုစက်ရုပ် ဝတ် စုံက ရုတ်တရက် အရှိန်တင်ကာ သူ့ကို အနောက်သို့ ကန်ထုတ်လိုက်သည်ကို တွေ့လိုက်ရလေသည်။ ထို့ နောက် အဝင်ဝတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကြီးမားသော ဟာကွက်တစ်ခု ဖြစ်ပေါ်သွားခဲ့ပေ၏။

စက်ရုပ်ဝတ်စုံသည် တယ်လီပို့ လုပ်လိုက်သကဲ့သို့ အဝင်ဝသို့ ရောက်ရှိသွားခဲ့ပြီး လှုပ်ရှားမှုများမှာ အလွန် လျင်မြန်လှသဖြင့် ၎င်း၏ ပုံရိပ်ယောင်များကိုပင် မြင်တွေ့နိုင်လေသည်။

စက်ရုပ်ဝတ်စုံသည် ၎င်း၏ စွမ်းအားများကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ပြီး အနီးကပ် တိုက်ပွဲတွင် ရန်သူများကို တစ်ယောက်ပြီး တစ်ယောက် ရှင်းလင်းလိုက်ကာ မကြာမီမှာပင် အဝင်ဝကို ရှင်းလင်းသွား စေခဲ့လေသည်။

ထို့နောက် အထူးတပ်ဖွဲ့များ' က ၎င်းတို့၏ စွမ်းဆောင်ရည်များကို ဆက်လက် ပြသနေခဲ့ကြပေတော့ သည်။

All Chapters