← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂)

ဤသည်မှာ ရှေးဟောင်းဒင်္ဂါးများ ဖြစ်၏

ထိုအလှပဂေးလေးသည် ကြက်ကင်တစ်ကောင်ကို ထုပ်ပိုးပေးရင်း ပြောလိုက်၏။

"အစ်ကို... ကျွန်မတို့ဆိုင်မှာ ငွေပေးချေမှုစနစ် အစုံလက်ခံပါတယ်ရှင်….။ မျက်လုံး၊ လက်ဗွေ ဒါမှမဟုတ် ဦးနှောက်လှိုင်းနဲ့ ငွေပေးချေနိုင်ပါတယ်ရှင်..."

*မျက်လုံး၊ လက်ဗွေ၊ ဦးနှောက်လှိုင်း ဟုတ်လား...*

ကောင်းယွမ်မှာ အံ့အားသင့်သွားရ၏။ ဤသည်မှာ မည်သည့်ကမ္ဘာဖြစ်ပါစေ သူသည် ဤနေရာတွင် သုံးသည့် ငွေကြေးကို ပိုင်ဆိုင်ထားခြင်း မရှိပေ။ သူသည် အိတ်ကပ်များကို စမ်းသပ်ကြည့်ကာ ငွေပေးချေရန် တစ်စုံတစ် ရာ ရှိမရှိ ရှာဖွေကြည့်လိုက်လေသည်။

အနီရောင် ငွေစက္ကူတစ်ရွက်၊ ချောကလက် တစ်ဝက်၊ စီးကရက် တစ်ဝက်နှင့် မီးခြစ်တစ်လုံးသာ ရှိလေ၏။

ကောင်းယွမ်မှာ အနည်းငယ် ရှက်ရွံ့သွားရသည်။ ဤပစ္စည်းများအနက် မည်သည့်အရာကမျှ တန်ဖိုးရှိသည်ဟု မထင်မှတ်မိပေ။

"အမ်... တောင်းပန်ပါတယ်၊ ကျွန်တော် မယူတော့ပါဘူး..."

ထိုသို့ ပြောဆိုပြီးနောက် သူသည် ထွက်ခွာရန် ပြင်လိုက်စဉ်...

"အဲဒါ ရှေးဟောင်းငွေစက္ကူမဟုတ်လား... အစစ် ဟုတ်မဟုတ် သိချင်လိုက်တာ..."

*ရှေးဟောင်းငွေစက္ကူ ဟုတ်လား...*

ကောင်းယွမ်သည် ချက်ချင်းပင် နားလည်သွား၏။ ဤသည်မှာ အနာဂတ်ကမ္ဘာ ဖြစ်ပေလိမ့်မည်၊ သို့သော် မည်သည့်ခုနှစ်ဖြစ်သည်ကိုကား မသိရှိပေ။

ကောင်းယွမ် နောက်သို့ လှည့်ကြည့်လိုက်ရာ အသက်အရွယ် အသင့်အတင့်ရှိသော အမျိုးသားတစ်ဦးကို တွေ့ လိုက်ရလေသည်။

"ညီလေး... အဲဒီငွေစက္ကူကို ရောင်းမှာလား..."

ထိုအမျိုးသားသည် ကောင်းယွမ်၏ လက်ထဲတွင်ရှိသော ငွေစက္ကူကို ကြည့်ကာ မေးမြန်းလိုက်၏။

ကောင်းယွမ်သည် တည်ငြိမ်စွာပင် ထိုအမျိုးသားကို စိုက်ကြည့်လိုက်သည်။

"ခင်ဗျား ဝယ်ချင်လို့လား..."

"ဟုတ်ပါတယ်၊ ညီလေးရဲ့ အဝတ်အစားကို ကြည့်ရတာ ညီလေးဟာ ချမ်းသာတဲ့သူတစ်ယောက် ဖြစ်မှာပါ။ ဆင်းရဲတဲ့သူတွေက အပူချိန်ထိန်းအဝတ်အစားတွေကိုသာ ဝတ်ဆင်ကြတာ၊ ချမ်းသာတဲ့သူတွေပဲ သဘာဝ အပင်မျှင် အဝတ်အစားတွေကို ဝတ်ဆင်နိုင်တာလေ။ ညီလေးရဲ့ အဝတ်အစားက တန်ဖိုးကြီးလှပါတယ်။ ချမ်းသာတဲ့သူတွေ ဆောင်ယူလာတဲ့အရာတွေက အတုမဖြစ်နိုင်ပေမဲ့ ကျွန်တော် စစ်ဆေးကြည့်ဖို့တော့ လို ပါဦးမယ်..."

ထိုအမျိုးသားသည် ကောင်းယွမ်ကို တစ်ကိုယ်လုံး ခြုံငုံကြည့်ရှုရင်း ပြောလိုက်၏။

"အော်... ဘယ်လိုစစ်ဆေးမှာလဲ..."

ကောင်းယွမ်က မေးလိုက်လေသည်။

"ဟဲဟဲ... ညီလေးလက်ထဲက ငွေစက္ကူက ရှေးဟောင်းဒင်္ဂါးအမျိုးအစားပဲ။ စုဆောင်းသူတွေကြားမှာ တန်ဖိုး အလွန်ကြီးမားပြီး အခြေအနေကလည်း ကောင်းမွန်နေသေးတယ်။ ဒါပေမဲ့ လက်ရှိခေတ်မှာ အတုတွေ အများ ကြီး ရှိနေတော့ ကျွန်တော့်မှာ ကိုယ်ပိုင် စစ်ဆေးနည်းတွေ ရှိပါတယ်..."

ထိုသို့ ပြောဆိုပြီးနောက် ထိုအမျိုးသားသည် ငွေစက္ကူစစ်ဆေးသည့် စက်ငယ်တစ်ခုကို ထုတ်လိုက်သည်။

"ဒါက ကျွန်တော့်ရဲ့ ရတနာပဲ။ ရှေးဟောင်းငွေစက္ကူတွေက အစစ်အမှန်ဖြစ်ရင် စုဆောင်းသူတွေကြားမှာ အလွန်ရေပန်းစားပါတယ်..."

ကောင်းယွမ်သည် ထိုစက်ကို မြင်သောအခါ အနည်းငယ် ဝေဝါးသွားသော်လည်း ချက်ချင်းပင် သာမန်အတိုင်း ပြန်ဖြစ်သွားသည်။

"ဒီငွေစက္ကူက ဘယ်ခေတ်ကလို့ ထင်လဲ..."

ထိုမေးခွန်းကို ကြားသောအခါ အမျိုးသား၏ စိတ်ဝင်စားမှုမှာ ပိုမိုတိုးပွားသွား၏။

"ဟဲဟဲ... မေးသင့်တဲ့သူကို မေးလိုက်တာပါပဲ။ ရှေးခေတ်တုန်းက နိုင်ငံတွေ အများကြီးရှိပြီး နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ငွေကြေးတွေ ရှိခဲ့ကြတော့ ရှေးဟောင်းငွေစက္ကူအမျိုးအစားတွေကလည်း အများကြီးပဲ။ ဒါပေမဲ့ တန်ဖိုးနဲ့ အကဲဖြတ်တဲ့နည်းလမ်းတွေကတော့ ကွဲပြားကြတယ်။ ညီလေးလက်ထဲက တစ်ခုမှာ ဟန်စာလုံးတွေ ပါ ပြီး အောက်ခြေမှာ နှစ်ကာလကို ရေးထားတယ်၊ (၂၀၁၈) တဲ့… ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၆)ခုနှစ်က ရှနိုင်ငံ ငွေစက္ကူဆိုတာ အထင်အရှားပဲ…."

ကောင်းယွမ်သည် စိတ်ထဲမှ တအံ့တဩ ဖြစ်သွားရသည်။

*လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၆) ခုနှစ် ဟုတ်လား….*

လက်ရှိ ခုနှစ်ကို တွက်ချက်ကြည့်ရင် (၃၀၂၄) ခုနှစ် ဖြစ်ပေလိမ့်မည်...။ ဤသည်မှာ နှစ်တစ်ထောင်ကျော် ကာလလွန် ကမ္ဘာဖြစ်နေပါသလား။

အဘယ်ကြောင့် နှစ်တစ်ထောင်ကျော်ပြီးသည့်တိုင် ကမ္ဘာလောကကြီးမှာ အမှန်တကယ် စည်းလုံးခြင်းသို့ မရောက်ရှိသေးပါသနည်း။

ကောင်းယွမ်သည် ဤကမ္ဘာအကြောင်းကို လေ့လာရန် နေရာတစ်ခု ရှာဖွေချင်နေခဲ့လေသည်။

"အစ်ကိုကြီး... ဒီငွေစက္ကူက ဘယ်လောက် တန်ဖိုးရှိမယ်လို့ ထင်သလဲ..."

ထိုအမျိုးသားသည် စစ်ဆေးကြည့်ပြီးနောက် ဝမ်းသာအားရ ဖြစ်သွား၏။ သူထင်သည့်အတိုင်းပင် အစစ်အမှန် ဖြစ်နေသည်။

"ညီလေး... အစ်ကိုကြီးက မင်းကို အလိမ်မပြောပါဘူး။ ဒီငွေစက္ကူကို လုံကျင်းမြို့မှာ ရောင်းမယ်ဆိုရင် ကျွန်တော်ကပဲ ဈေးအကောင်းဆုံး ပေးနိုင်ပါတယ်။ တိုတိုပဲ ပြောရရင် ဈေးနှုန်းကတော့ သိန်းတစ်ရာ…"

*သိန်းတစ်ရာ ဟုတ်လား...*

ကောင်းယွမ် စိတ်ထဲမှ တွက်ချက်လိုက်၏။ ခုနက ကြက်ကင်တစ်ကောင်ကို တစ်ရာပေးရသည်ဆိုလျှင် ဤ ငွေစက္ကူတစ်ရွက်မှာ ကြက်ကင်အကောင်တစ်သိန်းဖိုးနှင့် ညီမျှနေပေသည်။ ငွေကြေးဖောင်းပွမှုကို ဖယ်ထုတ်ပြီး တွက်ချက်ကြည့်လျှင် ကြက်ကင်တစ်သိန်းမှာ ငါးသန်းခန့် ဖြစ်ပေလိမ့်မည်...။

ဤသည်မှာ ထီပေါက်သကဲ့သို့ပင် ဖြစ်၏။

"သဘောတူပါတယ်။ တခြားဟာတွေရော ဝယ်ဦးမလား..."

ကောင်းယွမ်က မေးလိုက်သည်။

"တခြားဟာတွေ ဟုတ်လား... ညီလေးမှာ ကောင်းတဲ့ပစ္စည်းတွေ ရှိသေးလို့လား... တစ်နေရာမှာ သွားပြော ကြရအောင်..."

ခဏအကြာတွင် သူတို့နှစ်ဦးမှာ စားသောက်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေကြ၏။

စားပွဲပေါ်တွင် ဟင်းလျာများမှာ အပြည့်ဖြစ်နေလေသည်။

ထိုအမျိုးသားသည် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"ညီလေး... ဒီနေ့တော့ အစ်ကိုကြီး အကုန်အကျခံလိုက်ပါပြီ…၊ ဓာတုနည်းနဲ့ ဖော်စပ်ထားတာ မဟုတ်ဘဲ အစစ် အမှန် ကြက်ကင်ကို မှာပေးထားတယ်။ အာဟာရအနှစ်တွေတော့ မဟုတ်ဘူးပေါ့။ ဒီကြက်ကင်က ငါးသောင်း တန်တယ်... ဒီဟင်းသီးဟင်းရွက်ပန်းကန်ကလည်း သဘာဝအတိုင်းပဲ၊ နှစ်သောင်းတန်တယ်..."

"ဘယ်လောက်... ဘယ်လောက်တန်တယ် ဟုတ်လား... ဒီလောက်တောင် ဈေးကြီးသလား..."

ကောင်းယွမ်မှာ ကြောင်အသွားရ၏။

“ကြက်ကင်တစ်ကောင် ငါးသောင်း၊ ဟင်းပွဲတစ်ပွဲ နှစ်သောင်း ဟုတ်လား...”

"ဈေးကြီးတာပေါ့။ အစ်ကိုတောင် ကိုယ့်ဘာသာဆိုရင် မစားရက်ဘူး၊ ညီလေးကို ဧည့်ခံတာမို့လို့ပါ… ပုံမှန် ဆိုရင်တော့ အာဟာရအနှစ်တွေပဲ စားတာပါ၊ ဈေးလည်း သိပ်မကြီးဘူး။ ဓာတုအစားအစာတွေကိုပဲ စားတာ များတယ်၊ ဒီလို သဘာဝအစားအစာတွေကိုတော့ မစားရက်ပါဘူး..."

"အစ်ကိုကြီး ညီလေး ကို ဘယ်လို ခေါ်ရမလဲ..."

"ကောင်းယွမ်..."

"ကောင်းညီလေး... အစ်ကိုကြီးနာမည်က ချင်းမူကုထျန်းပါ။ အစ်ကိုထျန်းလို့ပဲ ခေါ်လိုက်ပါ… ငါထင်တဲ့အတိုင်းပဲ ညီလေးက ချမ်းသာတဲ့သူပါပဲ။ နာမည်မှာ စာလုံးနှစ်လုံးပဲ ပါတယ်၊ တောက်... ချမ်းသာပြီး အဆင့်အတန်းရှိတဲ့သူ ပဲ။ အစ်ကို့လို အလုပ်ကြမ်းသမားနဲ့တော့ မတူပါဘူး၊ စာလုံးလေးလုံးနဲ့ပဲ ရောင့်ရဲနေရတာ။ စာလုံးရှစ်လုံးနဲ့သူ တွေကတော့ အဆိုးဆုံးပဲ၊ တစ်နှစ်ပတ်လုံး အာဟာရအနှစ်တွေပဲ စားရတယ်၊ အပူချိန်ထိန်း အဝတ်အစားတွေပဲ ဝတ်ရတယ်၊ အခမဲ့ပေးတဲ့ အလကား ဗီအာ ဂိမ်းတွေကိုပဲ ကစားနေရတာ..."

"အစ်ကိုထျန်း... နာမည်က ချမ်းသာ၊ ဆင်းရဲနဲ့ ဆိုင်လို့လား..."

ကောင်းယွမ်က မေးလိုက်၏။

ချင်းမူကုထျန်းက မျက်ခုံးကို ပင့်လိုက်သည်။

"ဆိုင်တာပေါ့…။ ညီလေး... ညီလေး တစ်ယောက်တည်း အပြင်သိပ်မထွက်ဖူးဘူးလား… ကမ္ဘာ့လူဦးရေ (၅၀) ဘီလီယံ လုံးက ဟန်စာလုံးတွေကိုပဲ သုံးကြတာ။ စဉ်းစားကြည့်လေ၊ မျိုးရိုးနာမည်က နှစ်ထောင်မပြည့်ဘူး၊ အသုံးများတဲ့ ဟန်စာလုံးကလည်း သုံးထောင်ပဲ ရှိတာ… ရှားပါးတာတွေ ပါမယ်ဆိုရင်တောင် တစ်သောင်းပဲ ရှိတာလေ… လူတိုင်းသာ နာမည် နှစ်လုံးနဲ့ ခေါ်မယ်ဆိုရင် မဖြစ်နိုင်ဘူးလေ၊ နာမည်တွေက ထပ်သွားမှာကိုး..."

*ကမ္ဘာကြီးတစ်ခုလုံးက ဟန်စာလုံးတွေကိုပဲ သုံးတာ ဟုတ်လား...*

ကောင်းယွမ်မှာ အံ့ဩသွားခဲ့ရလေသည်။ ဤကမ္ဘာကြီးမှာ သူထင်ထားသည်ထက် ပိုမိုကွဲပြားနေပုံရပေ၏။

*နှစ်တစ်ထောင်ကျော်ပြီးနောက် ရှနိုင်ငံကပဲ ကမ္ဘာကို အုပ်ချုပ်နေတာလား...*

"ဒါကြောင့် နာမည်တွေကို လူမှုအဆင့်အတန်းအလိုက် ပေးတာလေ။ အဆင့်အတန်း အမြင့်ဆုံးသူတွေက စာလုံး နှစ်လုံး၊ ပြီးရင် သုံးလုံး၊ လေးလုံး... အဆင့်နိမ့်ဆုံးသူတွေကတော့ စာလုံးရှစ်လုံးပေါ့…"

ကောင်းယွမ်မှာ အံ့ဩလျက် ရှိနေ၏...

မျက်မှောက်ခေတ်လူသားတစ်ဦး၏ အမြင်တွင် နှစ်တစ်ထောင်လွန် ကမ္ဘာကြီးမှာ အားလုံးစည်းလုံးညီညွတ်ပြီး လိုအပ်ချက်အလိုက် ဝေစုရရှိသည့် ကွန်မြူနစ်ဝါဒ စနစ်ဖြစ်သင့်သည်။ အဘယ်ကြောင့် ဤကမ္ဘာကြီးမှာ အဆင့် အတန်းကွဲပြားမှု ပိုမိုကြီးမားနေရပါသနည်း...။

နာမည်မှအစ အစားအစာ၊ အဝတ်အစားအထိ အရာအားလုံးမှာ လူမှုအဆင့်အတန်းကို ဖော်ပြနေကြလေ၏...။

"အစ်ကိုထျန်း... အောက်ခြေက လူတွေက မကျေမနပ်မဖြစ်ကြဘူးလား..."

ချင်းမူကုထျန်းက လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။

"မကျေမနပ်ဖြစ်တာ ဟုတ်လား... ဘာကို မကျေနပ်ရမှာလဲ။ သူတို့မှာ ဗိုက်မဆာဘူး၊ အအေးမဒဏ်မခံရဘူး၊ စားစရာနဲ့ နေစရာ ရှိတယ်၊ အခမဲ့ဂိမ်းနဲ့ အခမဲ့ သယ်ယူပို့ဆောင်ရေးလည်း ရှိတာပဲ။ သူတို့ ဘာကို မကျေနပ် ရမှာလဲ..."

ကောင်းယွမ် ခေါင်းညိတ်လိုက်သည်။ ထိုအခြေအနေဆိုလျှင်တော့ မကျေနပ်စရာ အကြောင်းမရှိတော့ပေ။

"ဒါဆို အစ်ကိုထျန်း... ဘာလို့ စီးပွားရေးလုပ်နေတာလဲ။ အိမ်မှာပဲ နေတာ ပိုမသက်သာဘူးလား..."

ချင်းမူကုထျန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကောင်းညီလေး... အဲဒီလို ပြောလို့ မရဘူးလေ… အစ်ကိုလည်း သဘာဝအပင်မျှင် အဝတ်အစားတွေကို ဝတ် ချင်တာပေါ့။ ဓာတုနည်းနဲ့ ဖော်စပ်ထားတဲ့ ကြက်သားနဲ့ အာဟာရအနှစ်တွေအစား တကယ့်ကြက်ကင်စစ်စစ်ကို နေ့တိုင်း စားချင်တာပေါ့…အစ်ကို့ သားကိုလည်း စာလုံး နှစ်လုံး ဒါမှမဟုတ် သုံးလုံးနဲ့ နာမည်ပေးချင်တာပေါ့..."

ကောင်းယွမ် နားလည်သွားခဲ့၏...

နှစ်တစ်ထောင်လွန် ကမ္ဘာတွင် အောက်ခြေလူတန်းစားများပင် သက်သောင့်သက်သာ နေထိုင်နိုင်ကြသော်လည်း ရည်မှန်းချက်မရှိဘဲ လက်ရှိဘဝဖြင့် ရောင့်ရဲနေကြသူများ ဖြစ်ပေသည်။

သို့သော် လူ့စိတ်ဆိုသည်မှာ မည်သည့်အခါမျှ ရောင့်ရဲခြင်း မရှိပေ။ ငတ်မွတ်ခေါင်းပါးသော ခေတ်ကဆိုလျှင် ဗိုက်ဝရုံ၊ မြေကြီးမစားရရုံဖြင့် ပျော်ရွှင်ခဲ့ကြသည်။ မျက်မှောက်ခေတ်တွင်မူ အိမ်လခမပေးရခြင်း၊ ဇနီးမယားနှင့် သားသမီးရှိခြင်းမှာ ပျော်ရွှင်မှုပင်။ နှစ်တစ်ထောင်လွန် ကမ္ဘာတွင်မူ နာမည် နှစ်လုံးဖြင့် ခေါ်ဝေါ်နိုင်ခြင်း၊ တကယ့် ကြက်သားကို စားနိုင်ခြင်း၊ သဘာဝ ဝါဂွမ်းအဝတ်အစားကို ဝတ်ဆင်နိုင်ခြင်းမှာ ပျော်ရွှင်မှု ဖြစ်ပေလိမ့်မည်။

"ကောင်းပါပြီ၊ ကောင်းညီလေး။ စကားတွေ ထပ်မပြောတော့ပါဘူး၊ အရင်စားကြရအောင်..."

ကောင်းယွမ်မှာလည်း အလွန်ဗိုက်ဆာနေပြီ ဖြစ်သည်။

ထိုစကားကို ကြားသောအခါ သူသည် တူကို ကောက်ကိုင်ကာ စတင်စားသောက်လိုက်၏။ တန်ဖိုးကြီးသည့် ကြက်ကင်နှင့် ဟင်းသီးဟင်းရွက်များကို မတို့ထိသေးဘဲ ဓာတုနည်းဖြင့် ဖော်စပ်ထားသော ကြက်သားနှင့် ငါးသားကို စားကြည့်လိုက်လေသည်။

စားလိုက်သည့်အခါ ကောင်းယွမ်၏ မျက်မှောင်မှာ တွန့်ကွေးသွား၏။

အရသာမှာ တူညီသော်လည်း အသားအရေမှာ... မည်သို့ ပြောရမည်နည်း။ ဖယောင်းတိုင်ထဲတွင် ချည်မျှင်များ ထည့်ထားသကဲ့သို့ ဖြစ်နေပေ၏...

ဝါးလိုက်ပြီးနောက်တွင်မူ သူ လုံးဝမြိုချ၍ မရတော့ပေ။ လည်ချောင်းထဲတွင် တစ်နေသဖြင့် ကောင်းယွမ်မှာ အလွန်ပင် ရှက်ရွံ့သွားရတော့သည်။

All Chapters