← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅)

သန့်စင်သော ကောက်ပဲသီးနှံဖြင့် ချက်လုပ်ထားသည့် အရက်

တစ်နေ့တာလုံး ပင်ပန်းစွာ လှုပ်ရှားပြီးနောက် ကောင်းယွမ်မှာ အလွန်ပင်ပန်းနွမ်းနယ်နေရှာ၏။ သူသည် အစာ အနည်းငယ် စားသောက်ပြီးနောက် အိပ်စက်လိုက်လေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် သူသည် ခြံတံခါးကို သေချာပိတ်ပြီးနောက် အနာဂတ်ကမ္ဘာသို့ ထပ်မံ၍ ခြေချလိုက်ပြန်၏။

ဤတစ်ကြိမ်တွင် သူသည် ပစ္စည်းကိရိယာအချို့ကို ပိုမိုယူဆောင်လာခဲ့သည်။ ချင်းမူကုထျန်းက ကိစ္စရပ်များကို တာဝန်ယူပေးမည်ဟု ကတိပေးထားသော်လည်း ကောင်းယွမ်သည် သူ၏ မျှော်လင့်ချက်အားလုံးကို ထိုသူတစ်ဦး တည်းအပေါ်တွင် ပုံမအပ်ထားလိုပေ။ ထိုသူက ပစ္စည်းများကိုသာ ယူပြီး ပျောက်ကွယ်သွားပါက မည်သို့လုပ်မည် နည်း။

ကောင်းယွမ်၌ အရန်အစီအစဉ်တစ်ခု ရှိထားလေ၏။

သူသည် ဤတစ်ကြိမ်တွင် မည်သည့်ပစ္စည်းကိုမျှ အလောတကြီး ဝယ်ယူခြင်းမပြုဘဲ လမ်းမတစ်လျှောက် လျှောက်သွားနေခဲ့လေသည်၊

သူသည် ဤကမ္ဘာကြီးကို ဂရုတစိုက် လေ့လာကြည့်ရှု၏။ လေထုမှာ လက်ရှိကမ္ဘာထက် ပိုမိုဆိုးရွားပြီး ကောင်းကင်ကြီးမှာလည်း အပြာရောင်အစအနမျှမရှိဘဲ မှိုင်းညို့နေသော မီးခိုးရောင်သမ်းလျက်ရှိ၏။

ကောင်းယွမ်သည် ဤကမ္ဘာကို တတ်နိုင်သမျှ အမြန်ဆုံး နားလည်ချင်သဖြင့် သတင်းများကို ကြည့်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း တွေးမိလိုက်လေသည်။ ကံကောင်းထောက်မစွာဖြင့် လမ်းမပေါ်တွင် သတင်းထုတ်လွှင့်နေသည့် ဧရာမဖန်သားပြင်ကြီးတစ်ခု ရှိနေလေသည်။

တိတိကျကျ ပြောရလျှင် ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ဖန်သားပြင်မဟုတ်ဘဲ စက်တစ်ခုမှ ထုတ်လွှင့်ပြသနေသည့် လေးထောင့်ပုံစံ ပရိုဂျက်ရှင်းတစ်ခု ဖြစ်သည်။ လက်ရှိကမ္ဘာနှင့် မတူဘဲ ဤနေရာရှိ ပရိုဂျက်ရှင်းမှာ သုံးဖက်မြင် နယ်ပယ်တစ်ခုဖြစ်ပြီး ပုံရိပ်များမှာလည်း သုံးဖက်မြင် ဖြစ်နေ၏။

ကောင်းယွမ်သည် လမ်းဘေးတွင် ထိုင်ချလိုက်ပြီး သတင်းများကို စတင်ကြည့်ရှုတော့သည်။

"ယနေ့တွင် လကမ္ဘာ အခြေစိုက်စခန်း (၁) မှ သတင်းကောင်းတစ်ခု ရောက်ရှိလာပါတယ်...၊ လကမ္ဘာ၏ မျက်နှာပြင်အောက် မီတာ သုံးသောင်းအကွာတွင် ရှားပါးသတ္တု နီအိုဘီယမ် သိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီး လူသားများ သုံးစွဲရန် နှစ်ပေါင်း သုံးထောင်စာအတွက် လုံလောက်သော ပမာဏ ဖြစ်ပါတယ်..."

"ဂြိုဟ်သိမ်ဂြိုဟ်မွှား တူးဖော်ရေး သင်္ဘောများမှ အလုပ်သမားများသည် ဒီနေ့မှာ သပိတ်မှောက်ဆန္ဒပြခဲ့ ကြပါ တယ်... ဂြိုဟ်သိမ်ဂြိုဟ်မွှား တူးဖော်ရေးသမားများ အသင်းဥက္ကဋ္ဌက ဂြိုဟ်သိမ်များပေါ်ရှိ လေနှင့်ရေ ကန့်သတ် ချက်များကို ပယ်ဖျက်ပေးရန် တောင်းဆိုထားပါတယ်..."

"ကမ္ဘာမြေ အထူးဖယ်ဒရေးရှင်းမှ ယနေ့တွင် ကဏ္ဍ (၁၂) ခုကို လူတိုင်းအတွက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လူသား အားလုံး၏ လူနေမှုဘဝ မြှင့်တင်ရန် ရည်ရွယ်ကြောင်း ကြေညာလိုက်ပါတယ်..."

"ကမ္ဘာမြေအစားအစာကော်မတီမှ သဘာဝအစားအစာ ထောက်ပံ့မှုမှာ ထပ်မံလျော့ကျသွားကြောင်း ပြောကြား ထားပြီး နိုင်ငံသားများအား ဓာတုနည်းဖြင့် ဖော်စပ်ထားသောအစာများကို စားသုံးရန်နှင့် ထုတ်လုပ်သူများအား အရသာနှင့် အနံ့အရသာကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်..."

...

ကောင်းယွမ်သည် နှစ်နာရီကြာအောင် စောင့်ကြည့်နေခဲ့၏။

သတင်းများပြီးဆုံးသွားမှသာ သူသည် မတ်တပ်ရပ်လိုက်ပြီး စိတ်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွား တော့သည်။

အနာဂတ်ကမ္ဘာတွင် လူသားတို့၏ ခြေရာများသည် နေအဖွဲ့အစည်းတစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်၏။ လူတို့သည် ခရီးသွားရန် လကမ္ဘာသို့ သွားကြသည်၊ ဂြိုဟ်သိမ်များနှင့် အင်္ဂါဂြိုဟ်ပေါ်တွင် သတ္တုတူးဖော်ကြပြီး ကြာသပတေးဂြိုဟ်မှ စွမ်းအင်များကို စုဆောင်းကြသည်။ လက်ရှိ ကမ္ဘာမြေမှာမူ စက်ရုံများမရှိတော့ဘဲ လူနေ ရပ်ကွက်များသာ ရှိသည့် မြို့ပြတစ်ခုအဖြစ်သာ ကျန်ရှိတော့၏။

စက်ရုံများမှာ အင်္ဂါဂြိုဟ်၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု၊ ဂန်နီမိဒ်၊ တိုက်တန်နှင့် အခြားသော ကောင်းကင် ကိုယ်ထည်များတွင် ပျံ့နှံ့တည်ရှိနေသည်။ ထိုစက်ရုံများသည် အာကာသ၏ ကျယ်ပြောလှသော ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်သွားမည့် ဧရာမစက်ကြီးများကို စဉ်ဆက်မပြတ် ထုတ်လုပ်နေကြပြီး လူသားအထက်လွှာ၏ မျှော်လင့်ချက်မှာ နေအဖွဲ့အစည်းမှ ထွက်ခွာရန် ဖြစ်လေသည်။

ကောင်းယွမ်သည် ဤကြီးမားသော ရည်မှန်းချက်များအပေါ် စိတ်မဝင်စားချေ...၊ သူသည် ထိုအရာများမှ အကျိုး အမြတ် မည်သို့ရယူနိုင်မည်ကိုသာ စိတ်ဝင်စားပေ၏။

ဤတစ်ကြိမ်တွင် သူသည် ဖန်ကျိန်းအချို့၊ လက်ရာမြောက်သော ကြွေထည် လက်မှုပစ္စည်းအချို့နှင့် အစားအစာ အချို့ကို ယူဆောင်လာခဲ့လေသည်။

သူသည် ချင်းမူကုထျန်းမှလွဲ၍ အခြားလုပ်ဖော်ကိုင်ဖက် တစ်ဦးကို ရှာဖွေရန် ရည်ရွယ်ထား၏။

ထိုအချိန်တွင် သူသည် ရှေးဟောင်းပစ္စည်းဆိုင် တစ်ခုကို တွေ့လိုက်ရပြီး အတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။

ချက်ချင်းပင် လည်ပတ် ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးက ရှေ့သို့တိုးလာပြီး နှုတ်ဆက်လေ သည်။

"လူကြီးမင်း... ဘာများကူညီပေးရမလဲရှင်..."

လမ်းလျှောက်လာစဉ်ကပင် ကောင်းယွမ်သည် ဆိုင်များရှိ ဝန်ထမ်းအများစုမှာ လည်ပတ်များ ဝတ်ဆင်ထား သည်ကို သတိထားမိခဲ့သည်။ ၎င်းမှာ သူနှင့် အနည်းငယ် ထူးဆန်းနေသော်လည်း ထပ်မံ၍ စူးစမ်းမနေတော့ပေ။

"ခင်ဗျားတို့ရဲ့ ပိုင်ရှင် ရှိလား... ဒီမှာ ပစ္စည်းတွေ ဝယ်သလား..."

ကောင်းယွမ်က ဆိုင်အတွင်းရှိ ပစ္စည်းများကို ကြည့်ရင်း မေးမြန်းလိုက်သည်။

သူ၏ မျက်ဝန်းအစုံမှာ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားရ၏။ ဆိုင်အတွင်းတွင် ရှေးဟောင်းအိုးများ၊ ပန်းချီ ကားများ၊ (၁၉၈၀) ခုနှစ်များက အဖြူအမည်း ရုပ်မြင်သံကြားစက်များ၊ ဝါးဖြင့် ရက်လုပ်ထားသော ရေနွေးအိုး များ၊ တံဆိပ်ခေါင်းများ၊ ငွေစက္ကူများနှင့် ကောင်းယွမ်သည် (၁၉၉၃) ခုနှစ်က ထုတ်ဝေခဲ့သော မူလတန်း ကျောင်းသုံး တရုတ်စာအုပ်ကိုပင် တွေ့လိုက်ရလေသည်။

ကောင်းယွမ်၏ မျက်လုံးများကို တက်မက်မှုဖြင့် လောင်မြိုက်သွားစေသည့် အရာမှာ ထိုမူလတန်းကျောင်းသုံး စာအုပ်ပေါ်ရှိ ဈေးနှုန်းဖြစ်ပြီး (၆၆၀,၀၀၀) ဟု ရေးသားထားလေ၏။

ချင်းမူကုထျန်းနှင့် မနေ့က ဆွေးနွေးချက်များအရ အနာဂတ်ကမ္ဘာရှိ သာမန်လူတစ်ယောက်၏ တစ်နပ်စာမှာ အာဟာရအနှစ် အနည်းငယ်မျှသာ တန်ဖိုးရှိပြီး အလယ်အလတ်တန်းစားတို့မှာ ပိုကောင်းသော ဓာတုနည်းဖြင့် ဖော်စပ်ထားသောအစာကို စားသုံးကြကာ အထက်တန်းလွှာများသာ သဘာဝအစားအစာကို စားသုံးနိုင်သည်ဟု သိရလေသည်။

လက်ရှိကမ္ဘာတွင်လည်း သာမန်လူတစ်ဦးသည် တစ်နပ်စာအတွက် ပိုက်ဆံအနည်းငယ်သာ သုံးစွဲကြသဖြင့် ဤ ရှုထောင့်မှကြည့်လျှင် သုံးစွဲမှုအဆင့်မှာ လက်ရှိကမ္ဘာနှင့် ခြားနားမှုမရှိလှပေ။

ထိုသို့ဆိုလျှင် (၆၆၀,၀၀၀) တန်ဖိုးရှိသော မူလတန်းကျောင်းသုံး စာအုပ်မှာ အလွန်ပင် ဈေးကြီးလွန်းလှသည်ဟု ဆိုရပေမည်။

"လူကြီးမင်း... ကျွန်မတို့ ဝယ်ပါတယ်ရှင်... ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ... ကျွန်မတို့မှာ ဝယ်ယူရေးဌာန သီးသန့် ရှိပါတယ်..."

ကောင်းယွမ်သည် လှပသော လမ်းညွှန်အမျိုးသမီးနောက်သို့ ဒုတိယထပ်သို့ လိုက်သွားလိုက်သည်။ ဤတစ်ကြိမ် တွင် သူ့ကို လက်ခံသူမှာ လည်ပတ်မဝတ်ထားသော အမျိုးသားတစ်ဦး ဖြစ်သည်။

"လူကြီးမင်း... တစ်ခုခုကို ရောင်းချင်တာပါလား..."

"ဟုတ်တယ်..."

"ကျွန်တော် ကြည့်ပါရစေ..."

စကားပြောရင်း ထိုသူသည် ဗန်းတစ်ခုကို ယူလာပြီး ကောင်းယွမ်ရှေ့တွင် ချထားပေးလိုက်သည်။

ကောင်းယွမ်သည် သူ၏ အိတ်ကပ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ယူလိုက်၏။

၎င်းတို့မှာ ငွေစက္ကူများ၊ စီးကရက်များ၊ လက်ရာမြောက်သော သတ္တုမီးခြစ်တစ်ခုနှင့် ပန်းကန်ပြားတစ်ခုတို့ ဖြစ် ကြသည်။

သူသည် ဤပစ္စည်းများကို ထုတ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ချင်းမူကုထျန်းက သူ့ကို မနေ့က လိမ်ညာထား ခြင်း ရှိ၊ မရှိ စစ်ဆေးချင်သောကြောင့် ဖြစ်သည်။

ဗန်းပေါ်တွင် ပစ္စည်းများကို တင်လိုက်သည်နှင့် ဖန်အုပ်တစ်ခုက ချက်ချင်းပင် အုပ်လိုက်လေသည်။ ထိုလူသည် ကိရိယာတစ်ခုကို ထုတ်ယူပြီး ဖန်သားပြင်မှတစ်ဆင့် စတင်လေ့လာတော့၏။

ဆယ်မိနစ်ခန့် ကြာပြီးနောက်...

ထိုသူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

"လူကြီးမင်း... ဒီငွေစက္ကူတွေက အကောင်းပကတိအတိုင်းပဲ၊ အရည်အသွေးလည်း အရမ်းမြင့်မားတယ်...၊ (၂၀၁၈) ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရှနိုင်ငံ ငွေစက္ကူအစစ်တွေဆိုတာ အတည်ပြုနိုင်ပါတယ်... စီးကရက်တွေကလည်း (၂၀၂၀) ခုနှစ်က နန်ထျန်း စီးကရက်စက်ရုံက ထုတ်လုပ်တာဖြစ်ပြီး ပျက်စီးခြင်း၊ အရောင်ပြောင်းခြင်း မရှိဘဲ သေချာထိန်းသိမ်းထားတာကို တွေ့ရတယ်... မီးခြစ်ရဲ့ ထုတ်လုပ်တဲ့နှစ်ကို မသိရပေမဲ့ နှစ်တစ်ထောင်လောက် သက်တမ်းရှိပြီး အကောင်းပကတိအတိုင်းပါပဲ... ပန်းကန်ပြားကလည်း အခြေအနေကောင်းမွန်ပြီး လက်ရာက လည်း နှစ်တစ်ထောင်လောက် သက်တမ်းရှိနေပါတယ်..."

ကောင်းယွမ်မှာမူ သူ၏ ပစ္စည်းများတွင် မည်သည့်ပြဿနာမျှ မရှိကြောင်း သိပြီးသား ဖြစ်သည်။

"ကျွန်တော် သိပါတယ်... ဈေးနှုန်းတစ်ခု ပြောပေးပါ..."

"တစ်ခါတည်း အပြီးဝယ်ယူမယ်ဆိုရင် ငွေစက္ကူတွေအတွက် (၁၀) သန်း၊ စီးကရက်တွေအတွက် (၃၂) သန်း ပေး ပါမယ်... သေချာထိန်းသိမ်းထားတဲ့ မီးခြစ်တွေက ရှားပါးပေမဲ့ တန်ဖိုးက အရမ်းမများပါဘူး၊ ခန့်မှန်းခြေ (၃)သန်း လောက် ပေးနိုင်ပါတယ်... ပန်းကန်ပြားကတော့ (၅) သန်းပါ... လူကြီးမင်းအနေနဲ့ သဘောမတူတာမျိုး ရှိရင် လည်း ပြောနိုင်ပါတယ်..."

ကောင်းယွမ်သည် စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်၏။ ငွေစက္ကူဈေးမှာ ချင်းမူကုထျန်း ပြောပြထားသည့် ဈေးနှုန်းနှင့် ဆင်တူသည်။ စီးကရက်အတွက်မှာမူ ချင်းမူကုထျန်းကို တစ်ဝက်သာ ပေးခဲ့ဖူးသဖြင့် နှိုင်းယှဉ်စရာ မရှိပေ။ ချင်းမူကုထျန်းက မီးခြစ်၏ ဈေးနှုန်းကို မသိရှိခဲ့သော်လည်း ဤနေရာတွင် (၃) သန်းသာ တန်ဖိုးရှိသည် ဟု ခန့်မှန်းထားသဖြင့် တန်ဖိုးမကြီးလှကြောင်း သိသာ၏။ ကောင်းယွမ်ကို အံ့အားသင့်စေသည်မှာ ပန်းကန်ပြား ၏ တန်ဖိုးမှာ (၅) သန်းသာ ရှိခြင်းပင် ဖြစ်သည်။

"တစ်ခါတည်း အပြီးဝယ်တာကလွဲရင် တခြား ဘယ်လိုရွေးချယ်စရာတွေ ရှိသေးလဲ..."

"အပ်နှံရောင်းချခြင်း စနစ် ရှိပါတယ်... ကျွန်တော်တို့က တစ်လအတွင်း ရောင်းချပေးဖို့ တာဝန်ယူတဲ့ စာချုပ်ချုပ် ဆိုနိုင်ပါတယ်... ရောင်းရငွေရဲ့ (၂၀) ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ယူပါမယ်... အပ်နှံရောင်းချတဲ့ ဈေးနှုန်းက အပြီးဝယ်ယူတဲ့ ဈေးထက် မနည်းစေရဘူးလို့ အာမခံပါတယ်... ဒါပေမဲ့ ဘယ်လောက်အထိ ရောင်းရမလဲဆို တာတော့ ပြောဖို့ခက်ပါတယ်..."

"ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ..."

ကောင်းယွမ်သည် ထိုင်ခုံတွင် ထိုင်ရင်း စဉ်းစားခန်း ဝင်လိုက်လေ၏။

ရှေ့မှ အမျိုးသားက မေးလိုကလေ​သည် ၊

"လူကြီးမင်း... ရောင်းမှာလားခင်ဗျာ... ဈေးနှုန်းကို ကျေနပ်ပါရဲ့လား... အပ်နှံရောင်းချမှာလား၊ ဒါမှမဟုတ် အပြီးဝယ်ယူမှာလား... "

ကောင်းယွမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး၊

"ဒါကိုလည်း ကြည့်ပေးပါဦး..."

စကားပြောရင်း သူသည် အိတ်ထဲမှ အဖုံးဝါရောင် ဖန်ပုလင်းဖြင့် ဖန်ကျိန်း အရက်ပုလင်းတစ်လုံးကို ထုတ်ယူ လိုက်လေသည်။

ဤအရက်မှာ လက်ရှိကမ္ဘာတွင် လူအများစု သောက်သုံးနေကြသည့် အရက် ဖြစ်၏။ ၎င်းမှာ သန့်စင်သော ကောက်ပဲသီးနှံဖြင့် ချက်လုပ်ထားသည့် အနံ့မွှေးသော အရက်တစ်မျိုး ဖြစ်လေသည်။

ထိုသူသည် ကောင်းယွမ်လက်ထဲမှ ပစ္စည်းကို ကြည့်ရင်း ခဏမျှ အံ့အားသင့်သွားခဲ့လေ၏။ ရုတ်တရက် သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

"ဒါ... အရက်လား..."

ကောင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။

ထိုသူက ခေါင်းခါယမ်းရင်း၊

"အရက်က ရှားပါးပေမဲ့ မကြားဖူးတာတော့ မဟုတ်ဘူး... ဒီပုလင်းအတွက် (၁) သန်း ပေးနိုင်ပါတယ်..."

" (၁) သန်း... "

ကောင်းယွမ်က ပြုံးလိုက်၏။

"ဒါက သန့်စင်တဲ့ ကောက်ပဲသီးနှံနဲ့ ချက်ထားတာပါ… သေချာထိန်းသိမ်းထားပြီး နှစ်တစ်ထောင်ကျော် သက် တမ်းရှိပြီ…"

ထိုသူသည် ထိုင်ခုံမှ ခုန်ထသွားပြီး သူ၏ မျက်နှာတွင် အံ့ဩမှုများ ဖုံးလွှမ်းသွားခဲ့လေ၏ ။

"လူကြီးမင်း... တကယ်ပဲလား... သန့်စင်တဲ့ ကောက်ပဲသီးနှံနဲ့ ချက်ထားတာ ဟုတ်လား... ခဏလောက် စောင့်ပါ ဦး…"

"သန့်စင်တဲ့ ကောက်ပဲသီးနှံနဲ့ ချက်ထားတဲ့ အရက်... ကြည့်ပါရစေ... လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော်တို့ (၈၀၀) နှစ်သက်တမ်းရှိတဲ့ ဆန်အရက်တစ်ပုလင်းကို သန်း (၆၀) နဲ့ လေလံတင်ခဲ့ဖူးတယ်… လူကြီးမင်းရဲ့ ပုလင်းက အခြေအနေပိုကောင်းပြီး သက်တမ်းလည်း ပိုရင့်တယ်၊ အထူးသဖြင့် ပိုးသတ်ထားတဲ့ အပူချိန်ထိန်း အခြေအနေ မျိုးမှာ သိမ်းဆည်းထားတာ ဖြစ်ရမယ်… ကျွန်တော့်အထင်တော့ သူ့တန်ဖိုးက သန်း (၈၀) ထက် ပိုလိမ့်မယ်… ဘယ်နှပုလင်းများ ရှိသေးလဲ... တစ်ပုလင်းတည်းလား..."

"ကျွန်တော့်ဆီမှာ ခြောက်ပုလင်း ရှိတယ်…"

"ဒါ... ခဏလောက် စောင့်ပေးပါ၊ ကျွန်တော် ကျွန်တော်တို့ရဲ့ ပိုင်ရှင်ကို သွားခေါ်လိုက်ပါ့မယ်…"

All Chapters