← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇)

စီးကရက်တို့သည် အမှန်တကယ်ပင် ဤမျှလောက် သြဇာညောင်းပါသလော

"အရာအားလုံးက သူ့ရဲ့ အထောက်အထားကို ညွှန်ပြနေတာပဲ။ ဒီကမ္ဘာမှာ လူဦးရေ (၅၀)ငါးဆယ်ဘီလီယံ ရှိပေမဲ့ အထက်တန်းလွှာတွေကတော့ အလွန်နည်းပါးလွန်းပါတယ်။ ငါးသောင်းတောင် မပြည့်ဘူး။ ဒါဟာ တစ်သန်းမှာ တစ်ယောက်နှုန်းတောင် မရှိတဲ့ အချိုးအစားမျိုးပေါ့။ ငါးသောင်းလောက်ကို စစ်ဆေးရတာ မင်းအတွက်တော့ ခက်ခဲမယ် မထင်ဘူးမလား။ အသက် နှစ်ဆယ့်ငါးနှစ်ဝန်းကျင်၊ အရပ် တစ်ရာ့ရှစ်ဆယ်စင်တီမီတာ၊ အမျိုးသား၊ ခန္ဓာကိုယ်အချိုးအစား ပုံမှန်... ဒါဆိုရင် လုံလောက်ပြီလား..."

အနက်ရောင်ဝတ်ဆင်ထားသော လူငယ်သည် ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြလိုက်၏။

"ဥက္ကဋ္ဌ လီ ပြောတာ မှန်ပါတယ်၊ ကျွန်တော် အခုချက်ချင်း စစ်ဆေးကြည့်လိုက်ပါ့မယ်။ ဒါပေမဲ့... အထက်တန်း လွှာတွေကို စုံစမ်းရတာ အနည်းငယ် သိမ်မွေ့လွန်းမနေဘူးလား။ တချို့သူတွေရဲ့ အထောက်အထားတွေက လျှို့ ဝှက်ထားတာ ဖြစ်တဲ့အတွက် အတင်းအကျပ် စုံစမ်းမယ်ဆိုရင် အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်ပါ တယ်..."

လဲ့ချင်းမေသည် ခေတ္တမျှ ကြောင်အသွား၏၊

"အရင် စစ်ဆေးကြည့်ပါ။ တစ်ခုခု သိလာရင်တော့ အကောင်းဆုံးပဲ... တကယ်လို့ မရဘူးဆိုရင်တော့... ဆက် လုပ်စရာ မလိုတော့ဘူး။ ဘယ်လိုနည်းနဲ့မှ ရှာမတွေ့နိုင်တဲ့သူတွေဆိုတာ ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေသူတွေမို့လို့ပဲ..."

...

အဝေးမှနေ၍ ကောင်းယွမ်သည် ချင်းမူကုထျန်း ထိုစားသောက်ဆိုင်ဘက်သို့ လျှောက်သွားနေသည်ကို မြင် လိုက်ရ၏။ သူသည် တစ်ဦးတည်းဖြစ်ပြီး သူ၏ အမူအရာမှာလည်း စိတ်အေးလက်အေး ရှိနေကာ ဝမ်းမြောက် သည့်အရိပ်အယောင်များ ပေါ်လွန်းနေလေသည်။

ကောင်းယွမ်သည် စိတ်သက်သာရာ ရသွား၏။ ချင်းမူကုထျန်းတွင် မကောင်းသော အကြံအစည်များ မရှိသေး ကြောင်း အနည်းဆုံးတော့ ယုံကြည်ရပေသည်။

ကောင်းယွမ် မသိရှိလိုက်သည်မှာ သူသွားလေရာရာတိုင်းတွင် အထက်တန်းလွှာတစ်ဦးအဖြစ်သာ သတ်မှတ်ခံ ရလိမ့်မည်ဆိုသည့် အချက်ပင်တည်း။ အနာဂတ် တစ်ထောင်နှစ်နောက်ပိုင်း ဤကမ္ဘာတွင် လူမှုအဆင့်အတန်း များသည် လုံးဝ ခိုင်မာသွားပြီဖြစ်ရာ သာမန်လူများသည် အထက်တန်းလွှာများကို ဆန့်ကျင်ရန် လုံးဝ မဝံ့ရဲကြ ပေ။

လူတန်းစားများ ခိုင်မာနေသော်လည်း လူထုက ပုန်ကန်မှု မပြုကြသည်မှာ ဤကမ္ဘာတွင် ရည်မှန်းချက်ကြီးကြီး မထားပါက အောက်ခြေလူတန်းစား ဖြစ်နေလျှင်ပင် အလွန်ပျော်ရွှင်စွာ နေထိုင်နိုင်သောကြောင့်ဖြစ်၏။

အာဟာရပြည့်ဝသော အာဟာရအနှစ်များ၊ အပူချိန်ထိန်းအဝတ်အစားများ၊ လူမှုဖူလုံရေးအိမ်ရာများ၊ အခမဲ့ ကစားစရာများနှင့် သယ်ယူပို့ဆောင်ရေးအပြင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများလည်း ရှိနေသည်။ လိုအပ် ပါက အခမဲ့ လူသားအတုစက်ရုပ် အထိန်းတော် သို့မဟုတ် သူနာပြုကိုပင် လျှောက်ထားနိုင်လေသည်။

ကောင်းယွမ်သည် ဆယ်မိနစ်ခန့် ထိုင်နေပြီးနောက်တွင်မှ ထရပ်ကာ စားသောက်ဆိုင်ဆီသို့ လျှောက်သွား လိုက်လေ၏။

ဆိုင်ထဲသို့ ဝင်ဝင်ချင်းတွင်ပင် ချင်းမူကုထျန်းသည် မျက်နှာတွင် အပြုံးပန်းများ ဆင်မြန်းလျက် ကောင်းယွမ်ဆီသို့ လျှောက်လာခဲ့လေသည်။

"အစ်ကိုကောင်း... ကျွန်တော် အစ်ကို မလာတော့ဘူး ထင်နေတာ..."

"ဟားဟား အစ်ကိုထျန်းရယ်... လမ်းမှာ နည်းနည်း ကြန့်ကြာသွားလို့ပါ။ ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား..."

"ပြေပါတယ်... အကုန်လုံး အဆင်ပြေသွားပါပြီ။ ငွေနည်းနည်းပါးပါး သုံးလိုက်ရတာပါပဲ။ အစ်ကိုကောင်းရဲ့ ကိစ္စတွေကို ကျွန်တော် ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်ပါ့မလား..."

ထိုသို့ ပြောဆိုရင်း သူသည် ချစ်ပ်ပြားတစ်ခုကို ထုတ်ယူကာ ကောင်းယွမ်ထံသို့ ပေးအပ်လိုက်လေ၏။

"အစ်ကို... ဒါက အစ်ကို့ရဲ့ အထောက်အထားချစ်ပ်ပါ။ အစ်ကိုတို့လို လူတွေက ကိုယ်ခန္ဓာထဲ ထည့်သွင်းထားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါကြောင့် ဘာမှ အများကြီး မပြောတော့ပါဘူး... ဒီအထောက်အထား ချစ်ပ်ထဲမှာ ဘဏ်အကောင့်ကို ဖွင့်ပေးထားပြီးပြီ၊ သန်းသုံးဆယ်လောက်လည်း လွှဲပေးထားပါတယ်..."

"ဘာလို့ သန်းသုံးဆယ် ဖြစ်နေရတာလဲ..."

ကောင်းယွမ်က မေးလိုက်၏။

"ဟဲဟဲ... အဲဒီ စီးကရက်တွေနဲ့ ပတ်သက်ပြီးတော့လေ၊ ကျွန်တော်က သူဌေးကြီးတစ်ယောက်နဲ့ တွေ့လိုက်ရ တယ်၊ သူက အဲဒါတွေကို သန်းနှစ်ဆယ်ပေးပြီး ဝယ်မယ်လို့ ကမ်းလှမ်းလာတယ်..."

"စီးကရက်တွေက အဲဒီလောက်အထိ လိုအပ်ချက် များနေတာလား..."

ကောင်းယွမ်က မေးလိုက်လေသည်။

"တကယ်ပေါ့… ဒါက သဘာဝဆေးရွက်ကြီးလေ၊ ခေါင်းဆောင်ပိုင်းတွေအတွက်ပဲ သီးသန့် ထောက်ပံ့ပေးတာ မျိုးပါ။ သာမန်လူတွေအတွက်ဆိုရင်တော့ ပိုင်ဆိုင်မှုသန်းပေါင်း သောင်းချီရှိရင်တောင်မှ စီးကရက်ရဖို့ လမ်း ကြောင်းရှိမှာ မဟုတ်ဘူး... "

ကောင်းယွမ်သည် ကြွယ်ဝချမ်းသာလာစေမည့် လမ်းကြောင်းသစ်တစ်ခုကို ထပ်မံ တွေ့ရှိလိုက်ရပြန်၏။ သူသည် အရက်လုပ်ငန်းကို လဲ့ချင်းမေ၏ ကျားယွင် ရှေးဟောင်းပစ္စည်းဆိုင်သို့ အပ်နှံထားပြီး ဖြစ်ရာ ချင်းမူကုထျန်းနှင့် လည်း ဤနေရာတွင် လုပ်ငန်းတစ်ခု စတင်နိုင်မည်လော။ လက်ရှိအချိန်တွင် ချင်းမူကုထျန်းသည် ယုံကြည်စိတ်ချ ရသူဟု ထင်မှတ်ရပေသည်။

"အစ်ကိုထျန်း... အစ်ကိုက လုပ်ငန်းအကြီးကြီး လုပ်ဖို့ စိတ်ဝင်စားလား..."

"ဘယ်လောက်တောင် အကြီးကြီးလဲ..."

"ကျွန်တော်က အစ်ကို့ကို စီးကရက် အလိပ်တစ်ရာ ပေးလိုက်မယ်ဆိုရင် အစ်ကို ရောင်းနိုင်မလား..."

ချင်းမူကုထျန်းသည် ထိတ်လန့်သွားပြီးနောက်တွင်မှ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသော မျက်နှာကို ပြသလိုက်၏။

ကောင်းယွမ်သည် သနားစိတ်ဖြင့် ကြည့်နေမိသည်။ စီးကရက် အလိပ်တစ်ရာဆိုသည်မှာ ဆယ်ထုတ်မျှသာ ရှိ သည်...၊ အမှန်တကယ်ပင် တန်ဖိုးရှိလှပါသလော...။

"အစ်ကိုကောင်း... တကယ်ပြောတာလား..."

"တကယ်ပေါ့..."

ချင်းမူကုထျန်းသည် အတိုင်းမသိ ဝမ်းသာနေမိသည်။ သူ အကြီးအကျယ် အမြတ်ထွက်တော့မည် ဖြစ်၏။ ဤ သို့သော အခွင့်အရေးမျိုးကို သူသည် နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့သည် မဟုတ်ပါလား။

ဒီနေ့ သူလာစဉ်က ချင်းမူကုထျန်းသည် ထပ်ဆောင်း ငွေဆယ်သန်းကို ကောင်းယွမ်ဆီ လွှဲပေးသင့် မပေးသင့် ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူ၏ လက်ရှိဝင်ငွေဖြင့် တစ်နှစ်လျှင် ငွေသန်းအနည်းငယ်သာ ရှာနိုင်ပေသည်။ ငွေဆယ် သန်းဆိုသည်မှာ အလွန်ကြီးမားသော ပမာဏ ဖြစ်ပေ၏။

ကောင်းယွမ်ပေးလိုက်သော မီးခြစ်အတွက်ဆိုလျှင်မူ သူသည် ၎င်းကို မိသားစု အမွေအနှစ်အဖြစ် သိမ်းဆည်း ထားရန် ရည်ရွယ်ထားသည်အထိ တန်ဖိုးထားနေရခြင်း ဖြစ်၏။

ဤအချိန်တွင် ကောင်းယွမ်က စီးကရက် အလိပ်တစ်ရာ ပေးမည်ဟု ပြောလိုက်သဖြင့် ဤသည်က မည်သို့သော အဓိပ္ပာယ်မျိုးနည်း။

၎င်းမှာ ချင်းမူကုထျန်းသည် လုံကျင်းမြို့တွင် အကြီးမားဆုံးသော ဆေးရွက်ကြီး ကုန်သည် ဖြစ်လာတော့မည်ဟု ဆိုလိုခြင်းပင်တည်း။

ထို့အပြင် ၎င်းတို့မှာ စစ်မှန်သော သဘာဝဆေးရွက်ကြီးများ ဖြစ်ကြ၏။ ဤကဲ့သို့သော လုပ်ငန်းတွင် ငွေရှာခြင်း သည် ဒုတိယသာဖြစ်ပြီး ပိုမိုအရေးကြီးသည်မှာ သူ၏ ကွန်ရက်နှင့် လူမှုအဆင့်အတန်းကို တိုးချဲ့နိုင်ခြင်းပင် ဖြစ်၏။

ချင်းမူကုထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် ကောင်းယွမ်၏ လက်ကို ဆုပ်ကိုင်လိုက်လေ၏။

"အစ်ကိုကောင်း... မဟုတ်ပါဘူး…၊ ဥက္ကဋ္ဌကောင်း…၊ အစ်ကို့ကျေးဇူးကို ဘယ်လိုများ ပြန်ဆပ်ရပါ့မလဲဗျာ…။ ကျွန်တော့်မှာ ဘာမှ ပြန်ပေးစရာ မရှိပါဘူး... တကယ်လို့သာ ကျွန်တော့်မှာ သမီးလေးတစ်ယောက် ရှိမယ်ဆိုရင် သူ့ကို အစ်ကိုနဲ့ပဲ လက်ထပ်ပေးလိုက်မှာ..."

"ဟုတ်ပါပြီ... အစ်ကိုထျန်း၊ ဒီအထောက်အထားက ဘယ်သူ့နာမည်လဲ..."

"ဟဲဟဲ... ဒါက နာမည်လေးလုံးပါ။ အဆင်ပြေအောင်လို့ အစ်ကို့နာမည်ကို ကောင်းယွမ်ယွမ်ကောင်း လို့ ပေးထား တယ်။ တခြားသူတစ်ယောက်က ဒီနာမည်ကို သုံးနေတာ ဒါပေမဲ့ ကျွန်တော် ငွေနည်းနည်း သုံးပြီး ဝယ်လိုက် တယ်..."

“ကောင်းယွမ်ယွမ်ကောင်း...”

ထိုနာမည်သည် မှတ်ရလွယ်ကူပေသည်။ ချင်းမူကုထျန်းသည် ကြိုးစား၍ စဉ်းစားပေးထားပုံရလေသည်။

သို့သော် သူကိုယ်တိုင် ရရှိမည့် အကျိုးအမြတ်သည်လည်း အလွန်ပင် များပြားလှ၏။

"ဥက္ကဋ္ဌကောင်း... အခု အစ်ကို့ရဲ့ ဦးနှောက်ချိတ်ဆက်မှုကွန်ရက်ထဲ ဝင်ကြည့်လို့ရပါပြီ။ ကျွန်တော် အစ်ကို့ကို သူငယ်ချင်းအဖြစ် ထည့်ထားလိုက်ပြီ၊ အဲဒီကနေတစ်ဆင့် အချိန်မရွေး အပြန်အလှန် ခေါ်ဆိုနိုင်ပါတယ်..."

"ဦးနှောက်ချိတ်ဆက်မှုကွန်ရက်..."

"ဟုတ်ကဲ့... အဲဒါက... ကျွန်တော်တို့ သာမန်လူတွေ စကားပြောဖို့ သုံးတဲ့ဟာလေ…"

ချင်းမူကုထျန်းက ရှင်းပြလိုက်၏။

"ဟုတ်ပြီ... ကျွန်တော် နားလည်ပါပြီ။ အစ်ကိုထျန်း၊ မနက်ဖြန်ကျရင် စီးကရက်တွေ ယူလာခဲ့ပေးမယ်။ တစ်လိပ် ကို သန်းနှစ်ဆယ်နှုန်းနဲ့ ပေးမယ်…။ တစ်ဝက်ကို ပစ္စည်းတွေနဲ့ ဖြည့်ဆည်းပေးပြီး ကျန်တစ်ဝက်ကို ငွေလွှဲ ပေးပါ..."

ချင်းမူကုထျန်းသည် ခေတ္တမျှ စဉ်းစားလိုက်၏။

"အစ်ကိုကောင်း... တစ်လိပ်ကို သန်းနှစ်ဆယ်ဆိုတာ... ပြောရရင် ကျွန်တော်က အစ်ကို့ကို အခွင့်ကောင်းယူသလို ဖြစ်နေပြီ။ ဒီဈေးနှုန်းက..."

"ကျွန်တော် သိပါတယ်။ လက်ရှိမှာ စီးကရက်ဈေးက သန်းနှစ်ဆယ်ထက်တော့ ပိုများနေမှာ အသေအချာပါပဲ၊ ဒါက သာမန်စီးကရက်တွေအတွက်ပဲ ပြောတာပါ။ ကျွန်တော် အစ်ကို့ကို အမျိုးအစားမျိုးစုံ ပေးမှာပါ၊ အရသာ၊ ကတ္တရာပါဝင်မှုနဲ့ တံဆိပ်အလိုက် အဆင့်ဆင့် ခွဲခြားပြီး အမြတ်ပိုရအောင် လုပ်နိုင်ပါတယ်... ဒါပေမဲ့ စီးကရက် ဈေးနှုန်းတွေ အခုလို မြင့်တက်နေတာက ရှားပါးလွန်းလို့ ဆိုတာကိုတော့ အစ်ကို သတိထားရမယ်..."

"ဈေးကွက်ထဲကို ပစ္စည်းတွေ အများကြီး ရောက်လာရင်တော့ ဈေးနှုန်းက ကျသွားမှာပဲ... အဲဒီအချိန်ကျရင် အမြတ်မရဘူးလို့တော့ မပြောနဲ့ဦး…"

ကောင်းယွမ်၏ စကားကို ကြားသောအခါ ချင်းမူကုထျန်းသည် လက်ကို ဝှေ့ယမ်းလိုက်၏။

"မဖြစ်ပါဘူး အစ်ကိုရယ်။ ပစ္စည်းကို ကျွန်တော့်ဆီမှာပဲ ရှိမယ်ဆိုရင်တော့ ဈေးကို ဘယ်တော့မှ မလျှော့ပါဘူး… တခြားတစ်ဖက်မှာလည်း အစ်ကို နားမလည်တာတစ်ခု ရှိသေးတယ်...ဒီကမ္ဘာမှာ အထူးထောက်ပံ့ပေးတဲ့ စီးက ရက်ကို သောက်နိုင်တဲ့သူ တစ်ထောင်တောင် မရှိပေမဲ့ ပိုင်ဆိုင်မှု သန်းပေါင်း သောင်းချီရှိတဲ့ သူဌေးကြီး တစ်သန်း နီးပါးလောက် ရှိနေတာပါ။ အဲဒီသူဌေးကြီးတွေထဲမှာမှ ဘယ်သူကများ အီ-စီးကရက်တွေအစား သဘာဝစီးက ရက်ကို ကိုင်မထားချင်ဘဲ နေပါ့မလား..."

"ဒီလို ငွေကြေးပေါများတဲ့ သူဌေးကြီးတွေအပြင် သန်းကြွယ်သူဌေးတွေလည်း အများကြီး ရှိပါသေးတယ်။ သူတို့ က ရေရှည် မသောက်နိုင်ရင်တောင်မှ တစ်ခါတစ်ရံ ကြွားလုံးထုတ်ဖို့အတွက် တစ်ထုတ်လောက် ဝယ်ထားဖို့ လိုအပ်ပါတယ်… ဒါကြောင့် စီးကရက်က ဝယ်မယ့်သူ ရှားပါးနေမှာ မဟုတ်ပါဘူး…"

ကောင်းယွမ်သည် မျက်လုံး အဝိုင်းသား ဖြစ်သွား၏။

*စီးကရက်တို့သည် အမှန်တကယ်ပင် ဤမျှလောက် သြဇာညောင်းပါသလော...*

"ဟုတ်တယ်… အစ်ကိုက အထူးထောက်ပံ့ပေးတာတွေကို သောက်ပြီး ကြီးပြင်းလာတဲ့ အဆင့်အတန်းမြင့်တဲ့သူ မို့လို့ မသိတာပါ။ ဒီခေတ်မှာ ကမ္ဘာပေါ်မှာ စိုက်ပျိုးဖို့ သင့်တော်တဲ့ မြေနေရာရယ်လို့ မရှိသလောက်ပါပဲ။ အစ်ကို ကောင်း၊ စိုက်ပျိုးဖို့ မြေတစ်ပေါင်ကို ဘယ်လောက် ပေးရလဲ သိလား... အစ်ကို မသိပါဘူး မြေတစ်ပေါင်ကို ငါး သောင်းပေးရတယ်၊ မျိုးစေ့တွေကဆိုရင် ပိုတောင် ဈေးကြီးသေးတယ်..."

"တကယ်လို့ တစ်ယောက်ယောက်က ဆေးရွက်ကို စိုက်ချင်ရင်တောင် မျိုးစေ့တွေ မရှိဘူး... အရေးအကြီး ဆုံးကတော့ အပေါ်ကနေ တင်းကျပ်စွာ ထိန်းချုပ်ထားတာပဲ…"

"အစ်ကိုထျန်း၊ စီးကရက်ဆိုတာ ထိန်းချုပ်ထားတဲ့ ပစ္စည်းမျိုးလား..."

ကောင်းယွမ်က မေးလိုက်၏။

"အတိအကျတော့ မဟုတ်ပါဘူး။ စီးကရက်က မဟုတ်ပေမဲ့ ဆေးရွက်ကတော့ ဟုတ်တယ်။ ဆိုလိုတာက အစ်ကို တို့ စိုက်ပျိုးခွင့် မရှိဘူး၊ ဒါပေမဲ့ ငွေရှိပြီး လမ်းကြောင်းရှိလို့ စီးကရက် ဝယ်နိုင်တယ်ဆိုရင်တော့ အဲဒါ အစ်ကို့ရဲ့ အရည်အချင်းပဲ။ နားလည်အောင် ပြောရရင်တော့ ဒါက အစ်ကိုတို့လို လူတွေ ငွေရှာဖို့ ချန်ပေးထားတဲ့ လမ်း ကြောင်းမျိုးပဲပေါ့… ဟုတ်ပါတယ်၊ ယေဘုယျအားဖြင့်တော့ အစ်ကိုတို့လို လူတွေက ဒီလိုမျိုး ငွေရှာရတာကို မကြည့်တတ်ကြပါဘူး..."

ချင်းမူကုထျန်း စကားပြောပြီးနောက်တွင်မှ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရ၏။

ရှက်ရွံ့နေသော မျက်နှာဖြင့် ၊

"အစ်ကိုကောင်း... ကျွန်တော် အစ်ကို့ကို ပြောတာ မဟုတ်ပါဘူး... ကျွန်တော် ဆိုလိုတာက သာမန်သူဌေးတွေ တောင်ဒီလောက် များတဲ့ စီးကရက်တွေကို မရနိုင်တာကို ပြောတာပါ…"

All Chapters