← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁)

သူက ငါ့ညီမလေးပဲ

"နင် ဘယ်လိုသိတာလဲ"

ပိုင်မော့ယွီက အံ့အားသင့်စွာ မေးလိုက်၏။

"အဲ့ဒီနေ့ မနက်ကျောင်းသွားတဲ့ လမ်းမှာ နင့်ကို ငါရှေ့ကသွားနေတာ မြင်လိုက်ရတယ်... နင့်ရဲ့ ပိုက်ဆံအိတ်က ရေမြောင်းထဲ ပြုတ်ကျသွားတာလေ…"

ပိုင်မော့ယွီ ခေတ္တမျှ ကြောင်အသွားသည်။

"ဒါဆို ဘာလို့ ငါ့ကို မပြောပြတာလဲ…"

"ပြောပြလို့ရော အကျိုးရှိမှာမို့လို့လား... နင် ပြန်ကောက်နိုင်မှာမို့လို့လား…"

"ဟင်... ဟုတ်သားပဲ..."

ကောင်းယွမ်သည် ပြုံးလိုက်မိသည်။ အမှန်စင်စစ် သူသည် ပိုင်မော့ယွီကို အထူးတလည် လိုက်လံစောင့်ကြည့်ခဲ့ ခြင်းဖြစ်ပြီး သူမ အခက်အခဲကြုံနေရသည်ကို ကူညီပေးချင်ခဲ့ရုံသာ ဖြစ်ပေသည်။

သူတို့နှစ်ဦးသည် အတန်းဖော်များ ဖြစ်ခဲ့သော်လည်း ရင်းနှီးမှု မရှိခဲ့ပေ။ ထိုကိစ္စအပြီးတွင်မူ ပိုင်မော့ယွီနှင့် ကောင်းယွမ်တို့သည် ပိုမိုရင်းနှီးသွားခဲ့လေသည်။

"ဒါနဲ့လေ... အဲ့ဒီတုန်းက ငါနင့်ကို ပိုက်ဆံပြန်ပေးတော့ ဘာလို့ မယူခဲ့တာလဲ... နင်က ငါ့ရဲ့ ကျောင်းစာအုပ်ထဲကို တိတ်တိတ်လေး ပြန်ထည့်ပေးသွားသေးတယ်... အားလပ်ရက် စရောက်မှပဲ ငါသတိထားမိတော့တယ်"

ကောင်းယွမ်သည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... နင့်ဆီက ပိုက်ဆံယူလိုက်ရင် နင်ငါ့ရဲ့ ကျေးဇူးကို ဆပ်ဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာစိုး လို့ပါ…"

"အို... အဲ့လိုလား... ဒါနဲ့ပဲ အားလုံးရှင်းသွားတော့တာပဲ... "

အထက်တန်းကျောင်းတုန်းက ရယ်စရာအကြောင်းအရာလေးများကို ပြောဆိုနေရင်း နှစ်ပေါင်းများစွာ ဝေးကွာ နေခဲ့သည့် သူတို့နှစ်ဦးကြားရှိ အဆင်မပြေမှုများသည် လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။

စာအုပ်ဆိုင်ထဲတွင် ထိုင်နေကြစဉ် အဆင်မပြေမှုဟူ၍ လုံးဝမရှိတော့ဘဲ စကားစမြည် ပြောဆိုပြီးနောက် အလုပ် ကိစ္စဘက်သို့ ဦးတည်သွားကြလေသည်။

"မစ္စတာကောင်း... ဘယ်လောက်လောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာလဲ…"

"နှစ်ဘီလီယံ... ငါ မုကျားကျေးရွာက ဒေသခံတွေကို ပြောင်းရွှေ့ပေးပြီး အခြေစိုက်စခန်းတစ်ခု တည်ဆောက် ချင်တယ်... မင်းတို့ရဲ့ တရုတ်ကုန်သည်ကြီးများအသင်းမှာ ဒါနဲ့ပတ်သက်တဲ့ မူဝါဒတွေ ရှိမလား…"

ပိုင်မော့ယွီသည် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

"နှစ်ဘီလီယံလား... အဲ့ဒါက အင်မတန် ကြီးမားတဲ့ ပမာဏပဲ... ကျင်းဟိုင်သမိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လိမ့်မယ်... ကောင်းယွမ်... နင် နောက်နေတာ မဟုတ်ပါဘူးနော်…"

"ငါ့ပုံစံက နောက်နေတဲ့ပုံ ပေါက်နေလို့လား... "

"ဒီ... ဒီရင်းနှီးမြှုပ်နှံမှု ပမာဏကို ငါတို့ရဲ့ ခေါင်းဆောင်တွေ သိသွားရင် အရမ်းကို ဝမ်းသာသွားကြမှာ…"

"ဒါကို အရင်ပြီးအောင် ကူညီပေးပါ... တိကျတဲ့ မူဝါဒတွေအကြောင်း ငါ့ကို ပြောပြပေးပါ"

ပိုင်မော့ယွီသည် အကြောင်းအရာများစွာကို ပြောပြခဲ့လေသည်။

ကောင်းယွမ်က ရုတ်တရက် ကြားဖြတ်မေးလိုက်၏။

"နင် ဘာမှ မစားရသေးဘူးမလား…"

"ဟင်... နင်လည်း မစားရသေးဘူးပေါ့"

"ဟားဟား... တစ်ခုခု စားဖို့သွားရအောင်... စားရင်းနဲ့ပဲ စကားပြောကြတာပေါ့…"

ညစာစားပြီးနောက် သူတို့နှစ်ဦးသည် ညနေ (၄) နာရီကျော်သည်အထိ လမ်းလျှောက်ခဲ့ကြလေသည်။

ပိုင်မော့ယွီက ပြောလိုက်လေသည်။

"ကောင်းယွမ်... ဒါက အလွန်ကြီးမားတဲ့ ကိစ္စပဲ... ငါအရင်ဆုံး အထက်လူကြီးတွေကို အစီရင်ခံရမယ်...။ ပြီးမှ အချိန်သတ်မှတ်ပြီးတော့ ငါတို့ဌာနမှူးက နင်နဲ့အတူ စီမံကိန်းအကြောင်း လူကိုယ်တိုင် ဆွေးနွေးပေးလိမ့်မယ်..."

"ကောင်းပြီ... သင့်တော်သလိုလုပ်လိုက်ပါ... တစ်ခုခု လိုအပ်ရင် ငါ့ကို ဖုန်းဆက်လိုက်…"

ပိုင်မော့ယွီနှင့် လမ်းခွဲပြီးနောက်...၊

ကောင်းယွမ်သည် စူပါမားကတ်သို့ သွားကာ ဖန်ကျိန်းအရက်အနည်းငယ်နှင့် စီးကရက်အထုပ်ပေါင်း တစ်ဒါဇင် ကျော်ကို ဝယ်ယူလိုက်ရာ သူ၏ အကြွေးဝယ်ကတ် ကန့်သတ်ချက်များထဲမှ အချို့ ကုန်သွားခဲ့လေသည်။

ထို့နောက် သူသည် သူ၏ သုံးဘီးဆိုင်ကယ်ကို မောင်းနှင်ကာ မုကျားကျေးရွာသို့ ပြန်လာခဲ့၏။ အိမ်သို့ ရောက် သည်နှင့် လင်းမေသည် တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

*ဘာလုပ်နေတာပါလိမ့်...*

"အစ်ကိုယွမ်... ပြန်လာပြီလား…"

"ဘာဖြစ်လို့လဲ"

ကောင်းယွမ် မေးလိုက်လေသည်။

"အစ်ကိုယွမ်... ကျွန်မ မုန့်လုပ်ထားတယ်... အစ်ကို တစ်ယောက်တည်းမို့လို့ ချက်ပြုတ်ပေးမယ့်သူ ရှိမှာ မဟုတ် ဘူးထင်လို့လေ… မြည်းကြည့်ဖို့ ယူလာပေးတာ…"

လင်းမေသည် သူမလက်ထဲမှ ဗန်းကို မြှောက်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်... အားနာစရာကောင်းနေပြီ..."

"အစ်ကိုယွမ်... ဒီရက်ပိုင်းတွေမှာ ဘာတွေ လုပ်နေတာလဲ…"

"အလုပ်ကိစ္စတွေ လုပ်နေတာ..."

ကောင်းယွမ်သည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

လင်းမေ၏ မျက်လုံးများ တောက်ပသွားသည်။

"အစ်ကိုယွမ်... နောက်ထပ် အလုပ်တစ်ခု စလုပ်မလို့လား... ကျွန်မ တက္ကသိုလ်မှာ ကြော်ငြာဒီဇိုင်း ပညာရပ်ကို သင်ခဲ့တာ... ဒါပေမဲ့ အမေက နေမကောင်းတော့ အိမ်ကနေ မခွာနိုင်ဘူး... ကျွန်မကို အစ်ကို့ဆီမှာ အလုပ်လုပ်ခွင့် ပေးပါလား..."

"ဒီဇိုင်းလား... UI ဒီဇိုင်းကိုကော ကျွမ်းကျင်လား... ဓာတ်ပုံရိုက်တာရော သိလား…"

"သိတာပေါ့..."

လင်းမေက ဂုဏ်ယူစွာ ပြောလိုက်သည်။

ကောင်းယွမ်သည် အံ့အားသင့်သည့်ဟန် ပြမိလေသည်။ သူ၏ ကုမ္ပဏီသည် အစောပိုင်း အဆင့်တွင်သာ ရှိသေး သော်လည်း ဒီဇိုင်နာတစ်ဦးကို ငှားရမ်းထားပြီး ဖြစ်၏။ သို့သော်လည်း ကိစ္စမရှိပါ... အကြောင်းမှာ ပစ္စည်းများစွာ ကို ကြိုတင်ပြင်ဆင်ထားနိုင်သောကြောင့် ဖြစ်သည်။ လင်းမေသည် ဂရပ်ဖစ်ဒီဇိုင်နာ ဖြစ်လာမည်ဖြစ်ပြီး ကျန်းပိုင်ရီက စျေးကွက်ရှာဖွေရေးနှင့် ပရိုဂရမ်ရေးဆွဲခြင်းကို တာဝန်ယူလိမ့်မည်။

ကိုယ်ပိုင် အက်ပလီကေးရှင်းကလည်း အဆင်သင့် ဖြစ်နေပြီဖြစ်လေ၏။

"ပြဿနာမရှိပါဘူး... မင်းကို ဝန်ထမ်းအဖြစ် ခန့်လိုက်မယ်..."

စကားပြောရင်း ကောင်းယွမ်သည် တံခါးကို ဖွင့်လိုက်လေသည်။

ထိုအချိန်တွင် ဒန်းဒန်းညီအစ်မ ငါးဦးသည် အိမ်ရှေ့ခြံဝင်းကို သန့်ရှင်းရေးလုပ်နေကြပြီး နေရာတစ်ခုလုံးကို သန့်ရှင်းစင်ကြယ်နေအောင် ပြုလုပ်ထားကြသည်။

အနံ့အသက်များမှာလည်း ကင်းစင်သွားပြီ ဖြစ်၏...။

ကောင်းယွမ်သည် ရှေ့ခြံဝင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ထားပြီး နောက်ခြံဝင်းကို သူ၏ လျှို့ဝှက်သိုလှောင်ရုံအဖြစ် သတ်မှတ်ကာ မည်သူ့ကိုမျှ ခေါ်သွားမည် မဟုတ်ပေ။ စက်ရုပ်များကတော့ ချွင်းချက်ဖြစ်သည်ပင်။

လင်းမေသည် စိတ်လှုပ်ရှားစွာဖြင့် လိုက်လာခဲ့သော်လည်း ဒန်းဒန်းညီအစ်မ ငါးဦးကို မြင်လိုက်ရသည့်အခါ၌မူ ဆွံ့အသွားလေတော့သည်။

"အစ်ကိုယွမ်... သူတို့က ဘယ်သူတွေလဲ…"

"အော်... သူတို့အားလုံးက ငါ့ရဲ့ ဝန်ထမ်းတွေပါ..."

လင်းမေ၏ အမူအရာသည် မသာမယာ ဖြစ်သွားခဲ့လေသည်။ သူမသည် အသားအရေ ဖြူဥနေသည့် ညီအစ်မ ငါးဦးထံသို့ အကြည့်များ ပို့နေမိပြီး ကြည့်လေလေ ရှက်ရွံ့လေလေ ဖြစ်နေရသည်။ ဤအမျိုးသမီး များသည် အဘယ်ကြောင့် ဤမျှ ချောမောလှပနေရသနည်း။

*အစ်ကိုယွမ်ရဲ့ ပတ်ဝန်းကျင်မှာ ဘာလို့များ ဒီလောက် လှပတဲ့ မိန်းကလေးတွေ များနေရတာလဲ...*

လင်းမေသည် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

ကောင်းယွမ်သည် သတိမထားမိခြင်းမရှိပေ။

"လင်းမေ... တစ်ခုခု လိုအပ်ရင် သူတို့ကို ပြောလိုက်ပါ... ဘာလုပ်ရမလဲဆိုတာလည်း ညွှန်ကြားပေးလိုက်ပါ... အားမနာပါနဲ့... သူတို့အားလုံးက ကိုယ့်မိသားစုလိုပါပဲ…"

*မိသားစုတွေလား...*

လင်းမေသည် မိမိကိုယ်ကိုယ် အပြင်လူတစ်ဦးလို ခံစားလိုက်ရသည်။ ထိုစဉ် ကားတစ်စီး ရပ်လိုက်သည့် အသံကို ကြားလိုက်ရလေ၏။

ကောင်းယွမ်သည် စူးစိုက်နားထောင်လိုက်ပြီးနောက် အံ့အားသင့်သော အမူအရာ ပြလိုက်သည်။

"ငါတို့အဖွဲ့ထဲကို ထူးချွန်တဲ့ လူတစ်ယောက် ထပ်ရောက်လာပြန်ပြီ..."

ထိုအချိန်တွင် လူငယ်တစ်ဦး တံခါးဝမှ ဝင်လာခဲ့လေသည်။

ခန္ဓာကိုယ်နှင့် ကွက်တိကျ၍ ကြပ်လွန်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို နောက်သို့ သပ်တင်ထားသော သူသည် ကောင်းယွမ်ကို မြင်သည်နှင့် ပြေးဖက်လိုက်လေသည်။

"ကောင်းယွမ်...၊ တောက်... ဒီနေရာက အရမ်းဝေးလွန်းတယ်ကွာ... ဒါပေမဲ့ ရှုခင်းကတော့ လှသားပဲ…"

ကောင်းယွမ်သည် ကျန်းပိုင်ရီကို လက်သီးဖြင့် ထိုးလိုက်သည်။

"မင်း ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ... ငါ ဒီမနက်မှ ဖုန်းဆက်တာလေ၊ နေတောင် မဝင် သေးဘူး ရောက်နေပြီလား…"

"တော်စမ်းပါကွာ… မင်းက တစ်ခုခု ရမ်းသမ်းလုပ်မိပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမိမှာ စိုးလို့လေ… မင်းကြောင့် ငါ့ရဲ့ အိမ်ထောင်ပြုမယ့် အိမ်မက်တောင် ပျက်စီးသွားပြီ၊ ဒါကြောင့် မင်းကိုပဲ ဖက်တွယ်ထားတော့မှာ…"

ထိုအရာအားလုံးသည် ဆင်ခြေသာ ဖြစ်ကြောင်း ကောင်းယွမ် သိပေသည်။ ကျန်းပိုင်ရီသည် သူ့ကို မယုံကြည် ခြင်းသာ ဖြစ်သည်။

ဤလူသည် အင်မတန် ကျွမ်းကျင်သည်။ ပရိုဂရမ်မာ တစ်ဦး ဖြစ်သော်လည်း အခြားပရိုဂရမ်မာများနှင့် မတူဘဲ ဖန်တီးမှုပိုင်းတွင် ထူးချွန်သူ ဖြစ်သည်။ စျေးကွက်ရှာဖွေရေးကိုလည်း နားလည်သူ ဖြစ်၏။

"လောင်ကျန်း... ငါတို့တွေ ပြန်ပြီး တိုက်ပွဲဝင်ကြဦးစို့..."

ကျန်းပိုင်ရီ ခေတ္တမျှ ကြောင်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပေါ်လာခဲ့လေသည်။

"မင်း နောက်ထပ် အလုပ်တစ်ခု စလုပ်မလို့လား... ငါသိတယ်... မင်းက ဘဝမှာ တစ်သက်လုံး သူများလက် အောက်မှာ အလုပ်လုပ်မှာ မဟုတ်ဘူး၊ ဒီလို ဆင်းရဲပြီး ဝေးလံတဲ့ နေရာမှာတောင် လက်လျှော့မှာ မဟုတ်ဘူး ဆိုတာ ငါသိနေတယ်..."

ကောင်းယွမ်သည် စိတ်လှုပ်ရှားစွာ ကြည့်လိုက်မိသည်။

"မင်းကလည်း... အဆင့်မြင့် အမှုဆောင်ရာထူးနဲ့ နေရင် မကောင်းဘူးလား... ဘာလို့ ငါ့ဆီ လာရတာလဲ..."

"စကားမများနဲ့တော့... တစ်နှစ်ကို လစာ သန်းနဲ့ချီရတဲ့ အဆင့်မြင့် စီမံခန့်ခွဲသူ အလုပ်ကို စွန့်ပြီး မင်းဆီ လာခဲ့ တာ... မင်း ငါ့ကို မိန်းကလေးတစ်ယောက် လျော်ရမယ်ဆိုတာ မမေ့နဲ့…"

စကားမဆုံးခင်မှာပင် ကျန်းပိုင်ရီသည် ခြံဝင်းထဲတွင် ရပ်နေသည့် ဒန်းဒန်းညီအစ်မ ငါးဦးကို မြင်သွားခဲ့လေသည်။

သူသည် ကောင်းယွမ်ကို ချက်ချင်းဆွဲခေါ်လိုက်တော့သည်။

"ကောင်းယွမ်... မင်းကလည်း ဇ မသေးဘူးပဲ… ဒီလောက် လှပတဲ့ မိန်းကလေးတွေအများကြီး… အရည်အသွေး လည်း မြင့်ကြတယ်... ငါ့ရည်းစားကိစ္စကို ငါကိုယ်တိုင် ဖြေရှင်းမယ်… မင်းသာ ငါ့ကို မတားနဲ့တော့…"

"အရည်အချင်းရှိရင် ဘာဖြစ်လဲ... "

"ကြိုက်တာ ကြည့်ပေတော့... မင်းကြိုက်တဲ့ တစ်ယောက်ကို ငါပေးမယ်..."

ကျန်းပိုင်ရီ ဝမ်းသာအားရ ဖြစ်သွားလေ၏။

"တကယ်လား… သူတို့က မင်းစကားကို နားထောင်မှာတဲ့လား…"

"တော်စမ်းပါ... ဒန်းဒန်း... ဒီကို လာပါဦး…။ ဒီအချိန်ကစပြီး မင်းက အထွေထွေမန်နေဂျာ ကျန်းကို ကူညီပေးရ မယ်။ သူ့ရဲ့ တောင်းဆိုမှု မှန်သမျှကို ဖြည့်ဆည်းပေးရမယ်၊ နားလည်လား…"

"ဟုတ်ကဲ့... သူဌေး"

သူမက ခေါင်းကို ငုံ့၍ ပြန်ဖြေလိုက်သည်။

ကျန်းပိုင်ရီသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ညီအစ်ကိုရေ... ဒါပေမဲ့ နာမည်က နည်းနည်း ထူးဆန်းတယ်... ဒီလောက် လှပတဲ့ မိန်းကလေးကို 'ဥ' လို့ ခေါ်ရ တာလား…"

" 'ဥ' မဟုတ်ဘူးဟ... 'ရောင်ခြည်' လို့ ခေါ်တာ... 'ဆောင်းဦးမြစ်ရေလို ကြည်လင်တဲ့ မျက်ခုံးတန်း' လို့ ဆိုလိုတာ လေ…"

"ငါပြောတဲ့ ဥကို မင်း ဘယ်လိုလုပ် သိတာလဲ... "

ကျန်းပိုင်ရီ သဘောမတူပေ...။

"မင်း ခါးကို ကုန်းလိုက်တာနဲ့ ဘာလုပ်တော့မလဲဆိုတာ ငါသိပြီးသားပါ... ငါတို့က အဲ့လောက်တောင် ရင်းနှီးနေ တာပဲ…"

ကျန်းပိုင်ရီ ရယ်မောလိုက်လေသည်။

"ကောင်းပြီလေ... မင်း ငါ့အကြောင်း အသိဆုံးပါပဲ ကောင်းယွမ်ရာ။ ဒီလုပ်ငန်းသစ်နဲ့ ဘာလုပ်ဖို့ စီစဉ်ထားတာ လဲ... ဪ.. ဒီမှာ မိန်းကလေးငယ်လေး တစ်ယောက် ရှိသေးတယ်နော်…"

လင်းမေ ဆွံ့အသွားလေ၏။

*တက္ကသိုလ်တုန်းကတော့ ငါ့ကို အလှဆုံး မိန်းကလေးတွေထဲက တစ်ယောက်လို့ သတ်မှတ်ခဲ့ကြတာ မဟုတ် ဘူးလား... ဘာလို့ ဒီနေရာမှာ အဖက်မလုပ်ခံရတာလဲ...*

*ဒါတွေအားလုံးက အခြားသူတွေက လှလွန်းနေလို့ပဲ...*

"လောင်ကျန်း... သူက ငါ့ရဲ့ ညီမလေး လင်းမေပါ... ငါတို့ရဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေ…"

"ဝါး... မင်းမှာ ဂရပ်ဖစ်ဒီဇိုင်နာတောင် ရှိတယ်ပေါ့.. မင်းကတော့ ဒီမှာ မိန်းမလှလေးတွေ ဝိုင်းရံပြီး ကောင်းစား နေတာပဲ..."

ထိုညတွင် ဆူညံသံများသည် သန်းခေါင်ယံအထိ ကြာမြင့်ခဲ့ပြီး ကျန်းပိုင်ရီသည် လုံးဝကို မိန်းမောသွားခဲ့ လေသည်။

All Chapters