အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃)
သန်းတစ်ရာ၊ ထိုထက်မပိုစေရ
"မစ္စတာကောင်း… ဒီမြေကွက်က အရင်က စက်ရုံဟောင်းကြီးလေ။ ကျွန်မအမေတောင် အဲဒီမှာ အလုပ်လုပ်ခဲ့ တာ။ အဲဒီတုန်းက ကျွန်မတို့မိသားစုလည်း အလယ်အလတ်တန်းစားအဆင့်နဲ့ အေးအေးဆေးဆေး နေနိုင်ခဲ့ကြ တာပေါ့။ ဒါပေမဲ့ နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်လာတော့ စက်ရုံက ရပ်တည်လို့မရတော့ဘဲ ပိတ်လိုက် ရတာ။ ဒီမြေကွက်က တန်ဖိုးမရှိတာနဲ့ပဲ ဒီနေ့အထိ ပစ်ထားသလို အလွတ်ကြီး ဖြစ်နေတာလေ။ မစ္စတာကောင်း ဝယ်ချင်တယ်ဆိုရင် ကျွန်မ လိုက်ပြပေးမယ်လေ။ ဒီမြေကွက်ပိုင်ရှင်ကိုလည်း ကျွန်မ သိပါတယ်…"
"အလျင်မလိုပါသေးဘူး။ အရင်ဆုံး စုံစမ်းစရာရှိတာတွေ စုံစမ်းထားလိုက်ဦး။ အရောင်းအဝယ်ကိစ္စကတော့ နောက်မှပဲ ပြန်လာခဲ့မယ်။ ဒီအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ပေးနိုင်ရင် လစာတိုးပေးမယ်…"
ပြောပြီးသည်နှင့် ကောင်းယွမ်သည် စီးကရက်များကို ယူကာ ချင်းမူကုထန်းကို ရှာဖွေရန် ထွက်လာခဲ့လေ၏။ အနာဂတ်ကမ္ဘာ၌ နေရာတိုင်းတွင် ငွေကြေးလိုအပ်သည်ကို သူ သဘောပေါက်ထားသဖြင့် ချင်းမူကုထန်းဆီမှ ချေးထားသောငွေများကို စီးကရက်ဖြင့် ပြန်ဆပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
မျက်မှောက်ခေတ်တွင် စီးကရက်နှင့် အရက်တို့သည် အမျိုးသားများကြား၌ ငွေသားကဲ့သို့ပင် တန်ဖိုးရှိလှသည်။ အရက်သည် လူမှုရေးရာထူးဂုဏ်ကို ပိုမိုဖော်ပြနိုင်သော်လည်း ဤအနာဂတ်ကမ္ဘာ၌မူ စီးကရက်များသည် အရက် ထက် ပိုမိုတန်ဖိုးကြီးမားလှသည်။ အနာဂတ်ကမ္ဘာတွင် အရက်များကို အလွယ်တကူ ရရှိနိုင်သေးသော်လည်း စီးကရက်များသည် သာမန်လူတန်းစားများ လက်လှမ်းမမီနိုင်သည့် ပစ္စည်းများ ဖြစ်နေသောကြောင့်တည်း။
ဈေးနှုန်းအရဆိုပါက ကောင်းယွမ်သည် လဲ့ချင်းမေကို အားကော်ထို တစ်ပုလင်း ပေးခဲ့ရာတွင် ယွမ်တစ်သန်း တန်ဖိုးရှိခဲ့၏။ ယခု ချင်းမူကုထန်းကို ပေးမည့် စီးကရက်များမှာမူ တစ်ဗူးလျှင် ယွမ်သန်းနှစ်ဆယ်အထိ တန်ဖိုး ရှိပေသည်။ ဤသည်မှာ ခြားနားချက်ပင်။ စီးကရက်တစ်ရာသည် ယွမ်သန်းနှစ်ထောင်နှင့် ညီမျှသည်။
ကောင်းယွမ်သည် စီးကရက်ဗူးဆယ်ဗူးပါသော စက္ကူအိတ်ကို ပေါ့ပါးစွာ ကိုင်ဆောင်လာခဲ့လေ၏။ ယွမ်သန်း နှစ်ထောင်တန်ဖိုးရှိသော ပစ္စည်းများကို သူ ကိုင်ဆောင်လာရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဤသည်မှာ အလွန်ပင် ရူးမိုက်လှသော လုပ်ရပ်ဟု ဆိုရပေမည်။
လမ်းလျှောက်လာစဉ် ကောင်းယွမ်၏ မျက်စိရှေ့တွင် ရုတ်တရက် အရာတစ်ခု ပေါ်လာ၏။ သတင်းစကားတစ်ခု ရောက်ရှိလာခြင်းပင်။
['ချင်းမူကုထန်း' ထံမှ မဖတ်ရသေးသော သတင်းစကား...]
ဤသည်မှာ ဦးနှောက်ချိတ်ဆက်မှုကွန်ရက်ဖြင့် ပေးပို့ခြင်းဖြစ်ကြောင်း ကောင်းယွမ် သိလိုက်ရသည်။ သူသည် စိတ်ထဲမှပင် 'ဖွင့်' ဟု တိတ်ဆိတ်စွာ ရေရွတ်လိုက်၏။ ချက်ချင်းပင် စာတိုတစ်စောင် ပေါ်လာတော့သည်...
ချင်းမူကုထန်း - "အစ်ကိုကောင်း... ရောက်ပြီလား..."
ကောင်းယွမ်သည် တိုက်ရိုက် ပြန်ဖြေလိုက်၏ ၊
"အခုချက်ချင်း လာနေပြီ..."
"ဟုတ်ကဲ့ပါ..."
ချင်းမူကုထန်းသည် ဤအရောင်းအဝယ်အတွက် အစွမ်းကုန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ပွဲစားတစ်ဦးဖြစ်သည့် ချင်းမူကုထန်းမှာ ပိုင်ဆိုင်မှုစုစုပေါင်း ယွမ်သန်းတစ်ထောင်ပင် မရှိသဖြင့် ကောင်းယွမ်အတွက် ငွေများကို အသည်းအသန် ရှာဖွေနေရ၏။
သူသည် မိမိပိုင်ဆိုင်မှုအားလုံးကို ပေါင်နှံထားခဲ့ပြီး မြေအောက်ဘဏ်များမှလည်း အတိုးနှုန်းကြီးမြင့်စွာဖြင့် ချေးငှားထားကာ သူငယ်ချင်းများထံမှလည်း ပစ္စည်းများကို အကြွေးဖြင့် ရယူထားခဲ့ခြင်း ဖြစ်သည်။
ချင်းမူကုထန်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ကောင်းယွမ်၏ စီးကရက်တစ်ရာကိုသာ ရရှိလိုက်မည် ဆိုပါက သူ၏ဘဝသည် ချက်ချင်းပင် အလှည့်အပြောင်း ဖြစ်သွားနိုင်ပေသည်။ ဘဝအလှည့်အပြောင်းတင်မက အထက်တန်းလွှာ လူ့အဖွဲ့အစည်းသို့ပါ ဝင်ရောက်နိုင်မည့် တံခါးပေါက် ဖြစ်လာမည်ဖြစ်သည်။ အနာဂတ်ကမ္ဘာ၏ လူမှုအဆင့်အတန်းသည် အလွန်ခိုင်မာသဖြင့် တစ်ဆင့်တက်လှမ်းနိုင်ခြင်းမှာ ကံတရားနှင့်သာ ဆိုင်သည်ကို နားလည်ထားရပေမည်။
...
ချင်းမူကုထန်းသည် စက္ကူအိတ်ကို ကိုင်ဆောင်ကာ လျှောက်လာသော ကောင်းယွမ်ကို မြင်လိုက်ရ၏။ သူ၏ မျက်ခွံများ တုန်ယင်သွား၏။
*အဲဒီအိတ်ထဲမှာ ရှိနေတာ စီးကရက်တွေလား။ စီးကရက်အလိပ်တစ်ရာတောင်ကြီးများလား။ ဒီလောက် တန်ဖိုး ကြီးတဲ့အရာတွေကို ဘယ်လိုစိတ်နဲ့များ ဒီလောက်တောင် ပေါ့ပေါ့တန်တန် သယ်လာရတာလဲ…*
ချင်းမူကုထန်း၏ ကောင်းယွမ်အပေါ် အမြင်မှာ အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ။ ဤသည်မှာ စစ်မှန်သော တည်ငြိမ်အေးဆေးမှုပင်။ ယွမ်သန်းနှစ်ထောင်တန်ဖိုးရှိသည့် ပစ္စည်းကို ကိုင်ဆောင်ထားသော်လည်း သူသည် ဤမျှတည်ငြိမ်နေဆဲပင်။
ကောင်းယွမ်သည် တကယ်တမ်းတွင် ကမ္ဘာ့မင်းသားတစ်ဦး ဖြစ်နေမည်လောဟုပင် သူ သံသယဝင်မိသည်။ မဟုတ်ပါက ဤမျှ ကြောက်ခမန်းလိလိ စွမ်းဆောင်နိုင်သူ မည်သူရှိပါမည်နည်း။
ကမ္ဘာ့စီးကရက်ထုတ်လုပ်မှုသည် စီးကရက်တစ်ထောင်ထက် မပိုဟု ဆိုကြသော်လည်း ကောင်းယွမ်သည် တစ်ကြိမ်တည်းနှင့် တစ်ရာကို ပေးအပ်လိုက်ခြင်းဖြစ်၏... သူသည် မည်သည့် နောက်ခံသမိုင်းကြောင်းမျိုး ရှိနေပါသနည်း။
ကောင်းယွမ်သည် အဝေးမှနေ၍ လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်၏၊
ချင်းမူကုထန်းသည် အမြန်ပင် ပြေးလာခဲ့သည်၊
"အစ်ကိုကောင်း... ရောက်လာပြီလား..."
"အင်း... စကားပြောဖို့ နေရာတစ်ခုခု ရှာကြမလား..."
"အင်း... စားသောက်ဆိုင်တစ်ခုကို ကျွန်တော် သိပါတယ်..."
"စားသောက်ဆိုင်ကို မသွားပါနဲ့တော့... ပစ္စည်းတွေက ဘယ်မှာလဲ..."
"ကျွန်တော် ဂိုဒေါင်တစ်ခု ငှားထားပါတယ်..."
ချင်းမူကုထန်းက ပြောလိုက်၏။
"ဒါဆိုရင် ဂိုဒေါင်ကိုပဲ သွားကြစို့..."
ကောင်းယွမ် ဂိုဒေါင်သို့ ရောက်သည့်အခါ နေရာမှာ အလွန်သေးငယ်ကာ (၅၀) စတုရန်းမီတာပင် မပြည့်ကြောင်း တွေ့လိုက်ရ၏။ ကောင်းယွမ်သည် ချင်းမူကုထန်း ပြင်ဆင်ထားသည့် ပစ္စည်းများကို မှန်းဆကြည့်လိုက်သည်။
"အစ်ကိုကောင်း... ကြည့်လိုက်ပါဦး... ပစ္စည်းတွေအားလုံးက ဒီမှာပါ၊ ယွမ်သန်းတစ်ထောင် တန်ဖိုးရှိပါတယ်... နောက်ထပ် ယွမ်သန်းတစ်ထောင်ကိုတော့ ငွေသားအနေနဲ့ အကောင့်ထဲ လွှဲပေးထားပါတယ်..."
"အစ်ကိုကောင်း ပစ္စည်းတစ်ဝက်ပဲ လိုချင်တယ်လို့ ပြောတာ အရမ်းကံကောင်းသွားတယ်... ငွေသားအကုန်လို ချင်ရင် ကျွန်တော့်ကို အပိုင်းပိုင်းဖြတ်ရင်တောင် ငွေရှာပေးနိုင်မှာ မဟုတ်ဘူး..."
ချင်းမူကုထန်းက ပြုံးလျက် ပြောလိုက်လေသည်။
"ဒါတွေက ဘာတွေလဲ..."
"ဟီးဟီး... အစ်ကိုကောင်း ကြည့်ပါဦး... ဒါက အသက်ဆက်ဆေးရည်ပါ... တစ်ပုလင်းကို ယွမ်တစ်သန်းတန်တဲ့ ပုလင်းသုံးရာ ပြင်ဆင်ထားတယ်... လူတစ်ယောက် အသက်ထွက်ခါနီးအချိန်မှာ ဒါကို သောက်လိုက်ရင် အနည်း ဆုံး ခြောက်လလောက် အသက်ဆက်နိုင်တယ်... အခြေအနေ အနည်းငယ် ကောင်းရင်တော့ တစ်နှစ်အထိ ခံ တယ်..."
ကောင်းယွမ်သည် ထိုဆေးရည်လေးများကို ကြည့်ရင်း အံ့အားသင့်သွားရ၏... ဤသည်မှာ တကယ်ပင် အသက် ကယ်ဆေး ဖြစ်နေသည်ပင်။
"နောက်ပြီးတော့..."
"ဒါကတော့ ဦးနှောက်လှိုင်းပုံရိပ်ဖော်ကိရိယာပါ... ရုပ်ရှင်ကုမ္ပဏီတွေ သုံးတဲ့အရာမျိုးပေါ့... ဒါကို ဝတ်ဆင်လိုက် တာနဲ့ မိမိစိတ်ကူးထဲက ပုံရိပ်တွေကို တိုက်ရိုက်ထုတ်လွှင့်နိုင်တယ်... အရမ်းစိတ်ဝင်စားဖို့ကောင်းသလို တန်ဖိုး လည်း ရှိပါတယ်... ယွမ်သန်းသုံးရာ တန်ဖိုးရှိတယ်..."
ကောင်းယွမ်သည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။
"နောက်တစ်ခု ရှိသေးလား..."
ချင်းမူကုထန်းသည် လျှို့ဝှက်စွာ ပြုံးလိုက်လေသည်၊
"အစ်ကိုကောင်း... ကျွန်တော် အာမခံပါတယ်... အထက်တန်းလွှာလူကြီးလူကောင်းတွေတောင် ဒီလိုအရာမျိုးကို တစ်ခါမှ မြင်ဖူးကြမှာ မဟုတ်ဘူး... ဒါက ကမ္ဘာ့ပထမဦးဆုံး... ကျွန်တော် အနိုင်နိုင် ရှာထားရတာ..."
ကောင်းယွမ်သည် နောက်ဆုံးပုံးကို ဖွင့်လိုက်သည်ကို မြင်လိုက်ရ၏... အတွင်းတွင် အလွန်သေးငယ်သော ကိရိယာ တစ်ခု ရှိနေခဲ့လေသည်။
"ဒါက ဘာလဲ..."
"အစ်ကိုကောင်း ခန့်မှန်းကြည့်ပါ..."
ကောင်းယွမ်သည် ၎င်းကို ကောက်ယူကာ စစ်ဆေးကြည့်သော်လည်း ထူးခြားသည်ဟု မထင်မိပေ။
"အစ်ကိုကောင်း... ကျွန်တော့်ကို ကြည့်ပါ..."
ပြောပြောဆိုဆိုနှင့် ချင်းမူကုထန်းသည် ၎င်းကို ခါးတွင် တပ်ဆင်ကာ ခလုတ်တစ်ခုကို နှိပ်လိုက်၏... မကြာမီ ရှေ့တွင် ဝါးတားတား အရိပ်တစ်ခု ပေါ်လာခဲ့လေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ချင်းမူကုထန်းသည် ကျားတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်ကို ကောင်းယွမ် အံ့ဩစွာ မြင်လိုက်ရ၏။ ပုံစံရော စိတ်ဓာတ်ပါ အတိအကျပင် ဖြစ်နေပြီး ထွက်ပေါ်လာသော အနံ့ အသက်မှာလည်း အလွန်ပင် လက်တွေ့ဆန်လှသည်။ ကောင်းယွမ် ချွေးပြန်လာတော့သည်။
"ဒါက..."
"အစ်ကိုကောင်း... ဒါကို ပုံသဏ္ဍာန်ပြောင်းလဲစက်လို့ ခေါ်ပါတယ်... လုံကျင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်က သုတေသနအဖွဲ့တစ်ခုက တီထွင်ထားတာပါ... ဒါပေမဲ့ ရန်ပုံငွေ လိုအပ်နေလို့ ယွမ်သန်းလေးရာနဲ့ ကျွန်တော် ဝယ် ထားလိုက်တာ... သူတို့ရှင်းပြချက်အရ တိရစ္ဆာန်မျိုးရိုးဗီဇကို ထည့်သွင်းထားတယ်လို့ ထင်ရတယ်... ဝတ်ဆင်ပြီး ရင် အသွင်ပြောင်းတာကို အတုယူနိုင်ပေမဲ့ အသေးစိတ်ကိုတော့ ကျွန်တော်လည်း မသိဘူး…"
ကျားတစ်ကောင်က ချင်းမူကုထန်း၏ အသံဖြင့် ပြောလိုက်မှသာ ကောင်းယွမ် သတိပြန်ဝင်လာခဲ့လေသည်။ အတော်ကောင်းသည့် ပစ္စည်းပင်။
"အစ်ကိုထန်း... ဒါက ဘယ်လောက်ကြာကြာ ခံမလဲ... လူပုံစံ ပြန်ပြောင်းဖို့က ဘယ်လိုလုပ်ရမလဲ..."
"ဘာခလုတ်မှ နှိပ်စရာ မလိုပါဘူး... လူပုံစံ ပြန်ဖြစ်ချင်တယ်လို့ စိတ်ထဲမှာ တွေးလိုက်တာနဲ့ ပြန်ပြောင်းသွားလိမ့် မယ်... တစ်ခါအသွင်ပြောင်းရင် အများဆုံး (၂၄) နာရီ ခံတယ်... ဒါပေမဲ့ ဒါက စမ်းသပ်ထုတ်ကုန်ဖြစ်လို့ (၁၂) နာရီထက် ပိုမသုံးတာ အကောင်းဆုံးပဲ... မဟုတ်ရင် စက်ချို့ယွင်းသွားနိုင်တယ်..."
ကောင်းယွမ် ခေါင်းညိတ်လိုက်၏...
"ကောင်းပြီ... မဆိုးဘူး..."
"အစ်ကိုကောင်း... အရောင်းအဝယ် ဖြစ်ပြီပေါ့နော်..."
"သေချာတာပေါ့..."
ကောင်းယွမ်သည် လက်ထဲမှ စီးကရက်ကို ကမ်းပေးလိုက်၏... ချင်းမူကုထန်းသည် ကောင်းယွမ်၏ နောက်ခံကို မသိသဖြင့် သူ့ကို လိမ်ညာရန် မရဲဝံ့ပေ။
"အစ်ကိုကောင်း... ကုန်တင်ယာဉ်ပျံတစ်စီး ပို့ပေးလိုက်မယ်... အလိုအလျောက်မောင်းနှင်စနစ် ပါတယ်... လိပ်စာ ရိုက်ထည့်လိုက်ရုံပါပဲ..."
...
ကောင်းယွမ်သည် ကုန်တင်ယာဉ်ပျံဖြင့် ဆိုင်ငယ်လေးသို့ ပြန်ရောက်သည့်အခါ လင်းနန်ဝူနှင့် သူမ၏မိခင်တို့ စောင့်ဆိုင်းနေကြ၏... အမေလင်းသည် ကောင်းယွမ်ကို မြင်သည်နှင့် ပြောလိုက်လေသည်။
"ဆရာ... ဆရာ့အတွက် စုံစမ်းပြီးပါပြီ... မြေကွက်ကို ဝယ်မယ်ဆိုတာ ကြားတော့ သူတို့ အရမ်းစိတ်လှုပ်ရှား သွားတယ်... တာဝန်ရှိသူလည်း ရောက်နေပြီ..."
"ကောင်းပြီ... စက်ရုပ်ကို ပစ္စည်းတွေ အရင်ချခိုင်းလိုက်ပါ..."
ကောင်းယွမ်သည် အမေလင်းဘေးတွင် လူတစ်ယောက်ကို တွေ့လိုက်ရ၏။
"မင်္ဂလာပါ..."
"မင်္ဂလာပါ... မစ္စတာကောင်း ဖြစ်ရပါမယ်နော်... တကယ်ပဲ ဒီမြေကို ဝယ်ဖို့ စိတ်ကူးထားတာလား..."
"ဟုတ်ပါတယ်... ဈေးနှုန်းက ဘယ်လောက်လဲ..."
"မစ္စတာကောင်း... ဒီမြေကွက်က အဲ့လောက်တော့ မကြီးပါဘူး... (၁၀,၀၀၀) စတုရန်းမီတာလောက် ရှိပါတယ်... အဲ့ဒီကြားလမ်းကနေ ဆိုင်ထိ ကျွန်တော်တို့မြေတွေချည်းပါပဲ... လုံကျင်းမြို့ရဲ့ မြေဈေးက လက်ရှိ တစ်စတုရန်း မီတာကို ယွမ်တစ်သိန်းလောက် ရှိပါတယ်... ဒါဆိုရင် (၁၀,၀၀၀) စတုရန်းမီတာဆိုတော့ ယွမ်သန်းတစ်ထောင် တန်ဖိုးရှိပါတယ်..."
ထိုလူ ပြောပြီးသည်နှင့် အမေလင်းက ကြားဖြတ်ပြောလိုက်သည်။
"ယွမ်သန်းတစ်ထောင်ဆိုတာ အရမ်းများလွန်းပါတယ်... လုံကျင်းမြို့ရဲ့ မြေဈေးက အဲ့လောက်ရှိပေမဲ့ နေရာနဲ့ အခြေအနေပေါ်လည်း မူတည်သေးတယ်... ဒီမြေကွက်က ဝေးလံတဲ့နေရာမှာ ရှိသလို ပုံစံကလည်း ရှည်လျား ကျဉ်းမြောင်းနေတော့ အဲ့လောက်တန်ဖိုး မရှိလှပါဘူး..."
ထိုလူသည် အမေလင်းကို ကြည့်လိုက်၏၊
"ဒါဆိုရင် ဘယ်လောက် တန်ဖိုးရှိမယ်လို့ ထင်သလဲ..."
အမေလင်းသည် ကောင်းယွမ်ကို မော့ကြည့်လိုက်၏... ကောင်းယွမ်သည် 'ပြောလိုက်စမ်း' ဟူသော အကြည့်မျိုး ဖြင့် ပြန်ကြည့်လိုက်လေသည်။ ကောင်းယွမ် အနည်းငယ် အံ့ဩမိသွားလေသည်။ သူသည် အမေလင်းကို အာရုံ မစိုက်ခဲ့ဖူးသော်လည်း အနာဂတ်ကမ္ဘာ၌ မိမိအတွက် ရုံးခန်းအဖြစ် သူမ၏ဆိုင်လေးကို ဝယ်ယူရန်သာ ရည်ရွယ် ခဲ့ခြင်းဖြစ်သည်။ အမေလင်းသည် အိမ်ခြံမြေကိစ္စကို နားလည်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ယွမ်သန်းတစ်ရာ... ကျွန်မ ပေးနိုင်တဲ့ အများဆုံးဈေးပါပဲ..."
အမေလင်းက ပြောလိုက်လေသည်။
ထိုလူသည် ခါးသက်သက် ပြုံးလိုက်၏။
"ဒါကတော့ ဈေးဆစ်လွန်းအားကြီးနေပါပြီ... (၁၀) ရာခိုင်နှုန်းတောင် လျှော့ပစ်တာမျိုး... မစ္စတာကောင်းရယ်... ရိုးရိုးသားသား ပြောရရင် ဒီမြေမှာ အားနည်းချက်တွေတော့ ရှိပါတယ်... အရင်က ကျွန်တော်တို့ စက်ရုံရဲ့ ကားပါ ကင်အဖြစ် သုံးခဲ့ပေမဲ့ နောက်ပိုင်းမှာ ကားအားလုံးကို အပေါ်ထပ် ကားပါကင်တွေပြောင်းလိုက်လို့ ဒီမြေက အလွတ်ဖြစ်နေတာပါ... ကျွန်တော့်ရဲ့ နောက်ဆုံးဈေးကို ပြောမယ်... ယွမ်သန်းငါးရာ..."
အမေလင်းသည် ထိုတစ်ကြိမ်တွင် ဘာမှ မပြောတော့ပေ... လူတိုင်းသည် ကောင်းယွမ်၏ အဖြေကို စောင့်မျှော် နေခဲ့ကြ၏။