← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉)

စိတ်ဓာတ်ကျနေသော ပိုင်မော့ယွီ

ပိုင်မော့ယွီသည် ကျင်းဟိုင်မြို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနတွင် ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခြင်း ခံနေ ရလေသည်...

ဌာနမှူးက သူမအား ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်နေ၏။

"မင်း ရူးနေတာလား... ငါတို့ကို အရူးထင်နေတာလား... ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ နှစ်ဘီလီယံတဲ့လား... ကောင်းယွမ်ရဲ့ ယွမ်ဖန်းအုပ်စုက ဒေဝါလီခံသွားတာကို ငါတို့ စုံစမ်းပြီးသား... သူက ဘယ်ကနေ ငွေတွေရှာပြီး ရင်းနှီးမြှုပ်နှံမှာလဲ... ပါးစပ်နဲ့ပဲ ရင်းနှီးမြှုပ်နှံမှာလား..."

"ဌာနမှူးကတောင် အရေးပေါ် အစည်းအဝေးခေါ်ပြီး ကောင်းယွမ်ကို အကောင်းဆုံး မူဝါဒတွေနဲ့ ကူညီပေးဖို့ စီစဉ်နေတာ... ဒါဟာ ရှက်စရာအကောင်းဆုံးပဲ..."

"ဘဏ္ဍာရေးဌာနက ရှောင်ဝမ်သာ အမှန်တရားကို မပြောပြရင် တစ်နိုင်ငံလုံးရှေ့မှာ ငါတို့မျက်နှာပျက်ရ တော့မှာ..."

"ထုတ်လုပ်မှု အခြေစိုက်စခန်းတဲ့လား... ငါထင်တာတော့ သူတို့က ငါတို့ဆီက ငွေတွေကို လိမ်လည်ဖို့ ကြိုးစား နေတာပဲ ဖြစ်ရမယ်..."

ပိုင်မော့ယွီသည် အလွန်အမင်း စိတ်မကောင်းဖြစ်နေသည့်ဟန်ဖြင့် ငြိမ်သက်နေလေသည်။

"ဒါရိုက်တာလီ... ဒါပေမဲ့... သူ ဒေဝါလီခံထားရရင်တောင် နောက်ထပ် လုပ်ငန်းတစ်ခု ထူထောင်နိုင်တာပဲလေ..."

"လုပ်ငန်းတစ်ခု ထူထောင်တယ်ဟုတ်လား... လုပ်ငန်းတစ်ခု ထူထောင်တာကို ဘာများမှတ်နေလဲ... သူမှာ ငွေရှိ လို့လား... ကောင်းယွမ်သာ အခုချက်ချင်း ငွေနှစ်ဘီလီယံ လွှဲပြောင်းပေးနိုင်ရင် ကျင်းဟိုင်ခရိုင်က လူတိုင်းက သူ့ကို အထူးဧည့်သည်တော်လို ဆက်ဆံကြလိမ့်မယ်... ဒါပေမဲ့ သူမှာ အဲဒီလောက် ငွေရှိလို့လား..."

"အဆိုးဆုံးကို တွေးကြည့်ရင်တောင် သူမှာ ဘာနည်းပညာတွေ ရှိလို့လဲ... ဘာလို ထုတ်လုပ်မှု အခြေစိုက်စခန်း မျိုးကို တည်ဆောက်မှာလဲ... မင်းရော အဲဒီအကြောင်း တစ်စုံတစ်ရာ သိရဲ့လား..."

"ကျွန်မ..."

"ကောင်းယွမ်အကြောင်း ငါ့ကို ထပ်မပြောနဲ့တော့... အခုချက်ချင်း သွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် ချက် ရေးလာခဲ့... မနက်ဖြန် ငါ့ဆီ လာပေးရမယ်..."

ပိုင်မော့ယွီသည် ရုံးခန်းထဲမှ ထွက်လာပြီးနောက် ဖုန်းကို ကိုင်လျက် ကောင်းယွမ်ကို ဖုန်းခေါ်ရန် ပြင်ဆင်သော် လည်း ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ဖုန်းမခေါ်ဖြစ်တော့ပေ။

သူမခံစားရသည်မှာ ကောင်းယွမ်သည် နောက်ပြောင်နေခြင်း မဟုတ်ကြောင်းပင်။ ထိုနေ့က သူတို့သည် မြေနေ ရာ ရယူခြင်းနှင့် ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်များအထိ အသေးစိတ် ဆွေးနွေးခဲ့ကြသည် မဟုတ်ပါလော...

ထို့အပြင် ပိုင်မော့ယွီသည် ကောင်းယွမ်ကို ကောင်းစွာ နားလည်သည်။ သူသည် အမြတ်အစွန်းအတွက် မည် သည့်အရာကိုမဆို လုပ်မည့်သူမျိုး မဟုတ်ပေ။

သို့သော်လည်း ပိုင်မော့ယွီသည် သူမ၏ အထက်လူကြီးများကို ယခုအချိန်တွင် ဆွဲဆောင်နိုင်ခြင်း မရှိသေးပေ...။ ပိုင်မော့ယွီသည် သူမ၏ ထိုင်ခုံတွင် ထိုင်ရင်း စိတ်ဓာတ်ကျကာ အလွန်အမင်း စိတ်ညစ်နေခဲ့လေသည်။

သို့သော်လည်း သူမသည် လက်မြှောက် အရှုံးပေးမည့်သူ မဟုတ်ပေ။

မုကျားကျေးရွာတွင် ကြီးမားသော ကုန်ထုတ်လုပ်မှု အခြေစိုက်စခန်း တည်ဆောက်ရေးအတွက် တရားဝင် အစီရင်ခံစာကို စတင်ရေးသားရပေတော့မည်။

...

ထိုအချိန်၌ ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့သည် လင်ကျိုးမြို့ ကုန်သွယ်မှုနှင့် စက်မှုဌာန၏ အထူးဧည့်သည်တော် များ ဖြစ်လာခဲ့ကြလေသည်။

ကုမ္ပဏီကို မှတ်ပုံတင်နိုင်ရန်အတွက် ကောင်းယွမ်သည် လင်ကျိုးမြို့တွင် ရုံးခန်းတစ်ခုကို တိုက်ရိုက် ဝယ်ယူ လိုက်ပြီး ၎င်းသည် နောင်တစ်ချိန်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ရုံးချုပ် ဖြစ်လာပေလိမ့်မည်။

ထို့နောက် ကောင်းယွမ်သည် ငါးရံ့နက် နည်းပညာကုမ္ပဏီကို မှတ်ပုံတင်ရန် ငွေငါးဘီလီယံ ရင်းနှီးမြှုပ်နှံလိုက် သည်။ ၎င်းကုမ္ပဏီလက်အောက်တွင် ငါးခူအသိဉာဏ်ရှိသော စက်ပစ္စည်းများ၊ ဝေလငါး လေးလံသော စက်မှု လုပ်ငန်း၊ ဂျယ်လီငါး ဇီဝနည်းပညာ၊ ဓားငါး မော်တော်ယာဉ်နှင့် ဆော်လမွန် ဖျော်ဖြေရေး လုပ်ငန်းဟူ၍ လုပ်ငန်း ခွဲများစွာ ရှိလေသည်။

ကောင်းယွမ် ရင်းနှီးမြှုပ်နှံမှု အလွန်များပြားသည့်အတွက် ပုံမှန်ဆိုလျှင် အချိန်အတော်ကြာ တတ်သည့် မှတ်ပုံ တင်ခြင်း လုပ်ငန်းစဉ်သည် ဝန်ထမ်းများနှင့် ခေါင်းဆောင်များ၏ ဂရုစိုက်မှုကြောင့် သုံးရက်အတွင်းမှာပင် ပြီးစီးသွားခဲ့လေသည်။

ရှဝေကုမ္ပဏီသို့ ပထမဆုံးအသုတ် တည်းဖြတ်စက်များ ရောက်ရှိလာသည်နှင့် ရှဝေကုမ္ပဏီသည် သတင်း ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်လေ၏။

ရှဝေအုပ်စုသည် ချစ်ပ်ပြားလုပ်ငန်းဌာနကို တည်ထောင်လိုက်ပြီး ယနေ့မှစ၍ အဆင့်မြင့် ချစ်ပ်ပြားများကို ကိုယ် ပိုင် ဒီဇိုင်းထုတ်ကာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း...၊ လက်ရှိတွင် ရှဝေအုပ်စုသည် ငါးရံ့နက် နည်းပညာ ကုမ္ပဏီနှင့် တည်းဖြတ်စက် ပံ့ပိုးပေးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး အဆင့်မြင့် တည်းဖြတ် စက် ပထမအသုတ် ဆယ်လုံးကို ရှဝေဌာနချုပ်သို့ ပေးပို့ပြီးဖြစ်ကြောင်း...၊

ငါးရံ့နက် (X-01) တည်းဖြတ်စက်သည် စွမ်းဆောင်ရည်ပိုင်းတွင် နိုင်ငံတကာ စံနှုန်းများကို လုံးဝ ကျော်လွန်သွား ပြီး ဖိုတွန်အလင်းအရင်းအမြစ်ကို တီထွင်ဖန်တီး အသုံးပြုကာ လူသားတို့၏ အလင်းနည်းပညာ ကန့်သတ်ချက် ကို ချိုးဖောက်နိုင်ခဲ့ကြောင်း...၊

သုံးရက်ကြာလျှင် ရှဝေ ချစ်ပ်ပြားလုပ်ငန်းဌာန တည်ထောင်ခြင်းနှင့် ငါးရံ့နက် (X-01) တည်းဖြတ်စက်ကို မိတ် ဆက်ခြင်း အခမ်းအနားသို့ လူအသီးသီးအား လေးစားစွာ ဖိတ်ကြားအပ်ကြောင်း…ကြေငြာခဲ့လေသည်။

ဤသတင်းထုတ်ပြန်ချက်သည် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့လေသည်။

လူအများစုက ၎င်းသည် သတင်းမှားဟု ထင်မြင်ကြသော်လည်း အချို့ကမူ ရှဝေ၏ တရားဝင် ဝဘ်ဆိုက်တွင် တင်ထားသည့် ဖန်သားပြင်ဓာတ်ပုံများကို ပြသခဲ့ကြ၏။ လက်ရှိအချိန်ထိ တရားဝင် မီဒီယာများက အတည်ပြု ချက် မပေးသေးသည့်အတွက် သတင်း၏ မှန်ကန်မှုကို မသိရှိနိုင်သေးပေ။

သို့သော် သုံးရက်အကြာတွင် အမျိုးသား ကွန်ဗင်းရှင်းစင်တာ၌ ပထမဆုံး ပြခန်းကို စတင်ဆောက်လုပ်နေပြီ ဖြစ်ပြီး အင်တာနက် သုံးစွဲသူများ တင်ထားသော ဓာတ်ပုံများအရ ၎င်းသည် ရှဝေကုမ္ပဏီ၏ သတင်းစာရှင်းလင်း ပွဲ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပေသည်။

သတင်းထုတ်ပြန်ချက်ပျံ့နှံ့သွားသည်နှင့်အတူ ငါးရံ့နက် နည်းပညာကုမ္ပဏီသည်လည်း လူစိတ်ဝင်စားမှု အမြင့် ဆုံးသို့ ရောက်ရှိသွားခဲ့လေသည်။

ထို့ကြောင့် အသစ်တည်ထောင်လိုက်သော ငါးရံ့နက် နည်းပညာကုမ္ပဏီကို စူးစမ်းရှာဖွေမှုများ ပြုလုပ်လာကြ လေသည်။

လွတ်လပ်သော မီဒီယာအချို့က ပြဿနာများကို စတင်ဖန်တီးလာကြ၏။

ကျိုးယွမ်ပိုးဂီသည် နည်းပညာနယ်ပယ်တွင် ဖော်လိုဝါ သုံးသန်းရှိသော ထင်ရှားသူတစ်ဦး ဖြစ်လေသည်။ သူ သည် ပလက်ဖောင်းအမျိုးမျိုးတွင် ဆောင်းပါးများ ရေးသားခဲ့လေ၏။

(၃) နီနိုမီတာ ချစ်ပ်ပြားထုတ်နိုင်ပြီဆိုတဲ့ "ငါးရံ့နက်နည်းပညာ" ရဲ့ ကြေညာချက်- အောင်မြင်မှုလား၊ ကြွေးကြော်သံသက်သက်လား

ပြည်တွင်းဆီမီးကွန်ဒတ်တာလောကမှာ လက်ရှိအရှိန်အဟုန်အပြင်းဆုံး ရိုက်ခတ်နေတဲ့ သတင်းတစ်ခုကတော့ 'ရှဝေ' ရဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။ ထိုကြေညာချက်ထဲမှာ အသစ်ပေါ်ထွက်လာတဲ့ "ငါးရံ့နက်နည်းပညာ ကုမ္ပဏီ " က (၃) နီနိုမီတာ အဆင့်မြင့် အလင်းတည်းဖြတ်စက် ကို ထုတ်လုပ်နိုင်ပြီလို့ ဆိုထားတာကြောင့် ပြည် သူအများစုကတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။

ဒါပေမဲ့ နည်းပညာစောင့်ကြည့်လေ့လာသူတွေကြားထဲမှာတော့ "ဒီကုမ္ပဏီက တကယ်ပဲ ဘယ်သူတွေလဲ၊ သူတို့စက်ကရော တကယ်ပဲ အလုပ်ဖြစ်ရဲ့လား" ဆိုပြီး မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်။

(၂) ရက် သားပဲ ရှိသေးတဲ့ (၅) ဘီလီယံတန် ကုမ္ပဏီအသစ်စက်စက်

စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ ငါးရံ့နက်နည်းပညာကုမ္ပဏီဟာ လွန်ခဲ့တဲ့( ၂) ရက်ခန့်ကမှ တရားဝင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီအသစ်စက်စက် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မှတ်ပုံတင်ထားတဲ့ မတည်ရင်းနှီးငွေ ကတော့ ငွေကျပ် (၅) ဘီလီယံအထိ ရှိနေပြီး စီးပွားရေးလုပ်ငန်းနယ်ပယ်မှာလည်း အဆင့်မြင့်ဝတ်ဆင်နိုင်တဲ့ စက်ပစ္စည်းတွေကနေ စက်ရုပ်နည်းပညာ၊ ဇီဝနည်းပညာနဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးအထိ ကျယ်ကျယ်ပြန့်ပြ န့် ပါဝင်နေတာကို တွေ့ရပါတယ်။

အင်တာနက်သမားတွေရဲ့ စက္ကူပေါ်က အိပ်မက် ဖြစ်နေမလား

ငါးရံ့နက်ကုမ္ပဏီရဲ့ အဆင့်မြင့်စီမံခန့်ခွဲမှုပိုင်းကို စိစစ်ကြည့်တဲ့အခါ အဓိကရှယ်ယာရှင်ဟာ ယခင်က 'ယွမ်ဖန်း နည်းပညာကုမ္ပဏီ' ကို တည်ထောင်ခဲ့ပြီး ဒေဝါလီခံခဲ့ရဖူးသူ "ကောင်းယွမ်" ဖြစ်ပြီး၊စီအီးအိုကတော့ အင်တာနက် နယ်ပယ်က ထွန်းသစ်စလူငယ် "ကျန်းပိုင်ရီ" ဖြစ်နေပါတယ်။

ရိုးရိုးသားသား သုံးသပ်ရရင် ကုမ္ပဏီကို ဦးဆောင်နေသူတွေဟာ အခြေခံအားဖြင့် 'အင်တာနက်သမားများ' သာ ဖြစ်ကြပါတယ်။ အင်တာနက်သမားတွေဟာ ဆွဲဆောင်မှုရှိတဲ့ အယူအဆအသစ်တွေကို ဖန်တီးရာမှာ ကျွမ်းကျင် ကြပေမဲ့၊ လက်တွေ့အခြေခံကုန်ထုတ်လုပ်ငန်း တွေကို လုပ်ဆောင်တဲ့နေရာမှာတော့ အားနည်းချက်တွေ ရှိတတ် ပါတယ်။

သူတို့နှစ်ဦးအနေနဲ့ 'ရှဝေ' အဖွဲ့အစည်းကို ဘယ်လိုစည်းရုံးနိုင်ခဲ့လဲ မသိရပေမဲ့ သူတို့ပြောနေတဲ့ စက်ဆိုတာ လက် ရှိအချိန်အထိတော့ စက္ကူပေါ်မှာပဲ ရှိနေသေးတယ်လို့ သုံးသပ်ရပါတယ်။

ဒါဟာ အိပ်မက်အတွက် ရုန်းကန်နေရတယ်ဆိုပြီး ကားမထုတ်နိုင်သေးတဲ့ 'ကျားတာလောင်' တို့၊ ကားထုတ်မယ် ပြောပြီး အစုလိုက်အပြုံလိုက် မထုတ်နိုင်သေးတဲ့ 'ဖေးသိုက်ရှု' တို့ရဲ့ ပုံစံမျိုးနဲ့ ဆင်တူနေပါတယ်။ ကားကို အစု လိုက်အပြုံလိုက် မထုတ်နိုင်တာက ပြဿနာမဟုတ်ပေမဲ့ ပြည်တွင်းဖြစ် ချစ်ပ်ပြားထုတ်စက်ကို တစ်နိုင်ငံလုံးက မျှော်လင့်စောင့်စားနေချိန်မှာ ငါးရံ့နက်အနေနဲ့ အစုလိုက်အပြုံလိုက် မထုတ်နိုင်ရင်တော့ အလွန်ဆိုးရွားတဲ့ စိတ်ပျက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

နည်းပညာအဆင့်ကျော်မှုနဲ့ လက်တွေ့မြေပြင်အခြေအနေ

နည်းပညာဖွံ့ဖြိုးတိုးတက်မှုဆိုတာ တစ်ဆင့်ချင်းစီပဲ သွားရစမြဲပါ။ 'ရှရှင်းအပြည်ပြည်ဆိုင်ရာ' လို လုပ်ငန်းစု ကြီးတောင် (၂၂) နီနိုမီတာ စက်နည်းပညာကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရချိန်မှာ၊ ယခုမှ ပေါ်လာတဲ့ ငါးရံ့နက် ကုမ္ပဏီက (၃) နီနိုမီတာ ချစ်ပ်ပြားထုတ်စက် ရှိတယ်လို့ ဆိုတာက ဟာသတစ်ခုလို ဖြစ်နေပါတယ်။

နောက်ပြီး လက်ရှိစျေးကွက်မှာ (၃) နီနိုမီတာနည်းပညာကို တကယ်ကော လိုအပ်နေပြီလားဆိုတာ စဉ်းစား စရာ ပါ။ ချစ်ပ်ပြားတွေမှာ နီနိုမီတာငယ်လေ အားသာချက်ရှိလေ ဖြစ်ပေမဲ့ သေးတိုင်း ပိုကောင်းတာတော့ မဟုတ် ပါ ဘူး။ လက်ရှိ ကွန်ပျူတာနဲ့ ဖုန်းအများစုဟာ (၇) နီနိုမီတာ ချစ်ပ်တွေကိုပဲ အဓိက သုံးနေကြတာပါ။

ဗိသုကာဒီဇိုင်းနဲ့ ဒရိုင်ဘာ ပိုင်း သေချာမကောင်းရင် နီနိုမီတာ ဘယ်လောက်သေးသေး အကျိုးမရှိနိုင်ပါဘူး။

နည်းပညာ ပိုသေးငယ်လေ ကုန်ကျစရိတ် ပိုများပြီး ယုံကြည်စိတ်ချရမှု နည်းပါးလေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က 'ရှဝေ' မှာ 'ယွမ်သျှမ်' က ထုတ်လုပ်တဲ့ (၅) နီနိုမီတာသုံး 'ချင်လုံ (A9000)' ချစ်ပ်တစ်ခု ရှိခဲ့ ဖူးပြီး စွမ်းဆောင်ရည် ကောင်းမွန်ပေမဲ့ လက်တွေ့မှာ (၇) နီနိုမီတာ ချစ်ပ်တွေနဲ့ ကွာခြားမှု အနည်းငယ်ပဲ ရှိခဲ့ပါ တယ်။

သုံးသပ်ချက်

အကယ်၍ ငါးရံ့နက်နည်းပညာကုမ္ပဏီကသာ (၃) နီနိုမီတာ ချစ်ပ်ထုတ်စက်ကို အမှန်တကယ် တီထွင်နိုင်ခဲ့ရင် မိမိတို့နိုင်ငံဟာ ဆီမီးကွန်ဒတ်တာနယ်ပယ်မှာ ကမ္ဘာကို ဦးဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာလုံး ဆိုင်ရာ နည်းပညာကုမ္ပဏီကြီးတွေတောင် (၃) နီနိုမီတာ ချစ်ပ်တွေကို စီးပွားဖြစ် အစုလိုက်အပြုံလိုက် မထုတ် လုပ်နိုင်ကြသေးပါဘူး။

ဒါပေမဲ့ လက်ရှိအခြေအနေအရ ငါးရံ့နက်အနေနဲ့ ဒီလောက်အထိ စွမ်းဆောင်နိုင်ဖို့ ဖြစ်နိုင်ခြေကတော့ အလွန် နည်းပါးလွန်းပါတယ်။ လောလောဆယ်မှာတော့ ဒီမျှသာ သုံးသပ်နိုင်ဦးမှာဖြစ်ပြီး၊ နောက်ထပ် (၃) ရက်အကြာမှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲပြီးမှပဲ အဖြေမှန်ကို ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ကျိုးယွမ်ပိုးဂီ၏ ဆောင်းပါးအောက်တွင်...

အင်တာနက် အသုံးပြုသူများက မှတ်ချက်များစွာ ရေးသားခဲ့ကြလေ၏...။

[သတင်းကို မြင်တုန်းက နည်းနည်း စိတ်လှုပ်ရှားမိပေမဲ့ ပိုးဂီရဲ့ ဆောင်းပါးကို ဖတ်ပြီးနောက်မှာတော့ ငါတို့ ထပ်ပြီး လိမ်ခံလိုက်ရပြန်ပြီဆိုတာ သိလိုက်ရတယ်]

[အင်တာနက် နယ်ပယ်က လူတွေကတော့ စကားလုံးကြီးတွေပဲ ပြောတတ်ကြတာပဲ]

[ငါးရံ့နက် နည်းပညာကုမ္ပဏီဆိုတာ ဘာလဲ... အခုမှ တည်ထောင်တာလေ... ဒါက အခွံသက်သက် ကုမ္ပဏီတစ်ခု လား...]

[ပိုးဂီရဲ့ ခွဲခြမ်းစိတ်ဖြာချက်က မှန်လိုက်တာ... ဒီလိုဖြစ်ဖို့ ဖြစ်နိုင်ချေက အရမ်းနည်းလွန်းတယ်။ လျူရီဖေးကို ဘယ်လို လက်ထပ်ရမလဲဆိုတာကိုပဲ တွေးနေတာက ပိုကောင်းဦးမယ်]

...

အင်တာနက် အသုံးပြုသူများ အပြန်အလှန် ဆွေးနွေးနေကြစဉ်...၊

ရှန်းနန် ရေဘေးသင့်ဒေသတွင် အင်တာဗျူးတစ်ခု ထွက်ပေါ်လာခဲ့လေသည်...။

ဗီဒီယိုတွင် ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသော စစ်သားတစ်ဦးကို တွေ့ရသည်။ သူဝတ်ဆင်ထားသည့် ဝတ်စုံမှာ ပလတ်စတစ်၊ သတ္တုနှင့် ဖန်သားတို့အကြား တစ်နေရာရာတွင် ရှိနေသည့် ပစ္စည်းမျိုးနှင့် ပြုလုပ်ထား ပုံရလေ၏...။

စစ်သားက ကင်မရာကို ကြည့်ကာ ပြောလိုက်သည်၊

"သုံးရက်သုံးည ကြိုးစားလုပ်ဆောင်ပြီးနောက် ဆည်မြောင်းကို အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ပါပြီ။ ဒီတစ်ခါတော့ ကျွန်တော် ဝတ်ထားတဲ့ ဝတ်စုံကြောင့် စိုစွတ်မှုလည်း မရှိသလို အေးစက်မှုကိုလည်း မခံစားရပါဘူး… ဒီလို ကောင်းမွန်တဲ့ ပစ္စည်းတွေကို တီထွင်ပေးတဲ့ ပြည်တွင်း နည်းပညာ ကုမ္ပဏီတွေကို ကျေးဇူးတင်ပါတယ်… ရေ အေးထဲမှာပဲဖြစ်ဖြစ်၊ ညအချိန်မှာပဲဖြစ်ဖြစ်၊ မီးဖိုဘေးမှာပဲဖြစ်ဖြစ် ဒီဝတ်စုံက အမြဲတမ်း သက်သောင့်သက်သာ ရှိပါတယ်…."

All Chapters