← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀)

သင် ယခင်က ဘာအလုပ်လုပ်ခဲ့သနည်း

ထိုအချိန်တွင် ကင်မရာသည် ရွှံ့နွံများအတွင်း ရပ်နေကြသော စစ်သည်တစ်ရာကျော်ဆီသို့ ရောက်ရှိသွားလေ သည်။ သူတို့၏ အဝတ်အစားများမှာ စင်ကြယ်နေပြီး ကင်မရာရှေ့တွင် တစ်ညီတစ်ညွတ်တည်း အော်ဟစ် လိုက်ကြ၏။

"လှူဒါန်းပေးတဲ့ အပူချိန်ထိန်းအဝတ်အစားများအတွက် ကျေးဇူးတင်ပါတယ်..."

'အပူချိန်ထိန်းအဝတ်အစား' ဟူသော ဝေါဟာရသည် လူမှုကွန်ရက်ပေါ်တွင် ခေတ်စားလာခဲ့သည်။ အင်တာနက် သုံးစွဲသူများက ထိုအပူချိန်ထိန်းအဝတ်အစားဆိုသည်မှာ အဘယ်အရာဖြစ်သနည်းဟု တွေးတောနေကြ၏။

သို့သော် အွန်လိုင်းပေါ်တွင် မည်သည့်သတင်းအချက်အလက်မျှ ရှာမတွေ့သဖြင့် အချို့သူများက ရှန်းနန်ရေဘေး ကာလက လှူဒါန်းသူများစာရင်းထဲမှ အရိပ်အယောင်များကို လိုက်လံရှာဖွေနေကြလေသည်။ အပူချိန်ထိန်း အဝတ်အစားနှင့် တည်းဖြတ်စက် အကြောင်းသတင်းများသည် အွန်လိုင်းတွင် လွှမ်းမိုးလာခဲ့လေသည်။

ထိုအချိန်၌ပင် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့၏။ အနာဂတ်ကမ္ဘာ၏ လုပ် ဆောင်ချက်များသည် လက်ရှိကမ္ဘာထက် များစွာ ပိုမိုမြန်ဆန်လှသည်။ တင်ပို့ရေးဧရိယာသည် ကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ဖြစ်လာပြီး မူလဆိုင်ငယ်လေးမှာလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ စက်ရုပ်များနှင့် အလိုအလျောက်စနစ်သုံး စက်ကိရိယာများက ကြိုတင်ပြင်ဆင်ထားသော အစိတ်အပိုင်းများကို အလျင်အမြန် တပ်ဆင်နေကြ၏။

ကောင်းယွမ်၏ ရှေ့မှောက်တွင် ကြီးမားသော ဂိုဒေါင်တစ်ခု ပေါ်ထွက်လာပြီး ဆိုင်ငယ်လေးမှာလည်း စုစုပေါင်း ဧရိယာစတုရန်းပေ တစ်သိန်းကျော်ရှိသည့် ခမ်းနားသော အထပ် (၃၀) အဆောက်အအုံအဖြစ် တိုးချဲ့ထားလေ သည်။ လင်းနန်ဝူသည် ကောင်းယွမ် ရောက်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး သူ၏ လက်ကို ဆွဲကိုင်လိုက်သည်။

"သူဌေး... ဘယ်လိုနေလဲ... ကျွန်မတို့ အကောင်းဆုံး ဆောက်လုပ်ရေးကုမ္ပဏီကို ရှာထားတာ... ဒီနေရာကို ဂိုဒေါင် ဒါမှမဟုတ် စက်ရုံအဖြစ် သုံးလို့ရတယ်... ဆိုင်ကိုလည်း အရင်ကထက် အများကြီး ပိုကြီးအောင် ပြန်ဆောက်ထားတယ်..."

ကောင်းယွမ်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထိုစဉ် အမေလင်းက ဘေးမှ ဝင်ပြောလာလေ၏။

"သူဌေး... အဆင်မပြေတာရှိရင် အချိန်မရွေး ပြင်လို့ရပါတယ်... ဒါတွေက အစိတ်အပိုင်းတွေကို စုစည်းထား တာပါ..."

ကောင်းယွမ်သည် လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုပါဘူး..."

ကောင်းယွမ်သည် ဤဂိုဒေါင်ကို တည်ဆောက်ရခြင်းမှာ အကြောင်းအရင်းနှစ်ချက် ရှိသည်။ ပထမအချက်မှာ ပစ္စည်းများ သိုလှောင်ရန်ဖြစ်ပြီး ဒုတိယအချက်မှာ သူ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် ဖြစ်သည်။ မူလက တံခါးမှာ လမ်းကြားထဲတွင် ရှိနေသော်လည်း ယခုအခါ မြေတစ်ပြင်လုံး သူ၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီဖြစ်ရာ သူ ထွက်လာသည့်အခါ ဂိုဒေါင်ထဲ၌သာ ပေါ်လာတော့မည်ဖြစ်သည်။ ကောင်းယွမ်သည် သူ ဝင်ထွက်နေသည့် နေရာ ကို ညွှန်ပြလိုက်လေသည်။

"ဒီနေရာမှာ လျှို့ဝှက်ဂိုဒေါင်တစ်ခု ဆောက်ပေးပါ... ပြီးတော့ ရှေ့မှာ ကျွန်တော့်အတွက် ရုံးခန်းတစ်ခု ချန်ထား ပေး... ဒါက ထိပ်တန်းလျှို့ဝှက်ချက်ပဲ... ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုရဘူး၊ ခင်ဗျားတို့နှစ်ယောက်တောင် မပါဘူး၊ နားလည်လား..."

လင်းနန်ဝူနှင့် သူမ၏မိခင်တို့သည် ခေါင်းညိတ်လိုက်ကြလေသည်။

"သဘောပေါက်ပါတယ်..."

ထို့နောက် ကောင်းယွမ်သည် ဤကမ္ဘာရှိ သူ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးကြည့်ရှုလိုက်လေသည်။ သူ၏ဆိုင်ငယ် လေး ရှိခဲ့သောနေရာတွင် အနာဂတ်အဆောက်အအုံကြီးတစ်ခု တည်ရှိနေပြီဖြစ်သည်။ ယခုတွင် ခြေကုပ်ရသွား ပြီဖြစ်ရာ ကောင်းယွမ်သည် အနာဂတ်ကမ္ဘာ၌ ဘာဆက်လုပ်ရမည်ကို တွေးတောရတော့မည်ဖြစ်သည်။

စီးပွားရေးလုပ်သည်ဆိုသည်မှာ မိမိအတွက် အကျိုးရှိရန် လိုအပ်၏။ ကောင်းယွမ် လိုချင်သည်မှာ အနာဂတ် ကမ္ဘာ၏ အရင်းအမြစ်များနှင့် နည်းပညာများသာ ဖြစ်သည်။

ကောင်းယွမ်တွင် ဘာတွေရှိသနည်း။ လက်ရှိကမ္ဘာမှ ကောက်ပဲသီးနှံများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစားအစာအမျိုးမျိုး၊ အရက်နှင့် အဖျော်ယမကာများ ရှိသည်။ ထို့အပြင် သဘာဝအပင်မျှင်ဖြင့် ပြုလုပ်ထား သော အဝတ်အစားများလည်း ရှိသေးသည်။

ဤပစ္စည်းများသည် ဤနေရာတွင် တန်ဖိုးကြီးလှသည်။ သို့သော် အနာဂတ်ကမ္ဘာ၌ ဤပစ္စည်းများအားလုံးမှာ အထက်တန်းစားတို့၏ သုံးစွဲမှုအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် ကောင်းယွမ်၏ ဖောက်သည်များသည် ထိပ်တန်းပုဂ္ဂိုလ်များသာ ဖြစ်ရပေမည်။

ဆိုင်ဖွင့်ခြင်းမှာ အနည်းငယ် နိမ့်ကျသည်ဟု ခံစားရလေသည်။ ကောင်းယွမ်၏ မျက်လုံးများ အရောင်လက်သွား လေ၏။ ဤနေရာကို ကလပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်လျှင်ကော။ ဤကလပ်သည် မကောင်းမှုများဖြင့် ပတ် သက်မည်မဟုတ်ဘဲ လက်ရှိကမ္ဘာမှ လတ်ဆတ်သောလေကို ရှူရှိုက်နိုင်ပြီး တစ်နှစ်ပတ်လုံး လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားစစ်စစ်များကို ရရှိနိုင်မည်ဖြစ်သည်။

အထည်အလိပ်များနှင့် ချောကလက်များ၊ စီးကရက်များလည်း ပေါများစွာ ရှိလိမ့်မည်။ အနာဂတ်ကမ္ဘာတွင် ဤဆွဲဆောင်မှုကို မည်သူက ငြင်းဆန်နိုင်မည်နည်း။

ကောင်းယွမ် တွေးလေ ပို၍ ယုံကြည်စိတ်ချရလေ ဖြစ်လာ၏။ အသင်းဝင်စနစ်ဖြင့် ကလပ်ဖွင့်ခြင်းမှာ ငွေရှာရန် အတွက်လော။ မဟုတ်ပါ... လူမှုကွန်ရက် တည်ဆောက်ရန်ဖြစ်သည်။ ထိပ်တန်းလူတန်းစားများကို ဤနေရာသို့ ခေါ်လာပြီး လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက လူသာမန်တို့၏ ဘဝကို ခံစားစေရန်ဖြစ်သည်။

သူတို့၏ အကျိုးအမြတ်များကို ရရှိရန်အတွက် အစွမ်းထက်ဆုံးသူများနှင့် ရင်းနှီးအောင် လုပ်ဆောင်ရမည်ဖြစ် သည်။ ကောင်းယွမ်သည် ပစ္စည်းတင်ပို့မှုတင်မကဘဲ နည်းပညာကိုလည်း လိုချင်သည်။ ဤကလပ်သာ ရှိလာပါ က လဲ့ချင်းမေနှင့် ချင်းမူကုထန်းတို့မှာ အရေးမပါတော့ပေ။

လုပ်ငန်းလမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက် ကောင်းယွမ်သည် အမေလင်းကို ခေါ်ကာ သူ၏အစီအစဉ်ကို ပြောပြလိုက်သည်။ ဤနေရာ၏ စီစဉ်ပုံမှာ လင်းနန်ဝူကဲ့သို့ ကလေးမလေးတစ်ယောက်၏ အကြံအစည် မဟုတ် နိုင်ဟု သူ ခံစားမိသည်။ အမေလင်းသည် သာမန်သူမဟုတ်ပေ။ အမေလင်းက စဉ်းစားကာ ပြောလိုက်သည်။

"သူဌေး... တကယ်လို့ အစီအစဉ်အတိုင်း ဆောက်မယ်ဆိုရင် အပူချိန်နဲ့ စိုထိုင်းဆ ထိန်းချုပ်တဲ့စနစ် လိုအပ်မှာ ပေါ့..."

"ဟုတ်တယ်... ဘာများ ထပ်ဖြည့်စွက်ချင်သေးလဲ..."

"တကယ်လို့ အထက်တန်းစားကလပ် ဖွင့်မယ်ဆိုရင် အသင်းဝင်တွေကို ဘယ်လို ဆွဲဆောင်မလဲ... ကြော်ငြာတာ ကတော့ မဖြစ်နိုင်ဘူး... အသင်းဝင်တွေကို အခမဲ့ အတွေ့အကြုံယူဖို့ ဖိတ်ခေါ်ရင်ကော... ဒါပေမဲ့ အရည်အချင်း ကို တင်းကျပ်ရမယ်... နောက်ပြီး အင်အားကြီးသူတစ်ယောက်ယောက်က အတင်းဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားလာရင် ဘယ်လိုလုပ်မလဲ..."

ကောင်းယွမ်သည် အမေလင်းကို တစ်ချက်ကြည့်လိုက်သည်။

"ခင်ဗျား အရင်က ဘာအလုပ်လုပ်ခဲ့တာလဲ.. သာမန်ဆိုင်ပိုင်ရှင် တစ်ယောက်တော့ မဟုတ်လောက်ဘူးနော်..."

အမေလင်းသည် မျက်လွှာချလိုက်သည်။

"ကျွန်မက သာမန်ဆိုင်ပိုင်ရှင်လေးပါ... ဒါပေမဲ့ ကျွန်မရဲ့မိခင်က အမည်သုံးလုံးရှိသူပါ..."

ကောင်းယွမ်ချက်ချင်း နားလည်သွားသည်။ ဤသည်မှာ မိသားစု ကျဆင်းသွားခြင်း၏ အရိပ်အယောင်ဖြစ်သည်။ သို့သော် အမေလင်းကဲ့သို့သူ ရှိနေခြင်းကြောင့် ကောင်းယွမ် စိတ်အေးမိသည်။ အမေလင်း ပြောသည့်အတိုင်းပင် ရင်းနှီးမြှုပ်နှံမှု ပြဿနာမှာ အမှန်တကယ်ပင် ရှိနေသည်။ ထို့ကြောင့် ကောင်းယွမ်သည် မိတ်ဖက်ရှာရန် လိုအပ် သည်။

"အန်တီလင်း... ခင်ဗျားမှာ ဘာအကြံပေးချင်တာရှိလဲ..."

အမေလင်း ခဏတာ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။

"ကျွန်မရဲ့ နာမည်ရင်းက ဟွမ်ဖူရှန်းပါ... ကျွန်မ သိတဲ့သူတစ်ယောက်ရှိတယ်... ကမ္ဘာ့ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌပေါ့... သူသာ ပါလာရင် ဘယ်သူမှ လာမရှုပ်ရဲတော့ဘူး..."

"ဥက္ကဋ္ဌလား..."

"ဟုတ်ပါတယ်... သူ့နာမည်က ချင်ကန်း... သူက နေအဖွဲ့အစည်းတစ်ခုလုံးမှာ စီးပွားရေးလုပ်နေတာ... ဂြိုဟ်သိမ် ဂြိုဟ်မွှား တူးဖော်ရေးသင်္ဘော ဆယ်စီးမှာ ခြောက်စီးက သူပိုင်တာလေ... နောက်ပြီးတော့ သူ့သားက လူသား ဖယ်ဒရေးရှင်းရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ပဲ..."

"ဘာလို့ သူ့သားမဟုတ်ဘဲ သူ့ကို အကြံပေးရတာလဲ..."

"သူ့သားက လုံကျင်းမှာ မနေဘူးလေ... ချင်ကန်းကတော့ လုံကျင်းမှာ နေတယ်... ပြီးတော့ သူက ထူးဆန်းတဲ့ စွဲလမ်းမှု အချို့ရှိတယ်..."

All Chapters